သေခြင်းကျောက်တုံး၂၃၅တုံး
Vol. 75 Ch. 1045
"မင်းကြားပြီးပြီလား။ မူလအဆုံးစွန်းအရှင်က သေခြင်းကျောက်တုံးတွေကို အကန့်အသတ်မရှိဝယ်ယူနေတာတဲ့။ သူ ဘာလို့ဒီလောက်များတဲ့သေခြင်းကျောက်တုံးတွေ ဝယ်ယူနေမှန်း ငါ နားမလည်နိုင်ဘူး။ သူက သူ့လူတွေအားလုံးကို သေမင်းနတ်ဘုရားလိုဏ်ဂူထဲ လွှတ်ပြီး သူတို့ကို ကံစမ်းစေချင်တာများလား"
"သူ ဘယ်လောက်ပေးမှာလဲ။ ငါ့မှာ သေခြင်းကျောက်တုံးတစ်တုံးရှိတယ်"
"သေခြင်းကျောက်တုံးတစ်တုံးကို ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ဖလှယ်နိုင်တယ်။ သေခြင်းကျောက်တုံး၂၅တုံးကျော်ရင် အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုနဲ့ ဖလှယ်နိုင်တယ်။ သေမင်းကျောက်တုံး၁၀၀ကျော်ကို သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ဖလှယ်နိုင်တယ်။ သေမင်းကျောက်တုံးနှစ်ရာကျော်ကို အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ဖလှယ်နိုင်တယ်"
"ဘာ။ မူလအဆုံးစွန်းအရှင်မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ ဘယ်လောက်တောင် ရှိနေလို့လဲ"
"ငါ မသိဘူး။ အဲလိုကြားတာပဲ"
စကြာဝဠာမှာ လီဖူချန်းသေခြင်းကျောက်တုံးတွေကိုဝယ်ယူနေတဲ့သတင်းက စတင်ပျံ့နှံ့လာတယ်။ ဒီသတင်းကို ကြားပြီးနောက် လူတိုင်းက အရူးအမူးဖြစ်လာတယ်။
ဒါက သာမန်နဲ့အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေလေ။ ဒါတွေနဲ့ အကြိုနတ်ဘုရားနှစ်ယောက်နဲ့ဂိုဏ်းကြီးနှစ်ဂိုဏ်းကို ဖန်တီးဖို့ လုံလောက်တယ်။
ဒါပေမယ့် အခြေခံအားဖြင့် သေခြင်းကျောက်တုံးတစ်ရာကျော်ကို ရဖို့က မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းက သိတယ်။ ပထမ၊ သေခြင်းကျောက်တုံးတွေက အလွန်အမင်းရှားပါးတယ်။ ဒုတိယ၊ သေမင်းကျောက်တုံးတစ်ရာကျော်စုဆောင်းဖို့က အချိန်တိုအတွင်းမဖြစ်နိုင်ပါဘူး။
ဒါပေမယ့် ဒီကမ္ဘာမှာ လုံးဝတိကျတာ မရှိပါဘူး။
အရင်က လီဖူချန်းရဲ့သေခြင်းကျောက်တုံး၂၈တုံးကို မီးမြေနတ်ဘုရားက အန္တရာယ်အပျက်အစီးစတစ်ခုမှ ရရှိခဲ့တယ်။ ထူးခြားတဲ့နေရာအချို့ကနေ သေခြင်းကျောက်တုံးရဲ့ကြီးမားတဲ့အရေအတွက်ကိုရရှိထားတဲ့အခြားသူတွေလဲ ရှိနိုင်ပါတယ်လေ။
"ဘာလို့ သူ ဒီလောက်များတဲ့သေခြင်းကျောက်တုံးတွေကို စုဆောင်းနေရတာလဲ"
