အခန်း ၉၇၆ (၁+၂)
Vol. 64 Ch. 976
အခန်း ၉၇၆- လျှို့ဝှက်ဆန်းကြယ်သော သခင် (အပိုင်းတစ်)
အရူးတစ်ယောက်လို ဘက်ကင်ဟမ်က မာန်ချီသွင်းပြီး တိုက်ခိုက်သည်။
မီးဒြပ်မှော်ချပ်ဝတ်၏ စွမ်းပကားအောက်တွင် ဘက်ကင်ဟမ်၏ မီးဒြပ်စင်စစ်သည်တော် စွမ်းအင်သည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
သူသည် သူ၏လှံကို ရှေ့သို့ ဝှေ့ယမ်းလိုက်တိုင်း၊ ပင်လယ်မျိုးနွယ်စု၏ အဆင့်မြင့်အဖွဲ့ဝင်နှစ်ဆယ်ကျော်ကို ထိုးဖောက်ပြီး အလောင်းကောင်ဘဝ ပြောင်းလဲသွားစေခဲ့သည်။ ယခုအချိန်တွင် ပင်လယ်မျိုးနွယ်ဝင်များ၏ အလောင်းများသည် တောင်ငယ်တစ်ခုသဖွယ် စုပုံနေပြီ ဖြစ်သည်။
ဘက်ကင်ဟမ်သည် သူ့စိတ်ထဲတွင် သတ်ဖြတ်ခြင်းသာရှိသော ထိန်းမနိုင်သိမ်းမရ အခြေအနေတွင် ရှိနေ၏။
ပင်လယ်မျိုးနွယ်ဝင်များသည် ရေလှိုင်းများလို အရပ်ရပ်မှ သူ့ကို တိုက်ခိုက်နေသော်လည်း၊ ပင်လယ်မျိုးနွယ်ဝင်များကို ဂိတ်ပေါက်ထဲသို့ ခွင့်မပြုဘဲ နာရီဝက်ကျော်ကြာ တိုက်ပွဲဝင်ခဲ့သည်။ သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာရှိခဲ့ပြီး ရောင်စုံသွေးမျိုးစုံ စွန်းထင်းလျက် ရှိသည်။
အချို့သောသွေးများသည် သူ့သွေးဖြစ်ပြီး အချို့မှာ ပင်လယ်မျိုးနွယ်ဝင်များမှဖြစ်သည်။ သူ၏ ချပ်ဝတ်ပေါ်တွင် ပင်လယ်မျိုးနွယ်ဝင်များ၏ အတွင်းအင်္ဂါများနှင့် အသားများ ကပ်ညှိနေပြီး ဓားကိုယ်ထည်သည် ကွဲအက်နေပြီဖြစ်သည်။
ဤသည်မှာ ဘက်ကင်ဟမ် ဆင်နွှဲသမျှသော တိုက်ပွဲများထဲတွင် အရူးသွပ်ဆုံးတိုက်ပွဲဖြစ်သည်။ ယခုအချိန်တွင်၊ သူ၏ခြေလှမ်းများသည် မတည်မငြိမ်ဖြစ်ပြီး သူ၏ အမြင်အာရုံမှာ မကြည်မလင် ဖြစ်နေပါသည်။
သူ့လက်များသည် ကီလိုဂရမ် တစ်ထောင် အလေးချိန်ထက် ပိုနေသလို လေးလံနေရပြီး ပါးစပ်နှင့် နှုတ်ခမ်းများသည် အလွန်ခြောက်သွေ့နေသည်။ ထို့အပြင် သူ့ရင်ဘတ်တွင် မီးတောက်လောင်နေသလို ခံစားရပြီး သူ့ခန္ဓာကိုယ်က မီးလောင်ကျွမ်းနေသလိုပါပင်။
သူသည် ရေအောက်၌ မိနစ်သုံးဆယ်ကျော်ကြာ တိုက်ပွဲဝင်ခဲ့ပြီး အောက်ဆီဂျင်အလုံအလောက် မရှိသောအခါတွင် အခြေအနေ မဟန်နိုင်တော့ပေ။
"ချမ်းဘော့ဒ်ဘုရင်..ခွေးကောင်..မင်း ပြီးပြီလား ..မင်း မထွက်လာရင် ငါ ဒီမှာ သေတော့မယ်ကွ..!"
