← Chapters

အဖြေရှာခြင်း ... ။

Vol. 53 Ch. 635

အဖြေရှာခြင်း ... ။

Vol. 53 Ch. 635

“ ဝူး ... ။ ”

အလွန်အေးစက်သော လေတိုက်သံ ကဲ့သို့သော အသံများသာ ကျောက်မျက်ထံမှ ထွက်ပေါ်နေသည်။

စုရီတစ်ယောက် ကုလားထိုင်တွင် ငြိမ်သက်စွာ စောင့်စိုင်းနေသည်။ တစ်ဖက်မှ နှုတ်ဆိတ်နေသရွေ့ သူ စောင့်နိုင်၏။

အချိန်များ ကုန်လွန်လျက် ရေးထွင်းထားသော အမိန့်၏တောက်ပမှုသည် တဖြည်းဖြည်း မှေးမှိန်လာသည်။

“ ခရစ် ... ။ ”

အဆုံး၌ အမိန့်စွမ်းအား လုံးဝပျောက်ကွယ်မသွားခင် ကျောက်မျက်ကို အမှုန့်ချေပစ်လိုက်၏။ စုရီမှ အဓိပ္ပါယ်မဲ့ အချိန်မဖြုန်းလိုတော့ချေ။

တစ်ဖက်လူသည် အတိတ်ဘဝမှ အသိအကျွမ်းတစ်ယောက် ဖြစ်နေမည်မှာ သေချာသည်။ မည်သူဖြစ်မည်ကိုမူ ခန့်မှန်းရခက်၏။

သို့သော် မည်သူပင်ဖြစ်စေ သူ အသက်ရှင်နေသေးကြောင်း သိလိုက်သည်နှင့် မလွှဲမသေ ရောက်လာပေလိမ့်မည်။

ဆိုလိုသည်မှာ ထိုသူသည် သူနှင့် သက်ဆိုင်သည့်ကိစ္စများကို စုံစမ်းရန် ဤမရဏ တောင်သို့ သေချာပေါက် ပြန်လာနိုင်၏။

တံဆိပ်ကို ချိုးဖျက်နိုင်သည့် ထိုလူသည် ထိုတားမြစ်နယ်မြေရှိ ကောင်းကင်ခိုးယူခြင်း ထီးနက်ကို ယူမသွားချေ။

ယင်းအစား သူ့ကိုအတည်ပြုနိုင်ရန် ဝိညာဉ်ကျောက်မျက် ကိုင်ဆောင်ထားသည့် မျက်နှာတစ်ထောင် မျောက်တစ်ကောင်ကို စီစဉ်ထားခဲ့သည်။

ဤနည်းဖြင့် သူ အသက်ရှင်နေ သေးသည်လော၊ သေသည်လော ကောက်ချက် ဆွဲနိုင်မည်။

“ မရဏကမ္ဘာကို လာတဲ့အခါ ... ငါ့ရဲ့အမည်ကိုဖော်မပြဖို့ စွေ့လုံရှင်းက သတိ ပေးခဲ့တယ် ... ဒါပေမယ့် အခုကြည့်ရတာ ငါ့ကို လူအချို့က စောင့်ကြည့်နေပုံရတယ် ... ။ ”

သို့သော် ကိစ္စမရှိချေ။ သူငယ်ချင်းဖြစ်စေ ရန်သူဖြစ်စေ မျက်နှာချင်းဆိုင်ဆုံသောအခါ အမှန်တရား ပေါ်လာပေလိမ့်မည်။

စုရီတစ်ယောက် အတွေးများရပ်ကာ ကြိမ်ကုလားထိုင်ပေါ်မှထပြီး ဂူဝင်ပေါက်ဆီသို့ လျှောက်လှမ်းသွားသည်။

