← Chapters

သံသွေးမြို့

Vol. 75 Ch. 1051

သံသွေးမြို့

Vol. 75 Ch. 1051

နတ်ဘုရားအလောင်းပေါ်က ဖြတ်သွားတဲ့အချိန်မှာ ရွှေရောင်အဆောင်က အနည်းငယ်တုန်ခါလာတာကို လီဖူချန်းက သိသိသာသာခံစားမိတယ်။

"မင်းက တကယ်ပဲ နတ်ဘုရားကမ္ဘာကများလား"

လီဖူချန်းက သူ့ရာသူပြောလိုက်တယ်။

ရွှေရောင်အဆောင်ရဲ့ဇစ်မြစ်က ဆန်းကြယ်လွန်းတယ်။ ယခုထိတိုင် လီဖူချန်းက ရွှေရောင်အဆောင်ကို လုံးမနားလည်သေးဘူး။

ရွှေရောင်အဆောင်နဲ့နှိုင်းယှဉ်ရင် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ဖော်ပြဖို့တောင် မထိုက်တန်တာကိုပဲ သူ သိတယ်။ ဒဏ္ဍာရီလာနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကတောင် ရွှေရောင်အဆောင်ကို မယှဉ်နိုင်လောက်ဘူး။

နတ်ဘုရားဖြစ်ပြီးမှသာ သူက ရွှေရောင်အဆောင်ကို နားလည်နိုင်မယ်ထင်တယ်။

အုန်းအုန်း.....

ရုတ်တရက် ပြင်းထန်ကြမ်းတမ်းတဲ့တုန်ခါမှုလှိုင်းတစ်ခု ထွက်လာတယ်။ ကြောက်စရာကောင်းတဲ့တုန်ခါမှုက ဟင်းလင်းပြင်ကိုတောင် သက်ရောက်စေခဲ့တယ်၊ သံနက်သင်္ဘောကတောင် အရက်မူးနေတဲ့အလား လှုပ်ယမ်းနေတော့တယ်။

"ဘာဖြစ်နေတာလဲ"

ထိုက်ချိဓားဘိုးဘေးနဲ့ကာဒီနယ်တောက်ပဓားဘိုးဘေးက တစ်ယောက်ယောက် သံနက်သင်္ဘောကိုတိုက်ခိုက်နေတယ်ထင်ကာ ဓားတွေကို လျင်မြန်စွာ ဆွဲထုတ်လိုက်ကြတယ်။

တောက်ပလဓားနတ်ဘုရားက ပြောလိုက်တယ်"မကြောက်ပါနဲ့၊ဒါ ငလျင်လှုပ်တာပဲ"

နတ်ဘုရားစစ်မြေပြင်မှာ ငလျင်လှုပ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ငလျင်တွေက မြေပြင်ကနေ ပစ္စည်းကောင်းအချို့ကို ယူဆောင်လာတတ်တယ်။ ဒီတစ်ခါမှာရော ဘယ်လိုလာမလဲမသိ.......

တောက်ပလဓားနတ်ဘုရားက သံနက်သင်္ဘောကို ထိန်းချုပ်ရင်း ငလျင်ဗဟိုချက်ဆီ ပျံသန်းသွားလိုက်တယ်။

ငလျင်ဗဟိုချက်မှာ တိုက်ပွဲက စတင်နေ‌တယ်။ ဧရာမသံမဏိသုံးခွမှိန်းတစ်ခုက မြေပြင်ရှိအက်ကြောင်းမှ ထွက်ပေါ်လာတယ်။ သံမဏိသုံးခွမှိန်းမှထုတ်လွှတ်တဲ့ချီတည်ရှိမှုအရ ၎င်းက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမှန်း သိသာတယ်။

သံသွေးမြို့မှာ ပထမတန်းစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို အနည်းဆုံးအဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်ထောင်နဲ့ ရောင်းချနိုင်တယ်။

အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်ထောင်က သံသွေးမြို့ရဲ့‌ဈေးအပေါဆုံးတည်းခိုခန်းမှာ နှစ်တစ်သိန်းကြာ နေထိုင်ဖို့ လုံလောက်တယ်။

ဝုန်း.......

