← Chapters

ဒါဆို ဘယ်သူလဲ ... ။

Vol. 53 Ch. 632

ဒါဆို ဘယ်သူလဲ ... ။

Vol. 53 Ch. 632

လွန်ခဲ့သော နှစ်ပေါင်းသုံးရာကျော်က လျှို့ဝှက်ဆန်းကြယ်သောလူသည် တံဆိပ်ကို ချိုးဖျက်ကာ တားမြစ်နယ်မြေသို့ ဝင်ရောက်ခဲ့သည်။

ထို့ကြောင့်ပင် ဝေမျိုးနွယ်စုသည် တားမြစ်နယ်မြေရှိတံဆိပ်သည် ဖြေလျော့နေပြီး သူတို့ဝင်ရောက်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

ယင်းသည် ယနေ့ထောက်ချောက်ကို ဖန်တီးရန် ဝေတာ့ယွမ်မှ စိတ်ကူးရခဲ့ပုံပေပင်။ ထို့ကြောင့် ဝေတာ့ယွမ်သည် ယန်မီးတောက် ငါးကြင်းဖမ်းဆီးရန် နည်းလမ်းအချို့ သင်ကြား သင်ကြားပေးခြင်းဖြစ်ပေမည်။

မဟုတ်သော် ယန်မီးတောက် ငါးကြင်းအကြောင်း ဝေယွင်တစ်ယောက် သိနေနိုင်မည် မဟုတ်ချေ။

( ဟမ့် ... အနှစ်တစ်ရာ ပြည့်တိုင်းမှာ ... ဝေမိသားစုက အဲဒီတားမြစ်တံဆိပ်စွမ်းအားကို အသုံးပြုပြီး နတ်ဆိုးတွေကို သတ်ပစ်ဖို့ ကြိုးစားတယ် ...

... ဒီအစီအစဉ်က ဝေတာ့ယွမ်ရဲ့ စိတ်ကူးဖြစ်မှာ သေချာပါတယ် ... ဒါပေမယ့် ဝေတာ့ယွမ်က ဘာလို့ ဒီလိုစီစဉ်ရတာလဲ ... သူ့ခွန်အားနဲ့ ဝိညာဉ်တာအိုနယ်ပယ်အဆင့် နတ်ဆိုးတွေကို ဖယ်ထုတ်ချင်ရင် ...

... ပုရွက်ဆိတ် တစ်ကောင်ကို ချေမှုန်းသလိုမျိုး အားထုတ်နေစရာမလိုပါဘူး သူ တံခါးပိတ်ကျင့်ကြံမှာမို့ဆိုဦး ...

... ဝေမိသားစုရဲ့ အမွေအနှစ်တွေ၊ စွမ်းအားတွေနဲ့ ... ဒီအဆင့်နတ်ဆိုးတွေအပေါ် အလွယ်တကူ ဖယ်ရှားနိုင်တုန်းပါပဲ ...

... သူတို့ကို တားမြစ်နယ်မြေထဲကို ဆွဲဆောင်ဖို့ ဘာကြောင့် လိုအပ်လာရတာလဲ နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းလွန်းတယ် ... ။ )

စုရီတစ်ယောက် တွေးတောနေခဲ့သည်။ ဝေတာ့ယွမ်တွင် အခြားသော အစီအစဉ်တစ်ခု ရှိနေပုံရ၏။

“ တတိယညီမလေး၊ ငါတို့ဘိုးဘေးက တာအိုစုကိုတွေ့ဖို့ ဖိတ်ခေါ်ပါတယ်။ ”

ထိုစဉ် ဝေချောင်၏ အသံထွက်ပေါ် လာသည်။ ဝေယွင်မှ စိတ်လှုပ်ရှားလာပြီးနောက် အသက်ပြင်းပြင်းရှူလိုက်၏။

“ တာအိုစု ... ငါမင်းအတွက် လိုက်ပို့ပေးပါရစေ ... ကျေးဇူးပြုပြီး။ ”

“ မင်းတို့ဒီမှာ ခဏနေခဲ့။ ”

စုရီက မျက်မမြင်အဘိုးအိုနှင့် စွေ့ကျင်းယန်ထံ လှည့်ကြည့်ကာ မှာကြားလိုက် တော့၏။

ဝေတာ့ယွမ် ကျင့်ကြံရာအရပ်သည် ဝေမျိုးနွယ်၏ တားမြစ်နယ်မြေတွင် တည်ရှိ လေသည်။

စုရီ၊ ဝေယွင်နှင့် ဝေချောင်တို့ ရောက်ရှိသွားသောအခါ တံခါးပိတ်ထားသည့် ဂူတစ်လုံးကို မြင်လိုက်ရ၏။