ဂူအပြင်ဘက်တွင် မိုးလင်းနေကာ ကောင်းကင်သည် တောက်ပနေသည်။ ယနေ့ အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သော်လည်း သူ့အတွက် စိတ်ဝင်စားစေသည်မှာ လျှို့ဝှက် ဆန်းကြယ်သူဖြစ်၏။

ထီးနက်အတွက်မူ လောလောဆယ် ထားခဲ့ရန်ဆုံးဖြတ်လိုက်သည်။ မီးငှက်ဝိညာဉ်ကို သုံးနှစ်အတွင်း သူပြန်လာမည်ဟု ကတိပေးထား၏။

ဤလုပ်ရပ်သည် ထိုသုံးနှစ်အတွင်း လျှို့ဝှက်ဆန်းကြယ်တဲ့လူ ပေါ်လာစေရန် ဖြစ်သည်။

***

မရဏကမ္ဘာနှင့် အဝေးတစ်နေရာတွင် ရုန်းရင်းဆန်ခတ်နှင့် သွေးထွက်သံယို တိုက်ပွဲ တစ်ခု ဖြစ်ပွားနေသည်။

တောက်ပနေသော ရတနာများဖြင့် နတ်ဆိုးများဟောက်သံသည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေ၏။

လေဟာနယ်အတွင်း သားရဲများ၊ ဧကရာဇ်များ ရွေ့လျားနေပြီး တောင်နှင့်မြစ်ကို ချေမှုန်းရန် လုံလောက်သော ရောင်ဝါများ ပြသနေသည်။

အမှန်ပင် ဖရိုဖရဲတိုက်ပွဲ မြေပြင်ဖြစ်၏။ နေနှင့်လ၏ အလင်းရောင်များ ဆုံးရှုံးသွားကာ ကမ္ဘာကြီးတစ်ခုလုံးကို အပျက်အစီးမြင်ကွင်း အဖြစ်သို့ ထိုးကျသွားစေသည်။

ဤစစ်မြေပြင်၏ တစ်ဖက်တွင် ပြိုးပြက်လင်းလက်နေသော အာကာသ အက်ကြောင်းတစ်ခု ရှိ၏။

ထိုအက်ကြောင်း၏ တစ်ဖက်တွင် အဆုံးမဲ့လွင်ပြင်ကြီး တစ်ခုရှိသည်။ မြုံနေပြီး အသက်ဓာတ်ကင်းမဲ့ကာ ဆည်းဆာတိမ်များ အစဉ်အမြဲ ဖုံးလွှမ်းနေသည်။

တိုက်ခတ်နေသော လေထုသည် ညည်းတွားသံကဲ့သို့ မှုန်မှိုင်းမှိုင်းအက်ရှရှပေပင်။ အမျိုးသမီးတစ်ယောက်သည် ထိုလွင်တီးခေါင်ရှိ တောင်ကုန်းငယ်ပေါ်တွင် ထိုင်နေခဲ့သည်။

ဆည်းဆာတိမ်ရောင်သည် သူမကို အလင်းမြူဖြင့်လွှမ်းခြုံလျက် ကျက်သရေရှိသော အလှတရားကို ပြသနေသည်။

အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး သွယ်လျချောမောသည်။ အသားအရည်သည် ကြွေထည်ကဲ့သို့ ဖြူဖွေးနေပြီး ကျောက်မျက် ကဲ့သို့ ကြည်လင်၏။

သို့သော် အာကာသအက်ကြောင်းမှ ဆုတ်ခွာလာသည်ကို မြင်သာစေသော သွေးများ စွန်းထင်းနေသည်။

သူမရှေ့တွင် မဟူရာ ကျောက်မျက် တစ်ပိုင်းရှိသည်။ ရွှင်မြူးနေသော မျက်ဝန်းများမှ မျက်ရည်စက်များ ထိုကျောက်မျက်ပေါ်သို့ ကျဆင်းနေ၏။

“ နောက်ဆုံးတော့ နင်ပြန်လာပြီ။ ”

