အကြိုနတ်ဘုရားကျောက်တုံး
Vol. 75 Ch. 1049
စကွမ်းရဲ့ရှင်းပြချက်ကနေ သူတို့လေးယောက်က အကြိုနတ်ဘုရားနယ်မြေအပေါ် နက်နက်ရှိင်းရှိုင်းနားလည်လာခဲ့တယ်။
"ဟုတ်ပါပြီ၊ ဒါကရော ဘာလဲ"
လီဖူချန်းက နူးညံပြီလုံးဝန်းတဲ့ကျောက်တုံးတစ်တုံးကို နေရာလပ်လက်စွပ်မှ ယူထုတ်လိုက်တယ်။
နူးညံပြီးလုံးဝန်းတဲ့ကျောက်တုံးတစ်တုံးလို့ထင်ရပေမယ့် အဲဒါမှာ ထိတ်လန့်တုန်လှုပ်စရာအကြိုနတ်ဘုရားစွမ်းအားပါဝင်တယ်။ ဒါ့ပြင် ဘယ်လိုစွမ်းပကားတစ်ခုမှမရှိတဲ့အကြိုနတ်ဘုရားစွမ်းအားဖြစ်တယ်။ ဘယ်လိုအကြိုနတ်ဘုရားမဆို အဲဒါကို စုပ်ယူနိုင်တယ်၊ အသုံးပြုနိုင်တယ်။
ဒီကျောက်တုံးကို လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလျက် ရှာတွေ့ခဲ့တယ်။ သူက အရူးတစ်ယောက်မဟုတ်ဘူး၊ ဒါက ပစ္စည်းကောင်းတစ်ခုဆိုတာ ချက်ချင်းသိခဲ့တယ်။
စကွမ်းက တံတွေးမျိုချလိုက်တယ်" ဒါက အကြိုနတ်ဘုရားကျောက်တုံးပဲ၊ အကြိုနတ်ဘုရားနယ်မြေရဲ့တန်ဖိုးအရှိဆုံးအရင်းအမြစ်တွေထဲတစ်ခုပဲ။ အပြင်ကမ္ဘာမှာပဲဖြစ်ဖြစ်၊ အကြိုနတ်ဘုရားနယ်မြေမှာပဲဖြစ်ဖြစ်၊ အကြိုနတ်ဘုရားစွမ်းအားကို ပြန်ဖြည့်ဖို့က အလွန်ခက်ခဲမှန်း မင်းတို့ သိမှာပါ။ အကြိုနတ်ဘုရားကျောက်တုံးတွေမရှိရင် အကြိုနတ်ဘုရားတွေက အကြိုနတ်ဘုရားစွမ်းအားကို ပြန်ဖြည့်ဖို့ အချိန်အကြာကြီးသီးခြားကျင့်ကြံဖို့ လိုအပ်တယ်။ ဒါပေမယ့် ဒါက အကြိုနတ်ဘုရားကျောက်တုံးတွေအတွက်တော့ မတူပါဘူး။ ဒီကျောက်တုံးက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးပဲ။ ပုံမှန်အနေအထားမှာ ၎င်းက သာမန်အကြိုနတ်ဘုရားတစ်ယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ပြန်ဖြည့်နိုင်တယ်။ အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးဆိုရင် အဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ပြန်ဖြည့်နိုင်တယ်။ အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးတွေက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေအတွက်ဖြစ်ပြီး အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးတွေက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတွေအတွက်ပဲ"
အဆင့်မြင့်အကြိုနတ်ဘုရားတစ်ယောက်အနေနဲ့ စကွမ်းမှာ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးတောင်မရှိပါဘူး။ ပုံမှန်အားဖြင့် ဂိုဏ်းကြီးရှစ်ဂိုဏ်းရဲ့အခြေစိုက်စခန်းတွေမှာသာ အကြိုနတ်ဘုရားကျောက်တုံးတွေကို တူးဖော်ဖို့ အခွင့်အလမ်းတွေ ရှိတယ်။မဟာမိတ်ငါးဖွဲ့ရဲ့အခြေစိုက်စခန်းမှာတောင် ရှားပါတယ်။
"ဒီနေရာမှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို ဘယ်လိုသုံးရမှာလဲ" လီဖူချန်းက ဆက်မေးလိုက်တယ်။
သူ့မှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေထရီလီယံအနည်းငယ်ရှိတယ်။
