← Chapters

ရပ်ကွက်ကော်မတီ

Vol. 21 Ch. 313

ရပ်ကွက်ကော်မတီ

Vol. 21 Ch. 313

“တာ့ကျိုက် လျှပ်စစ်ပစ္စည်းထောက်ပံ့ရေး ကုမ္ပဏီ၏ဝန်ထမ်းများ နေထိုင်ရာနေရာ (အုပ်စုလိုက် ခြောက်ခြားမြေပုံ) : သာမန်အန္တရာယ်အဆင့်။ သန္ဓေပြောင်း တိုးတက်မှု: ၁၅ ရာခိုင်နှုန်း။ အရိပ် ဖုံးလွှမ်းမှု: ၂၀ ရာခိုင်နှုန်း။ အသက်ရှင်ကျန်ရစ်သူ ကစားသမားများ: ၁၇ ယောက်။ အထူးရတနာ (Easter eggs) ရရှိရန် အခွင့်အရေး: ၁ ရာခိုင်နှုန်း။

မျက်နှာမဲ့ နတ်ဘုရားဟာ စုံစမ်းစစ်ဆေးရေးဌာနကြောင့် လီစန်းဆေးရုံက လွှတ်လာခြင်းဖြစ်သည်။ အယူလွှဲယုံကြည်မှုက စိုးရိမ်ပူပန်နေသော ဝိညာဉ်များကို တစ်ယောက်ပြီးတစ်ယောက် သိမ်းပိုက်သွားခဲ့သည်။ သင်၏ တစ်ချိန်က ရင်းနှီးခဲ့ဖူးသော သူငယ်ချင်းများနှင့် မိသားစုများသည် တခြားအရာ တစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။သူတို့ဆီက အရေးကြီးသည့် တစ်စုံတစ်ခုဟာ ယူဆောင်ခံလိုက်ရပြီဖြစ်တယ်။ သင် လုပ်ဆောင်ရန် လိုအပ်သည်မှာ တစ်ခုတည်းသာ။ မျက်နှာမဲ့ ရွှံ့ရုပ်တုကို ရှာဖွေပြီး ဖျက်ဆီးပစ်ပါ။

“ဤမြေပုံတွင် လီစန်းဆေးရုံမှ ကျိန်စာသင့်ပစ္စည်းများ ရရှိရန် အခွင့်အရေး ရှိသည်။ ကျိန်စာသင့် ပစ္စည်းများအားလုံးကို ဖိုရမ်အတွင်း ရောင်းဝယ်ဖောက်ကားနိုင်ပြီး အထောက်အထားသတ်မှတ်နိုင်ပါသည်။

မူလ စည်းမျဉ်းများ ပြိုလဲသွားသောအခါ စည်းမျဉ်းအသစ်များက သင့်လက်ထဲတွင် ရှိလာလိမ့်မည်ဖြစ်သည်။”

မစ်ရှင်အသေးစိတ် အချက်အလက်များကို အတည်ပြုပြီးနောက် ဖန်လီက အဖွဲ့အား ကော်ရစ်ဒါထဲသို့ ဦးဆောင် ခေါ်သွားလိုက်သည်။

“ဒီမှာ အသက်ရှင်ကျန်ရစ်တဲ့ ကစားသမား ၁၇ ယောက် ကျန်သေးတယ် ၊ ကျွန်တော်တို့အပြင် တခြား ကစားသမားတွေလည်း ရှိသေးတယ်”

ပိုင်ရှုက အချက်အလက်များကို စစ်ဆေးလိုက်သည်။ မကြာမီ ထိုအရေအတွက်သည် ၁၉ အထိ တိုးလာခဲ့သည်။

“ဖိုရမ်က မစ်ရှင် ထုတ်ပြန်လိုက်တာနဲ့ ကစားသမားတွေ ပိုများလာလိမ့်မယ် ၊ ကျွန်တော်တို့ အသာစီး ရအောင် ယူထားဖို့ လိုတယ်…”

