← Chapters

မတူညီသော ဇုန်များ

Vol. 21 Ch. 309

မတူညီသော ဇုန်များ

Vol. 21 Ch. 309

“ကျောင်းသားကောင်စီလား ၊ ကောင်းယန်လား ၊ သူက ဘာလို့ ငါ့ကို ရှာနေတာလဲ”

ကောင်းမင်သည် အတန်း ၁၃ မှ ၅၁ ယောက်မြောက် ကျောင်းသားအပေါ်တွင် နက်ရှိုင်းသောအထင်အမြင်တစ်ခု ရှိသည်။ သူသည် ဘတ်စ်ကား မတော်တဆမှုမှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်ဟု ယူဆရသည်။ သို့သော်လည်း ကျန်ကျောင်းသားများသည် လိုဏ်ခေါင်းထဲသို့ ပြန်ဝင်ရန် လှည့်စားခံခဲ့ရသည်။ သေဆုံးသွားသော ကျောင်းသားများ ပြန်လည် ရှင်သန်လာခဲ့ကြသည်။ အသက်ရှင်သင့်သော ကောင်းယွမ်က သူတို့ကိုယ်စား သေဆုံးခဲ့ရသည်။ အဖွဲ့နှစ်ဖွဲ့ထဲမှ တစ်ဖွဲ့သာ လိုဏ်ခေါင်းထဲမှ ထွက်ခွာနိုင်ခဲ့သည်။ သို့သော် ကံကြမ္မာ၏ စီစဉ်မှုတွင် ဖြစ်ပေါ်လာသည့် လစ်ဟာချက်ကြောင့် သူတို့ နှစ်ဦးလုံး ဟန်ဟိုင်းတွင် ပေါ်လာခဲ့ကြသည်။

“ဥက္ကဋ္ဌက မင်းကို တစ်ခုခု ပေးချင်လို့ပါ”

ကျောင်းသားကောင်စီအဖွဲ့ဝင်က သူ့အား မြင်လိုက်သောအခါ ကောင်းမင်ထံ လျှောက်လာ၏။ သူ့ပုံစံသည် အတော်ပင် ထိုင်းမှိုင်းနေပြီး သူ့လေသံမှာ ကိုယ်ပိုင် အတွေးမရှိသည့် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ပင် ဖြစ်နေခဲ့သည်။ သူ့အိတ်ကပ်ထဲသို့ လှမ်းနှိုက်၍ အချိန်အတန်ကြာ ရှာဖွေနေခဲ့သည်။ နောက်ဆုံးတွင် သူက ဖုန်းဟောင်းနှစ်လုံးကို ထုတ်ယူလိုက်သည်။ ၎င်းတို့ထဲမှ တစ်လုံးက ရာဇဝတ်မှု ဖြစ်ပွားရာနေရာမှ ယူလာခဲ့သည့်နှယ် သွေးများစွန်းနေ၏။ ကျန်တစ်လုံးမှာ လုံးဝ အနက်ရောင် ဖြစ်သည်။ ထိုမော်ဒယ်ကား အခြားတစ်လုံးထက်ပင် ပိုရှေးကျနေခဲ့သည်။

“ဥက္ကဋ္ဌက မင်းကို မေးခွန်းတစ်ခု မေးချင်တယ် ၊ ကျေးဇူးပြု၍ ဂရုတစိုက် ဖြေပါ ၊ သူ့ကို ထပ်လိမ်ဖို့ မကြိုးစားပါနဲ့”

သူသည် ဖုန်းတစ်လုံးစီကို လက်တစ်ဖက်စီတွင် ကိုင်ထားခဲ့သည်။ ကျောင်းသားက ကောင်းမင် ရှေ့တွင် ရပ်လိုက်ပြီး

“ဒီတစ်ကြိမ် သူ ထွက်ခွာနိုင်ဖို့အတွက် မင်းလိုဏ်ခေါင်းထဲမှာ နေဖို့ လိုအပ်ခဲ့မယ်ဆိုရင် မင်း ဆန္ဒရှိပါ့မလား”

ကောင်းမင်သည် ချက်ချင်း မဖြေခဲ့ချေ။ အခန်း ၁၃ မှ ကျောင်းသားများသာ ဤမေးခွန်း မည်မျှ ခက်ခဲကြောင်း သိကြသည်။ အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် ကောင်းမင် ခေါင်းညိတ်လိုက်သည်။

“မင်း ငါ့ဆီက ဘာလိုချင်တာလဲ”

