← Chapters

ဒူးထောက်ပါ ... ။

Vol. 54 Ch. 644

ဒူးထောက်ပါ ... ။

Vol. 54 Ch. 644

တည်ငြိမ်အေးဆေးသော စုရီသည် လှောင်ပြောခြင်းနှင့် နှောင့်ယှက်ခြင်းများကို ကြုံတွေ့ရသောအခါ သည်းမခံနိုင်ပဲ ဤသို့ တစ်စုံတစ်ခု ပြုလုပ်လာလိမ့်မည်ဟု ရွယ်ဟုန်နင်ပင် ထင်မထားချေ။

သို့သော် ထိုအပြုအမူသည် ပို၍ ချစ်စရာ ကောင်းလာသည်။ လမ်းစဉ်ခြောက်ပါးဒိုမိန်း အတွင်းရှိ မျိုးဆက်သစ်လူငယ်တွေထဲတွင် မည်သူမျှ ဤသို့သတ္တိမရှိချေ။

တျန်ထိုက်မိသားစု၏ ကျွမ်းကျင် ပညာရှင်များရှေ့တွင် ဒူးထောက် အပြစ်ခံယူရန် မည်သူသည် ပြောဝံ့မည်နည်း။

တျန်ထိုက်လျူသည် ခြိမ်းခြောက်မှု သိပ်မရှိသော ဝိညာဉ် ပေါင်းစည်းခြင်း အဆင့် ပါရမီရှင်တစ်ဦးသာဖြစ်သည်။

သို့သော် ငှက်မွေးအင်္ကျီနှင့်လူသည် လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာခန့်က ဧကရာဇ် ဖြစ်နေသည့် တျန်ထိုက်ချီပေပင်။

အနှစ်တစ်ထောင်အတွင်း ဧကရာဇ်ဖြစ်လာသော လူအနည်းငယ်အနက်မှ တစ်ဦးဖြစ်သည်။

ရွယ်ဟုန်နင်အတွက် ကြည့်ရန်ပင် မထိုက်တန်သေးသော်လည်း စုရီအတွက်မူ ဧကရာဇ်ဖြစ်နေဆဲပေပင်။

“ စောင့်ကြည့်ပါ။ ”

ထို့ကြောင့် သူမတစ်ခုခု ဝင်ပြောခါနီး အချိန်တွင် စွေချောင်အာမှ အသံများပေးပို့လျက် ဟန့်တားလာ၏။

ရွယ်ဟုန်နင်ခမျာ အံ့အားသင့်သွားပြီး သူမခင်ပွန်းထံ ပြန်လှည့်ကြည့်လိုက်လေသည်။ စွေ့ချောင်အာမျက်ဝန်းများအတွင်း စိတ်လှုပ်ရှား နေသည်ကို မြင်နိုင်၏။

“ ဟားဟားဟား ... မင်းက ငါတို့ကို ဒူးထောက်ခိုင်းပြီး အပြစ်ဒဏ်ခံယူဖို့ တကယ် ပြောနေတာလား။ ”

တျန်ထိုက်ချီတစ်ယောက် ဒေါသထွက်လာကာ ရယ်မောလိုက်လေသည်။

“ ဦးလေးချီ စိတ်မဆိုးပါနဲ့၊ သူ့ကို ဆက်ဆံခွင့်ပြုပါ ငါနဲ့တင်လုံလောက်နေပါပြီ။ ”

ဘေးရှိ တျန်ထိုက်လျူက အေးစက်စွာပြော၏။ ထို့နောက် ရွယ်ဟန်နင် တို့ထံ ဦးညွှတ်ကာ၊

“ စီနီယာစွေ့ ... ၊ စီနီယာရွယ် ... ၊ မင်းရဲ့နယ်မြေအတွင်း လုပ်ရပ်အတွက် ငါ့ကို အပြစ်မတင်ပါနဲ့ ဒီစုရီက ငါနဲ့ ငါ့ဦးလေးကို စော်ကားနေတာမို့ ဒါကို သည်းမခံနိုင်ဘူး။ ”

