စိတ်စွမ်းအား
Vol. 21 Ch. 315
သရဲများနှင့်ရင်ဆိုင်ကြုံတွေ့ရပ်ပါက ပထမဆုံး တုံ့ပြန်သည် သူတို့နဲ့ ဝေးရာသို့ ထွက်ပြေးရန်ဖြစ်သည်။ ကောင်းမင်သည် သရဲကို ထွက်သွားရန် “ဖျောင်းဖြ” လိုက်ပြီးနောက် အကြောက်တရားက သူ့အား ခမ်းခြောက်သွားစေသကဲ့သို့ ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။
ယိုယိုသည် စက္ကန့်အနည်းငယ် တွေဝေနေပြီး အိပ်ခန်းထဲသို့ ပြေးဝင်သွားသည်။ သူမ မှန်ကွဲစများကို ကြည့်လိုက်သည်။ သရဲမ ပျောက်ကွယ်သွားလေပြီ။
“ရှင် အဆင်ပြေရဲ့လား”
ယိုယိုက ကောင်းမင်အား သာမန်လျှံကာ ထိတွေ့ရဲခြင်း မရှိချေ။ ခြောက်ခြားဇာတ်လမ်း၏ ထိတွေ့ဖူးသူများကို သရဲများက အစားထိုးနိုင်ပေသည်။ သူမသည် သူမ မသိသည့်လူတစ်ယောက်အတွက် မသေချင်ပေ။
“ငါ အဆင်ပြေပါတယ်…”
ကောင်းမင်သည် ယိုယို သူ့မနား ချဉ်းကပ်ရန် ရည်ရွယ်ချက်မရှိသည်ကို မြင်သောအခါ သူ ‘ရုန်းကန်’ ပြီး ထရပ်လိုက်သည်။ သူ့လက်များကား သွေးများဖြင့် ဖုံးလွှမ်းနေ၏။ သွေးများမှာ သူ့ဆီက မဟုတ်ဘဲ မှန်ဆီမှ လာခြင်းဖြစ်သည်။
“မျက်နှာမဲ့ရုပ်တုက ငါတို့ကို ရှာတွေ့သွားပြီ ထင်တယ် ၊ သူ့ရဲ့ သာဝကတပည့်တွေရဲ့ အခန်းတွေထဲက မှန်တွေအားလုံး သူ့မျက်လုံးတွေပဲ ၊ ဒီဒါကြီးက ငါတို့ ထင်ထားတာထက် ပိုကောက်ကျစ်တယ်”
ရွှံ့ရုပ်တု တစ်ခုတည်းသာရှိသော်လည်း သူ့ရဲ့ ယုံကြည်မှုကြောင့် အယူလွှဲသွားသူတိုင်းသည် သူ့ကိုယ်ပွား ဖြစ်သည်။
“ကျွန်မတို့ ဖန်လီကို ရှာသင့်တယ်”
ယိုယိုသည် ကောင်းမင်အနား ချဉ်းကပ်ခြင်း မရှိသေးချေ။ သူမ ကြောက်ရွံ့နေပြီး ကောင်းမင်အား တစ်ယောက်တည်း ထားခဲ့ပြီး ဧည့်ခန်းထဲကနေ ပြေးထွက်သွား၏။
“ရှောင်ပိုင်! ပိုင်ရှု! နင် ဘယ်မှာလဲ”
အပေါ်ထပ်မှ ပုံမှန်မဟုတ်သော ခြေသံများ ထွက်ပေါ်လာသည်။ ပိုင်ရှုနဲ့ အစ်မကျန်းတို့က တစ်ယောက်ကိုတစ်ယောက်တွဲ၍ ထွက်ပြေးလာသည်။
“မြန်မြန်လုပ်! ကော်ရစ်ဒါက မလုံခြုံတော့ဘူး! ငါတို့ သွားရတော့မယ်”
သူမ၏ အသင်းဖော်များကို ကြားလိုက်သောအခါ ယိုယိုက ကောင်းမင်အား သတိပင် မပေးတော့ဘဲ ပိုင်ရှုဆီ ပြေးသွားလိုက်သည်။ သူမသည် သူတို့နဲ့ ပူးပေါင်းလိုက်ပြီး အောက်ထပ်ဆီသို့ ပြေးဆင်းသွားတော့သည်။
“မင်းတို့ အပေါ်ထပ်မှာ ဘာနဲ့ တွေ့ခဲ့တာလဲ ၊ ဖန်လီရော ဘယ်မှာလဲ”
ဘယ်သူမှ သူ့ကို ဂရုမစိုက်သောကြောင့် ကောင်းမင်၏အခြေအနေမှာ မှော်ဆန်စွာ ပိုကောင်းမွန်လာခဲ့သည်။ အစောပိုင်းက သူ့ကို လွှမ်းမိုးနေသည့် အကြောက်တရားက မရှိတော့သလိုမျိုးပင်။
“ရှောင်ဖန်က ခုနစ်လွှာမှာ! အဲဒီနေရာက သရဲတွေနဲ့ ပြည့်နေတယ်!”
