အကြည့်
Vol. 21 Ch. 302
အားဖန် ပတ်ပတ်လည်ရှိ အဆောက်အဦး ဘလောက်တုံးများ ပြိုကျလာခဲ့သည်။ သရဲခြောက်သည့် အိမ်များသည် မြေပြင်မှ ဆွဲမခံလိုက်ရသည်။ အားဖန်သည် အရုပ်များနှင့် ကစားနေသကဲ့သို့ ထိုသရဲခြောက်သည့် အိမ်များကို အသုံးပြု၍ သူ့ကိုယ်ပိုင်မရဏဘုံကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထိုသေးငယ်သော ခန္ဓာကိုယ်မှ လုံးဝမရင်းနှီးသော အသံတစ်သံထွက်ပေါ်လာခဲ့သည်။ ပျံ့ကြဲနေသော အရိပ်ကမ္ဘာ၏ဆန္ဒသည် သူ့အား ဆုတ်ဖြဲပစ်ရန် ကြိုးပမ်းနေ၏။ အရာအားလုံး အထိန်းအကွပ်မဲ့တော့မည့်အချိန်တွင် အဆုံးမဲ့ အမှောင်ထုထဲမှ အနီရောင်မျက်လုံး ဆယ့်နှစ်စုံသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။ သူတို့က အားဖန် ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။
အနက်ရောင် မြူခိုးများထဲတွင် သွေးနီရောင်မြို့တော်များ မိုးတိုးမတ်တပ်ရှိနေခဲ့သည်။ ကောင်းမင်နှင့် အားဖန်သည် ၁၃ ခုမြောက် မြို့တော်ရှိရာ နေရာတွင် ရပ်နေခဲ့ကြသည်။ ရူးသွပ်သော ရယ်မောသံတစ်သံ ထွက်ပေါ်လာသောအခါ သေဆုံးကမ္ဘာ၏ စိတ်ဆန္ဒမှာ ထိခိုက်သွားသည်။ ကျန်ရှိသော အကြည့်ဆယ့်တစ်စုံက ရွေ့လျားသွားခဲ့ကြသည်။
အားဖန်အား ဆွဲဆုတ်ပစ်ရန် ကြိုးပမ်းနေသော ကမ္ဘာ့အသိစိတ်သည် ချက်ချင်းပင် နောက်ဆုတ်သွား၏။ ၎င်းသည် ရှာတွေ့ခံရမည်ကို ကြောက်ရွံ့သကဲ့သို့ အားဖန်၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်တွားဝင်လိုက်သည်။ ညဝတ်အင်္ကျီ၏ ဦးထုပ်သည် အောက်သို့ ပြုတ်ကျသွားပြီး အားဖန်၏ မျက်နှာကို ကွယ်လိုက်သည်။ အားဖန်၏ အမူအရာသည် အရင်ကနှင့် မတူတော့ပေ။ သူသည် ကလေးတစ်ယောက်နှင့် မတူဘဲ သေအံ့ဆဲဆဲဖြစ်နေသည့် လူအိုတစ်ဦးနှင့် ပိုတူနေပေသည်။ သူ့မျက်နှာသည် အကြောက်တရားများဖြင့် ဖုံးလွှမ်းနေတော့သည်။ သူ ခေါင်းကို မော့လိုက်သည်။သူ့ အကြည့်သည် သူ့မိဘများကို ကျော်၍ ကောင်းမင်ထံ အာရုံစိုက်လိုက်သည်။
“သူတို့ ဆယ့်နှစ်ယောက်လုံး ငါ့ကို ရှာမတွေ့အောင် မင်းလုပ်ရမယ် ၊ မင်း နိုးထရမယ် !မင်း ဘယ်သူပဲ ဖြစ်ဖြစ် မင်းနိုးထရမယ်!”