-ဟု တောင်းပန်၏။

သူစကားပြောနေစဉ် မျက်လုံးများသည် ဓားသွားများကဲ့သို့ တောက်ပသွား၏။ ထို့နောက် စုရီထံ တိုက်ရိုက်စိုက်ကြည့်ကာ၊

“ မင်းအပြင်ထွက်ပြီး ငါနဲ့တိုက်ရဲလား။ ”

-ဟု မေးမြန်းလိုက်၏။

တျန်ထိုက်ချီ၏ မျက်နှာပေါ်တွင် လှောင်ပြောင်ရိပ်များ စွန်းထင်းလျက်၊

“ ငါတို့က မာနကြီးပြီး ... နားမလည်တဲ့ ကောင်လေးတစ်ယောက်ကို သင်ခန်းစာတစ်ခု သင်ပေးနေတာပါ မင်းခွန်အားကို အပြည့် မသုံးပါနဲ့ ဒါမှ မင်းရဲ့စီနီယာရွယ်က ကွဲပြားတဲ့ အမြင်တွေ ပေါ်လာလိမ့်မယ် ထိုက်လျူ။ ”

-ဟု မှာကြားလိုက်သည်။

“ ဟုတ်ကဲ့ ... နားလည်ပါပြီ။ ”

တျန်ထိုက်လျူမှ ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် စွေ့ကျင်းယန်ထံ စိုက်ကြည့်ကာ၊

“ မိန်းကလေးကျင်းယန် ... သူ့လို လူပြက်တစ်ကောင်က မင်းနဲ့ မထိုက်တန်ဘူး ဆိုတာ မင်းနားလည်အောင် ငါပြမယ်။ ”

-ဟု ကြုံးဝါးလိုက်သည်။

သူ့ စကားများသည် စုရီအပေါ် အထင်အမြင်သေးမှုများ အပြည့်နှင့် သူ့ကိုယ်သူ ယုံကြည်မှုရှိနေ၏။

“ ဟား ဟား ဟား ... ကောင်းပြီ တျန်ထိုက်မျိုးရိုးရဲ့ သခင်လေးက ဘယ်လောက် အရည်အချင်းရှိလဲ ငါစောင့်ကြည့်နေမယ်။ ”

တျန်ထိုက်လျူ စကားကိုကြားသောအခါ စွေ့ကျင်းယန်ခမျာ သည်းမခံနိုင်လောက်အောင် ဖြစ်လာပြီး ရယ်မောတုန့်ပြန်လိုက်၏။

“ ဟမ့် ... မင်းလိုပုရွက်ဆိတ်တစ်ကောင် အတွက်ဘာလို့ ငါ့က အပြင်ထွက်ရမှာလဲ။ ”

တစ်ဖက်တွင် စုရီက စိတ်မရှည်တော့ဘဲ နှာခေါင်းရှုံ့လျက် လေထဲလက်ဖြင့် ညင်သာစွာ ဖိချလိုက်၏။ လူတိုင်းအတွက် မည်သည့် စွမ်းအင် အတက်အကျကိုမျှ မခံစားရချေ။

သို့သော် တျန်ထိုက်လျူအတွက်မူ နတ်တောင်ကြီးတစ်လုံး ဆင်းသက်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူ့တစ်ကိုယ်လုံး ချက်ချင်း တင်းမာလာပြီးနောက် လက်ဖဝါးကိုခုခံရန် ကျင့်ကြံမှု အပြည့်အဝ ဖြန့်ကျက်လိုက်၏။

“ ဟမ့် ... ။ ”

အဆုံး၌ ဟစ်အော်လိုက်ပြီး ဝတ်ရုံများဖောင်းပွလာကာ တာအိုအလင်းများ စိမ့်ထွက်လာသည်။

သူ့ကျောရိုးကော်လံမှ အနက်ရောင် မြွေပွေးတစ်ကောင် ပျံထွက်လျက် လှံတစ်စင်း အဖြစ်သို့ ပြောင်းလဲသွားသည်။

“ လေဟာပြင် သတ်ဖြတ်ခြင်း လှံငယ် ။ ”

