← Chapters

ဆိုးယုတ်မှု B

Vol. 21 Ch. 307

ဆိုးယုတ်မှု B

Vol. 21 Ch. 307

ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှ စီတုအန်း၏ လုပ်ရပ်များက ပိုင်ရှောင်အား တုန်လှုပ်စေခဲ့လျှင် ထိုအိမ်ဟောင်း၌ သူမြင်တွေ့ခဲ့ရသမျှ အရာအားလုံးသည် စုံစမ်းစစ်ဆေးရေးဌာနအပေါ် သူ၏ အထင်အမြင်ကို လုံးဝကျဆင်းသွားစေခဲ့သည်။ သရဲတက်တူးစမ်းသပ်မှုတွင် ပါဝင်ခဲ့သော စုံစမ်းရေးမှူးများသည် စိတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းနေခဲ့ကြပြီး ဖြစ်သည်။ သူတို့ထဲမှ အချို့ကို ရုံးချုပ်သို့ ကုသရန် စေလွှတ်ခဲ့သည်။ သို့သော် ထိုကုသမှုဟု ခေါ်ဆိုသောအရာသည် သူတို့အား စမ်းသပ်မှုများအတွက် စေလွှတ်ခြင်းနှင့် သရဲများကို အစာကျွေးရန် ဖြစ်နေသည်ကို မည်သူမျှ မသိခဲ့ကြပေ။

စိတ်ပိုင်းဆိုင်ရာ ကုသမှုသည် အရင်းအမြစ်များစွာ လိုအပ်သည်။ ဤနည်းလမ်းသည် အရင်းအမြစ် ကုန်ခမ်းမှုအပေါ်တွင် များစွာ ဝန်ပေါ့ပါးစေခဲ့သည်။ သို့သော်လည်း ဤအရာသည် စုံစမ်းရေးမှူးများအပေါ် အလွန်ပင် တရားမျှတခြင်းမရှိခဲ့ချေ။

အဖွဲ့လေး လုံခြုံရေးအဖွဲ့ခေါင်းဆောင်၏ စကားများသည် ပိုင်ရှောင်၏ နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ စုံစမ်းရေးမှူးများသည် အမြောက်စာမျှသာ ဖြစ်သည်။ ရုံးချုပ်အတွက်မူ သူတို့သည် ဇယားတစ်ခုပေါ်ရှိ နံပါတ်များသာ ဖြစ်သည်။

"ဒီလို စုံစမ်းစစ်ဆေးရေးဌာနအတွက် မင်းကိုယ်မင်း စတေးတာက တန်ဖိုးရှိပါ့မလား"

ဗီရိုအတွင်းရှိ ရုပ်အလောင်းများကို ကြည့်နေရင်း အပျက်သဘောဆောင်သော စိတ်ခံစားမှုများက ပိုင်ရှောင်၏ ဦးနှောက်အား လွှမ်းမိုးလာတော့သည်။

“ဒီ ကမ္ဘာကြီးမှာ အဖြေမရှိတဲ့ မေးခွန်းတွေ အများကြီးရှိတယ် ၊ မှားယွင်းမှု အများအပြားကို သက်သေမပြနိုင်ဘူး ၊ အရိပ်ကမ္ဘာရဲ့ ကျူးကျော်မှုက မကောင်းတာတော့ မဟုတ်လောက်ဘူး ၊ ဘာပဲဖြစ်ဖြစ် ငါကတော့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေခဲ့ပြီပဲ ၊ လူတိုင်း မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာတဲ့အခါ ဘယ်သူမှ မကောင်းဆိုးဝါးတစ်ကောင် မဟုတ်တော့ဘူး ၊ ဘယ်သူမှလည်း အနိုင်ကျင့်ခံရတော့မှာ မဟုတ်ဘူး”

“မဟုတ်ဘူး…”