ဤသည်မှာ ဝမ်းနည်း၍ကျသော မျက်ရည်မဟုတ်ချေ။ စိတ်လှုပ်ရှား ရွှင်မြူး နေသည့် မျက်ရည်ဖြစ်၏။

“ စီနီယာ ဘာဖြစ်နေတာလဲ။ ”

ရုတ်တရက် တိုက်ပွဲဝင် ဝတ်စုံဖြင့် လူတစ်ယောက် ချက်ချင်း ရောက်ရှိလာသည်။ သူ့ရောင်ဝါသည် တဟုန်းဟုန်းတောက်လျက် မငြိမ်းသေးချေ။ အမျိုးသမီး၏ မျက်ရည်များကို မြင်သောအခါ စိုးရိမ်စိတ်ဖြင့် မေးသည်။

“ သူ … သူပြန်လာပြီ … ။ ”  

“ ဘယ်သူလဲ ... ။ ”

အမျိုးသမီးမှ အသက်ပြင်းပြင်းရှူလျက် စိတ်နှလုံးရွှင်လန်းစွာ ပြန်ဖြေသည်။ တိုက်ပွဲဝင် ဝတ်စုံဖြင့် လူသည် ခဏတာ အံ့အားသင့်သွားပြီး အမျိုးသမီးရှေ့တွင်ချထားသော မဟူရာ ကျောက်မျက်ထံ ကြည့်လိုက်၏။

“ သခင်စု ... အဖိုးကြီးစုလား ... ။ ”

“ ဟုတ်တယ် ... အဲဒီအဖိုးစုလိုလူဟာ အကြောင်းပြချက်မရှိဘဲ မသေနိုင်ဘူးဆိုတာ ငါသိနေတယ်။ ”

ထို့နောက် အဝေးရှိ အာကာသ အက်ကြောင်းထံ ပြန်ကြည့်လိုက်လေသည်။ ရုန်းရင်းဆန်ခတ်သော တိုက်ပွဲများကို မြင်နေရ၏။ ပြိုင်ဘက်ကင်း ဧကရာဇ်များ၏ သွေးမြေကျသော တိုက်ပွဲပေပင်။

“ သူ ဘာပြောလဲ ... ။ ”

“ မပြောဘူး ... ဒါပေမယ့်သေချာတယ် မျက်နှာတစ်ထောင်မျောက်ဆီက ကျောက်မျက် သူ ယူခဲ့တာ ငါသိတယ်။ ”

သူမအသံသည် မယိမ်းယိုင်သော သေချာမှုအပြည့်ရှိနေ၏။

“ စီနီယာ ... မင်းဘာလို့ စကားမပြောလိုက်တာလဲ။ ”

အမျိုးသမီးက ခေါင်းခါသည်။

“ ငါတို့ဘယ်ရောက်နေလဲဆိုတာ သူ့ကိုမသိစေချင်သေးဘူး။ ”

“ ဘာဖြစ်လို့လဲ။ ”

“ မင်း နားမလည်သေးဘူးလား ... ငါဒီမှာရှိနေတာသိသွားရင် သူငါ့ကို စိတ်ပူနေမှာ သေချာတယ်၊ ငါသူ့ကို စိတ်မပူစေချင်ဘူး ... ။ ”

သူမ အသံသည် နူးညံ့ညင်သာပြီး လေးနက်သော ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေ၏။

“ ကောင်လေးဝေ ... မင်းကို ကျေးဇူးတင်ပါတယ် မင်းရဲ့ပူးပေါင်းဆောင်ရွက် ပေးတဲ့ လုပ်ရပ်ကြောင့်သာ မဟုတ်ရင် သူ ...