ဘက်ကင်ဟမ်သည် ဖေးအား ဒေါသတကြီး ကျိန်ဆဲလိုက် တော့သည်။
သူ၏ ဦးနှောက် ပေါက်ကွဲမလို ခံစားရသည်။ ၎င်းသည် ချမ်းဘော့ဒ်ဘုရင်နှင့်အတူ ပင်လယ်နက်သို့ ရောက်လာပြီး သူ၏ ရန်သူ ဖေး၏ တောင်းဆိုမှုအရ သူကဤတံခါးပေါက်ကို စောင့်ကြပ်နေရသည့် တစ်ခုတည်းသော ရှင်းလင်းချက် ဖြစ်သည်။ သို့သော်၊ သူသည် အသေအလဲ ကျိန်ဆဲနေသော်လည်း တစ်ခဏမျှ နောက်ပြန်မဆုတ်ခဲ့ပေ။ နောက်တစ်စက္ကန့်တွင် ပင်လယ်မျိုးနွယ်စု၏ အဆင့်မြင့်အဖွဲ့ဝင်များအားလုံးဖြင့် သူ့အား ဖျက်ဆီးခံရနိုင်သော်လည်း သူက နောက်မဆုတ်ပါ။
ဝူး.... ဝူး ..ဝှစ် ...ဝှစ်..
ဘက်ကင်ဟမ်၏ လှံသည် မူးဝေစေသော နောက်ဆက်တွဲ ပုံရိပ်များစွာကို ဖန်တီးခဲ့ပြီး ပင်လယ်မျိုးနွယ်စု၏ ကြယ်ခြောက်ပွင့် စစ်သည်တော် ဆယ်ဦးကျော် ပေါက်ကွဲခဲ့သည်။ သူတို့၏ ကျိုးပဲ့နေသော ခြေလက်များသည် ရေထဲတွင် မြင်မကောင်းရှုမကောင်း မျောပါနေပြီး သွေးနီရေများက ဘက်ကင်ဟမ်၏ ဆံပင်များတွင် စိုစွတ်နေသည်။
ဘက်ကင်ဟမ်၏ ခန္ဓာကိုယ်ရှိ နောက်ဆုံးအောက်ဆီဂျင် အနည်းငယ်သည် သူ၏တိုက်ပွဲကို ပံ့ပိုးပေးနေသော်လည်း သူ့စစ်သည်တော် စွမ်းအင်သည် စွမ်းအင်လမ်းကြောင်းများတွင် စီးဆင်းသောအခါတွင် အတော်လေး နာကျင်စွာ ခံစားရသည်။
ဤသည်မှာ သူ ပင်ပန်းနွမ်းနယ်နေသည့် လက္ခဏာ ဖြစ်သည်။ ခဏကြာတော့ သူ့အမြင်အာရုံတွေ မှုန်ဝါးလာပြီး သူ့ကိုယ်မှ ဆူညံသံတွေ ဆက်တိုက်ထွက်လာသည်။
ဇွပ်... ဇွပ်... ဇွပ်..!
၎င်းသည် လက်နက်က သူ့ချပ်ဝတ်နှင့် အသားများကို ထိုးဖောက်လာသည့် အသံဖြစ်သည်။
ပြင်းထန်သောနာကျင်မှုသည်
ဘက်ကင်ဟမ့်စိတ်၌ ရှင်းလင်းလာပြီး သူသည် လှံကို အလျင်အမြန် ဆွဲထုတ်ကာ ပင်လယ်မျိုးနွယ်စု၏ လအဆင့် လက်ရွေးစင်တစ်ဦးကို ခုတ်ပိုင်းလိုက်ပြီး ပြိုလဲစေသည်။
ဘက်ကင်ဟမ်သည် သူ့ချပ်ဝတ်ကို ငုံ့ကြည့်လိုက်တော့ သူ့ပခုံးနှင့် ဝမ်းဗိုက်မှာ အပေါက်လေးပေါက်ကို တွေ့လိုက်ရပြီး ၎င်းအပေါက်များမှ သွေးတွေ ဒလဟော စီးကျလာသည်။
"ဟူး! ဒီတစ်ခါတော့ ဒီသောက်ကျိုးနည်း ဘုရင် အလက်ဇန္ဒားက ငါ့ကို တကယ်နှိပ်စက်နေပြီဟ..သူရဲကောင်းဆိုတိုင်း ကြေကွဲဖွယ်ကောင်းတဲ့ သေခြင်းနဲ့ အဆုံးသတ်ရတာလား"
ဝုန်း!
