← Chapters

သူ့ကိုယ်ထဲမှာ ဘာကြီးလဲ

Vol. 21 Ch. 301

သူ့ကိုယ်ထဲမှာ ဘာကြီးလဲ

Vol. 21 Ch. 301

မိဘတစ်ဦးဖြစ်ရခြင်းသည် လူသားတစ်ဦး၏ဒုတိယအကြိမ် မွေးဖွားရသလိုပင်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့ကပဲ ကလေးတွေကို ချစ်ပေးခဲ့သည်လော ဒါမှမဟုတ် ကလေးတွေကပဲ ကျွန်ုပ်တို့ကို ချစ်တတ်အောင် သင်ပေးခဲ့သည်လော ဟူသည်မှာ ပြောရခက်ပေသည်။

ထိုဆရာဝန်နှစ်ဦးသည် လီစန်းဆေးရုံရှိ ကြောက်စရာအကောင်းဆုံး သရဲများဖြစ်ကြသည်။ သူတို့သည် လူနာအများအပြားကို ခွဲစိတ်၍ ပြန်လည်ချုပ်လုပ်ခဲ့ကြသည်။ သူတို့သည် အရိပ်ကမ္ဘာ၏ အာဏာပါးကွပ်သားများလည်း ဖြစ်ကြသည်။ သူတို့သည် လူ့ခံစားချက်များကို ဆုံးရှုံးခဲ့ကြသော်လည်း အားဖန်ကို မြင်သောအခါ သူတို့၏ ခြောက်သွေ့နေသော နှလုံးသားများသည် နွေးထွေးသော သွေးများဖြင့် စိုရွှဲသွားခဲ့သည်။ သူတို့၏ မျက်လုံးများ ပြောင်းလဲသွားကြသည်။

မိခင်တစ်ဦး၏ ဗီဇစိတ်ကြောင့် အမျိုးသမီးဆရာဝန်သည် အားဖန် အနားသို့ တိုးသွားချင်ခဲ့သော်လည်း အားဖန်ကို ထိခိုက်အောင် လုပ်မည့်ပုံ မပြရမှန်းသူမသိသည်။ ဆန့်ကျင်ဘက်အားဖြင့် အမျိုးသားဆရာဝန်က ပိုတိုက်ရိုက်ဆန်လေသည်။ သူ့ကိုယ်ပေါ်မှ ဓားသွားများကို ပြန်ရုပ်သိမ်းလိုက်ပြီး အမျိုးသမီးဆရာဝန်ကို ပွေ့ချီကာ နှိပ်စက်ခန်းထဲမှ ထွက်ခွာလိုက်သည်။ ကောင်းမင် က သူတို့ကို မတားမြစ်ခဲ့ချေ။ သူ့နှိပ်စက်ခန်းထဲ ရောက်လာသမျှ အရာအားလုံးသည် ကံကြမ္မာအရ သူ့နဲ့ ချည်နှောင်ထားပြီးသား ဖြစ်သည်။ သေခြင်းတရားပင် သူတို့အား ခွဲထုတ် မရနိုင်ချေ။

အားဖန်က ထိုဆရာဝန်နှစ်ဦးအာား စူးစမ်းလိုစိတ်ဖြင့် ကြည့်နေခဲ့သည်။ သူ့တွင် စိတ်ယုတ်မာများမရှိပေ။ မည်သူ့ကိုမှလည်း ထိခိုက်စေလိုခြင်းမရှိပေ။ သူသည် လမ်းပျောက်နေသော သရဲများကို အိမ်အသစ်များ ရှာဖွေပေးနိုင်ရန် ဘလောက်တုံးများဖြင့် ဆက်တိုက် ဆောက်လုပ်နေခဲ့ခြင်းဖြစ်သည်။