ပိုင်ရှုနဲ့ ယိုယိုတို့ ပြေးထွက်သွားကြသည်။ အစ်မကျန်းကတော့ အနည်းဆုံး ကောင်းမင်ဘက် လှည့်ပြီး အော်ပြောခဲ့သေးသည်။
“မင်း အဲဒီကို သွားရင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေလိမ့်မယ်! ငါတို့နဲ့ အတူတူ လိုက်ခဲ့!”
စုံစမ်းစစ်ဆေးရေးဌာနနဲ့ နှိုင်းယှဉ်ပါက လက်ရှိခြောက်ခြားဂိမ်းကစားသမားများသာ် စည်းလုံးခြင်း မရှိချေ။ သူတို့သည် အကျိုးအမြတ်အတွက် တိုက်ခိုက်ကြခြင်းဖြစ်ပြီး အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏အစစ်အမှန် စရိုက်ကို ထုတ်ဖော်ကြသည်။ လူတိုင်း ကမ္ဘာပျက်ကပ်တွင် အသက်ရှင်လိုကြသည်။ သူတို့သည် ပိုမိုသန်မာလာရန်နှင့် သူတို့ကိုယ်တိုင် သို့မဟုတ် သူတို့၏ သူငယ်ချင်းများကို ကယ်တင်ရန်အတွက် မူမမှန်ဖြစ်ရပ်ထဲ ဝင်ကြခြင်းဖြစ်သည်။၎င်းသည် မဖြစ်နိုင်တော့သောအခါ သူတို့၏ကိုယ်ကျင့်တရားနဲ့ အသင်းဖော်များကို စွန့်လွှတ်ရန် ဝန်မလေးတော့ချေ။ဤသည်မှာ လူသားပင်။ ထိုသို့ဖြစ်သောကြောင့် ဖန်လီလို လူမျိုးများက အလွန် တန်ဖိုးရှိနေခြင်းဖြစ်သည်။
ကောင်းမင် သူတို့နောက် လိုက်မသွားခဲ့ချေ။ သူ အပေါ်ထပ်သို့ တက်သွားလိုက်သည်။ သူသည် ဖန်လီအတွက် ရောက်လာခဲ့ခြင်းပင်။ ပိုင်ရှုနဲ့ အခြားလူများ ထွက်သွားပြီးနောက် ကော်ရစ်ဒါမှာ တိတ်ဆိတ်သွားသည်။ တိုက်ခိုက်သံ သို့မဟုတ် အော်ဟစ်သံများ မရှိချေ။ စိတ်ရှုပ်ထွေးစွာဖြင့် ကောင်းမင်သည် ခြောက်လွှာကို ရောက်လာခဲ့သည်။ ခြောက်လွှာနှင့် ခုနစ်လွှာအကွေ့တွင် သူ ရပ်တန့်လိုက်သည်။ သူ့ရှေ့က မြင်ကွင်းက သူ့ကို အံ့အားသင့်သွားစေသည်။
အဖြူရောင်ဝတ်စုံဖြင့် ကလေးမလေးတစ်ဦးက အိုးယန်စုစုနဲ့ အစ်ကိုလီအား မျက်နှာမူပြီး ရပ်နေ၏။ သူမသည် ထိုနှစ်ဦးကြားတွင် တဖြည်းဖြည်း လမ်းလျှောက်နေလေသည်။ ကွာရှင်းရန် အဆင်သင့် ဖြစ်နေသော ထိုသက်လတ်ပိုင်း စုံတွဲသည် ရုပ်တုများကဲ့သို့ မှောင်မဲနေသော ကော်ရစ်ဒါထဲတွင် ရပ်နေသည်။ သူတို့သည် တစ်ယောက်မျက်လုံး တစ်ယောက် ဖုံးအုပ်ထားပြီး ရွေ့လျားမှုမရှိချေ။
