← Chapters

အသိမိတ်ဆွေ ... ။

Vol. 54 Ch. 648

အသိမိတ်ဆွေ ... ။

Vol. 54 Ch. 648

ချွယ်ပိုလင်သည် ဖခင်ဖြစ်သူကြောင့် ပြင်းထန်စွာဒဏ်ရာရသွားကာ ပြန်၍ကောင်းမွန် လာပုံမရသေးချေ။

မဟုတ်သော် ထိုအဘိုးကြီးသည် သူ့အဖေမရှိသည်ကိုသိရှိပြီးနောက် စွေ့မိသားစု အပေါ် ဖျက်ဆီးရန်လာနိုင်ဖွယ်ရှိသည်။

လမ်းစဉ်ခြောက်ပါးဒိုမိန်းတွင် စွေ့၊ ချွယ်၊ဟုန်၊တျန်ထိုက်နှင့် ရှင်းမိသားစုတို့သည် ရှေးကျသောမျိုးနွယ်စုများဖြစ်၏။

၎င်းတို့သည် ငရဲဌာန၊ နတ်ဆိုးဌာန၊ သားရဲဌာနနှင့် တစ္ဆေဌာနတို့ကို အသီးသီး အုပ်ချုပ်ရသည်။

သို့သော် ချွယ်မိသားစုသာလျှင် စွေ့မိသားစုကိုစိန်ခေါ်နိုင်သော အရည်အချင်း ရှိသည်။ အခြားသော မျိုးနွယ်စုသုံးခုသည် အနည်းငယ် ညံ့ဖျင်း၏။

“ မင်းအရင်က ခန့်မှန်းခဲ့တာ ... မမှားနိုင်လောက်ဘူး ချွယ်မိသားစုက တရား စီရင်ရေးဌာနကိုသွားဖို့ ကြိုးပမ်းတာက တံဆိပ်တွေကို ချိုးဖျက်ပြီး ...

.... အဲဒီကနတ်ဆိုးတွေကို လွှတ်ပေးဖို့ ဖြစ်နိုင်ချေရှိတယ် ... မင်းမှာ တရားစီရင်ရေး သော့ရှိလား။ ”

“ ရှိတယ် ဦးလေးစု ... မင်းသွားလို့လား။ ”

တရားစီရင်ရေးသော့သည် စွေ့မိသားစုဘိုးဘေးမှ လျှို့ဝှက်နည်းလမ်းဖြင့် ဖန်တီးထားသည့် တံဆိပ်ဖြစ်သည်။

ထိုတံဆိပ်မပါသော် ဧကရာဇ်တစ်ပါးပင် တရားစီရင်ရေးဌာနအတွင်း ဝင်ရောက်နိုင်မည် မဟုတ်ချေ။ စုရီမှ ခေါင်းညိတ်ပြီး၊

“ အဲဒီတုန်းက နတ်ဆိုးတွေကိုနှိမ်နင်းဖို့ အထဲမှာ ငါ့ရတနာတစ်ခုကို ထားခဲ့တယ် ... အခု ပြန်ယူဖို့ အချိန်တန်ပြီ။ ”

ထို့နောက် သူက အဓိပ္ပါယ်ရှိစွာပြုံးလျက်၊

“ ဒါဟာ တိုက်ဆိုင်မှုပါပဲ ... မီးပုံးပွဲတော်ရောက်တဲ့အခါမှာ ဒီရတနာက အရမ်းအသုံးဝင်နေလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်၏။

စွေချောင်အာသည် အစပိုင်းတွင် အံ့အားသင့်သွားကာ အဆုံး၌ ထူးထူးခြားခြား စိတ်လှုပ်ရှားလာပြီး၊

“ ဦးလေးစု ... မင်းသာကူညီရင် ငါ့ရဲ့စွေ့မျိုးနွယ်ကို ဘေးဥပဒ်ဖြစ်လာအောင် ဘယ်သူမှ မလုပ်နိုင်ပါဘူး။ ”

-ဟု ကြွေးကြော်၏။

“ ဟမ့် ... မင်းအဖေက ငါဘေးကနေရပ်နေရင် ရှောင်ရီဆီအသနားခံဖို့ မင်းကိုလွှတ်ခဲ့တာ မဟုတ်လား။ ”

စုရီက နှာခေါင်းရှုတ်လျက် ခန့်မှန်း မေးမြန်းလိုက်သည်။ စွေ့ချောင်အာတစ်ယောက် ရွှင်မြူးနေလျက်ဖြင့်၊