ဘက်ကင်ဟမ်သည် ကြေကွဲစွာ ပြုံးကာ သွေးထွက်နေသော ဒဏ်ရာများကို ဂရုစိုက်ရန် အချိန်ပင် မရှိပေ။ သူသည် မှော်ဓားကို ခါးမှဆွဲထုတ်ကာ သူ့ခန္ဓာကိုယ်ကို ချာခနဲ လှည့်ကာ ခုတ်ထစ်လိုက်ပြန်သည်။
အနီရောင် စွမ်းအင်လှိုင်းတစ်ခုသည် ဓားမှ ပစ်လွှတ်ပြီး သူ့ကို အလစ်သတ်ပုတ်ရန် ကြိုးစားသော ပင်လယ်မျိုးနွယ်ဝင် တစ်ဒါဇင်ကျော် ကိုယ်နှစ်ခြမ်း ကွဲကာ ဇီဝိန်ချုပ်သွားရတော့သည်။
တိုက်ပွဲက ဒီအခြေအနေကို ရောက်တဲ့အခါ ဘက်ကင်ဟမ်က သူ၏ခန္ဓာကိုယ်တွင် ရှိသော အင်အား မြူတစ်မှုန်မှ ချွေတာမထားဘဲ ပေးဆပ်ခဲ့သည်။ ဖေး လက်ဆောင်ပေးသော ဆေးများအားလုံးကို သူ အသုံးပြုထားပြီး၊ လှံသည် သူ့လက်များတွင် မရှိတော့.., ဓားသည် အက်ကွဲကြောင်းများ ပြည့်နှက်နေပြီး ချပ်ဝတ်သည်လည်း ကွဲအက်နေသည်။
သို့သော် ပင်လယ်မျိုးနွယ်ဝင်များက သူ့အပေါ် ဆက်လက် ကမူးရှုးထိုး ရန်မူကြသည်။
ဒီအကောင်တွေက အကန့်အသတ်မရှိဘူးလား။ တိုက်ပွဲက အဆုံးမသတ်တော့ဘူး...။
ဘက်ကင်ဟမ် ဤအဆုံးမရှိ သတ်မကုန်နိုင်သော သတ္တဝါတွေကြောင့် စိတ်ပျက်အားငယ်လာမိသည်။
“အဲ့ဒီလူယုတ်မာလည်း တာဝန် ကျရှုံးပြီး၊ ပင်လယ်မျိုးနွယ်ရဲ့ နတ်ဆိုးလက်ထဲမှာ သူ အသက်ပျောက်လောက်ပြီ…”
ဘက်ကင်ဟမ်သည် ထိုသို့ အတွေး
တစ်ချက်ဖြင့် တုန်လှုပ်သွားခဲ့သည်။
ထို့နောက် လှံတစ်ချောင်းသည် ရုတ်တရက် သူ့ပေါင်ကို ဒုတ်ခနဲ ထိုးဖောက်လာသည်။
"ခွေးမသား..! "
ဘက်ကင်ဟမ် မေးရိုးများ တင်းမာသွားကာ ဤပင်လယ်မျိုးနွယ်ဝင်အား ပြင်းထန်စွာ ခုတ်ပိုင်းကာ ခေါင်းဖြတ်လိုက်သည်။
အခန်း ၉၇၆- လျှို့ဝှက်ဆန်းကြယ်သောသခင် (အပိုင်းနှစ်)
ဘက်ကင်ဟမ်မှာ ပင်လယ်ကြမ်းပြင်ပေါ်သို့ ဒူးတစ်ဖက် ထောက်ကျနေပြီး သူ့ဓားအား ကျင်လည်စွာ မွှေ့ယမ်းလျက် အနားသို့ ချဉ်းကပ်လာသော ပင်လယ်မျိုးနွယ်ဝင်များကို နောက်ပြန်ဆုတ်ရန် တွန်းအားပေးခဲ့သည်။
ထို့နောက် သူက ကြေကြေကွဲကွဲ ဟားတိုက်ရယ်မောကာ
“အလို..! ငါ..! ဘက်ကင်ဟမ် ဒီလိုနေရာမျိုးမှာ သေရတော့မယ်။ ငါ သေပြီး ငါ့ခန္ဓာကိုယ် ပြိုကွဲသွားရင်တောင် လူမသိသူမသိ အဆုံးသတ်ခြင်းပဲ။ ဟို
