ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်
Vol. 75 Ch. 1046
ဒီနေ့မှာ လီဖူချန်းက ရန်ချင်းဟူ၊ သမန်းဝံပုလွေလူဝင်စားနဲ့ ဝူကျောတို့ကို သေမင်းနတ်ဘုရားလိုဏ်ဂူဆီ ခေါ်ဆောင်လာတယ်။
"ထွက်လာစမ်း"
သေမင်းနတ်ဘုရားလိုဏ်ဂူရဲ့ဝင်ပေါက်မှာ လီဖူချန်းက ဟင်းလင်းပြင်ကို ကြည့်လိုက်တယ်။
"ဘယ်လိုတောင်ထက်မြက်တဲ့အာရုံခံမှုလဲ"
ပုံရိပ်နှစ်ခုက ထွက်ပေါ်လာတယ်။ ပုံရိပ်တစ်ခုက ရွှေအလင်းနတ်ဘုရားကလွဲပြီး အခြားမဟုတ်ပါဘူး။ အခြားပုံရိပ်က သက်တံရောင်အလင်းတွေ တောက်ပနေပြီး ရွှေအလင်းနတ်ဘုရားထက် ပိုသန်မာပုံပေါ်တယ်။ လီဖူချန်းက အရူးတစ်ယောက်မဟုတ်ပါဘူး၊ ဒီလူက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်မှန်း သူက ချက်ချင်းခန့်မှန်းလိုက်နိုင်တယ်။
"ရွှေအလင်းနတ်ဘုရား၊ မင်းက ငါ့ကို ဒီနေရာမှာ ထိန်းထားနိုင်မယ်လို့ ထင်နေတာလား" လီဖူချန်းက ရွှေအလင်းနတ်ဘုရားကို မေးလိုက်တယ်။
ရွှေအလင်းနတ်ဘုရားက မေးလိုက်တယ်"ငါ မင်းကို မရပ်တန့်နိုင်သလို မင်းလဲ ဒီတစ်ခါ မထွက်ပြေးနိုင်ပါဘူး"
စကြာဝဠာမှာ အသန်မာဆုံးအရှင်ကို မရပ်တန့်နိုင်လုနီးပါးပဲ။ ဒါပေမယ့် မကြိုးစားဘဲနဲ့ ဘယ်လိုလုပ်သိမှာလဲ။ တကယ်တော့ အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်က ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ထက် အဆများစွာပိုသန်မာတာလေ။
"အဲလိုလား။ ဒါဆိုလဲ ငါ ကြိုးစားကြည့်ရတာပေါ့။ မူလအဆုံးစွန်းဓားတည်နေရာရွှေ့ပြောင်းခြင်း......"
လီဖူချန်းက ဓားအလင်းတစ်ခုအဖြစ်သို့ ပြောင်းကာ ချက်ချင်း ပျောက်ကွယ်သွားတယ်။
"ခုနှစ်ခုအထင်ကရနတ်ဘုရားပိုင်နက်...."
