← Chapters

ပလိန်းနှလုံးသား

Vol. 75 Ch. 1047

ပလိန်းနှလုံးသား

Vol. 75 Ch. 1047

ကြက်သွေးရောင်မီးလျှံချပ်ဝတ်ရဲ့အသိအမှတ်ပြုမှုနဲ့အတူ လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက နောက်တစ်ဆင့်သို့ ရောက်ရှိလာတယ်။ ၎င်းက ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်ထက် နိမ့်ကျသေးပေမယ့် အရမ်းကြီးမကွာဟ‌တော့ဘူး။

"သေမင်းနတ်ဘုရားလိုဏ်ဂူထဲကို ၁၉၉ကြိမ်မြောက်ဝင်ရောက်ပြီးနောက် လီဖူချန်းက နောက်ဆုံးမှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိခဲ့တယ်။ ဒါ့ပြင် ဒီအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အမှောင်စွမ်းပကားချပ်ဝတ်ဖြစ်ပုံရတယ်။

"နောက်ဆုံးတော့ ကံကောင်းခြင်းတွေ ရောက်လာပြီပေါ့"

လီဖူချန်းက စိတ်သက်သာရာရသွားတယ်။ သူက သေခြင်းကျောက်တုံးအကုန်လုံးကို အသုံးပြုပြီးတာ‌တောင် အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု မရရှိမှာကို ကြောက်ရွံ့မိတယ်။

ချပ်ဝတ်ကို လက်ခံပြီးနောက် သမန်းဝံပုလွေလူဝင်စားက အမှောင်စွမ်းအားကို လှည့်ပတ်ပြီး ချပ်ဝတ်ရဲ့အသိအမှတ်ပြုမှုကို လက်ခံဖို့ စတင်လိုက်တယ်။

ဒိီချပ်ဝတ်ကို ရွှေ့ပြောင်းခြင်းချပ်ဝတ်လို့ခေါ်တယ်။ သမန်းဝံပုလွေလူဝင်စားက ရွှေ့ပြောင်းခြင်းချပ်ဝတ်ရဲ့မူလစွမ်းအားကို အသက်သွင်းလိုက်တဲ့အခါ ကြောက်စရာကောင်းတဲ့အမည်းရောင်အလင်းတစ်ခုက သမန်းဝံပုလွေလီဖူချန်းရဲ့ခန္ဓာကိုယ်အနက်ပိုင်းထဲသို့ စိမ့်ဝင်လာပြီး သူ့ရဲ့အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတယ်။

အား......

သမန်းဝံပုလွေလူဝင်စားက ကောင်းကင်သို့ ဟိန်းဟောက်လိုက်တယ်။

အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့အသိအမှတ်ပြုမှုက အလွန်အမင်းကြမ်းတမ်းတယ်။ သူ့ရဲ့အတွင်းရောအပြင်ရောဆုတ်ပြတ်သတ်နေသလို ခံစားရတယ်။

"ဒီလိုကြောက်စရာကောင်းတဲ့အရှိန်အဝါ။ ဒါ အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်များလား"

သေမင်းနတ်ဘုရားရေကန်က ကြီးမားပေမယ့် အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်နဲ့ပထမတန်းစားအကြိုနတ်ဘုရားတစ်ယောက်ရဲ့အရှိန်က အလွန်မြန်တယ်။ တစ်ခဏအတွင်း ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်နဲ့အလင်းနတ်ဘုရားအရှင်တို့က သေမင်းနတ်ဘုရားကျွန်းအနီးကို ရောက်ရှိလာတယ်။ သမန်းဝံပုလွေလီဖူချန်းကပေးစွမ်းနေတဲ့အားကောင်းတဲ့အရှိန်အဝါကို အာရုံခံစားမိတဲ့အခါ ခုနှစ်ခုနတ်ဘုရားအရှင်သခင်ရဲ့အမူအရာက ပြောင်းလဲသွားတယ်။

"သေစမ်း"