ကောင်းမင်၏ အဖြေကို သိရပြီးနောက် ထိုကျောင်းသားသည် သူ့မစ်ရှင်ကို အပြီးသတ်နိုင်ခဲ့သည့် ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ခံစားနေရသည်။ သူက သွေးစွန်းနေသော ဖုန်းကို ကောင်းမင်၏ ရှေ့တွင် ချထားလိုက်ပြီး ကျန်ဖုန်းကို သိမ်းလိုက်သည်။

“ဥက္ကဋ္ဌက မင်းနဲ့ ပဋိပက္ခမဖြစ်ချင်ပါဘူး ၊ သူ လုပ်နေတဲ့ အရာတွေကို ဒီဖုန်းပေါ်မှာ မှတ်တမ်းတင်ထားတယ် ၊ မင်း ဒီဖုန်းကနေတစ်ဆင့် သူ့ကို ဆက်သွယ်နိုင်တယ် ၊ သေချာတာပေါ့ ဒီဖုန်းက မင်းရဲ့တည်နေရာကို ဖော်ထုတ်နိုင်တယ် ၊ တကယ်လို့ အရမ်း အန္တရာယ်များတယ်လို့ မင်းထင်ရင် လွှင့်ပစ်နိုင်တယ်”

ကောင်းမင် ဖုန်းကို ဖွင့်လိုက်သည်။ စခရင်ပုံသေနောက်ခံပုံသည် အခန်း ၁၃ ၏ အဖွဲ့လိုက်ဓာတ်ပုံ ဖြစ်သည်။သို့သော်လည်း ယင်းသည် လူတိုင်း ကြောက်မက်ဖွယ်ရာ သေဆုံးခဲ့ရသည့် ရှရန် ရေးဆွဲခဲ့သော ပုံတူသာဖြစ်သည်။ အဆက်အသွယ် စာရင်းထဲရှိ တစ်ခုတည်းသော အဆက်အသွယ်ဖြစ်သည့် ကျောင်းသားဥက္ကဋ္ဌသည် ထိုဖုန်းသို့ ဗီဒီယိုများစွာ ပို့ထားခဲ့သည်။

ကောင်းယန်သည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှ ထွက်လာပြီးနောက် ကျောင်းစည်းမျဉ်းများကို ယန်ရှီကျီးထံ ပြန်ပေးခဲ့သည်။ သူသည် ကျောင်းသားကောင်စီအဖွဲ့ဝင်များကို ဦးဆောင်၍ မြို့တော်အရှေ့ပိုင်း၏ ဗဟိုစက်ဝိုင်းသို့ လွှတ်မြောက်လာခဲ့သည်။ မြို့တော်ကြီးတွင် ကျောင်းသားကောင်စီ အသစ်တစ်ခုကို သူဖန်တီးခဲ့သည်။ အခြား သရဲများနှင့် မတူညီစွာ ကောင်းယန်သည် အပြစ်မဲ့သူများကို မထိခိုက်စေချင်ခဲ့ပေ။ သူ့ကိုယ်သူလည်း ထုတ်မပြချင်ခဲ့ချေ။ သူသည် အမှောင်ထဲတွင် တိတ်တဆိတ်ဖြင့် စည်းမျဉ်းများကို ဖြန့်ကျက်ခဲ့သည်။ သူ့စည်းမျဉ်းများကို လိုက်နာခဲ့သူများသည် အချို့သော ကန့်သတ်ချက်တစ်ခုကို ကျော်လွန်သွားခဲ့ကြပြီး သူ့သြဇာအောက်တွင် လူနေရပ်ကွက် သုံးခုနှင့် ကျောင်းတစ်ကျောင်း ပါဝင်ခဲ့သည်။

ခြောက်ခြာားဂိမ်းအများစုသည် အရိပ်ကမ္ဘာအား အလုပ်အကျွေးပြုရန် တည်ရှိနေကြခြင်းဖြစ်သည်။ သို့သော် ကောင်းယန်၏ ကျောင်းသားကောင်စီ စည်းမျဉ်းများမှာ မတူညီပါချေ။ ၎င်း၏ အဓိကအချက်သည် စည်းမျဉ်း လိုက်နာသူများကို ရှင်သန်နိုင်စေရန် ကူညီပေးခြင်းပင် ဖြစ်သည်။ ထိုစည်းမျဉ်းများသည် ပြန့်ကျဲနေသော လူအပြုံလိုက်ကြီးကို ဧရာမအစုအဝေးတစ်ခုအဖြစ် စုစည်းနိုင်ခဲ့သည်။ ကျောင်းသားကောင်စီသည် ယင်း၏ အဓိကဖြစ်ပြီး လူတိုင်းကို အတူတကွ ချည်နှောင်ထားခဲ့သည်။