သံနက်သင်္ဘောက မနှေးကွေးသွားဘဲ ဧရာမ သံမဏိသုံးခွမှိန်းထံ တစ်ဟုန်ထိုးပြေးလာတယ်။

"အဲနေရာမှာ ရပ်စမ်း"

"စဉ်းတောင်မစဉ်းစားနဲ့"

တိုက်ခိုက်မှုလှိုင်းတွေက သံနက်သင်္ဘောပေါ် ကျရောက်လာတယ်။

တိုက်ခိုက်မှုတွေက သံနက်သင်္ဘောကို အနည်းငယ်သာ တုန်ခါစေနိုင်တယ်။

သံမဏိသုံးခွမှိန်းအနီးကို ရောက်လာတဲ့အခါ တောက်ပလဓားနတ်ဘုရားက သံနက်သင်္ဘောမှ ခုန်ချလိုက်တယ်။

"တောက်၊ ဒါ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ပဲ"

တောက်ပလဓားနတ်ဘုရားရဲ့ချီတည်ရှိမှုက အားကောင်းလွန်းပြီး သာမန်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတွေထက် ပိုအားကောင်းတယ်။ ဒီနေရာရဲ့အကြိုနတ်ဘုရားတွေက အဆင့်မြင့်ဒါမှမဟုတ်ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေပါပဲ။ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်တစ်လေတောင် မရှိပါဘူး။

တကယ်တော့ နတ်ဘုရားစစ်‌မြေပြင်မှာတောင် အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတွေက အထွတ်အထိပ်တိုက်ခိုက်ရေးခွန်အားရှိတယ်။ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေက လွှမ်းမိုးနိုင်တဲ့တိုက်ခိုက်ရေးခွန်အားရှိတယ်။

"အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ဆိုတော့ရောဘာဖြစ်လဲ။ ငါတို့မှာ လူတွေဒီလောက်အများကြီးရှိနေတာပဲ၊ ငါတို့က သူ့ကို ဘာလို့ကြောက်နေရမှာလဲ"

တိုက်ခိုက်မှုလှိုင်းတွေက တောက်ပလဓားနတ်ဘုရားအပေါ် ကျရောက်လာတယ်။

တောက်ပလဓားနတ်ဘုရားက သံမဏိသုံးခွမှိန်းကို ယူ‌ငင်နေတယ်။ သူက လှုပ်လို့မရသလိုတန်ပြန်တိုက်ခိုက်မနိုင်တာကြောင့် ထိပ်တိုက်သာ ရင်ဆိုင်နိုင်တယ်။

လီဖူချန်းနဲ့အခြားသူတွေအတွက်ကတော့ သူတို့က အများကြီးမတတ်နိုင်ပါဘူး။ တကယ်တော့ ဒီနေရာမှာ အကြိုနတ်ဘုရားတွေများလွန်းတယ်၊ ငါးဆယ်ကနေခြောက်ဆယ်လောက်ထိရှိပြီး သူတို့က ဆယ်ယောက်အောက်ပဲရှိတယ်။

တောက်ပလဓားနတ်ဘုရားရဲ့အကြိုနတ်ဘုရားစွမ်းအားက လျင်မြန်စွာ ကုန်ဆုံးလာတယ်။ သူ့ခန္ဓာကိုယ်ပေါ်ရှိချပ်ဝတ်က ပထမတန်းစားအဆင့်အကြိုနတ်ဘုရားလက်နက်တစ်ခုသာဖြစ်တယ်။ အဲဒါက ဒီလောက်များတဲ့အကြိုနတ်ဘုရားတွေရဲ့တိုက်ခိုက်မှုအားလုံးကို ခုခံနိုင်မှာမဟုတ်ဘူးလေ။ သူ့ရဲ့အထွတ်အထိပ်အကြိုနတ်ဘုရားစွမ်းအားကြောင့်သာမဟုတ်ရင် တိုက်ခိုက်မှုတစ်ပတ်မျှနဲ့ သူက သုတ်သင်ခံနေရလောက်ပြီ။

