← Chapters

နှောင်းပိုင်းအခြေအနေကပ်ဘေးလက်

Vol. 75 Ch. 1043

နှောင်းပိုင်းအခြေအနေကပ်ဘေးလက်

Vol. 75 Ch. 1043

ထူးဆန်းတဲ့လူက သူ့ကို မလိမ်မှန်း လီဖူချန်းက သိပေမယ့် သူက အဖြူရောင်တံခါးကို သွားဖို့ အစီစအစဉ်မရှိပါဘူး။ ကမ္ဘာဦးချပ်ဝတ်က ထွက်ပေါ်လာပြီး လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူရဲ့ရတနာခန်းဆီ လျှောက်သွားတယ်။

"အာ"

ဒါပေမယ့် နောက်ပိုင်းမှာ သူ ဘယ်လိုပဲ ရွေ့ရွေ့၊ သူက သေမင်းနတ်ဘုရားလိုဏ်ဂူရဲ့ရတနာခန်းနဲ့ မနီးကပ်နိုင်ဘူးဆိုတာကို လီဖူချန်းက သိလိုက်တယ်။

ထူးဆန်းတဲ့ပုံရိပ်က ပြောလိုက်တယ်"သေမင်းနတ်ဘုရားလိုဏ်ဂူမှာ ဆရာသခင်ရဲ့စွမ်းအားပါဝင်တယ်၊ မင်းက  အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်ဆိုရင်တောင် ဘာမှတတ်နိုင်မှာမဟုတ်ဘူး"

"ငါ သိပြီ"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ သေမင်းနတ်ဘုရားမှာ အရန်အစီအစဉ်ရှိရင် ရတနာကို ရဖို့အတွက် လီဖူချန်းက စည်းမျဉ်းတွေကို ဖောက်ဖျက်နိုင်မှာ မဟုတ်ဘူး၊ သူက စည်းမျဉ်းတွေကို လိုက်နာရပါမယ်။

ဒါပေမယ့် အခြားသူတွေနဲ့မတူတာက သူ သေမင်းနတ်ဘုရားလိုဏ်ဂူကို ဝင်ရောက်တဲ့အချိန်မှာ အန္တရာယ်လုံးဝမရှိဘူး။ သူမှာ သေမင်းကျောက်တုံးအလုံအလောက်ရှိသေရွေ့ သူ လာချင်သလောက် လာနိုင်တယ်။ သူ ပိုလာလေလေ၊ ရတနာကောင်းတွေကို ပိုရလေ‌လေပေါ့။

"သေမင်းကျောက်တုံး၂၈တုံး၊ အခွင့်အရေး၂၈ခု"

လီဖူချန်းက အဖြူရောင်တံခါးဆီ လျှောက်သွားတယ်။

ဝှစ်......

လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူမှ ထွက်လာတယ်။ သူ့ကံက အရမ်းမကောင်းဘူး၊ သူက ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတစ်ခုကိုသာ ရရှိခဲ့တယ်။ သေမင်းနတ်ဘုရားလိုဏ်ဂူထဲမှာ အဆိုးဆုံးက ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းဖြစ်တယ်။

"နင် အဆင်ပြေရဲ့လား"

လီဖူချန်းမှာ လျှို့ဝှက်ချက်တွေများစွာရှိမှန်း ရန်ချင်းဟူက သိပေမယ့် သူမက အလွန်စိုးရိမ်နေတုန်းပဲ။

လီဖူချန်းက ရယ်ကာ ပြောလိုက်တယ်" မစိုးရိမ်ပါနဲ့၊ ဒီကမ္ဘာမှာ ငါကပဲ သေမင်းနတ်ဘုရားလိုဏ်ဂူကနေ အနာတရမရှိဘဲ ထွက်လာနိုင်တာ"

ပြောရင်း လီဖူချန်းက ဒုတိယ‌မြောက်သေမင်းကျောက်တုံးကို ဆုပ်ကိုင်ကာ သေမင်းနတ်ဘုရားလိုဏ်ဂူထဲသို့ ပြန်ဝင်သွားတယ်။

တစ်ခါမှာ ထူးဆန်းတဲ့ပုံရိပ်က ပျောက်သွားခဲ့တယ်၊ သူက လီဖူချန်းကို ကြောက်နေမှန်း သိသာတယ်။