သူ ပြောလိုက်စဉ်မှာတွင် ထိုအရေအတွက်က ၁၈ကို ကျသွားလေသည်။ သူတို့ထဲမှ တစ်ယောက် ကျဆုံးသွားခဲ့ချေပြီ။

“ဒီလို အန္တရာယ်ရှိတဲ့ အရာကို ရှင်တို့က ဘယ်လိုလုပ် ဂိမ်းတစ်ခုလို သဘောထားနိုင်ရတာလဲ”

ဆရာမ လျို နားမလည်နိုင်ခဲ့ချေ။ သူမ အိမ်ပြန်ချင်ရုံသာ ဖြစ်သည်။

“လူတိုင်း ကြောက်ရွံ့နေကြတာပါပဲ ဒါပေမဲ့ ပုန်းနေတာကတော့ ကျွန်တော်တို့ရဲ့ ပုံစံ မဟုတ်ဘူးလေ”

ဖန်လီက ဖော်ရွေစွာ ပြုံးလိုက်သည်။

“တစ်ခါတစ်လေ အန္တရာယ်ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ရတာကလည်း ပျော်ရွှင်မှု တစ်ခုပဲ”

သူ ရဲအရာရှိ ဖြစ်ခဲ့စဉ်က ဖန်လီသည် သူ့အား အကူညီမဲ့နိုင်စေသည့် အရာများစွာကို ကြုံတွေ့ခဲ့ရသည်။ သူ လူအများကို ကူညီချင်သော်လည်း မတတ်နိုင်ခဲ့ချေ။ ဝမ်းနည်းစရာ ဘေးကပ်ဆိုးက ရောက်ရှိလာနေပြီး မြို့တစ်မြို့လုံး ကပြောင်းကပြန် ဖြစ်နေပြီဖြစ်သည်။ သူသည် သူ့ကံကြမ္မာအား ကိုယ်တိုင် ထိန်းချုပ်၍ တခြားသူများကို အစွမ်းကုန် ကူညီပေးချင်သည်။

“ရှင် တကယ် ဝင်ချင်တာ သေချာရဲ့လား”

ဆရာမလျိုက မှောင်မိုက်နေသော ကော်ရစ်ဒါကို ကြည့်လိုက်သည်။ခုချိန်သည် ညဘက် ဖြစ်သည်။ ကော်ရစ်ဒါတွင် မီးရောင်မရှိချေ။ အလွန်ကြက်သီးထဖွယ်ရာ ကောင်းလှသည်။

“ကျွန်တော့်နောက် လိုက်ခဲ့ပါ ၊ ဖွဲ့စည်းပုံထဲမှာပဲ အတူတူနေပါ”

ဖန်လီက အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကော်ရစ်ဒါထဲသို့ ဦးဆုံး ဝင်လိုက်သည်။ သူသည် ကမူးရှူးထိုး လုပ်တတ်သူ မဟုတ်ချေ။ သူ ရှေ့မှ လျှောက်ရဲခြင်းမှာ အခြား မူမမှန်ဖြစ်ရပ်တစ်ခုမှ သူ တစ်ခုခု ရရှိခဲ့သောကြောင့် ဖြစ်သည်။ ဖန်လီက သူ၏ ဖုန်းပေါ်ရှိ မီးကို ဖွင့်လိုက်သည်။ ရေသေဖိုရမ်မှ သူ့အချက်အလက်များ သူ့ဖုန်းတွင်လင်းလက်သွားသည်။ အခြေခံအချက်များထဲတွင် သူ၏ သန်မာသော နှလုံးသား၊ ဦးနှောက်စွမ်းအားနှင့် ဆက်စပ်မှုသည် (၁) ဖြစ်သည်။ သူ၏ သန်မာသော ခန္ဓာကိုယ်က ၆ ဖြစ်သည်။ အံ့သြစရာ အကောင်းဆုံးကတော့ သူ၏ ယင်ဝိညာဉ် ဖြစ်သည်။ လူအများစုတွင် သူတို့၏ ယင်ဝိညာဉ်တန်ဖိုးမှာ(၀) တွင် ရှိကြသည်။ သို့သော် ဖန်လီ၏ ယင်ဝိညာဉ် တန်ဖိုးသည် (၁၁) တွင် ရှိသည်။ ဖန်လီသည် သရဲတက်တူးပိုင်ဆိုင်ခြင်းမရှိပဲ သရဲတစ်ကောင် မျိုချထားသည့်ပုံ ပေါ်သည်။

