← Chapters

မဖွင့်ရ

Vol. 21 Ch. 305

မဖွင့်ရ

Vol. 21 Ch. 305

မည်သည့်အချိန်ကစမှန်း မသိသော်လည်း ဟန်ဟိုင်းကျေးလက်ဒေသရှိ အိမ်ဟောင်း အများအပြားသည် အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံခဲ့ရသည်။ မူလပိုင်ရှင်များ ထွက်ခွာသွားပြီးနောက် တခြားအရာများ ပြောင်းရွှေ့လာခဲ့ကြသည်။အခြားသူများ အိမ်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်သွားခဲ့ကြပြီး ပိုင်ရှောင်တစ်ကိုယ်တည်းသာ အပြင်တွင် ကျန်ရစ်ခဲ့လေသည်။

ကျေးလက်ဒေသသည် မူမမှန်မှုများ၏ အဓိကဗဟိုပြုဧရိယာဖြစ်သည်။ သို့သော်လည်း လူဦးရေ နည်းပါးသောကြောင့် ရှင်းလင်းသည့် သတင်းပို့ချက်မရှိပါက စုံစမ်းစစ်ဆေးရေးဌာနများသည် လူစေလွတ်ခြင်းမရှိကြပေ။ဆိုလိုသည်မှာ အိမ်ဟောင်းများထဲ ညစ်ညမ်းသောအရာများ ကြီးထွားပေါက်ဖွားရန် အခွင့်အရေးများစွာ ရရှိစေသည်ဟူသော အဓိပ္ပာယ်ပင်။ သုတေသနစင်တာအောက်ရှိ အိမ်သည် ကျေးလက်ဒေသတစ်နေရာကနေ ရွှေ့ပြောင်းထားခြင်း ဖြစ်နိုင်ပေသည်။

“ဒီက လူတိုင်းက မူမမှန်မှုတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ရှိပြီးသားပဲ ၊ သူတို့တွေဟာ မူမမှန်မှုတွေနဲ့ ဘယ်လို ဆက်ဆံရမယ်၊ ဘယ်လို ရှင်သန်ရမယ်ဆိုတဲ့ နည်းလမ်းတွေကိုလည်း ကျွမ်းကျင်ပြီးသားပဲ ၊ ဒါပေမဲ့...”

ပိုင်ရှောင်က ပြတင်းပေါက်မှ အိမ်ထဲသို့ ကြည့်လိုက်သည်။

“မိနစ်အနည်းငယ် ရှိနေပြီ၊ ဒါပေမဲ့ အားလုံးက ပုံမှန်အတိုင်းပဲ ရှိနေတုန်းပဲ”

ဓားကို ကိုင်ထားရင်း ပိုင်ရှောင်က ရှေ့တံခါးမှ အိမ်ထဲသို့ ဝင်လိုက်သည်။ ထိုနေရာ၏ ဒီဇိုင်းပုံစံသည် သာမန်ဖုန်းရွှေ (Feng Shui) နဲ့ပင် လုံးဝဆန့်ကျင်ဘက် ဖြစ်နေပေသည်။ယင်းသည် သက်ရှိများအတွက် မဟုတ်ဘဲ သေဆုံးသူများအတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။ အခန်းထဲရှိ အရာအားလုံး မဂဏန်းသီးသန့်ပင်။ စားပွဲပေါ်တွင် တူသုံးချောင်း ရှိနေ၏။

ဧည့်ခန်းထောင့်က သစ်သားနာရီသည် ထိုင်နေသောလူတစ်ယောက်နှင့် တူနေလေသည်။ လှုပ်ရှားနေသည့် စက္ကန့်လက်တံမှာ သူ့နှလုံးခုန်သံ ဖြစ်နေသည်။ စူးစမ်းရှာဖွေနေဆဲဖြစ်သည့် စုံစမ်းရေးမှူးများ တဖြည်းဖြည်း စိုးရိမ်ပူပန်လာတော့သည်။ သူတို့ရရှိထားသော အတွေ့အကြုံများသည် ထိုနေရာတွင် အသုံးဝင်ခြင်းမရှိပေ။ နေရာသည် အန္တရာယ်ရှိသော်လည်း အန္တရာယ်၏ရင်းမြစ်အား သူတို့ ရှာမတွေ့နိုင်ခဲ့ကြချေ။