ခုနှစ်ခုနတ်ဘုရားအရှင်သခင်က သမန်းဝံပုလွေလူဝင်စားထံ လက်သီးနဲ့ ထိုးထည့်လိုက်တယ်။

သမန်းဝံပုလွေလူဝင်စားက လက်ရှိမှာ အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့အသိအမှတ်ပြုခြင်းကို ခံယူနေတယ်။ သူက ဒါကို လုံးဝအောင်မြင်ခွင့်ပြုလို့မရပါဘူး။

"အလင်းဖြာထွက်ကြက်သွေးရောင်ကမ္ဘာ"

လီဖူချန်းက မီးလျှံလက်သီးတစ်ခုကို ထုတ်ဖော်ကာ ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်နဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။

ဝုန်း.......

လီဖူချန်းက လွင့်ထွက်သွားပြီး ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်ကလည်း တုန်ခါသွားတယ်။

"သူ့ခွန်အားက........" ခုနှစ်ခုအလင်းနတ်ဘုရားအရှင်က မျက်မှောင်ကြုတ်လိုက်တယ်၊ လီဖူချန်းရဲ့ခွန်အားက သိသိသာသာတိုးတက်လာတယ်လို့ သူက ခံစားမိတယ်။

"တစ်ရာကွဲအက်ခြင်းနတ်ဘုရားငှက်လက်သီး......"

ဧရာမငှက်က ပျံသန်းလာပြီး လီဖူချန်းနဲ့သမန်းဝံပုလွေလူဝင်စားတို့ကို ဖျက်ဆီးဖို့ ဝန်းရံလာတယ်။

ဝုန်း ဝုန်း ဝုန်း ဝုန်း......

ကမ္ဘာဦးလက်ကောက်က ကြီးမားတဲ့ဒိုင်းတစ်ခုအဖြစ် ပြောင်းသွားပြီး ဧရာမငှက်ရဲ့ဆုတ်ဖြဲမှုကို တားဆီးလိုက်တယ်။

"တောက်"

ကမ္ဘာဦးမူလလက်ကောက်က ရင်ဆိုင်ရတာ ဒီလောက်ခက်မယ်လို့ ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်က မထင်ထားခဲ့ဘူး။

"ငါ သူ့ကို ထိန်းထားမယ်။ မင်း အသိအမှတ်ပြုတာကို နှောင့်ယှက်လိုက်" ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်က ရွှေအလင်းနတ်ဘုရားထံ ပြောလိုက်တယ်။

"ကောင်းပြီ"

အနေထားက အလျင်လိုနေပြီး လီဖူချန်းမှာ နောက်ထပ်အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရှိလာတာကို ခွင့်ပြုလို့မရမှန်း ရွှေအလင်းနတ်ဘုရားက သိတယ်။

"မင်းရဲ့ပြိုင်ဘက်က ငါပဲ"

လီဖူချန်းက ဝူကျောကို ထုတ်လိုက်တယ်။

ဝုန်း ဝုန်း ဝုန်း......

အကွက်အနည်းငယ်ဖလှယ်ပြီးနောက် ဝူကျောရဲ့ခွန်အားက အမြောက်အများတိုးတက်လာတာကို တွေ့ရှိသွားတဲ့အတွက် ရွှေအလင်းနတ်ဘုရားသခင်က ထိတ်လန့်တုန်လှုပ်သွားတယ်။ သူ့ရဲ့တိုက်ခိုက်မှုက ဝူကျောအပေါ် ကျရောက်သွားတဲ့အခါ သူတို့က သူ့ကို နောက်မဆုတ်စေနိုင်ခဲ့ပါဘူး။

"ပထမတန်းစားအဆင့်အကြိုနတ်ဘုရားချပ်ဝတ်တစ်ခုလား"

ရွှေအလင်းနတ်ဘုရားရဲ့မျက်လုံးတွေက ဝူကျောရဲ့ချပ်ဝတ်အပေါ် ကျရောက်သွားတယ်။

"မဖြစ်နိုင်ဘူး၊ အဲလို မဖြစ်သင့်ဘူး"

