← Chapters

နတ်ဘုရားစစ်မြေပြင်

Vol. 75 Ch. 1050

နတ်ဘုရားစစ်မြေပြင်

Vol. 75 Ch. 1050

အစက လီဖူချန်းက အကြိုနတ်ဘုရားကျောက်တုံးတွေကို ထပ်တူးဖော်ဖို့ စီစဉ်ထားပေမယ့် ဒီနေ့မှာ ဓားသမားအစည်းအရုံးခေါင်းဆောင်က ပြန်ရောက်လာတယ်။

ဓားသမားအစည်းအရုံးခေါင်းဆောင်က ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်မဟုတ်ပေမယ့် အကြိုနတ်ဘုရားနယ်‌မြေရှိအသန်မာဆုံးအထွတ်အထိပ်အကြိုနတ်ဘုရားတွေထဲကတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့သန္ဓေသားအကြိုနတ်ဘုရားလက်နက်က ရှေးဟောင်းနတ်ဘုရားဓားသုံးလက်ထဲကတစ်လက်ဖြစ်တဲ့တောက်ပလဓားပဲဖြစ်တယ်။

ရှေးဟောင်းနတ်ဘုရားဓားသုံးလက်ရဲ့ခေါင်းဆောင်က လီဖူချန်းနဲ့ရင်းနှီးတဲ့ကောင်းကင်ဘုံဆက်ဓားဖြစ်တယ်။

အစည်းအရုံးခန်းမထဲမှာ လီဖူချန်းက တောက်ပလဓားနတ်ဘုရားနဲ့ တွေ့ဆုံခဲ့တယ်။ တောက်ပလဓားနတ်ဘုရားဘေးနားမှာ ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားရှိတယ်။

သူ့နာမည်အတိုင်းပဲ တောက်ပလဓားနတ်ဘုရားရဲ့အရှိန်အဝါက အလွန်သန့်စင်ကာ တောက်ပနေတဲ့လတစ်စင်းနဲ့တူတယ်။

"မင်းက မူလအဆုံးစွန်းဓားနတ်ဘုရားပဲ ဖြစ်ရမယ်.....ငါ မင်းအကြောင်းကို ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားဆီက‌ ကြားခဲ့တယ်" တောက်ပလဓားနတ်ဘုရားက ပြောလိုက်တယ်။

လီဖူချန်းက ဦးညွှတ်လိုက်တယ်"အစည်းအရုံးခေါင်းဆောင်နဲ့ဒုအစည်းအရုံးခေါင်းဆောင်တို့ကို နှုတ်ဆက်ပါတယ်"

ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက ပြောလိုက်တယ်"မင်း မီးတာအိုအတွက် ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရွေးချယ်ခဲ့တာပဲ။ အနာဂတ်မှာ မင်း ဓားတာအိုအတွက် အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရွေးချယ်ရမယ်၊ မဟုတ်ရင် မင်း အရှုံးပေးရလိမ့်မယ်"

တာအ်ိုတစ်ခုကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်အထိ ကျင့်ကြံထားသရွေ့ အကြိုနတ်ဘုရားတစ်ယောက်က အကြိုနတ်ဘုရားစွမ်းအားမျိုးစုံကို လိုက်လျောညီထွေစေနိုင်လိမ့်မယ်။

"နားလည်ပါပြီ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

တောက်ပလဓားဘိုးဘေးက သက်ပြင်းချကာ ပြောလိုက်တယ်"အထွတ်အထိပ်အဆင့်ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရဖို့က ဘယ်လိုလုပ်လွယ်မှာလဲ။ နတ်ဘုရားဓားဆယ်လက်ထဲမှာ အထွတ်အထိပ်အဆင့်ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုပဲ ရှိတာလေ"

တကယ်တော့ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းပဲဖြစ်ဖြစ်၊ အခြားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းပဲဖြစ်ဖြစ်၊ ရရှိဖို့က အလွန်ခက်တယ်။

လူတိုင်းက လီဖူချန်းလို အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အစုလိုက်အပုံလိုက် ရရှိနိုင်ကြတာမဟုတ်ဘူးလေ။