ရွှေအလင်းနတ်ဘုရားက မလှုပ်ရှားပါဘူး။ အဲ့အစား ခုနှစ်ရောင်ခြယ်အလင်းတောက်ပနေတဲ့ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်က လက်ဦးမှုကာ စတင်တိုက်ခိုက်လိုက်တယ်။ ခုနှစ်ရောင်ခြယ်ရောင်ခြည်စက်ဝန်းတစ်ခုက ချက်ချင်းကြီးမားလာတယ်။ ထိုကြောက်စရာကောင်းတဲ့အရှိန်အဟုန်က ကောင်းကင်ဘုံနဲ့မြေကြီးကို ပိုင်းဖြတ်သွားတယ်လို့ထင်ရတယ်။
"အာ"
သူက စေးကပ်တဲ့အလွှာတစ်ခုမှာ ကပ်နေပြီး သူ့လက်နဲ့ခြေထောက်တွေကို ချုပ်နှောင်ထားသလို ခံစားရတယ်။
"သူက အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်ဆိုတာ အံ့ဩစရာမရှိဘူးပဲ။ မဟုတ်ဘူး၊ သူက အထွတ်အထိပ်နတ်ဘုရားမျိုးနွယ်အကြိုနတ်ဘုရားတစ်ယောက်ဆိုတာ အံ့ဩစရာမရှိဘူးပဲ"
အခြားမျိုးနွယ်တွေရဲ့အထွတ်အထိပ်အကြိုနတ်ဘုရားတွေနဲ့နတ်ဘုရားမျိုးနွယ်ရဲ့အကြိုနတ်ဘုရားတွေကြားမှာ ခြားနားချက်တစ်ခုရှိတယ်။ နတ်ဘုရားမျိုးနွယ်က နတ်ဘုရားတွေမှဆင်းသက်လာတာလို့ ကောလဟာလရှိတယ်။ သူတို့ရဲ့သွေးထဲမှာ နတ်ဘုရားတစ်ယောက်ရဲ့လက္ခဏာအရိပ်အယောင်တွေရှိတယ်။
သူ့ခန္ဓာကိုယ်ကို ထုတ်ဖော်ပြီးနောက် လီဖူချန်းက ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်ကို လေးနက်တဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။
ဒါကို မြင်ပြီး အလင်းနတ်ဘုရားအရှင်က စိတ်သက်သာရာရသွားကာ အေးစက်စွာ ပြောလိုက်တယ်"မူလအဆုံးစွန်းအရှင်၊ မင်းရဲ့စွမ်းအင်ကို ဖြုန်းမနေနဲ့။ ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်က နတ်ဘုရားမျိုးနွယ်ရဲ့အထွတ်အထိပ်အကြိုနတ်ဘုရားအရှင်သခင်ပဲ။ မင်းမှာ ရွေးချယ်စရာမရှိဘူး"
အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်ဖော်ထုတ်တဲ့နတ်ဘုရားပိုင်နက်တစ်ခုနဲ့ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖော်ထုတ်ထားတဲ့နတ်ဘုရားပိုင်နက်တစ်ခုတို့က လုံးဝကိုမတူညီတဲ့အရာနှစ်ခုပါပဲ။
"မလိုပါဘူး"
လီဖူချန်းက သူ့ရဲ့မီးတာအိုအကြိုနတ်ဘုရားသွေးမျိုးဆက်ကို အသက်သွင်းလိုက်တယ်။
"ထင်ထားတဲ့အတိုင်းပဲ၊ မင်းက အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာပြီပဲ"
ရွှေအလင်းနတ်ဘုရားရဲ့သူငယ်အိမ်တွေက တင်းကျပ်သွားတယ်။
လီဖူချန်းဆီကနေ ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားထက်မနိမ့်ကျတဲ့ချီတည်ရှိမှုတစ်ခုကို သူက ခံစားနိုင်တယ်။
တစ်ဖက်လူက သေမင်းနတ်ဘုရားလိုဏ်ဂူထဲမှာ မသေနိုင်ဘူးဆိုတာ အာမခံနိုင်တယ်လို့ ဒါက ပြောပြခဲ့တာပဲ။ ပထမကတော့ ရွှေအလင်းနတ်ဘုရားက ဒါကို မယုံကြည်ပါဘူး၊ ဒါပေမယ့် အခု သူက အနည်းငယ် လက်ခံယုံကြည်လာတယ်။
သို့မဟုတ်ရင် သူက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ။ ဒါ့ပြင် လီဖူချန်းက သေခြင်းကျောက်တုံးတွေကို အကန့်အသတ်မရှိဝယ်နေပုံထောက်ရင် သူ့မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထက် ပိုရှိတာ ရှင်းလင်းပါတယ်။
"သတ်"
ရွှေရောင်အလင်းတစ်ခုလက်သွားပြီး ရွှေအလင်းနတ်ဘုရားက ရွှေရောင်လှံကို ကိုင်ကာ လီဖူချန်းကို ထိုးဖောက်လိုက်တယ်။
လီဖူချန်းရဲ့ခွန်အားက သူ့ကို ကျော်ဖြတ်နိုင်မယ်လို့ ရွှေအလင်းနတ်ဘုရားက မယုံပါဘူး။
"အချိန်ကျပြီ"
ကြက်သွေးရောင်မီးလျှံလည်ဆွဲက လင်းလက်သွားပြီး လီဖူချန်းက သူ့ရဲ့ညာလက်သီးကို ဆုပ်လိုက်တယ်။ မှင်တက်စရာမီးတာအိုအကြိုနတ်ဘုရားစွမ်းအားက သူ့လက်သီးမှာ စုဝေးလာပြီး သူက ရွှေလှံတံကို ရိုက်ထည့်လိုက်တယ်။
ဝုန်း.......
