ရွေးချယ်မှု
Vol. 21 Ch. 303
“မင်း ကြောက်နေလား”
“ကြောက်တယ် “
“ဒါဆို မင်းဘာလို့ မပြေးတာလဲ “
“ကျုပ်က ဘာလို့ပြေးရမှာလဲ ၊ အဲ့တာတွေက သတ်ဖို့ လွယ်လွယ်လေးပဲ မဟုတ်ဘူးလား”
ချန်းယွင်ထျန်းက မီးတောက်ထဲသို့ ပြေးဝင်သွားသော ပိုင်ရှောင်အား လှမ်းကြည့်လိုက်သည်။သူတို့ ပထမဆုံး ဆုံခဲ့ရသည့် အချိန်ကို သူအမှတ်ရမိသွား၏။အဆင့် ၃ မူမမှန်မှုတစ်ခုတွင် ပိုင်ရှောင်နှင့် သူ့ညီမလေးတို့ နှစ်ဦးတည်းသာ မတော်တဆမှုတစ်ခုလုံးတွင် ရှင်သန်ခဲ့ကြသည်။တစ်ညတာလုံး ရှင်သန်နိုင်ရှန်အတွက် ပိုင်ရှောင်သည် ရှိသမျှ နည်းလမ်းတိုင်းကို ကြိုးစားခဲ့ရသည်။သူတို့သည် သေမင်းချောက်ကမ်းပါးအစွန်းတွင် ရုန်းကန်ခဲ့ကြရသည်။သို့သော်လည်း စုံစမ်းရေးမှူးများရောက်လာပြီးနောက် ပိုင်ရှောင်က ထွက်သွားရန် ငြင်းဆန်ခဲ့လေသည်။သူသည် သူတို့နှင့်အတူ လိုက်ပါ၍ ဒုတိယအကြိမ် အဆောက်အဦးထဲ လိုက်ပါရန်ရွေးချယ်ခဲ့သည်။
ငယ်ရွယ်သော ပိုင်ရှောင်၏ပုံရိပ်မှာ မီးတောက်များထဲတွင် ဓားကိုဝေ့ယမ်းနေသော လက်ရှိပိုင်ရှောင်နှင့် ထပ်တူကျသွားခဲ့သည်။သူကား ဘယ်တော့မှ မပြောင်းလဲခဲ့ပေ။ဟန်ဟိုင်းအား လူသားများသာ ပိုင်ဆိုင်ခြင်းဖြစ်သည်။ထွက်ပြေးရမည့် သူများမှာ အရိပ်ထဲမှ သရဲများသာဖြစ်သည်။
ချန်းယွင်ထျန်း၏ ဆုတ်ခွာရန်အမိန့်မှာ လည်ချောင်းထဲတွင် တစ်ဆို့သွား၏။သူ့လက်အား ပြန်မချသော်ငြား ရှေ့သို့ ဝေ့ယမ်းလိုက်သည်။
“ပိုင်ရှောင်ကို ကူညီကြ “
မည်သည့်စုံစမ်းရေးမှူးမှ နောက်မဆုတ်ပေ။သာမန်လူတစ်စုသည် တွန့်ဆုတ်နေသောမျက်နှာအမူအရာများမရှိပဲ မီးပင်လယ်ကြီးထဲသို့ တိုက်ခိုက်လိုက်ကြသည်။စုံစမ်းရေးမှူးများသည် ဌာန၏ အမြောက်စာများ မဟုတ်သော်လည်း အဘိုးကြီးပြောသည်မှာ မှားသည်တော့မဟုတ်။သူတို့သည် သရဲများအတွက် အရုပ်များဖြင့်သာ တူလေသည်။သို့သော်လည်း ဌာန၏အချက်အလက် အများစုသည် ထိုသက်ရှိအမြောက်စာများထံမှ ရရှိလာခြင်းဖြစ်ပေသည်။
“ပြန်လာတော့ မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး”
