← Chapters

နတ်ဆိုးဝေမျိုးနွယ် ... ။

Vol. 53 Ch. 631

နတ်ဆိုးဝေမျိုးနွယ် ... ။

Vol. 53 Ch. 631

မီးငှက်ဝိညာဉ်မှ စိတ်အားတက်ကြွစွာ တုန့်ပြန်သည်။ ဖီးနစ်မီးလျှံ အနှစ်သာရသည် နတ်ငှက်တိုင်းအတွက် ခုခံနိုင်စွမ်းမရှိသော ဆွဲဆောင်မှုတစ်ခုဖြစ်၏။

သူ့ဝိညာဉ်အတွက် ဤမီးလျှံသည် နိဗ္ဗာန်နှင့်တူသော အသွင်ကူးပြောင်းမှုကို ရရှိရန် လုံလောက်ပေလိမ့်မည်။

“ ရိုးရှင်းပါတယ် ... အခု မင်းကို လျှို့ဝှက်နည်းစနစ်တစ်ခု သင်ပေးမယ် အဲဒီလူ ဒီကိုထပ်ရောက်လာရင် သူရဲ့အသွင်အပြင်ကို မှတ်သားထားဖို့ပဲလိုတယ်။ ”

ထို့နောက်တွင် ‘အမြင်အာရုံ ထိုးထွင်းသိမြင်ခြင်း’ဟုခေါ်သော နည်းစနစ် ပါရှိသည့် ကျောက်စိမ်းပြားတစ်ချပ်ကို လွှဲပြောင်းပေးအပ်လိုက်သည်။

“ ကောင်းပြီ ... ။ ”

မီးငှက်ဝိညာဉ်က သဘောတူပြီး၊

“ ဒါဆို... ဖီးနစ်မီးလျှံအနှစ်သာရအကြောင်း ပြောပြလို့ရမလား။”

-ဟု မျှော်လင့်ချက်ဖြင့် မေးမြန်းလိုက်သည်။

“ မီးနစ်မီးလျှံက ပြန်လည်မွေးဖွားခြင်း ရေကန်မှာရှိတယ် တစ်စုံတစ်ယောက် လမ်းပြမှု မရှိဘဲ ဧကရာဇ်တောင်မှ အဲဒီထဲကရတနာကို ရယူနိုင်မှာ မဟုတ်ပါဘူး ... နောက်တစ်ကြိမ် ငါပြန်လာတဲ့အခါ ဘယ်လိုရှာရမလဲ ပြောပြပေးမယ်။ ”

“ ပြန်လည်မွေးဖွားခြင်း ရေကန်မှာလား ... ကောင်းပြီ နောက်ထပ် အဲ့ဒီလူ မလာဘူးဆိုရင် ဘာဆက်လုပ်ရမလဲ။ ”

“ စိတ်မပူနဲ့ ... သုံးနှစ်အတွင်း ငါဒီကိုပြန်လာပြီး မင်းကိုကူညီပေးမယ်။”

“ ကောင်းပြီ ... သုံးနှစ်ဆိုတာ ဘာမှ မရှိပါဘူး ငါ့အတွက် တစ်ရေးတစ်မောအိပ်ချိန် လောက်ပဲရှိတယ်။ ”

မီးငှက်ဝိညာဉ်မှ စိတ်သက်သာရာ ရသွားသည်။

“ ငါသွားသင့်ပြီ ... ။ ”

စုရီက ချက်ချင်းပြန်လှည့်ကာ ထွက်သွားရန်ပြင်တော့၏။ မီးငှက်ဝိညာဉ်မှ၊

“ မင်းနဲ့ ဘီလူးစုက ဘာတော်လဲ။ ”

-ဟု မေးမြန်းလာသည်။

“ ငါက မင်းပြောနေတဲ့ ဘီလူးစုပဲ။ ”

စုရီက လှည့်မကြည့်ဘဲ ပြန်ဖြေ၏။ မီးငှက်ဝိညာဉ်ခမျာ ထိတ်လန့်သွားလေသည်။ နောက်ထပ်မေးခွန်းများ မမေးနိုင်ခင် စုရီသည် အဝေးရောက်နေပြီဖြစ်၏။

“ ငါ မင်းကို မယုံဘူး။ ”

မီးငှက်ဝိညာဉ်မှ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ဘီလူးစုသည် ကြောက်စရာ ကောင်းသော သတ္တဝါဖြစ်၏။