မရင်းနှီးသော အားဖန်၏အသံက အလျင်စလိုပြောလိုက်သည်။ဘလောက်တုံးအရုပ် အားလုံးကို အလျင်အမြန် ကောက်ယူ၍ သူ့ကျောပိုးအိတ်ထဲသို့ သူ ပြန်ထိုးထည့်လိုက်သည်။
“နိုးထရမယ် ဟုတ်လား”
အားဖန်၏ စကားများသည် လုဇန်၏ အမိန့်နှင့် ဆင်တူနေလေသည်။ သူတို့နှစ်ဦးစလုံးသည် အိပ်မက်ထဲမှ လူများကို ပိုမို နိုးထလာစေချင်ပြီး အစစ်အမှန်ကမ္ဘာကို မြင်စေလိုကြသည်။ ကောင်းမင် ၏လေသံကို အာရုံခံမိလိုက်သောအခါ အားဖန်သည် ပို၍ ကြောက်ရွံ့လာခဲ့သည်။ သူသည် ဧရာမကျောပိုးအိတ်ကြီးကို ဆွဲ၍ သရဲခြောက်သည့် အိမ်များထဲမှ ပြေးထွက်သွားတော့သည်။ဆရာဝန်နှစ်ဦးက စိုးရိမ်ပူပန်သွားပြီး ချက်ချင်းပင် အားဖန်နောက်သို့ ပြေးလိုက်သွားကြသည်။ ကောင်းမင်က သူတို့နောက် လိုက်ရန် ပြင်နေချိန်တွင် ကော်ရစ်ဒါသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။
“အရိပ်ကမ္ဘာက သေဆုံးနေတဲ့ ကမ္ဘာပဲ ၊ ဘယ်သူကများ ကမ္ဘာတစ်ခုလုံးကို သတ်နိုင်ခဲ့တာလဲ”
ကောင်းမင်သည် အားဖန် နောက်ကျောမှ ကျယ်ပြန့်လာခဲ့သော အရိပ်ကမ္ဘာကို သတိရလိုက်သည်။ ထိုအဆုံးမဲ့ အနက်ရောင် မြူခိုးများထဲတွင် သွေးနီရောင် မြို့တော်ဆယ့်နှစ်ခု ရှိသည်။ ၎င်းတို့သည် အနီရောင်အကြည့်ဆယ့်နှစ်စုံနှင့် ကိုက်ညီနေသည်။ ၎င်းတို့ထဲမှ တစ်စုံတစ်ရာက ကမ္ဘာ၏ တည်ရှိနေဆဲ ဆန္ဒကိုပင် ထိတ်လန့်သွားစေခဲ့ခြင်းဖြစ်သည်။
“မြူခိုးတွေထဲက မြို့တော် ဆယ့်နှစ်ခုက ဟန်ဟိုင်းနဲ့ အလှမ်းဝေးတယ် ၊ ဒါပေမဲ့ သူတို့ကို ဖော်ပြလိုက်တာနဲ့ လူတိုင်းက ကြီးမားတဲ့ ဖိအားကို ခံစားရနိုင်တယ် ၊ သူတို့က မပြောသင့်တဲ့ အရာတွေပဲ”
ကောင်းမင်သည် အားဖန်ထံမှ ပိုမိုများပြားသော အချက်အလက်များကို ရခဲ့သည်။ လူတစ်ယောက်သည် ကမ္ဘာ၏ ခွင့်ပြုချက်ကို ရရှိရန်အတွက် အိပ်မက်ထဲမှ နိုးထရမည် ဖြစ်သည်။ ယင်းက လုဇန် နှင့် မေးခွန်း ပြောခဲ့သည့်အရာများကို သွယ်ဝိုက်သောအားဖြင့် အတည်ပြုပေးလိုက်ခြင်းပင်။ဟန်ဟိုင်းသည် မယုံနိုင်လောက်အောင် လက်တွေ့ကျသော အိပ်မက်တစ်ခုနှင့် တူနေပုံရသည်။
“ဒီအိပ်မက်ထဲမှာ အရာအားလုံးကို ကံကြမ္မာက စီစဉ်ပေးထားပြီးသားပဲ”
“ဒါပေမဲ့… ဒီအိပ်မက်က ဘာလို့ တည်ရှိနေရတာလဲ ၊ ပြီးတော့ ဘာလို့ အပြစ်မဲ့သူတွေအားလုံး ဒီထဲမှာ ပိတ်မိနေရတာလဲ ၊ ဒါက အရိပ်ကမ္ဘာရဲ့ တစ်စိတ်တစ်ပိုင်းဆန္ဒကို ထောင်ချောက်ဆင်ဖို့များလား”
ကောင်းမင်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော ကော်ရစ်ဒါကို ကြည့်လိုက်သည်။ ရုတ်တရက် သူ့တွင် ရူးသွပ်သော အတွေးတစ်ခု ဝင်လာခဲ့သည်။
“ဒီမှာရှိတဲ့ မြို့သားတွေအားလုံးက ရာဇဝတ်မှုကြီးတွေ ကျူးလွန်ထားတဲ့ သရဲတွေလား ၊ သူတို့ရဲ့ အပြစ်တွေကို ခံစားဖို့ သူတို့ရဲ့ အပြစ်တွေကို ထပ်ခါတလဲလဲ လုပ်နေရတာလား”