ဂူတံခါးအပြင်ဘက်တွင် ခရမ်းရောင် ဝတ်ရုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ယောက် ရပ်နေသည်။

ဤသည်မှာ ဝေကျန့်ရှီဖြစ်ပြီး ဝေမိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်၏။ ရွှမ်ကျောက်အဆင့် ခြေတစ်လှမ်း ချထားနိုင်နေပြီဖြစ်သည်။

ဉာဏ်အလင်းရရှိပြီး ဧကရာဇ်ဒုက္ခကိုခံယူနိုင်သော် စစ်မှန်သော ဧကရာဇ် ဖြစ်လာပေမည်။

ဖြတ်ကျော်ရန် အခွင့်အလမ်းကို နားမလည်ပါက ဝိညာဉ်တာအိုနယ်ပယ်၌သာ ဆက်လက် တည်ရှိနေမည်ဖြစ်၏။

ဤသည်မှာ ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူများ ကြုံတွေ့ရသည့် အခက်အခဲ ပေပင်။

“ မိသားစုခေါင်းဆောင် ဒါတာအိုစုရီပါ။ ”

ဝေချောင်မှ မိတ်ဆက်ပေးသည်။ ဝေကျန်းရှီက အနည်းငယ်ပြုံးပြပြီး၊

“ ဒီည မင်းရဲ့အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ် တာအိုစု ... ။ ”

စုရီမှ အနည်းငယ် ခေါင်းညိတ်ပြသည်။ ဝေကျန်းရှီသည် စုရီစိတ်နေစိတ်ထားနှင့် အကျင့် စရိုက်ကို ဝေယွင်ထံမှ သိထားပြီးဖြစ်ရာ ဂရုမစိုက်ချေ။

ထို့ကြောင့် ပြုံးပြီး၊

“ ခဏစောင့်ပါ တာအိုစု။ ”

-ဟု ပြောကြားလိုက်၏။ ထို့နောက် သူ့အဝတ်အစားများကို သပ်ရပ်အောင်ပြင်ယူပြီး ပိတ်ထားသော ဂူတံခါးထံ မျက်နှာမူလျက် ခေါင်းငုံ့လိုက်လေသည်။

“ ဘိုးဘေး ... တာအိုစု ရောက်ပါပြီ။ ”

ထိုအသွင်ကြောင့် စုရီမှ ပြုံးလိုက်၏။ ဝေတာ့ယွမ်ဆိုသော ထိုကောင်လေးသည် ဤမျှ မြင့်မားသော ပုံရိပ်ကို ဖန်တီးနိုင်နေသည်မှာ စိတ်ဝင်စားစရာပေပင်။

“ ကျွီ ... ။ ”

တံခါးပွင့်သံနှင့်အတူ တားမြစ်လှိုင်းများ ပြန့်ကားသွား၏။

“ ကျေးဇူးပြုပြီး ဝင်လာပါ မိတ်ဆွေ ... ။ ”

တစ်ဆက်တည်းမှာပင် သိမ်မွေ့သော အသံသည် လှိုဏ်ဂူအတွင်းမှ ထွက်ပေါ်လာ၏။ စုရီက ရှေ့သို့ ခြေတစ်လှမ်းတိုးတော့မည် ဖြစ်သော်လည်း ရပ်တန့်လိုက်ပြီး၊

“ ငါ့ကိုထွက်တွေ့ရင် ပိုကောင်းမယ်။ ”

-ဟု တုန့်ပြန်လိုက်သည်။

ဝေယွင်၊ ဝေချောင်နှင့် ဝေကျန်းရှီတို့မှာ တုန်လှုပ်သွား၏။ စုရီသည် မာနကြီးလှကြောင်း သူ သိသော်လည်း ဤမျှအထိ မထင်ထားချေ။

“ အဟမ်း ... တာအိုစု ငါ့ဘိုးဘေးက နှစ်ရာနဲ့ချီပြီး ကျင့်ကြံနေခဲ့တာပါ ... ဒီညငါတို့ အပေါ် မင်းရဲ့ကြီးမားလှတဲ့ ကြင်နာမှုကြောင့် ... မင်းကိုတွေ့ဆုံဖို့ ခြွင်းချက်တစ်ခုပေးတာပါ ... တာအိုစု ... တကယ်တော့ ... ။ ”