သောက်ကျိုးနည်း ချမ်းဘော့ဒ်ဘုရင်နဲ့ ငါဟာ ငါတို့လူသားမျိုးနွယ်အတွက် သွေးနဲ့စတေးတဲ့ ပထမဆုံး လူသားနှစ်ယောက် ဖြစ်လာတော့မယ်။ ဟူး...ငါ မသေချင်သေးဘူး...”
ပင်လယ်မျိုးနွယ်မှ အဖွဲ့ဝင်များသည်
သူ့အား အရပ်ရပ်မှ ညာသံပေး၍ ပြေးဝင်တိုက်ခိုက်ခဲ့သည်။
ဤအချိန်တွင် သူသည် တိုက်ပွဲကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ သူသည် မျက်လုံးများ မှိတ်ထားပြီး သူ့ခန္ဓာကိုယ်မှ နောက်ဆုံးမီးဒြပ်စင်စစ်သည်တော် စွမ်းအင်ကို ထုတ်ဖော်လိုက်သည်။
သူ့ဘဝ၏ နောက်ဆုံးအခိုက်အတန့်မှာ သူကိုယ်သူ အသေခံ မိုင်းလို နောက်ထပ်ရန်သူ အနည်းငယ်ကို သတ်ပစ်တော့မည် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အသည်းထိတ်ဖွယ်စွမ်းအားတစ်ခု ပေါ်လာသည်။ ပင်လယ်ပြင်အထက်တွင် တောက်လောင်နေသော နေရောင် ထွန်းလင်းလာသလို တောက်ပသော အလင်းသည် လူများကို မျက်လုံးများ ကျိန်းစပ် မူးဝေသွားစေသည်။
ဘက်ကင်ဟမ်၏ အနီးတစ်ဝိုက်ရှိ ပင်လယ်မျိုးနွယ်စုဝင်များ အားလုံးသည် ပွက်ပွက်ဆူနေသော ရေအိုးထဲ ကျသော ဖားတွေလိုနာနာကျင်ကျင် မချိမဆံ့ အော်ဟစ်ကြသည်။
ထိုအခါ..ဘက်ကင်ဟမ်သည် မျက်လုံးများ ပြန်ဖွင့်ကြည့်လိုက်ရာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
ပင်လယ်မျိုးနွယ်စု၏ အင်အားကြီးသော အဖွဲ့ဝင်များအားလုံးသည် ပူပြင်းသောနေရောင်အောက်တွင် နှင်းလူများကဲ့သို့ ပြင်းထန်သော အဖြူရောင်အလင်းရောင်အောက်တွင် အလိုလိုအရည်ပျော်သွားကြသည်။
၎င်းတို့က အော်ဟစ် လွတ်မြောက်ရန် ကြိုးစားသော်လည်း မရုန်းထွက်နိုင်ပေ။ ပင်လယ်မျိုးနွယ်စု၏ လအဆင့် လက်ရွေးစင်များသည် အနည်းငယ် အခြေအနေ ပိုကောင်းသော်လည်း သာမန်အဆင့် ပင်လယ်မျိုးနွယ်စုဝင်များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့က ငါးမိနစ် ပိုကြာသောကြောင့် ၎င်းတို့၏ နာကျင်စွာ သေဆုံးခြင်းကိုသာ တိုးစေသည်သာ။
နောက်အခိုက်အတန့်တွင်၊ ဖော်မပြနိုင်သော ပူလောင်သောခံစားမှုတစ်ခုသည် ဘက်ကင်ဟမ်ဆီသို့ ရောက်သွားသည်။
"အို... ဆန်းကြယ်လိုက်တာ! ဒါက ဘာလဲ?"