ပိုင်ရှောင်သည် သူ့ခြေထောက်များတွင် ကပ်တွယ်နေသော ဆိုးယုတ်မှုအား ခုတ်ပိုင်းလိုက်သည်။ သူ ဗီရိုအတွင်းအား ရူးသွပ်စွာ ခုတ်ထစ်လိုက်သည်။ ပိုင်ရှောင်သည် ဆိုးယုတ်မှုအငွေ့အသက် အထူထပ်ဆုံးနေရာဆီသို့ ပြေးသွားလိုက်သည်။ သူသည် ဆိုးယုတ်မှုများပူးကပ်နေသည့် အလောင်းများကို အဆက်မပြတ်ခုတ်ပိုင်းနေခဲ့သဖြင့် မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင်ဖြစ်နေတော့သည်။ သူကား ဆိုးယုတ်သည့်စိတ်များဖြင့် ဝန်းရံခံနေရလေပြီ ။ ပိုင်ရှောင်သည် နောက်ဆုံးအခိုက်အတန့်အထိ တိုက်ခိုက်နေခဲ့သည်။ အဆုံးမရှိသော ဆိုးယုတ်မှုများက သူ့ကိုယ်ခန္ဓာအတွင်းသို့ အဆက်မပြတ်ဝင်ရောက်နေခဲ့သည်။ အပြစ်၏ မျိုးစေ့များမှာ သူ့စိတ်ထဲတွင် အမြစ်တွယ်နေလေပြီ။

“ငါ ဒီလို သေလို့မဖြစ်ဘူး ၊ အပြစ်တွေက ရှင်သန်နေတုန်းပဲ ၊ ငါ သေလို့မရဘူး!”

ပိုင်ရှောင်၏ စိတ်ဆန္ဒသည် အဝတ်ဗီရိုထောင့်ကို ထွန်းလင်းနေသော အဖြူရောင်မီးလျှံတစ်ခုနှယ် ဖြစ်သည်။ ဆိုးယုတ်သည့်စိတ်က အနက်ရောင်ပင်လယ်ကဲ့သို့ သူ့အား ဆေးကြောပစ်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ဆိုးယုတ်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့သည်ဟု ခံစားလိုက်ရသည်။ သူသည် အဝတ်ဗီရို၏ ထောင့်တိုင်းနှင့် ဗီရိုအပြင်ဘက်ရှိ အိမ်ဟောင်းတစ်ခုလုံးကို မြင်နေရသည်။

“ငါ့ကို ဆိုးယုတ်တဲ့စိတ်တွေ လွှမ်းမိုးသွားပြီး သူ့ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်သွားပြီလား”

“ဟုတ်တယ် ၊ ဒါက ပြင်ဆင်လို့ မရတော့ဘူး ၊ မင်းက ငါတို့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့ပြီ ၊ မင်းဟာ မင်းအမုန်းဆုံး သရဲတစ်ကောင် ဖြစ်သွားခဲ့ပြီ”

စိတ်ပျက်အားငယ်မှုနှင့် နာကျင်မှုတို့က သူ့စိတ်အား လှုံ့ဆော်နေကြ၏။ သူ သတ်ခဲ့သော စုံစမ်းရေးမှူးများသည် သူ့နှလုံးသားထဲတွင် ပြန်လည် အသက်ဝင်လာခဲ့လေသည်။ သေဆုံးနေသော မျက်နှာများက သူ့အားစိုက်ကြည့်၍ ကျိန်စာများရေရွတ်နေကြသည်။

“မင်း ငါတို့ကို သတ်ခဲ့တယ် ၊ မင်းနေရာကို နောက်တစ်ယောက် အစားထိုးဖို့ ရောက်လာတဲ့အထိ မင်းကို နှိပ်စက်ဖို့ ငါတို့က မင်းရဲ့နှလုံးသားထဲမှာ အမြဲရှိနေလိမ့်မယ်ကွ”

ထိုအဖြေက ကြောက်မက်ဖွယ်ရာ ဖြစ်သည်။ ပိုင်ရှောင်အား ဆန်းကြယ်သော စွမ်းအားတစ်ခုက လမ်းညွှန်ပေးနေခဲ့သည်။ သူသည် အိမ်ဟောင်းအတွင်းတွင် အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သော နံပါတ် ၉ ရှိနေသေးသည်ကို တွေ့ရှိလိုက်သည်။