"အဆင့်နိမ့်စကြာဝဠာရတနာလား၊ အသုံးမဝင်ဘူးပဲ"

"အဆင့်နိမ့်စကြာဝဠာရတနာ"

"ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်း"

"ဒါက တစ်ခုခုအသုံးဝင်သေးတယ်။ ဒါက အဆင့်နိမ့်ဓားတာအိုစကြာဝဠာရတနာတစ်ခုပဲ"

သေမင်းကျောက်တုံးငါးတုံးကို အသုံးပြုပြီး‌နောက် လီဖူချန်းက ပစ္စည်းငါးခုကို ရရှိခဲ့တယ်။ အဆင့်နိမ့်စကြာဝဠာရတနာသုံးခုနဲ့ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းနှစ်ခု။

"ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်း"

"ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်း"

"အာ၊ အလယ်ဆင့်စကြာဝဠာရတနာတစ်ခု"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ ဒါက သူ သေမင်းနတ်ဘုရားလိုဏ်ဂူမှထွက်လာတာရှစ်ကြိမ်မြောက်ဖြစ်ပြီး သူ့မှာ နောက်ထပ်ခရမ်းရောင်ဘူးသီးတစ်လုံးရှိလာတယ်။

အစိမ်းရောင်ဘူးသီးက အသက်အားကို ပျိုးထောင်နိုင်ပေမယ့် ခရမ်းရောင်ဘူးသီးက ဘာလုပ်နိုင်သလဲကို မသိပါဘူး။

လီဖူချန်းက ခရမ်းရောင်ဘူးသီးအဖုံးကို ဖွင့်လိုက်တယ်။

ဖောက်......

ဘူးသီးအဖုံးပွင့်သွားတာနဲ့ ခရမ်းရောင်ဒဏ်ငွေ့အမျှင်တစ်ခုက ခရမ်းရောင်ဘူးသီးမှ ထွက်လာတယ်။

လီဖူချန်းက မသိစိတ်အရ ခရမ်းရောင်ချီကို သူ့နှာခေါင်းထဲသို့ ရှုသွင်းလိုက်မိတယ်။

ဖြောက်......

သေမင်းနတ်ဘုရားရေကန်အထက်ရှိဟင်းလင်းပြင်က ပျက်စီးသွားတယ်။

လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲရှိကပ်ဘေးစွမ်းအားက ဒီရေလှိုင်းတစ်ခုပမာ ချက်ချင်းတိုးဝင်လာတယ်။

"ဒါ ကမ္ဘာဦးခရမ်းရောင်ချီလား"

လီဖူချန်းရဲ့မျက်လုံးက အလင်းတွေ တောက်ပသွားတယ်။

ကမ္ဘာဦးခရမ်းရောင်ချီက ဖရိုဖရဲမူလရဲ့အဆီအနှစ်ဖြစ်ပြီး ၎င်းက ကပ်ဘေးစွမ်းအားအပါအဝင် ဘယ်လိုစွမ်းအင်ပုံစံကိုမဆို ပြောင်းနိုင်တယ်။

ကမ္ဘာဦးခရမ်းရောင်ချီတစ်မျှင်က လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားကို အဆများစွာတိုးစေဖို့ လုံလောက်တယ်။

ပထမကမ္ဘာဦးခရမ်းရောင်စွမ်းအင်တစ်မျှင်ပြီးနောက် နောက်ထပ်ကမ္ဘာဦးခရမ်းရောင်စွမ်းအင်တစ်မျှင်က ထွက်လာတယ်။

လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားက နောက်တစ်ဆင့်ကို တိုးသွားတယ်။ အချက်အလက်အရ လီဖူချန်းက နှောင်းပိုင်းအ‌ခြေအနေကပ်ဘေးလက်ရဲ့တံခါးဝကို ရောက်ရှိနေပါပြီ။