"ငါတို့ကိုယ်တိုင် ရဖို့က တကယ်ခက်တယ်။ ဒါပေမယ့် သံသွေးမြို့ရဲ့လေလံပွဲမှာတော့ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထွက်ပေါ်လာဖို့က ဖြစ်နိုင်တယ်" ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက ပြောလိုက်တယ်။

တောက်ပဓားဘိုးဘေးက ခါးသီးစွာ ပြုံးလိုက်တယ်"လေလံပွဲကျင်းပချိန်ရောက်ဖို့ အချိန်အကြာကြီးလိုသေးတာကို မပြောနဲ့အုံး။ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားလက်နက်တစ်ခုထွက်ပေါ်လာရင်တောင် ငါတို့ရဲ့ကြွယ်ဝမှုလောက်နဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး။ ကဲကဲ၊ ဒီမဖြစ်နိုင်တာတွေ မပြောကြနဲ့တော့။ မူလအဆုံးစွန်းအရှင်၊ မင်းက အခု အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ပဲ။ အရင်တုန်းက မင်းက ဌာနချုပ်အကြီးအကဲဖြစ်ခဲ့တယ်။ အခု ငါ မင်းကို ခေါင်းဆောင်အကြီးအကဲအနေနဲ့ ခန့်အပ်လိုက်မယ်"

ဌာနချုပ်အကြီးအကဲက အပြင်ကမ္ဘာမှဌာနချုပ်အကြီးအကဲတစ်ယောက်ဖြစ်တယ်။ အကြိုနတ်ဘုရားနယ်မြေကို ရောက်ရှိလာပြီးနောက် သူက သာမန်အဖွဲ့ဝင်တစ်ယောက်အဖြစ် ချက်ချင်း လျော့ကျသွားလိမ့်မယ်။ ခေါင်း‌ဆောင်အကြီးအကဲအတွက်ကတော့ အကြိုနတ်ဘုရားတွေကသာ နေရာရဖို့ အရည်အချင်းရှိတယ်။

"ကျေးဇူးတင်ပါတယ်၊ အစည်းအရုံးခေါင်းဆောင်"

လီဖူချန်းက တစ်ခဏတုံ့ဆိုင်းသွားတယ်"အစည်းအရုံးခေါင်းဆောင်၊ အစောကပြောတဲ့သံသွေးမြို့က ဘယ်နေရာမှာလဲ"

အကြိုနတ်ဘုရားနယ်မြေမှာ မြို့တွေမရှိသလို လူတွေဲ နည်းနည်းလေးပဲ ရှိတာကြောင့် မြို့တည်စရာမလိုပါဘူး။

ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက တောက်ပလဓားနတ်ဘုရားကိုယ်စား ဖြေလိုက်တယ်"မင်းက ခေါင်းဆောင်အကြီးအကဲတစ်ယောက်ဆိုတော့ လျှို့ဝှက်ချက်အချို့ကို သိသင့်ပါတယ်။  တကယ်တော့ နတ်ဘုရားစစ်မြေပြင်က ငါတို့ရဲ့စကြာဝဠာမှာ တည်ရှိတာမဟုတ်ဘဲ စကြာဝဠာများစွာကြားမှာ တည်ရှိတာပဲ။ အခြားစကားဖြင့်ဆိုရရင် ငါတို့စကြာဝဠာရဲ့အကြိုနတ်ဘုရားတွေကပဲ နတ်ဘုရားစစ်မြေပြင်ကို ဝင်နိုင်တာမဟုတ်ဘူး။ အခြားစကြာဝဠာတွေရဲ့အကြိုနတ်ဘုရားတွေကလဲ ဝင်ရောက်နိုင်တယ်။ နတ်ဘုရားစစ်မြေပြင်မှာ ပျက်ဆီးယိုယွင်းနေတဲ့ရှေးဟောင်းမြို့အချို့ရှိတယ်၊ သံသွေးမြို့ကလဲ တစ်ခုအပါအဝင်ပဲ"

"သံသွေးမြို့ကို ဘယ်သူ ထိန်းချုပ်တာလဲ"