ကြောက်စရာကောင်းတဲ့တုန်ခါမှုလှိုင်းကြောင့် စကြာဝဠာရဲ့ကြယ်ကောင်းကင်ကို ဖရိုဖရဲအရာဝတ္တုတစ်ခုအဖြစ် မွေနှောက်သွားတယ်။ တစ်ဖက်က နီပြီး အခြားတစ်ဖက်က ရွှေရောင်ဖြစ်တယ်။ ဒါပေမယ့် ရွှေရောင်ကို လျင်မြန်စွာ လွှမ်းမိုးသွားပြီး အနီရောင်က မီးနဂါးတစ်ကောင်ပမာ ရွှေအလင်းနတ်ဘုရားထံ အကြီးအကျယ်ပျက်ဆီးစေခဲ့တယ်။
ရွှေအလင်းနတ်ဘုရားက အော်ဟစ်ညည်းညူကာ လွင့်ထွက်သွားရတယ်။ သူ့ရဲ့အမူအရာက အတော်လေးရုပ်ဆိုးနေတယ်။
သူ့ရန်သူရဲ့ခွန်အားက သူ့ကိုကျော်လွန်နေတာ သံသယရှိစရာမလိုပါဘူး၊ ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားထက် မနိမ့်ကျပါဘူး။
"အကြိုနတ်ဘုရားတစ်ယောက်မဟုတ်ရင် မင်း ငါ့ရဲ့တိုက်ခိုက်မှုတစ်ခုကိုတောင် ရင်ဆိုင်နိုင်မှာမဟုတ်ဘူး"
ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်က လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ကာ လက်သီးတစ်ချက် ထုတ်ဖော်လိုက်တယ်။ ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်ရဲ့လက်သီးက ခုနှစ်ရောင်အလင်းကိုထုတ်လွှတ်နေတဲ့နေတစ်စင်းနဲ့တူတယ်။ ၎င်းက လီဖူချန်းထံ ဖြောင့်တန်းစွာတိုက်ခိုက်လာတယ်။
ဝုန်း......
ဖရိုဖရဲအရာဝတ္တုက ဆုတ်ပြဲသွားပြီး လီဖူချန်းရဲ့မီးတာအိာအကြိုနတ်ဘုရားစွမ်းအားက ထိတွေ့ပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားတယ်။ ထို့နောက် လီဖူချန်းက လွင့်ထွက်သွားတယ်။
"အံ့မခန်းပဲ"
လီဖူချန်းရဲ့ခါးပေါ်ရှိကမ္ဘာဦးမူလလက်ကောက်က ကမ္ဘာဦးချပ်ဝတ်အဖြစ်သို့ ပြောင်းကာ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်လိုက်တယ်။
ဝုန်း ဝုန်း ဝုန်း ဝုန်း......
အဆုံးမဲ့ခုနှစ်ရောင်ခြယ်လက်သီးတွေက သဲကြီးမဲကြီးတိုက်ခိုက်နေတယ်။ ခုခံရုံကလွဲပြီး လီဖူချန်းမှာ ပြန်တုံ့ပြန်နိုင်စွမ်းမရှိပါဘူး။
"အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်က တကယ်ကို အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်ပဲ။ မင်းအနေနဲ့ ငါ့ကို ဘာမှမလုပ်နိုင်တာကတော့ စိတ်မကောင်းစရာတစ်ခုပဲ"
ကမ္ဘာဦးချပ်ဝတ်၊ ကပ်ဘေးမသေမျိုးခန္ဓာကိုယ်နဲ့ သူက အထွတ်အထိပ်မီးတာအိုအကြိုနတ်ဘုရားတစ်ယောက်ဖြစ်တာနဲ့အတူ လီဖူချန်းက သနားစဖွယ်အခြေအနေမှာ ရှိပေမယ့် သူက ဘာဒဏ်ရာတစ်ခုမှမခံစားရပါဘူး။
တစ်ရာကွဲအက်ခြင်းနတ်ဘုရားငှက်လက်သီး......"
ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်ရဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက လက်အိတ်တစ်စုံဖြစ်တယ်။ ဒီလက်အိတ်ကို တစ်ရာကွဲအက်ခြင်းလက်အိတ်လို့ခေါ်တယ်။ ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်က တစ်ရာကွဲအက်ခြင်းလက်အိတ်ရဲ့ရင်းမြစ်စွမ်းအားကို အသက်သွင်းလိုက်တဲ့အခါ ဧရာမငှက်တစ်ကောင်က ပျံသန်းထွက်လာပြီး လီဖူချန်းထံ ပြေးဝင်တိုက်ခိုက်လာတယ်။
"ဒါ တကယ်အားကောင်းလွန်းတယ်"
လီဖူချန်းက ရိုးရိုးရှင်းရှင်းသာ ခုခံနိုင်ခဲ့တယ်။
"ဘယ်လိုအဆင့်မြင့်စကြာဝဠာရတနာတစ်ခုပါလဲ"
သူ့အမြင်အရ လီဖူချန်းရဲ့ကမ္ဘာဦးလက်ကောက်ရဲ့ခုခံမှုက သာမန်ခုခံမှုအထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထက် မနိမ့်ကျပါဘူး။
"ရွှေအလင်းနတ်ဘုရား၊ မင်း လှုပ်ရှားလိုက်"
ရွှေအလင်းနတ်ဘုရားက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်သာ ဖြစ်ပေမယ့် သူက လီဖူချန်းရဲ့အကြိုနတ်ဘုရားစွမ်းအားကို ကုန်ဆုံးစေနိုင်ပါတယ်။
ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ အကြိုနတ်ဘုရားတစ်ယောက်ရဲ့အားနည်းချက်က အကြိုနတ်ဘုရားစွမ်းအားပမာဏဖြစ်တယ်။ အရှင်တွေနဲ့မတူတာက အကြိုနတ်ဘုရားတွေအနေနဲ့ သူတို့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ပြန်ဖြည့်ဖို့ ခက်ခဲတယ်။
"ဝူကျော၊ မင်း သွားလိုက်"
လီဖူချန်းက ဝူကျောကို ထုတ်လိုက်တယ်။
"ဟုတ်ကဲ့၊ ဆရာ"
ဝူကျောက သူ့ရဲ့ငွေရောင်ဓားကို ထုတ်ကာ ရွှေအလင်းအရှင်ကို ရင်ဆိုင်လိုက်တယ်။
ချွင်း ချွမ်း ချွင်း ချွမ်း......
ဝူကျောရဲ့ခွန်အားက ရွှေအလင်းနတ်ဘုရားထက် သေချာပေါက်နိမ့်ကျတယ်။ ဝူကျောက သာမန်ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ဆိုရင် ရွှေအလင်းနတ်ဘုရားက အဆင့်၁ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်တယ်။
ဒါပေမယ့် သူတို့နှစ်ယောက်လုံးက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေဖြစ်ပြီး ရလဒ်ကို အချိန်တိုအတွင်း ဆုံးဖြတ်ဖို့က မဖြစ်နိုင်ပါဘူး။
"နောက်ထပ်ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်လား"
ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်က တစ်ချက်ဝေ့ကြည့်လိုက်တယ်။
ဒီတိုက်ပွဲက အချိန်အတော်ကြာခဲ့ပြီး နှစ်ဖက်လုံးက ပြင်းထန်တဲ့တိုက်ပွဲအခြေအနေတစ်ခုမှာ ရှိတယ်။
ဝူကျောက တဖြည်းဖြည်းမခုခံနိုင်တော့တာကို မြင်ပြီး လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းကာ ဝူကျောကို ကမ္ဘာနှလုံးသားထဲသို့ ထည့်လိုက်တယ်။ ပြီးနောက် သူက လှည့်ပြီး သေမင်းနတ်ဘုရားရေကန်ဆီ ပျံသန်းသွားလိုက်တယ်။
"မင်း ဘယ်ကို သွားမလို့လဲ"
ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်က သူ့ရဲ့ခွန်အားအပြည့်နဲ့ ခုနှစ်ခုအထင်ကရနတ်ဘုရားပိုင်နက်ကို လှည့်ပတ်လိုက်တယ်။
"ချိုးဖြတ်စမ်း"
လီဖူချန်းက အကြိုနတ်ဘုရားဒါမှမဟုတ်အသန်မာဆုံးအရှင်မဖြစ်ခင် ကမ္ဘာဦးမူလအဆီအနှစ်ကို နှစ်ဆပေါက်ကွဲထွက်စေရင် သူက တုံ့ပြန်မှုတစ်ခုကို ခံစားရလိမ့်မယ်။ ကမ္ဘာဦးမူလအဆီအနှစ်ရှစ်ဆက သူ့အကန်အသတ်ဖြစ်ခဲ့တယ်။ အခု သူက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာတာကြောင့် ကမ္ဘာဦးမူလအဆီအနှစ်ကို အဆများစွာ ပေါက်ကွဲစေနိုင်လာတယ်။
ဝှစ်......