ဆရာဝန်နှစ်ဦး တိုးကပ်လာသောအခါ အားဖန်က ကြောက်ရွံ့စွာ နောက်ဆုတ်သွားခဲ့သည်။ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးသည် သတိပေးသည့်အနေဖြင့် ညည်းတွားလိုက်သည်။ သူမက ဓားကို မြှောက်၍ လွန်စွာရန်လိုနေမှုကို ပြသလိုက်သည်။ ထိုဆရာဝန်နှစ်ဦးသည် ထိုအမျိုးသမီး၏ လုပ်ရပ်ကြောင့် သက်ရောက်ခံရခြင်းမရှိပေ။ခုခံခြင်းလည်း မရှိပါပေ။ သူတို့က အားဖန်၏ နာမည်ကိုသာ ညင်သာစွာ ခေါ်ဆိုလိုက်ကြသည်။

ဆရာဝန်နှစ်ဦးသည် အမျိုးသမီး၏ ဓားသွားကို ကြိုဆိုလိုက်၏။ အမျိုးသမီးဆရာဝန်က သူမ၏ ရင်ဘတ်အတွင်းမှ ပုခက်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုမတိုင်မီက ဆရာဝန်နှစ်ဦးသည် ယင်းပုခက်အား အသားတောင်ကြီးထဲတွင် ချုပ်လုပ်ခဲ့ကြခြင်းဖြစ်သည်။ ထိုပုခက်သည် အသားတောင်ကြီး၏ နှလုံးသား ဖြစ်သည်။ ထို့ကြောင့်ပင် ဆရာဝန်နှစ်ဦးက စီတုအန်း နှင့် လုဇန် တို့၏ အတင်းအကျပ် အခိုင်းအစေခံခဲ့ကြရခြင်း ဖြစ်သည်။

ပုခက်အပေါ်မှ ချူလေးများ လေထဲတွင် လှုပ်ယမ်းသွားသည်။ အားဖန်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သူသည် သူ့အမှတ်ရနေသည့် မှတ်ဉာဏ်ထဲမှ ထိုအသံကို မှတ်မိပေသည်။ အမျိုးသမီးဆရာဝန်က သူမ၏ ကြောက်စရာကောင်းသော မျက်နှာအား အမျိုးသားဆရာဝန်၏ နောက်ကျောတွင် ဖုံးကွယ်ထားသည်။ သူမသည် အားဖန်ကို ကိုယ်ဝန်ဆောင်ထားချိန်တွင် မကြာခဏဆိုသလို သီဆိုလေ့ရှိသော သားချော့တေးတစ်ပုဒ်ကို သီဆိုလိုက်သည်။ ထိုအချိန်က သူမသည် ကြောက်ရွံ့ပြီး စိုးရိမ်ပူပန်ခဲ့ရသော်လည်း သူမ၏ ဝမ်းဗိုက်ထဲရှိ ဘဝအသစ်လေးကို ထိတွေလိုက်တိုင်း သူမ စိတ်တည်ငြိမ်သွားလေ့ရှိသည်။ သူတို့သည် ပျော်ရွှင်စရာ မိသားစုလေး ဖြစ်ခဲ့ကြသော်လည်း အရိပ်ကမ္ဘာ ကျူးကျော်ဝင်ရောက်လာသောအခါ အရာအားလုံး ပြောင်းလဲသွားခဲ့ရသည်။

ဆည်းလည်းသံများနှင့် အမျိုးသမီးဆရာဝန်၏ သီချင်းညည်းသံကို ကြားလိုက်ရသောအခါ အားဖန်က ကျောင်းလွယ်အိတ်ကို လွှတ်ချလိုက်လေသည်။ထိုအမျိုးသမီး၏နောက်မှ သူဖြည်းညှင်းစွာ လျှောက်ထွက်လာခဲ့သည်။ သူသည် အမျိုးသမီးဆရာဝန်အား မှတ်မိနိုင်ခြင်း မရှိသော်လည်း ထိုအသံများကိုမူ မှတ်မိနေခဲ့သည်။ထိုဆရာဝန်နှစ်ဦးကို သူ၏ဝိုင်းစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ သရဲများ မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသည်ဖြစ်ပါစေ အားဖန်သည် တစ်ခါမှ မကြောက်ရွံ့ခဲ့ဖူးပေ။ သို့သော် ထိုအချိန်တွင်မူ စိုးရိမ်ပူပန်နေခဲ့သည်။သူသည် ထိုအမျိုးသမီး၏ အင်္ကျီအဝတ်စကို ကိုင်ထားပြီး စိတ်ရှုပ်ထွေးနေပုံနေပေါ်လေသည်။