“ ဦးလေးစုက ... မင်းကတကယ်ပဲ ငါ့အဖေရဲ့မိတ်ဆွေ ပီသပါတယ် သူ့စိတ်ကူးတွေ အပေါ် ကောင်းကောင်းနားလည်နေတယ်။ ”

ဤတစ်ကြိမ်၌ စုရီတစ်ယောက် သက်ပြင်းချကာ၊

“ ငါမင်းအဖေအပေါ် နားလည်နေတာ မဟုတ်ဘူး ... သူ့ရဲ့ မြေခွေးအကျင့်စရိုက်ကို ကောင်းကောင်းသိနေတာပါ။ ”

-ဟု တုန့်ပြန်လိုက်၏။

ထိုမြေခွေးဟောင်းသည် အမြဲကြိုတင်စီစဉ်ထားပြီး အမှားအယွင်းများ အတွက် နေရာလွတ်မရှိချေ။

စွေ့ကျင်းယန်ကို ကျောက်စိမ်းဆွဲသီးဖြင့် ပို့လိုက်သောကြောင့် စုရီသည် စွေ့မျိုးနွယ်ထံ သေချာပေါက်လာမည်ကို ကြိုသိခဲ့သည်။

ထိုအခြေအနေတွင် စွေ့မိသားစု ကြုံတွေ့ရသောပြဿနာတိုင်း ဖြေရှင်းပေးရန် တွက်ဆထား၏။ သူသာ ရပ်ကြည့်နေသော သစ်ရွက်ကလေးကို တောင်းဆိုမည်မှာ အသေအချာပေပင်။

“ ဘာပဲဖြစ်ဖြစ် ဦးလေးစု ... ဒီမှာရှိနေသရွေ့တော့ မီးပုံးပွဲတော်မှာ ငါတို့က ကြောက်စရာကောင်းတဲ့ အရာတစ်ခုခု ဖြစ်လာ ရင်တောင် ငါကြောက်နေမှာမဟုတ်ဘူး။ ”

“ ဟမ့် ... မင်းငါ့ကို ချော့မော့မနေနဲ့၊ သော့ပေး။ ”

စုရီမှ စိတ်မရှည်တော့ဘဲ သော့တောင်းလိုက်သည်။ စွေ့ချောင်အာက ခုနစ်လက်ခန့်ရှိသော ကြေးသေတ္တာတစ်လုံးကို လက်နှစ်ဖက်ဖြင့် ပေးအပ်လာ၏။

“ ဒီရက်အတွင်း မျက်မမြင်အဘိုးကြီးနဲ့ ငါ မင်းရဲ့စွေ့မိသားစုအိမ်မှာနေမယ် နေစရာတွေ စီစဉ်ပေးပါ ... ငါတို့ရဲ့ အထောက်အထားတွေကို ထုတ်ဖော်မပြောမိစေနဲ့။ ”

“ နားလည်ပါပြီ။ ”

စွေကျင်းယန်တစ်ယောက် ခေါင်းညိတ်လိုက်ပြီးနောက် ခဏလောက် တုံ့ဆိုင်းသွားကာ၊

“ ဦးလေးစု၊ ငါ့မိန်းမက မင်းရဲ့ အထောက်အထားကို ခန့်မှန်းနိုင်နေပြီထင်တယ် ...။ ”

-ဟု အသိပေးသည်။

“ ဒီလို အသေးအဖွဲကိစ္စတွေအတွက် မင်းငါ့ကိုတိုင်ပင်နေစရာမလိုဘူး ဆုံးဖြတ်ပါ။ ”

ထို့နောက် မတ်တပ်ထရပ်ပြီး အပြင်သို့လျှောက်လှမ်းသွားသည်။

“ ဦးလေးစု ဘယ်သွားမလို့လဲ။ ”

စွေ့ချောင်အာက လျင်မြန်စွာဖြင့် ပင်မခန်းမကိုဖုံးအုပ်ထားသော အကာအကွယ် အစီရင်ဖယ်ရှားရန် လက်မြှောက်လိုက်၏။

“ ငါ မြို့ထဲ လမ်းလျှောက်ထွက်ပြီး ရောက်နေတုန်းမှာ တရားစီရင်ရေးဌာနရဲ့ အပျက်အစီးတွေဆီ သွားကြည့်မယ်။ ”

စုရီက လှည့်မကြည့်ဘဲ ပြန်ဖြေသည်။

“ ဦးလေးစု ... တစ်ယောက်ယောက် လိုက်ပို့ဖို့လိုသေးလား ဒီမြို့မှာ လူမိုက်တွေရှိရင် မင်းကိုယ်တိုင် ဖြေရှင်းနေစရာ မလိုတော့ဘူး။ ”

