စွေ့မိသားစု၏ သမက် ... ။
Vol. 54 Ch. 641
ခရမ်းရောင်မြို့တော်အတွင်း ခမ်းနားသော စီတန်းလှည့်လည်ပွဲကို လူအများသည် အဝေးသို့ ပျောက်ကွယ်သွားသည်အထိ ငေးကြည့် နေကြသည်။
အဖြူရောင်ဝတ် လူငယ်ဝမ်တျန်က ရုတ်တရက် သတိရလာပြီး၊
“ ဆရာ၊ မင်ဖိုးနန်းတော်ရဲ့ တတိယအကြီးအကဲက အောင်မြင်ခဲ့ပုံမရဘူး။ ”
-ဟု ပြောကြားလိုက်သည်။
“ အရင်တည်းက ငါပြောခဲ့ပါတယ် တာအိုစုဟာ သာမန်မဟုတ်ဘူး လုချန်မင်လိုလူ ဝင်စွက်ဖက်ခဲ့ရင်တောင်မှ ... ရလာဒ်က အတူတူဖြစ်လိမ့်မယ်။ ”
ဝမ်တျန်က ခဏလောက် တိတ်ဆိတ်သွားကာ၊
“ ဆရာ ... ငါတို့ဒီမြို့မှာ ရက်အတော်ကြာအောင် ရှာနေပေမယ့် သဲလွန်စ မတွေ့သေးဘူး မိန်းကလေးစွေ့ကို ...
... အကူအညီ တောင်းကြည့်မလား ... စွေ့မိသားစုက ဒီခရမ်းရောင်မြို့ရဲ့ အုပ်စိုးရှင်ပဲ သူတို့သာ ငါတို့ကို ကူညီချင်ရင် ... ။ ”
သို့သော် သူ့စကား မဆုံးခင် တာအိုဝတ်လုံဝတ်အဖိုးအိုမှ သက်ပြင်းချပြီး ခေါင်းခါပြကာ၊
“ မသင့်တော်ပါဘူး ... စွေ့မိသားစုက ငါတို့ရည်ရွယ်ချက်ကိုသိရင် မျှော်လင့်မထားတဲ့ ရှုပ်ထွေးမှုတွေ ရှိလာနိုင်ပါတယ်။ ”
-ဟု တုန့်ပြန်၏။
ထို့နောက် ဝမ်တျန်၏ပခုံးကို ညင်သာစွာ ပုတ်လျက်၊
“ ဘာတွေ အလျင်လိုနေတာလဲ ငါတို့စောင့်နေခဲ့တာ နှစ်အတော်ကြာနေပါပြီ စိတ်ရှည်ပါ။ ”
-ဟု နှစ်သိမ့်လိုက်၏။
“ သွားကြစို့ ... အနားယူဖို့ နေရာရှာမယ် ပြီးရင်မြို့အရှေ့ဘက်မှာရှိတဲ့ တရားစီရင်ရေးရုံး အပျက်အစီးတွေကို သွားကြည့်ကြမယ်။ ”
အနက်ရောင် တာအိုဝတ်ရုံဝတ် အဖိုးအိုက အဝေးသို့ မျှော်ကြည့်ကာ ပြောကြားလိုက်သည်။
ခရမ်းရောင်မြို့သည် လီပေါင်းရှစ်ရာ ကျယ်ဝန်းပြီး အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ဟူ၍ ပိုင်းခြားထား၏။
ဒေသကြီးတစ်ခုစီတွင် သန်းပေါင်း များစွာသော သက်ရှိသတ္တဝါများ နေထိုင် ကြသည်။