ဝေကျန်းရှီက ချောင်းခြောက်ဆိုးပြပြီး သတိပေးစကားဆို၏။ စုရီမှ သူ့စကားများကို ဆုံးအောင် ပြောခွင့်မပေးချေ။ လက်ဝှေ့ယမ်းပြကာ၊

“ သတိပေးဖို့ မကြိုးစားနဲ့ ... ငါ သူနဲ့ စကားစမြည်ပြောချင်တယ် ပြန်ဆုတ်ပါ ... ။ ”

-ဟု အမိန့်ပေးလိုက်သည်။

“ မင်း ... ။ ”

ဝေကျန်းရှီခမျာ အံ့အားသင့်စွာဖြင့် တစ်စုံတစ်ခုပြောရန်ပြင်လိုက်စဉ် ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာ၏။

ဆံပင်ဖြူဖြူ မုတ်ဆိတ်မွေး ရှည်ရှည်နှင့် ဟောင်းနွမ်းသော တာအိုဝတ်ရုံ ၀တ်ထားသည့် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးဖြစ်သည်။

အသက်လေးဆယ် အရွယ်ဖြင့် မျက်ခုံး၊ မျက်လုံးများတွင် အချိန်ယန္တရား၏ တိုက်စားမှု အမှတ်အသားများကို ပြသနေသည်။

ခံ့ညားထည်ဝါသော သူ့ တည်ရှိမှုကို လုံးလုံးလျားလျား ချိုးနှိမ်ပေးထားသော်လည်း လှုပ်ရှားမှုတိုင်းမှ ထွက်ပေါ်လာသော ရောင်ဝါသည် ကြောက်မက်ဖွယ် အစွမ်းထက်နေဆဲဖြစ်၏။

လူတိုင်း၏ အမြင်တွင် ကောင်းကင်မှ မြင့်မြတ်သောပုဂ္ဂိုလ်တစ်ဦး ရောက်ရှိသကဲ့သို့ ခံစားလိုက်ရလေသည်။

“ မင်္ဂလာပါ ဘိုးဘေး ... ။ ”

ဝေယွင်၊ ဝေချောင်နှင့် ဝေကျန်းရှီမှ ဦးညွှတ်ကြသည်။ စုရီက ထိုလူကိုမြင်သောအခါ မျက်ခုံးပင့်သွား၏။

တစ်ဖက်လူသည် ပုံပန်းသဏ္ဍာန် မပြောင်းလဲသော်လည်း ရင်ကော့ဝင့်ကြွားသည့် အမူအရာမျိုး ဆုံးရှုံးနေခဲ့ချေပြီ။

ယင်းအစား အချိန်ကာလမှသာ ပေးစွမ်းနိုင်သည့် ငြိမ်သက်အေးချမ်းသော အရိပ်အယောင်ကို ဖော်ထုတ်ထား၏။

“ အရမ်းယဉ်ကျေးမနေပါနဲ့ ... ။ ”

ဝေတာ့ယွမ်မှ ပြုံးပြီးပြောကြားသည်။ ထို့နောက် သူက စုရီထံကြည့်ကာ အနည်းငယ် ခေါင်းညိတ်ပြ၏။

“ မနေ့ညက အဖြစ်အပျက်ကို နားလည်ပြီးသားပါ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေ။ ”

“ ယဉ်ကျေးဖို့ မလိုပါဘူး ... ငါ့အတွက် ရှင်းပြစေချင်တာတွေ ရှိတယ်။ ”

ဧကရာဇ်တစ်ပါးကိုပင် တည်ငြိမ်သော အမူအရာဖြင့် ဖြေရှင်းချက်တောင်းနေခဲ့သည့် စုရီအသွင်ကြောင့် ဝေကျန်းရှီနှင့်အဖွဲ့မှာ အသက်ရှူကြပ်လာတော့သည်။

“ ပွင့်ပွင့်လင်းလင်း မေးပါ ... ငါမင်းကိုကူညီနိုင်ရင် ငါငြင်းမှာမဟုတ်ဘူး။ ”

“ လွန်ခဲ့တဲ့ နှစ်သုံးရာကျော်က တားမြစ်တံဆိပ်ကို ဘယ်သူက ချိုးဖြတ်ခဲ့လဲ။ ”

“ ဒီမေးခွန်းကို ငါမဖြေနိုင်ဘူး တောင်းပန်ပါတယ် ... ငါ တကယ်မသိခဲ့ဘူး။ ”

“ ဒါဆို ... မင်းရဲ့ဝေမိသားစုကို အဲဒီတားမြစ်နယ်မြေထဲ ဝင်နိုင်တဲ့နည်းလမ်း မင်းသင်ပေးခဲ့တာလား။ ”

