ကောင်လေးစွေ့ ... ။
Vol. 54 Ch. 645
စွေ့ချောင်အာစကားသည် တုန်လှုပ်ဖွယ်ဖြစ်သည်။ တျန်ထိုက်မျိုးနွယ်စုမှ ဧကရာဇ်တစ်ပါးကို ဒူးထောက်စေလိုနေ၏။
ယခင်နူးညံ့သိမ်မွေ့ပြီး အေးဆေးတည်ငြိမ်သော စွေ့ခေါင်းဆောင်သည် စုရီအတွက် လွှမ်းမိုးမှုပြသလာခြင်းပေပင်။
ဤတစ်ကြိမ်တွင် ရွယ်ဟုန်နင်သာမက စွေ့ကျင်းယန်ပင်အံ့အားသင့်သွား၏။ ယင်းသည် တျန်ထိုက်မျိုးနွယ်စုနှင့် လုံးဝဖြတ်တောက်ကာ ပဋိပက္ခထံ ဦးတည်ခြင်းဖြစ်သည်။
စျေးနှုန်းသည် သံသယဖြစ်စရာ မလိုအောင်ပြင်းထန်ကာ ထိုအရာသည် စုရီ အတွက်ဖြစ်နေသည်ကို လုံးဝ ဂရုမစိုက်ပုံပြနေသည်။
တျန်ထိုက်ချီသည် မျက်နှာ၌ ဒေါသများ ပြည့်နှက်လာပြီး သူ့ကို ဤသို့ စော်ကားမည်ဟု မယုံနိုင်လောက်အောင် ဖြစ်နေသည်။
သူသည် ဧကရာဇ်တစ်ပါးဖြစ်၏။ ဝိညာဉ်တာအိုနယ်ပယ် လူငယ်တစ်ယောက် ရှေ့တွင် ဒူးထောက်ခြင်းသည် မည်မျှ ရှက်စရာ ကောင်းမည်ကို မတွေးဝံ့ချေ။
ဤအရှက်တရားသည် တစ်သက်လုံး ဖျောက်ဖျက်၍ မဖြစ်နိုင်ကြောင်း မြင်သာ၏။ ထို့ကြောင့် စွေ့ချောင်အာထံ ပြန်ကြည့်ကာ၊
“ တာအိုစွေ့၊ မင်းရဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေက အရမ်းပြင်းထန်လွန်းတယ် ဝိညာဉ်တာအိုနယ်ပယ်က လူတစ်ယောက် အတွက် တကယ်ထိုက်တန်ရဲ့လား။ ”
ချွယ်မျိုးနွယ်စု၏ အဝါရောင်ဝတ်လုံ အမျိုးသားက လေးနက်သောအသွင်မျိုးဖြင့် သတိပေးသည်။
“ ငါ့စွေ့မျိုးနွယ်က အမြဲတမ်း စည်းကမ်းရှိတယ် အခုချိန်မှာ ငါ့အဖေ မရှိတဲ့ အတွက် ... ငါ့နယ်မြေမှာ တခြားလူအပေါ် အနိုင်ကျင့်ဝံ့မယ် မထင်နဲ့ ... ။ ”
အဝါရောင်ဝတ် အမျိုးသား မျက်နှာ ချက်ချင်းမည်းမှောင်သွား၏။ တစ်ဖက်တွင် ဟုန်မိသားစု အမျိုးသားက၊
“ တာအိုစွေ့ ... မင်းတောင်းပန်ခိုင်းတာ နားလည်ပါတယ် ... ဒါပေမယ့် ဒူးထောက်ဖို့က စော်ကားရာကျပါတယ် ... နောက်ပြီး မီးပုံးပွဲတော်က နီးနေပြီ ... ။ ”
ငါ့အဖေ ... မရှိတုန်းမှာ မင်းတို့တွေက အခွင့်ကောင်းယူပြီး လာဖို့သတ္တိရှိနေတယ်လား အခု ငါ့ကိုပြန်စဉ်းစားဖို့ အကြံပေးနေတာလား ဟုန်ယွဲ့ကျန်း ...