ဂိုဏ်းကြီးအမျိုးမျိုးရဲ့အကြိုနတ်ဘုရားတွေက သံသယဖြစ်နေတယ်။ လီဖူချန်းရဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို သေမင်းနတ်ဘုရားလိုဏ်ဂူမှ ရရှိထားတယ်လို့ သံသယရှိပေမယ့် သေချာမရှင်းပြနိုင်တဲ့အခြားအကြောင်းအရာတွေရှိတယ်။
သေမင်းနတ်ဘုရားလိုဏ်ဂူက အကြိုနတ်ဘုရားတွေဝင်ရောက်တာကို မတားမြစ်ထားပေမယ့် သေမင်းနတ်ဘုရားလိုဏ်ဂူရဲ့နတ်ဆိုးသဘာဝက အကြိုနတ်ဘုရားတွေကတောင် အလွန်အမင်းကြောက်ရွံ့ရတဲ့အရာဖြစ်တယ်။
တစ်ချိန်က ထိုဆန်းကြယ်မှုကို မယုံကြည်တဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်က သေမင်းနတ်ဘုရားလိုဏ်ဂူထဲသို့ ဝင်ရောက်ခဲ့တယ်။ အဆုံးမှာ သူ ဘယ်တော့မှ ပြန်မထွက်လာခဲ့ဘူး။ အဲကတည်းက အကြိုနတ်ဘုရားတစ်ယောက်ကမှ သေမင်းနတ်ဘုရားလိုဏ်ဂူထဲကို ထပ်မဝင်ရဲကြတော့ဘူး။ ဟုတ်တယ်လေ၊ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်မှာ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိပြီးသားလေ။ သူက ဘာလို့ သေမင်းနတ်ဘုရားလိုဏ်ဂူထဲကို ဝင်ရမှာလဲ။ ဒါ အချိန်ဖြုန်းတာတစ်ခုမဟုတ်လား။
သေမင်းနတ်ဘုရားလိုဏ်ဂူထဲကို အသေခံစစ်သားတွေ စေလွှတ်ဖို့ကတော့ အနည်းငယ်ယုတ္တိမဆန်ပါဘူး။
သေမင်းနတ်ဘုရားလိုဏ်ဂူရဲ့သေဆုံးခြင်းနှုန်းက တစ်ဝက်ကျော်တယ်လေ။ အသက်ရှင်လျက်ထွက်လာနိင်သူတွေကရော အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရဖို့ အာမခံနိုင်မှာလား။
ဒါ့ပြင် လူတိုင်းက သေမင်းနတ်ဘုရားလိုဏ်ဂူထဲကို မဝင်နိုင်ဘူး။ သေမင်းနတ်ဘုရားလိုဏ်ဂူထဲရှိသေမင်းချီက အလွန်အမင်းသိပ်သည်းတယ်။ အရှင်အဆင့်အောက်သူတွေက သေမင်းနတ်ဘုရားကျွန်းကို အသက်ရှင်လျက်မရောက်ရှိနိုင်ဘူး။ ပြိုင်ဘက်ကင်းအရှင်အောက်သူတွေက သေမင်းနတ်ဘုရားလိုဏ်ဂူအနားတောင် ကပ်နိုင်မှာမဟုတ်ဘူး။
တစ်ယောက်ယောက်က အသေခံစစ်သားတစ်ယောက်ကို သေမင်းနတ်ဘုရားလိုဏ်ဂူထဲပို့မယ်ဆိုရင် ထိုအသေခံစစ်သားက ပြိုင်ဘက်ကင်းအရှင်ဖြစ်ရပါမယ်။ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်နှစ်ယောက်လောက်စေလွှတ်ဖို့က သာမန်ပေမယ့် ပြိုင်ဘက်ကင်းအရှင်ဆယ်ယောက်ဒါမှမဟုတ်အယောက်တစ်ရာကတော့ အတော်လေးအဓိပ္ပါယ်မရှိလှပါဘူး။ စကြာဝဠာတစ်ခုလုံးမှာ ပြိုင်ဘက်ကင်အရှင်တွေ ဘယ်လောက်များ ရှိလို့လဲ။
"သူက သေမင်းနတ်ဘုရားလိုဏ်ဂူထဲမှာ မသေနဘူးလို့ အာမခံနိုင်တာများလား"
အကြိုနတ်ဘုရားတစ်ယောက်က ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားတယ်။
လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူနဲ့အတူတူပဲ၊ သူတို့နှစ်ယောက်လုံးက နတ်ဆိုးဆန်တယ်။ ဒီဖြစ်နိုင်ချေကို ဖယ်ရှားဖို့မဖြစ်နိုင်ဘူး။
"အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက သေမင်းနတ်ဘုရားလိုဏ်ဂူရဲ့နတ်ဆိုးသဘာဝကို သီးခြားဖြစ်စေနိုင်တာများလား"
အကြိုနတ်ဘုရားတွေရဲ့နှလုံးသားက လောဘတွေ လောင်ကျွမ်းလာတယ်။
အချိန်ကြာလာတာနဲ့အမျှ လီဖူချန်းနဲ့ သေခြင်းကျောက်တုံးကို ဖလှယ်ဖို့ လူတွေက ပိုပိုပြီးရောက်ရှိလာကြတယ်။
သူတို့အများစုမှာ သေခြင်းကျောက်တုံးတစ်တုံးနှစ်တုံးသာရှိပြီး ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတွေနဲ့သာ ဖလှယ်နိုင်ခဲ့တယ်။
ဒါပေမယ့် အရှင်အများစုအတွက်ကတော့ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတွေက သူတို့ရရှိနိုင်တဲ့အကောင်းဆုံးပစ္စည်းဆိုတာ သံသယရှိစရာမလိုပါဘူး။
ရာစုနှစ်တစ်နှစ်အောက်စုဆောင်းပြီးနောက် လီဖူချန်းမှာ သေခြင်းကျောက်တုံး၂၅တုံးရှိလာပြီး သူက ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်း၂၅ခုသာ ပေးချေခဲ့ရတယ်။
လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူထဲမှာ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတစ်ဒါဇင်ကျော်ရရှိခဲ့ပြီး လက်ရှိ သူ့မှာ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတွေများစွာရှိတယ်လေ။
"မူလအဆုံးစွန်းအရှင်၊ ငါ့မှာ သေခြင်းကျောက်တုံး၂၂တုံးနဲ့ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းနှစ်ခုရှိတယ်။ ငါ အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုနဲ့ ဖလှယ်လို့ရနိုင်မလား" ဒီနေ့မှာ အထွတ်အထိပ်အရှင်တစ်ယောက်က နက်ပြာပလိန်းကို ရောက်ရှိလာပြီး ဂရုတစိုက်မေးလိုက်တယ်။
"ရတာပေါ့၊ မင်း ကြိုက်တာရွေးလို့ရတယ်"
လက်ကို ဝှေ့ယမ်းလိုက်ရာ အဆင့်နိမ့်စကြာဝဠာရတနာတစ်ဒါဇင်ကျော်က လွင့်မျောလာတယ်။
အစက သေခြင်းကျောက်တုံးတွေရဲ့ဒီပမာဏက အဆင့်နိမ့်စကြာဝဠာရတနာတွေနဲ့ လဲလှယ်ဖို့မလုံလောက်ပါဘူး။ ဒါပေမယ့် သေခြင်းကျောက်တုံး၂၂တုံးကို တစ်ကြိမ်တည်းနဲ့ထုတ်ပေးနိုင်တဲ့သူက ရှားတယ်လေ၊ ဒါကြောင့် လီဖူချန်းက သူတို့ကို ဘယ်လိုလုပ်ပြီး လက်လွှတ်နိုင်မှာလဲ။
အရေးကြီးဆုံးကတော့ အဲဒါက အခြားသူတွေအတွက် မထိုက်တန်ပေမယ့် လီဖူချန်းအတွက်ကတော့ အလွန်ထိုက်တန်တယ်။ အရင်က သေခြင်းကျောက်တုံး၂၈တုံးက သူ့ကို အလယ်ဆင့်စကြာဝဠာရတနာနှစ်ခု၊ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းငါးခုနဲ့အဆင့်နိမ့်စကြာဝဠာတွေများစွာ ရရှိစေခဲ့တာလေ။
