← Chapters

ကောင်းကင်ငရဲဂိုဏ်း ... ။

Vol. 54 Ch. 637

ကောင်းကင်ငရဲဂိုဏ်း ... ။

Vol. 54 Ch. 637

တိမ်ပင်လယ်ကြီး အနည်းငယ် တုန်ခါသွားကာ သဘာဝတရားအသံများဖြင့် ပြီးပြည့်စုံနေသော ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွား၏။

ငှက်အော်သံ၊ အင်းဆက်ပိုးမွှားများ၏ မောမြည်သံ၊ ထင်းရှူးရွက်များ ပွတ်တိုက်သံ စသည့် အသံများ အားလုံးပေပင်။

တောက်ပနေသော နေရောင်ခြည်သည်ပင် သိသိသာသာ မှိန်ဖျော့သွား၏။ စွေ့ကျင်းယန်နှင့် မျက်မမြင်အဘိုးအိုသည် မသက်သာမှုများဖြင့် ကျောရိုးများ အေးစက်လာသည်။

လေးနက်သော တာအိုသည် ကောင်းကင်နှင့်တူသည်။ ဧကရာဇ်မင်းသည် နတ်ဘုရားဖြစ်၏။

ဧကရာဇ်တစ်ပါး လှုပ်ရှားလိုသောအခါ ကောင်းကင်နှင့်မြေကြီး အရာခပ်သိမ်းအပေါ်သို့ သက်ရောက်မှုရှိသည်။ ဆိုလိုသည်မှာ စစ်မှန်သော ဧကရာဇ်တစ်ပါး ရောက်ရှိလာ သည်မှာ သံသယရှိစရာမလိုချေ။

“ တိမ်တွေက လွင့်မျောပြီး ... တောင်တန်းတွေက ခမ်းနားတယ်၊ ရှုခင်းတွေကို ကြည့်ဖို့ တာအိုမိတ်တွေတို့ သုံးယောက်က ဒီမှာအနားယူနေတာလား။ ”

မနက်ခင်း ခေါင်းလောင်းသံနှင့် ညနေခင်းဗုံတီးသံများကဲ့သို့ ကောင်းကင်နှင့် မြေကြီးကြားအသံသည် ပဲ့တင်ထပ်လာ၏။

အဝေးရှိ တိမ်ပင်လယ်ကြီး ရုတ်တရက် ပွင့်လာကာ ဖြောင့်ဖြူးသောလမ်းကြောင်းကို ပေါ်လွင်လာစေသည်။

လမ်းအဆုံးတွင် အပြာရောင်ဝတ်လုံ ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသာ တစ်ဦးရပ်နေ၏။

အရပ်ရှည်သွယ်လျပြီး ဆံပင်များကို ချည်နှောင်လျက် လက်တစ်ဖက်နောက်ပို့ကာ ကျန်တစ်ဖက်တွင် ကျောက်စိမ်းပုလွေ ကိုင်ထားလေသည်။

၀တ်ရုံများသည် တဖျပ်ဖျပ်ခတ်၍ ကျက်သရေရှိပြီး ထက်ရှသောကျေးဇူးတော်များ ပြည့်နှက်နေခဲ့သည်။

သူ့နောက်တွင် တာအိုအမျိုးသမီး၊ ချက်းကျွယ်နှင့် သူတောင်းစားအဖိုးအိုတစ်ဦး လိုက်ပါလာသည်။

သူတို့၏ ရောင်ဝါသည် ပတ်ဝန်းကျင် တစ်ခုလုံးအပေါ် ဖုံးအုပ်ထားပြီး ယင်ကောင်ပင် ပုန်းကွယ်ရန်နေရာ မရှိချေ။

အပြာရောင် ၀တ်စုံဝတ် အမျိုးသားက သေမျိုးကမ္ဘာထံစူးစမ်းလိုသည့် အုပ်စိုးရှင်ကဲ့သို့ ကြီးစိုးသည်။

စုရီက ကြိမ်ကုလားထိုင်ပေါ်မှထကာ အဝတ်အစားပေါ် ကြွေကျထားသော ထင်းရှူး အခက်အလက်များကို သပ်ချလိုက်သည်။

“ ရှုခင်းက လှပါတယ် ... ဒါပေမယ့် မင်းနဲ့မှ ပိုပြီးပြည့်စုံလိမ့်မယ်။ ”

ထိုစဉ် အပြာရောင်ဝတ် အမျိုးသားနှင့် အဖွဲ့သည် ချောက်ကမ်းပါးပေါ်သို့ ဆင်းသက် ရောက်ရှိနေပြီဖြစ်သည်။