တစ်နာရီကြာပြီးနောက် အနက်ရောင်အကြေးခွံသားရဲများ ခြံရံထားသော ရထားလုံးသည် စွေ့အိမ်တော်သို့ ရောက်ရှိလာသည်။
စွေ့အိမ်တော်သည် စံအိမ်များ၊ ရေကန်၊ သစ်တောနှင့် တောင်ကုန်းအတုများ ပါရှိသော အလွန်ကျယ်ဝန်းသည် နယ်မြေဖြစ်၏။
စွေ့ဘိုးဘေးနှင့် မျိုးဆက်များ၏ ကြိုးပမ်းမှုကြောင့်ခမ်းနားပြီး လျှို့ဝှက်နယ်မြေ သည်ပင် ပိုင်ဆိုင်ထားကြောင်း မှတ်တမ်းများ ဖော်ပြထားသည်။
သူတို့ရောက်ရှိသည်နှင့် အိမ်တော်၏ ပင်မတံခါးတွင်စောင့်နေသော လူတစ်ယောက် ရှိနေသည်။
“ အစ်ကိုစု ... ငါတို့ စွေ့အိမ်တော်ကို ရောက်ပြီ ... မင်းရဲ့နောက်ခံအကြောင်း ငါ့ကို ပြောပြမှာ မဟုတ်ဘူးလား။ ”
“ မဟုတ်ဘူး ... ။ ”
စုရီက ခေါင်းညိတ်သည်။ စွေ့ကျင်းယန်တ်စယောက် နှာခေါင်းရှုံ့လျက်၊
“ ငါ့အဖေနဲ့တွေ့ရင် ... မင်းရဲ့ အထောက်အထားကို ဖော်ထုတ်လိုက်တဲ့အခါ မင်းဘယ်လိုပုံစံရှိမလဲဆိုတာ ငါမြင်ချင်ပြီ။ ”
-ဟု ကြုံးဝါးလိုက်၏။
ထို့နောက် သူမသည် လှေကားထစ်များကိုတက်ကာ ပင်မတံခါးဆီသို့ ဦးတည်သွားခဲ့သည်။
တံခါးရှိလူသည် ဆံပင်ဖြူဖြူနှင့် သက်ကြီးရွယ်အိုတစ်ဦးဖြစ်ကာ ဦးညွှတ်လျက်၊
“ သခင်မလေး ... မျိုးနွယ်စုခေါင်းဆောင်နဲ့ သခင်မက မင်းပြန်လာတာကို စောင့်နေပါတယ် ဒါပေမယ့် လက်ရှိမှာတော့ မျိုးနွယ်စု ခေါင်းဆောင်က ဧည့်သည်တွေကို ...
... ဧည့်ခံနေရတာမို့ ... မင်းရဲ့ ဧည့်သည်နှစ်ဦးကို သခင်မက စုန့်ဖန်းခန်းမမှာ တွေ့ဖို့ညွှန်ကြားထားပါတယ်။ ”
-ဟု စီကြို၏။ စွေ့ကျင်းယန်မှ အံ့အားသင့်သွားသည်။
“ ဦးလေးထောင်၊ ငါ့အဖေတွေ့နေတာ ဘယ်သူတွေလဲ။ ”
“ မျိုးနွယ်စုခေါင်းဆောင်က ... ချွီ၊ဟုန်နဲ့ထန်ထိုက်ဆိုတဲ့ မျိုးနွယ်စုသုံးခုကို လက်ခံ တွေ့ဆုံနေပါတယ်။ ”
“ သူတို့ ဘာလာလုပ်တာလဲ။ ”
