← Chapters

ဘယ်လိုကလေးမျိုးကို ခင်ဗျားစာသင်ပေးတာလဲ

Vol. 21 Ch. 314

ဘယ်လိုကလေးမျိုးကို ခင်ဗျားစာသင်ပေးတာလဲ

Vol. 21 Ch. 314

“အသစ်ဝင်လာသူလေးတွေက စိတ်လှုပ်ရှားနေတာ ပုံမှန်ပါပဲကွာ ၊ မင်း တဖြည်းဖြည်းနဲ့ အသားကျလာပါလိမ့်မယ်”

အစ်ကိုလီက ကောင်းမင်၏ပခုံးကို ပုတ်လိုက်သည်။

“ဒါပေမဲ့ မင်း ငါတို့အဖွဲ့မှာ တာဝန်ထမ်းဆောင်ရတာ ကံကောင်းတာပဲ”

“ဟန်ဆောင်တာ ရပ်လိုက်တော့”

အိုးယန်စုစုက အစ်ကိုလီကို နောက်ပြန်ဆွဲလိုက်သည်။ အကြောင်းတစ်ခုခုကြောင့် သူမသည် ကောင်းမင်နှင့် ပတ်သက်၍ ထူးခြာသေည့် ခံစားချက်တစ်ခု ခံစားနေရသည်။

“တခြားသူတွေကို အကြံဉာဏ် မပေးခင် ကိုယ့်ကိုယ်ကို အရင် ပြန်ကြည့်ဦး”

“ငြင်းမနေတော့နဲ့”

ဖန်လီက အိုးယန်စုစုကို တွန်းဖယ်လိုက်သည်။

“ဆရာမလျိုက ဒီအဆောက်အဦးကနေ ထွက်ပြေးလာရင်းနဲ့ ကျွန်တော်တို့ကို တိုက်မိခဲ့တာ ၊ အချိန်သိပ် မကြာသေးဘူးဆိုတော့ ရှောင်းကော်နဲ့ သူ့မိဘတွေ ဒီအဆောက်အဦးထဲမှာ ရှိနေသေးဦးမှာပဲ ၊ မကောင်းဆိုးဝါးတွေ လှုပ်ရှားမှုအခန်းထဲမှာ စုဝေးနေတုန်း ဒီနေရာကို စစ်ဆေးဖို့လိုတယ် ၊ ပြီးရင် ဘီလူးတွေ ကျွန်တော်တို့ကို လာမရှာခင် ထွက်သွားဖို့ လိုတယ်”

ရှောင်းကော်၏ မိသားစု အိမ်တွင် မရှိကြောင်း အတည်ပြုပြီးနောက် ဖန်လီက သဲလွန်စများရှာဖွေရန် အဆောက်အဦးတစ်ခုလုံး စစ်ဆေးန် စီစဉ်လိုက်သည်။

“ကောင်းမင်၊ ယိုယို၊ မင်းတို့ နှစ်ယောက် ဒီမှာ အသစ်တွေပဲ ၊ ဒီနေရာကို စောင့်ကြပ်ဖို့ ဒီမှာ နေလို့ ရတယ် ၊ ပိုင်ရှု၊ အစ်ကို လီ၊ ခင်ဗျားတို့ နှစ်ယောက် တစ်ခုခုဖြစ်ရင် သတိပေးဖို့ ကော်ရစ်ဒါမှာ စောင့်နေလိုက်ပါ ၊ ကျန်တဲ့လူတွေက ငါနဲ့အတူ တခြားအခန်းတွေကို ရှာကြမယ်”

ဖန်လီက အမြန် ပြောလိုက်သည်။

“တစ်ခုခု ဖြစ်ရင် တခြားသူတွေကို ကယ်ဖို့ မစဉ်းစားခင် ကိုယ့်လုံခြုံရေးကို အရင်သေချာအောင်လုပ်ပါ”