“ကျုပ်တို့ ဧည့်ခန်းမှာ စုကြမလား”

စုံစမ်းရေးမှူး နံပါတ်ကိုးက လူတိုင်းကို ဧည့်ခန်းထဲ စုဝေးရန် ဖိတ်ခေါ်လိုက်သည်။

“ဒီစမ်းသပ်မှုကို အောင်မြင်မယ့်သူ တစ်ယောက်ထက်မက ရှိလိမ့်မယ် ၊ ကျုပ်တို့က ပြိုင်ဘက်တွေ မဟုတ်ဘူး ၊ ကျုပ်တို့ သတင်းအချက်အလက်တွေ ဝေမျှကြမယ်ဆိုရင် သရဲတက်တူးကို အတူတူ ရနိုင်တယ်လေ”

ဘယ်သူမှ မကမ်းလှမ်းသောကြောင့် နံပါတ် ၉ က ထပ်မံစတင်လိုက်သည်။

“ကျုပ်အရင် စရမလား”

သူက အကြွေးစာရွက်တချို့ကို ထုတ်ပြလိုက်ပြီး ပြောလိုက်သည်။

“ပိုင်ရှင်ဟာ တစ်ချိန်က ငွေတွေအများကြီး အကြွေးတင်ခဲ့တယ် ၊ ဒါပေမယ့် သူက ထူးဆန်းတဲ့ နည်းလမ်းတချို့ကို သုံးပြီး အားလုံးကို ပြန်ဆပ်နိုင်ခဲ့တယ်”

“သမီးဖြစ်သူရဲ့ အခန်းထဲက ကုတင်အောက်မှာ ငှက်အသေကောင်တွေနဲ့ ငါးအသေကောင်တွေကို ကျုပ် တွေ့ခဲ့တယ် ၊အဲ့တာတွေက ပုပ်ပွပြီး အနံ့ဆိုးတွေ ထွက်နေပြီ ၊ ယဇ်ပူဇော်ထားတဲ့ပုံပဲ”

နံပါတ် ၂ က လက်ပိုက်လိုက်သည်။

“ပိုင်ရှင်က သရဲတွေကို ပူဇော်ဖို့အတွက် ဝတ်ပြုဓလေ့တချို့ကို လုပ်ခဲ့တာ ဖြစ်နိုင်တယ် ၊ သူက အစပိုင်းမှာ တိရစ္ဆာန်တွေနဲ့ စခဲ့ပြီး နောက်ဆုံးတော့ သူ့မိသားစုဝင်တွေအထိ အဆင့်တိုးသွားပုံပဲ”

“ဒီမှာ ရှိတဲ့လူတိုင်းက ယဇ်ပူဇော်ခံပြီးပြီလို့ မင်းထင်နေတာလား”

နံပါတ် ၃ ကား အသက်ကြီးကြီးလူတစ်ယောက်ဖြစ်သည်။ သူ့မျက်လုံးများသည် မှိုင်းညို့နေပြီး ဆံပင် ဖြူနေ၏။

“ဒါပေမဲ့ သရဲက ဘယ်မှာလဲ ၊ မူမမှန်မှုက ဘယ်လို ပေါ်လာမှာလဲ”

“ခဏ ...”