စုရီက ခဏရပ်ကာ စဉ်းသားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

“ မင်းအကြံကောင်းတယ် ... ငါပြန်လာရင် တာအိုကိုနားလည်ဖို့ အနန္တတာအိုသစ်ပင်ဆီကို သွားရအောင် ... ငါ့ရဲ့မဟာတာအိုကို သန့်စင်ရမယ်။ ”

စုရီမှ အမိန့်ပေးပြီး ဆက်လျှောက် သွားတော့၏။

ဒြပ်စင်ငါးပါးတာအိုဖြင့် ကမ္ဘာဦးကျမ်း၊ ယင်ယန်တာအိုဖြင့် အဓိပတိနန်းတော်၊ လေနှင့် မိုးကြိုးတာအိုဖြင့် စကြာဝဠာပျက်ပြယ်ခြင်း အစရှိသည့်တာအို(၃)ပါးကို သန့်စင်ထားသည်။

လက်ရှိအချိန်၌ ၎င်းတာအို(၃)ပါး၏ အမှန်တရားများသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပြီဖြစ်၏။

ထို့ကြောင့် ဤတာအိုသုံးပါးကို ပေါင်းစည်းခြင်းသည် တာအိုနိယာမအသစ် တစ်ပါးရရှိနိုင်ပေမည်။

အဆိုပါတာအိုသည် ဤကမ္ဘာကြီး၌ သာမကဘဲ စကြာဝဠာကြီး၌ပင် ပြိုင်ဘက်ကင်း တာအိုအသစ်တစ်ပါးဖြစ်ချေမည်။ ထို့ကြောင့် မဟာဖန်ဆင်းရှင်တာအိုဟု အမည်ပေးထား၏။

ထိုမဟာဖန်ဆင်းရှင်တာအိုသည် တာအိုများ၏ မူလအစသို့ ပြန်လည်ရောက်ရှိ သွားနိုင်မည်။ ယခင်ဘဝတွင် ဤမျှလောက် မယုံကြည်နိုင်စရာကောင်းပြီး ဆန်းကြယ်သော နိယာမများနှင့် ထိတွေ့ဖူးခြင်း မရှိချေ။

ယင်းကြောင့် ၎င်းတာအိုအသစ်ကို ပေါင်းစည်းချိန်၌ ပိုင်ဆိုင်လာမည့်ထူးခြားသော စွမ်းအားအပေါ် စိတ်လှုပ်ရှားနေမိသည်။

စွေ့ချောင်အာက စုရီ‌ကျောပြင်ကို လေးနက်စွာကြည့်၏။ တစ်ချိန်ကတပည့်အဖြစ် မျှော်လင့်လျက် သူ့ဖခင်ထံ၌ ထပ်ခါတလဲလဲ ကူညီပေးရန် တောင်းဆိုခဲ့ဖူးသည်။

နောက်ဆုံးတွင် မအောင်မြင်ခဲ့ချေ။ လက်ရှိဦးလေးစုသည် ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံမှုမျှသာရှိသေးသည်။

သို့တိုင် ဦးလေးစု အသွင်သည် သူ့အတွက် အလေးစားဆုံးသောပုဂ္ဂိုလ်အဖြစ် ကျန်ရစ်နေဆဲ ပေပင်။

စုရီတစ်ယောက် စွေ့မိသားစုခြံတံခါးမှ ထွက်ခွာခါနီးတွင် နေဝင်ရီတရောအချိန်ဖြစ်၏။ မိုးကုတ်စက်ဝိုင်းတွင် ခေါင်းပြူလာသော ငွေရောင်လခြမ်းကို မြင်နေရသည်။

“ အစ်ကိုစု ... ။ ”

ဆည်းဆာနှင့် ညနေခင်း အလင်းရောင် အောက်တွင် စွေ့ကျင်းယန်သည် အလျင်အမြန် ရောက်ရှိလာ၏။

“ မင်းဘာလို့ ရောက်လာတာလဲ။ ”

စုရီမှ အံ့သြစွာမေးလိုက်သည်။

“ အဖေက မြို့တော်အနှံ့ မင်းကို လိုက်ပို့ပေးရမယ်လို့ တာဝန်ပေးခဲ့တယ်။”

“ ကောင်းပြီ ... ဒါဆို တိမ်ရနံ့မျှော်စင်ကိုသွားရအောင်။ ”