"ကျေးဇူးအများကြီးတင်ပါတယ်၊ မူလအဆုံးစွန်းအရှင်"
အထွတ်အထိပ်အရှင်က အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုကို ဂရုတစိုက်ရွေးချယ်ပြီး စိတ်လှုပ်ရှားစွာနဲ့ ထွက်ခွာသွားတော့တယ်။
"သေခြင်းကျောက်တုံး၄၇တုံး"
လီဖူချန်းက ပြုံးလိုက်တယ်။
……
"အနက်ရောင်မြူနတ်ဘုရား၊ ငါ ထျဲချမ်ချုံက မင်းကို သေချာပေါက် လက်စားပြန်ချေမယ်။ သေချာပေါက်ပဲ"
စကြာဝဠာရဲ့ကြယ်ကောင်းကင်ထဲမှာ အလင်းစီးကြောင်းတစ်ခုက ရှေ့သို့ လျင်မြန်စွာ တိုးလာနေတယ်။
အလင်းစီးကြောင်းအတွင်းမှာ မျက်နှာဖြူဖတ်ဖြူရော်နဲ့လူရွယ်တစ်ယောက်ရှိပြီး မျက်လုံးတွေက ပူဆွေးမှုတွေ၊ နာကြည်းမှုတွေနဲ့ ပြည့်နေတယ်။
ထျဲချမ်ချုံ၊ ထျဲကလန်ရဲ့ဆက်ခံသူ။ သူ့အဖေ၊ ထျဲချမ်ရမ်က သာမန်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်တယ်။
ထျဲကလန်ရဲ့ဆက်ခံသူတစ်ယောက်အနေနဲ့ ထျဲချမ်ချုံက ခမ်းနားထည်ဝါတဲ့ဘဝတစ်ခုရှိခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တစ်ရာကျော်က ထျဲကလန်ကို အခြားမဟာကလန်တစ်ခုဖြစ်တဲ့မြူနက်ကလန်က အမြစ်ဖြတ်သုတ်သင်ခဲ့တယ်။
အဲအချိန်တုန်းက ထျဲချမ်ချုံက အပြင်မှာ ရှိနေခဲ့တယ်၊ ဒါကြောင့် သူက ကယ်ဘေးမှ လွတ်မြောက်နိုင်ခဲ့တယ်။
သူ့ကလန်ကို အမြစ်ဖြတ်သုတ်သင်ခဲ့တယ်၊ သူ့အဖေကို သတ်ခဲ့တယ်၊ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို လုယက်ခဲ့တယ်။ ဒါ့ပြင် လွန်ခဲ့တဲ့နှစ်ရာအနည်းငယ်က မြူနက်ကလန်က သူနဲ့ထျဲကလန်သားတွေကို လိုက်လံသုတ်သင်နေခဲ့တယ်။ ထွက်ပြေးနေရင်း သူ့ဇနီးက သေဆုံးခဲ့ရတယ်။ အရာရာတိုင်းက ထျဲချမ်ချုံအား မြူနက်ကလန်နဲ့မြူနက်နတ်ဘုရားကို မုန်းတီးစေခဲ့တယ်။ သူ့အဖေက မြူနက်နတ်ဘုရားရဲ့ဇနီးကို တစ်ခါကယ်ဆယ်ပေးခဲ့မှန်း သူ မှတ်မိပါတယ်။ သူကယ်ခဲ့တဲ့လူက ကျေးဇူးကန်းမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
"ငါ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ကို သွားပြီး မူလအဆုံးစွန်းအရှင်ကနေ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့ ဖလှယ်ရမယ်"
လက်စားချေဖို့အတွက် အကြိုနတ်ဘုရားတစ်ယောက် အရင်ဖြစ်ဖို့လိုမှန်း ထျဲချမ်ချုံက ရှင်းလင်းစွာသိတယ်။ အကြိုနတ်ဘုရားဖြစ်ဖို့ သူ့အတွက် အဓိကအခရာက သေခြင်းကျောက်တုံးဖြစ်တယ်။