လီဖူချန်းက မေးလိုက်တယ်။

တောက်ပလဓားနတ်ဘုရားက ပြောလိုက်တယ်"သံသွေးမြို့ကို သံသွေးအကြီးအကဲအစည်းအရုံးက ထိန်းချုပ်ထားတယ်။ သံသွေးအကြီးအကဲအစည်းအရုံးမှာ အကြီးအကဲဆယ့်သုံးယောက်ရှိတယ်။ အကြီးအကဲတစ်ယောက်စီက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေပဲ၊ သူတို့ရဲ့ခွန်အားက အရမ်းပြောင်မြောက်တယ်၊ သာမန်ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေထက် ပိုသန်မာတယ်။  နတ်ဘုရားစစ်မြေပြင်ကို ဝင်ရောက်ကတည်းက သံသွေးမြို့ကို သူတို့ကပဲ အမြဲတမ်းအုပ်ချုပ်ခဲ့တာ။ လက်ရှိအချိန်ထိ အကြီးအကဲအပြောင်းအလဲနှစ်ယောက်သုံးယောက်လောက်ပဲ ရှိခဲ့တယ်။ နတ်ဘုရားမျိုးနွယ်ရဲ့နံပါတ်၁အကြိုနတ်ဘုရားတစ်ယောက်ဖြစ်တဲ့အလင်းအမှောင်နတ်ဘုရားအရှင်သခင်က အကြီးအကဲနေရာအတွက် ယှဉ်ပြိုင်ခဲ့ဖူးတယ်။ အဆုံးမှာ သူက ရှုံးနိမ့်သွားပြီး သေလုနီးပါးဖြစ်သွားခဲ့ရတယ်"

နတ်ဘုရားမျိုးနွယ်ရဲ့နံပါတ်၁အကြိုနတ်ဘုရားတစ်ယောက်ဖြစ်တဲ့အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကတောင် သေလုနီးပါးဖြစ်ခဲ့တာလား၊ သူက ဒီစကြာဝဠာရဲ့နံပါတ်၁အကြိုနတ်ဘုရားလေ။ သံသွေးအကြီးအကဲအစည်းအရုံးက ဘယ်လိုတောင်ကြောက်စရာကောင်းသလဲကို လီဖူချန်းက နောက်ဆုံးတော့ နားလည်လာပါပြီ။

"နတ်ဘုရားစစ်မြေပြင်မှာ နတ်ဘုရားဖြစ်သွားတဲ့တစ်ယောက်ယောက်များရှိလား" လီဖူချန်းက သိချင်စိတ်အပြည့်နဲ့ မေးလိုက်တယ်။

တောက်ပလဓားနတ်ဘုရားက ခေါင်းညိတ်လိုက်တယ်"ဟုတ်တယ်၊ တစ်ယောက်ထက် ပိုတယ်။ သံသွေးမြို့ရဲ့သမိုင်းမှာ နတ်ဘုရားဖြစ်သွားတဲ့သူ ဆယ်ယောက်ကျော်တယ်"

နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့က အကြိုနတ်ဘုရားတွေရဲ့နောက်ဆုံးအိမ်မက်ပါပဲ။

"တစ်ယောက်ယောက်ရဲ့ကျင့်ကြံခြင်းနယ်ပယ်က လုံလောက်သရွေ့ နတ်ဘုရားတစ်ယောက်ဖြစ်နိုင်သလား" လီဖူချန်းက ထပ်မေးလိုက်တယ်။

တောက်ပလဓားဘိုးဘေးက ခေါင်းခါကာ ပြောလိုက်တယ်"ငါ မသိဘူး။ ဒါပေမယ့် ငါ ထင်တာ‌တော့ အဲဒါက အကြိုနတ်ဘုရားစွမ်းအားနဲ့ ဆက်စပ်မယ့်ပုံပဲ။ နတ်ဘုရားဖြစ်လာသူတွေအားလုံးမှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားလက်နက်တွေရှိတယ်။ တစ်ယောက်ကမှ အထွတ်အထိပ်အကြိုနတ်ဘုရားအဆင့်အောက်မှာ မရှိဘူး"