... မင်းကိုယ်မင်း ဘယ်သူလို့ ထင်ပြီး ဒီလိုစကားပြောနေတာလဲ ... မင်းရဲ့ဟုန်မိသားစု ခေါင်းဆောင် ဒီမှာရှိနေရင်တောင် ငါ့ကိုဒီလို စကားမပြောရဲဘူး။ ”
ဤတစ်ကြိမ်၌ အနက်ရောင်ဝတ် လူလတ်ပိုင်းအရွယ် ဟုန်ယွဲ့ကျန်းဆိုသည့် အမျိုးသားမှာ အရှက်ကွဲသွားသည်။
အလွန်နူးညံ့သိမ်မွေ့သော ဤလူသည် အထိန်းအကွပ်မဲ့ကာ ကျားတစ်ကောင်ကဲ့သို့ အလွန်လွှမ်းမိုးလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားချေ။
ရလဒ်အနေဖြင့် ကျန်သူများသည်လည်း ထိတ်လန့်မှုနှင့် ဒေါသများ ရောနှောနေတော့၏။ စွေ့ချောင်အာမှ စိတ်မရှည်တော့ဘဲ။
“ မင်း ဒူးမထောက်သေးဘူးလား။ ”
-ဟု အေးစက်စွာမေးးသည်။
သူ၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များသည် တျန်ထိုက်ချီအတွက် ကြီးမားသော ဖိအားများ ပေးဆောင်နေ၏။
တျန်ထိုက်ချီတစ်ယောင် အသက်ပြင်းပြင်းရှူကာ အံကြိတ်လျက်၊
“ စွေ့ချောင်အာ ... မင်းငါ့ကို သတ်ပစ်နိုင်တယ် ဒီလိုဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ယောက်အတွက် ငါ့ကို ဒူးထောက်စေဖို့ စိတ်မကူးနဲ့။ ”
စွေ့ချောင်အာသည် သူ့ကို မသတ်ဝံ့ဟု ယုံကြည်သည်။ စွေ့ချောင်အာမှ လှောင်ပြောင် ရယ်မောလျက်၊
“ ဟားဟားဟား ... ကောင်းပြီ ဒါဆိုမင်းရဲ့အရိုးတွေက မင်းပါးစပ်လောက် မာကျောသလား ငါစမ်းကြည့်မယ်။ ”
-ဟု ကြုံးဝါးလိုက်၏။
သူ့အသံ ပဲ့တင်ထပ်မလာခင်မှာပင် တျန်ထိုက်ချီကို ဖမ်းရန်လက်လှမ်းလိုက်သည်။ တျန်ထိုက်ချီမှ လှည့်ထွက်ပြေး၏။
ကနဦး ရွှမ်ကျောက်အဆင့်ဖြင့် ဤလူကိုမယှဉ်နိုင်လေရာ အဘယ့်ကြောင့် အချိန်ဖြုန်းနေမည်နည်း။
“ ဝှစ် ... ။ ”
ထိုစဉ် လေထုအလယ် ရွှေရောင် အလင်းတန်းများ တောက်ပလာပြီး အခန်းကို အလုံပိတ်သွားတော့၏။
“ ဘုန်း ... ။ ”
အရှိန်ဖြင့် တိုက်မိပြီး ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါးပြုတ်ကျလာသော တျန်ထိုက်ချီ ပုံရိပ်ကို မြင်လိုက်ရသည်။
“ ဂျွတ် ... ဂျွတ် ... ။ ”
“ အား ... ။ ”
တျန်ထိုက်ချီတစ်ယောက် မတုံ့ပြန်နိုင်မီ စွေ့ချောင်အာရောက်ရှိသွားပြီး ဒူးခေါင်းများကို နင်းချိုးလိုက်၏။