စုရီ စကားကြောင့် စွေ့ကျင်းယန်မှ မျက်ခုံးပင့်လျက် ပြုံးကာသဘောတူလိုက်သည်။ နှစ်ယောက်သား ခြံဝင်းမှထွက်လာသောအခါ အဖိုးတန်ရထားလုံး တစ်စင်း အပြင်၌ ရပ်စောင့်နေ၏။

အစေခံအိုကြီးတစ်ယောက် သူတို့ကို တလေးတစားတံခါးဖွင့်ပေးပြီး မြို့အတွင်းသို့ ဦးတည်မောင်းနှင်လိုက်တော့၏။

ညအချိန် မရောက်သေးသော်လည်း မြို့တော်၏ လမ်းမနှင့် လမ်းကြားများသည် လင်းထိန်နေပြီး လမ်းသွားလမ်းလာများဖြင့် အသက်ဝင်နေသည်။

လမ်းစဉ်ခြောက်ပါးဒိုမိန်း၏ ထိပ်တန်း ရှေးဟောင်းမြို့တော်အဖြစ် ခရမ်းရောင်မြို့၏ သာယာဝပြောမှုသည် အခြားနေရာများထက် သာလွန်ကောင်းမွန်၏။

ဤနေရာသည် မျိုးနွယ်စုများစွာ ပေါင်းစုံစုစည်းရာနေရာဖြစ်ပြီး ကမ္ဘာအရပ်ရပ်မှ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။

“ မီးပုံးပွဲတော်ရောက်လာတဲ့အခါ စွေ့မိသားစုက ထူးဆန်းတဲ့ စွမ်းအားတွေရဲ့ သက်ရောက်မှုကို မခံနိုင်ဘူးဆိုရင် ဒီမြို့ဟာ အသက်ရှင်နေတဲ့ငရဲ ဖြစ်လာနိုင်ဖွယ်ရှိတယ်။ ”

စုရီက ပြတင်းပေါက်မှနေပြီး မြို့တော်ကိုငေးမောလျက် တစ်ယောက်တည်း တွေးနေခဲ့သည်။

ဤမြို့သည် ရှေးခေတ်မှသည် ယနေ့ခေတ်အထိ ရှင်သန်နိုင်သည့် အကြောင်း အရင်းသည် စွေ့မိသားစုကြောင့်သာဖြစ်၏။

ထောင်စုနှစ်တစ်ကြိမ် မီးပုံးပွဲတော် ရောက်ရှိလာသောအခါ ဤမြို့ရင်ဆိုင်နေမည့် အန္တရာယ်သည် အခြားနေရာများထက် ကျော်လွန်ပေမည်။

ဤတစ်ကြိမ်တွင် စွေ့လုံရှင်းတစ်ယောက် မရှိခြင်းကြောင့် စွေ့မိသားစုနှင့် မြို့တော်သည် ပြင်းထန်သောစမ်းသပ်မှုကို ရင်ဆိုင် ရပေလိမ့်မည်။

“ ဘေးဥပဒ်ကို ငါကူညီချင်ပေမယ့် နောက်ဆုံးမှာတော့ ... ငါဟာ ဝိညာဉ်တာအို နယ်ပယ်မှာပဲရှိနေသေးတယ် ... ငါ အားကိုးနိုင်တာ ပြင်ပစွမ်းအားပဲ။ ”

စုရီတစ်ယောက် အနည်းငယ် သက်ပြင်းချ၏။ ထူးဆန်းသောစွမ်းအားများ အပေါ် တွန်းလှန်ဖို့ရန် စိုးရိမ်စရာမရှိချေ။

သို့သော် မိသားစုသုံးခုသည်သာ မီးပုံးပွဲတော်အတွင်း အတူတကွတိုက်ခိုက်ရန် အခွင့်အရေးယူလာပါက ရှုပ်ထွေးမှုများ ရှိလာနိုင်မည်ဖြစ်၏။

စွေ့မိသားစုတွင် ဧကရာဇ်အချို့ ရှိသော်လည်း စွေ့လုံရှင်းကဲ့သို့ ထိပ်တန်းပုဂ္ဂိုလ် မရှိချေ။

ထိုသို့သော ဧကရာဇ်များသည် တိုက်ပွဲအတွင်း အသက်ရှင်လျက် လွတ်မြောက် ရန်ပင် ရုန်းကန်ရပေမည်။

ဤသည်မှာ တစ်ဦးချင်း ပြိုင်ပွဲဘဲ ကောင်းကင်မှလာသော ဘေးဆိုးကြီးတစ်ခုနှင့် ရှေးဟောင်းမျိုးနွယ်စုများစွာ၏ ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။