လမ်းကြောင်းတစ်ခုက ခုနှစ်ခုအထင်ကရနတ်ဘုရားပိုင်နက်ကို ချက်ချင်းထိုးဖောက်သွားပြီး သေမင်းနတ်ဘုရားရေကန်ရဲ့အနက်ပိုင်းထဲသို့ ဦးတည်သွားတယ်။
"တောက်"
အဆင့်မြင့်စကြာဝဠာရတနာတစ်ခုမှာ ဒီလိုအံ့ဖွယ်သက်ရောက်မှုတစ်ခုရှ်ိမယ်လို့ ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်က မမျှော်လင့်ထားခဲ့ဘူး။ သူ တုံ့ပြန်တဲ့အချိန်မှာ လီဖူချန်းက လွတ်မြောက်သွားပါပြီ။
"လိုက်စမ်း"
ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်က သေမင်းနတ်ဘုရားရေကန်ထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားတယ်။
ရွှေအလင်းနတ်ဘုရားက အံ့ကြိတ်ကာ လိုက်သွားတယ်။
ကမ္ဘာဦးမူလလမ်းကြောင်းက ပျောက်သွားပြီး လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူကို ရောက်ရှိလာတယ်။
ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်နဲ့ရွှေအလင်းနတ်ဘုရားတို့က သူ့ကို ဖမ်းမိဖို့ အချိန်တစ်ခုလိုမယ်လို့ သူက ယူဆထားတယ်။ တကယ်တော့ ဒီနေရာမှာ သေမင်းနတ်ဘုရားရဲ့စွမ်းအားရှိပြီး အကြိုနတ်ဘုရားတွေက ဖြည်းဖြည်းသာ ပျံသန်းနိုင်တယ်လေ။
သေခြင်းကျောက်တုံးကို ကိုင်လျက် လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူထဲသို့ ဝင်ရောက်သွားတယ်။
ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်နဲ့ယှဉ်ပြိုင်ဖို့ဆိုရင် လီဖူချန်းက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိဖို့လိုအပ်တယ်။ ဒါ့ပြင် အဲဒါက သမန်းဝံပုလွေလူဝင်စားအတွက် သင့်တော်တဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်ရမယ်။ သို့မဟုတ်ရင် ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်နဲ့ရင်ဆိုင်ရရင် သူက အမြဲတမ်းထွက်ပြေးနေရလိမ့်မယ်၊ ဒါက သူမြင်ချင်တဲ့အရာမျိုးမဟုတ်ပါဘူး။
"ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်း၊ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်း၊ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်း၊ အဆင့်နိမ့်စကြာဝဠာရတနာ၊ သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်း၊ အဆင့်နိမ့်စကြာဝဠာရတနာ၊ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်း၊ ထူးကဲအဆင့်အခြေခံအသုံးအဆောင်ပစ္စည်း၊ အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်း......