စကွမ်းက ပြောလိုက်တယ်"အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေလဲ အသုံးဝင်ပါတယ်။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေအမြောက်အများရှိသရွေ့ ထူးကဲအန္တိမအဆင့်အစီအရင်တွေကို တပ်ဆင်ဖို့ အသုံးပြုနိုင်တယ်။ ထူးကဲအန္တိမအဆင့်အစီအရင်တစ်လွှာက သာမန်အကြိုနတ်ဘုရားတွေရဲ့တိုက်ခိုက်မှုတွေကို တားဆီးဖို့ လုံလောက်ပါတယ်။ ထူးကဲအန္တိမအဆင့်အစီအရင်နှစ်လွှာက အဆင့်မြင့်အကြိုနတ်ဘုရားတွေရဲ့တိုက်ခိုက်မှုတွေကို တားဆီးနိုင်တယ်၊ စသဖြင့်ပေါ့။ နတ်ဘုရားခန်းမရဲ့ထူးကဲအန္တိမအဆင့်အစီအရင်မှာ အလွှာခုနှစ်လွှာရှိတယ်။ ဒါ့ပြင် နတ်ဘုရားစစ်မြေပြင်ကိုသွားဖို့နတ်ဘုရားတံတားကိုအသုံးပြုဖို့အတွက် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို လိုအပ်တယ်။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ထရီလီယံတောင် များတယ်လို့ မဆိုနိုင်ဘူး"
ခရီးတစ်ခေါက်အတွက် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ထရီယံ၊ ခရီးတစ်ရာအတွက် တစ်ရာထရီလီယံ။
"ငါ သိပြီ" လီဖူချန်းက ခေါင်းညိတ်ကာ စကွမ်းကို ပြောလိုက်တယ်"ကျေးဇူးအများကြီးတင်ပါတယ်။ မင်းမှာ နောက်ပိုင်းပြဿနာတစ်စုံတစ်ရာရှိလာရင် ဓားသမားအစည်းအရုံးမှာ ငါ့ကို လာရှာနိုင်တယ်"
"ကောင်းပါပြီ၊ ငါ အခု ထွက်သွားလို့ရပြီလား" အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားသုံးယောက်နဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ကို ရင်ဆိုင်ရတဲ့အခါ စကွမ်းက အလွန်ဖိအားများနေတယ်။
"ဒါပေါ့"
လီဖူချန်းက ပြုံးလိုက်တယ်။
ဒါကို ကြားပြီး စကွမ်းက အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ လျင်မြန်စွာ ထွက်ခွာသွားတော့တယ်။
"လာ၊ ဓားသမားအစည်းအရုံးကို အရင်သွားကြတာပေါ့"
ဓားသမားအစည်းအရုံးကို တောင်တန်းတစ်ခုမှာ တည်ဆောက်ထားတယ်။ တောင်ထွတ်တွေများစွာ ရှိပြီး ထက်ရှတဲ့ဓားချီကို အဝေးကနေတောင် ခံစားရနိုင်တယ်။
ဓားသမားအစည်းအရုံးရဲ့အဓိကတောင်ထွတ်ကို နတ်ဘုရားဓားတောင်ထွတ်လို့ခေါ်တယ်။
နတ်ဘုရားဓားတောင်ထွတ်ရဲ့ခန်းမထဲမှာ ဓားသမားအစည်းအရုံးရဲ့ဒုခေါင်းဆောင်ဖြစ်တဲ့ဟင်းလင်းပြင်မြစ်ဓားနတ်ဘုရားက လီဖူချန်းကို ဧည့်ခံနေတယ်။
ထိုအချိန်မှာ လီဖူချန်းက ရန်ချင်းဟူတို့သုံးယောက်ကို ပလိန်းနှလုံးသားထဲမှာ ထည့်ထားပြီးပါပြီ။ သူက ဓားသမားအစည်းအရုံးကို နားလည်မှုမလွဲစေချင်ဘူးလေ။ တကယ်တော့ အစည်းအရုံးခေါင်းဆောင်နဲ့ကျွမ်းကျင်သူတွေက ရှိမနေဘူးမလား။ အထွတ်အထိပ်အကြိုနတ်ဘုရားနှစ်ယောက်နဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်တို့နဲ့ဆိုရင် ဓားသမားအစည်းအရုံးက ဝင်ခွင့်ပြုမှာတောင် မဟုတ်လောက်ဘူး။