“ အနည်းဆုံးတော့ စွေ့မိသားစုမှာ အသေအပျောက်နည်းအောင် ငါနည်းလမ်း ရှာရမယ်ထင်တယ် မဟုတ်ရင် ဒီမြေခွေးကြီးက ငါ့ကိုဒေါသထွက်လိမ့်မယ် ... ။ ”

ထိုအတွေးက စုရီအပေါ် ကူကယ်ရာ မဲ့လာစေသည်။ ကျင့်ကြံမှုအားနည်းခြင်းသည် ယခုအချိန်၌ သိသာထင်ရှားနေ၏။

အကျပ်အတည်း တစ်ခုနှင့် ရင်ဆိုင်လာရချိန်တွင် လက်ရှိခွန်အားသည် မလုံလောက်ကြောင်း မြင်သာသည်။

ထို့ကြောင့် မြို့တံခါးရှေ့ရှိ နတ်ဆိတ်နှင့်နဂါးသားတော် ကျောက်ရုပ်နှစ်ခု စွမ်းအားကို အသုံးချရန် စဉ်းစားထား၏။

တစ်ဆက်တည်းမှာပင် တရားစီရင်ရေး အပျက်အစီးမြေထဲ ထားခဲ့သောရတနာများဖြင့် ထူးဆန်းသောစွမ်းအင်များကို တားဆီးမည်။

“ ကောင်းပြီ ... ဒါက မလုံလောက်သေးဘူးဆိုရင် တရားစီရင်ရေး ဌာနထဲမှာ ဖိနှိပ်ခံထားရတဲ့ သတ္တဝါတွေကို တစ်ယောက်ပြီး တစ်ယောက် ရန်သူနဲ့ တိုက်ခိုက်ဖို့ စေလွှတ်လိုက်မယ်။ ”

ထိုအတွေးဖြင့် စုရီက သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ ပြင်ပအင်အားများအပေါ် အသုံးပြုရန် စဉ်းစားသောအခါတွင် သူ့တွင် နည်းလမ်းများ ပေါများလှ၏။

မန်ပိုနန်းတော်ရှိ အမှောင်တွင်းနက် သားရဲကြီး၊ မရဏတောင်တန်းရှိ မီးငှက်ဝိညာဉ်   စသည်တို့ထံသို့သာဆက်သွယ်သော် သူ့ထံ မဆိုင်းမတွရောက်ရှိလာပေမည်။

သို့သော် ထိုသို့လုပ်ရန် မရည်ရွယ်ချေ။ ဤနည်းလမ်းများသည် သူ့အထောက်အထားကို ဖော်ထုတ်ရာကျပေမည်။

ဒုတိယအချက်မှာ မီးပုံးပွဲတော်အတွင်း ဖြစ်ပေါ်လာမည့်ကပ်ဘေးသည် ထိုမျှအထိ အင်အားသုံးရန် မထိုက်တန်ချေ။

“ အစ်ကိုစု၊ ငါတို့တိမ်ရနံ့မျှော်စင်ကို ရောက်ပြီ။ ”

ရုတ်တရက် သာယာငြိမ့်ညောင်းသော အသံသည် ကောင်းကင်ဂီတကဲ့သို့ ထွက်ပေါ် လာ၏။

စုရီတစ်ယောက် အတွေးများ ရုတ်သိမ်းလျက်ဖြင့်ကြည့်လိုက်ရာ တိမ်ပင်လယ် အတွင်း လွင့်မျောနေသော ကျောက်စိမ်းမျှော်စင် တစ်ခုကို မြင်လိုက်ရသည်။

မျှော်စင်သည် တောက်ပစွာထွန်းလင်းပြီး မီးအလင်းရောင်သည် ဆည်းဆာရောင်အတွင်း အလွန်ခမ်းနားစွာ ပေါ်လွင်နေ၏။

ဤသည်မှာ တိမ်ရနံ့မျှော်စင်ဖြစ်သည်။ လမ်းစဉ်ခြောက်ပါးဒိုမိန်း၌ အကျော်ကြားဆုံး စားပွဲရုံဖြစ်၏။ ဟင်းလျာများ၏ အရသာသည် ကမ္ဘာပေါ်တွင် တုနှိုင်းမယှဉ်နိုင်ချေ။

“ ဟမ့် ... ။ ”

ရုတ်တရက် တိမ်ရနံ့မျှော်စင်အတွင်း လှမ်းဝင်လာသည့် အသွင်အပြင်တစ်ခုကြောင့် စုရီတစ်ယောက် မျက်ခုံးပင့်လိုက်တော့သည်။

***

All Chapters