လူတိုင်း၏မစ်ရှင်အား ခွဲဝေပေးပြီးနောက် ဖန်လီနဲ့ အိုးယန်စုစုက ရှေ့တံခါးမှ ထွက်၍ အပေါ်ထပ်သို့ ဦးတည်သွားလိုက်သည်။ ခြောက်ခြားဂိမ်း မစ်ရှင်တိုင်းသည် ငရဲဝင်ပေါက် ဖြစ်သည်။ သူတို့ အနည်းငယ် မဆင်မခြင် လုပ်မိပါက ချောက်နက်ကြီးထဲ ပြုတ်ကျသွားလိမ့်မည်ဖြစ်သည်။ ဖန်လီသည် ပုံမှန်နဲ့ မကွာခြားသော်လည်း သူအလွန် သတိထားနေခဲ့သည်။ သူက ကြောင်တစ်ကောင်လို ပေါ့ပါးစွာ လှုပ်ရှားနေခြင်းဖြစ်သည်။ သူ့မျက်လုံးများက တစ်ခုမကျန် ကော်ရစ်ဒါများကို စူးစမ်းလိုက်သည်။ ကော်ရစ်ဒါထဲတွင် စုတ်ပြဲနေသော အဝတ်စများ ပိုမိုများပြားနေသည်။ ဖန်လီက ကလေးဖိနပ် တစ်ဖက်ကို တွေ့လိုက်ရသည်။ခုနစ်လွှာသို့ ရောက်သောအခါ သူရပ်တန့်လိုက်သည်။ အလင်းမဲ့နေသော လှေကားထစ်များပေါ်မှာ စုတ်ပြဲနေသော အဝတ်အစားများ ပြန့်ကျဲနေလေသည်။ အနံ့ဆိုးထွက်နေသည့် အဝတ်ပုံကြားတွင် အဝတ်မဲ့နေသော အမျိုးသားတစ်ဦးကို ချိတ်ဆွဲထားသည်။ သူက ဖန်လီကို ကျောပေးထားသည်။ သူ့တွင် အသက်ယဲ့ယဲ့သာ ရှိတော့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေလေသည်။

“ဘာဖြစ်နေတာလဲ”

အိုးယန်စုစုက တွန်းဝင်လာပြီး သူမအိတ်ထဲမှ ခဲဘောလုံးတစ်လုံးကို ထုတ်လိုက်သည်။

“ခဏနေဦး ၊ သူ သရဲ မဟုတ်ဘူး ထင်တယ်”

အစ်ကိုလီက သူ့ဇနီးကို တားလိုက်သည်။ သူနဲ့ ဖန်လီက ထိုအမျိုးသားကို ဘေးတစ်ဖက်တစ်ချက်မှ ချဉ်းကပ်လိုက်ကြသည်။ သူတို့ ထိုအမျိုးသားကို ကြိုးဖြေပေးလိုက်ပြီး ကြမ်းပြင်ပေါ် လှဲချလိုက်သည်။ ထိုအမျိုးသားက မျက်လုံးများ မှိတ်ထားခဲ့သည်။ လူများ လာနေသည်ကို ခံစားရသောအခါ အကြောက်တရားဖြင့် တုန်ယင်သွားသည်။ သူ့မျက်နှာတစ်ခုလုံးသည် ဒဏ်ရာများဖြင့် ပျက်စီးနေလေပြီ။ မြင်ရသည်မှာ စိတ်မသက်မသာ ဖြစ်ရသည်။

“မကြောက်ပါနဲ့ ၊ ကျုပ်တို့က ခင်ဗျားကို ကယ်ဖို့ ရောက်လာတာပါ”

ဖန်လီ့အသံကို ကြားသောအခါ ထိုအမျိုးသားက မျက်လုံးဖွင့်ရန် ကြိုးစားလိုက်သည်။ သူ့ပါးစပ်က ပွင့်ဟလာသည်။ သူ ဖန်လီကို တစ်ခုခု ပြောပြချင်သကဲ့သို့ အလွန်အမင်း ကြိုးစားခဲ့သည်။ သို့သော် သူ အားနည်းမှုကြောင့် မပြောနိုင်ခဲ့ချေ။ နောက်ဆုံးတွင် သူသည် သူတို့ဘယ်ဘက်ရှိ အခန်းတစ်ခုကို လက်ညှိုးထိုးပြရုံသာ တတ်နိုင်ခဲ့သည်။