နံပါတ် ၅ က ပတ်ပတ်လည်ကို ကြည့်ရှုလိုက်ပြီး သူ့မျက်နှာအမူအရာက မည်းမှောင်သွား၏။

“စုံစမ်းရေးမှူး နံပါတ် ၄ ပျောက်နေတာကို ခင်ဗျားတို့ သတိထားမိကြလား”

ရုန်းကန်သံ တစ်စုံတစ်ရာမှ မရှိဘဲ သက်ရှိလူတစ်ယောက်သည် မိနစ်အနည်းငယ်အတွင်း အိမ်ဟောင်းထဲမှာ ပျောက်ကွယ်သွားခဲ့သည်။

“ဒီအိမ်မှာ အထပ်နှစ်ထပ်နဲ့ အခန်းခုနစ်ခန်းပဲ ရှိတာ ၊ ကျုပ်တို့ အချင်းချင်း နီးနီးကပ်ကပ်ပဲ နေခဲ့တာပဲ ၊ နံပါတ် ၄ က အသံတစ်ခုခု ပေးခဲ့မယ်ဆိုရင် ကျုပ်တို့ ကြားမိမှာပဲ”

လူတိုင်း ဧည့်ခန်းထဲက ကော်ဖီစားပွဲတွင် ဝိုင်းလိုက်ကြသည်။ သူတို့သည် မီးရောင်အောက်တွင် ရပ်နေကြခြင်းဖြစ်သော်လည်း သူတို့ နှလုံးသားထဲရှိ ကြောက်ရွံ့မှုကား မြင့်တက်လာချေပြီ။

“ နံပါတ် ၄ က... အဝတ်ဗီရိုထဲမှာ ပိတ်မိနေတာမျိုး ဖြစ်နိုင်မယ်လို့ ခင်ဗျားတို့ ထင်မိလား”

တိတ်ဆိတ်နေခဲ့သော နံပါတ် ၇ က ပင်မအိပ်ခန်းကို လက်ညှိုးထိုးပြလိုက်သည်။

“ပင်မအိပ်ခန်းထဲမှာ တိပ်အကြီးကြီးတွေ ကပ်ထားတဲ့ အဝတ်ဗီရိုတစ်ခုကို ကျုပ် သတိထားမိတယ် ၊ တံခါးတွေမှာ မှတ်စုတစ်ခု ကပ်ထားတယ် ၊ မဖွင့်ရ လို့ ရေးထားတယ်”

“အဝတ်ဗီရိုလား”

သူတို့ ချက်ချင်း ပင်မအိပ်ခန်းထဲ ရောက်သွားကြသည်။ သမီးဖြစ်သူ၏ အိပ်ခန်းနဲ့ ယှဉ်ပါက ပင်မအိပ်ခန်းသည် ကြီးမား၏။ ကုတင်ကား လူလေးယောက် အလွယ်တကူ အိပ်နိုင်ပေသည်။ အပြင်အဆင်များက ခမ်းနားသော်ငြား ဗီရိုပတ်လည်တွင် ဝိုင်းအုံနေကြသည့်အတွက် ဘယ်သူမှ ထိုအရာများကို ဂရုမစိုက်ခဲ့ကြပေ။ မှတ်စုသည် ဝါကျင့်ကျင့်ဖြစ်နေပြီး သွေးများစွန်းထင်းနေလေသည်။ လက်ရေးမှာမူ မညီမညာဖြစ်နေ၏။စာလုံးများသည် တွားသွားနေသော ပိုးကောင်များနှင့် တူသည်။ ထိုအိမ်ဟောင်းထဲတွင် ထိုအဝတ်ဗီရိုကသာ ထူးထူးခြားခြား နေရာလွဲနေခဲ့ခြင်းဖြစ်သည်။

“ကျုပ်တို့ တိပ်ကို ဖယ်ပစ်သင့်လား”

နံပါတ် ၉ သည် အုပ်စုနောက်တွင် ရပ်နေရင်း တိုက်တွန်းလိုက်သည်။

“မှတ်စုက တံခါးတွေကို မဖွင့်ဖို့ ပြောထားတာပဲ ၊ ကျုပ်တို့ မဖွင့်သရွေ့တော့ ဘာမှ ဖြစ်မှာမဟုတ်ဘူး”