နာကျင်စွာ အော်ဟစ်သံကြီး ပဲ့တင်ထပ်လာသည်။ သွေးရနံ့များ လေထုထဲ သင်းထုံလာ၏။
လူတိုင်း ကျောရိုးတစ်လျှောက် အေးစက်လာကာ ကြောက်ရွံ့ထိတ်လန့်သွား တော့သည်။ စွေ့ချောင်အာမှာ ရက်စက်လွန်း နေချေပြီ။
“ မင်း ဒူးမထောက်ဘူးဆိုတော့ ငါ့စကားအတိုင်း မင်းခြေထောက်တွေကို ချိုးပစ်လိုက်မယ်။ ”
မြင့်မားပြီး တန်ခိုးကြီးသော ဧကရာဇ်တစ်ပါးသည် အကျဉ်းသားတစ်ဦးကဲ့သို့ မြေပြင်ပေါ်တွင် ခွေခွေလေးလဲကျနေ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်မှာ သံသယဖြစ်စရာပင်။ တာအိုသည်ကောင်းကင် ဖြစ်ပြီး ဧကရာဇ်သည် နတ်ဘုရားဖြစ်၏။
ယခုမူ ထိုနတ်ဘုရားတစ်ပါးသည် တွားသွားသတ္တဝါအလားကြမ်းပြင်၌ သွေးများ ရွဲနစ်နေကာ သနားစရာကောင်းလှသည်။
ဧကရာဇ်များကြား ပဋိပက္ခများသည် အဆန်းမဟုတ်ချေ။ သို့သော် ယနေ့ကဲ့သို့သော မြင်ကွင်းမျိုးသည် အနည်းငယ် အကျိုးဆက် ပြင်းထန်နေဆဲဖြစ်၏။
တစ်ဖက်တွင် စုရီသည် ငြိမ်သက်နေ၏။ ဤမြင်ကွင်းသည် သူ့အတွက် သာမန်ပေပင်။ ဧကရာဇ်များကို အဆင့်များ ခွဲခြားထား၏။
တျန်ထိုက်ချီကဲ့သို့သော လူသည် ဧကရာဇ်တစ်ပါးဖြစ်ရန် လမ်းကြောင်းမှန်ပေါ် ရောက်ရှိသူသာ ဖြစ်သည်။
ကျင့်ကြံမှုခွန်အားများအရ ကောင်းကင်ငရဲဂိုဏ်းမှ ရုပ်ခန္ဓာဧကရာဇ် ရန်တျန်းဖုန်းထက် အားနည်းချေ၏။
စုရွှမ်ကြွယ်ဘဝတွင် ထိုသို့သောဇာတ်ကောင်မျိုးနှင့် ဆက်ဆံရာတွင် အနှောက်အယှက် ဖြစ်ခံမည်မဟုတ်ချေ။
ကနဦးရွှမ်ကျောက်အဆင့်မဆိုနှင့် အထွတ်အထိပ် ဧကရာဇ်များပင် သူ့ရှေ့တွင် ဒူးထောက်ရန် တန်းစီရပေမည်။
“ ဦးလေးချီ ... ။ ”
ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်နေရဆဲ ဖြစ်သော တျန်ထိုက်လျူသည် သူ့ဦးလေး၏ အဖြစ်ဆိုးကြောင့် မျက်ရည်များဝဲလာ၏။
“ စွေ့ချောင်အာ မင်းမှာ သတ္တိရှိရင် ငါ့ကိုသတ်လိုက်ပါ မင်းရဲ့စွေ့မိသားစုကိုလာတဲ့ ဧည့်သည်တစ်ယောက်ကို အရှက်ခွဲဝံ့သလား။ ”
“ မှန်တယ် ... မင်းက ငါတို့စွေ့မိသားစုရဲ့ ဧည့်သည်ပဲ ငါမသတ်ဝံ့ဘူး ... ပြန်သွားပြီး ငါ့ကို လက်စားချေဖို့ ကြိုးစားနိုင်တယ်။ ”
ထို့နော်က စွေ့ချောင်အာက တျန်ထိုက်မျိုးနွယ်စု၏ ဧည့်သည်တော်များကို ပြန်ကြည့်ကာ လက်ဝှေ့ယမ်းလျက်၊