ရွှေအလင်းနတ်ဘုရားက ဂယောက်ဂယက်ဖြစ်သွားတယ်။ အတွေ့အကြုံရင့်ပထမတန်းစားအကြိုနတ်ဘုရားတစ်ယောက်အနေနဲ့ သူက သာမန်အကြိုနတ်ဘုရားချပ်ဝတ်တစ်ခုကိုသာ ဝတ်ဆင်ထားနိုင်တယ်။ မနေ့တစ်‌နေ့ကမှ အကြိုနတ်ဘုရားတစ်‌ယောက်ဖြစ်လာတဲ့သူ့ရန်သူက ပထမတန်းစားအကြိုနတ်ဘုရားချပ်ဝတ်တစ်ခုကို ဝတ်ဆင်နိုင်နေပြီ။ ဒါက လုံးဝမမျှတတာပဲ။

မမျှတတဲ့လူတွေကို ဖျက်ဆီးပစ်ရမယ်။

အဆုံးမှာတော့ ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်က သမန်းဝံပုလွေလူဝင်စားကို ချိုးဖြတ်ခြင်းမှ မရပ်တန့်နိုင်ခဲ့ဘူး။

ဟိန်းသံ......

အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာတဲ့သမန်းဝံပုလွေလူဝင်စားက သူ့လက်သည်းကို ဝှေ့ယမ်းလိုက်တယ်။ အနက်ရောင်လက်သည်းအလင်းတစ်ခုက ရှေးဦးဖရိုဖရဲကို ဆုတ်ဖြဲကာ ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်ကို လွင့်ထွက်သွားစေတယ်။

အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေမှာ‌တောင် မတူညီတဲ့အဆင့်တွေရှိတယ်။ သမန်းဝံပုလွေလူဝင်စားရဲ့ရွှေ့ပြောင်းခြင်းချပ်ဝတ်က အဆင့်၁အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး တစ်ရာအက်ကွဲခြင်းလက်အိတ်က သာမန်အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုသာဖြစ်တယ်။

ဒါပေမယ့် သူအခုလွင့်ထွက်သွားရတာက သူ့ရဲ့သတိမဲ့မှုကြောင့်သာ ဖြစ်တယ်။

"ရွေ့လျားဟိန်းသံ"

သမန်းဝံပုလွေလူဝင်စားက ရွေ့လျားချပ်ဝတ်ရဲ့ရင်းမြစ်စွမ်းအားကို အသက်သွင်းလိုက်တယ်။

သမန်းဝံပုလွေလူဝင်စား‌အနောက်မှာ ဧရာမကြောက်မက်ဖွယ်ရာအရိပ်တစ်ခုက ထွက်ပေါ်လာတယ်။ အရိပ်က ဟိန်းဟောက်လိုက်တာကြောင့် ကြောက်စရာကောင်းတဲ့အမှောင်စွမ်းအားတစ်ခုက ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်ကို အသံလှိုင်းပုံစံနဲ့ တိုက်ခိုက်လာတယ်။

သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက လျင်မြန်စွာ ကုန်ဆုံးလာတာကို ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်က ခံစားမိလာတယ်။ လီဖူချန်းမရှိရင် သမန်းဝံပုလွေလူဝင်စားနဲ့တိုက်ခိုက်ရတာ သူ့အတွက် ပြဿနာရှိမှာမဟုတ်ဘူး။ ဒါပေမယ့် လီဖူချန်းပါဆိုရင် တိုက်ပွဲကြာရှည်လာတာနဲ့အမျှ သူ သေချာပေါက် ရှုံးနိမ့်သွားရလိမ်မယ်။

"သွားကြစို့"

ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်က ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပြီး ရွှေအလင်းနတ်ဘုရားကို ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်တယ်။

"မလိုက်နဲ့တော့"

လီဖူချန်းက ခေါင်းခါယမ်းကာ သမန်းဝံပုလွေလူဝင်စားကို ရပ်တန့်စေလိုက်တယ်။

သမန်းဝံပုလွေလူဝင်စားရဲ့ခွန်အားက ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်ထက် သာလွန်ပေမယ့် အကြိုနတ်ဘုရားစွမ်းအားအရ သမန်းဝံပုလွေလူဝင်စားက ခုနှစ်ခုအထင်ကရနတ်ဘုရားအရှင်သခင်နဲ့ မယှဉ်နိုင်ပါဘူး။