ဒါပေမယ့် တောက်ပလဓားနတ်ဘုရားရဲ့နေရာမှာ လီဖူချန်းသာဆိုရင် အနေအထားက တူမှာမဟုတ်ဘူး။ ကြက်သွေးရောင်မီးလျှံချပ်ဝတ်၊ ကမ္ဘာဦးလက်ကောက်၊ကပ်‌ဘေးမသေမျိုးခန္ဓာကိုယ်၊ အသက်သစ်ပင်တို့နဲ့ဆိုရင် လီဖူချန်းရဲ့ခံစစ်က တောက်ပလဓားနတ်ဘုရားထက် အဆဒါဇင်အနည်းငယ်ပိုသန်မာတယ်။ တိုက်ခိုက်မှုတွေကို ခုခံရာမှာလဲ ပိုလွယ်ကူနေပါလိမ့်မယ်။

အကြိုနတ်ဘုရားစွမ်းအားသုံးဆယ်ရာခိုင်နှုန်းကို သုံးစွဲပြီးတဲ့အခါ တောက်ပလဓားနတ်ဘုရားက ဧရာမသံမဏိသုံးခွမှိန်းကို ရရှိလာပြီး သံနက်သင်္ဘောဆီ ပြန်ပြေးလာ‌တော့တယ်။

"သွားကြစို့"

သံနက်သင်္ဘောက အနက်ရောင်အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းသွားပြီး လျင်မြန်စွာ ထွက်ခွာသွားတော့တယ်။

သူတို့အနောက်မှာ လူအုပ်ကြီးက ကျိန်ဆဲလျက် ကျန်ရစ်ခဲ့လေတယ်။

ပထမတန်းစားအဆင့်သင်္ဘောရဲ့အရှိန်က မြန်လွန်းပြီး သူတို့က လုံးဝမလိုက်မိီနိုင်ဘူး။ မှီခဲ့မယ်ဆိုရင် သူတို့က သင်္ဘောရဲ့ခံစစ်ကို ထိုးဖောက်နိုင်မှာမဟုတ်ဘူး။

"ဂုဏ်ယူပါတယ်၊ အစည်းအရုံးခေါင်းဆောင်"

ကုန်းပတ်ပေါ်မှာ လူတိုင်းက တောက်ပလဓားနတ်ဘုရားကို ဂုဏ်ပြုလိုက်တယ်။

ဒါက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်ထောင်ကျော်နဲ့ ရောင်းချနိုင်တယ်။ သူတို့က ကံကောင်းရင် အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးထောင်အနည်းငယ်နဲ့ ရောင်းချနိုင်တာ ပုံမှန်ပါပဲ။

တောက်ပလဓားနတ်ဘုရားက စိတ်အခြေအနေအတော်လေးကောင်းနေတယ်၊ သူက ပြောလိုက်တယ်"အားလုံး အားထုတ်ပေးခဲ့ကြတာပဲ။ သံသွေးမြို့ကို ရောက်ရင် ငါ မင်းတို့အားလုံးကို တစ်ခွက်တိုက်မယ်"

သူ့အတွက် အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်ထောင်က ‌သေးငယ်တဲ့ကံကောင်းမှုတစ်ခုလို့ သတ်မှတ်နိုင်တယ်။ စကားပုံရှိသလိုပေါ့"သဲတွေက မျှော်စင်တစ်ခုအဖြစ် စု‌စည်းလာတယ်၊ ရေတွေစုစည်းပြီး မြစ်တစ်စင်းဖြစ်လာသလိုပေါ့လေ" ။ သူ့မှာ လက်ရှိကြွယ်ဝမှုကို ရရှိနေတာ စုဆောင်းမှုကြောင့်ပဲမဟုတ်လား။

နတ်ဘုရားစစ်မြေပြင်က ကြီးမားလွန်းတယ်။ ယခုထိတိုင် နတ်ဘုရားစစ်မြေပြင်က ဘယ်လောက်ကြီးသလဲကို မသိနိုင်သေးဘူး။