“ ဟုတ်ပါတယ် ... ။ ”

စုရီ၏ မေးခွန်းများသည် ဝေကျန်းရှီနှင့်အဖွဲ့ကို ထူးဆန်းလာစေသည်။ ဤသည်မှာ စုရီဖြင့် မည်သို့မျှ မသက်ဆိုင်သော အကြောင်းအရာများပေပင်။

“ ဒါဆို ဝေမိသားစုက နတ်ဆိုးတွေကို တားမြစ်နယ်မြေထဲဆွဲဆောင်ဖို့ နှစ်တစ်ရာတိုင်း တစ်ကြိမ်ဖန်တီးတာ မင်းရဲ့အမိန့်ပဲလား။ ”

ဤတစ်ကြိမ်တွင် ဝေတာ့ယွမ်၏ မျက်ဝန်းများမှေးစင်းသွားကာ ခဏမျှစဉ်းစားပြီး ခေါင်းညိတ်ပြလာ၏။ စုရီ၏ အကြည့်များက ပြောင်းသွားလေသည်။

“ ဒီအစီအစဥ်က လွန်ကဲနေတယ်လို့ မထင်ဘူးလား။ ”

ဤမေးခွန်းသည် ဧကရာဇ်တစ်ပါးကို ဝေဖန်ခြင်းဖြစ်၏။ ဝေကျန်းရှီတို့သုံးယောက် ခမျာ အမူအရာအေးစက်လာသည်။ စုရီ၏ စကားများသည် ကြမ်းတမ်းလွန်း၏။

သို့သော် သူတို့ကို အံ့အားသင့်စေသည်မှာ ဝေတာ့ယွမ်သည် စိတ်ဆိုးခြင်းမရှိဘဲ ပြန်ဖြေ ပေးနေခြင်းဖြစ်သည်။

“ ငါ မရှိတဲ့အချိန်မှာ ငါ့မျိုးနွယ်ဝင်တွေ နှောင့်ယှက်ခံရတာ မကြိုက်ဘူး ... ။ ”

“ မရှိတဲ့အချိန်မှာ မင်းမိသားစုကို နှောင့်ယှက်တာလား။ ”

စုရီက ထိုစကားအပေါ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည်ပင် အတွေးလွန်နေသည်လော။

သို့မဟုတ် သူ့ကို လူစိမ်းအဖြစ်မြင်ပြီး အမှန်တရားများထုတ်ဖော်ရန် တစ်ဖက်လူသည် ရည်ရွယ်ချက် မရှိသည်လော။

“ တာအိုမိတ်ဆွေ၊ မင်းမှာ တခြားမေးခွန်းတွေရှိသေးလား။ ”

အနည်းငယ် တိတ်ဆိတ်သွားသော စုရီကြောင့် ဝေတာ့ယွမ်မှ စိတ်မရှည်နိုင်သည့် အရိပ်အမြွက် ပြသလာ၏။

စုရီက ခေါင်းယမ်းပြကာ၊

“ မကျန်တော့ဘူး။ ”

-ဟု ဆိုလျက် လှည့်ထွက်သွားသည်။

ထိုမြင်ကွင်းက ဝေယွင်တို့ကို အံ့အားသင့်စေသည်သာမက ဝေတာ့ယွမ် သည်ပင် အံ့အားသင့်စေခဲ့၏။

“ မင်းတို့ ... ဘာအတွက်ရပ်နေတာလဲ ဒီမိတ်ဆွေလေးကို လိုက်ပို့ပါ ... ငါ့ဝေမိသားစုက မယဉ်ကျေးဘူးလို့ မပြောစေနဲ့။ ”

ဝေကျန်းရှီနှင့်အဖွဲ့သည် လျင်မြန်စွာ အရိုအသေပေးပြီး စုရီနောက်သို့ လိုက်သွားကြ တော့သည်။

ဝေတာ့ယွမ်သည် လူရိပ်များ ပျောက်ကွယ်သွားသည်အထိ ကြည့်ပြီး ဂူထဲသို့ ပြန်ဝင်ကာ တားမြစ်အစီရင်ဖြင့် ပိတ်လိုက်၏။ အပြန်လမ်းတွင် ဝေကျန်းရှီမှ ပြုံးရွှင်လျက်၊

“ တာအိုစု ... ဒီည မင်းအတွက်ပွဲတစ်ပွဲ စီစဉ်ပေးမယ်။ ”