“မျက်နှာကို ကြည့်လို့မရတဲ့ သရဲလား”
အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ သူတို့နှစ်ယောက်စလုံး သရဲ၏မျက်နှာအား မမြင်မိစေရန် တစ်ယောက်မျက်လုံး တစ်ယောက်အုပ်ထားရန် ဆုံးဖြတ်ချက် တူတူ ချခဲ့ကြခြင်းပင်။
ကလေးမလေး၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာ အသံမျိုးစုံ ထွက်နေလေသည်။ သူမသည် လူသား ပိုးကောင်တစ်ကောင်ကဲ့သို့ အိုးယန်စုစု၏ကိုယ်ပေါ်သို့ တွယ်တက်သွားသည်။ သူမ၏ သေးသွယ်သည့် ခြေထောက်များသည် အိုးယန်စုစု၏ပခုံးပေါ် ဖိချထားသည်။ သူမ၏ ဦးခေါင်းမှာ အောက်ဘက်သို့ ငိုက်စိုက်ကျနေလေသည်။ သူမ၏ဦးခေါင်းသည် အိုးယန်စုစု၏မျက်နှာရှေ့တွင် ယိမ်းထိုးနေ၏။
အိုးယန်စုစုသည် မည်မျှပင် ရုပ်ပိုင်းဆိုင်ရာ သန်မာသော်လည်း သူမ၏ခန္ဓာကိုယ်မှာ တုန်ယင်နေခဲ့သည်။ သို့သော် အစ်ကိုလီမျက်လုံးကို ဖုံးအုပ်ထားသည့် လက်က ရွေ့လျားသွားခြင်း မရှိပါချေ။
သရဲက အနီးအနားတွင် ရှိနေသည်ကို သူတို့ နှစ်ယောက်လုံး သိကြသည်။ သူတို့သည် ဆရာမလျိုဆီမှ စည်းမျဉ်းတစ်စိတ်တစ်ပိုင်းကို သင်ယူခဲ့ရသည်။ သူတို့ သေမတတ်ကြောက်နေသေည်လည်း သရဲ၏ မျက်နှာအား ကြည့်ရှုရန် မဝံ့ရဲခဲ့ကြချေ။
ကလေးမလေး၏ဇောက်ထိုးမျက်နှာသည် နာရီချိန်သီးကဲသို့ လှုပ်ယမ်းနေလေသည်။ ရုတ်တရက်ဆိုသလိုပင် သူမသည် အစ်ကိုလီ၏လက်နောက်ဖက်ကို ကိုက်လိုက်သည်။ ကျိန်စာကား စိုစွတ်၊ နက်မှောင်သော ဆံပင်များကဲ့သို့ သူ့သွေးကြောထဲ ဝင်ရောက်သွားတော့သည်။ အစ်ကိုလီက အံကြိတ်လိုက်သည်။ နာကျင်မှုသည် သူ့အား ချွေးသံရဲရဲ ဖြစ်စေသည်။ သို့သော် သူအသံ မထွက်အောင် အစွမ်းကုန် ကြိုးစားနေခဲ့သည်။
“အစ်ကို လီ”