ဘက်ကင်ဟမ် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ နောက်ပြန်ဆုတ်ရင်း ပြောလိုက်သည်။
"ဟင် လူသားလား မိုက်မဲလိုက်တာ မင်းလို လအဆင့် လက်ရွေးစင်လေးတွေက ပင်လယ်မျိုးနွယ်ကို ဘယ်လို အံတုနိုင်မလဲ။ မင်း.. ငါနဲ့ တွေ့တာ ..ကံကောင်းတယ်။ ကဲ..အမြန်ပြေးတော့!"
ဘက်ကင်ဟမ်သည် ထိုကြည်လင်ပြတ်သား၍ မာနကြီးသောအသံသည် သူ့နားစည်ထဲသို့ တိုးဝင်လာသည်ကို သတိပြုလိုက်မိပါသည်။
သူ မတုံ့ပြန်နိုင်ခင်မှာ တဖျတ်ဖျတ်တောက်ပနေသော အဖြူရောင် ပုံရိပ်တစ်ခုသည် သူ့နောက်က ဂိတ်ပေါက်ကို ချောမောစွာ လှစ်ခနဲ ဖြတ်သန်းသွားတာကို
ဘက်ကင်ဟမ် ဝိုးတဝါး တွေ့လိုက်ရသည်။
အရာအားလုံးက စက္ကန့်ပိုင်းပဲ ကြာလေ၏။
"လူသားသခင်လား...?"
ဘက်ကင်ဟမ် အလွန်အံ့အားသင့်သွားသဖြင့် ပါးစပ် မပိတ်နိုင်ပေ။ သူသည်
ထိုပုံရိပ်ကို ဝိုးတဝါးသာ ကြည့်ခွင့် ရလိုက်သော်လည်း ဤသခင်သည် လူသားဖြစ်ကြောင်း သေချာပါသည်။
သို့သော်၊ ဤသခင်၏လေသံနှင့် လေယူလေသိမ်းသည် အဇာရို မြောက်ပိုင်းဒေသတွင် နေထိုင်ကြသူများနှင့် ကွဲပြားသည်။ သူ့လေယူလေသိမ်းအရ
သူသည် အလယ်ပိုင်းဒေသမှ ဖြစ်နိုင်ပါသည်။
"လူသားတွေမှာ ဒီလောက် အစွမ်းထက်တဲ့ သခင် ရှိလား"
ပတ်ပတ်လည်ကို လှမ်းကြည့်ကာ အိပ်မက်တစ်ခုလို ခံစားလိုက်ရသည်။ သို့သော်လည်း သူ မြင်နိုင်သမျှမှာ အရည်ပျော်ပြီးနောက် ပင်လယ်မျိုးနွယ်စု၏ အဆင့်မြင့်အဖွဲ့ဝင်များ ကျန်ရစ်ခဲ့သော အပျက်အစီးများသာ ဖြစ်တော့သည်။
အမှန်မှာ၊ သူ့ပတ်ဝန်းကျင် ကီလိုမီတာများစွာအတွင်း ပင်လယ်မျိုးနွယ်ဝင် တစ်ကောင်တစ်မြီးမှ အသက်ရှင်ကျန်ရစ်ခြင်း မရှိ။ ပင်လယ်မျိုးနွယ်ဝင်များသည် အရေအတွက် အကန့်အသတ်မရှိ သေဆုံးသွားပုံ ရသည်။
အဖြူရောင်ဖျော့ဖျော့ အလင်းသည် ပင်လယ်ရေထဲတွင် လင်းလက်နေဆဲ ဖြစ်ပြီး မည်သည့် သတ္တဝါကိုမဆို သေမင်းတမန်လို ခြိမ်းခြောက်နေသည်။
အမှန်မှာ၊ ချမ်းဘော့ဒ်ဘုရင်မှ ချန်ရစ်ခဲ့သော ရွှေလက်သီး လှိုင်းများပင်လျှင် ဤအဖြူရောင်အလင်းတန်းအောက်တွင် အရည်ပျော်သွားခဲ့သည်။