သူက အပျက်အဆီးတစ်ခုမှာ သေခြင်းကျောက်တုံးအစုအပုံတစ်ခုရရှိခဲ့တာကို တစ်ယောက်မှ မသိပါဘူး။ အစက သူက ဒီသေခြင်းကျောက်တုံးတွေကို ချိုးဖြတ်ဖို့အလျင်လိုနေပြီးသေတာရှင်တာကိုဂရုမစိုက်တဲ့ပြိုင်ဘက်ကင်းအရှင်တွေကို ရောင်းဖို့ တွေးထားခဲ့တယ်။ ဒီသေခြင်းကျောက်တုံးတွေက သူ့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်လာမယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
သေမင်းနတ်ဘုရားလိုဏ်ဂူမှာ သူ့ရဲ့ကံကောင်းမှုကို ရှာဖွေဖို့တော့ ထျဲချမ်ချုံက ဆန္ဒမရှိပါဘူး။
သူက သေရမှာကို မကြောက်ပါဘူး၊ ပထမ သူက အခုထိ ပြိုင်ဘက်ကင်းအရှင်မဖြစ်သေးပါဘူး၊ ဒါကြောင့် သူက သေမင်းနတ်ဘုရားလိုဏ်ဂူနားတောင် မချဉ်းကပ်နိုင်ပါဘူး။
ဒုတိယ၊ သေမင်းနတ်ဘုရားလိုဏ်ဂူရှိသေဆုံးခြင်းနှုန်းက မြင့်မားလွန်းတယ်။ သူသေသွားရင် မြူနက်ကလန်နဲ့မြူနက်နတ်ဘုရားတို့ အကျိုးရှိသွားမှာမဟုတ်ဘူးလား။ သူက လက်စားချေချင်ပါသေးတယ်.......
"မြူနက်နတ်ဘုရား၊ ငါ့ကို စောင့်နေစမ်းပါ"
ထျဲချမ်ချူံက လက်သီးကို တင်းကြပ်စွာ ဆုတ်လျက် အရှိန်ကို မြှင့်တင်လိုက်တယ်။
……
"သေခြင်းကျောက်တုံးတွေက ပိုပိုနည်းလာတာပဲ"
နက်ပြာပလိန်းမှာ လီဖူချန်းက ညည်းတွားလိုက်တယ်။
နှစ်၁၀၀မြောက်မှာ သူက သေခြင်းကျောက်တုံး၄၀ကျော် ဖလှယ်နိုင်ခဲ့တယ်။ နှစ်၂၀၀မြောက်မှာ သူက တစ်ဒါဇင်ကျော်သာ ရရှိခဲ့တယ်။
"လူတွေက မဖလှယ်ချင်ကြတော့တာများလား"
လီဖူချန်းက လူအချို့ရဲ့အတွေးကို နားလည်နိုင်တယ်။
သေခြင်းကျောက်တုံးတစ်တုံးကို ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့သာ ဖလှယ်နိုင်တယ်။ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့တန်ဖိုးက မမြင့်သလိုမနိမ့်ပါဘူး၊ အဲဒါက လူတွေကို သူတို့ရဲ့ဆင်ခြင်တုံတရားကို ဆုံးရှုံးစေတဲ့အထိ ဖြစ်စေဖို့ မလုံလောက်ပါဘူး။
ဒါပေမယ့် သေခြင်းကျောက်တုံးက မတူပါဘူး။ သေခြင်းရှင်ခြင်းကို ဂရုမစိုက်တော့တဲ့ ပြိုင်ဘက်ကင်းအရှင်အချို့က သူတို့ရဲ့ကံကို စမ်းသပ်ဖို့အတွက် သေမင်းနတ်ဘုရားလိုဏ်ဂူကို သွားဖို့ ရွေးချယ်ကြတယ်။ တကယ်တော့ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိဖို့ အခွင့်အလမ်းက တစ်ရာပုံတစ်ပုံတောင် မရှိပါဘူး။ ဒါပေမယ့် သူတို့အောင်မြင်ခဲ့ရင်ရော ဘယ်လိုလဲ။
ဒါပေမယ့် အဓိကအားဖြင့် လူတိုင်းမှာ သေခြင်းကျောက်တုံးအနည်းငယ်ပဲ ရှိလို့ပဲ။ သူတို့မှာ သေခြင်းကျောက်တုံး၂၅တုံးကျော်ရှိရင် သူတို့က သင့်တော်တဲ့အဆင့်နိမ့်စကြာဝဠာရတနာတစ်ခုနဲ့ ဖလှယ်ဖို့ ဆန္ဒရှိကြမှာပါ။