“ မသိပါဘူး ... ။ ”
စွေ့ကျင်းယန်မှ ခဏမျှစဉ်းစားပြီး၊
“ ကောင်းပြီ ... ငါ့အမေကို အရင်တွေ့ဖို့ ဧည့်သည်နှစ်ယောက်ကို ခေါ်သွားလိုက်မယ်။ ”
-ဟု ခေါင်းညိတ်လိုက်တော့၏။
***
စုန့်ဖန်းခန်းမ။
စုရီ၊ မျက်မမြင်အဖိုးကြီးနှင့် စွေ့ကျင်းယန်တို့သုံးယောက် ရောက်ရှိသော အခါတွင် လှပပြီး ဂုဏ်သိက္ခာရှိသော အမျိုးသမီးတစ်ဦးသည် ကြော့ရှင်းစွာ စောင့်ဆိုင်းနေသည်။
အမျိုးသမီးသည် ဆံပင်များကို မြင့်မားသောပုံစံဖြင့် ရစ်ထုံးထားကာ နူးညံ့ သိမ်မွေ့သောရောင်ဝါများ ပေါ်လွင်စေ၏။
ဤသည်မှာ စွေ့မျိုးနွယ်စု ခေါင်းဆောင်၏ ဇနီး ရွယ်ဟုန်နင်ဖြစ်သည်။ မန်ပိုနန်းတော်၏ မြစ်သံတမန်ဖြစ်၏။
သူမ၏ အဆင့်အတန်းသည် လက်ရှိ မန်ပိုနန်းတောသခင်ပင် ဒေါ်လေးဆရာအဖြစ် တလေးတစား ခေါ်ဆိုရသည်။
တစ်ချိန်က ကျောက်စိမ်း ဝိညာဉ်တစ်ထောင်ဘွဲ့ဖြင့် မရဏကမ္ဘာတွင် ကျော်ကြားခဲ့ဖူးသည်။
“ မေမေ ... ငါပြန်လာပြီ။ ”
စွေ့ကျင်းယန်မှ ခန်းမထဲသို့ လှမ်းဝင်လိုက်ကာ ယဉ်ကျေးစွာဦးညွှတ်လျက် ပြုံးပြလိုက်သည်။
ရွယ်ဟုန်နင်က ထိုင်ခုံမှထရပ်လာပြီး စုရီနှင့်မျက်မမြင်အဘိုးအိုထံ စိုက်ကြည့်ကာ၊
“ ငါက ကျင်းယန်ရဲ့ အမေပါ ... ဧည့်သည်နှစ်ယောက်ကို နှုတ်ဆက်ပါတယ်။ ”
-ဟု ပြုံးပြ၏။
စုရီ အနည်းငယ် ခေါင်းညိတ်ပြသည်။ မျက်မမြင်အဘိုးအိုက လက်ဝှေ့ရမ်းလိုက်ကာ၊
“ မင်္ဂလာပါ စီနီယာ။ ”
-ဟု နှုတ်ဆက်၏။
သူသည် မရဏကမ္ဘာ၏ တစ္ဆေခေါင်းတလားထမ်းမျိုးရိုး အဆက်အနွယ် ဖြစ်ကာ ဧကရာဇ် မဖြစ်သေးချေ။
ထို့ကြောင့် ဧကရာဇ်နယ်ပယ်သို့ ကြာမြင့်စွာကတည်းက ဝင်ရောက်ထားခဲ့သည့် ကျောက်စိမ်းဝိညာဉ်တစ်ထောင် ဧကရာဇ် ရှေ့တွင် ယဉ်ကျေးရမည်မှာ သဘာဝပေပင်။
“ မင်းနာမည်ကို ငါမသိပေမယ့် ... မင်းဟာသွေးခေါင်းတလားသခင်ရဲ့ တပည့်မှန်း ကျင်းယန်စာထဲမှာ ပြောပြထားပါတယ် ...