"မူလအဆုံးစွန်းအရှင်၊ မင်း ဓားသမားအစည်းအရုံးကို လာနိုင်မှတော့ မင်းက အကြိုနတ်ဘုရားတစ်ယောက်ဖြစ်နေပြီးလို့ ဆိုလိုတယ်။ မင်းရဲ့သန္ဓေသားအကြိုနတ်ဘုရားလက်နက်က ဘယ်အဆင့်မှာ ရှိပါသလဲ" သန္ဓေသားအကြိုနတ်ဘုရားလက်နက်ဆိုတာ အကြိုနတ်ဘုရားလက်နက်ရဲ့ပထမဆုံးအသိအမှတ်ပြုခြင်းဖြစ်ပြီး အရေးကြီးဆုံးတစ်ခုလဲဖြစ်တယ်။
လီဖူချန်းက ကြက်သွေးရောင်မီးလျှံလက်အိတ်ကို ထုတ်ပြကာ ပြောလိုက်တယ်"အဲဒါက ပထမတန်းစားအဆင့်မီးတာအိုအကြိုနတ်ဘုရားလက်နက်တစ်ခုပဲ"
လီဖူချန်းမှာ သန္ဓေသားအကြိုနတ်ဘုရားလက်နက်သုံးခုရှိပေမယ့် အားလုံးကို ထုတ်ပြစရာမလိုပါဘူး။
"ပထမတန်းစားအဆင့်မီးတာအိုအကြိုနတ်ဘုရားလက်နက်လား" စိတ်မကောင်းစရာတစ်ခုပဲလို့ ဟင်းလင်းပြင်မြစ်ဓားနတ်ဘုရားက ခံစားမိတယ်။ လီဖူချန်းရဲ့ဓားတာအိုက အသန်မာဆုံးအရှင်အဆင့်မှာ ရှိတယ်လို့ ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားထံမှ သူ ကြားသိခဲ့ရတယ်။ လီဖူချန်းက ပထမတန်းစားအဆင့်ဓားတာအ်ိုအကြိုနတ်ဘုရားလက်နက်တစ်ခုကိုသာ ရရှိခဲ့ရင် သူ့ခွန်အားက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်ပါလိမ့်မယ်။
"ဒါဆို အခုကစပြီး မင်းကို မူလအဆုံးစွန်းဓားနတ်ဘုရားလို့ ခေါ်ဆိုရတော့မှာပေါ့"
အစည်းအရုံးခေါင်းဆောင်ပြန်မရောက်ခင် ဟင်းလင်းပြင်မြစ်ဓားနတ်ဘုရားက လီဖူချန်းနေထိုင်ဖို့အတွက် တောင်ထွတ်တစ်ခုကို ပြင်ဆင်ပေးထားခဲ့တယ်။ အစည်းအရုံးခေါင်းဆောင်ပြန်ရောက်လာတာနဲ့ သူက လီဖူချန်းရဲ့အထူးတာဝန်နဲ့နေထိုင်ရာကို စီစဉ်ပါလိမ့်မယ်။
"အကြိုနတ်ဘုရားနယ်မြေက တကယ်ပြောင်မြောက်တာပဲ"
ရက်အနည်းငယ်ကြာကျင့်ကြံပြီးနောက် သူ့ရဲ့ဓားတာအိုက ဖြေလျှော့ခြင်းအရိပ်အယောင်တစ်ခုရှိလာတာကို လီဖူချန်းက သဘောပေါက်လာတယ်။ ဆိုလိုတာကတော့ သူမှာ အချိန်အလုံအလောက်ရှိရင် အကြိုနတ်ဘုရားနယ်မြေမှာ သူ့ရဲ့ဓားတာအိုကို ပိုမြင့်မားတဲ့အဆင့်တစ်ခုအထိ တိုးလာနိုင်လိမ့်မယ်ပေါ့။ ထိုပိုမြင့်မားတဲ့အဆင့်က နတ်ဘုရားနယ်ပယ်ပါပဲ။
ဓားသမားအစည်းအရုံးမှာ သူတို့ရဲ့ကိုယ်ပိုင်ကျောက်သတ္တုတွင်းရှိပြီး ထိုကျောက်သတ္တုတွင်းကို အကြိုနတ်ဘုရားကျောက်သတ္တုတွင်းလို့ခေါ်တယ်။
ဒါပေမယ့် သတ္တုတွင်းတစ်ခုလို့ ဆိုပေမယ့် တကယ်တော့ ရွာကြီးတစ်ရွာပါပဲ။
ဓားသမားအစည်းအရုံးရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ လီဖူချန်းက ကျောက်သတ္တုတွင်းကို ဝင်ရောက်နိုင်တယ်။
ကျောက်သတ္တုတွင်းထဲမှာ လီဖူချန်းက ဓားသမားအစည်းအရုံးအဖွဲ့အဝင်များစွာကို မြင်ခဲ့ရတယ်၊ ဒါပေမယ့် သူတို့အားလုံးက အရှင်တွေပါပဲ။ ထိုက်ချိဓားဘိုးဘေးနဲ့ကာဒီနယ်တောက်ပဓားဘိုးဘေးတို့တောင် ဒီနေရာမှာ ရှိနေတယ်။
ဒါက ဂိုဏ်းကြီးကိုးဂိုဏ်းဒါမှမဟုတ်မဟာမိတ်ငါးဖွဲ့နဲ့ ပူးပေါင်းခြင်းအကျိုးကျေးဇူးလို့ပဲ ဆိုရမှာပေါ့။ အကြိုနတ်ဘုရားနယ်မြေကို ရောက်ရှိလာပြိီးနောက် တစ်ယောက်ယောက်က အပြင်နယ်မြေကနေ အတွင်းနယ်မြေကို လာရမှာပဲ။ အစီအရင်တွေရဲ့အကာအကွယ်ရှိနေမှတော့ အတွင်းနယ်မြေရဲ့သဘာဝပတ်ဝန်းကျင်က အရှင်တွေကို ထိခိုက်စေလိမ့်မှာမဟုတ်ဘူးလေ။
