← Chapters

လွမ်းဆွတ်ဖွယ် ... ။

Vol. 54 Ch. 646

လွမ်းဆွတ်ဖွယ် ... ။

Vol. 54 Ch. 646

စွေ့ကျင်းယန်သည် ဇနီးနှင့်သမီး၏ အကြည့်များကိုရင်ဆိုင်လျက် ရုတ်တရက် သတိပြန်ဝင်လာသည်။

ထို့ကြောင့် မည်သို့ရှင်းပြရမည်ကို မသိတော့ဘဲ ခဏမျှစဉ်းစားပြီးနောက် အကြံတစ်ခုရလာကာ၊

“ ကျင်းယန်က ... ဒါကို ပိုသိသင့်တယ် မဟုတ်လား။”

-ဟု တွန်းပို့လိုက်၏။

“ ဟမ့် ... ။ ”

စွေ့ကျင်းယန်ခမျာ အံ့အားသင့်သွားကာ သူမ၏လှပသောမျက်နှာသည် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။

“ ဘာလို့ ... သမီးဖြစ်ရတာလဲ။ ”

“ မင်းကို မိုးပြာတိုက်ကြီးဆီ ... သွားခွင့်ပေးခဲ့တာမင်းအဘိုးပဲလေ ပြီးတော့ ကျောက်စိမ်းဆွဲသီးပေးခဲ့တယ်။ ”

“ ဒါတော့ မှန်ပါတယ် ... မိုးပြာတိုက်ကြီးကို ရောက်ပြီးမှသာအဖိုးက ဒီကျောက်စိမ်းဆွဲသီးကို ဘာကြောင့်ပေးတယ်ဆိုတာ သမီးရတာပဲ။ ”

စွေ့ကျင်းယန်မှ ပြောကြားလိုက်၏။ ဘေးတွင် ရပ်၍နေထောင်နေသော ရွယ်ဟုန်နင် တစ်ယောက် လုံးဝစိတ်ရှုပ်သွားပြီး၊

“ အခု ဘာတွေပြောနေကြတာလဲ။ ”

-ဟု ဝင်မေးသည်။

ဤကိစ္စကို သူမ မသိဘဲ စွေ့ကျင်းယန်၏ မကြာသေးမီကပြန်ပို့ခဲ့သော စာထဲတွင်လည်း လုံးဝ ဖော်ပြမထားခဲ့ချေ။

“ ကျင်းယန် ... ၊ မင်းအမေကို ပြောပြပါ။ ”

စွေ့ကျင်းယန်မှ ဇာတ်လမ်းတစ်ခုလုံးကို ချက်ချင်း ပြန်ပြောပြ၏။ နားထောင်ပြီးနောက် ရွယ်ဟုန်နင်ခမျာ မသေချာမရေရာမှုများဖြင့် တုန်လှုပ်သွားခဲ့သည်။

“ ဒါဆို ... မင်းအဖိုးက နာကျည်းခြင်း ပင်လယ်ကို မသွားခင် မိုးပြာတိုက်ကြီးမှာ စုရီလို့ ခေါ်တဲ့ လူတစ်ယောက်ရှိတယ်ဆိုတာ ... သူ တွက်ဆထားပြီးသားပေါ့။ ”

“ အဲဒါ ဖြစ်နိုင်ပါတယ် ... ။ ”

စွေ့ကျင်းယန်မှ စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ ဒါက ထူးဆန်းတယ်လို့ မထင်ဘူးလား ... မင်းအဖိုးလိုလူတစ်ယောက်က သူ့လိုအမည်မသိ လူငယ်တစ်ယောက်ကို ... ဘယ်လိုများ အာရုံစိုက်နိုင်မှာလဲ။ ”

“ ရိုးရိုးသားသား ပြောရရင် ... ကျင်းယန်လည်း ဒါကိုသိချင်နေတယ် မေမေ ... ဒီစုရီမှာ လျှို့ဝှက်ဆန်းကြယ်မှုတွေ အများကြီးရှိတယ် ...