နှစ်ငါးဆယ်ခန့်ခရီးနှင်ပြီးနောက် လူတိုင်းက နောက်ဆုံးမှာ သံသွေးမြို့ကို ရောက်ရှိလာတယ်။

သံသွေးမြို့ကို ကြည့်ရတာ အပျက်အစီးမြို့တစ်ခုအလားပဲ။ မြို့တံတိုင်းတစ်စိတ်တစ်ပိုင်းက ယိုယွင်းနေပြီး တံတိုင်းပေါ်ရှိအရိပ်အယောင်တွေအားလုံးက အချိန်လောကဓံတရားရဲ့သက်သေတွေပါပဲ။

"လူတစ်ယောက်ကို အဆငိ့နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံး။ တစ်ယောက်မှ ထွက်ပြေးဖို့ မစဉ်းစားနဲ့။ မဟုတ်လို့ကတော့ ငါ မင်းတို့ကို မျက်ရည်သွေးတစ္ဆေသတ္တုတွင်းကို လွှတ်ပြီး သတ္တုတွေတူးခိုင်းဖို့ ပြဿနာရှိမှာမဟုတ်ဘူး"

မြို့ဂိတ်တွေမှာ အကြိုနတ်ဘုရားစစ်သားနှစ်ဖွဲ့က စောင့်ကြပ်နေတယ်။ စစ်သားခေါင်းဆောင်က တကယ်ကို အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ပဲ။ သူက နောက်ကျောမှာ ဓား‌မော့တစ်လက်ကို လွယ်ထားလျက် စွမ်းအားအပြည့်နဲ့ အော်ပြောလိုက်တယ်။

"မြို့စောင့်တွေကတောင် ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေပါလား၊ ခေါင်းဆောင်က အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ပေါ့လေ"

ထိုက်ချိဓားဘိုးဘေးနဲ့ကာဒီနယ်တောက်ပဓားဘိုးဘေးတို့က တုန်လှုပ်သွားကြတယ်။

ဘေးမှ ကောင်းကင်ဘုံဖောက်ဓားနတ်ဘုရားက ပြောလိုက်တယ်"ငါစရောက်တုန်းကလဲ မင်းတို့လိုပါပဲ။ ကြာလာတော့လဲ ရိုးသွားတာပေါ့"

တောက်ပလဓားနတ်ဘုရားက ပြောလိုက်တယ်"သံသွေးအကြီးအကဲအစည်းအရုံးက သံသွေးတစ်မြို့လုံးကို ထိန်းချုပ်ထားတယ်။ သူတို့က အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အလွယ်တကူရရှိနိုင်တယ်။ အလင်းအမှောင်နတ်ဘုရားအရှင်သခင်  အကြီးအကဲမဖြစ်ခဲ့ရတဲ့အကြောင်းရင်းက သူ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်ကြောင့်တင်မဟုတ်ဘူး၊ သူ့မှာ ပြီးပြည့်စုံတဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံမရှိလို့ပဲ"

လီဖူချန်းက တုံ့ပြန်တဲ့အနေနဲ့ တိတ်တဆိတ်ခေါင်းညိတ်လိုက်တယ်။

အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပိုင်ဆိုင်ခြင်းနဲ့ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအမြောက်အများပိုင်ဆိုင်ခြင်းက လုံးဝမတူညီတဲ့အရာနှစ်ခုပဲလေ။

ဥပမာအားဖြင့် မင်းက တိုက်ခိုက်ရေးအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ ပိုင်ဆိုင်ရင် မင်းရဲ့တိုက်ခိုက်ရေးကပဲ ပိုသန်မာမှာပေါ့။ မင်းက ခုခံမှုအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ ပိုင်ဆိုင်ရင် မင်းက ခုခံမှုမှာပဲ ပိုသန်မာမှာပေါ့။

တစ်ဖက်မှာ တိုက်ခိုက်ရေးနဲ့ခုခံမှုအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ ရှိတယ်၊ ထောက်ပံရေးအမျိုးအစားအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရှိတယ်ဆိုရင်ပေါ့။ သူတို့ကို ဘယ်လို တိုက်ခိုက်လို့နိုင်မှာလဲ။