... တစ်နည်းအားဖြင့် ... မင်းသခင်နဲ့ ငါဟာမျိုးဆက်တူတွေပဲ ဒါကြောင့်ကျေးဇူးပြုပြီး ယဉ်ကျေးမနေပါနဲ့။ ”
ထို့နောက် သူမသည် စုရီကိုကြည့်ကာ ပြုံးပြလေသည်။
“ ဒါက သခင်လေးစုရီပဲ ဖြစ်ရမယ် ... ကျင်းယန်ရဲ့စာထဲမှာ မင်းကိုချီးကျူးထားတယ်။ ”
စုရီမှ ပြုံးသည်။ စွေ့ကျင်းယန်ခမျာ ထိတ်လန့်သွား၏။
“ မေမေ ... ငါသူ့ကို မချီးမွမ်းပါဘူး အမှန်အတိုင်း ပြောနေတာပါ။ ”
ထို့နောက် လူတိုင်းထိုင်လိုက်ကြပြီး အစေခံများက လက်ဖက်ရည်နှင့် အဆာပြေများ ယူဆောင်လာကြ၏။ ရွယ်ဟုန်နင်သည် စုရီကို အထူးအာရုံစိုက်နေကာ ပြုံးလျက်ဖြင့်၊
“ သခင်လေး ... မဟာတာအိုကိုရှာဖို့ မရဏကမ္ဘာကို မင်းလာခဲ့တာလို့ ငါကြားတယ် မင်းရဲ့အစီအစဥ်က ဘာတွေများဖြစ်မလဲဆိုတာ ငါမေးလို့ရမလား။ ”
“ လောလောဆယ်မှာ အတိအကျ အစီအစဉ်တွေ အများကြီး မရှိသေးပါဘူး ... ။”
စုရီက ရေနွေးကြမ်းသောက်လျက် ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။ သူသည် စွေ့လုံရှင်း၏ အကြောင်းမေးမြန်းရန် လာခြင်းဖြစ်သည်။
တစ်ဆက်တည်းမှာပင် ယခင်ဘဝ ချန်ထားခဲ့သော အရာများကို ပြန်လည်ရယူရန် နယ်မြေအချို့ထံ သွားရောက်ရပေမည်။
ဝိညာဉ်တာအိုနယ်ပယ်ကိုလည်း ပြီးပြည့်စုံအောင် အာရုံစိုက်ရန် ရည်ရွယ်ထား၏။ တခြားကိစ္စများကို မစဉ်းစားထားချေ။
အဆုံးစွန်သောအားဖြင့် သူ့စိတ်ထဲတွင် ကျင့်ကြံခြင်းမှတပါး အရာအားလုံး အသေးအဖွဲ ဖြစ်ချေ၏။
ထို့နောက် ရွယ်ဟုန်နင်သည် ခဏတာမျှ ကြည်နူးစရာများဖြင့် စကားစမြည် ပြောကြား နေခဲ့သည်။ စုရီမှ စိတ်မဝင်စားသော်လည်း စိတ်ရှည်ထား၏။
လက်ရှိအချိန်၌ သူသည် ဧည့်သည် တစ်ဦးဖြစ်ပြီး ရွယ်ဟုန်နင်သည် စွေ့ကျင်းယန် မိခင်ဖြစ်နေသည်။
“ သခင်လေး ... မင်းမှာအိမ်ထောင်ရှိလား။ ”
ရုတ်တရက် ရွယ်ဟုန်နင်မေးခွန်းကြောင့် မျက်မမြင်အဘိုးကြီးနှင့် စွေ့ကျင်းယန်တို့ခမျာ အံ့အားသင့်သွားကြသည်။ စုရီမှ ခေါင်းယမ်းပြီး ‘မရှိဘူး’-ဟု ပြန်ဖြေ၏။
“ မေမေ၊ မင်းဘာလို့ ဒီလိုတွေ မေးနေရတာလဲ။ ”
စွေ့ကျင်းယန်မှ အံ့အားသင့်သွားသည်။ ရွယ်ဟုန်နင်တစ်ယောက် သက်ပြင်းချလိုက်ကာ သူ့သမီးထံလှည့်ကြည့်လျက်၊
“ ကောင်မလေး ... မင်းဘဝမှာ ယောက်ျားတစ်ယောက်ကို အိမ်ပြန်ခေါ်လာတာ ဒါပထမဆုံးအကြိမ်ပဲ ... မင်းရဲ့ အမေအနေနဲ့ သူ ဘယ်လိုလဲဆိုတာ ငါအရမ်းသိချင်တယ် ...