"အမ်၊ တစ်ယောက်ယောက်ရောက်လာတာပဲ"
နက်ပြာပလိန်းရဲ့ပတ်ဝန်းကျင်မှာ လီဖူချန်းက စိတ်ဝိညာဉ်အမှတ်အသားတွေကို တပ်ဆင်ထားတယ်။ တစ်ယောက်ယောက်က စိတ်ဝိညာဉ်အမှတ်အသားတွေဆီ ချဉ်းကပ်လာရင် လီဖူချန်းက သူတို့ကို အာရုံခံနိုင်ပါလိမ့်မယ်။
လျှပ်တစ်ပြက်လက်ကာ လီဖူချန်းက ထိုလူရဲ့အရှေ့ကို ရောက်ရှိလာတယ်။
"ငါက ထျဲချမ်ချုံပါ။ မူလအဆုံးစွန်းအရှင်ကို နှုတ်ဆက်ပါတယ်"
ထျဲချမ်ချုံက ရိုသေလေးစားစွာ နှုတ်ဆက်လိုက်တယ်။
"မင်းမှာ သေခြင်းကျောက်တုံးရှိလား" လီဖူချန်းက မေးလိုက်တယ်။
ထျဲချမ်ချုံက တုံ့ပြန်လိုက်တယ်"ရှိပါတယ်"
"ဘယ်လောက်လဲ" ထျဲချမ်ချုံမှာ သေခြင်းကျောက်တုံးတွေ အများကြီးရှိတယ်လို့ လီဖူချန်းက ကြိုတင်သိတယ်။
ထျဲချမ်ချုံရဲ့နှလုံးသားက လှုပ်ခါနေပြီး သူက စိတ်လှုပ်ရှားစွာ မေးလိုက်တယ်"မူလအဆုံးစွန်းအရှင်က ကတိတည်တဲ့လူတစ်ယောက်ပဲမလား"
မူလအဆုံးစွန်းအရှင်က အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို မထုတ်ပေးဘဲ သူ့ရဲ့သေခြင်းကျောက်တုံးကို လုယက်မှာကို သူက ကြေက်ရွံ့မိတယ်။
လီဖူချန်းက ပြုံးကာ သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်။ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းတွေများစွာ၊ အဆင့်နိမ့်စကြာဝဠာရတနာတွေ၊ သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခု၊ အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက လွင့်မျောလာတယ်" ငါ မူလအဆုံးစွန်းအရှင်က ကတိတည်တဲ့လူတစ်ယောက်ပဲ။ ငါ မင်းမှာရှိသမျှ သေခြင်းကျောက်တုံးအားလုံးကို လက်ခံမယ်"
"အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ"
ထျဲချမ်ချုံရဲ့နှလုံးသားက ခုန်ပေါက်ထွက်တော့မယ့်အတိုင်းပဲ၊ သူက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းသုံးခုကို စိုက်ကြည့်လိုက်တယ်။
အံကြိတ်လျက် ထျဲချမ်ချူံက သူ့ရဲ့ဘယ်ဘက်လက်မှ နေရာလပ်လက်စွပ်တစ်ကွင်းကို ယူထုတ်ကာ လီဖူချန်းထံ ပစ်ပေးလိုက်တယ်" အထဲမှာ သေခြင်းကျောက်တုံး၂၃၅တုံးရှိတယ်။ ငါ အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို လိုချင်ပါတယ်"
"မယုံနိုင်စရာပဲ"
သူက နေရာလပ်လက်စွပ်ကို ဖွင့်လိုက်တဲ့အခါ လီဖူချန်းက ထိတ်လန့်တုန်လှုပ်သွားမိတယ်။