နံပါတ် ၉ သည် ကြမ်းပြင်အပေါ်ရှိ မီးဖိုချောင် ဗီရိုအတွင်း၌ ကြောက်လန့်တကြား ကွေးကွေးလေး ဖြစ်နေခဲ့သည်။ သူသည် ဗီရိုထဲ ဝင်ဆံ့နိုင်ရန်အတွက် သူ့ခန္ဓာကိုယ်အား အထင်ကြီးစရာ ကောင်းလောက်အောင် ကွေးညွှတ်ထားခဲ့သည်။ သူသည် သွားများကို စေ့ထားခဲ့သည်။ သူ၏ နောက်ကျောတွင် ဗီဒီယိုကိရိယာများနှင့် SOS ကိရိယာများ ချည်နှောင်ထားသည်။ အကြီးဆုံး ပြဿနာမှာ နံပါတ် ၉ သူတို့ထံမှ ဖုံးကွယ်ထားသော ဆက်သွယ်ရေးစက်သည် သာမန်အနက်ရောင်ဆက်သွယ်ရေးသက် မဟုတ်ဘဲ သုတေသီများအတွက် ထူးခြားသော အဖြူရောင်ဆက်သွယ်ရေးစက် ဖြစ်နေခြင်းပင် ဖြစ်သည်။

"ငါတို့နဲ့အတူ ဒီထဲကို သူတို့ လွှတ်လိုက်တဲ့ သုတေသီက အသက်ရှင်နေသေးတယ် ၊ မင်း ကံကောင်းတယ် ၊ မင်းက နောက်ဆုံးလူ မဟုတ်တော့ဘူး ၊ နာကျင်မှုအားလုံးကို ခံစားစရာ မလိုတော့ဘူး"

အပြစ်သည် ပျံ့နှံ့လာနေခဲ့သည်။ ပိုင်ရှောင်၏ စိတ်ထဲတွင် ရက်စက်ကြမ်းကြုတ်သော အတွေးအမျိုးမျိုး ဖြစ်ပေါ်လာလေသည်။ သေဆုံးသွားသော စုံစမ်းရေးမှူးများအားလုံးက သူ့အား စိုက်ကြည့်နေကြသည်။

“မင်း သူ့ကို မီးရှို့ပစ်ချင်တယ် မဟုတ်လား ၊ လည်ပင်းညှစ်သတ်ချင်တယ် မဟုတ်လား ၊ ဒါမှမဟုတ် သူ အရှုံးမပေးမချင်း သူ့ကို ဆော့ကစားချင်တယ် မဟုတ်လား”

ပိုင်ရှောင်သည် နံပါတ် ၉ ကို မကြိုက်ခဲ့သော်လည်း ထိုလူကို သတ်ပစ်ချင်သည့် အဆင့်အထိတော့ မဟုတ်ပေ။

"လူသားတွေက တစ်ကိုယ်ကောင်းဆန်ကြတယ် ၊ မင်း သူ့ကို ဗီရိုထဲ ဆွဲထည့်လိုက်တာနဲ့ မင်း လွတ်မြောက်မှုကို ရှာတွေ့နိုင်ပြီ ၊ မဟုတ်ရင် ဆိုးယုတ်တဲ့စိတ်တွေ အားလုံးက မင်းခန္ဓာကိုယ်ထဲကို ဝင်လာလိမ့်မယ်"

သူ၏ စိတ်ဆန္ဒ တုန်လှုပ်သွားခဲ့သည်။ ထိုအားနည်းသော မီးလျှံကား အမှောင်ထဲတွင် တဖျတ်ဖျတ်တုန်ယင်နေခဲ့သည်။ ပိုင်ရှောင်၏ ဦးနှောက်သည် အမျိုးမျိုးသော အသံများကြောင့် ပေါက်ကွဲလုနီးနီး ဖြစ်နေခဲ့သည်။

“သူ့ကို သတ်လိုက်! အိမ်ထဲမှာ ရှိတဲ့ ဆိုးယုတ်တဲ့စိတ်ကို ထိန်းချုပ်လိုက်! မင်း သူ့ကို သတ်လိုက်တာနဲ့ နာကျင်မှုကနေ လွတ်မြောက်သွားလိမ့်မယ်!”

အသံများစွာက ပဲ့တင်ထပ်နေခဲ့သည်။ဆိုးယုတ်သည့်စိတ်သည် စိတ်ဆန္ဒ၏ မီးလျှံကို ငြှိမ်းသတ်နိုင်လုနီးနီး ဖြစ်နေချိန်တွင် ပိုင်ရှောင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူသည် သူကိုယ့်သူ စွန့်လွှတ်လိုက်ပြီး ဆိုးယုတ်မှုမှ ဖြစ်ပေါ်လာသော လက်တံများကို ဗီရိုတံခါးများ ဖွင့်ရန်အတွက် သူ့ဆန္ဒအလျောက် ထိန်းချုပ်လိုက်လေသည်။