ဤသည်မှာ တျန်ထိုက်မိသားစု၏ ဘိုးဘေးစဉ်ဆက် လျှို့ဝှက်နည်းစနစ်ဖြစ်သည်။ ရှေးယခင်က သူတို့မိသားစုသည် မရေမတွက် နိုင်သော ရန်သူများကို နှိမ်နင်းနိုင်ရန် ဤနည်းစနစ်ကို မှီခိုခဲ့ရ၏။

“ စွပ် ... ။ ”

အနက်ရောင် အာကာပြင်သတ်ဖြတ်ခြင်း လှံငယ်သည် ဆယ်ပေခန့်ရှည်လျားပြီး စုရီ၏ လက်ဖဝါးကို ထိုးဖောက်ရန်ပျံသန်းလာ၏။

ဝိညာဉ်ပြောင်းလဲခြင်း အုတ်မြစ်နှင့် ထူးကဲသောစွမ်းရည်ကြောင့် မျိုးဆက်သစ်များ အနက် ကြယ်တစ်ပွင့်ဖြစ်သည်။

“ ခရစ် ... ။ ”

သို့သော် မျက်စိတစ်မှိတ်အတွင်း ဂိုဏ်အယူရဆုံးသော လှံမှာကွဲအက်သွားကာ အဆုံးမရှိစွမ်းအင်များ ကောင်းကင်မှ ဆင်းသက်လာတော့၏။

“ ဒုန်း ... ။ ”

၎င်းသည် တျန်ထိုက်လျူပေါ် ပြိုကျလျက် ဒူးထောက်စေတော့၏။ ကြမ်းပြင် ရုတ်တရက် တုန်ခါသွားပြီး စားပွဲများနှင့် အခြားသော ပရိဘောဂများ ယိမ်းထိုးကုန်သည်။

လက်ဖဝါးတစ်ချက် ထုတ်ဖော်ရုံဖြင့် တျန်ထိုက်လျူတစ်ယောက် နှိမ်နင်းခံလိုက်ရ ချေပြီ။

“ ဒါ … ။ ”

လူတိုင်း အံ့ဩသွားကြသည်။ သူတို့အားလုံးသည် တျန်ထိုက်လျူအကြောင်း ကောင်းစွာသိရှိထား၏။

အထွတ်အထိပ် ဝိညာဉ်ပြောင်းလဲခြင်း ကျင့်ကြံသူများကို အနည်းငယ်မျှ တုန်လှုပ်ခြင်း မရှိ ရင်ဆိုင်နိုင်သည်။

တျန်ထိုက် မျိုးဆက်သစ်များအတွင်း ပြိုင်ဘက်ကင်းပြီး လမ်းစဉ်ခြောက်ပါးဒိုမိန်း၌ လက်တစ်ဆုပ်စာမျှသာရှိသော လူငယ်များ သည်သာ သူနှင့် နှိုင်းယှဉ်နိုင်၏။

“ ဟိတ် ... ။ ”

တျန်ထိုက်လျူက ရူးသွပ်သွားပြီး အော်ငေါက်လျက် ရလာဒ်အပေါ် သည်းမခံနိုင် သလို ရုန်းကန်လိုက်သည်။

တောင်နှင့်မြစ်ကို ဖြတ်တောက်နိုင်သည့် အစွမ်းသတ္တိရှိသော အနက်ရောင်စွမ်းအင်များက နဂါးအလား သူ့ဝန်းကျင်တွင် ရစ်ခွေလာ၏။

“ ဘန်း ... ။ ”

သို့သော် ကံမကောင်းစွာဖြင့် လက်ဝါးကပ်တိုင်ပုံစံဖြင့် ကြမ်းပြင်ပေါ် ပြားပြား ဝပ်သွားတော့သည်။

ဤတစ်ကြိမ်၌ လက်တစ်ချောင်းပင် မလှုပ်နိုင်တော့ချေ။ ခန်းမတစ်ခုလုံး တိတ်ဆိတ် ကုန်ချေပြီ။

“ လွှတ်လိုက်စမ်း ... မဟုတ်ရင် တျန်ထိုက်မိသားစုက မင်းတစ်မိသားစုလုံးကို ချေမှုန်းပစ်လိမ့်မယ်။ ”

ရုတ်တရက် တျန်ထိုက်ချီမှ အော်ငေါက်လိုက်သည်။ ဖော်မပြနိုင်သော အရှက်တရားသည့် သူ့ဆင်ခြင်တုံတရားကို လုံးဝ လုယူသွားခဲ့၏။