ကောင်းမင် သည် ထိုရူးသွပ်သော အတွေးကို ပယ်ချရန် ခေါင်းခါလိုက်သည်။ သူက ချိန်းကြိုးတစ်ချောင်းကို ကိုင်ဆွဲ၍ လမ်းကြောင်းကို သတိကြီးစွာ အာရုံစိုက်လိုက်သည်။ အားဖန်၏ မိဘများသည် အားဖန်နောက်သို့ လိုက်ရန် သရဲခြောက်သည့် အိမ်အစုအဝေးထဲသို့ ဝင်သွားခဲ့ခြင်းဖြစ်သည်။ ကောင်းမင်သည် သူတို့နောက် လိုက်မသွားခဲ့သော်လည်း သူတို့၏ တည်နေရာ အကြမ်းဖျင်းကို အာရုံခံနိုင်ခဲ့သည်။ နှိပ်စက်ခန်းထဲသို့ ဝင်ရောက်ခဲ့သည့် မည်သူမဆိုသည် ကောင်းမင် နှင့်ချည်နှောင်ခြင်း ခံရမည်သာ ဖြစ်သည်။ ကမ္ဘာ့ဆန္ဒ ပေါ်ထွက်လာခြင်းက ကောင်းမင်အား ဖိအားပေးနေ၏။ မြို့ထဲရှိ လူတစ်ဝက်၏ ကံကြမ္မာကို ပြောင်းလဲခြင်းပစ်ခြင်းက ကံကြမ္မာကို သတ်ပစ်ရန် အခွင့်အရေး ရရှိမည်ဟူ။ သို့သော် ပြဿနာကာား ကံကြမ္မာဆိုသည်မှာ အဘယ်နည်း မည်သူမျှ မသိခြင်းပင် ဖြစ်သည်။ ရည်ရွယ်ချက်မရှိဘဲ ရုန်းကန်ခြင်းသည် ကံကြမ္မာ လိုချင်သောအရာ ဖြစ်ပေလိမ့်မည်။
“ငါ့အားနည်းချက်ကို ပြင်ဆင်ဖို့ လိုနေပြီ”
အောက်ထပ်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ကောင်းမင် အောက်သို့ ငုံ့ကြည့်လိုက်သည်။အမှောထုထဲတွင် ကြီးမားသော မီးတောက်များ တောက်လောင်နေခဲ့သည်။ မီးတောက်သည် ၁၁ လွှာမှ လောင်ကျွမ်းတက်လာနေ၏။ မီးလောင်ထားသော ရုပ်အလောင်း အနည်းငယ် ပြုတ်ကျလာခဲ့သည်။အန်တီအလုပ်များသူ၏ အော်ဟစ်သံများကို ကောင်းမင်ကြားလိုက်သည်။
“ရှရန်နဲ့ စီစွေ့အိမ်ရာက လူတွေနဲ့ဆို အဆင်ပြေပြေဖြစ်နေရမှာလေ ၊ ဘာတွေဖြစ်နေတာလဲ ”
ကောင်းမင်က သားစားကြူးနတ်ဘုရားကို အသုံးပြု၍ ထိုအဘိုးအိုနှင့် ပတ်သက်သည့် အရာအားလုံးကို စစ်ဆေးလိုက်သည်။ သူတွင် နတ်ဘုရားအလောင်း၏ အနံ့အသက်ပင် မရှိချေ။
“ဒီလူအိုကြီးက သာမန်သရဲတက်တူးတွေနဲ့ ရှရန်ကို ထိခိုက်စေနိုင်တာလား”
ဓာတ်လှေကား ပျက်သွားသောကြောင့် ကောင်းမင်က လှေကားကို သုံး၍ ၁၂ လွှာသို့ သွားလိုက်သည်။ သူမီးထဲသို့ ပြေးဝင်မသွားမီ အပြင်းအထန်မီးလောင်ဒဏ်ရာ ရထားသော အဖွဲ့လေး၏ ခေါင်းဆောင် ပြေးဆင်းလာသည်ကို မြင်လိုက်ရသည်။ ထိုအဘိုးအိုကြီးသည် မီးလူသားတစ်ဦးနှင့် တူနေလေသည်။ သူ့ကိုယ်ပေါ်ရှိ သရဲတက်တူးများသည် မီးလောင်သွားခဲ့မှုကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ သူသည် သူ့ကိုယ်သူ ဒဏ်ရာများဖြစ်စေလိုက်ပြီး သူ့အနားသို့ မကောင်းဆိုးဝါးမှုများ ချဉ်းကပ်လာခြင်းကို တားဆီးထားသည်။အဖွဲ့လေးတွင် သူကလွဲ၍ ကျန်အဖွဲ့ဝင်များအားလုံး ကော်ရစ်ဒါများထဲတွင် ပျောက်ကွယ်သွားကြပြီဖြစ်သည်။
“ချီးပဲ!”