ဘေးကပ်ဆိုး ချဉ်းကပ်လာသည်နှင့်အမျှ အရပ်သားများသည် ကျောင်းသားကောင်စီ၏ စည်းမျဉ်းများကို ပိုမိုလိုက်နာလာခဲ့ကြသည်။ ထို့ကြောင့် ကောင်းယန်သည် ကောင်းမင်ထံသို့ လူများ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ စုံစမ်းစစ်ဆေးရေးဌာနအား သူတို့၏ ပဋိပက္ခမှတဆင့် အကျိုးအမြတ် မရရှိစေလိုသောကြောင့် ကောင်းမင်အား မြို့တော်အရှေ့ပိုင်းမှ ဆုတ်ခွာစေလိုခဲ့ခြင်း ဖြစ်သည်။

ဗီဒီယိုများထဲတွင် ကျောင်းသားကောင်စီနှင့် ဟန်ဟိုင်းရှိ အခြားဇုန်များမှ အချက်အလက်များအား ပေးထားသည်။ ကိုယ့်ကိုယ်ကို ကယ်တင်ရန် ပြေးလွှားနေခဲ့ရသည့် ကောင်းမင်နှင့် မတူဘဲ ကောင်းယန်သည် စည်းမျဉ်းအများစုကို ကျွမ်းကျင်ထားသည်။

ဟန်သဲ့ကိုယ်ပိုင်ကျောင်းသည် စီတုအန်းအတွက် ယဇ်ကောင်များ မွေးမြူရန်အတွက် ဗဟိုချက် ဖြစ်ခဲ့သည်။ ယင်းက သူ၏ နောက်ဖေးဥယျာဉ် ဖြစ်သည်။ ထိုနေရာရှိ အချက်အလက်နှင့် လျှို့ဝှက်ချက်များစွာသည် ကောင်းယန်လက်ထဲသို့ ကျရောက်သွား၏။ စီတုအန်း သေဆုံးပြီးနောက် သူသည် စုံစမ်းစစ်ဆေးရေးဌာနအတွင်း မျိုးစေ့ချထားခဲ့သော အကြီးဆုံး မြေအောက်အင်အားစုနှင့် လျှို့ဝှက်သူလျှို အများအပြားအပါအဝင် စီတုအန်း၏ စွမ်းအားများကို သိမ်းယူခဲ့သည်။

စီတုအန်း၏ အစီအစဉ်မှာ နက်နဲသည်။ ကောင်းယွမ်သည် မူလက သူ၏ နယ်ရုပ်များထဲမှ တစ်ခု ဖြစ်သည်။ သို့သော်လည်း သူသည် ကျောင်းတွင် ကောင်းယန်၏ လှည့်ဖြားခြင်းကို ခံလိုက်ရသည်။ ကောင်းယန်သည် ကျောင်းစည်းမျဉ်းများအတွက်သာမက ထိုလူ၏ ဝိညာဉ်နှင့် မှတ်ဉာဏ်များအတွက်ပါ သွားခဲ့ခြင်း ဖြစ်သည်။ ကောင်းယွမ်သည် ကျောင်းမှ များစွာ ရရှိခဲ့ခြင်း မရှိသကဲ့သို့ထင်ရသော်လည်း သူ လိုချင်သည့် အရာအား အတိအကျ ယူဆောင်နိုင်ခဲ့သည်။ ကောင်းယန်၏ ဗီဒီယိုများမှတစ်ဆင့် ကောင်းမင်သည် ဟန်ဟိုင်းအသစ်အား ရှင်းရှင်းလင်းလင်း နားလည်လိုက်မိသည်။