"မူလအဆုံးစွန်းအရှင်"
ထိုက်ချိဓားဘိုးဘေးနဲ့ကာဒီနယ်တောက်ပဓားဘိုးတို့က လီဖူချန်းကို မြင်လိုက်တဲ့အခါ သူတို့က လျင်မြန်စွာ ကြိုဆိုလာကြတယ်။
"မင်းတို့တွေ အကြိုနတ်ဘုရားကျောက်တုံးတွေကို တူးဖော်နေတာလား" လီဖူချန်းက မေးလိုက်တယ်။
ကာဒီနယ်တောက်ပဓားဘိုးဘေးက ပြောလိုက်တယ်"ဒါက ငါတို့ရဲ့မစ်ရှင်တွေထဲကတစ်ခုပဲ။ နှစ်တစ်သောင်းပြည့်တိုင်း ငါတို့တွေ အကြိုနတ်ဘုရားကျောက်တုံးတွေကို နှစ်ငါးရာအထိ လာရောက်တူးဖော်ရတယ်။ ငါတို့တွေ တူးဖော်လို့ရတာပဲဖြစ်ဖြစ်မရတာပဲဖြစ်ဖြစ်၊ အကြိုနတ်ဘုရားအမှတ်တစ်မှတ်ကို ရရှိအုံးမှာပဲ။ အကြိုနတ်ဘုရားအမှတ်ငါးရာက သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ဖလှယ်ဖို့ လုံလောက်တယ်"
ဆိုလိုတာကတော့ အကြိုနတ်ဘုရားကျောက်တုံးတွေကို နှစ်၁.၅သန်းကြာတူးဖော်ပြီးနောက် တစ်ယောက်ယောက်က သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့သာ ဖလှယ်နိုင်မယ်။ လီဖူချန်းက မေးငေါ့လိုက်မိတယ်၊ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက သူထင်ထားတာထက် ပိုတန်ဖိုးရှိတာပဲ။
"အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးကို တူးဖော်လို့ရခဲ့ရင်ရော" လီဖူချန်းက ထပ်မေးလိုက်တယ်။
ထိုက်ချိဓားဘိုးဘေးက ပြောလိုက်တယ်"ငါတို့တွေ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးကိုရရင် အကြိုနတ်ဘုရားအမှတ်ငါးရာရမယ်။ အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးကိုရရင် အကြိုနတ်ဘုရားအမှတ်ငါးထောင်ရမယ်။ အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးကိုရရင် အကြိုနတ်ဘုရားအမှတ်ငါးသောင်းရပြီး အထွတ်အထိပ်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးကိုရရင် အကြိုနတ်ဘုရားအမှတ်ငါးသိမ်းရတယ်"
ဓားသမားအစည်းအရုံးရဲ့အကြိုနတ်ဘုရားနယ်ပယ်အောက်အဖွဲ့ဝင်တွေက မစ်ရှင်တွေများစွာ ပြီးမြောက်ဖို့လိုတယ်ဆိုတာကို လီဖူချန်းက သိလိုက်ရတယ်။ အခြေခံအားဖြင့် နှစ်တစ်သောင်းပြည့်တိုင်း သူတို့က မစ်ရှင်တွေကို နှစ်သုံးထောင်ကြာ ပြုလုပ်ရပြီး ကျန်ရှိနေတဲ့နှစ်ခုနှစ်ထောင်ကို သူတို့က ပိုင်ဆိုင်ကြတယ်။
ထပ်ပြောရရင် သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အကြိုနတ်ဘုရားအမှတ်ငါးထောင်လိုအပ်ပေမယ့် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတွေကတော့ အများကြီးမလိုအပ်ပါဘူး။ အကြိုနတ်ဘုရားအမှတ်တစ်ရာကျော်နဲ့ဆိုရင် သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတစ်ခုနဲ့ ဖလှယ်နိုင်မှာပါ။