“ မေမေ ... ။ ”
စွေ့ကျင်းယန်နှင့် မျက်မမြင် အဘိုးအို၏ အမူအရာမှာ အံအားသင့်သွားတော့၏။ စုရီက နှုတ်ခမ်းများ လှုပ်ယမ်းသွားသည်။ သို့သော် ရွယ်ဟုန်နင်မှ လူတိုင်းကို လျစ်လျူရှုလျက်၊
“ အခု ငါသူ့ကိုမြင်ရတော့ တကယ် အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ဆိုတာ သိလိုက်ရပြီ ...
... အပြောအဆို၊ အပြုအမူနဲ့ အားလုံးက သာလွန်ကောင်းမွန်ပြီး ... တည်တည်ငြိမ်ငြိမ်နဲ့ ချီးကျူးစရာပါ ... ။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
ဧကရာဇ်တစ်ပါးအနေဖြင့် နှစ်ပေါင်း မရေမတွက်နိုင်အောင်နေထိုင်ပြီး ကမ္ဘာပေါ်ရှိ ထူးချွန်ထက်မြက်သူများကို မြင်ဖူး၏။
တစ်ဖက်လူသည် စုန့်ဖန်းခန်းမသို့ ဝင်လိုက်သည်နှင့် ၎င်း၏လှုပ်ရှားမှုတိုင်းကို သူမ သတိထားကြည့်သည်။
သူမကို ရင်ဆိုင်ရချိန်၌ပင် စိတ်လှုပ်ရှားမှု လက္ခဏာများမပြဘဲ တည်ငြိမ်၏။ တကယ့်ကို မှတ်သားစရာပေပင်။
လမ်းစဉ်ခြောက်ပါးဒိုမိန်းရှိ အတောက်ပဆုံးသော လူငယ်များသည်ပင် သူမကိုမြင်စဉ် ထိတ်လန့်ပေလိမ့်မည်။
ဤလူငယ်၏ အမူအရာသည် ဟန်ဆောင်ခြင်းမဟုတ်ဘဲ အတွင်းမှလာသော သက်တောင့်သက်သာရှိခြင်းကို ပြသနေသည်။
“ မေမေ ... အရမ်းတွေးနေပြီ။ ”
ဤခရီးသည် သူမမှ စုရီကို ခေါ်လာခြင်း မဟုတ်ချေ။ စုရီသည် သူမအိမ်သို့ ခရီးထွက်မည် ဖြစ်ရာ သူမ လိုက်လာခြင်းသာဖြစ်၏။
သို့သော် သူမအမေ၏ အမြင်တွင် သဘောကျသော ယောက်ျားတစ်ယောက်ကို ခေါ်လာသလိုမျိုး မြင်နေချေပြီ။
“ သမီး ... အရာအားလုံးအတွက် ပထမဆုံးအကြိမ်ဆိုတာ စိတ်လှုပ်ရှားဖို့ တကယ် ထိုက်တန်ပါတယ် ... မင်းက သခင်လေးကို အိမ်ပြန်ခေါ်လာဖို့ ဆန္ဒရှိနေတာကြောင့် မင်းပြင်ဆင်ထားပြီးဆိုတာ ငါသိတယ်။ ”
ရွယ်ဟုန်နင်၏ အမူအရာသည် နူးညံ့သိမ်မွေ့လာပြီး အမူအရာသည် ချက်ချင်း ကြင်နာယုယသွားလေသည်။
“ စိတ်မပူပါနဲ့ ... မင်းကို အမေ အပြစ်မတင်ပါဘူး နောက်ဆုံးတော့ မင်းအခု အရွယ်ရောက်နေပြီ မင်းကြိုက်တဲ့လူနဲ့ ပေါင်းသင်းချင်တာက မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး ...