"ငါ သိပြီ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ဆိုရင် ကျင့်ကြံခြင်းနယ်ပယ်လုံလောက်ရုံတင်မက ခွန်အားလုံလုံလောက်လောက်ရှိဖို့လဲလိုတယ်။

တောက်ပလဓားနတ်ဘုရားက ပြောလိုက်တယ်"သံသွေးမြို့သို့နောက်ခရီးက နောက်နှစ်ငါးရာလောက်ပဲ။ မင်း ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းတယ်။ မင်း အကြိုနတ်ဘုရားကျောက်တုံးတွေကို ပြင်ဆင်ထားရင်တော့ အကောင်းဆုံးပေါ့။ သံသွေးမြို့ကို ဝင်ရောက်ဖို့ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးကို ပေးချေဖို့ လိုအပ်တယ်။ သံသွေးမြို့ထဲမှာနေဖို့လဲ အကြိုနတ်ဘုရားကျောက်တုံးတွေ လိုအပ်တယ်။ ဈေးပေါတဲ့တည်းခိုခန်းတွေက နှစ်တစ်ရာအတွက် အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးလိုအပ်လိမ့်မယ်။ ပိုဈေးကြီးတဲ့တည်းခိုခန်းတွေက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးနှစ်တုံးသုံးတုံးကျသင့်လိမ့်မယ်။ ဒါပေမယ့် မင်းမှာ အကြိုနတ်ဘုရားကျောက်တုံးတွေ ကင်းမဲ့ရင်တော့ တောက်ပလတည်းခိုခန်းမှာပဲ ယာယီနေနိုင်တယ်။ ဒါပေမယ့် မင်းမှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရှိရင် သံသွေးမြို့မှာ ရောင်းချနိုင်တယ်။ ဒါက အကြိုနတ်ဘုရားကျောက်တုံးတွေကို ရဖို့ အမြန်ဆုံးနည်းလမ်းပဲ"

လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူထဲမှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအမြောက်အများရရှိခဲ့တဲ့သတင်းအချက်အလက်တွေကို သူ ရရှိထားခဲ့ပြီ။

"အစည်းအရုံးထဲမှာ သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို အစည်းအရုံးအမှတ်ဘယ်လောက်ဒါမှမဟုတ် အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးဘယ်နှစ်တုံးလောက်နဲ့ ဖလှယ်နိုင်တာလဲ။ သံသွေးမြို့မှာဆိုရင်ရော ဘယ်လိုလဲ" လီဖူချန်းက မေးလိုက်တယ်။

ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက ပြောလိုက်တယ်"အစည်းအရုံးမှာ အကြိုနတ်ဘုရားအမှတ်လေးထောင်ဒါမှမဟုတ်အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးရှစ်တုံးနဲ့ ဖလှယ်နိုင်တယ်။ သံသွေးမြို့မှာဆိုရင် အနည်းဆုံးအဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးဆယ်တုံးနဲ့ ဖလှယ်နိုင်တယ်"

လီဖူချန်းက ပြောလိုက်တယ်"အကြိုနတ်ဘုရားအမှတ်ဒါမှမဟုတ်အကြိုနတ်ဘုရားလက်နက်တွေကိုရော အကြိုနတ်ဘုရားကျောက်တုံးတွေနဲ့ ဖလှယ်လို့ရလား"

ဒီနည်းလမ်းအားဖြင့် သူက အကြိုနတ်ဘုရားအမှတ်များစွာကို ရရှိနိုင်လိမ့်မယ်။

တောက်ပလဓားဘိုးဘေးက ပြောလိုက်တယ်"ရတာပေါ့"

ဒါက ဟာပေါက်တစ်ခုရှိတယ်လို့ထင်ရပေမယ့် သူတို့လိုအကြိုနတ်ဘုရားတွေအတွက် အကြိုနတ်ဘုရားကျောက်တုံးတွေက အကြိုနတ်ဘုရားလက်နက်တွေထက် ပိုအရေးကြီးတယ်လေ။ ဒါကြောင့် လီဖူချန်း ဘာပဲရွေးရွေး ကိစ္စမရှိပါဘူး။