... သူ မရဏကမ္ဘာကို ပြန်ရောက် ခဲ့ရင်တောင် အဲဒီကျောက်မျက်ကို စူးစမ်းလို စိတ်နဲ့ အသက်သွင်းမှာ မဟုတ်ဘူး ဒါဆို ငါလည်းသိရမှာ မဟုတ်ဘူး။ ”

အမျိုးသမီးမှ ထရပ်လိုက်စဉ် ကြည့်ကောင်းသော ခန္ဓာကိုယ်ကောက်ကြောင်း ပိုမိုပေါ်လွင်စေသည်။

ဆည်းဆာ ရွှေရောင်ဖျော့ဖျော့များဖြင့် လင်းလက်နေသော ဦးခေါင်းပေါ်ရှိ သရဖူသည် တန်ခိုးရောင်ဝါများ တိုးလာခဲ့၏။

“ စီနီယာ ... ကျေးဇူးပြုပြီး ယဉ်ကျေးမနေပါနဲ့ ... ဒါ ငါလုပ်ပေးရမှာ သဘာဝပါပဲ … ဒါပေမယ့် သခင်စုရဲ့ ဉာဏ်ပညာအရ မှန်းဆနိုင်မယ် ထင်ပါတယ်။ ”

“ စိတ်မပူပါနဲ့ ... နောက်မှ အမှန်တရားကိုသိခဲ့ရင်တောင် သူ မင်းကို အပြစ်မတင်ပါဘူး။ ”

ထို့နောက် သူမ၏ ပန်းနုရောင် နှုတ်ခမ်းများကိုကွေးညွတ်စေလျက် ပျော်ရွှင်စွာ ပြုံးရယ်လိုက်ကာ၊

“ အနည်းဆုံးတော့ အခုလောလောဆယ် မရဏတောင်ကို ငါကြိုးကိုင်ထားတယ်လို့ သူ မှန်းဆနိုင်ဦးမှာ မဟုတ်သေးဘူး ...

... သူ့ရဲ့ အကျင့်စရိုက်ကို ငါ ကောင်းကောင်းသိတယ် ဒါကြောင့် အဲဒီတုန်းက ငါ့ရောင်ဝါကိုဖုံးကွယ်ပြီး မီးငှက်ဆီပြခဲ့တာ။ ”

တိုက်ပွဲဝင် ဝတ်စုံဝတ်ထားသည့် အမျိုးသားသည် ထိုအဖြစ်အပျက်များကို ပြန်သတိရလာပြီး အကူအညီမဲ့မှုများ ခံစားလိုက်ရသည်။

“ စီနီယာ၊ မင်းဘာလို့... သခင်စုဆီကနေ ဖုံးကွယ်ထားချင်ရတာလဲ။ ”

ဤမေးခွန်းကို အမျိုးသမီးမှ မဖြေချေ။ ယင်းအစား ရုတ်တရက် အကြောင်းအရာကို ပြောင်းမေးလိုက်သည်။

“ ကောင်လေးဝေ ... အမှောင်မြို့တော်ကနေ ပြင်ပကမ္ဘာကိုဆက်သွယ်ပေးတဲ့ ယင်ယန်လမ်း ဘယ်တော့ ပြန်ဖွင့်မလဲ။ ”

“ ယင်ယန်လမ်းဟာ အနှစ်တစ်ရာ ပြည့်တိုင်းတစ်ကြိမ် ဖွင့်ပါတယ် အခုတစ်ကြိမ် ပြန်ဖွင့်ဖို့ ကိုးနှစ်လိုပါသေးတယ် စီနီယာ ...

... အခုငါတို့က ငရဲဘုံကိုးပါးအနက် သတ္တမငရဲဘုံမှာ ရှိနေပါတယ် တကယ်လို့သာ စီနီယာပြန်ချင်ရင် ... ယင်ယန်လမ်းကြောင်း ပြန်မပွင့်မီ ... ပထမငရဲဘုံကို ရောက်နေဖို့ လိုပါတယ်။ ”

အမျိုးသမီးက ခေါင်းကို အနည်းငယ်ခါယမ်းပြလိုက်ပြီး၊

“ ငါရက်အတိအကျ သိချင်တယ်။ ”