"ရွေ့လျားချပ်ဝတ်နဲ့ ရင်းနှီးအောင် အရင်လုပ်လိုက်မယ်"

သမန်းဝံပုလွေလူဝင်စားက သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ရုပ်သိမ်းလိုက်တယ်၊ အဲဒါမှသာ လီဖူချန်းက သူ့ကို ကမ္ဘာနှလုံးသားထဲကို ထည့်နိုင်မှာလေ။

စောနက သူ့ကို ရွေ့လျားချပ်ဝတ်က အသိအမှတ်ပြုတဲ့အချိန်မှာ သူက ကမ္ဘာသစ်သီးထဲကို လုံးဝမဝင်နိုင်ခဲ့ဘူး။ အကြောင်းကတော့ စွမ်းအားက အားကောင်းလွန်းပြီး ကမ္ဘာသစ်သီးရဲ့ခံနိုင်စွမ်းကို ကျော်လွန်နေတာကြောင့်ပဲ။

"ကောင်းပြီ"

လီဖူချန်းက သမန်းဝံပုလွေလူဝင်စားနဲ့ဝူကျောကို အထဲကို ထည့်လိုက်တယ်။

သေမင်းနတ်ဘုရားလိုဏ်ဂူထဲသို့ ၂၃၅ကြိမ်မြောက်ဝင်ရောက်ပြီးနောက် လီဖူချန်းက ဒုတိ‌ယမြောက်အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိခဲ့တယ်။ ဒါက သတ္တုလည်ဆွဲတစ်ခုဖြစ်တယ်။ လည်ဆွဲရဲ့ဆွဲသီးကို အမျိုးသမီးတိုက်ပွဲနတ်ဘုရားမတစ်ယောက်ရဲ့ပုံနဲ့ ထွင်းထုထားတယ်။

ဒီသတ္တုလည်ဆွဲကို အောင်မြင်ခြင်းလည်ဆွဲလို့ခေါ်တယ်။ ဒီလည်ဆွဲက ပစ္စည်းတစ်စုံရဲ့အစိတ်အပိုင်းတစ်ခုဖြစ်မယ်လို့ လီဖူချန်းက ကြိုတင်သိတယ်။

ပထမတန်းစားအဆင့်အကြိုနတ်ဘုရားပစ္စည်းတစ်စုံလုံးက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအများစုထက် ပိုမြင့်တယ်ဆိုရင် အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံလုံးဆိုရင်တော့.........

ရန်ချင်းဟူက ဓားမော့တာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအများစုနဲ့ သင့်တော်ပေမယ့် သူမက အောင်မြင်ခြင်းလည်ဆွဲကို မငြင်းပါဘူး။

ဒါပေမယ့် အရေးကြီးဆုံးအရာကတော့ အထွတ်အထိပ်အဆင့်ဓားမော့တာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဘယ်နေရာမှာ သွားရှာရမှာလဲ။

အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိတာကတင် အရမ်းကောင်းနေပါပြီ၊ ဒါ့ပြင် ဒါက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားပစ္စည်းတစ်စုံရဲ့အစိတ်အပိုင်းစတစ်ခုသာဖြစ်တယ်။

အောင်မြင်ခြင်းလည်ဆွဲရဲ့အသိအမှတ်ပြုမှုကို လက်ခံပြီးနောက် ရန်ချင်းဟူက သမန်းဝံပုလွေလီဖူချန်းလို အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါပေမယ့် အထွတ်အထိပ်အကြိုနတ်ဘုရားတွေမှာတောင် မတူပါဘူး။

သမန်းဝံပုလွေလူဝင်စားက သေချာပေါက် အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်တယ်။ တကယ်တော့ သူ့ရဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အဆင့်၁အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းလေ။ အသိအမှတ်မပြုခင် သမန်းဝံပုလွေလူဝင်စားကလည်း အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်‌ယောက်ဖြစ်ခဲ့တာလေ။