လုံလောက်တဲ့သေခြင်းကျောက်တုံးနဲ့ဆိုရင် လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူထဲကို အကြိမ်ကြိမ်ဝင်ရောက်ကာ ရတနာအမြောက်အများကို ယူဆောင်လာတယ်။
အဆင့်မြင့်စကြာဝဠာရတနာနဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ရဖို့က ခက်ခဲလွန်းတယ်။ ဒီပစ္စည်းနှစ်ခုကို အသာထား၊ အလယ်ဆင့်စကြာဝဠာရတနာတွေနဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ရရှိဖို့တောင် မလွယ်လှဘူး။ သေခြင်းကျောက်တုံးနှစ်ဆယ်ကို သုံးပြီးနောက် လီဖူချန်းက သင့်တော်တဲ့ပစ္စည်းတစ်ခုကိုတောင် မမြင်ရသေးပါဘူး။
သေခြင်းကျောက်တုံးလေးဆယ်ကျော်အသုံးပြုပြီးနောက် -
"အမ်၊ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်တစ်ခုပဲ"
ဒီတစ်ခါတော့ လီဖူချန်းက ပစ္စည်းကောင်းတစ်ခုကို ရရှိခဲ့တာပေါ့။
"ဝူကျော၊ ဒါကို ယူလိုက်" လီဖူချန်းက ချပ်ဝတ်ကို ဝူကျော့ထံ ပစ်ပေးလိုက်တယ်။
စကြာဝဠာမှာ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုကိုပိုင်ဆိုင်ထားတဲ့သူတွေအများကြီးမရှိပါဘူး။ ရွှေအလင်းနတ်ဘုရားမှာတောင် ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ရွှေအလင်းလှံနဲ့သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်တစ်ခုသာရှိတယ်။
ဝူကျောက အစက သာမန်ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်လို့ သတ်မှတ်မယ်ဆိုရင် အခု သူက အဆင့်၂ဒါမှမဟုတ်အဆင့်၃ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာပါပြီ။ ခုခံမှုအရ သူက ရွှေအလင်းနတ်ဘုရားထက်တောင် ပိုသာလွန်တယ်။
သေခြင်းကျောက်တုံး၆၀ကျော်သုံးပြီးနောက် လီဖူချန်းက အလယ်ဆင့်စကြာဝဠာရတနာတစ်ခုဖြစ်တဲ့ကောင်းကင်ဘုံတာအိုဓားအဆီအနှစ်ကို ရရှိခဲ့တယ်။
လီဖူချန်းက အသန်မာဆုံးဓားတာအိုအရှင်မဟုတ်ရင် ကောင်းကင်ဘုံဓားတာအိုအဆီအနှစ်က သေချာပေါက် သူ့အတွက် အလွန်အသုံးဝင်ပြီး သူ့ရဲ့ဓားတာအိုအဆင့်ကို လျင်မြန်စွာ တိုးမြှင့်စေပါလိမ့်မယ်။
လီဖူချန်းက အသန်မာဆုံးဓားတာအိုအရှင်ဖြစ်နေသလို သူ့ရဲ့ဓားတာအိုအဆင့်က အဆုံးစွန်းမှာ ရှိနေတာ စိတ်မကောင်းစရာတစ်ခုပဲ။ ထပ်မံချိုးဖြတ်နိုင်ရင် သူက နတ်ဘုရားနယ်ပယ်ကို ရောက်ရှိပါလိမ့်မယ်။
"ဝူကျော၊ ဒါကို သိမ်းလိုက်"
ဝူကျောရဲ့ဓားတာအိုအဆင့်က နိမ့်ကျလွန်းပြီး သူ့ရဲ့ဓားပညာက ကြယ်ပိုင်နက်အဆင့်ရဲ့အလယ်အခြေအနေမှာသာရှိတယ်။ သူ့ရဲ့ကျင့်ကြံခြင်းနည်းစနစ်ကလည်း မြို့အရှင်အဆင့်မှာသာရှိတယ်။ ကောင်းကင်ဘုံတာအိုဓားအဆီအနှစ်ရဲ့ပေါ်ထွက်လာမှုက ဝူကျောရဲ့နှစ်ပေါင်းမရေမတွက်များစွာအားထုတ်မှုကို လျော့ချဖို့ လုံလောက်တယ်။
"ဟုတ်ကဲ့၊ ဆရာ"
ဝူကျောက မှင်တက်မိတယ်။ သူ့ဆရာနောက်လိုက်တည်းက သူက ဘာတစ်ခုမှ စိုးရိမ်စရာမလိုဘူးလို့ သူက ခံစားရတယ်၊ သူ လိုချင်တာမှန်သမျှကို ရရှိနိုင်တယ်။
ရှားပါးမှုအရ အလယ်ဆင့်စကြာဝဠာရတနာတွေက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထက် ပိုရှားတယ်။ သူတို့က အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထက်သာ နိမ့်ကျတယ်။