ဝိညာဉ်တာအိုနယ်ပယ်မှ တစ်စုံတစ်ယောက်၏ ခွန်အားမျိုးဖြင့် နှိုင်းယှဉ် နိုင်စရာ မရှိချေ။

သို့သော် တစ်ဖက်လူသည် လျှို့ဝှက်ချက်များစွာကို သိနေသောကြောင့် ဘီလူးစု၏ သားမြေးဖြစ်နိုင်မည်။

“ အစ်ကိုစု၊ မင်းမီးငှက်ဝိညာဉ်နဲ့ ဘာတွေ ပြောနေတာလဲ ... ။ ”

စုရီ ပြန်ရောက်လာစဉ် စွေ့ကျင်းယန်မှ မေးသည်။  

“ မင်းနဲ့မဆိုင်ဘူး။ ”

စုရီက ရှင်းပြလိုခြင်းမရှိချေ။ ယင်းအစား ဝေယွင်ထံကြည့်ကာ၊

“ မင်းတို့မျိုးရိုးမှာ ဝေတာ့ယွမ်ရှိလား။ ”

-ဟု တိုက်ရိုက်မေးသည်။ ဝေယွင်မှ မျက်ခုံးပင့်လိုက်၏။

“ ငါ့ဘိုးဘေးက လွန်ခဲ့တဲ့ နှစ်ရာနဲ့ချီကတည်းက တံခါးပိတ်ကျင့်ကြံနေတာ ထွက်မလာသေးဘူး။ ”

ဝေတာ့ယွမ်ဟူသည် လက်ရှိဘိုးဘေး ဖြစ်သည်။ ဤကဲ့သို့သော လူငယ်လေးသည် ဘိုးဘေးအမည်ကို တိုက်ရိုက်ခေါ်ဆိုနေသည်မှာ သူမကို စိတ်မသက်မသာ ဖြစ်စေ၏။

“ ငါ့ကို ... သူနဲ့တွေ့ဆုံဖို့ စီစဉ်ပေးနိုင်မလား။ ”

ဝေယွင်သည် ခဏမျှ တိတ်ဆိတ်သွားပြီး၊

“ ဒီလိုမျိုး စီစဉ်ပေးဖို့ ငါ့မှာအရည်အချင်း မပြည့်မီသေးပါဘူး ... ဒါပေမယ့် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ပေးပါ့မယ်။ ”

အဆုံးတွင် သူမ အသံသည် ခိုင်မာသွား၏။ ယနေ့တွင် စုရီသည် သူမအသက် ကယ်တင်ပေး သည်သာမက နတ်ဆိုးများကို သတ်ပေးသည်။

“ ကျေးဇူးတင်ပါတယ် ... ။ ”

စုရီက ခေါင်းညိတ်သည်။ မနက်မိုးလင်းနေပြီဖြစ်ရာ သွေးလသည် ကောင်းကင်၌ မှိန်ဖျော့သွားချေပြီ။

တားမြစ်နယ်မြေအပြင်သို့ ရောက်ရှိလာ သည်နှင့် ရုတ်တရက်လေချွန်သံတစ်သံ အဝေးမှ ချဉ်းကပ်လာနေခဲ့သည်။

“ မထိတ်လန့်နဲ့ ... သူတို့တွေက ငါ့ဝေမျိုးနွယ်ဝင်တွေပဲ။ ”  

ဝေယွင်မှ အသိပေးတော့၏။ သူမ စကားပြောနေစဉ် ငွေရောင်ဝတ်လုံဝတ် အရပ် ရှည်ရှည် ပိန်ပိန်ဖြင့် လူရွယ်ဦးဆောင်သော အဖွဲ့ထံချဉ်းကပ်လာသည်။

“ တတိယညီမ ... မင်း ဒဏ်ရာရထားတာလား။ ”

ဝေယွင်၏ ဒဏ်ရာပြင်းထန်နေမှုကို မြင်လိုက်ရချိန်တွင် ငွေရောင်၀တ်စုံ ဝတ်ထား သူမှ ထိတ်လန့်သွား၏။

ဝေချောင်သည် ဝေမျိုးနွယ်စု၏ လက်ရှိအကြီးအကဲ ဝိညာဉ်ပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူဖြစ်သည်။

ထို့ကြောင့် ဝေယွင်မှ ရှေ့တိုးသွားပြီး ဖြစ်ပျက်ခဲ့သမျှကို ချက်ချင်း ရှင်းပြလိုက်၏။ ဝေချောင်နှင့်အဖွဲ့သည် အရမ်းစိတ်လှုပ်ရှား သွားသည်။