သို့သော် စုရီမှ မျက်လုံးများသည် ပို၍ အေးစက်လျက် သူ့လက်ဖဝါးကို အနည်းငယ်မျှ ခွန်အားပိုထည့်ပေးလိုက်သည်။

“ ဂျွတ် ... ဂျွတ် ... ။ ”

“ အား ... ။ ”

အရိုးကျိုးသံများ ဆက်တိုက် ထွက်ပေါ်လာပြီး တျန်ထိုက်လျူ၏ အော်ဟစ် ငိုကြွေးသံများ ထွက်ပေါ်လာခဲ့သည်။

“ မင်းသေချင်နေတာပဲ။ ”

တျန်ထိုက်ချီမှ လူသတ်လိုသော ရည်ရွယ်ချက်ဖြင့် လက်ဖဝါးတစ်ချက်ကို ချက်ချင်း ရိုက်ချလိုက်၏။

“ ဝှစ် ... ။ ”

တောက်ပသော ရွှေရောင် အလင်းများ ပြန့်ကားလျက် အဆုံးမရှိ ကြောက်မက်ဖွယ် သတ်ဖြတ်လိုခြင်းဆန္ဒများ လိုက်သွားသည်။

တျန်ထိုက်ချီသည် ဧကရာဇ်ဖြစ်၏။ ထိုသို့မြင့်မြတ်သော အဆင့်အတန်းရှိသူတစ်ဦး အနေဖြင့် စုရီအပေါ် တိုက်ခိုက်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားချေ။

ဤတိုက်ခိုက်မှုသည် စုရီအပေါ် မသတ်နိုင်ခဲ့လျှင်ပင် လုံးလုံးလျားလျား ထိခိုက် စေမည်မှာ သေချာသည်။

“ ဒါက နည်းနည်းဆိုးတယ်။ ”

ရွယ်ဟုန်နင် အမူအရာ ပြောင်းသွားကာ ဝင်ရောက်စွက်ဖက်တော့မည့် အချိန်တွင် စုရီက လက်ဖဝါးတစ်ချက်ဖြင့် တုန့်ပြန်လာ၏။

“ ဘန်း ... ။ ”

လေထုအလယ် လက်ဖဝါးကြီးနှစ်ဖက် တိုက်မိသွားကာ ကျယ်လောင်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာသည်။

“ ခွမ်း ... ချလွမ် ... ။ ”

ပြန့်ကားလာသော စွမ်းအင်လှိုင်းသည် စားပွဲများ၊ ကုလားထိုင်များနှင့် ၎င်းတို့အပေါ်ရှိ အရာအားလုံးကို ကြေမွသွားစေခဲ့၏။ ပရိဘောဂ အပိုင်းအစများမှာ လေထဲပျံတက်လာသည်။

ခြွင်းချက်မရှိ ဧည့်သည်များသည် ဤလှုပ်ခတ်မှုကို ပြေပျောက်စေရန် ၎င်းတို့၏ ကျင့်ကြံမှုအပေါ် ဖြန့်ကျက်လိုက်ရသည်။

တစ်ချိန်တည်းမှာပင် နံရံများနှင့် ကြမ်းပြင်များကို အကာအကွယ် ပေးထားသော အစီရင်များက ထိုအတက်အကျလှိုင်းများအား စုပ်ယူပေးသွား၏။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ထိုမှသာ အဖျက်စွမ်းအားများသည် ပျက်ပြယ်သွားတော့သည်။ ထိတ်လန့်တကြား အော်ဟစ်သံများနှင့်အတူ တျန်ထိုက်ချီ၏ မျက်လုံးများ ပြူးကျယ်သွား၏။

တစ်ဖက်လူသည် သူ့လက်ဖဝါးကို မျက်နှာချင်းဆိုင် ဖြေရှင်းလျက် တစ်လက်မမျှ မရွေ့ဘဲ ရပ်နေနိုင်ခဲ့သည်။ အဓိပ္ပါယ်မရှိချေ။

“ ပိတ်ဆို့ထားတာလား ... ။”