လီဖူချန်းက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးနှစ်ဆယ်တုံးကို ယူထုတ်ကာ တောက်ပလဓားနတ်ဘုရားထံ ပေးလိုက်တယ်"အစည်းအရုံးခေါင်းဆောင်၊ ဒီအဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတွေကို အကြိုနတ်ဘုရားအမှတ်တစ်သောင်းနဲ့ ဖလှယ်နိုင်တယ်။ ငါးထောင်ကို ထိုက်ချိဓားဘိုးဘေးကိုပေးပြီး ကျန်ငါးထောင်ကို ကာဒီနယ်တောက်ပဓားဘိုးဘေးကို ပေးပေးပါ"

အကြိုနတ်ဘုရားအမှတ်ငါးထောင်က သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ဖလှယ်ဖို့ လုံလောက်တယ်။

လီဖူချန်းက ထိုက်ချိဓားဘိုးဘေးနဲ့တောက်ပဓားဘိုးဘေးတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိတယ်။ လီဖူချန်းမှာ စွမ်းရည်မရှိရင်တော့ အဆင်ပြေပါတယ်၊ သူ့မှာ စွမ်းရည်ရှိနေမှတော့ သူတို့ကို ကူညီပေးရမှာပေါ့။ သို့ပေမယ့် သူတို့တွေ အကြိုနတ်ဘုရားတွေဖြစ်လာမလားဆိုတာကိုတော့ မသိပါဘူး။

အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို တိုက်ရိုက်ပေးဖို့ကတော့ လက်တွေ့မကျပါဘူး။ လီဖူချန်းအတွက် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အကြိုနတ်ဘုရားကျောက်တုံးတွေထက် ပိုတန်ဖိုးရှိတယ်။ သူ့မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေဒါဇင်အနည်းငယ်သာ ရှိတာလေ။

ဒါပေမယ့် သူက တစ်ကြိမ်တည်းနဲ့ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးနှစ်ဆယ်ထုတ်ပေးလိုက်တာက သံသယဝင်စရာကောင်းပေမယ့် သူ ဂရုမစိုက်ပါဘူး။ အနာဂတ်မှာ သူနတ်ဘုရားကျောက်တုံးတွေအမြောက်အများပိုင်ဆိုင်ထားကြောင်းကို သေချာပေါက်ထုတ်ပြရအုံးမှာပဲလေ။ အခုထုတ်ပြလိုက်လဲ ပြဿနာကြီးတစ်ခုမဟုတ်ပါဘူး။

"မူလအဆုံးစွန်းအရှင်က တကယ်သစ္စာရှိတာပဲ"

အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတွေကို ဖလှယ်ပြီးနောက် တောက်ပလဓားနတ်ဘုရားက လေးစားစွာနဲ့ ပြောလိုက်တယ်။

လီဖူချန်းက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးနှစ်ဆယ်ကို တစ်ချိန်တည်းနဲ့ ယူထုတ်နိုင်တဲ့အတွက် တောက်ပလဓားနတ်ဘုရားနဲ့ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားတို့က အလွန်အံ့အားသင့်မိတယ်။ လီဖူချန်း အကြိုနတ်ဘုရားနယ်မြေမှရှိတာ နှစ်ထောင်အောက်ပဲ ရှိသေးပေမယ့် ဒီလောက်များတဲ့အကြိုနတ်ဘုရားကျောက်တုံးတွေကို ဘယ်လိုလုပ်ပြီး ရရှိခဲ့တာလဲ။ ဒါ့ပြင် သူက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးနှစ်ဆယ်ကို ယူထုတ်နိုင်တယ်ဆိုတော့ သူ့မှာ ဒီထက်ပိုရှိတယ်လို့ ဆိုလိုတယ်။

ဒါပေမယ့် လီဖူချန်းရဲ့အတိတ်ကအောင်မြင်မှုနဲ့ပတ်သက်ပြီးစဉ်းစားမိလိုက်တော့ သူတို့နှစ်ယောက်က ထူးဆန်းတယ်လို့ မတွေးမိပါဘူး။