စုရီထံ ပြန်ကြည့်သော အကြည့်သည် ရုတ်တရက် ပြောင်းလဲသွားကာ အံ့အားသင့် သွားကြ၏။  

“ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ”

ဝေချောင်တစ်ယောက် ရှေ့တိုးလာပြီး လေးနက်စွာ နှုတ်ဆက်လိုက်သည်။ စုရီက စကားမဆိုဘဲ ခေါင်းညိတ်ပြ၏။

“ အစ်ကိုချောင် ငါတို့မျိုးနွယ်စုကို ပြန်သွားပြီး ဒီအကြောင်း ပြောကြရအောင်။”

ဝေယွင်မှ အကြံပြုသည်။ ဝေချောင်က ခေါင်းညိတ် သဘောတူ၏။ လူတိုင်း ချက်ခြင်း ထွက်ခွာလာခဲ့သည်။

ဝမ်ချွမ်ဒိုမိန်းတွင် နတ်ဆိုး ဝေမျိုးနွယ်ဟူသည် ရှေးကျသောအုတ်မြစ်ရှိပြီး သာမန်အင်အားစုများ လက်လှမ်း မမီနိုင်အောင် ဝေးကွာလှ၏။

၎င်းတို့နေထိုင်ရာ အရပ်သည် မရဏတောင်တန်းများအတွင်းရှိ ချိုင့်ဝှမ်းကြီး တစ်ခုတွင် ဖြစ်သည်။

ဝေမိသားစုနေအိမ်သို့ ရောက်ရှိလာ ပြီးနောက် အနားယူရန် စီစဉ်ပေးပြီး ဝေယွင်နှင့် ဝေချောင်တို့သည် ယနေ့ညကိစ္စဆွေးနွေးရန် မျိုးနွယ်စုခန်းမသို့ ထွက်ခွာသွားခဲ့သည်။  

ဝေယွင်အတွက် ယနေ့ည အဖြစ်အပျက်များကို မိသားစုခေါင်းဆောက်ထံ သတင်းပို့ရန် သဘာဝအလျောက် လိုအပ်နေသေးသည်။

“ အစ်ကိုစု၊ မင်းရဲ့ဇစ်မြစ်အချို့ကို ငါအကြမ်းဖျင်း ခန့်မှန်းပြီးပြီ။ ”

စွေ့ကျင်းယန်မှ ရေနွေးကြမ်း သောက်လျက်ဖြင့် ပြုံးပြီးပြော၏။ သူမအပြုံး၌ ဂုဏ်ယူမှု အရိပ်အမြွက်ပြသနေသည်။  

“ ဟုတ်လား ... ငါ့ကို ပြောပြပါဦး။ ”

စုရီမှ ပြုံးလျက်မေး၏။ မျက်မမြင် အဘိုးအိုသည်လည်း နားစွင့်နေခဲ့လေသည်။

“ မင်းက နတ်ဓားရှင်ကနေ ဆင်းသက်လာသူလို့ ငါယုံကြည်တယ်။ ”

“ ဟမ့် ... ။ ”

စုရီတစ်ယောက် သောက်ထားသော လက်ဖက်ရည်ကို ထွေးထုတ်လုနီးပါးပေပင်။

“ ဘာလို့ ... ငါ့ကို နတ်ဓားရှင်လို့ မထင်ရတာလဲ။ ”

ထို့စကားကြောင့် စွေ့ကျင်းယန်မှ မျက်လုံးပြူးပြကာ၊

“ ဟမ့် ... နင်က နတ်ဓားရှင်ဆိုရင် ... နတ်ဓားရှင်ရဲ့ ဇနီးက ငါပဲ။ ”

-ဟု ဒေါသတကြီး ပြန်ဖြေ၏။ ထိုစကားကြောင့် မျက်မမြင်အဘိုးအိုက မျက်လုံးပြူးသွားကာ၊

“ မိန်းကလေးကျင်းယန် ... ဒါက ဟာသမဟုတ်ဘူး နတ်ဓားရှင်ရွှမ်ကြွယ်ဆိုတာ မင်းဘိုးဘေးရဲ့ သူငယ်ချင်းပဲ ဒီလိုပြောတာက မရိုမသေလုပ်နေသလို ဖြစ်ရာကျလိမ့်မယ်။ ”

-ဟု ဝင်ရောက် သတိပေးသည်။

“ ဟမ့် ... သူ့လို လူငယ်တစ်ယောက်က နတ်ဓားရှင်အဖြစ် ဟန်ဆောင်ဝံ့တယ် ဒါကရော ဘာလို့ စီနီယာတွေကို မလေးစားရာ မကျလဲ။ ”