အဘိုးအိုသည် ပူပန်လာခဲ့ပြီဖြစ်သည်။သူ့အသက်ရှူသံကား ဟောဟဲလိုက်နေချေပြီ။သူခြေလှမ်းလှမ်းလိုက်တိုင်း သူ့ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း ပဲ့ကျတော့မလို ခံစားနေရသည်။မီးတောက်သည် သူ့ရှိသမျှအရာအားလုံးကို ဖျက်ဆီးလိုက်ပြီဖြစ်သည်။သူလွတ်မြောက်ရန်အတွက် စုံစမ်းရေးမှူးများ၏ အကူအညီကို လိုအပ်သည်။စုံစမ်းရေးမှူးများ မီးတောက်ထဲတွင် လွင့်ပျံသွားကြသည်။သူတို့သည် အကြောက်တရားနှင့် နာကျင်မှုတို့ကို မမှုသော ငရဲမှ နတ်ဆိုးများသဖွယ်ဖြစ်နေတော့သည်။
အဘိုးသည် မီးတောက်များဝါးမြိုခံလိုက်ရသော စုံစမ်းရေးမှူးများကို ကြည့်လိုက်သည်။ထိုအရူးများသည် သရဲတက်တူးများ မပိုင်ဆိုင်ထားသလို ကျိန်စာသင့်ပစ္စည်းများကို မည်သို့ သုံးရမှန်းလည်းမသိပေ။သူတို့သည် သရဲများကို တိုက်ခိုက်ရန် မည်သည့်နည်းစနစ်မှ မရှိသော်လည်း အကြောက်တရားကင်းမဲ့နေကြချေသည်။
“မင်းလည်း သေချင်နေပြီလား”
ရှရန်သည် စက္ကူရုပ်များ၏ နောက်ပြန်ဆွဲခံထားရလေသည်။သူသည် အဘိုးအို၏ ပုံတူအားပိုင်ဆိုင်ထားပြီး ကျိန်စာအလွှာများဖြင့် ကန့်သတ်ခံထားရသည်။သူ့စွမ်းအား အပြည့်အဝကို ထုတ်မသုံးနိုင်ချေ။ယင်းသည် သူဒုတိယအကြိမ် အထိအခိုက်ခံရခြင်းဖြစ်သည်။ပိုင်ရှောင်၏ဓားချက်ကို ထပ်မံရှောင်တိမ်းလိုက်ပြီးနောက် ရှရန်က ကောင်းမင်အား မျက်ရိပ်ပြလိုက်သည်။သားစားကြူးနတ်မှာ နတ်ဘုရားအလောင်း၏အနံ့ကို အာရုံခံမိသွား၏။ဆိုလိုသည်မှာ နောက်ထပ်လုံခြုံရေးအဖွဲ့တစ်ဖွဲ့ လာနေခြင်းပင်။
“အရမ်းဂရုစိုက်တတ်တာပဲ မင်းဒီလောက် အသက်ရှည်နေတာ အံ့ဩစရာမရှိတော့ပါဘူး”
ရှရန်က အဖွဲ့လေးခေါင်းဆောင်အား တစ်ချက်ကြည့်လိုက်ပြီး ပျောက်ကွယ်သွားလေသည်။ပုံတူပန်းချီမှာ ပြာအဖြစ်ပြောင်းလဲသွားတော့သည်။ပိုင်ရှောင်က ရှရန်နောက်သို့ ပြေးလိုက်သွားခြင်းမရှိပေ။သူသည် သရဲက အလျှော့ပေးခဲ့သည်ဟု ခံစားနေရလေသည်။
“မလိုက်နဲ့တော့ ၊ စစ်ကူတွေကို စောင့်ကြ”