-ဟု ပြောကြားလိုက်သည်။

စုရီသည် ဘိုးဘေးအပေါ် ရိုင်းစိုင်း မောက်မာခဲ့သော်လည်း အဆုံးတွင် သူတို့၏ ကျေးဇူးရှင်ဖြစ်နေသေး၏။ ထို့ကြောင့် လေးလေးစားစား ဆက်ဆံရပေမည်။

စုရီက ခေတ္တမျှရပ်လိုက်ပြီး ဝေကျန်းရှီ၊ဝေယွင်နှင့်ဝေချောက်ထံ ပြန်ကြည့် လိုက်ကာ၊

“ ငါပြောမယ့်စကားက မင်းတို့ကို ထိတ်လန့်စေလိမ့်မယ် အသံမထွက်အောင် သတိထားပါ။ ”

-ဟု ပြောလိုက်သည်။

လူတိုင်းမျက်ဝန်းများ မှေးစင်းသွားကာ အံ့ဩသွားကြ၏။ သို့သော် စုရီစကားအတိုင်း စိတ်တည်ငြိမ်အောင် ပြင်ယူလိုက်သည်။

ဝေကျန်းရှီမှ အနည်းငယ် ဦးညွှတ်လျက်၊

“ မင်းမှာ အကြံဉာဏ်တွေ ... ရှိနေတာလား တာအိုစု။”

-ဟု တောင်းဆိုလိုက်သည်။ စုရီမှ ခေါင်းညိတ်တော့၏။ ထို့နောက် လှိုဏ်ဂူထံ မေးဆက်ပြကာ၊

“ ဒီလူက မင်းတို့ရဲ့ ဘိုးဘေးမဟုတ်ဘူး။ ”

-ဟု အသိပေးလိုက်သည်။

ရုတ်တရက် အသိကြောင့် ဝေမိသားစုဝင် သုံးယောက်ခမျာ မျက်လုံးများပြူးကျယ်လျက် ပြိုလဲလုနီးပါး တုန်ယင်ကုန်၏။

သို့သော် စုရီ၏သတိပေးချက်အပေါ် ပြန်သတိရကာ မယုံကြည်နိုင်စွာဖြင့် ပါးစပ်ကို တင်းတင်းပိတ်ထားလိုက်ကြသည်။

“ ဘာလို့ အဲဒီလိုထင်တာလဲ တာအိုစု ... ။ ”

“ ဒါက ... ရှင်းပြဖို့ နည်းနည်းခက်တယ် မင်းတို့ကိုယ်တိုင်မြင်ပြီးရင် နားလည်မှာပါ။ ”

ဝေမိသားစုဝင်များခမျာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လျက် အမူအရာများမှာ ပြောင်းလဲသွားချေပြီ။ နှလုံးသားအတွင်း၌ စိုးရိမ်စိတ်များ ဝေ့ဝဲလာ၏။

စုရီပြောသော စကားသည် ရက်စက်လွန်းချေသည်။ အကယ်၍ဝေယွင်ကို ကယ်တင်ထားခြင်း မပြုထားသော် မောင်းထုတ်မိနိုင်၏။

ဝေတာ့ယွမ်ဟူသည် အလွန်ရှေးကျပြီး မျိုးနွယ်စုအတွင်း အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ဤမှတ်ချက်မျိုးအပေါ် သည်းခံနိုင်စရာ မရှိချေ။ သို့သော် စုရီ၏တည်ငြိမ်သောအမူအရာ များကြောင့် ထိုလူငယ်သည် တစ်စုံတစ်ရာကို မြင်ခဲ့ကြောင်း မှန်းဆလာနိုင်သည်။

“ တာအိုစု ဒါဆို ... ဘယ်သူဖြစ်မလဲ။ ”

အကယ်၍ ထိုသူသည်သာ ဝေမျိုးရိုး၏ရန်သူဖြစ်သော် ဤနှစ်များအတွင်း မျိုးနွယ်စုအပေါ် အဘယ်ကြောင့် အန္တရာယ် မပြုလေသနည်း။

“ ငါတို့စောင့်ကြည့်ရအောင် ... ငါဘာလုပ်လုပ် မင်းတို့ဝင်မစွက်ဖက်နဲ့ ... ။ ”

စုရီက ကောင်းကင်ကို မော့ကြည့်လျက် ပြန်ဖြေသည်။ တစ်နာရီအတွင်း မနက်လင်းပြီ ဖြစ်၏။ ထိုအချိန်၌ မရဏတောင်ကြီးတစ်ခုလုံး အေးချမ်းသွားကာ အပြင်လူများအတွက် ခရီးဆက်ရန် အကောင်းဆုံးအချိန်ပေပင်။

***

All Chapters