နံပါတ် ၂ က ဗီရိုဘေးတွင် ရပ်၍ အပေါက်မှတဆင့် အထဲ ကြည့်ဖို့ ကြိုးစားလိုက်သည်။ ထို့နောက် သူက သူ့နားကို တံခါးပေါ် ကပ်လိုက်သည်။

“နှလုံးခုန်သံ၊ အသက်ရှူသံ မရှိဘူး ၊ နံပါတ် ၄ ဒီထဲမှာ ရှိတယ်ဆိုရင်တောင် အခုချိန်မှာ သူအလောင်း ဖြစ်နေလောက်ပြီ”

“ဒီစမ်းသပ်မှုက အဝတ်ဗီရိုကို အဓိကထားပုံရတယ် ၊ အထဲမှာ ဘာတွေရှိနေတာလဲ”

နံပါတ် ၅ က မီးဖိုချောင်တွင် သူတွေ့ခဲ့သည့် ဓားကို ကိုင်ထားသည်။ သူ့လက်များသည် ချွေးစေးများဖြင့် စိုစွတ်နေ၏။

“ဒီ စောက်သုံးမကျတဲ့ စမ်းသပ်မှုကတော့ … သဲလွန်စတစ်ခုတောင် လိုက်ရှာလို့ မရဘူး”

နံပါတ် ၉ က သူ့ဒဏ်ရာကို အုပ်ထားရင်း ကျိန်ဆဲလိုက်သည်။

နံပါတ် ၂ က သူ့ကိုရော ပိုင်ရှောင်ကိုပါ စိုက်ကြည့်လိုက်သည်။တခြားသူများနှင့်အတူ တစ်ဖက်တည်းရပ်တည်ရန် သူနေရာရွှေ့လိုက်သည်။

“ကျုပ် နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားနေတာ ၊ ဒီ ဗီရိုဟာ အာရုံလွှဲစရာ ဖြစ်ပြီး တကယ့် သရဲက ကျုပ်တို့ထဲမှာများ ရှိနေမလား ၊ ကျုပ်တို့ထဲမှာ ထူးခြားတဲ့ လူနှစ်ယောက် ရှိနေတယ် ၊ တစ်ယောက်က နံပါတ် ၉ ပဲ ၊ ဒီစမ်းသပ်မှုထဲကို ဝင်လာသူတိုင်းက အကောင်းဆုံးအခြေအနေမှာ ရှိနေကြတယ်၊ ဒါပေမဲ့ နံပါတ် ၉ က ဒဏ်ရာရနေတယ် ၊ နောက်တစ်ယောက်ကတော့ နံပါတ် ၁၀ပဲ ၊ သူက သူ့ဓားကို ယူလာခဲ့တယ်”

“ငါ့ဓားက သရဲတွေကိုရော လူတွေကိုရော သတ်နိုင်တယ် ၊ မင်း တိုက်ခိုက်ချင်တယ်ဆိုရင် မင်းကို အရင် ဖယ်ရှားပစ်ဖို့ ငါစိတ်ရှိမှာ မဟုတ်ဘူး”

ပိုင်ရှောင်သည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဂိမ်းများကို မုန်းတီးသည်။ လူသားများနှင့် နှိုင်းယှဉ်ပါက သရဲအများစုက ပိုပြီး တည့်တိုးဆန်ကြသည်သာ။

“ဒါက ကျုပ်ရဲ့ ဒုတိယမြောက် သရဲတက်တူးစမ်းသပ်ချက်ပဲ ၊ ကျုပ်ဒဏ်ရာရနေတာ ပုံမှန်ပဲလေ ၊ ဒါပေမဲ့ ကျုပ်ရဲ့ ဗဟုသုတအရ စမ်းသပ်မှုတစ်ခုတည်းမှာ ပါဝင်သူ ကိုးယောက်ထက် ပိုမရှိသင့်ဘူး”