အဖွဲ့လေးခေါင်းဆောင်က လဲကျမသွားခင် နောက်ဆုံးစွမ်းအင်တစ်စက်ကို အသုံးပြုလိုက်ရသည်။ဆယ်မိနစ်ခန့်ကြာပြီးနောက် အဖွဲ့ရှစ်နှင့် အဖွဲ့ နှစ်တို့ ရောက်ရှိလာကြသည်။သူတို့သည် စုံစမ်းရေးမှူးအများအပြားကို ခေါ်လာခဲ့ကြပြီး ထိုဧရိယာအား ချိတ်ပိတ်လိုက်ကြသည်။
“သူ အဆင်ပြေတယ်၊ သူသေမှာ မဟုတ်ဘူး”
အဖွဲ့နှစ်ခေါင်းဆောင်က အဘိုးအို၏အခြေအနေအား စစ်ဆေးလိုက်ပြီး ဝမ်ကျားထံ ဖြစ်စဉ်ကိုအစီရင် ခံလိုက်သည်။ထို့နောက် မီးလောင်ထားသဖြင့် အပြင်းအထန်တူးခြစ်နေသောအဘိုးအိုအား လူနာတင်ကားပေါ်သို့ ပိုလိုက်ကြသည်။
“မင်းတို့အားလုံး ငါနဲ့လိုက်ခဲ့ကြ”
အဖွဲ့နှစ်ခေါင်းဆောင်၏ အမူအကျင့်မှာ စုံစမ်းရေးမှူးများအား လုံခြုံရေးအဖွဲ့များနှင့် တစ်တန်းတည်းမထားသော်လည်း အဘိုးအိုထက် ပိုကောင်းပေသည်။
မစ်ရှင်၏ပစ်မှတ်သည် ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပြီး သဲလွန်စများ အစဖျောက်ခံလိုက်ရသည်။လူအားလုံးကို မြို့တော်အရှေ့ပိုင်း ဟန်သဲ့ကိုယ်ပိုင်ကျောင်းသို့ ခေါ်သွားလိုက်သည်။ထိုနေရာသည် စီတုအန်း၏နယ်မြေအစစ်ဖြစ်သည်။ထိုနေရာအား စုံစမ်းစစ်ဆေးရေးဌာနမှ နာမကျန်းမှုနှင့် ထိခိုက်ဒဏ်ရာများကုသရန်အတွက် သိမ်းယူထားခြင်းဖြစ်သည်။ချန်းယွင်ထျန်းနှင့် ပိုင်ရှောင်တို့က လုပ်မြဲအတိုင်း အနက်ရောင်ဆက်သွယ်ရေးစက်မှတဆင့် ကြီးကြပ်ရေးမှူးထံ အစီရင်ခံလိုက်ကြသည့်။သို့သော်လည်း သူတို့ထွက်သွားရန်ပြုလိုက်ချိန်တွင် လုံခြုံရေးအဖွဲ့ဝင်များက သူတို့အားတံခါးဝတွင် ပိတ်ဆို့ထားကြလေသည်။
အဘိုးအိုမှာ ညသန်းခေါင်တွင် သတိရလာခဲ့သည်။သူက ချက်ချင်းပင် ဝမ်ကျားထံ သတင်းတင်ပြလိုက်သည်။ဝမ်ကျားသည် ရှရန်ရုတ်တရက်ပေါ်လာခြင်းအတွက် အံ့အားသင့်ခြင်းမရှိပေ။လုံခြုံရေးအဖွဲ့များ သရဲများ၏ပစ်မှတ်ထားခံရခြင်းမှာ သာမန်ပင်ဖြစ်သည်။ပိုင်ရှောင်နှင့် သူ့ဓားကိုသာ သူပိုစိတ်ဝင်စားပေသည်။ဝမ်ကျားက အဘိုးအိုအား အနားယူရန်ပြောလိုက်သည်။ထိုနောက် သူသည် သေတ္တာနက်တစ်လုံးကို သယ်ဆောင်၍ ချန်းယွင်ထျန်းနှင့် ပိုင်ရှောင်တို့ရှိရာ အခန်းဆီရောက်လာခဲ့လေသည်။