အိုးယန်စုစုက တစ်ခုခုမှားနေပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ ကလေးမလေးသရဲသည် သူမပခုံးပေါ် ထိုင်နေသည်ကို သူမ ခံစားနေရသည်။
“သရဲက ကျွန်မပေါ် ထိုင်နေတယ် ၊ရှင် လက်လွှတ်ပြီး ပြေးမှရမယ်”
အစ်ကိုလီက အလွန်နာကျင်နေသောကြောင့် သူ့လက် တုန်ယင်နေသည်။
“ကျွန်မ သုံးအထိ ရေပြီးတာနဲ့ ကျွန်မတို့ နှစ်ယောက်လုံး တစ်ချိန်တည်း လွှတ်ပြီး ပြေးကြမယ်”
အိုးယန်စုစု တစ်ဟု ရေတွက်လိုက်ချိန်တွင် အစ်ကိုလီက သူမ၏မျက်လုံးပေါ်ရှိ လက်အား ဆက်အုပ်ထားသည်။ စုစုက လွှတ်လိုက်သော်လည်း လှုပ်ရှားရန် အစီအစဉ်မရှိချေ။ ထိုအစား သူမသည် သရဲ၏ခြေထောက်အား ဆုပ်ကိုင်ထားရန် သွားလိုက်သည်။ သူမ သရဲကို မတိုက်ခိုက်နိုင်လျှင်ပင် အစ်ကိုလီဆီက ဆွဲထုတ်သွားမည်ဖြစ်သည်။ သူမ၏အတွေးမှာ ကောင်းမွန်သော်လည်း အကောင်အထည်ဖော်ရန် ခက်ခဲလှပေသည်။
စုစုက ကလေးမလေး၏ခြေထောက်ကို ဆွဲလိုက်စဉ်တွင် သရဲ၏အရေပြားမှာ စတင် အသွင်ပြောင်းလဲလာတော့သည်။ ၎င်းတို့သည် ဂျယ်လီကဲ့သို့ စုစု၏လက်များကို ဖုံးလွှမ်းသွားသည်။ ကလေးမလေး၏မျက်နှာကား ပို၍ပင် နီးလာချေပြီ။
အစ်ကိုလီ၏လက်သာ မရှိခဲ့ပါက အိုးယန်စုစု၏မျက်နှာမှာ အခိုးခံရလောက်ပြီဖြစ်သည်။ ကျိန်စာကား သူ့ခန္ဓာကိုယ်ထဲ စီးဆင်းနေလေသည်။ အစ်ကိုလီသည် နာကျင်မှုကြောင့် မတ်တပ်ရပ်ဖို့ပင် မစွမ်းနိုင်တော့ချေ။ သို့သော် ကြွက်သားတစ်ခုမှပင် မလှုပ်ရှားဝံ့ခဲ့ချေ။
“သွားတော့! ထွက်သွားတော့!”
အိုးယန်စုစုသည် အစ်ကိုလီအတွက် အခြေအနေ မကောင်းသည်ကို သိသော်လည်း ထိုအမျိုးသားမှာ ကျိန်စာ၏ကျူးကျော်ခံလိုက်ပြီဖြစ်ကြောင်းကိုတော့ မသိခဲ့ချေ။ သူတို့သည် မကြာခဏ ငြင်းခုံလေ့ရှိကြသော်လည်း သူတို့နှလုံးသားထဲတွင် တစ်ယောက်ကို တစ်ယောက်အကောင်းဆုံး အကျိုးရှိစေချင်နေဆဲပင်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် စွန့်လွှတ်ရန် တစ်ခါမှ မစဉ်းစားခဲ့ကြချေ။
“Fuck this!”