မြို့ကို ဝင်ရောက်ပြီးနောက် မမြင်နိုင်တဲ့အားတစ်ခုက သူတို့ကို ဖိနှိပ်နေတာကို လူတိုင်းက ခံစားမိတယ်။

မမြင်နိုင်တဲ့အားနဲ့ရင်ဆိုင်ရတဲ့အခါ လူတိုင်းရဲ့ခွန်အားက အနည်းဆုံးအဆတစ်သောင်းအထိ အားနည်းသွားတယ်။

"ဒါ သံသွေးမြို့လား"

ဖြတ်သန်းသွားလာနေတဲ့အကြိုနတ်ဘုရားတွေကို ကြည့်ရင်း ထိုက်ချိဓားဘိုးဘေးနဲ့ကာဒီနယ်တောက်ပဓား‌ဘိုးဘေးတို့က တုန်လှုပ်သွားရပြန်တယ်။

အပြင်ကမ္ဘာမှာဆိုရင် အလွန်အမင်းအထင်ကြီးလေးစားခဲ့ရတဲ့အကြိုနတ်ဘုရားတွေက ဒီနေရာမှာ သာမန်လူတွေအလားပဲ။

"ငါ့ရဲ့တောက်ပလတည်းခိုခန်းက အရှေ့မှာပဲ"

တောက်ပလဓားနတ်ဘုရားက လမ်းကို ဦးဆောင်သွားတယ်။ တစ်အောင့်ကြာတော့ လူတိုင်းက အတော်လေးတိတ်ဆိတ်နေတဲ့လမ်းတစ်ခုကို ရောက်ရှိလာတယ်။

လမ်းအလယ်မှာ တည်းခိုခန်းတစ်ခုရှိတယ်။

တောက်ပလဓားတည်းခိုခန်းက စုစုပေါင်းအခန်းသုံးဆယ်ရှိပြီး သံသွေးမြို့ထဲမှာဆိုရင် တည်းခိုခန်းအငယ်စားလို့ ပြောလို့မရပါဘူး။

ဒါပေမယ့် သံသွေးမြို့မှာ အကြိုနတ်ဘုရား‌တွေအမြောက်အများရှိပေမယ့် နေရာက ကြီးမားပြီး တည်းခိုခန်းက အမြဲတမ်းပြည့်မနေပါဘူး။ တောက်ပလဓားနတ်ဘုရားရဲ့တွက်ချက်မှုအရ နေထိုင်မှုနှုန်းက သုံးဆယ်က‌နေလေးဆယ်ရာခိုင်နှုန်းအထိရှိပြီး ငါးဆယ်ရာခိုင်နှုန်းကို ကျော်တာ ရှားပါတယ်။

တောက်ပလဓားတည်းခိုခန်းရဲ့နေထိုင်မှုနှုန်းက  နှစ်တစ်ရာအတွက် အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးဖြစ်တယ်။ အခန်းသုံးဆယ်ရဲ့သုံးဆယ်ရာခိုင်နှုန်းမှာ နေထိုင်သူရှိရင် တောက်ပလဓားနတ်ဘုရားက နှစ်တစ်ရာပြည့်တိုင်း အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးကိုးတုံးကို ရရှိနိုင်လိမ့်မယ်။ နှစ်တစ်သောင်းမှာ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးကိုးရာ။ နှစ်တစ်သန်းမှာ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးကိုးသောင်း။

ဒါပေမယ့် တစ်ယောက်ယောက်က သံသွေးမြို့မှာ တည်းခိုခန်းတစ်ခုကို ဖွင့်ချင်ရင် အခွန်ပေးချေရပါမယ်။ အခွန်နှုန်းက သုံးဆယ်ရာခိုင်နှုန်းဖြစ်တယ်။ တောက်ပလဓားနတ်ဘုရားက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးကိုးသောင်းကိုရရင် အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးနှစ်သောင်းခုနှစ်ထောင်ကို ပေးချေရလိမ့်မယ်။