ကံမကောင်းစွာနဲ့ ခရမ်းရောင်ဘူးသီးထဲမှာ ကမ္ဘာဦးခရမ်းရောင်ချီနှစ်မျှင်ပဲရှိတာပဲ။

"အသက်ဘူးသီးက အသက်အားကို ပျိုးထောင်နိုင်ပြီး ခရမ်းရောင်ဘူးသီးက ကမ္ဘာဦးခရမ်းရောင်ချီကို ထုတ်လုပ်နိုင်တယ်။ ဒါကို ကမ္ဘာဦးဘူးသီးလို့ ခေါ်ကြတာပေါ့" တန်ဖိုးအရ ကမ္ဘာဦးဘူးသီးက အသက်ဘူးသီးထက် တစ်ဆင့်ပိုမြင့်တယ်။ ဒါပေမယ့် ကမ္ဘာဦးဘူးသီးက ကမ္ဘာဦးခရမ်းရောင်စွမ်းအင်ကို ထုတ်လုပ်ဖို့ အချိန်အကြာကြီးလိုအပ်ပြီး အသက်ဘူးသီးက အသက်အားကို ချက်ချင်း စုဆောင်းနိုင်တယ်။

ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတွေ၊ အဆင့်နိမ့်စကြာဝဠာရတနာတွေ၊ သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ။

လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူမှ ဆယ့်နှစ်ကြိမ်မြောက်ထွက်လာတဲ့အခါ သူက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိခဲ့တယ်။

ဒါက သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပေမယ့် လူတွေကို ရူးသွပ်အောင် ပြုလုပ်ဖို့ လုံလောက်တယ်။

ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတွေ၊ အဆင့်နိမ့်စကြာဝဠာရတနာတွေ၊ အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ။

လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူမှ၁၅ကြိမ်မြောက်ထွက်လာတဲ့အခါ သူက အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိခဲ့တယ်။

အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်ကို ဖန်တီးနိုင်ပြီး အဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်က သာမန်ဂိုဏ်းတစ်ဂိုဏ်းကို ရိတ်သိမ်းဖို့ လုံလောက်တယ်။ စကြာဝဠာမှာ ဂိုဏ်းအများစုမှာ သာမန်အကြိုနတ်ဘုရားတစ်ယောက်သာရှိတယ်။

လိီဖူချန်း သေမင်းနတ်ဘုရားလိုဏ်ဂူမှ ဆယ့်ရှစ်ကြိမ်မြောက်ထွက်လာတဲ့အခါ သူက ဖရိုဖရဲမီးလျှံကြာပန်းတစ်ခုကို ရရှိခဲ့တယ်။

အခု သူက ကပ်ဘေးလက်ရဲ့နှောင်းပိုင်းအခြေအျနမှ တစ်လှမ်းသာ ကွာဝေးတော့တယ်။ ဖရိုဖရဲမီးကြာပန်းတစ်ခုက သူ့ကို ကပ်ဘေးလက်ရဲ့နှောင်းပိုင်းအခြေအနေသို့ တွန်းပို့နိုင်‌ဖို့များတယ်။

"ငါ အနည်းငယ်လိုနေသေးတယ်"

ဖရိုဖရဲမီးကြာပန်းမှကပ်ဘေးစွမ်းအားကို စုပ်ယူပြီးနောက် လီဖူချန်းက အတော်လေးမကျေမနပ်ဖြစ်သွားတယ်။

ကပ်ဘေးလက်ရဲ့နှောင်းပိုင်းအခြေအနေက သူစိတ်ကူးထားတာထက် ချိုးဖြတ်ဖို့ပိုခက်ခဲတယ်။ ကမ္ဘာဦးခရမ်းရောင်ချီနှစ်မျှင်နဲ့ဖရိုဖရဲမီးကြာပန်းတစ်ပွင့်ရဲ့ကပ်ဘေးစွမ်းအားကို စုပ်ယူပြီးတောင်မှ သူက မအောင်မြင်သေးဘူး။

"ငါ့မှာ နောက်ထပ်အခွင့်အရေးဆယ်ကြိမ်ကျန်ပါသေးတယ်"

အသက်တစ်ချက်ရှုသွင်းပြီးနောက် လီဖူချန်းက သေမင်းနတ်ဘုရားရေကန်ထဲသို့ ထပ်မံဝင်ရောက်လိုက်တယ်။