အကြိုနတ်ဘုရားနယ်မြေထဲမှာ လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက မြေအောက်ပေတစ်ရာအထိသာ ထိုးဖောက်နိုင်တယ်။ ပေတစ်ရာအောက်ဆိုရင် သူက ဘာမှမမြင်နိုင်တော့ပါဘူး။
လီဖူချန်းတောင် ဒီလိုဖြစ်နေရင် အခြားအကြိုနတ်ဘုရားတွေရဲ့လိပ်ပြာအသိစိတ်အာရုံက ပိုတောင်ဆိုးဝါးပေလိမ့်မယ်။
လိပ်ပြာအသိစိတ်အာရုံအပြင် လီဖူချန်းမှာ စိတ်ဝိညာဉ်စွမ်းအားရှိပါသေးတယ်။
လိပ်ပြာအသိစိတ်အာရုံနဲ့နှိုင်းယှဉ်ရင် လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားက မြေအောက်ပေတစ်သောင်းအထိ ထိုးဖောက်နိုင်တယ်။ ဒါကြောင့်လဲ အကြိုနတ်ဘုရားနယ်မြေကို ရောက်ရှိတာနဲ့ သူက အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးကို ရှာတွေ့နိုင်တာဖြစ်တယ်။
"ဓားသမားအစည်းအရုံးက တကယ်ကို ဓားသမားအစည်းအရုံးပဲ"
ကျောက်သတ္တုတွင်းက ကြီးမားတယ်။ လီဖူချန်းက နေရာတစ်ခုကို ရှာဖွေကာ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်ဖော်လျက် အကြိုနတ်ဘုရားကျောက်တုံးတွေကို စတင်ရှာဖွေလိုက်တယ်။
ရက်အနည်းငယ်ကြာပြီးနောက် လီဖူချန်းမှာ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးဆယ့်နှစ်တုံးနဲ့အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံး ရှိတယ်။
"ငါမို့လို့သာပေါ့၊ အခြားသူတွေသာဆိုရင် ဒီလောက်ရဖို့ ဘယ်လောက်တောင် ကြာမလဲမသိဘူး" ဒီအကြိုနတ်ဘုရားကျောက်တုံးအားလုံးကို မြေအောက်ပေတစ်ရာအောက်မှာ တွေ့ခဲ့ရတာပဲ၊ အထူးသဖြင့် မြေအောက်ပေတစ်ထောင်မှာရှိတဲ့အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးပဲ။ အခြားသူတွေသာဆိုရင် လိပ်ပြာအသိစိတ်အာရုံနဲ့မရှာခင် ပေရာထောင်လောက် အရင်တူးရပေအုံးမယ်။
လီဖူချန်းက အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ကာ အဆင့်နိမ့်နဲ့အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတွေက သူ့အတွက် အလွန်အသုံးမဝင်ပါဘူး။ ဒါကြောင့် သူက သတ္တုတွင်းမှာ နောက်ထပ်ရက်အနည်းငယ်ကြာဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်။
ရန်ချင်းဟူတို့ ထွက်လာဖို့ကိုတော့ လီဖူချန်းက မမေးပါဘူး။
ပထမ၊ အခြားသူတွေမြင်သွားရင် မကောင်းဘူး။
ဒုတိယ၊ ထွက်လာလို့လဲ သူတို့အတွက် အသုံးမဝင်ပါဘူး။ ပလိန်းနှလုံးသားထဲမှာပဲနေပြီး ကျင့်ကြံတာပဲ ပိုကောင်းပါလိမ့်မယ်။
နောက်ထပ်နှစ်တစ်ရာကြာပြီးနောက် လီဖူချန်းက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးရှစ်သောင်း၊ အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးငါးထောင်ကျော်၊ အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးတစ်ရာကျော်နဲ့ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးအနည်းငယ် ရရှိလာတယ်။