ဖန်လီနဲ့ အစ်ကိုလီ လှည့်ကြည့်လိုက်သည်။ သူတို့ဘယ်ဘက်ရှိ တံခါးမှာ ပွင့်နေပေသည်။ မိသားစု ငါးယောက်သည် ဧည့်ခန်းထဲတွင် သူတို့အား ကျောပေး၍ ရပ်နေကြလေသည်။

“ မကောင်းတော့ဘူး…”

…

“ရှောက်ပိုင် ဘယ်လို ဖြစ်နေလဲ မသိဘူး”

ယိုယိုသည် ကော်ရစ်ဒါမှ ဘာသံမှ မကြားရချေ။ သူမ အခန်းထဲတွင် လမ်းပတ်လျှောက်လိုက်သည်။ ရုတ်တရက် သူမသည် ဧည့်ခန်းထဲတွင် လုံခြုံရေး ကင်မရာတစ်လုံးကို တွေ့လိုက်သည်။

“ဒါနဲ့ဆိုရင် ဒီမှာ ဘာဖြစ်ခဲ့လဲ ငါရှာလို့ရပြီ!”

ယိုယိုက ကွန်ပျူတာကို ဖွင့်လိုက်ပြီး လုံခြုံရေး ဗီဒီယိုကော်ပီတစ်ခုကို တွေ့လိုက်သည်။သူမသည် နောက်ဆုံးရက်သတ္တပတ်က အကြောင်းအရာကို ရွေးချယ်၍ ဗီဒီယိုကို စတင်ဖွင့်လိုက်သည်။

ရှောင်းကော်၏အမေသည် ကြင်နာတတ်၊ ချစ်တတ် ၊ အလုပ်ကြိုးစားပြီး အကောင်းမြင်သူတစ်ယောက် ဖြစ်သည်။ သူမက အနည်းငယ်တော့ မာနကြီးပေသည်။ သူမသည် အိမ်နီးနားချင်းများနှင့် ဆက်ဆံရေး ကောင်းမွန်သည်။ သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်က ရှောင်းကော်၏အမေသည် အိမ်သို့ နောက်ကျပြီး ပြန်ရောက်လာခဲ့သည်။ ရှောင်းကော်၏အဖေက စိတ်ပူနေခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ သူတို့ ဧည့်ခန်းထဲတွင် စကားများခဲ့ကြသည်။

ဗီဒီယိုထဲတွင် ရှောင်းကော်၏အမေမှာ အခြေအနေ မကောင်းချေ။ သူမသည် အရက်မူးနေသကဲ့သို့ ခေါင်းကို အားမရှိစွာ ငိုက်စိုက်ချထားခဲ့သည်။

အိပ်ခန်းထဲ ဝင်ပြီးနောက် ရှောင်းကော်အမေက မှန်ရှေ့တွင် ထိုင်လိုက်ပြီး ကြောင်တောင်တောင်အပြုံးဖြင့် ပြုံးနေလေသည်။ ထို့နောက် သူမ စပြီးမိတ်ကပ်လိမ်းတော့သည်။ သူမသည် ချိန်းတွေ့ပွဲ့တစ်ခုသို့ သွားတော့မည့်ကဲ့သို့ မျက်နှာအား လှပစွာ ခြယ်သတော့သည်။ ရှောင်းကော်အဖေက သူမ ဘေးတွင် ရှိနေခဲ့သည်။ သူသည် စိုးရိမ်ပြီး ကြောက်ရွံ့နေခဲ့သည်။ သူ ရဲခေါ်ရန် ဆုံးဖြတ်လိုက်သောအခါ ရပ်ကွက်ကော်မတီက အဖွားကြီးတချို့ လာရောက်လည်ပတ်ကြလေသည်။ အဘွားကြီးများက ရှောင်းကော်အဖေအား အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။ ထို့နောက် ကြောက်စရာကောင်းသောအရာများ ဖြစ်ပျက်လာလေတော့သည်။