မျက်လုံးတွေကို မှိတ်ထားရင်း အိုးယန်စုစုက ရုတ်တရက် နောက်ကို မှီလိုက်သည်။ သရဲက သူမကျောပေါ်တွင် ရှိနေသည်ကို သူမ သိသည်။ သူမ၏ ခန္ဓာကိုယ်အား သူမနောက်က နံရံထံ ဆောင့်ချလိုက်လေသည်။ စိတ်ပျက်အားငယ်မှုထဲတွင် ထိုစုံတွဲသည် ကြီးမားသော ဆုံးဖြတ်ချက်ကို ပြသခဲ့သည်။ ကျိန်စာနှင့် နာကျင်မှုတို့သည် သူတို့ထဲတွင် ရှိနေသည့်အရာအား လျော့ပါးသွားစေရန် မတတ်နိုင်ခဲ့ချေ။(ပေးဆပ်မှုလား)
အစ်ကိုလီမှာ သူ့ဇနီးကို စိုးရိမ်နေသော်ငြား ကျိန်စာက သူ့အား သိမ်းပိုက်ခြင်းမပြုမီ အခြား ခြောက်ခြားဂိမ်းကစားသမားများ လာကယ်ရန်မျှော်လင့်ခြင်းထက် ပိုမစွမ်းနိုင်တော့ချေ။ အိုးယန်စုစုကို ကယ်တင်နိုင်သရွေ့ သူဘာနဲ့မဆို လဲလှယ်မည်ဖြစ်သည်။
ထိုအချိန်တွင် ညှဉ်းပန်းနှိပ်စက်သည့် အခန်းထဲမှ အသံများ ထွက်လာလေသည်။ သားစားကြူးနတ်ဘုရား၏လူသားမျက်နှာက သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
ထိုစုံတွဲဆီမှ လူသားမျက်စိဖြင့် မမြင်နိုင်သည့် ထူးခြားစွမ်းအင်တစ်ခု အငွေ့ပျံသွားပြီး သားစားကြူးနတ်ဘုရားက စုပ်ယူသွားသည်။ ယင်းစွမ်းအားသည် သူတို့၏ ခံစားချက်များ သို့မဟုတ် အချစ် ဖြစ်ပုံရသည်။
“ဒါက ကောင်းယန် ပြောခဲ့တဲ့ စိတ်စွမ်းအား ဖြစ်ရမယ်”
ကောင်းမင်၏မူလ ပစ်မှတ်မှာ ဖန်လီဖြစ်သည်။ သူ ထိုစုံတွဲကို တွေ့ခဲ့ရသဖြင့် ဝမ်းသာ အံ့သြမိခဲ့သည်။
အိုးယန်စုစုနဲ့ အစ်ကိုလီတို့သည် ဘေးကပ်ဆိုးတွင် သေဆုံးသင့်သော်လည်း သူတို့၏ ကံကြမ္မာအား သားစားကြူးနတ်ဘုရားက ပြောင်းလဲပစ်လိုက်သည်။ သူတို့၏ စွမ်းအင်ကို စားသုံးပြီးနောက် လူသားမျက်နှာက သူ့မျက်လုံးများကို မှိတ်လိုက်လေသည်။ သူ ထိုထက် ပိုလုပ်ရန် ရည်ရွယ်ချက်ရှိပုံ မရချေ။
“မတူညီတဲ့ လူသားတွေက မတူညီတဲ့ စိတ်စွမ်းအင်အဆင့်တွေကို နှိုးဆွပေးလိမ့်မယ် ၊ ဒီ စုံတွဲကတော့ မဆိုးပါဘူး”
ကောင်းမင်ရဲ့ လက်ထဲတွင် နာမည်များ ဖုံးအုပ်နေသော ချိန်းကြိုးတစ်ချောင်း ပေါ်လာ၏။ သူ ရှေ့သို့ ပြေးသွားလိုက်ပြီး ကလေးမလေးကို နောက်ကနေ လှမ်းပတ်လိုက်သည်။ သူမမျက်နှာအား မကြည့်ဘဲ ကောင်းမင်က ကလေးမလေးကို ညှဉ်းပန်းနှိပ်စက်သည့်အခန်းထဲ ပစ်ထည့်လိုက်လေသည်။
အစ်မကြီးစုစုသည် လေကို တိုက်ခိုက်နေဆဲပင်။ အစ်ကိုလီက နာကျင်စွာ အော်ဟစ်လိုက်သည်။ ကောင်းမင်သည် ထိုစုံတွဲဘေးမှ ပြေးသွားလိုက်ပြီး ဖန်လီရှိရာအခန်းသို့ ဦးတည်လိုက်သည်။