ချွယ်မိသားစု၏ အဝါရောင်ဝတ်ရုံဝတ် အကြီးအကဲသည် အလွန်အံ့အားသင့်သွားပြီး ပါးစပ်အဟောင်းသားဖြစ်လာ၏။

ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်မှ လူငယ်တစ်ဦးသည် ဧကရာဇ်၏တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးခဲ့ချေပြီ။

“ ဒီကောင်လေး မရိုးရှင်းဘူး …။ ”

ဟုန်မိသားစု၏ အနက်ရောင်၀တ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားက မရေရာသော အကြည့်များဖြင့် ကြည့်နေသည်။

ဝိညာဉ်တာအို နယ်ပယ် ကျင့်ကြံသူ တစ်ဦးသည် ဤအရာကို အောင်မြင်နိုင်မည်ဟု မည်သူမျှ မတွေးဝံ့သည်မှာ သာမန်ပေပင်။

တစ်ဖက်တွင် ရွယ်ဟုန်နင်သည် မျက်ဝန်းများ မှေးစင်းသွား၏။ သူ့သမက်သည် အထင်ကြီးစရာဖြစ်သည်။

သူမ မသိခဲ့သည်မှာ မန်ပိုနန်းတော် တတိယာအကြီးအကဲ ယွမ်လင်နင်၊ ခန္ဓာကိုယ် ဧကရာဇ် ရန်တျန်းဖုန် ကဲ့သို့သော လူအများနှင့် စုရီတိုက်ပွဲကိုပင်။

ထို့ကြောင့် စွေ့ကျင်းယန်၏ တည်ငြိမ်နေသောအမူအရာအပေါ် ငဲ့ကြည့်ကာ အနည်းငယ် အံ့ဩသွားသည်။ အထူးသဖြင့် တစ်ဖက်တွင် လွန်စွာတည်ငြိမ်နေသော သူ့ခင်ပွန်းဖြစ်၏။

သူ့သမီးသည် စုရီအပေါ် ယုံကြည်မှု ရှိနေသည်ကိုနားလည်သော်လည်း ခင်ပွန်းသည် အဘယ့်ကြောင့် တည်ငြိမ်နေသနည်း။ ဤပွဲ၌ သူမတစ်ယောက်တည်းသာ အံ့ဩနေပုံပေပင်။

“ အပြင်ထွက်ကြရအောင် ... မင်းရဲ့ရှုံးနိမ့်မှုကိုယုံအောင် ဒူးထောက်ခိုင်းမယ်။ ”

တျန်ထိုက်ချီတစ်ယောက် ဒေါသနှင့် စိတ်ရှုပ်ထွေးမှုများမျိုသိပ်နေစဉ် ထိုစကားကို ကြားချိန်၌ မျက်နှာမည်းမှောင်သွား၏။

“ မလိုဘူး ... ။ ”

ဧကရာဇ်ရောင်ဝါများ မီးတောင်ကဲ့သို့ ပေါက်ကွဲလျက် ဆံပင်နှင့်မုတ်ဆိတ်မွေးများမှာ ပျံဝဲလာကာ စုရီကို လှမ်းရိုက်လိုက်တော့၏။

“ ဝှစ် ... ။ ”

“ ဟမ့် ... တျန်ထိုက်ချီ ... မင်းဘဘ်လိုတောင်မိုက်မဲလိုက်လဲ ... ။ ”

ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်ငေါက်သံနှင့်အတူ စုရီရှေ့ ပုံရိပ်တစ်ရိပ်ပေါ်လာသည်။

၎င်းထံမှ ‌ရောင်ဝါသည် ကောင်းက်ငကို ထိုးဖောက်တော့မည့် လှံတစ်စင်းကဲ့သို့ မြဲမြံပြီး ထက်ရှနေချေပြီ။

ရွယ်ဟုန်နင်မှ မျက်ခုံးပင့်လိုက်၏။ ဤသည်မှာ သူမ ခင်ပွန်းဖြစ်သည်။ မည်သည့် အချိန်မှစကာ စုရီအပေါ်ကာကွယ်ရန် ဆန္ဒရှိ နေသည်ကို နားမလည်နိုင်တော့ချေ။