နံပါတ် ၉ သည် အလွန်အမင်း ကြောက်လန့်နေသောကြောင့် အသက်ရှူဖို့ပင် မေ့လျော့နေခဲ့သည်။

ဆိုးယုတ်သည့် မကောင်းဆိုးဝါးမျက်လုံးများစွာက သူ့အား စိုက်ကြည့်နေကြသည်။ ပိုင်ရှောင်က သူ့အား မည်သို့ သတ်ဖြတ်မည်ကို လူတိုင်း အံ့ဩနေချိန်တွင် ပိုင်ရှောင်သည် သူ့ပစ်မှတ်ကို ပြောင်းလိုက်လေသည်။ သူသည် နောက်ဆုံးလက်ကျန် သတိလေးကို သုံး၍ လက်တံများကို ဧည့်ခန်းတံခါးသို့ ဆောင့်ရိုက်ပစ်လိုက်သည်။

“ပြေးတော့!”

အိမ်ဟောင်းထဲတွင် အပေါက်တစ်ခု ပေါ်လာခဲ့သည်။ ဧည့်ခန်းတံခါးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့သည်။

ထွက်ပေါက်ကို မြင်လိုက်သောအခါ နံပါတ်၉က ရှေ့သို့ ပြေးလိုက်သည်။

“နံပါတ် ၉ က သေသင့်တာ ဖြစ်နိုင်ပေမယ့် မင်းက ပိုတောင် သေဖို့ထိုက်တန်တယ်!”

ပိုင်ရှောင်၏ စိတ်ဆန္ဒသည် တောက်လောင်လာခဲ့သည်။ သူသည် ဆိုးယုတ်သည့် စိတ်များအား သူ့ ခန္ဓာကိုယ်ထံ ထိုးဖောက်ခွင့် ပေးလိုက်သော်လည်း သူအရှုံးပေးသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ထိုအားနည်းလှသော မီးလျှံလေးသည် အမှောင်ထဲတွင် ပေါက်ကွဲထွက်လာတော့သည်။

နံပါတ် ၉ သည် ထွက်ပေါက်သို့ ရောက်သောအခါ အရှိန်လျှော့လိုက်သည်။ သူသည် တံခါးဝ၌ ရပ်နေပြီး ဗီရိုဘက်သို့ လှည့်ကြည့်လိုက်သည်။

“ငါက အရမ်း ကံဆိုးတာပဲ ၊ ဘာလို့ ဒီလိုလူမျိုးတစ်ယောက် ရှိနေရတာလဲ”

နံပါတ် ၉ သည် သူ၏လက်အား တိတ်ဆိတ်စွာ ဆန့်ထုတ်လိုက်လေသည်။ သူသည် ဧည့်ခန်းတံခါးကို ပိတ်ချင်နေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူ့လက်က တံခါးကို ထိမိသောအခါ လျင်မြန်စွာ ညှိုးနွမ်းသွားခဲ့သည်။ ဆိုးယုတ်သည့်စိတ်များ အားလုံးသည် သူ့ခန္ဓာကိုယ်မှ စီးထွက်သွားပြီး ဗီရိုအတွင်းရှိ ပိုင်ရှောင်ထံသို့ စုစည်းသွားလေသည်။

“ငါ အားနည်းချက် တစ်ခုခု ပြခဲ့မိလို့လား ၊ မင်း ငါ့ကို နှိပ်စက်သင့်တာ မဟုတ်ဘူးလား”

နံပါတ် ၉ သည် ရှေ့တံခါးကို ပိတ်ရန် မအောင်မြင်ခဲ့ချေ။

“လူသားတွေက ဆိုးယုတ်တယ် ၊ မင်းလည်း အပါအဝင်ပဲ! ဘယ်သူမှ ချွင်းချက်မရှိဘူးကွ”

နံပါတ် ၉ အော်ဟစ်လိုက်သည်။သူတံခါးကို ပိတ်ရန်ကြိုးစားလိုက်ရာ သူ့ခန္ဓာကိုယ် တစ်ဝက်က အပြင်သို့ ပြုတ်ကျသွားခဲ့လေသည်။ သူ့ကိုယ်ခန္ဓာမှ ဆိုးယုတ်မှုများသည် ဗီရိုထဲသို့ ပြန်လည် စီးဝင်သွားခဲ့သည်။