……

လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူမှာ ထပ်ခါတလဲလဲကြိုးပမ်းနေတဲ့အခိုက် အားကောင်းတဲ့နတ်ဘုရားမျိုးနွယ်အကြိုနတ်ဘုရားတစ်ယောက်က ပြန်ရောက်လာတယ်။

"ကြိုဆိုပါတယ်၊ ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်"

နတ်ဘုရားခန်းမမှာ ရွှေအလင်းနတ်ဘုရားနဲ့အခြားနတ်ဘုရားမျိုးနွယ်အကြိုနတ်ဘုရားနှစ်ယောက်က ဦးညွှတ်ကာ နှုတ်ဆက်လိုက်တယ်။

နတ်ဘုရားမျိုးနွယ်မှာ အထွတ်အထိပ်အကြိုနတ်ဘုရားတွေကို နတ်ဘုရားအရှင်သခင်လို့ သတ်မှတ်တယ်။

ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်က ချောမောခန့်ညားပြီး သူ့မျက်လုံးတွေက သက်တံရောင်အလင်းတွေ တောက်ပနေကာ သူ့အရေပြားပေါ်မှာ သက်တံအင်းကွက်တွေရှိတယ်။ သူက မေးလိုက်တယ်"သူ အခု ဘယ်မှာလဲ"

သူက ဒီနေရာကို အဆင့်မြင့်စကြာဝဠာရတနာအတွက် လာတာပါ။ ပထမတန်းစားအကြိုနတ်ဘုရားတွေအတွက် အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလောက် တန်ဖိုးမရှိဘူး။ ဒါပေမယ့် အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုပိုင်ဆိုင်တဲ့အထွတ်အထိပ်အကြိုနတ်ဘုရားတွေအတွက် အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထက် ပိုတန်ဖိုးရှိတယ်။

"မကြာသေးမီက သူက ဧည့်ခံပွဲတစ်ခုကို ကျင်းပခဲ့တယ်၊ လက်ရှိသူ့ရဲ့တည်နေရာကိုတော့ မသိသေးဘူး"

ရွှေအလင်းနတ်ဘုရားက ရိုးသားစွာ ပြန်ဖြေလိုက်တယ်။

"သူ ပြန်ပေါ်လာတဲ့အခါကျရင် ငါ့ကိုပြော"

ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်ရဲ့ပုံရိပ်က ပျောက်ကွယ်သွားတယ်။

……

သေမင်းနတ်ဘုရားလိုဏ်ဂူထဲမှာ သူ့ကို အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်က ပစ်မှတ်ထားနေမှန်း လီဖူချန်းက မသိဘူး။

ဒါပေမယ့် သိရင်တောင် သူ ဂရုမစိုက်ပါဘူး။

စောနလေးတင် သူက သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိခဲ့တယ်။

ပုံမှန်အားဖြင့် သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို သူ့ကို စိတ်လှုပ်ရှားစေဖို့ မထိုက်တန်ပါဘူး။ ဒါပေမယ့် ဒီသာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းမှာ ကပ်ဘေးစွမ်းအားပါဝင်နေတယ်လေ။

"ငါ သေချာပေါက်ချိုးဖြတ်နိုင်မယ်"

ဒီတစ်ခါ သူ သေချာပေါက်ချိုးဖြတ်နိုင်မယ်လို့ လီဖူချန်းက ကြိုတင်သိတယ်။

အသက်တစ်ချက်ရှုပြီးနောက် လီဖူချန်းက လှံတိုနဲ့တူတဲ့သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို သူ့ရဲ့ညာဘက်လက်နဲ့ ကိုင်လိုက်တယ်။

ဝှစ်......

လှံတိုနဲ့တူတဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး အလင်းတစ်ခုဖြာထွက်လာကာ လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ဝန်းရံဖို့ ကြိုးစားလိုက်တယ်။

လီဖူချန်းက ဒါကို ဘယ်လိုလုပ်ပြီးခွင့်ပြုနိုင်မှာလဲ။ လှံတိုနဲ့တူတဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့အလင်းက သူ့ရဲ့ခန္ဓာကိုယ်ကို ဝန်းရံလိုက်တာနဲ့ သူ့ခန္ဓာကိုယ်ထဲရှိစွမ်းအားက အကြိုနတ်ဘုရားစွမ်းအားအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွား‌ပါလိမ့်မယ်၊ ဒါက သူ မြင်ချင်တဲ့အရာမျိုးမဟုတ်ပါဘူး။