-ဟု ထပ်မေးသည်။

တိုက်ပွဲဝင် ဝတ်စုံဝတ်ထားသည့် အမျိုးသားက အချိန်အတော်ကြာစဉ်းစားပြီး အဆုံးတွင်၊

“ ဒီအတွက် ပြောရခက်ပါတယ် ... အဝါရောင်နွေးဦးနန်းတော်က အဖိုးကြီး ပြန်လာရင် ငါမေးလိုက်ပါ့မယ်။ ”

“ ကောင်းပြီ ... ဒါက ကိုးနှစ်လေးပဲ ... ငါနှစ်ပေါင်းထောင်ချီ စောင့်ခဲ့ရပြီးပြီ ဒါကြောင့် နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ရတာ ဘာလို့ ဂရုစိုက်နေရမှာလဲ။ ”

စကားဆုံးသည်နှင့် အမျိုးသမီအသွင်သည် အာကာသအက်ကြောင်းအတွင်း ဖြတ်သန်းကာ တိုက်ပွဲမြေပြင်၌ ပြန်ပေါ်လာတော့၏။

***

ဝေမျိုးနွယ်စု နေအိမ်တွင် စုရီမှ အတွေးနက်နေသည်။

“ တာအိုစု ... ငါမေးစရာတစ်ခုရှိတယ် မင်းငါ့ဘိုးဘေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို မင်းရှင်းပြနိုင်မယ်လို့ ထင်ပါတယ်။ ”

ဝေကျန်းရှီမှ လေးစားစွာ ဦးညွှတ်လိုက်သည်။ စုရီမှ ခေါင်းညိတ်လျက်၊ ‘ကောင်းပြီ’၊ ဟုဆို၏။

ထို့နောက် ဝေတာ့ယွမ် အသက်ရှင်နေသေးပြီး လူစိမ်းသည် အန္တရာယ် မရှိကြောင်း အသိပေးလိုက်သည်။

အဆုံးတွင် ဤသတင်းသည် မည်မျှ အရေးကြီးသည်ကို ဝေကျန်းရှီမှ သိထားသည်။ ပေါက်ကြားခဲ့သော် ညနတ်ဆိုးမြို့ကို ထိန်းနိုင်မည်မဟုတ်ချေ။

မရဏကမ္ဘာတွင် ဧကရာဇ်တစ်ပါး မရှိသောအင်အားစုသည် အခြားအင်အားစုများမှ ဝါးမြိုခြင်းခံရပေမည်။

“ တာအိုစု ... ဒီမျောက်ကို ဘာလုပ်သင့်လဲ။ ”

“ သူ့ကို ဖမ်းထားလိုက်ပါ ... အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက မကြာခင် ဒါမှမဟုတ် နောက်ပိုင်း ပြန်လာလိမ့်မယ် သူ့ရဲ့ အသက်နဲ့သေခြင်းကို အဲဒီလူပဲ ဆုံးဖြတ်ပါစေ။”

“ ကောင်းပြီ ... ။ ”

ဝေကျန်းရှီမှ ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် စုရီ၊စွေ့ကျင်းယန်နှင့် မျက်မမြင် အဖိုးအိုသည် မရဏတောင်မှ ခရီးဆက်ခဲ့၏။

လဝက်ကုန်လွန်ပြီးနောက် ဝမ်ချွမ်ဒိုမိန်းနယ်စပ်ကို ဖြတ်ကျော်လျက် တော်ဝင်လမ်းစဉ်ခြောက်ပါးဒိုမိန်းသို့ ဝင်ရောက်လာခဲ့၏။

ရှေးခေတ်စွေ့မျိုးနွယ်သည် ဤဒိုမိန်း၏ အုပ်စိုးရှင်ဖြစ်ပြီး ခရမ်းရောင်မြို့တွင် အခြေချ နေထိုင်လေသည်။

***

All Chapters