“ ဒီလူ ခေါ်ပြီး မြန်မြန်ထွက်သွား။ ”
-ဟု မောင်းထုတ်လိုက်၏။
တျန်ထိုက်မျိုးနွယ်စုမှ ကျွမ်းကျင် ပညာရှင်များသည် လွတ်ငြိမ်းချမ်းသာခွင့်များ ရရှိသွားသကဲ့သို့ အလျင်အမြန် ထွက်ခွာသွားသည်။
ထိုအချိန်တွင် စွေ့ချောင်အာမှ စုရီထံ လှည့်ကြည့်ကာ အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။
“ ဦးလေး ... အိုက်ရား သခင်လေးစု၊ ဒီကိစ္စကိုကိုင်တွယ်တာ သင့်တော်တယ်လို့ မင်းထင်လား။ ”
သူမခင်ပွန်း စွေ့ချောင်အာ၏ အပြုအမူနှင့်လေသံသည် သဘာဝမကျ သောကြောင့် ရွယ်ဟုန်နင်မှ မျက်မှောင်ကြုတ်လိုက်၏။
ကြီးစိုးပြီးပြတ်သားသော ပုံစံများသည် ကလေးတစ်ယောက်ကဲ့သို့ ပြောင်းလဲနေချေပြီ။ သို့သော်လည်း လူတိုင်းသည် တုန်လှုပ်မှုအတွင်း နစ်မျောနေသဖြင့် ၎င်းကို သတိမထားမိချေ။
( ဒါက ဘာလဲ ... သမက်တစ်ယောက် အပေါ် သဘောကျတယ်ထားဦး ယောက္ခမက ဒီလောက်မျက်နှာချိုသွေးနေစရာလား။ )
တစ်ဖက်တွင် သူမ၏ သမက်သည် လူကြီးတစ်ယောက်မှ ကလေးငယ်တစ်ယောက် ကြီးပြင်းလာသည်ကို နှစ်တွေအကြာကြီးနေမှ မြင်လိုက်ရသကဲ့သို့ ပြုံးနေ၏။
( ဘာတွေ ဖြစ်နေတာလဲ။ )
“ အရမ်းကောင်းတယ် ... ။ ”
စုရီမှ ခေါင်းညိတ်လိုက်သည်။ ကောင်လေးစွေ့သည် သူ့ကို မှတ်မိသွားပုံရ၏။ စွေ့ချောင်အာတစ်ယောက် ချက်ချင်း သက်ပြင်းချလိုက်သည်။
( ဒါ ... ။ )
ထိုသို့သော သိမ်မွေ့သည့် ဆက်ဆံရေးမျိုးသည် ရွယ်ဟုန်နင်၏နတ်အာရုံမှ လွတ်မသွားခဲ့ချေ။ သမက်နှင့် ယောက္ခမ နေရာပြောင်းသွားပုံရ၏။
“ ဒီနေ့ကိစ္စတွေကို ဆွေးနွေးဖို့ ဆ္ဒမရှိတော့ဘူး မင်းရဲ့စွေ့မိသားစု မီးပုံပွဲမှာ ဂရုစိုက်ပါ။ ”
ချွယ်မျိုးနွယ်စုမှ အဝါရောင်ဝတ် အကြီးအကဲက နှုတ်ဆက်စကားပြောပြီးနောက် လှည့်ထွက်သွားသည်။
“ နှုတ်ဆက်ပါတယ် ကံကောင်းပါစေ။ ”
အနက်ရောင်ဝတ်လုံနှင့် ဟုန်မျိုးနွယ်စုမှ လူလတ်ပိုင်းအရွယ် အမျိုးသားကြီးသည်လည်း ၎င်း၏မျိုးနွယ်စုများနှင့်အတူ မထွက်ခွာမီ ဆုတောင်းပေးခဲ့သည်။
သူတို့ ဆက်နေရန် အကြောင်း မရှိချေ။ တျန်ထိုက်ချီကြုံတွေ့ခဲ့ရသော အရှက်တရားမျိုး မလိုချင်သည်မှာ သဘာဝသာဖြစ်၏။