"စုပ်ယူစမ်း"

ကပ်ဘေးစွမ်းအားကို အသက်သွင်းလျက် လီဖူချန်းက လှံတိုနဲ့တူတဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းမှကပ်ဘေးစွမ်းအားကို စတင်စုပ်ယူခဲ့တယ်။

အစမှာ လီဖူချန်းက နည်းနည်းချင်းသာ စုပ်ယူနိုင်တယ်။ တဖြည်းဖြည်းနဲ့ အဲဒါက အမျှင်အဖြစ်သို့၊  ထို့နောက် လှိုင်းအဖြစ်သို့ ပြောင်းသွားတယ်။

လှံတိုသဏ္ဍာန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းမှာ စိတ်ဝိညာဉ်ရှိပြီး ၎င်းက လီဖူချန်းအ‌‌ပေါ် ဘာမှမလုပ်နိုင်တာကို မြင်ပြိီးနောက် တဖြည်းဖြည်းကျိုးနွံလာပြီး လီဖူချန်းကို ကပ်ဘေးစွမ်းအားကို စုပ်ယူဖို့ ခွင့်ပြုလိုက်တယ်။

ဝုန်း......

ကြောက်စရာကောင်းတဲ့ကပ်ဘေးစွမ်းအားက‌ သေမင်းနတ်ဘုရားကျွန်းရဲ့အထက်ကောင်းကင်တစ်လျှောက် လှုပ်ခတ်သွားတယ်။ ဒီနေရာက သေမင်းနတ်ဘုရားရေကန်မဟုတ်ဘူး၊ သေမင်းနတ်ဘုရားရဲ့စွမ်းအားအကာအကွယ်မရှိဘူးဆိုရင် သေမင်းနတ်ဘုရားရေကန်တစ်ခုလုံးကို ကြောက်စရာကောင်းတဲ့ကပ်ဘေးစွမ်းအားက ဖျက်ဆီးပါလိမ့်မယ်။

လီဖူချန်းရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်းလွင့်မျောလာပြီး မှုန်ဝါးတဲ့အဖြူရောင်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်တယ်။

အချိန်အတော်ကြာပြီးနောက် အဖြူရောင်အလင်းပြန့်ကျဲသွားတဲ့အချိန်မှာ လီဖူချန်းက ဆင်းသက်လာတယ်။

"ဒါက ကပ်ဘေးလက်ရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ရဲ့နှောင်းပိုင်းအခြေအနေလား"

သူ့ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းတဲ့မဟာတာအိုရဲ့တည်ရှိမှုပါဝင်တယ်။ သူက အဲဒါကို ဖော်ပြရရင် ၎င်းက ကမ္ဘာဦးမူလလက်ကောက်နဲ့ တူတယ်။

အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကို ဖျက်ဆီးဖို့အလွန်ခက်ခဲတယ်။ လီဖူချန်းရဲ့လက်ရှိကပ်ဘေးမသေမျိုးခန္ဓာကိုယ်က အဆင့်မြင့်စကြာဝဠာရတနာလောက် မမာကျောပေမယ့် သိပ်လည်းမကွာပါဘူး။ အရေးကြီးဆုံးကတော့ သူ့ရဲ့လက်ရှိကပ်ဘေးစွမ်းအားရဲ့အရည်အသွေးဖြစ်စေဒါမှမဟုတ်ပြင်းအားဖြစ်စေ၊ ဆယ်ဆဒါမှမဟုတ်အဆဒါဇင်ကျော်ပိုတိုးလာတယ်။ သူ့ရဲ့ကပ်ဘေးစွမ်းအားမကုန်ဆုံးခင် သူ့ရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်က တကယ်ကိုမဖျက်ဆီးနိုင်ဘူး။