ရန်ချင်းဟူက သာမန်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်သလို သူမရဲ့အောင်မြင်ခြင်းလည်ဆွဲကလည်း သာမန်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲလေ။ ဒါ့ပြင် အရင်က ရန်ချင်းသူက သာမန်အရှင်တစ်ယောက်သာ ဖြစ်ခဲ့တာလေ။

ဒါပေမယ့် လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူထဲကို ၂၇၈ကြိမ်မြောက်ခုန်ဝင်သွားတဲ့အခါမှာ သူက အောင်မြင်ခြင်းပစ္စည်းတစ်စုံရဲ့ဒုတိယမြောက်အစိတ်အပိုင်းဖြစ်တဲ့အောင်မြင်ခြင်းခါးပတ်ကို ယူလာနိုင်ခဲ့တာကြောင့် ရန်ချင်းဟူရဲ့ခွန်အားက လျင်မြန်စွာတိုးမြှင့်သွားတယ်။

အောင်မြင်ခြင်းခါးပတ်ရဲ့အသိအမှတ်ပြုမှုကို လက်ခံပြီးနောက် ရန်ချင်းဟူရဲ့အကြိုနတ်ဘုရားစွမ်းအားက ဆက်လက်သန်မာလာပြီး သမန်းဝံပုလွေလူဝင်စားနဲ့ အလွန်နီးကပ်လာတယ်။

လက်ရှိရန်ချင်းဟူက အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်မဟုတ်ပေမယ်ြ သူမက အဆင့်၂အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ဆိုတာ အသေအချာပဲ။

"အခုဆိုရင် မင်းတို့နှစ်ယောက်လုံးရဲ့ခွန်အားက ငါ့ကို ကျော်ဖြတ်သွားပြီပေါ့"

လီဖူချန်းက ရယ်လိုက်တယ်။

လက်ရှိလီဖူချန်းက နောက်ဆုံးမှာ‌တော့ အမွေးအတောင်စုံလာပြီး သူ့ရဲ့ကိုယ်ပိုင်အားကောင်းတဲ့ဂိုဏ်းကို ဖွဲ့စည်းနိုင်ခဲ့ပြီးပေါ့။

တကယ်‌တော့ သူ့ကိုလည်း အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်လို့ ယူဆနိုင်တာ‌ကြောင့် သူတို့မှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားသုံးယောက်ရှိတယ်လို့ ဆိုရမှာပေါ့။ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်လည်း ရှိပါသေးတယ်။ မတော်တဆမှုတစ်ခုခုတွေမဖြစ်လာခဲ့ရင် သူတို့မှာ အကြိုနတ်ဘုရားတွေ ပိုပိုများလာမှာဖြစ်ပြီး စကြာဝဠာမှာ ဂိုဏ်းကြီးကိုးဂိုဏ်းအပြင် နောင်ထပ်တစ်ဂိုဏ်း တိုးလာမှာ အသေအချာပါပဲ။

"နင် ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာတာနဲ့ ဘယ်ဂိုဏ်းမှ ငါတို့ကို တိုက်ခိုက်ရဲမှာ မဟုတ်တော့ဘူး" ရန်ချင်းဟူက ပြောလိုက်တယ်။

ဂိုဏ်းကြီးကိုးဂိုဏ်းမှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတွေအမြောက်အများရှိပြီး အခုက ဘေးမကင်းသေးပါဘူး။

"ကြည့်ကြရတာပေါ့"

လီဖူချန်းက ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို လိုချင်ရင် သူက နတ်ဘုရားစစ်မြေပြင်မှာ သူ့ကံကို စမ်းသပ်ဖို့ ကြိုးစားရပါလိမ့်မယ်။

သေမင်းနတ်ဘုရားလိုဏ်ဂူထဲကို ၂၈၈ကြိမ်မြောက်ဝင်ရောက်ပြီးနောက် လီဖူချန်းက ပထမတန်းစားအဆင့်လက်သည်းတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ယူဆောင်လာခဲ့တယ်။ အဲဒါက သမန်းဝံပုလွေလူဝင်စားအသုံးပြုဖို့အတွက် သင့်တော်ရုံမျှပါပဲ။

——

သေမင်းနတ်ဘုရားလိုဏ်ဂူထဲကို ၂၉၅ကြိမ်မြောက်ဝင်ရောက်ပြီးနောက်......