"ဒါက ဘယ်လို စွမ်းအားမျိုးလဲ"
ဤအခိုက်အတန့်တွင် သူ့ဆံပင်ကို ကြိုးလိုကျစ်ကာ ထိုကြိုးဖြင့် ကြိုးဆွဲချ သေချင်သလို ဘက်ကင်ဟမ်သည် စိတ်ပျက်လက်ပျက် ခံစားလိုက်ရပါသည်။
ထိုသို့သော စွမ်းအားသည် ကမ္ဘာပေါ်တွင် ရှိနေကြောင်းကိုပင် သူ အရင်က မသိခဲ့ပါ။
သူ့ကိုယ်သူ အသေးအဖွဲလေးလို ခံစားလိုက်ရသည်။
ခဏလောက် အနားယူပြီးနောက်
ဘက်ကင်ဟမ်သည် စွမ်းအင်အချို့ကို ပြန်လည်ရရှိကာ မတ်တပ် ထရပ်သည်။ သူသည် ဂိတ်ပေါက်သို့ လှည့်ကာ လျှောက်သွားခဲ့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော သခင်သည် ပင်လယ်မျိုးနွယ်စု၏ တပ်များကို ဖျက်ဆီးခဲ့သည်။ သူက ဤနေရာကို စောင့်ရှောက်နေသည်တော့ မဟုတ်တန်ရာ။
ဘက်ကင်ဟမ်သည် ယခုအခါ ထွက်သွားနိုင်ပေမယ့် လွတ်လမ်းကို မရွေးခဲ့ချေ။
“ချမ်းဘော့ဒ်ဘုရင်လို သူရဲကောင်းဆန်ဆန် မသေနိုင်ရင်တောင် ငါက အနည်းဆုံး ဂိတ်ပါက်ရဲ့ တစ်ဖက်ခြမ်းမှာ ဘာတွေဖြစ်နေလဲ.. အဖြေရှာသင့်တယ်။ ဒီလူသားသခင်က ဘယ်သူလဲဆိုတာ ဖော်ထုတ်ချင်တယ်၊အမှောင်ထုမှာ သူရဲကောင်းတစ်ယောက်ရဲ့ ဂုဏ်အသရေကို မြှုပ်နှံထားလို့ မရဘူး။ ငါတတ်နိုင်ရင် အလောင်းကို ဖော်ထုတ်ပြီး ချမ်းဘော့ဒ်ဘုရင်ကို သင်္ဂြိုဟ်ပေးမယ်၊ သူ့ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကို တိုက်ကြီးတဝိုက်မှာ ဖြန့်ဝေပေးမယ်။”
ဘက်ကင်ဟမ်သည် ချမ်းဘော့ဒ်ဘုရင်ကို ရုတ်တရက် အလွန် လေးစားကြည်ညိုသွားသည်။
“အဲဒီ လူယုတ်မာက လေးစားစရာ ကောင်းပြီး ယောက်ျားပီသတယ်၊ ချမ်းဘော့ဒ်ဘုရင်..!မင်းကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးကွာ!”
...
ရယ်စရာ ကောင်းပါသည်။
ဘက်ကင်ဟမ်က ဖေးအား ကျဆုံးသွားသည့် သူရဲကောင်းတစ်ယောက်ဟု သတ်မှတ်နေပြီဆိုတာကို ဖေးကတော့ မသိခဲ့ရှာပါ။
ပြန်လည်ရှင်သန်ထမြောက်ခြင်း
ယာဇ်ပလ္လင်ကို ဖျက်ဆီးပြီးနောက်၊ ဖေးက ပိုအရေးကြီးသော အရာကို ဖော်ထုတ်မိလေပြီ။