သူ့စိတ်ဝိညာဉ်ထဲမှ ရင်းနှီးသော ခံစားချက်သည် အမျိုးသမီးဆရာဝန်၏ သီချင်းသံနှင့်အတူ နစ်မျောသွားခဲ့သည်။ အားဖန်သည် သူမွေးဖွားပြီးနောက် စီတုအန်း၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ သူသည် သူ့မိဘများကို ရှာဖွေနေခဲ့သော်လည်း မိဘများနှင့် အတူရှိနေခြင်းသည် မည်သို့ဖြစ်သည်ကို သူမသိခဲ့ပေ။ မိသားစုအပေါ် သူ၏ အမြင်သည် အခြားသူများ ပြောပြခဲ့သည်များကို အခြေခံထားခြင်းဖြစ်သည်။ သူသည် ကြုံရာသရဲများကိုပင် သူ့မိသားစုအဖြစ် အလွယ်တကူ ခေါ်ယူနိုင်ခဲ့သော်လည်း ထိုဆရာဝန်နှစ်ဦးနှင့် ရင်ဆိုင်ရသောအခါ စကားမပြောနိုင် ဖြစ်နေခဲ့သည်။

ထိုဆရာဝန်များအနားသို့ သူချဉ်းကပ်ခြင်းကို တားဆီးထားသည့် အင်အားတစ်ခု ရှိနေခဲ့သည်။ သူ့ကံကြမ္မာအရ သူသည် သူ့မိဘအရင်းများကို ဘယ်တော့မှ မြင်တွေ့ရမည် မဟုတ်ပေ။သူ့တစ်ဘဝလုံး မိဘများကို ရှာဖွေရင်း ကုန်ဆုံးလိမ့်မည်ဖြစ်သော်လည်း ဘယ်တော့မှ ရှာတွေ့လိမ့်မည် မဟုတ်ပေ။ အားဖန်တွင် အရုပ်များစွာ ရှိသော်လည်း သူသည်လည်း ကံကြမ္မာ၏ အရုပ်တစ်ရုပ်ဖြစ်နေခဲ့သည်။

အဆောက်အအုံ ဘလောက်တုံးများမှ ကြီးမားသော အရိပ်များ ယိုစိမ့်ထွက်လာခဲ့သည်။ အားဖန် ပတ်ဝန်းကျင်မှ သရဲနီများသည် သူတို့၏သရဲခြောက်သည့်အိမ်များကို ချဲ့ထွင်လိုက်ကြသည်။ ကြီးမားလှသော သရဲမြို့တော်ကြီးသည် အားဖန်၏ နောက်ကျောတွင် ပွင့်ဟလာခဲ့သည်။ ထိုကြီးမားသော ဖိအားသည် သားစားကြူးနတ်ဘုရား လှောင်ပြောင်နေခြင်းဖြစ်သည်။ သူက ကောင်းမင်၏ နှလုံးသားထဲတွင် အော်ဟစ်လိုက်သည်။

ထိုဆရာဝန်နှစ်ဦးသည် နောက်မဆုတ်ခဲ့ကြချေ။ ကြောက်ရွံ့ခြင်းလည်း မရှိခဲ့ကြပေ။ ပထမတွင် သူတို့သည် ကောင်းမင်၏ အတင်းအကျပ် ခိုင်းစေခံခဲ့ရသည်။ သူတို့က ကောင်းမင်သည် သူတို့ကို လိမ်နေခဲ့သည်ဟု ထင်ခဲ့ကြသေးသည်။အနည်းငယ်သာ ရေးတေးတေး မျှော်လင့်ခဲ့ကြသော်လည်း သူတို့၏သားကို ထိုမျှစောစော မြင်ရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