လီဖူချန်း ကပ်ဘေးလက်ရဲ့အလယ်အခြေအနေမှာ ရှိစဉ်တုန်းက အကြိုနတ်ဘုရားတွေက သူ့ရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို အလွယ်တကူချိုးဖြတ်နိုင်ခဲ့ပေမယ့် အကြောင်းကတော့ သူ့ရဲ့ကပ်ဘေးစွမ်းအားက နည်းလွန်းလို့ပဲ။ အကြိုနတ်ဘုရားတစ်ယောက်က သူ့ရဲ့ကပ်ဘေးစွမ်းအားကို ချက်ချင်းကုန်ဆုံးစေနိုင်တယ်။ လီဖူချန်းမှာ လုံလောက်တဲ့ကပ်ဘေးစွမ်းအားရှိရင် သူက ကပ်ဘေးလက်ရဲ့အလယ်အခြေအနေမှာရှိရင်တောင် အကြိုနတ်ဘုရားတစ်ယောက်က သူ့ရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို ချိုးဖြတ်ဖို့ ခက်ခဲပါလိမ့်မယ်။

လက်ရှိအချိန်မှာ သာမန်အကြိုနတ်ဘုရားတစ်ယောက်ကတောင် သူ့ရဲ့ကပ်ဘေးစွမ်းအားကို ချက်ချင်းကုန်ဆုံးစေဖို့ မဖြစ်နိုင်ဘူး။ ဒါ့ပြင် သူ့ရဲ့ကပ်ဘေးစွမ်းအားက ကုန်ဆုံးသွားရင်တောင် သူ့ရဲ့ခန္ဓာကိုယ်မာကျောမှုက အဆင့်မြင့်စကြာဝဠာရတနာတစ်ခုနဲ့ နီးကပ်ပြီး အရင်ကလို အားနည်းမှာမဟုတ်ဘူး။

"ကပ်ဘေးလက်ကို အလုံးစုံတတ်သိနားလည်ခြင်းအထိ ကျင့်ကြံခဲ့တဲ့ထာဝရနတ်ဘုရားက အနည်းဆုံး အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်မယ်။ သူက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်တောင် ဖြစ်နိုင်တယ်။ သူ ဘယ်လိုပျောက်ကွယ်သွားခဲ့မှန်း ငါ တကယ်မသိဘူး"

အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ဒါဇင်က ထာဝရနတ်ဘုရားကို သတ်နိုင်မယ်လို့ လီဖူချန်းက မယုံပါဘူး။ ဒီကိစ္စနောက်ကွယ်မှာ လျှို့ဝှက်ချက်အချို့တော့ ရှိရမယ်။

နောက်ပိုင်းမှာ လီဖူချန်းက နောက်ထပ်အသက်အမျိုးအစားအဆင့်နိမ့်စကြာဝဠာရတနာတစ်ခုကို ရရှိခဲ့တယ်။

"အခုက အသက်သစ်ပင်ချိုးဖြတ်ဖို့အချိန်ပဲ"

လီဖူချန်းက အသက်ဘူးသီးမှ အသက်အမျိုးအစားထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းဆယ့်ခုနှစ်ခုနဲ့အသက်အမျိးအစားအဆင့်နိမ့်စကြာဝဠာရတနာနှစ်ခုက ယူထုတ်လိုက်တယ်။

အသက်သစ်ပင်က သူ့ခန္ဓာကိုယ်မှ ပျံသန်းထွက်လာပြီး ဒိီအသက်အမျိုးအစားပစ္စည်းအားလုံးရဲ့အသက်ရင်းမြစ်ကို စတင်ဝါးမျိုလိုက်တယ်။

မိုင်သန်းလေးရာ။

မိုင်သန်းငါးရာ။

……

မိုင်သန်းကိုးရာ။

မိုင်သန်းတစ်ဘီလီယံ။

အသက်သစ်ပင်က မိုင်တစ်ဘီလီယံအမြင့်အထိ ရောက်သွားတဲ့အခါ အဆုံးမဲ့အသက်အားက အသက်သစ်ပင်မှ ပေါက်ကွဲထွက်လာတယ်။ နောက်အခိုက်အတန့်မှာ အဆုံးမဲ့အသက်ရင်းမြစ်အဆီအနှစ်က အသက်သစ်ပင်ထဲသို့ တိုးဝင်လာတယ်။

မိုင်နှစ်ဘီလီယံ၊ မိုင်သုံးဘီလီယံ၊ မိုင်လေးဘီလီယံ......