"ဒါက တကယ်ကို ကြက်သွေးရောင်မီးလျှံပစ္စည်းတစ်စုံရဲ့အစိတ်အပိုင်းတစ်ခုပဲ"

သူ့လက်ထဲရှိကြက်သွေးရောင်မီးလျှံလက်အိတ်ကို ကြည့်ရင်း လီဖူချန်းက အံ့အားသင့်သွားတယ်။

ကြက်သွေးရောင်မီးလျှံလက်အိတ်ရဲ့အသိအမှတ်ပြုမှုကို ခံရပြီးနောက် လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက နောက်ဆုံးမှာ အဆင့်သစ်တစ်ခုကို ရောက်ရှိပြီး အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအဆင့်ကို ရောက်ရှိသွားတယ်။ ဒါ့ပြင် သူ့ကို အထွတ်အကြိုနတ်ဘုရားတွေအကြားမှာ အားနည်းတယ်လို့ သတ်မှတ်လို့မရနိုင်ပါဘူး၊ အဆင့်၂ဒါမှမဟုတ်အဆင့်၃အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားရှိမယ်လို့ ယူဆထားတယ်။

နောက်ဆုံးမှာ သေခြင်းကျောက်တုံးတစ်တုံးသာ ကျန်ရှိတော့တယ်။

လီဖူချန်းရဲ့ရိတ်သိမ်းမှုက အလျှံပယ်ပါပဲ။ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းသုံးခု၊ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဆယ်ခုနဲ့ အလယ်ဆင့်စကြာဝဠာရတနာဆယ့်လေးခုကို ရရှိခဲ့တယ်။

"‌နောက်ဆုံးအခွင့်အရေးက ဘာများပါလိမ့်"

လီဖူချန်းက ပြေးဝင်သွားတယ်။

……

နောက်ဆုံးအခွင့်အရေးမှာ လီဖူချန်းက ကံအကောင်းဆုံးဖြစ်လာတာပဲ။

ဒီတစ်ခါတော့ သူက အဆင့်မြင့်စကြာဝဠာရတနာတစ်ခုဖြစ်တဲ့ပလိန်းနှလုံးသားကို ရရှိခဲ့တယ်။

ကမ္ဘာနှလုံးသားက အချိန်တိုအတွင်း လီဖူချန်းကို ဒီအဆင့်ကို ရောက်ရှိဖို့ ကူညီပေးရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုမှာ ပါဝင်တယ်။ ရန်ချင်းဟူ၊ သမန်းဝံပုလွေလူဝင်စားနဲ့ဝူကျောတို့က အခုလိုလျင်မြန်စွာတိုးတက်လာတာ ကမ္ဘာနှလုံးသားရဲ့ကျေးဇူးတွေ အများကြီးပါတယ်။

ကမ္ဘာနှလုံးသားမရှိရင် တိုးတက်ဖို့အတွက် ရန်ချင်းဟူ၊ ဝူကျောနဲ့ သမန်းဝံပုလွေလူဝင်စားတို့က နှစ်ဆယ်သန်းခန့်အသုံးပြုဖို့ လိုအပ်တယ်။ လီဖူချန်းကတောင် နှစ်‌ပေါင်းထောင်သောင်းများစွာ အသုံးပြုဖို့ လိုအပ်တယ်။

လီဖူချန်းရဲ့အမြင်အရ ဂိုဏ်းတစ်ဂိုဏ်းအတွက်ဆိုရင် အလယ်ဆင့်စကြာဝဠာရတနာတစ်ခုဆိုရင်‌တောင် ကမ္ဘာနှလုံးသားက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထက် သေချာပေါက် ပိုအသုံးဝင်တယ်။