လူအချို့က ကွဲပြားစွာနဲ့ မွေးဖွားလာကြတာပဲ။ အခြားသူတွေအတွက် ခက်တယ်ဆိုတဲ့အရာတွေက သူတို့အတွက် လုံးဝမခက်ခဲပါဘူး။

နှစ်ပေါင်းငါးရာက အရမ်းစောလွန်းပါသေးတယ်။ လီဖူချန်းက အကြိုနတ်ဘုရားကျောက်တုံးတွေကို ဆက်လက်တူးဖော်နေခဲ့တယ်။

သူက အကြိုနတ်ဘုရားစစ်မြေပြင်ရဲ့အနေအထားကို အခုထိ အတိအကျမသိသေးပါဘူး၊ ဒါပေမယ့် အကြိုနတ်ကျောက်တုံးတွေအများကြီးပြင်ဆင်တာက မကောင်းတဲ့အရာတစ်ခုမဟုတ်ဘူးလေ။

…

နှစ်ပေါင်းငါးရာ၊ နတ်ဘုရားတံတားရဲ့အနီးဝန်းကျင်မှာ.......

"မူလအဆုံးစွန်းအရှင်၊ ကျေးဇူးအများကြီးတင်ပါတယ်"

ထိုက်ချိဓားဘိုးဘေးနဲ့ကာဒီနယ်တောက်ပဓားဘိုးဘေးတို့က အကြိုနတ်ဘုရားတွေ ဖြစ်လာကြတယ်။ သူတို့က သာမန်အကြိုနတ်ဘုရားသာ ဖြစ်လာပေမယ့် သူတို့က ကျေနပ်ပါတယ်။

လီဖူချန်းက ပြုံးကာ ပြောလိုက်တယ်"ငါ မင်းတို့နှစ်ယောက်ကို တစ်ကြိမ်ပဲ ကူညီပေးမယ်။ ငါ အနာဂတ်မှာ ထပ်မကူညီနိုင်တော့ဘူး"

"ဒါ ဟုတ်တာပေါ့"

ထိုက်ချိဓားဘိုးဘေးနဲ့ကာဒီနယ်တောက်ပဓားဘိုးဘေးတို့က သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး ဂရုစိုက်ပါသေးတယ်။ လီဖူချန်းက အနာဂူတ်မှာ သူတို့ကို ကူညီရင်တောင် သူတို့က သူ့ကို ငြင်းပယ်ရပါလိမ့်မယ်။

"သွားကြစို့"

လူတိုင်း ရောက်ရှိလာတာကို မြင်ပြီး တောက်ပလဓားဘိုးဘေးက လက်ကို ဝှေ့ယမ်းကာ နတ်ဘုရားတံတားပေါ်ကို အရင်တက်သွားတယ်။

နတ်ဘုရားတံတားရံ့အစွန်းတစ်ဖက်မှာ ‌ကျောက်တုံးသားရဲတစ်ကောင်ရှိတယ်။ ကျောက်တုံးသားရဲရဲ့ပါးစပ်က ဟထပြီး တံတားကို ဝင်ရောက်ဖို့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ထရီလီယံလိုအပ်တယ်။

တံတားကို ဖြတ်သန်းပြီးနောက် တောက်ပလဓားဘိုးဘေးက အနက်ရောင်သံသင်္ဘောတစ်စင်းကို ယူထုတ်ကာ လူတိုင်းကို တက်ဖို့ မေးလိုက်တယ်။

"သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းလား"

လီဖူချန်းက ထိတ်လန့်တုန်လှုပ်သွားတယ်။

ဒါက သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို လီဖူချန်းပထမဆုံးမြင်ရတဲ့အကြိမ်ပဲ။ သူ သိထားတာအရ သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အလွန်ဈေးကြီးပြီး အခြားအဆင့်တူအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထက် အဆင့်တစ်ဆင့်ပိုတန်ဖိုးရှိတယ်။

တောက်ပလဓားနတ်ဘုရားရဲ့သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက တကယ်တော့ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။ ၎င်းရဲ့တန်ဖိုးက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ နှိုင်းယှဉ်နိုင်တယ်။