“ဒီဓားကို မင်းကို ဘယ်သူပေးခဲ့တာလဲ”
“ဟန်သဲ့ကိုယ်ပိုင်ကျောင်းကနေ ကျုပ်ရှာတွေ့ခဲ့တာပါ”
ပိုင်ရှောင်သည် ထိုဓားအား စီတုအန်းဆီမှ ရထားကြောင်း ကောင်းမင်ထံမှ ကြားခဲ့ရသည်။သူက ကောင်းမင်အကြောင်းမပြောလိုက်သော်လည်း စီတုအန်းနှင့် ဆက်စပ်နေသည့် တည်နေရာအားပြောပြလိုက်သည်။
“မင်း လိမ်နေတာပဲ ၊ မင်းတစ်ခုခုကို ဖုံးကွယ်ထားတယ်”
ဝမ်ကျားက သေတ္တာနက်လေးကို စားပွဲပေါ်တင်လိုက်သည်။
“လူတိုင်းမှာ လျှို့ဝှက်ချက်လေးတွေ ရှိကြတယ် ၊ မင်းနှလုံးသားထဲ ငါမကြည့်ပါဘူး “
“ခင်ဗျား ဘာလိုချင်တာလဲ “
ပိုင်ရှောင်သည် ထိုလူအကြောင်း ကောင်းကောင်းမသိပေ။သူတို့အားလုံးသည် စုံစမ်းရေးမှူးများကို ကျွဲနွားများသို့သာ သဘောထားကြသည်။
“ငါဘယ်သူ့ကိုမှ ကျွဲနွားတွေလို မဆက်ဆံခဲ့ဖူးဘူး ၊ စုံစမ်းစစ်ဆေးရေးဌာနကို ကိုယ့်ဆန္ဒနဲ့ ဝင်လာတဲ့ သူတိုင်းကို ငါလေးစားတယ် “
ဝမ်ကျားထိုသို့ပြောလိုက်သည်နှင့် ပိုင်ရှောင်တိတ်သွားသည် ။ထိုလူကား သူ့စိတ်ကို ဖတ်နိုင်ပေသည်။
“လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် စွမ်းရည်တွေနဲ့ ကိုယ်ပိုင်တန်ဖိုးတွေ ရှိကြတယ် “
ဝမ်ကျားက သူ့လက်အား သေတ္တာနက်လေး၏သော့ပေါ်သို့ တင်လိုက်သည်။
“မင်းဟာ မင်းရဲ့ အလားအလာကို အပြည့်အဝမဖွင့်ရသေးဘူး ဒါပေမယ့် အဲ့ဒါကို ငါကူညီနိုင်ပါတယ်”
သော့ပွင့်သွား၏။ဝမ်ကျားက ပိုင်ရှောင်အားလက်ဝေ့ပြလိုက်သည်။
“ငါ့ကို ဓားပေးပါ ၊ ငါမင်းကို သရဲတွေ သတ်နိုင်တဲ့ စွမ်းအားရအောင် ကူညီပေးမယ် “
ဝမ်ကျားက ပိုင်ရှောင်အား ရွေးချယ်စရာနှစ်ခုပေးလိုက်သည်။ဓားကို စွန့်လွှတ်လိုက်ခြင်းသည် သူ့အတိတ်ကို လက်လျှော့လိုက်ခြင်းဖြစ်သည်။ဝမ်ကျားသည် သူ့အတိတ်က အပြစ်များကို ခွင့်လွှတ်ပေးမည်ဖြစ်ပြီး ပိုင်ရှောင်အား လုံခြုံရေးအဖွဲ့ထဲ ဝင်ရန်ခွင့်ပြုလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်သည် ဓားကို ဆက်လက်စွဲမြဲနေပါက သူက ပိုင်ရှောင်အား တရားဝင်စုံစမ်းစစ်ဆေးမှု စတင်တော့မည်ဖြစ်သည်။