စွေ့ချောင်အာသည် လူစိတ်ပျောက်ကာ အထိန်းအကွပ်မဲ့နေချေပြီ။ စွေ့ချောင်အာသည် သူတို့ကို ဂရုမစိုက်ဘဲ စုရီထံကြည့်၏။
စုရီမှ မသိမသာ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ ထိုမှသာ စွေ့ချောင်အာက အခြားသူများကို မတားဘဲ အခန်းထဲမှ ထွက်သွားခွင့်ပေးလိုက်၏။
များမကြာမီတွင် ရှုပ်ပွနေခဲ့သော ခန်းမထဲတွင် စုရီ၊စွေ့ချောင်အာ၊ရွယ်ဟုန်နင်နှင့် စွေ့ကျင်းယန်သာ ကျန်ရှိတော့သည်။
ခန်းမအပြင်ဘက်တွင် စွေ့မျိုးနွယ်စုဝင် အများအပြားသည် ခန်းမအတွင်းရှိအုံကြွမှုကို ကြားသိနေရသော်လည်း အမိန့်မပေးဘဲ မည်သူမျှ မဝင်ရဲကြချေ။
ရွမ်ဟုန်နင်သည် ရှုပ်ထွေးသော အမူအရာမျိုးဖြင့် သူမသဘောကျနေသည့် သမက်စုတွင် လျှို့ဝှက်ချက်များရှိမည်ကို နားလည်လိုက်၏။
စွေ့ချောင်းအာမှ တုံ့ဆိုင်းနေပြီး စကားမပြောချင်သော်လည်း ထိန်းထားကာ စုရီကို ကြည့်နေခဲ့သည်။ ထိုမြင်ကွင်းက စွေ့ကျင်းယန်ကို မျက်လုံးပြူးစေ၏။
စုရီက ခန်းမအတွင်း နစ်မျောနေသည်။ မရေမတွက်နိုင်သော နှစ်များစွာ ကုန်လွန်ခဲ့ပြီး အရာများ ပြောင်းလဲခဲ့သည်။
စွေ့ချောင်အာသည်ပင် မရဏကမ္ဘာ၌ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာ ခဲ့ပြီဖြစ်သည်။ ထိုစဉ်က ကောင်လေးသည် လူသစ်တစ်ယောက်ကဲ့သို့ပေပင်။
“ မင်းရဲ့ကိစ္စတွေ ဆက်လုပ်ပါ စုန့်ဖန်းခန်းမမှာ စောင့်နေမယ်။ ”
ထို့နောက် လက်နှစ်ဖက် နောက်ပို့လျက် ခန်းမထဲမှထွက်ခွာသွားသည်။ သူ့အမူအရာက ဥယျာဉ်ထဲ လမ်းလျှောက်နေသလို ပေပင်။
တစ်ဖက်တွင် စွေ့ချောင်အာသည် ပျော်ရွှင်သွား၏။ ဤသည်မှာ သူ့တွက်ကိန်းမှန် နေကြောင်း ဝန်ခံရာရောက်သည်။
စွေ့ကျင်းယန်သည် မူလက စုရီနောက်သို့လိုက်ရန် ရည်ရွယ်ခဲ့သော်လည်း တုံ့ဆိုင်းသွားခဲ့၏။
သူမဖခင်၏ အပြုအမူသည် အနည်းငယ် ထူးဆန်းသည်ဟုလည်း ခံစားရကာ သံသယများ ပေါက်ဖွားနေသည်။
ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိပြီး စွေ့ချောင်အာက သူ့သမီးနှင့်ဇနီးထံ လှည့်ကြည့် လိုက်လေသည်။ ရွယ်ဟုန်နင်က ထိုအချိန်ကို စောင့်မျှော်နေဟန်ဖြင့် မျက်ခုံးပင့်ပြကာ၊
“ ယောက်ျား ဒီမှာဘာတွေဖြစ်နေတာလဲ။ ”
-ဟု မေးမြန်းလာတော့၏။
***