ညသန်းခေါင်၌ ရှောင်းကော်အမေက မှန်ထဲရှိ သူ့မကိုယ်သူမ စိုက်ကြည့်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောတော့သည်။ သူမ၏ရယ်သံမှာ ပိုမိုကျယ်လောင်လာခဲ့သည်။ သူမ၏လက်များဖြင့် သူမမျက်နှာအား အထိန်းအချုပ်မဲ့စွာ ကုတ်ခြစ်လေတောာ့သည်။ သူမ၏လက်သည်းချွန်များက ပါးစပ်နဲ့ မျက်လုံးများကို ထိုးဖောက်သွားသည်။ မိတ်ကပ်လိမ်းထားသည့် မျက်နှာသည် တဖြည်းဖြည်း ဆုတ်ဖြဲနေသော်လည်း သွေးတစ်စက်မှ ထွက်မလာခဲ့ချေ။ ထိုအမျိုးသမီးသည် ရယ်မောနေသော်လည်း မှန်ထဲကနေ ငိုသံ ထွက်နေခဲ့သည်။ သူမ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူမ၏ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ရှေ့သို့ ငိုက်ကျလာပြီး မျက်နှာက မှန်ကို ထိတွေ့သွားသည်။

သူမရဲ့ ခန္ဓာကိုယ်သည် တစ်စုံတစ်ခုက သူမခန္ဓာကိုယ်ထဲမှ ထွက်၍ မှန်ထဲ တိုးဝင်သွားသကဲ့သို့ တဆတ်ဆတ် ဖြစ်နေလေသည်။

ဆူညံသံများကို ကြားရသဖြင့် အိပ်ရာနိုးလာသော ရှောင်းကော်က အိပ်ခန်းထဲ ဝင်လာလေသည်။ သူမသည် သူမ၏ မိခင်အား ကြောက်ရွံ့စွာ ကြည့်မိလိုက်သည်။

ယိုယိုက ပုံကို ရပ်လိုက်သည်။ သူမရဲ့ နှလုံးခုန်သံက မရပ်နိုင်ချေ။ သူမ၏ အသင်းဖော်များ အားလုံး ထွက်သွားခဲ့ကြပြီဖြစ်သည်။ သူမနှင့် ကောင်းမင်သာ အိမ်တွင် ကျန်ခဲ့ကြသည်။

သူမ ကြောက်နေသော်လည်း သိလိုစိတ်က သူမကို ဆက်လက် ကြည့်ရှုရန် တွန်းအားပေးနေလေသည်။ သူမ ဖွင့်သည့် ခလုတ်အား နှိပ်လိုက်ပြီး သူမ၏ မျက်လုံးများက ဖန်သားပြင်တွင် ကော်ကပ်ထားသကဲ့သို့ စွဲကပ်နေခဲ့သည်။

မှန်က မျိုချတော့မည့်အချိန်တွင် ထိုအမျိုးသမီးက စတင်ရုန်းကန်လာသည်။ သူမ၏လက်များက မှန်ကို ထုရိုက်တော့သည်။ သူမ ရှောင်းကော်ကို ထွက်ပြေးဖို့ ပြောရန် နောက်ဆုံး အားအင်ကို အသုံးပြုခဲ့သည်။

ဆယ်စက္ကန့်အကြာတွင် ထိုအမျိုးသမီးနှင့် မှန်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ရှောင်းကော် အမေ၏ မျက်နှာမှာ မှန်ထဲတွင် ကျန်ခဲ့ပုံရသည်။ မှန်အပြင်ဘက်တွင်မူ ထိုအမျိုးသမီးမှာ ဝိညာဉ်မဲ့ ခန္ဓာကိုယ်တစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။ မှန်ထဲတွင်တော့ သူမသည် ပိုမိုလှပလာပြီး နှစ်အနည်းငယ်ခန့် နုပျိုသွားခဲ့လေသည်။