... တစ်ခါတရံမှာ ဒီလိုအံအားသင့်ဖွယ် လူတစ်ယောက်ရှိတယ်ဆိုတာ မယုံနိုင်အောင် ပါပဲ ... လက်တွေ့မှာ ဒဏ္ဍာရီဆန်ပြီး အင်မော်တယ် တစ်ပါးနဲ့တူနေတယ်။ ”

ထိုအချိန်တွင် စွေ့ချောင်အာသည် ခန်းမအပြင်ဆီသို့ တိတ်တဆိတ် ထွက်ခွာနေပြီဖြစ်သည်။ သူ့အတွက် စုရီသည် မထူးဆန်းချေ။

“ ရပ်စမ်း ...။ ”

ရွယ်ဟုန်နင်မှ သတိထားမိကာ ဟန့်တားတော့၏။

“ ဖြစ်ပျက်ခဲ့တာတွေကို မရှင်းပြမချင်း မင်းကိုထွက်သွားခွင့်မပေးဘူး။ ”

“ ငါက မျိုးနွယ်စုအကြီးအကဲတွေကို စိတ်တည်ငြိမ်အောင် ပြောမို့ပါ ... ခန်းမထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်တာကြောင့် သူတို့တွေ အားလုံးအပြင်မှာ စုရုန်းနေကြပြီ ... ။ ”

ရွမ်ဟုန်နင်တစ်ယောက် အေးစက်စက် အသွင်ဖြင့် ခန်းမအပြင်ဘက်သို့ တည့်တည့် လျှောက်လှမ်းသွားကာ၊

“ ကျေးဇူးပြုပြီး ... ပြန်ကြပါ အားလုံးအဆင်ပြေတယ် မင်းတို့ခေါင်းဆောင်နဲ့ ဆွေးနွေးစရာ ရှိသေးတယ်။ ”

-ဟု အမိန့်ပေးလိုက်သည်။

သူမ အသံကြောင့် ရောက်ရှိနေသော စွေ့မျိုးနွယ်စုဝင်များအားလုံး ချက်ချင်း ထွက်ခွာ သွားကြ၏။

စွေ့ချောင်အာခမျာ နှုတ်ခမ်းများ တုန်ရီလျက်ဖြင့် ဤအချင်းအရာကို ဇနီးနှင့် သမီးထံမှ ဖုံးကွယ်ထားရန် ခက်ခဲကြောင်း သဘောပေါက်လိုက်သည်။

“ ကျင်းယန် ... မင်းမြင်ခဲ့သမျှကို ဆက်ပြောပါ။ ”

စွေ့ကျင်းယန်မှ မည်သည့် အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ စုရီနှင့် ခရီးစဉ်များ အပါအဝင် အတွေ့အကြုံများအားလုံးကို ပြန်ပြောင်းပြောပြလိုက်သည်။

ယွင်လင်နင်၊ မရဏတောင်၊ မျက်နှာတစ်ထောင်မျောက်နှင့် ရန်တျန်းဖုန်ကို အနိုင်ယူပုံများ ပါဝင်သည်။

မယုံနိုင်စရာလုပ်ဆောင်ချက်များကို ကြားလိုက်ရချိန်၌ ဘဝအတက်အကျလှိုင်းများ အပေါ် နားလည်ထားသော ဧကရာဇ်တစ်ပါးပင် စိတ်လှုပ်ရှားလာ၏။

စွေ့ချောင်အာမှ ပို၍သိမ်မွေ့လာသည်။ ဝေတာ့ယွမ်နှင့် စုရီအကြောင်း ကြားလိုက်စဉ် ပြုံးလိုက်တော့၏။

ထိုစဉ်က မရဏတောင်တန်း၌ မီးငှက်ကို မည်ကဲ့သို့နှိမ်နင်းခဲ့ကြောင်း သူ့အဖေထံမှ ပြန်၍ ကြားခဲ့ဖူးသည်။

ခေါင်းတလားထမ်းမျိုးရိုးနှင့် ပတ်သတ် ဆက်နွယ်မှု၊ စွေ့မျိုးရိုးထံသို့ အလည်အပတ် ရောက်ရှိလာမှု အစရှိသည်တို့သည် သက်သေပေပင်။

သူ မထင်မှတ်ထားသည့်အရာမှာ သခင်စုသည် ဝိညာဉ်တာအိုနယ်ပယ်ဖြင့် ဧကရာဇ်ကို အနိုင်ယူခြင်းဖြစ်၏။

ဤသည်မှာ ကမ္ဘာတစ်ဝှမ်းလုံးတွင် ထူးထူးခြားခြား လုပ်ဆောင်ချက်တစ်ခုဖြစ်၏။ တစ်ချိန်က ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့ဖူးသော ဦးလေးစုအဖြစ် ထိုက်တန်ပေသည်။