ထျဲချမ်ချုံက ဒီလောက်များတဲ့သေခြင်းကျောက်တုံးတွေကို ဘယ်လိုတောင်စုဆောင်းခဲ့သလဲကို စိတ်ကူးယဉ်ဖို့က သူ့အတွက် ခက်ခဲတယ်။
"ကောင်းပြီလေ၊ ဒီအဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက မင်းဟာပဲ" လီဖူချန်းက အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ထျဲချမ်ချုံထံ ပို့လွှတ်လိုက်တယ်။
အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို လက်ခံပြီးနောက် ထျဲချမ်ချုံက အားရကျေနပ်ကာ သူ့ခန္ဓာကိုယ်က စတင်တုန်ခါလာတယ်။
"ထပ်ပြောရရင် မင်း နောက်ထပ်အဆင့်နိမ့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုနဲ့ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်းဆယ်ခုအောက်ကို ရွေးချယ်နိုင်တယ်။ အဲဒါတွေကို ငါ့ရဲ့အပိုလက်ဆောင်တွေလို့ သတ်မှတ်လိုက်ပါ" သူက အကျိုးအမြတ်ကြီးကြီးမားမားရခဲ့တာကို လီဖူချန်းက သိတယ်၊ ဒါကြောင့် သူက ထျဲချမ်ချုံကို အကျိုးအမြတ်အချို့ ပေးရမှာပေါ့။
"ကျေးဇူးအများကြီးတင်ပါတယ်၊ မူလအဆုံးစွန်းအရှင်" ထျဲချမ်ချုံက ရင်ထဲမှာ ထိသွားတယ်။
"ကျေးဇူးတင်စရာမလိုပါဘူး။ မင်းရောငါရော ကိုယ်လိုချင်တာ ကိုယ်ရခဲ့တာပဲ။ ပြီးတော့ မင်းအနေနဲ့ မမျှော်လင့်ထားတဲ့ပြဿနာတွေကို ကာကွယ်ဖို့ ဒီနေရာမှာပဲ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့အသိအမှတ်ပြုတာကို လက်ခံတာ အကောင်းဆုံးပဲ" လီဖူချန်းက သတိပေးလိုက်တယ်။
"ကောင်းပါပြီ"
ဖြစ်နိုင်သမျှ အကြိုနတ်ဘုရားတစ်ယောက်အမြန်ဆုံးဖြစ်လာတာ အကောင်းဆုံးမှန်း ထျဲချမ်ချုံက သိတယ်။
နောက်တစ်ရက်ကြာပြီးနောက် ထျဲချမ်ချုံက အဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာခဲ့တယ်။
ထျဲချမ်ချုံက စိတ်မထိန်းနိုင်ဘဲ အော်ဟစ်လိုက်လေတယ်၊ သူ့မျက်လုံးတွေမှာ မျက်ရည်စတွေ ပြည့်နှက်လျက်ပေါ့။
"မူလအဆုံးစွန်းအရှင်၊ ထျဲချမ်ချုံက သင့်ရဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ နှုတ်ဆက်ခဲ့ပါတယ်" သူက လက်စားချေဖို့ ပြန်သွားတော့မှာပါ။ မြူနက်နတ်ဘုရားက ဘယ်လောက်ပဲ အားကောင်းပါစေ၊ သူက သာမန်အကြိုနတ်ဘုရားတစ်ယောက်သာဖြစ်ပြီး ထျဲချမ်ချုံက အခု အဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်နေပြီလေ။
"ဂရုစိုက်ပါ"
အခု သူ့မှာ သေခြင်းကျောက်တုံး၁၀၀ခန့်ရှိပြီးဆိုတော့ လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူကို ပြန်သွားနိုင်ပြီပေါ့။