“ဒီ တံခါးလား”

ရှေ့တံခါးမှာ တစ်ဝက်တစ်ပျက် ပွင့်လျက်ရှိသည်။ စုတ်ပြဲနေသော ကလေးအဝတ်အစားများကို တံခါးအနီးတွင် ချိတ်ဆွဲထားသည်။ အနည်းငယ် ပုပ်သိုးနေသော အနံ့က အခန်းထဲမှ စီးထွက်လာနေသည်။ လျိုကျားရူက ခေါင်းညိတ်လိုက်သည်။ သူမသည် အိုးယန်စုစုနှင့် အစ်ကို လီကြားတွင် ကျုံ့နေလိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေလေသည်။ ယိမ်းထိုးနေသော သူမအသင်းဖော်များ၏အရိပ်များက သူမကို ထိတ်လန့်စေသည်။ ရုတ်တရက် လူတိုင်း သူမကို ကျောခိုင်းလိုက်ပါက သူမ စိတ်လွတ်သွားလိမ့်မည်ဖြစ်သည်။

လျိုကျားရူ ဘာစဉ်းစားနေသည်ကို ဖန်လီ မသိချေ။ သူက ရှေ့တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ဧည့်ခန်းက ပျက်စီးနေပြီဖြစ်သည်။ အရာအားလုံးမှာ ဖျက်ဆီးခံထားရသည်။ ကလေးကျောင်းသုံး စာအုပ်များနှင့် စားလက်စ အစားအစာများ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲလျက်ရှိသည်။ အခန်းတံခါးများကို ဟထားသော်လည်း ပတ်ဝန်းကျင်တွင် ဘယ်သူမှ ရှိမနေချေ။

“ခင်ဗျားရဲ့ ကျောင်းသူ ဒီမှာ ရှိတာ သေချာရဲ့လား”

ဖန်လီသည် အလွန် ကြင်နာတတ်သော်လည်း အလွယ်တကူ ယုံတတ်သူဟု ဆိုလိုခြင်းတော့ မဟုတ်ချေ။ ပိုင်ရှုနှင့် အစ်မကျန်းက တံခါးအား စောင့်နေချိန်တွင် ကျန်သူများက အိမ်ထဲ ဝင်လိုက်ကြသည်။

“ရှုပ်ပွနေတာလဲ ၊ ဒီနေရာက အိမ်တစ်လုံးလို့တောင် မခံစားရဘူး”

အစ်ကိုလီက သူ့နှာခေါင်းကို ညှစ်လိုက်သည်။ သူသည် အနံ့အသက်နှင့် ပတ်သက်ပြီး အာရုံခံစားမှု မြင့်မားသူဖြစ်သည်။

“ငါသာ မရှိခဲ့ရင် ငါတို့အိမ်က ဒီထက်တောင် ပိုရှုပ်နေဦးမယ်”

အိုးယန်စုစုက လီချိုက်ချန်ဘေးတွင် ရပ်နေသည်။ သူတို့သည် ငြင်းခုံခြင်းအား မရပ်တန့်သေးချေ။ သို့သော် သူတို့က အန္တရာယ်နေရာတွင် ရှိနေသောအခါ မသိစိတ်ဖြင့် တစ်ယောက်အနီးတစ်ယောက် ရပ်နေကြသည်။