သတ္တုတွင်းက ကြီးမားတာ ကံကောင်းသွားတယ်၊ လီဖူချန်းတူးဖော်ခဲ့တဲ့ဧရိယာက သတ္တုတွင်းတစ်ခုလုံးရဲ့၀.၁ရာခိုင်နှုန်းတောင် မရှိခဲ့ဘူး။ သို့မဟုတ်ရင် ကျောက်သတ္တုတွင်းရဲ့မိုင်တစ်သောင်းဧရိယာက လူသေတစ်ယောက်ဖြစ်ပြီး အကြိုနတ်ဘုရားကျောက်တုံးတွေတစ်ခုမှရှိလာမှာမဟုတ်ဘူး။
ဒီအကြိုနတ်ဘုရားကျောက်တုံးတွေနဲ့ဆိုရင် ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်နဲ့ ရင်ဆိုင်ရရင်တောင် ငါ ယှဉ်ပြိုင်နိုင်လောက်မယ်။
လီဖူချန်းက ပြုံးလိုက်တယ်။
ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေက သန်မာပေမယ့် သူတို့က အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်ကို အလွယ်တကူ မသတ်ဖြတ်နိုင်ပါဘူး။
ဒါကြောင့် လီဖူချန်းရဲ့အကြိုနတ်ဘုရားစွမ်းအားကို ထိန်သိမ်းနိုင်သရွေ့ သူက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ကို အချိန်ဆွဲထားနိုင်ပါလိမ့်မယ်။ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားစွမ်းအားက ကုန်ခန်းသွားရင် လီဖူချန်းမှာ တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုရှိလာပါလိမ့်မယ်။
ဒါပေမယ့် ကြိုတင်သိထားရမှာကတော့ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားမှာ အကြိုနတ်ဘုရားကျောက်တုံးတွေ အလုံအလောက်မရှိရဘူးဆိုတာပဲ။
ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားရဲ့ကျောက်တုံးတွေက ပိုများရင်တော့ လီဖူချန်းက ထွက်ပြေးရုံသာ ကျန်ရှိတော့တယ်။
"ဆက်တူးကြစို့"
လီဖူချန်းက နတ်ဘုရားစစ်မြေပြင်ကို ဦးတည်ဖို့ အလျင်စလိုမဖြစ်ပါဘူး။
နှစ်ပေါင်းရှစ်ရာကျော်ပြီးနောက် လီဖူချန်းရဲ့အကြိုနတ်ဘုရားကျောက်တုံးတွေက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးငါးသိန်း၊ အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးလေးသောင်း၊ အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးတစ်ထောင်နဲ့ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်ဒါဇင်ကျော် တိုးတက်လာတယ်။
အကြိုနတ်ဘုရားနယ်မြေမှာ သာမန်နဲ့အဆင့်မြင့်အကြိုနတ်ဘုရားတွေအနေနဲ့ အဆင့်နိမ့်ဒါမှမဟုတ်အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတွေတစ်တုံးနှစ်တုံးလောက်ရှိတာက အလွန်ရှားတယ်။ ပထမတန်းစားအကြိုနတ်ဘုရားတွေမှာလဲ အကြိုနတ်ဘုရားကျောက်တုံးတွေ အမြောက်အများမရှိဘူး။ အထွတ်အထိပ်အကြိုနတ်ဘုရားတွေနဲ့ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကသာ အကြိုနတ်ဘုရားကျောက်တုံးတွေရဲ့ကြီးမားတဲ့အရေအတွက်တစ်ခုကို ထိန်းချုပ်နိုင်တယ်။
အခြားသူတွေ အကြိုနတ်ဘုရားကျောက်တုံးတွေကို တူးဖော်တဲ့အခါ သူတို့က ကံကိုသာ မှီခိုရတယ်။ သူ့အတွက်ကတော့ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုဖို့ပဲ လိုအပ်တယ်။ ထိရောက်မှုက အဆတစ်သန်းပိုမြင့်တယ်။