မြောက်ဘက် ဆိပ်ကမ်းမြို့သည် စုံစမ်းစစ်ဆေးရေးဌာနချုပ်၏ အခြေစိုက်စခန်း ဖြစ်သည်။ ယင်းတွင် သုတေသနနှင့် လုံခြုံရေးဌာနများ၏ အသန်မာဆုံး အဖွဲ့ဝင်များ ရှိလေသည်။ ၎င်းသည် ဘေးကပ်ဆိုးအဖြစ်အပျက်ကို ကိုင်တွယ်ဖြေရှင်းမည့် ထုတ်လုပ်ရေးလိုင်း ဖြစ်သည်။ ယင်းနေရာသည် ဟန်ဟိုင်း၏ “မျှော်လင့်ချက်” ရှိသည့်နေရာ ဖြစ်သည်။ ထိုနေရာတွင် မူမမှန်ဖြစ်ရပ်များ ပေါ်ပေါက်လာမည့် အခွင့်အရေး မရှိသလောက်ပင် ဖြစ်သည်။

တစ်ချိန်က စီတုအန်း၏ ပိုင်ဆိုင်မှု ဖြစ်ခဲ့သော မြို့တော်အရှေ့ပိုင်းသည် အခြေခံအားဖြင့် တစ်ဝက် ကျရှုံးနေခဲ့ပြီဖြစ်သည်။၎င်းသည် မြို့တော်၏ အလုပ်အများဆုံး အပိုင်းလည်း ဖြစ်သည်။ အဆင့် ၄ မူမမှန်မှုဖြစ်သော ဟန်သဲ့ကိုယ်ပိုင်ကျောင်း ထိန်းချုပ်မှုလွတ်သွားပြီးနောက် အရိပ်ထဲတွင် အရပ်သားများသည် သရဲများဖြင့် အစားထိုးခံခဲ့ရသည်။ ဤသည်မှာ အရိပ်ကမ္ဘာမှ သရဲများ၊ ကျောင်းသားကောင်စီ၊ စုံစမ်းစစ်ဆေးရေးဌာနနှင့် ဟန်သဲ့ကိုယ်ပိုင်ကျောင်းတို့ ကဲ့သို့သော အဖွဲ့အစည်းများ ရူးသွပ်စွာ တိုက်ခိုက်ခဲ့ကြသည့် နေရာ ဖြစ်ပေသည်။

မြို့ဟောင်းသည် ဟန်ဟိုင်၌ အရှုပ်ထွေးဆုံးဇုန် ဖြစ်သည်။ ယင်းတွင် လူဦးရေ အများဆုံးနှင့် အသိပ်သည်းဆုံး ရှိသည်။မြို့ဟောင်းသည် အရိပ်ကမ္ဘာအတွက် ကျူးကျော်ဝင်ရောက်ရန် အချက်အချာနေရာလည်း ဖြစ်ပေသည်။ စီတုအန်းသည် တစ်ချိန်က ထိုနေရာတွင် ဝတ်ပြုဓလေ့ အခမ်းအနား ဆယ်ခုကျော် ပြုလုပ်ခဲ့သည်။ လီစန်းဆေးရုံမှ မူမမှန်ဖြစ်ရပ်သည် ထိန်းချုပ်မှု လွတ်သွားခဲ့သည်။ စုံစမ်းစစ်ဆေးရေးဌာနက တရားဝင် အန္တရာယ်အဆင့်သတ်မှတ်ချက် မထုတ်ပြန်သေးသော်လည်း အခြေအနေသည် မြို့တော်အရှေ့ပိုင်းထက်ပင် ပိုမိုဆိုးရွားနေခြင်းဖြစ်သည်။ ကောင်းမွန်သည့် တစ်ခုတည်းသောအချက်ကား ကောင်းမင်သည် ထိုနေရာ၌ အခြေစိုက်ထားခြင်းဖြစ်ပြီး ခြောက်ခြားဂိမ်းကစားသမားများ အတက်ကြွဆုံးဇုန် ဖြစ်နေခြင်းပင်။

အနောက်ဘက် ဆိပ်ကမ်းတွင် အနာဂတ်နည်းပညာဥယျာဉ် ရှိသည်။မြို့တော်အနောက်ဘက် စုံစမ်းစစ်ဆေးရေးဌာနချုပ်ရှိ လုံခြုံရေးအဖွဲ့မှလွဲ၍ အသန်မာဆုံး လုံခြုံရေးအဖွဲ့များ ရှိသည်။ ထိုနေရာတွင် တည်ရှိနေသော စုံစမ်းစစ်ဆေးရေးဌာန ၁၃ ခုအား အရည်အချင်းရှိသော အေးဂျင့်များက ဦးဆောင်နေခြင်းဖြစ်သည်။