“အိပ်ခန်းကို သတိထားဦး ၊ ကျွန်မ ပထမဆုံး ဒီကို ရောက်တုန်းက ရှောင်းကော်ရဲ့ အမေက အိပ်ခန်းထဲမှာ မှန်ကြည့်နေတာ ၊ မှန်က သူမကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားတာနဲ့ ဆက်စပ်နေတယ်”

ဆရာမလျို၏ သတိပေးချက်နှင့်အတူ ဖန်လီက အခြားသူများကို တိတ်ဆိတ်ရန် အချက်ပြလိုက်ပြီး အိပ်ခန်းထဲသို့ တည်ငြိမ်စွာ ဝင်သွား၏။

“မှန်က ပုံမှန်လိုပါပဲ”

ဖန်လီက မှန်ကို စူးစမ်းလိုက်သည်။ အက်ကွဲကြောင်းများမှလွဲ၍ မှန်တွင် ထူးခြားမှု တစ်စုံတစ်ရာမရှိချေ။

“ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”

ဆရာမလျိုက မှန်နား ချဉ်းကပ်ရန် သတ္တိမွေးလိုက်သည်။ သူမသည် သူမ၏ ရောင်ပြန်ပုံရိပ်ကို ကြည့်၍ မျက်တောင်ခတ်ကာ လက်လှုပ်ပြသည်။ အရာအားလုံး ပုံမှန်အတိုင်းပင် ဖြစ်သည်။ သို့သော် မှန်မျက်နှာပြင်အာား ထိတွေ့ရန် သူလက်လှမ်းလိုက်စဉ်တွင် သူမ၏ ရောင်ပြန်ပုံရိပ်က ရုတ်တရက် ရယ်မောလိုက်သည်။

“ရယ်နေတယ်!”

ဆရာမလျိုက ချက်ချင်းပင် လက် ပြန်ရုပ်လိုက်သည်။အခြားသူများက သူမ ဘာပြောနေသည်ကို နားမလည်ချေ။

ကြိုးဖုန်း မြည်လာခဲ့သည်။ အဖွဲ့က တစ်ယောက်ကို တစ်ယောက် ထူးဆန်းစွာ ကြည့်လိုက်ကြသည်။ သူတို့ခေတ်က လူများအတွက် ကြိုးဖုန်းကို အသုံးပြုခြင်းမှာ ပုံမှန် မဟုတ်ချေ။

ဖန်လီက ခုတင်အခင်းကို ခွာလိုက်သည်။ အခင်းအောက်တွင် အနီရောင် ဖုန်းဟောင်းတစ်လုံး ရှိနေပေသည်။

သူ့အဖွဲ့နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် သူ စပီကာ ခလုတ်ကို နှိပ်လိုက်သည်။

ငါးကြေးခွံများ ပွတ်တိုက်သကဲ့သို့ အသံများ ဖုန်းထဲမှ ထွက်လာလေသည်။ စက္ကန့်အနည်းငယ် အကြာတွင် အဖွားကြီး တစ်ဦးက ပြောလိုက်သည်။

“ရှောင်းကော်ရဲ့ အမေ၊ ငါတို့ ရပ်ကွက် ကော်မတီက ဒီည လှုပ်ရှားမှုအသစ်တစ်ခု လုပ်နေတယ်နော် ၊ ဘာလို့ ရှောင်းကော်ကို ခေါ်မလာတာလဲ ၊ သူ့မျက်နှာက အရမ်း ချစ်စရာ ကောင်းတာပဲ”

“ရှောင်းကော်ရဲ့ အမေ ၊ အဲ့ဒီမှာ ရှိလား ၊ နင် မလာရင် ငါတို့ နင့်အိမ် လာမှာနော် ၊ တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားရင်တောင် အသုံးမဝင်ဘူးနော်”