စောင့်ကြည့်ခန်းထဲတွင် ကျင်းထောင်ရှန်းသည် အရာအားလုံးကို တိတ်ဆိတ်စွာ လေ့လာနေခဲ့သည်။

အိမ်ဟောင်းအတွင်း၌ နတ်ဘုရား၏ နှလုံးသားမှ လှီးဖြတ်ထားသော အသားတစ်ပိုင်းကို ဝှက်ထားခြင်းဖြစ်သည်။ နတ်ဘုရားသည် ဆိုးယုတ်မှုများအား ထိန်းချုပ်နိုင်သောကြောင့် ထိုအသားသည် ဆိုးယုတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ယင်း၏ ခွင့်ပြုချက်ကို ရရှိရန်မှာ အလွန်တရာ ခက်ခဲသည်။ ပထမဦးစွာ ယင်းကို သယ်ဆောင်ထားသူသည် ဆိုးယုတ်သည့်စိတ်မှ ရှင်သန်ရမည်ဖြစ်ပြီး ဆိုးယုတ်သည့်စိတ်၏ တိုက်ခိုက်မှုအောက်တွင် မိမိ၏ အသိစိတ်အား ထိန်းထားနိုင်ရမည် ဖြစ်သည်။ ထို့နောက် ဆိုးယုတ်သည့်စိတ်အတွင်း ရုန်းကန်နေချိန်တွင် အကြင်နာဆုံး ရွေးချယ်မှုကို ပြုလုပ်ရမည် ဖြစ်သည်။ ကြင်နာမှုအားဖြင့်သာ အသက်ရှင်ကျန်ရစ်ရန် ဖြစ်နိုင်မည် ဖြစ်သည်။

ဤနည်းအားဖြင့် စုံစမ်းရေးမှူးများက အိမ်ဟောင်းအတွင်း၌ တစ်ဦးနှင့်တစ်ဦး တွက်ချက်ပြီး ထိခိုက်စေခဲ့ကြသောကြောင့် အိမ်ဟောင်းသည် ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ထဲတွင် သစ္စာဖောက်တစ်ယောက် ရှိနေခဲ့သောကြောင့် စုံစမ်းရေးမှူးများမှာ အစကတည်းက ကံဆိုးမိုးမှောင် ကျခဲ့ကြသည်မှာ သေချာသည်။

အရင်က စုံစမ်းရေးမှူး ပြောခဲ့သည်မှာ မမှားခဲ့ချေ။ သရဲတက်တူးစမ်းသပ်မှုက အများဆုံး လူကိုးဦးသာ ခွင့်ပြုမည် ဖြစ်သည်။ ဤစမ်းသပ်မှုတွင် ပိုင်ရှောင်သည် အစစ်အမှန် နံပါတ် ၉ ဖြစ်သည်။ အဖြူရောင်ဆက်သွယ်ရေးစက်နှင့် နံပါတ် ၉ မှာ ဆိုးယုတ်သည့်စိတ်၏ ထိန်းချုပ်ခံထားရသော သုတေသီတစ်ဦးပင် ဖြစ်သည်။

လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က ထိုသုတေသီသည် နတ်ဘုရားရုပ်အလောင်း၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်ခဲ့ပြီး ဆိုးယုတ်သည့်စိတ်နှင့် အချိန်ကြာမြင့်စွာ ထိတွေ့မှုကြောင့် ဆိုးယုတ်သည့်စိတ်၏ နောက်လိုက် ဖြစ်လာခဲ့သည်။ သူသည် သူ့နောက်ကျောပေါ်ရှိ နံပါတ်ကို အလွယ်တကူ ပြောင်းလဲနိုင်ပေသည်။ သူသည် စမ်းသပ်ခံလူများကို သေသပ်စွာ လှည့်ဖြားနိုင်ရန်အတွက် သေဆုံးသွားသော စုံစမ်းရေးမှူးများထံမှ နံပါတ်များအား ယူခဲ့ခြင်းပင်။

စမ်းသပ်မှုအား ဘယ်သူမှမအောင်မြင်ပါက ထိုသုတေသီသည် ဆိုးယုတ်သည့်စိတ်၏ အစေခံတစ်ဦးအနေဖြင့် နတ်ဘုရားရုပ်အလောင်း၏ အသားအား ထာဝစဉ် အလုပ်အကျွေး ပြုရတော့မည် ဖြစ်သည်။

All Chapters