... မင်းအမေအနေနဲ့ ငါလည်းအရမ်းပျော်ပါတယ် မင်းကို ဘယ်လို အပြစ်တင်ဝံ့မလဲ။ ”
ဤတစ်ကြိမ်တွင် မျက်မမြင်အဘိုးအိုသည် ပါးပြင်များတွန့်လိမ်လာကာ ရယ်မောလိုခြင်းကို ရှင်းရှင်းလင်းလင်း ချိုးနှိမ်ထားနေရ၏။
လက်ထဲရှိ ရေနွေးခွက်ကိုပြန်ချပြီး ရေနွေးကြမ်းကို အမြန်မြိုချလိုက်ရလေသည်။ မဟုတ်သော် ထွေးထုတ်မိပေတော့မည်။
ဤကောင်မလေးသည် သူမအမေထံ ရေးသားထားသောစာထဲ ရွယ်ဟုန်နင်အတွက် အထင်လွဲစေသော အကြောင်းအရာများ ပါနေပုံပေပင်။
စွေ့ကျင်းယန်တစ်ယောက် မျက်မမြင်အဖိုးကြီး ရယ်ချင်နေသည်ကို သိရှိ လိုက်သဖြင့် မျက်နှာနီမြန်းလာ၏။
“ မေမေ ... အဲဒါ မင်းထင်သလို မဟုတ်ဘူး … ။ ”
“ ကောင်မလေး ... မင်းအမေက အတွေ့အကြုံရှိပါတယ် မင်းရဲ့အသက်အရွယ်မှာ အိမ်ထောင်ရေးကို စိတ်ဝင်စားတာသဘာဝပဲ မင်းကောင်လေးရဲ့ နောက်ကြောင်းကို ငါဂရုမစိုက်ဘူး။ ”
ထို့နောက် စကားခဏရပ်ကာ စုရီထံ ပြန်လှည့်ကြည့်ပြီး၊
“ ငါစကားက ကြားရတာ အဆင်မပြေရင်တောင် ပြောပါရစေ သခင်လေး မင်းက သာမန်ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင်တောင်...
... သူ့ကို မင်းတကယ် ချစ်သရွေ့ သူ့အမေဖြစ်တဲ့ ငါကဒါကို ဖြစ်မြောက်အောင် လုပ်ပေးမှာပါ၊ စွေ့မိသားစုရဲ့အုတ်မြစ်အရ ...
... ငါတို့က မင်းဘယ်သူလဲဆိုတာ လုံးဝဂရုမစိုက်စရာ မလိုပါဘူး ... သခင်လေးစု ငါပြောတာကို နားလည်မယ်ထင်ပါတယ်။ ”
ဤအခိုက်တွင် ရွယ်ဟုန်နင်သည် သူ့သမက်ကိုကြည့်ကာ ပို၍ပို၍ သဘောကျလာ တော့သည်။
မည်မျှတည်ငြိမ်ကာ ဘဝအတွက် အရေးကြီးသောကိစ္စအပေါ် သူနှင့်မသက်ဆိုင် သကဲ့သို့ ရှုမြင်နေနိုင်ချေပြီ။
မျက်မမြင်အဘိုးအိုသည် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ရုန်းကန်နေရဟန် ပြသလာ တော့သည်။
ရွယ်ဟုန်နင်သာ တစ်စုံတစ်ရာ ဆက်ပြောပါက သူ ထိန်းထားနိုင်တော့မည် မဟုတ်ကြောင်း သိနေ၏။
စုရီသည်လည်း ရယ်ချင်စိတ်ကိုထိန်းကာ ရေနွေးကြမ်းတစ်ခွက်ကို ကောက်ယူ သောက်ချ လိုက်သည်။
စွေ့ကျင်းယန်၏ ပျာယာခတ်ပြီး အားကိုးရာမဲ့နေသည့် အမူအရာကို မြင်နေရ သဖြင့် ပို၍ရယ်ချင်လာခဲ့သည်။
ထို့ကြောင့် စကားပြောရန် ပြင်လိုက်စဉ် အစေခံအိုကြီးတစ်ယောက် စုန့်ဖန်းခန်းမထဲသို့ ဝင်ရောက်လာချေပြီ။
“ မိသားစုခေါင်းဆောင်က ... သခင်မကို ပိုင်ဝမ်ခန်းမလာခဲ့ဖို့ ဆန္ဒရှိနေပါတယ်။ ”
***