တိတ်ဆိတ်မှုက သူတို့အာား ဖိနှိပ်လုဆဲဆဲတွင် ပိုင်ရှုက အလျင်စလို ပြောလိုက်သည်။

“အန်တီ၊ ကျွန်တော် ရှောင်းကော်ရဲ့ ဆရာပါ ၊ ရှောင်းကော်ရဲ့ အမေက ကျွန်တော့်ကို လာခိုင်းတာလေ ၊ ဒါပေမဲ့ သူအခု အိမ်မှာ မရှိဘူး ၊ သူက အန်တီကို ရှာဖို့ ထွက်သွားပြီလား မသိဘူး”

“ရှောင်းကော်ရဲ့ ဆရာ”

အဖွားကြီးက ခဏရပ်သွားသည်။ ပွတ်တိုက်သံမှာ ပိုပြီး ထင်ရှားလာသည်။ စက္ကန့်အနည်းငယ် အကြာတွင် အဖွားကြီးက ကြင်နာစွာ ရယ်မောလိုက်သည်။

“ဒါဆို သူတို့ ရောက်နေလောက်ပြီပေါ့ ၊ ဒီလိုဆိုရင်… နင်ရော ငါတို့နဲ့ ဘာလို့ မပူးပေါင်းတာလဲ ၊ ငါတို့က ဘလောက် ၇ လေးထပ်မှာရှိတဲ့ လှုပ်ရှားမှုအခန်းမှာ ရှိတယ် ၊ နင် ရောက်ရင် တံခါးခေါက်ဖို့ မမေ့နဲ့နော်”

ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားသည်။ အဖွဲ့က ဘာလုပ်ရမှန်း မသိတော့ပေ။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မျက်နှာမဲ့ ရွှံ့ရုပ်တုကို ဖျက်ဆီးဖို့ပဲ ၊ ရွှံ့ရုပ်တုက လှုပ်ရှားမှု အခန်းထဲမှာ ရှိလောက်တယ် ၊ ဒါက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ အခွင့်အရေးကြီးပဲ”

ပိုင်ရှုသည် ကြောက်ရွံ့မှုရော စိတ်လှုပ်ရှားမှုရောပါ ခံစားနေရသည်။

“လက်ရှိ အချက်အလက်တွေအရ ရပ်ကွက်ကော်မတီကို မျက်နှာမဲ့ ရွှံ့ရုပ်တုက သိမ်းပိုက်သွားလောက်ပြီ ၊ သူတို့မှာ အရေအတွက်အားသာချက်ရှိနေတယ် ၊ ကျွန်တော်တို့ အဲဒီကို သွားရင် အင်အားလွန်သွားလိမ့်မယ်”

ဖန်လီက သူ့မေးစေ့ကို ပွတ်လိုက်သည်။

“ဒီရပ်ကွက်ထဲမှာ တခြားအသက်ရှင်ကျန်ရစ်သူတွေ ရှိရမယ် ၊ မကောင်းဆိုးဝါးတွေ အားလုံး လှုပ်ရှားမှု အခန်းထဲမှာ ရှိနေတာဆိုတော့ ကျွန်တော်တို့ ဒီအခွင့်အရေးကို အသုံးချပြီး ကျန်တဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေလို့ရတယ် ၊ ပြီးရင် ဘာဆက်လုပ်ရမယ်ဆိုတာ မစဉ်းစားခင် ဒီနေရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပိုရှာလို့ရနိုင်တယ်”

“မင်း ပြောတာ မှန်တယ်”

အစ်ကိုလီက ခေါင်းညိတ်သည်။ သူက ကောင်းမင်ဘက် လှည့်လိုက်သည်။

“ညီအစ်ကို၊ မင်းဘယ်လို ထင်လဲ”

“ဒါက ကျွန်တော် ပထမဆုံးအကြိမ် လုပ်တာပါ ၊ ခင်ဗျားတို့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ့မယ်”

ကောင်းမင်သည် ရှက်ရွံ့နေပြီး စကားပြောရတာ ကြိုက်ပုံမရချေ။

All Chapters