“ မင်းတို့သုံးယောက် ဒီမှာ စောင့်နေတာလား။ ”

ထိုသူက စုရီ၏စကားကိုကြားချိန်၌ အံ့သြစွာမေးလိုက်၏။ စုရီမှ ခေါင်းညိတ်ပြလိုက် တော့သည်။

“ သဘာဝပါပဲ။ ”

အပြာရောင်ဝတ်လုံဝတ် အမျိုးသားက ပြုံးသည်။

“ ဒါဆို ငါတို့လာရတဲ့ ရည်ရွယ်ချက်ကို မင်းတို့အားလုံး သိပြီးပြီပေါ့။ ”

“ မင်းဘယ်ကနေလာလဲ ငါသိပေမယ့် နားမလည်တာတွေတော့ ရှိပါသေးတယ် ငါ့ကို ပြောပြဖို့ ဆန္ဒရှိလား။ ”

စုရီ အမူအရာသည် တည်ငြိမ်ပြီး တုန်လှုပ်မှုကင်းနေသည်။ တာအိုအမျိုးသမီး၊ ချင်ကျွယ်နှင့် သူတောင်းစားအဖိုးအိုသည် ထိတ်လန့်သွား၏။

သူတို့သည် မျက်မမြင်အဘိုးအိုနှင့် စွေ့ကျင်းယန်အပေါ်သာ အာရုံစိုက်နေခဲ့ပြီး ဤလူငယ်ကို သတိမပြုမိချေ။

ယခုမူ သူတို့သခင်သည် ထိုလူငယ်နှင့် စကားဆိုနေ၏။ သခင်သည် ဧကရာဇ်ဖြစ်ကာ ဝိညာဉ်တာအိုနယ်ပယ်ရှိ မည်သူ့ကိုမဆို ပုရွက်ဆိတ်အဖြစ် ရှုမြင်နိုင်မည်။

သို့သော် ဤလူငယ်အပေါ် စကားစမြည်ပြောကြားရန် ဆန္ဒရှိနေခဲ့သည်။ အရေးအကြီးဆုံးမှာ ထိုလူငယ်သည် သခင်ရှေ့၌ စိတ်မသက်မသာ သို့မဟုတ် ကြောက်ရွံ့မှု လက္ခဏာ မပြခြင်းဖြစ်၏။

“ မင်းနားမလည်တာတစ်ခု ရှိနေတာလား ကောင်းပြီ ငါ့ကိုပြောပါ။ ”

အပြာဝတ်အမျိုးသားမှ ပြုံးလျက် ပြောသည်။ စုရီက ခေါင်းညိတ်ပြီး၊

“ မင်း ခေါင်းတလားထမ်း မျိုးရိုးရဲ့ အဆက်အနွယ်ကို ဘာအတွက် ရှာနေတာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

ထိုမေးခွန်းကြောင့် အပြာရောင်ဝတ် အမျိုးသားခမျာ မျက်ခုံးပင့်သွား၏။ မူလက တစ်ဖက်လူသည် သူတို့၏ နောက်ခံအကြောင်း မေးမည်ဟု ယူဆထားခြင်းဖြစ်သည်။

ယခုမူ ဤလူငယ်သည် သူတို့၏ နောက်ခံနှင့်ရာထူးကို လုံးဝဂရုမစိုက်ခဲ့ချေ။ ခဏမျှစဉ်းစားပြီး အပြာရောင်ဝတ် အမျိုးသားက ပြုံး၏။

“ ဒါက လျှို့ဝှက်ချက်ပဲ ... မင်းသိချင်ရင် ခေါင်းတလားထမ်းမျိုးရိုးရဲ့ အဖိုးကြီးနဲ့အတူ မင်း လိုက်လာတာ ပိုကောင်းမယ်။ ”

“ ဘယ်ကိုလဲ ... ။ ”

“ ငါတို့ ဟိုရောက်ရင် မင်းသိမှာပါ။ ”

“ ဟမ့် ... အရမ်းမိုက်မဲတာပဲ။ ”

စွေ့ကျင်းယန်မှ သည်းမခံနိုင်ဘဲ အော်ဟစ်လိုက်သည်။ အပြာရောင် ၀တ်စုံဝတ် အမျိုးသားက စိတ်မဆိုးချေ။ ယင်းအစား သူမကို ပြုံးပြီးဦးညွှတ်ပြကာ၊