“ ဒါ ... ။ ”

မျက်မမြင်အဘိုးအိုမှ စကားလုံးများ ပျောက်ဆုံးသွား၏။ စွေ့ကျင်းယန်က အနိုင်ရသူ တစ်ယောက်ကဲ့သို့ ပြုံးရယ်လာသည်။

“ ဒီလိုပြောရမယ်ဆိုရင် မင်းရဲ့ဆရာစုက ငါ့ထက်ငယ်တယ် ဒါဆို ငါကသူ့ထက်စီနီယာပဲ မဟုတ်လား ဘယ်သူက ... ဘယ်သူ့ကို ရိုသေသင့်လဲ။ ”

မျက်မမြင်အဘိုးအိုက ခဏမျှ တုံ့ဆိုင်းသွားပြီး၊

“ ဒါပေမယ့် နတ်ဓားရှင်က သူ့ဘဝ တစ်လျှောက်လုံး အမှန်တရားရှာဖွေနေတယ် ဆိုတာ လူတိုင်းသိပါတယ် ...

... သူ့မှာ မိတ်ဆွေတွေနဲ့ တပည့်တွေ အများကြီးရှိပေမယ့် သားမြေးမကျန်ခဲ့တာ လူတိုင်းအသိပါ။ ”

ထိုအချိန်တွင် ဝေယွင်သည် ခန်းမထဲသို့ ဝင်လာခဲ့သဖြင့် စကားပြတ်သွား၏။

“ တာအိုမိတ်ဆွေ ... ငါတို့ဘိုးဘေးကို မျိုးနွယ်စုခေါင်းဆောင် သတင်းပို့ပေးနေတယ် ခဏစောင့်ပါ ... ဒါပေမယ့် မင်းကို ငါတို့ဘိုးဘေး ထွက်တွေ့နိုင်မလားဆိုတာတော့ ပြောဖို့ခက်နေပါတယ်။ ”

စုရီက ခေါင်းညိတ်လိုက်ပြီး၊

“ ငါနားလည်ပါတယ် ... ဒါနဲ့ ဒီညလို ထောင်ချောက်မျိုး မင်းတို့ဝေမျိုးရိုးမှာ အရင်က ရှိဖူးလား။ ”

ဝေယွင်မှ ခေါင်းညိတ်ကာ၊

“ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀၀)လောက်က နှစ်တစ်ရာပြည့်တိုင်း ဒီလို ထောင်ချောက်တစ်ခု ဖန်တီးဖို့ အမိန်းရထားပါတယ် ...

... ဒါက ညနတ်ဆိုးမြို့မှာ ... နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေတဲ့ နတ်ဆိုးတွေ မကောင်းဆိုးရွားတွေကို ထွက်လာစေမယ်။ ”

ဝေယွင်က စကားခဏရပ်လိုက်ပြီး၊

“ ငါ့ဘိုးဘေးက နတ်ဆိုးတွေနဲ့ မကောင်းဆိုးရွားတွေကို ပယ်ရှားပေးရမှာ ဝေမိသားစုရဲ့ တာဝန်ပဲလို့ ပြောတယ် ...

... ကမ္ဘာတစ်ဝှမ်းက နတ်ဆိုးတွေအားလုံး ဒီညနတ်ဆိုးမြို့မှာ စုရုံးနေတယ် ... သူတို့ထဲမှာ ပုန်းကွယ်နေတဲ့ အစွမ်းထက်သူတွေက တစ်ချိန်မှာ ခြိမ်းခြောက်မှု ဖြစ်လာမယ် ...

... ဒါကြောင့် ကြိုတင်ဖြေရှင်းမှ ညနတ်ဆိုးမြို့က တည်မြဲနေနိုင်မယ် မဟုတ်ရင် ကမ္ဘာကြီးအတွက် အန္တရာယ်ရှိတယ်။ ”

ထိုစကားကိုကြားပြီးနောက် မျက်မမြင်အဘိုးကြီးမှ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ ညနတ်ဆိုးမြို့၏ စစ်မှန်သော ရည်ရွယ်ချက်ပေပင်။

ညနတ်ဆိုးမြို့သည် မကောင်းဆိုးရွားများအတွက် ခိုလှုံရာဖြစ် သကဲ့သို့ သားရဲတွင်းလည်း ဖြစ်နေချေပြီ။

“ မင်းရဲ့ဝေမိသားစုက ... တကယ့်ကို လေးစားစရာပါပဲ။ ”  

***

All Chapters