တျန်ထိုက်ချီတစ်ယောက် ချက်ချင်း ယိမ်းယိုင်လျက် ပေပေါင်းများစွာ အကွာသို့ တွန်းထုတ်ခံလိုက်ရသည်။

မျက်နှာတစ်ပြင်လုံး နီမြန်းလျက် မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ ပြည့်နှက် နေတော့သည်။

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်ကုန်သည်။ လူတိုင်းသွေးလည်ပတ်မှု တောင့်တင်းသွားကာ အသက်ရှူကြပ်ကုန်၏။

ခြင်္သေ့မင်းတစ်ပါး ထွက်ပေါ်လာသလို ပေပင်။ ကြောက်မက်ဖွယ် ဘုန်းအာနုဘော်မှာ အဝါရောင်ဝတ်လုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားကိုပင် တုန်လှုပ်စေခဲ့သည်။

ဤသည်မှာ စွေ့မိသားစုခေါင်းဆောင်၏ ဝိသေသဖြစ်သည်။ ပြုံးနေသရွေ့ အရာအားလုံး အဆင်ပြေမည်။ အမျက်ထွက်သောအခါတွင် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေ၏။

စုရီမှ စွေ့ချောင်အာ ကျောပြင်ကို စိုက်ကြည့်ကာ မြေခွေးအိုကြီးစွေ့လုံရှင်းသည် သားတစ်ယောက် ရရှိထားကြောင်း နားလည်လိုက်သည်။

‘ချောင်အာ’(ချန်အန်း)သို့မဟုတ် ‘ထာဝရငြိမ်းချမ်းရေး’ဟူသော အမည်သည် အချည်းနှီး မဖြစ်ခဲ့ချေ။

(ကျွန်တော်က ချောင်အာဟု ရေးခဲ့သော်လည်း မူရင်းဆရာက ထာဝရ ငြိမ်းချမ်းခြင်း ‘ချန်အန်း’ဟု ဆိုခြင်းဖြစ်၏။)

အခြေအနေအရ စွေ့ကျင်းယန်သာ ထွက်မလာခဲ့သော် စွေ့မိသားစုအရှက်ရပေမည်။ နောက်ဆုံးတွင် တျန်ထိုက်မိသားစု၏ ဧကရာဇ် တစ်ပါးသည် စွေ့မိသားစု ခေါင်းဆောင်ရှေ့တွင် ရဲရဲတောက်တိုက်ခိုက်လာခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာ စွေ့ချောင်အာသည် သူ့ကိုစိတ်မပျက်စေချေ။ သို့သော် ဤကလေး၏ စွက်ဖက်မှုသည် အနည်းငယ် အလျင်လိုသည်။ မဟုတ်သော် တျန်ထိုက်ချီကို ဒူးထောက် ခိုင်းမိပေမည်။

“ တာအိုစွေ့ ငါဘယ်လို မိုက်မဲတာလဲ ... ဒီကောင်လေးက ငါ့တူကိုသတ်လုနီးပါးဖြစ်နေပြီ ဒါသာ တကယ်ဖြစ်လာရင် မင်းရဲ့စွေ့မိသားစုက တာဝန်ယူရမှာ ငါကြောက်မိတယ်။ ”

တျန်ထိုက်ချီမှ အခန်းနံရံအနားအထိ လွင့်စဉ်ခဲ့ရာမှ ဟန်ချက်ထိန်းညှိကာ ပြောကြား လာသည်။ သူသည် စွေ့ကျင်းယန်၏ ပြိုင်ဘက် မဟုတ်သော်လည်း သံတမန်အရ ပြောဝံ့၏။

သို့သော် စွေ့ကျင်းယန်သည် ထိုသံတမန်ရာထူးအပေါ် ဂရုမစိုက်ကြောင်း မမျှော်လင့်ထားချေ။ စွေ့ချောင်အာက လက်နှစ်ဖက် နောက်ပို့ကာ၊

“ ဒူးထောက်ပြီး ... သခင်လေးစုရီကို တောင်းပန်ပါ ... မင်းမလုပ်ရင် မင်းခြေထောက် တွေကို အခုချက်ချင်း ငါချိုးပစ်မယ်။ ”

***

All Chapters