“ မိန်းကလေးစွေ့ ... အနှောက်အယှက် မဖြစ်ပါနဲ့ ငါတို့က ဒီတာအိုမိတ်ဆွေအတွက်ပါ ဒီနေ့ အဖြစ်အပျက်တွေက မင်းနဲ့ပတ်သက်မှာ မဟုတ်ပါဘူး။”

“ ဒါဆို နင့်ရဲ့နောက်ခံကို ပြောပြဖို့ သတ္တိရှိလား။ ”

သူမစကားကြောင့် အပြာရောင်ဝတ်ရုံဝတ် အမျိုးသားက ခဏမျှစဉ်းစားပြီး၊

“ မိန်းကလေးစွေ့ ... မင်းမျိုးရိုးကို ပြန်ရောက်ပြီးရင် ငါတို့ရဲ့နောက်ခံကို ရှင်းရှင်း လင်းလင်း သိနိုင်ပါလိမ့်တယ် ... ဒါကြောင့် ဖုန်းကွယ်မထားပါဘူး ...

... ငါ့နာမည်က ရန်တျန်းဖုန်ပါ ... ငါ့ဘေးနားကသုံးယောက်လုံး ကောင်းကင်ငရဲ ဂိုဏ်းကပါပဲ။ ”

“ ကောင်းကင်ငရဲ ဂိုဏ်း။ ”

စွေ့ကျင်းယန်နှင့် မျက်မမြင်အဘိုးကြီးမှာ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ကောင်းကင်ငရဲဂိုဏ်းသည် ကောင်းကင်ငရဲ ဒိုမိန်း၏ အုပ်စိုးရှင်ဖြစ်၏။

၎င်း၏အုတ်မြစ်သည် မန်ပိုနန်းတော် သို့မဟုတ် အဝါရောင်နွေဦးနန်းတော်ကဲ့သို့သော အင်အားစုများထက် မနိမ့်ကျချေ။ သို့သော် စုရီသည် သိပြီးဖြစ်သည်။

တစ်ဖက်လူ၏ ရောင်ဝါဖြင့် မျိုးရိုးအပေါ် ပိုင်းခြားနိုင်၏။ ထိုကောင်းကင်ငရဲ ဂိုဏ်းသည် ခန္ဓာကိုယ်သန့်စင်ခြင်း အင်အားစုပေပင်။

၎င်း၏ အမြင့်မြတ်ဆုံးသော အမွေကို ကောင်းကင်ငရဲကိုးပါး အသွင်ပြောင်းခြင်းဟု ခေါ်တွင်၏။ ပထမတန်းစား ခန္ဓာကိုယ် သန့်စင်ခြင်းကျမ်းဖြစ်သည်။

ဤအမျိုးအနွယ်သည် နတ်ဆိုးသားရဲ ကျင့်ကြံသူများသာ လက်ခံ၏။ တည်ထောင်သူ ကောင်းကင်ငရဲ နတ်ဆိုးဧကရာဇ်သည် မျောက်ဝံသားရဲတစ်ကောင်ဖြစ်၏။

စုရွှမ်ကြွယ်ဘဝတွင် မရဏကမ္ဘာအနှံ့ သူ့ခြေရာများဖြင့် ပြည့်နေသည်။ ဆိုလိုသည်မှာ ထိုအမွေးဖြူမျောက်ဝံသည် သဘာဝအတိုင်း သူ့ထံပါး၌ ရှုံးနိမ့်ထားသူဖြစ်၏။ ယင်းကြောင့် ရန်တျန်းဖုန်းကို ဂရုမစိုက်သည်မှာ သာမန်ပေပင်။

“ ငါသိသလောက်တော့ ကောင်းကင်ငရဲဂိုဏ်းနဲ့ ခေါင်းတလားထမ်းမျိုးရိုး ကြားမှာ ရန်ငြိုးတွေမရှိပါဘူး ... ဒီနေ့ မင်းရဲ့ လုပ်ရပ်တွေက တခြားသူရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်နိုင်မလား။ ”

စုရီ ရုတ်တရက် မေးလိုက်သည်။

“ ဟားဟားဟား ... ရယ်စရာပဲ ဒီကမ္ဘာမှာ ဘယ်သူက ငါ့ရဲ့ ကောင်းကင်ငရဲဂိုဏ်းကို ဒီလို ခိုင်းဝံ့မှာလဲ။ ”