အခြားရတနာတွေမှအသက်ရင်းမြစ်အဆီအနှစ်နဲ့နှိုင်းယှဉ်ရင် စကြာဝဠာမှအသက်ရင်းမြစ်ကိုစုပ်ယူခြင်းက အသက်သစ်ပင်ကို ပိုကြီးထွားစေလိမ့်မယ်။

မိုင်တစ်ဆယ်ဘီလီယံ၊ မိုင်နှစ်ဆယ်ဘီလီယံ၊ မိုင်သုံးဆယ်ဘီလီယံ.......

မိုင်တစ်ရာဘီလီယံ။

မိုင်တစ်ရာ့ငါးဆယ်ဘီလီယံ။

မိုင်သုံးရာဘီလီယံ။

အလယ်ဆင့်စကြာဝဠာရတနာတစ်ခုအဖြစ် ကြီးထွားပြီးနောက် အသက်သစ်ပင်က မိုင်တစ်ဘီလီယံမှမိုင်သုံးရာဘီလီယံထိ မြင့်မားလာတယ်။

အသက်သစ်ပင်နဲ့နှိုင်းယှဉ်ရင် လီဖူချန်းတို့ကို ဖုန်မှုန့်လို့တောင် မသတ်မှတ်နိုင်ပါဘူး။

ဒါ့ပြင် သုံးဆယ်ရာခိုင်နှုန်းမှလေးဆယ်ရာခိုင်နှုန်းထိရင့်မှည့်နေတဲ့အသက်သစ်သီးက ချက်ချင်းရင့်မှည့်လာတယ်။ ဒါ့ပြင် အခြားအကိုင်းတွေအပေါ်မှာလည်း အသီးတွေ ပေါများစွာထွက်လာပြီး အချို့က ရင့်မှည့်‌နေပြီဖြစ်တယ်။

ဒါပေမယ့် ရင့်မှည့်ခြင်းအစီအစဉ်အရ ပထမဆုံးရင့်မှည့်တဲ့အသက်သစ်သီးမှာ အသန့်စင်ဆုံးအသက်ရင်းမြစ်နဲ့အကောင်းဆုံးအရည်‌အသွေးပါဝင်တာကို  လီဖူချန်းက မြင်နိုင်တယ်။

"အသက်သစ်ပင်က တကယ်ပြောင်မြောက်တယ်။ ဒီအသက်အားက ကြောက်စရာကောင်းလွန်းတယ်။ ငါ့လိုလူတစ်သန်းတောင်မှ မယှဉ်နိုင်ဘူးပဲ"

အသက်သစ်ပင်ကို သတ်ဖို့ ဘယ်လောက်တောင်ခက်ခဲသလဲကို လီဖူချန်းက စိတ်ကူးကြည့်နိုင်တယ်။ အသက်သစ်ပင်ရဲ့စွမ်းအင်က ကုန်ခန်းပြီး အကာအကွယ်တစ်ခုမှမရှိရင်တောင် ၎င်းက အချိန်အကြာကြီးတည်ရှိနိုင်လိမ့်မယ်။

ဒါ့ပြင် ဒါက အလယ်ဆင့်စကြာဝဠာရတနာအသက်သစ်ပင်ဖြစ်တယ်။ ဒါက အဆင့်မြင့်စကြာဝဠာရတနာအသက်သစ်ပင်ဆိုရင်  စိတ်ကူးကြည့်ဖို့တောင်မဖြစ်နိုင်ဘူး။ အဆင့်မြင့်စကြာဝဠာရတနာဖြစ်တဲ့ကမ္ဘာသစ်ပင်ကြောင့် စကြာဝဠာတစ်ခုလုံးက စစ်ပွဲတစ်ခုဖြစ်လာတာ အံ့ဩစရာမရှိဘူးပဲ။ နှိုင်းယှဉ်ကြည့်ရင် လီဖူချန်းရဲ့ကမ္ဘာဦးမူလလက်ကောက်က သေးနုပ်တယ်။

ဒါပေမယ့် သူက ကမ္ဘာဦးမူလလက်ကောက်ရဲ့စစ်မှန်တဲ့ဆန်းကြယ်မှုကို မရှာတွေ့နိုင်ခဲ့တာလည်း ဖြစ်နိုင်တယ်။

All Chapters