သူတို့သားသည် သူတို့ရှေ့တွင် ရှိနေခဲ့သည်။ ဒီတစ်ကြိမ်တော့ သူတို့ သူ့အနားသို့ တိုးသွားရမည်ဖြစ်သည်။

ဆရာဝန်နှစ်ဦးမှာ စတင်၍ ထိခိုက်လာတော့သည်။ အထူးသဖြင့် ယင်းသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီးဖြစ်သော အမျိုးသမီးဆရာဝန်အတွက် အစစ်အမှန်ပင် ဖြစ်သည်။ သူမ၏ အရေပြားများ ကွဲအက်သွားသည်။ သူမသည် လူသားပူဖောင်းတစ်လုံးကဲ့သို့ ယိုစိမ့်ထွက်နေခဲ့သည်။

သူတို့သည် သူတို့သားထံ ရောက်သည်အထိ ခြေလှမ်းသေးသေးလေးများဖြင့် ရှေ့သို့ လှမ်းလိုက်ကြသည်။ အမျိုးသမီးဆရာဝန်က ပုခက်လေးကို သယ်ဆောင်ထား၏။ ထိုပုခက်ထဲတွင် သူတို့၏ မွေးကင်းစကလေးအတွက် ပြင်ဆင်ထားသည့် အရာအားလုံး ပါဝင်ပေသည်။ သူတို့သည် ဘဝအသစ်ရောက်လာမည့် အချိန်ကို မျှော်လင့်ခဲ့ကြသည်။ သူတို့၏ အချစ်အားလုံးကို သူ့အပေါ် ပုံအောရန် စီစဉ်ခဲ့ကြသည်။ သို့သော်လည်း သူတို့သည် အဆိုးရွားဆုံး သရဲများ ဖြစ်လာခဲ့ကြရသည်။

ထိုဆရာဝန်နှစ်ဦးသည် အဆောက်အအုံ ဘလောက်တုံးများထဲမှ အခြားသရဲများနှင့် ကွဲပြားခြားနားသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။အားဖန်သည် သူတို့ဆီမှ ပူနွေးသောခံစားချက်တစ်ခုကို ရနေခဲ့သည်။ထိုအရာကား မည်သည့်အရာဖြစ်ကြောင်း သူလုံးဝ မသိပါပေ။ ယင်းက နွေးထွေးသည်ကိုသာ သူ သိသည်။ ယင်းသည် သူ့ဝိညာဉ်၏ ထောင့်တိုင်းကို လင်းလက်စေနိုင်သောကြောင့် သူသည် အနားကို တိုးကပ်ချင်နေခဲ့သည်။

“မေမေလားဟင်”

အမျိုးသမီးဆရာဝန်ကို ကြည့်ရင်း အားဖန်က ထိုစကားလုံးကို ပြောလိုက်သည်။ သူ၏ မူလကံကြမ္မာအရ သူသည် သရဲများစွာကို ထိုနာမည်ဖြင့် ခေါ်ဆိုခဲ့မည်ဖြစ်သော်လည်း အမျိုးသမီးဆရာဝန်ကိုမူ ဘယ်သောအခါမှ ခေါ်ခွင့်ရမည်မဟုတ်ပေ။ ကံကြမ္မာ၏ ချည်နှောင်မှုများ ပျက်စီးသွားခဲ့ချေပြီ။ ကံကြမ္မာနှင့် အရိပ်ကမ္ဘာ၏ အစီအစဉ်သည် နှောက်ယှက်ခံလိုက်ရတော့သည်။

ထိုသို့ ပြောလိုက်ချိန်တွင် အားဖန်၏ မျက်နှာအမူအရာသည် ရုတ်တရက် နာကျင်မှုကြောင့် ရှုံ့မဲ့သွားခဲ့သည်။ သူ့ခန္ဓာကိုယ်သေးသေးလေးထဲတွင် တစ်စုံတစ်ခုက လျင်မြန်စွာ ကြီးထွားလာနေခဲ့သည်။

“မကောင်းတော့ဘူး!”