တာအိုအမျိုးသမီးမှ အေးစက်စွာ ပြန်ဖြေသည်။ သို့သော် ရန်တျန်းဖုန်သည် စုရီ၏ စကားကိုကြားသောအခါ ခဏမျှရပ်လိုက်ပြီး အကြည့်များမှေးစင်းသွားချေပြီ။

ဤလူငယ်သည် ဝိညာဉ်တာအို နယ်ပယ်၌သာ ရှိသော်လည်း သူတို့၏ ရောက်ရှိ လာခြင်းကို မျှော်လင့်ထားကြောင်း မြင်နိုင်၏။

ထို့အပြင် သူတို့၏အမည်၊ မူလအစ သို့မဟုတ် ကျင့်ကြံမှုများနှင့် ပတ်သက်၍လည်း အနည်းငယ်မျှပင် ဂရုမစိုက်ချေ။

သူသည် နက်နဲတာအိုနယ်ပယ်အတွင်း ဝင်ရောက်ထားသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ထိုသို့သော လူငယ်မျိုး မမြင်ဖူးကြောင်း ပြောနိုင်သည်။

ဧကရာဇ်အဆင့်အောက် မည်သူမဆို ပုရွက်ဆိတ်များပေပင်။ ပုရွက်ဆိတ်များသည် မည်သည့်အချိန်မှစကာ သတ္တိရှိလာသနည်း။

ဆိုလိုသည်မှာ တစ်ဖက်လူသည် အလွန်အစွမ်းထက်သော နောက်ခံများရှိနေပုံ ရသည်။ မဟုတ်သော် ဧကရာဇ်များအပေါ် ကြောက်ရမည်မှာ သဘာဝဖြစ်သည်။

“ တာအိုမိတ်ဆွေ ... ဒီကိစ္စက မင်းနဲ့မဆိုင်ပါဘူး မင်းသာ ဝင်စွက်ဖက်ခြင်းမပြု သရွေ့တော့ မင်းခေါင်းပေါ်က ဆံပင်တစ်ချောင်း ကိုတောင် ငါတို့ထိခိုက်စေမှာ မဟုတ်ဘူး။ ”

“ မင်း ... သူ့ကိုခေါ်သွားလို့ရမလား ကြည့်စမ်းရအောင်။ ”

စုရီမှ ကြိမ်ကုလားထိုင်ကို သိမ်းလျက် တည်ငြိမ်စွာ ပြောကြားလိုက်သည်။ ထိုစကားက ရန်တျန်းဖုန်းကိုပင် အံ့သြသွားစေ၏။

“ ဟားဟားဟား ... ။ ”

ဒေါသကြီးသော သူတောင်းစားသည် အော်ဟစ်ရယ်မောကာ၊

“ ကောင်လေး၊ ငါတို့က မင်းအပေါ် တော်တော်ယဉ်ကျေးနေပြီ မင်းသတ္တိရှိရင် ငါတို့ ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့ ... ။ ”

-ဟု သတိပေးလိုက်သည်။

သို့သော် စုရီသည် သူ့ကို လုံးဝ လျစ်လျူရှုခဲ့သည်။ ထိုအစား ရန်တျန်းဖုန်းထံ တိုက်ရိုက်ကြည့်ကာ၊

“ မင်း ... စမ်းကြည့်ဝံ့လား။ ”

-ဟု ထပ်မေး၏။

ဤသည်မှာ စကားလုံးအနည်းငယ်မျှသာ ဖြစ်သော်လည်း အဓိပ္ပါယ်အရ လုံးလုံးလျားလျား စိန်ခေါ်ခြင်းမည်သည်။

လူအများ မျက်လုံးထဲတွင် စုရီသည် ပုရွက်ဆိတ်တစ်ကောင်လိုပင် သူ့အစွမ်းအစကို မသိဘဲ နတ်ဘုရားကိုရန်စနေခြင်းဖြစ်၏။ ရယ်စရာပေပင်။

ရန်တျန်းဖုန်သည်ပင် မျက်ခုံးပင့် လိုက်သော်လည်း ခဏကြာပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီ ... ငါမင်းအတွက် ဆုတ်ခွာခွင့်ပေးမယ်။ ”

တစ်ဖက်လူတွင် ထူးထူးခြားခြား ဇစ်မြစ်ရှိကြောင်း အတွေးမှာ သူ့အတွက် ပို၍ သေချာလာချေသည်။ ထို့ကြောင့် သင်ခန်းစာ အနည်းငယ်ပေးပြီး ခေါင်းငုံ့စေရန်အတွက် ရည်ရွယ်လိုက်၏။

***

All Chapters