"ငါ့ကံက ဒီတစ်ခါပိုဆိုးတာပဲ"
မသိလိုက်မသိဘာသာနဲ့ လီဖူချန်းက သေခြင်းကျောက်တုံးကို ၁၅၀တုံးအထိ အသုံးပြုပြီးပါပြီ။
သူက စုစုပေါင်းပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုနဲ့အလယ်ဆင့်စကြာဝဠာရတနာသုံးခုတို့ကို ရရှိခဲ့တယ်။
အရင်တစ်ခါတုန်းကဆိုရင် သူက သေခြင်းကျောက်တုံး၂၈တုံးသာ အသုံးပြုခဲ့ပြီး ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုနဲ့အလယ်ဆင့်စကြာဝဠာရတနာနှစ်ခုတို့ကို ရရှိခဲ့တယ်လေ။
လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူထဲသို့ ၁၅၁ကြိမ်မြောက် ဝင်ခဲ့တယ်။
လီဖူချန်းရဲ့ကံက ပေါက်ကွဲထွက်လာပြီး သူက နောက်ထပ်ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိလာခဲ့တယ်။
"ကြက်သွေးရောင်မီးလျှံချပ်ဝတ်....."
လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
တကယ်တော့ ဒီကြက်သွေးရောင်မီးလျှံချပ်ဝတ်က ကြက်သွေးရောင်မီးလျှံလည်ဆွဲနဲ့ တစ်စုံတည်းဖြစ်တယ်။
ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံလုံးရဲ့တန်ဖိုးက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ကျော်လွန်တယ်။
"သေမင်းနတ်ဘုရားလိုဏ်ဂူရဲ့ရတနာခန်းထဲမှာ မီးတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေသုံးခုပဲရှိတာ စိတ်မကောင်းစရာပဲ။ ကျန်နေတဲ့တစ်ခုက သူတို့ရဲ့အစိတ်အပိုင်းများလား"
အသက်ကို နက်ရှိုင်းစွာ ရှုသွင်းပြီးနောက် လီဖူချန်းက မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို ကြက်သွေးရောင်မီးလျှံချပ်ဝတ်ထဲသို့ လှည့်ပတ်လိုက်တယ်။
ဟုန်း......
ချက်ချင်းပဲ၊ ကြောက်စရာကောင်းတဲ့ကြက်သွေးရောင်အလင်းတစ်ခုက လီဖူချန်းကို ဝန်းရံသွားတယ်။ ဒါ့ပြင် မီးစွမ်းအားက မီးတာအိုအကြိုနတ်ဘုရားသွေးမျိုးဆက်ထဲသို့ ထိုးဖောက်လာပြီး လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားသွေးမျိုးဆက်ကို ဆက်လက်ပြုပြင်လိုက်တယ်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ"
လီဖူချန်းရဲ့မျက်လုံးတွေက အလင်းတွေ လက်သွားတယ်။ ကြက်သွေးရောင်မီးလျှံဝတ်စုံရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ကြက်သွေးရောင်မီးလျှံချပ်ဝတ်က ခန္ဓာကိုယ်ကို ဆက်လက်သန့်စင်နိုင်ပြီး ခန္ဓာကိုယ်ရဲ့မီးတာအိုအကြိုနတ်ဘုရားသွေးမျိုးဆက်နဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားတို့ကို အားကောင်းလာစေတယ်။ ဒုတိယမြောက်သန့်စင်မှုက ထိရောက်တယ်လို့ မဆိုနိုင်သလို အပိုင်းအစနှစ်ခုလောက်နဲ့ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့ မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် အပိုင်းအစသုံးခုဆိုရင်ရော၊ လေးခုဆိုရင်ရော၊ တစ်စုံလုံးဆိုရင်ရော ဘယ်လိုလဲ။
လီဖူချန်းရဲ့စိတ်အခြေအနေက အလွန်ကောင်းနေတော့တယ်။