ပိုင်ရှောင်က ဓားရိုးကို ဆုပ်ကိုင်လိုက်သည်။ပိုင်ရှောင်ကြည့်ရသည်မှာ သာမန်ဖြစ်နေသော်လည်း ပိုင်ရှောင့်အပေါ် ဖိအားအများအပြားပေးနေခြင်းဖြစ်သည်။သူသည် အရာအားလုံးကို ဖြတ်မြင်နေရသည်။ဝမ်ကျား၏အမြင်တွင် သူသည် မွေးကင်းစကလေးတစ်ယောက်နှင့်တူ၏။
“ငါမင်းကို အခွင့်ရေးတစ်ခါပဲ ပေးမယ်”
ဝမ်ကျားက သူ့သွေးရောင်ဆက်သွယ်ရေးစက်ကို ထိတွေ့လိုက်သည်။
“မင်းဒါကို စဉ်းစားဖို့ ဆယ်မိနစ်အချိန်ရမယ်”
သူတို့ ရှေ့မဆက်နိုင်ပဲဖြစ်နေကြစဉ် ကော်ရစ်ဒါအပြင်ဘက်မှ ခြေသံများထွက်ပေါ်လာ၏။ လုံခြုံရေးအဖွဲ့ဝင်များက တံခါးကိုတွန်းဖွင့် လိုက်ကြသည်။တံခါးဝတွင် မိန်းမဆန်သော မျက်နှာတစ်ခုပေါ်လာလေသည်။
ကျင်းထောင်ရှန်း၏ အဖြူရောင်ဆက်သွယ်ရေးစက်မှာ ဆက်လက်တုန်ခါနေဆဲဖြစ်သည်။သူသည် နာရီအနည်းငယ်ကတည်းက ချန်းယွင်ထျန်းထံမှ မက်ဆေ့ရခဲ့ခြင်းဖြစ်သည်။
“ဝမ်ကျား ၊ မင်း ထပ်ပြီး လှည့်ဖျားနေတာ ငါတွေ့မယ်ဆိုရင်….”
“ဒီက အခြေအနေကို ဌာနချုပ်ကို မင်းအစီရင်ခံပြီးပြီလား “
ကျင်းထောင်ရှန်းစကားမဆုံးသေးခင် ဝမ်ကျားက ဖြတ်ပြောလိုက်သည်။လီစန်းဆေးရုံထဲတွင် သူ့အဖွဲ့သားအများအပြားသေဆုံးခဲ့ရသည်။တစ်စုံတစ်ယောက်တော့ ထိုအတွက် ပေးချေရမည်ဖြစ်သည်။
“မင်းက တားမြစ်ဂိမ်းထဲမှာ အကြာကြီးနေခဲ့ရတာဆိုတော့ ဌာနချုပ်က ငါ့ကို ဘာလို့ မြို့တော်အရှေ့ပိုင်းကို ဦးဆောင်ခိုင်းခဲ့တာဆိုတာ မင်းမေ့သွားတာလား”
ကျင်းထောင်ရှန်းကား တစ်ကိုယ်တည်း ရောက်လာခြင်းမဟုတ်ပေ။သူ့နောက်တွင် လူအမြောက်အများရှိနေပေသည်။ပိုင်ရှောင်က သူတို့ထဲက လူတချို့ကိုမှတ်မိလိုက်သည်။ကွင်းစ်စုံစမ်းစစ်ဆေးရေးဌာန၏ အရင်ခေါင်းဆောင် ကျိုးကျွင်း ၊ ကောင်းမင်၏အတန်းဖော် အခန်း၁၃ အတန်းခေါင်းဆောင်ယွမ်ဟွေ့ နှင့် ဟန်ဟိုင်းမှ စစ်ကူလာသော လုံခြုံရေးအဖွဲ့ဝင်ဖူဟို့တို့ပင်။