စောင့်ကြည့်နေခဲ့သော ကောင်းမင်က တစ်ခုခု မှားနေသည်ကို ချက်ချင်း သိလိုက်သည်။ သူက ချိန်းကြိုးများကို ပစ်ထုတ်လိုက်ပြီး ဆရာဝန်နှစ်ဦးအား ဆွဲခေါ်လိုက်သည်။

ထိုအချိန်တွင် အားဖန်၏ ဒိုင်နိုဆောညဝတ်အင်္ကျီမှ ကြီးမားသော အနက်ရောင်လက်တစ်ဖက် ထိုးထွက်လာခဲ့သည်။ ကျောက်သားများ ဖုံးလွှမ်းနေသော ထိုလက်သည် အားဖန်၏ မျက်စိရှေ့တွင်ပင် ထိုဆရာဝန်နှစ်ဦးကို ဖျက်ဆီးလုနီးပါး ထိုးဖောက်လိုက်သည်။

“အားဖန် မွေးတုန်းက စီတုအန်း နဲ့ လုဇန်ကမှာ သူ့ခန္ဓာကိုယ်ထဲ အရိပ်ကမ္ဘာက တစ်ခုခုကို ထည့်ထားခဲ့တာလား”

ကောင်းမင် ထိုအတွေးကို တွေးလိုက်ချိန်တွင် သူနှင့် ဆရာဝန်နှစ်ဦးတို့သည် မယုံနိုင်စရာ တစ်ခုခုကို မြင်တွေ့လိုက်ကြရသည်။

အားဖန်နာကျင်စွာ အော်ဟစ်လိုက်ချိန်တွင် သူ့နောက်ကျောမှ ဆိတ်သုဉ်းနေသည့် ညကောင်းကင် တစ်ခုပေါ်လာတော့သည်။ ကောင်းကင်တစ်ခုလုံးသည် အရိုးများ ၊ အလောင်းများဖြင့် ဖုံးလွှမ်းနေ၏။ ၎င်းသည် အဆုံးမဲ့မှောင်မိုက်မှုဖြင့် ဖုံးအုပ်ခံထားရသည်။ ရံဖန်ရံခါပေါ်လာတတ်သော ခြောက်ခြားဖွယ်အဆောက်အအုံများက ချောင်းကြည့်နေကြသလိုပင်။ အဆောက်အအုံအချို့အား အနီရောင်တစ္ဆေများက ဆွဲထားပြီး ဧရာမဝေလငါးကြီးများက သယ်ဆောင်ထားသော ကျွန်းများလည်း ရှိနေ၏။ ပျက်သုဉ်းသွားသော နတ်ဘုရားများမှ ဖွဲ့တည်လာသည့် ကြယ်အစက်အပြောက်များလည်း ရှိနေလေသည်။

“ဒါက အားဖန်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဖုံးကွယ်ထားတဲ့ အထူးသရဲတစ်ကောင် မဟုတ်ဘူး ဒါပေမဲ့ ကျဆုံးသွားတဲ့ အရိပ်ကမ္ဘာရဲ့ ဆန္ဒအစိတ်အပိုင်း တစ်ခုပဲ!”

ကောင်းမင်သည် လုဇန်နှင့် စီတုအန်းတို့ ထိုကဲ့သို့သော အရာတစ်ခုကို ပြုလုပ်လိမ့်မည်ဟု မမျှော်ထားခဲ့ချေ။သို့သော် လီစန်းဆေးရုံ၏အနက်ရောင်ရေကန်အောက်ခြေမှ ရွှံ့ရုပ်တုအများအပြားအား ဖိနှိပ်ထားနိုင်ခြင်းသည် အရိပ်ကမ္ဘာ၏ အသိစိတ်တစ်စိတ်တစ်ပိုင်းသာ ဖြစ်နိုင်ပေသည်။

All Chapters