နံပါတ် ၉သည် အမျက်ဒေါသအား ပိုင်ရှောင်ဘက်သို့ ဦးတည်စေချင်ခဲ့သည်။

“ဒီအိမ်က ဒီလောက်ပဲ ကျယ်တာ ၊ ဒီက လူတိုင်းက အတွေ့အကြုံရှိပြီးသားပဲ ၊တစ်ယောက်ယောက်က သရဲတွေဆီကနေ မလွတ်မြောက်နိုင်ဘူးဆိုရင်တောင် အော်ဟစ်အကူညီတောင်းဖို့က ကြီးမားတဲ့ ပြဿနာ မဖြစ်သင့်ဘူးလေ”

နံပါတ် ၅ က သူ့မျက်လုံးထဲရှိ ထိတ်လန့်တုန်လှုပ်မှုများနှင့်အတူ အကြောင်းအရာ ပြောင်းလိုက်သည်။

“အဲဒါထက်... ဒီထဲက အပူချိန် ကျသွားတာကို ခင်ဗျားတို့ သတိထားမိကြလား”

“ကျုပ်တို့ အတူတူ ကပ်နေသင့်တယ်”

နံပါတ် ၂ က ကျန်သူများကို ကြည့်လိုက်သည်။

“ဒါပေမဲ့ သံသယရှိသူနှစ်ယောက်ကတော့ နောက်မှာ နေရမယ်”

အဝတ်ဗီရိုပတ်လည်တွင် စုံစမ်းရေးမှူးများ စုရုံးလာခဲ့ကြသည်။ သူတို့သည် သရဲများကိုသာမက နံပါတ် ၉ နှင့် ပိုင်ရှောင်ကိုပါ ဂရုစိုက်နေကြ၏။

“ဟေး၊ ငါတို့ အတူတူ အလုပ်လုပ်သင့်လား”

နံပါတ် ၉ က ပိုင်ရှောင်ကို ပြုံးပြလိုက်သည်။ သူသည် စိတ်တက်ကြွနေပုံရ၏။ သူ့စိတ်သည် အရိပ်ကမ္ဘာ၏အလွန်အကျွံလွှမ်းမိုးမှုကြောင့် ပုံမှန်မဟုတ်တော့ပေ။

ပိုင်ရှောင် ဘာမှမပြောဘဲ ခြံထဲ ထွက်သွားလိုက်သည်။

ပိုင်ရှောင်သည် သူ့စိတ်ထဲတွင် အိမ်ပုံစံအား ပြန်လည်တည်ဆောက်လိုက်သည်။

“ဒီမြေအောက်အိမ်က ယဇ်ပလ္လင်တစ်ခုနဲ့ တူနေတယ်... လူခေါင်းကို ကိုင်ထားတဲ့ ယဇ်ပလ္လင်တစ်ခုပဲ”

သူ အိမ်တစ်ပတ် လမ်းလျှောက်လိုက်သည်။ အိမ်ထဲရှိ လူရိပ်များ ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့ပြီး အပူချိန်က ကျဆင်းသွားခဲ့သည်။ သူ အိမ်ဟောင်းဆီ ပြန်ရောက်လာသောအခါ ဧည့်ခန်းမီးများ ပိတ်နေပြီး ကြောက်မက်ဖွယ်ကောင်းစွာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

“လူတွေ ဘယ်ရောက်သွားတာလဲ”

ပိုင်ရှောင် ပင်မအိပ်ခန်းဆီကို လှည့်ကြည့်မိသွားသည်။

“သူတို့ ဗီရိုကို ဖွင့်လိုက်ကြတာလား ၊ သရဲတွေက တကယ်ပဲ ဗီရိုထဲမှာ ပုန်းနေတာလား”

ပိုင်ရှောင်က အမှောင်ထဲတွင် ဓားကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း ပင်မအိပ်ခန်းတံခါးဆီကို တဖြည်းဖြည်း ရွေ့လျားသွားတော့သည်။

All Chapters