ထိုအဘိုးအို၏ ပုံတူပန်းချီသည် နံရံပေါ်တွင် ပေါ်လာခဲ့သည်။ပန်းချီသည် အလွန် လက်တွေ့ဆန်၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်အား စက္ကူအရုပ်များက ကိုက်ခဲထားပြီး ငွေအပ်များ၊ အနီရောင်ချည်မျှင်များနှင့် ထိုးဖောက်ခံထားရသည်။
ရှရန်က ထိုအဘိုးအိုအား ပန်းချီဆွဲခဲ့ခြင်းပင်။ သို့သော် ထိုအဘိုးအိုသည် လုံးဝ မတွန့်ဆုတ်ဘဲ သူ့ခန္ဓာကိုယ်နှင့် မျက်နှာအား မီးရှို့ပစ်လိုက်သည်။ သူသည် သူ့ပုံပန်းသဏ္ဍာန်ကို အပြည့်အဝ ပြောင်းလဲပစ်လိုက်ပြီး ရှရန်အတွက် ထောင်ချောက်တစ်ခုဆင်ရန် သူ့ခန္ဓာကိုယ်အား အသုံးပြုခဲ့သည်။
ရှရန်သည် အမြဲတမ်း ကြင်နာပြီး ပြုံးရယ်နေတတ်သူဖြစ်သည်။ယခု ဆရာရှ၏ မျက်နှာတွင် အမုန်းတရားနှင့် နောင်တတရားများကို ကောင်းမင် မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။
“ဒီ ရှင်းလုက လုံခြုံရေး အဖွဲ့ဝင်တွေကတော့ တစ်ခုခုတော့ တစ်ခုခုပဲ”
ရှရန် ထိုအဘိုးအိုနောက်သို့ တကောက်ကောက် လိုက်နှောင့်ယှက်နေခဲ့သည်။ သူတို့နှစ်ဦးသည် မကြာမီ ၉ လွှာသို့ ရောက်လာခဲ့ကြသည်။ပိုင်ရှောင် နှင့်ချန်းယွင်ထျန်းတို့သည် သူတို့အဖွဲ့ကို ဦးဆောင်၍ ၈ လွှာသို့ ရောက်နှင့်နေခဲ့ကြသည်။
ရှရန်နောက်မှ လိုက်ပါလာခဲ့သော ကောင်းမင်က ချက်ချင်း ကြားဖြတ်ဝင်လိုက်သည်။ပိုင်ရှောင်သည် သူ့အစီအစဉ်အတွက် အရေးပါသောသူပင်။
အဖွဲ့လေး၏ ခေါင်းဆောင်သည် သေအံ့ဆဲဆဲဖြစ်နေသော်ငြား လွန်စွာဆိုးယုတ်ပေသည်။ သူက ထိုသာမန်စုံစမ်းရေးမှူးများ၏ အသက်ကိုအသုံးပြု၍ အချိန်ပိုရရန် ရည်ရွယ်ချက်ဖြင့် ထိုလူများထံ ပြေးသွားလိုက်သည်။
ပိုင်ရှောင်နှင့်ချန်းယွင်ထျန်းတို့က ပြဿနာကို ချက်ချင်း သိလိုက်ကြသည်။ သို့သော်လည်း သူတို့သည် မတူညီစွာ တုံ့ပြန်လိုက်ကြသည်။ချန်းယွင်ထျန်းက ပိုင်ရှောင်အား ဆွဲထားလိုက်ပြီး အနက်ရောင်ဆက်သွယ်ရေးစက်မှတဆင့် ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။ သို့သော် ပိုင်ရှောင်သည် ကောင်းမင် ပေးထားခဲ့သော ဓားကို ဆွဲထုတ်လိုက်လေသည်။
ထိုအဘိုးအိုသည် သူတို့အား မျက်လုံးထဲပင် မထည့်ပါချေ။ သူ့မျက်လုံးထဲတွင် သူတို့သည် သေဆုံးပြီးသားလူများ ဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင် ရှေ့သို့ ပြေးတက်လာပြီး ဓားချက်တစ်ချက်ဖြင့် ပန်းချီကားထဲမှ ရှရန်အား ထိခိုက်စေလိုက်သောအခါ သူအံ့အားသင့်သွားခဲ့သည်။
ကောင်းမင်၏ အရိပ်အမြွက်ကိုရလိုက်သော ပိုင်ရှောင်နှင့်ရှရန်တို့က ရှိုးပွဲတစ်ခု ပြသလိုက်ကြသည်။ ကျန်လူများသည် ထိုအဘိုးအိုအား ဆုတ်ခွာနိုင်ရန် ကူညီပေးလိုက်ကြသည်။
အဘိုးအိုသည် ဤအခြေအနေကြောင့် အံ့အားသင့်သွားခဲ့သည်။ သူသည် ရှရန်ကို ထောင်ချောက်ဆင်နိုင်ခဲ့သော်ငြား ပိုင်ရှောင်မှာမူ သရဲတက်တူးပင် မရှိသော သာမန်လူတစ်ယောက် ဖြစ်သည်။
“ဒါက ဓားကြောင့်လား ၊ ဒါမှမဟုတ် သူ့နဲ့ပတ်သက်တဲ့ တစ်ခုခုကြောင့်လား”