သို့သော် ရွယ်ဟုန်နင်မှ သူ့အမူအရာကို စူးစူးစိုက်စိုက်ကြည့်နေသည်ကို သတိပြုမိကာ ချက်ချင်း တည်ငြိမ်စေလိုက်ရ၏။

“ ယောက်ျား ... အခု မင်းမှာ အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ ရည်ရွယ်ချက် မရှိဘူးလား။ ”

“ မှန်တယ် ဖေဖေ ... မင်းဖုံးကွယ်စရာ ဘာရှိလို့လဲ။ ”

စွေ့ချောင်အာခမျာ ချက်ချင်းပင် အကျပ်ရိုက်သွားသည်။ အချိန်အတော်ကြာ ပြီးနောက်၊

“ မင်းအဖိုး ... ငါ့အဖေ ပြန်လာတဲ့အထိ စောင့်တာအကောင်းဆုံးပါပဲ ... သူ့ခွင့်ပြုချက် မရှိဘဲ ငါဘာကိုမှ မဆုံးဖြတ်ချက်ဝံ့ဘူး။ ”

စကားဆုံးသည်နှင့် ချက်ချင်း လှည့်ထွက်သွားပြီး မျက်လုံးတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။ ရွယ်ဟုန်နင်တစ်ယောက် တားဆီးရန်ပင် အချိန် မရှိတော့ချေ။

“ သူ တကယ်ပဲ ... ငါမသိဘူး ထင်နေတာလား ဒီကောင်လေးက နတ်ဓားရှင်ရဲ့ မျိုးဆက်ဖြစ်ရမယ်။ ”

အဖြေကို ကောက်ချက်ချနိုင်ပြီးဖြစ်ရာ သူမခင်ပွန်းသည်အဘယ်ကြောင့် ဤကိစ္စအပေါ် နှုတ်ဆိတ်နေခဲ့သည်ကို နားမလည်နိုင် ဖြစ်နေဆဲပေပင်။

အဆုံး၌ အသက်ပြင်းပြင်းရှူလျက် ရှုပ်ထွေးသောစိတ်ခံစားချက်များဖြင့် သမီးထံ လှည့်ကြည့်ပြီး၊

“ ကောင်မလေး၊ မင်းနဲ့သခင်လေးစုကို လက်ထပ်ပေးတော့မယ်လို့ ငါဆုံးဖြတ်ထားတာ အခု နည်းနည်းတော့ ရွေ့ဆိုင်းထားရအောင်။ ”

-ဟု အသိပေးလိုက်သည်။

စွေ့ကျင်းယန်တစ်ယောက် အံ့အားသင့်သွား၏။ သူမ အမူအယာကြောင့် ရွယ်ဟုန်နင်မှ စိတ်မကောင်းဖြစ်လာပြီး၊

“ သခင်လေးစုက ... ပြဿနာရှိလို့ မဟုတ်ပါဘူး ... သူ့ရဲ့ ဝိသေသလက္ခဏာက အရမ်း ထူးခြားလွန်းနေတယ် ... ဒါကို ငါသိဖို့လိုတယ် မင်းသည်းခံထားပါ။ ”

-ဟု နှစ်သိမ့်လိုက်၏။

“ မေမေ၊ မင်းအစတည်းက အတွေးလွန်နေတာပါ။ ”

“ တကယ်လား ... ။ ”

“ တကယ်ပါ ... ။ ”

“ ကောင်းပြီ ... နောက်မှ မင်းကျေနပ်တဲ့အထိ (blind date)တွေ ငါ စီစဉ်ပေးမယ်။ ”

“ မေမေ ... ကျင်းယန်က တာအိုကိုရှာနေတာပါ ... ဒီအရာတွေကို လုံးဝ စိတ်မဝင်စားပါဘူး။ ”

သို့သော် ထိုစကားများကို ပြောပြီးသည်နှင့်တပြိုင်နက် တစ်စုံတစ်ရာ လွမ်းဆွတ်သွားတော့၏။

***

စုန့်ဖန်းခန်းမ။

“ ဆရာစု ငါ့ကို မရဏကမ္ဘာကနေ လွှတ်လိုက်တုန်းက အရမ်းအလျင်လိုနေတာမို့ ခေါင်းတလားဘိုးဘေးမြေ ဘာဖြစ်သွားမှန်း မသိခဲ့ရပါဘူး ငါပြန်ကြည့်ချင်ပါတယ်။ ”