"သူက ဓားသမားအစည်းအရုံးခေါင်းဆောင်ဆိုတာ အံ့ဩစရာမရှိဘူးပဲ"

သူက သံသွေးမြို့မှာတည်းခိုခန်းတစ်ခု၊ ကို ပိုင်ဆိုင်တယ်၊ ပထမတန်းစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်တယ်။ တောက်ပလဓားနတ်ဘုရားမှာ အကြိုနတ်ဘုရားကျောက်တုံးတွေများစွာရှိမယ်လို့ လီဖူချန်းက ယူဆထားတယ်။

လူတိုင်းက လှေပေါ်တက်ပြီးနောက် သံနက်သင်္ဘောက အနက်ရောင်အလင်းတစ်ခုအဖြစ်သို့ ပြောင်းကာ နတ်ဘုရားစစ်မြေပြင်သို့ တစ်ဟုန်ထိုးဦးတည်လိုက်တယ်။

…

အုန်း ဒုန်း အုန်း ဒုန်း.....

နတ်ဘုရားစစ်မြေပြင်ရဲ့ပတ်ဝန်းကျင်က အကြိုနတ်ဘုရားနယ်မြေထက် ပိုကြမ်တမ်းတယ်။ လျှပ်စစ်တွေလက်၊ မိုးထစ်ချုန်းကာ လေပြင်းထန်စွာ တိုက်ခိုက်နေသလို မြူတွေလဲ ထူထပ်လျက်ရှိတယ်။

ဒီလိုပတ်ဝန်းကျင်တစ်ခုမှာ အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေက အချိန်အကြာကြီးအသက်ရှင်နိုင်လောက်မှာမဟုတ်ဘူး။

မြူထူကို ဖြတ်လျက် လီဖူချန်းက အရိုးစုတစ်ခုကို မြင်လိုက်ရတယ်။

ဒီအရိုးစုက အလွန်ကြီးတယ်။ ၎င်းနဲ့နှိုင်းယှဉ်ရင် သံနက်သင်္ဘောက ပုရွက်ဆိတ်တစ်ကောင်လောက်တောင် မရှိတော့သလိုပဲ။

အကြိုနတ်ဘုရားနယ်မြေမှာပဲဖြစ်ဖြစ်၊ နတ်ဘုရားစစ်မြေပြင်မှာပဲဖြစ်ဖြစ်၊ သတ္တဝါတစ်ကောင်ရဲ့ခန္ဓာကိုယ်အရွယ်အစားက သူ့ရဲ့ခွန်အားနဲ့ ဆက်စပ်တယ်။ နတ်ဘုရားစစ်မြေပြင်မှာ နက္ခတ်တာရာဧရာမသားရဲတွေက‌တောင် ဒီလိုကြီးမားတဲ့ခန္ဓာကိုယ်တစ်ခုကို မထိန်းသိမ်းနိုင်ဘူး။ သို့မဟုတ်ရင် သူတို့က စွမ်းအင်တွေ ချက်ချင်းကုန်ခန်းသွားလိမ့်မယ်။

သေဆုံးပြီး‌တောင်မှ ဒီအရိုးစုက ကြီးမားလွန်းနေသေးတယ်။ ၎င်း အသက်ရှင်ချိန်တုန်းက ဘယ်လိုတောင်အားကောင်းနေမလဲကို စိတ်ကူးမယဉ်နိုင်လောက်အောင်ပဲ။

တောက်ပလဓားနတ်ဘုရားက ပြောလိုက်တယ်"ဒါက နတ်ဘုရားအလောင်းတစ်ခုပဲ။ ပုံမှန်အနေအထားမှာ နတ်ဘုရားအလောင်းဘေးနားမှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ သေချာပေါက်ရှိတယ်။ ဒါပေမယ့် နတ်ဘုရားအလောင်းဘေးနားရှိအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ယူသွားကုန်ကြပြီပေါ့"

နတ်ဘုရားစစ်မြေပြင်ဆိုတဲ့နာမည်အတိုင်းပဲ၊ နတ်ဘုရားအလောင်းတွေ၊ နတ်ဘုရားလက်နက်တွေရှိတာ သဘာဝပါပဲ။

All Chapters