ကမ္ဘာနှလုံးသားတစ်ခုက ဒီလောက်တောင်အသုံးဝင်တာ။ ကမ္ဘာနှလုံးသားရဲ့အဆင့်မြှင့်တင်ထားတဲ့ပုံစံအနေနဲ့ ပလိန်းနှလုံးသားက ဘယ်လို‌တောင် အသုံးဝင်မလဲကို လီဖူချန်းက စိတ်ကူးမယဉ်နိုင်လောက်အောင်ပဲ။

"အဆင့်မြင့်စကြာဝဠာရတနာတစ်ခုက ဒီစကြာဝဠာထဲရှိဘယ်သူမဆိုရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ လုံလောက်တယ်"

အသက်ကို နက်ရှိုင်းစွာ တစ်ချက်ရှုသွင်းပြီးနောက် လီဖူချန်းက ပလိန်းနှလုံးသားကို သူ့ရဲ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လိုက်တယ်။

နက်ပြာပလိန်းသို့ ပြန်ရောက်လာပြီးနောက် လီဖူချန်းက သေခြင်းကျောက်တုံးကို ဆက်လက်ဝယ်ယူနေခဲ့တယ်။ ရန်ချင်းဟူ၊ သမန်းဝံပုလွေလူဝင်စားနဲ့ ဝူကျောတို့အတွက်ကတော့ သူတို့က ပလိန်းနှလုံးသားထဲမှာ စတင်ကျင့်ကြံခဲ့ကြတယ်။

လေ့လာမှုအချို့ပြုလုပ်ပြီးနောက် ပလိန်းနှလုံးသားက ကမ္ဘာနှလုံးသားနဲ့ အတူတူပဲဆိုတာကို လီဖူချန်းက သဘောပေါက်ခဲ့တယ်။ နေရာလပ်-အချိန်အရှိန်အကန့်အသတ်က အဆတစ်သောင်းဖြစ်ပြီး နောက်ဆုံးစံနှုန်းက အဆတစ်ရာဖြစ်တယ်။ ပလိန်းနှလုံးသားထဲမှာ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေကသာနေရာလပ်-အချိန်အရှိန်အဆတစ်ရာကို ထိန်းသိမ်းနိုင်လိမ့်မယ်။ ဒါက အကြိုနတ်ဘုရားတွေအတွက် အတူတူပါပဲ။

နေရာလပ်-အချိန်အရှိန်ရဲ့အခရာက ခွန်အားမဟုတ်ပါဘူး၊ ကျင့်ကြံခြင်းအဆင့်ကွာခြားချက်လို့ လီဖူချန်းက ခန့်မှန်းထားခဲ့တယ်။ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်နဲ့အကြိုနတ်ဘုရားတွေအကြားမှာ ကျင့်ကြံခြင်းအဆင့်ကွာခြားချက်တစ်ခုမှ မရှိပါဘူး။ တကယ်တော့ ကျင့်ကြံခြင်းအဆင့်အရ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေနဲ့‌ မယှဉ်နိုင်တဲ့အကြိုနတ်ဘုရားအချို့တောင် ရှိတယ်။

ဒါပေမယ့် ခွန်အားက ပလိန်းနှလုံးသားနဲ့ကမ္ဘာနှလုံးသားကို မသက်ရောက်ဘူးလို့လည်း မဆိုလိုပါဘူး။

ရန်ချင်းဟူ၊ သမန်းဝံပုလွေလူဝင်စားနဲ့ဝူကျောတို့အားလုံးက အထွတ်အထိပ်အဆင့်နဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေဖြစ်တယ်။ သူတို့ရဲ့ခွန်အားက အားကောင်းလွန်းပြီး သူတို့က ကမ္ဘာနှလုံးသားထဲမှာ ကျင့်ကြံခြင်းအရှိန်ကို ထိန်းသိမ်းမယ်ဆိုရင် ကမ္ဘာနှလုံးသားရဲ့ရင်းမြစ်အဆီအနှစ်က အချိန်တိုအတွင်း ကုန်ခန်းသွားလိမ့်မယ်။ ပလိန်းနှလုံးသားနဲ့ဆိုရင်တော့ လီဖူချန်းက စိုးရိမ်စရာမလိုတော့ပါဘူး။

All Chapters