မျက်မမြင်အဖိုးအိုက စုရီထံပါး၌ ခွင့်တောင်းလိုက်သည်။ စုရီမှခေါင်းညိတ်ပြီး၊

“ မီးပုံးတစ်ထောင် ပွဲတော်ပြီးတဲ့အထိ စောင့်ပါ။ ”

-ဟု တုန့်ပြန်၏။

ခေါင်းတလားထမ်းမျိုးရိုး၏ ဘိုးဘေးနယ်မြေသည် သာမန်ကျင့်ကြံသူများ ရှာဖွေ၍မရချေ။

အနိမ့်ဆုံးအဆင့် ဧကရာဇ်များသာ ရှာဖွေဝင်ရောက်နိုင်မည်။ စုရီက မျက်မမြင် အဘိုးအိုထံ ပြန်ကြည့်ကာ၊

“ မင်းရဲ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်က ပြန်ကောင်းလာပေမယ့် တာအိုအုတ်မြစ်က ပျက်စီးနေသေးတယ် ... စွေ့မိသားစုကနေ

... မင်းရဲ့ဒဏ်ရာတွေကို အလုံးစုံကုသဖို့အတွက် အနန္တတာအိုသစ်ပင်ကို ငါငှားပေးမယ်။”

-ဟု ပြောကြားလိုက်သည်။

မျက်မမြင်အဘိုးအိုခမျာ စိတ်လှုပ်ရှား တုန်လှုပ်သွားပြီး၊

“ ဆရာစု ... အနန္တတာအိုသစ်ပင်က စွေ့မျိုးနွယ်စုရဲ့ ရတနာဖြစ်ပြီး မရဏကမ္ဘာမှာ အကျော်ကြားဆုံး နတ်ဘုရားရတနာပဲ စွေ့မိသားစုက ခွင့်ပြုပါ့မလား။ ”

“ ပြုတယ်။ ”

“ ဒါဆို ပိုကောင်းလိမ့်မယ် ... နောက်ဆုံးတော့ ဧကရာဇ်ဖြစ်ဖို့ အခွင့်အရေး ငါရလိမ့်မယ် … ။ ”

မရဏကမ္ဘာမှ မလွတ်မြောက်မီ သူသည် ဝိညာဉ်ပြောင်းလဲခြင်း အဆင့်၌ ပြီးပြည့်စုံမှုသို့ ရောက်ရှိနေပြီဖြစ်သည်။

မိုးပြာတိုက်ကြီးသို့ သူသွားရာလမ်း၌ အာကာသမုန်တိုင်းကြုံတွေ့ရပြီး အုတ်မြစ်နှင့် ဝိညာဉ်ပျက်သုဉ်းလုနီးပါး ထိခိုက်စေခဲ့ရ၏။

ထိုကာလအတောအတွင်း စုရီ၏ အကူအညီများစွာဖြင့်ပင် ခန္ဓာနှင့်ဝိညာဉ်ကို ပြန်လည်ပြုပြင်နိုင်ခဲ့သည်။

သို့တိုင် အခြေခံအုတ်မြစ်သည် ပျက်စီးနေခဲ့ပြီး ဧကရာဇ်ဘုံသို့ရောက်ရန် မျှော်လင့်ချက် စွန့်ထားရ၏။

ထို့ကြောင့် ယခု အခွင့်အရေးကို မြင်နေရပြီဖြစ်ရာ မျက်မမြင်အဘိုးကြီးခမျာ မည်သို့မျှ စိတ်မလှုပ်ရှားဘဲနေနိုင်မည်နည်း။

စုရီမှ ထပ်မပြောတော့ချေ။ ပင်းမိုကြောင့် သွေးသခင်ဝူကျန့် ဆုံးပါးခဲ့ရသဖြင့် မျက်မမြင် အဘိုးအိုကို ကူညီရန် စိတ်ပိုင်းဖြတ်ထား၏။

“ ဟား ဟား ဟား ... အနန္တတာအိုသစ်ပင်မပြောနဲ့ ငါ့စွေ့မျိုးနွယ်စုက မီးပင်လယ်နဲ့ ဓားတောင်ကို ဖြတ်သန်းရမယ် ဆိုရင်တောင် တစ်ချက် မတုန်လှုပ်ဘူး။ ”

ထိုအချိန်တွင် ကြည်နူးဖွယ် ရယ်မောသံနှင့်အတူ အရပ်ရှည်ရှည်အမျိုးသား တစ်ယောက် ဝင်ရောက်လာချေပြီ။

***

All Chapters