သူမ၏ ရောင်ပြန်ပုံရိပ်သည် သူမ၏ ကလေးကို ကြည့်ပြီး ပြုံးလိုက်သည်။ သူမ၏အကြည့်သည် အလွန် နူးညံ့နေသောကြောင့် သူမအကြိုက်ဆုံး အစားအစာကို ကြည့်နေသကဲ့သို့ ခံစားရပေသည်။ မှန်ထဲရှိ သူမခန္ဓာကိုယ်အာား ရွေ့လျားလိုက်သည်။ သူမ၏ ဦးခေါင်းသည် မှန်မျက်နှာပြင်မှ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။

ဗီဒီယိုမှာ တဖျပ်ဖျပ် ဖြစ်သွားပြီး ဖန်သားပြင်ပိတ်သွားတော့သည်။ ဝါယာ ရှော့ခ်ဖြစ်သွားခြင်းပင်။

ယိုယိုက ကွန်ပျူတာကို ပြန်ဖွင့်ရန် ကြိုးစားသော်လည်း အချည်းနှီးပင်။ သူမ ကောင်းမင်အား အကူအညီခေါ်ရန် ပြင်လိုက်သည်။ သူမ ခေါင်းလှည့်လိုက်သောအခါ အိပ်ခန်းကို မြင်လိုက်ရသည်။ သူမ၏ နောက်ကျောမှာ အေးစိမ့်သွားတော့သည်။ သက်လတ်ပိုင်းအမျိုးသမီး၏ ဦးခေါင်းမှာ အိပ်ခန်း မှန်ထဲမှ တဖြည်းဖြည်း ထွက်လာနေသည်။ သူမသည် မိတ်ကပ်အထူကြီး လိမ်းထားပြီး သူမ၏ မျက်လုံးနဲ့ ပါးစပ်က နက်ရှိုင်းတဲ့ တွင်းပေါက်ကြီးများ ဖြစ်နေကြသည်။ သူမ၏မျက်နှာသည် အချိန်မရွေး ဆန့်ထွက်နိုင်မည့်အတိုင်း တင်းမာနေတော့သည်။

“ဗီဒီယိုက လက်တွေ့ဘဝရဲ့ အဆက်ပဲ!”

အေးစက်မှုက မြွေများကဲ့သို့ သူမ၏ခြေထောက်ပတ်လည်တွင် ရစ်ပတ်လာတော့သည်။ ကြောက်ရွံ့မှုသည် ယိုယိုအား နေရာတွင် အေးခဲသွားစေခဲ့သည်။ သူမ ပါးစပ်ဟလိုက်သည်။ သူမ အော်ဟစ်တော့မည့်အချိန်တွင် ဧည့်ခန်းထဲ ရှိနေသော ကောင်းမင်က ပြေးဝင်လာ၏။

သူသည် ထမင်းအကြွင်းအကျန်များရှိနေသေးသည့် ထမင်းပေါင်းအိုးကို ကိုင်ထားလေသည်။ သူ မဆိုင်းမတွပင် ထိုအမျိုးသမီး၏ဦးခေါင်းအား ထမင်းပေါင်းအိုးဖြင့် ရိုက်ချလိုက်လေသည်။

ကောင်းမင်က ထိုအမျိုးသမီးကို ကန်ထုတ်လိုက်ပြီး မှန်ပြင်အား လက်သီးဖြင့် တစ်ချက်ပြီးတစ်ချက် ထိုးတော့သည်။ မှန်ပြငသေည် အစအနအသေးစားလေးများအဖြစ် အက်ကွဲထွက်သွားလေသည်။ ကောင်းမင်၏လက်တွင် မှန်ထဲမှ စိမ့်ထွက်လာသော သွေးများဖြင့် စိုရွှဲနေတော့သည်။

ယိုယိုက သူမ၏အော်ဟစ်သံအား ပြန်မျိုချလိုက်သည်။ ထမင်းပေါင်းအိုးသည် ကြမ်းပြင်ပေါ် လိမ့်ကျသွားပြီး သရဲမှာ ပျောက်ကွယ်သွား၏။

“ခဏလေး… ဒါက သရဲတွေကို ပြန်လိုက်ထုတ်တဲ့ နည်းလမ်းလား”

All Chapters