နောက်ဆုံးမှာ တောင်ဘက်ဆိပ်ကမ်း ဖြစ်သည်။ ဟန်ဟိုင်း ဒေသခံအချို့သည် ထိုဧရိယာမှ ဖြစ်ကြသည်။ ကောင်းမင်၏ အတန်းဖော် ဝမ်ကျားသည်လည်း ထိုနေရာမှ ဖြစ်သည်။ ဝမ်ကျား၏ အကြီးဆုံး ဦးလေးသည် ထိုနေရာရှိ စခန်းများထဲမှတစ်ခု၏ကပ္ပတိန် ဖြစ်သည်။

ဘေးကပ်ဆိုးနှင့် ရင်ဆိုင်ရသောအခါ တောင်ဘက်ဆိပ်ကမ်းသည် လုပ်ထုံးလုပ်နည်းများနှင့် တရားမျှတမှုကို ဂရုမစိုက်ခဲ့ချေ။ သူတို့သည် ကူညီရန် ဆန္ဒရှိသော မည်သူမဆို သို့မဟုတ် မည်သည့် သရဲများကိုမဆို လက်ခံထားပြီး အကာအကွယ်ပေးထားခဲ့ကြသည်။ သူတို့သည် အပြည့်အဝ လက်တွေ့ကျမှုကို လိုက်နာကြရမည်ဖြစ်သည်။ အကယ်၍ လူသားမျိုးနွယ် ရှုံးနိမ့်သွားပါက သူတို့သည် အရိပ်ကမ္ဘာအား ဆန္ဒအလျောက် လက်ခံနိုင်ကြမည်ဖြစ်သည်။

ကောင်းယန်သည် ကောင်းမင်အား အချက်အလက်များစွာ မျှဝေပေးခဲ့သည်။ ကောင်းမင် မြို့တော်အရှေ့ပိုင်းကို လက်လျှော့ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရန် သူသည် ကောင်းမင်အား လက်ဆောင်တစ်ခုပင် ပေးခဲ့သည်။ နောက်ဆုံး ဗီဒီယိုတွင် ကောင်းယန်သည် ကောင်းမင်အတွက် သရုပ်ပြတစ်ခု ပြုလုပ်ထားခဲ့သည်။

သူသည် မူမမှန်ဖြစ်ရပ်တစ်ခုထဲသို့ ဆွဲဆောင်ခံခဲ့ရသည့် မြို့သားတစ်ဦးကို ရှာဖွေခဲ့သည်။ သူသည် အခြားတစ်ဖွဲ့အား ကျောင်းသားကောင်စီ စည်းမျဉ်းများကို လိုက်နာရန် တွန်းအားပေးခဲ့သည်။ သူတို့ အန္တရာယ်နှင့် ကြုံရသောအခါ မတူညီသောလူများသည် မတူညီသောစိတ်ဆန္ဒ အဆင့်များဖြင့် ပေါက်ကွဲထွက်လာခဲ့ကြသည်။

ထိုစိတ်ဆန္ဒ စွမ်းအားများသည် ခြောက်ခြားဂိမ်းစည်းမျဉ်းများကို ပိုမို ခိုင်မာစေနိုင်ပေသည်။ ၎င်းတိုသည် စည်းမျဉ်းကို ပိုမိုအစစ်အမှန်ဖြစ်စေနိုင်ပြီး ကောင်းယန်အား ကံကြမ္မာ၏ ချည်နှောင်မှုမှ လွတ်မြောက်စေရန် ကူညီပေးနိုင်လေသည်။ ကောင်းယွမ်၏ တည်ရှိမှုသည် အိပ်မက်သရဲတစ်ကောင်နှင့် ပိုမို နီးစပ်ပေသည်။

“သေသင့်တဲ့သူတွေက ရှင်သန်ခဲ့တယ် ၊ သူတို့ရဲ့ ကံကြမ္မာတွေက ပြောင်းလဲသွားခဲ့ပြီ ၊ ဒါက ငါ့ကို ကံကြမ္မာရဲ့ ချိန်းကြိုးတွေကို ချိုးဖျက်ဖို့ ကူညီပေးနိုင်တယ် ၊ သူတို့၏ စိတ်ဆန္ဒတွေဟာ သားစားကြူးနတ်ဘုရားနဲ့ ကျန်းတင်းရဲ့ စွမ်းအား တိုးတက်စေဖို့အတွက် အာဟာရတွေအဖြစ် ပြောင်းလဲနိုင်တယ် ၊ ဒါက ငါ လိုအပ်တဲ့ အရာပဲ မဟုတ်လား”

All Chapters