အခန်းသုံးဆယ်ပါတည်းခိုခန်းတစ်ခုကို ဝယ်ယူဖို့ အကြိုနတ်ဘုရားကျောက်တုံးတွေဘယ်လောက်လိုသလဲကို လီဖူချန်းက မသိပါဘူး။ တကယ်တော့ သူ့အနေနဲ့ မေးဖို့က မသင့်လျော်ပါဘူး။

"မင်းတို့စိတ်မရှိရင် တောက်ပလတည်းခိုခန်းမှာ နေလို့ရတယ်။ တည်းခိုခန်းခကိုတော့ အရင်အကြွေးထားထားပေါ့ကွာ"

တကယ်‌တော့ ဓားသမားအစည်းရဲ့အကြိုနတ်ဘုရားတွေက တောက်ပလတည်းခိုခန်းထဲမှာ နေနေတာလေ။ ပထမ၊ ဒီနေရာမှာ နေတော့ သူတို့က အကြိုနတ်ဘုရားကျောက်တုံးတွေကို အရင်အကြွေးထားလို့ရတာလေ။ ဒုတိယ၊ သူတို့ရဲ့ကိုယ်ပိုင်တည်းခိုခန်းမှာပဲ နေရတာက ပိုသက်သောင့်သက်သာရှိတာပေါ့။

အလကားနေတာကတော့ အဓိပ္ပါယ်မရှိလှဘူးလေ။ ဓားသမားအစည်းအရုံးက ဓားသမားအစည်းအရုံးပဲ၊ တောက်ပလတည်းခိုခန်းက တောက်ပလတည်းခိုခန်းပဲ၊ အဲဒါက ‌တောက်ပလဓားနတ်ဘုရားရဲ့ကိုယ်ပိုင်စီးပွားရေးလေ။

တောက်ပလဓားနတ်ဘုရားက သူတော်စင်တစ်ယောက်မဟုတ်ဘူး၊ လူတိုင်းကို အလကားပေးနေဖို့ သူ့မှာ တာဝန်မရှိဘူး။

"ငါ ဒီမှာ မနေဘူး၊ ငါ့ရာငါ နေရာတစ်ခု သွားရှာမယ်"

လီဖူချန်းမှာ အကြိုနတ်ဘုရားကျောက်တုံးတွေများစွာရှိတယ်၊ တောက်ပလတည်းခိုခန်းမှာ နေဖို့မလိုပါဘူး။ ရန်ချင်းဟူနဲ့အခြားသူတွေကို ထုတ်ပြီး အတွေ့အကြုံခံစားဖို့ အချိန်ပေါ့လေ။

"ကောင်းပြီလေ၊ တစ်ခုခုရှိလာရင် အကြောင်းကြားလိုက်"

လီဖူချန်းမှာ အကြိုနတ်ဘုရား‌ကျောက်တုံးတွေများစွာရှိမှန်း တောက်ပလဓားနတ်ဘုရားက သိတယ်။

တောက်ပလတည်းခိုခန်းမှ ထွက်လာပြီးနောက် လီဖူချန်းက မြို့ဂိတ်ဆီ လျှောက်သွားတယ်။

သံသွေးမြို့ထဲကို လူတွေ တိတ်တဆိတ်ခေါ်သွားဖို့က ဖြစ်နိုင်ပေမယ့် မြို့ထဲကိုဝင်လာသူတိုင်းက သက်သေခံကတ်ပြားတစ်ခုကို ပေးရလိမ့်မယ်။ မြို့ထဲမှာ သက်သေခံကတ်ပြားမရှိတဲ့တစ်ယောက်ယောက်ကို တွေ့ရင် သူတို့က ချက်ချင်းဖမ်းဆီးခရပြီးအကျဉ်းချခံသွားရလိမ့်မယ်။

မြို့က ထွက်ပြီးနောက် လီဖူချန်းက ရန်ချင်းဟူတို့ကို ထုတ်လိုက်တယ်။

သူက တစ်ချိန်တည်းမှာ မသေမျိုးအရှင်ကို ထုတ်လိုက်တယ်။

လီဖူချန်းက မသေမျိုးအရှင်ကို ကောင်းကောင်းဂရုစိုက်တယ်။

တကယ်တော့ မသေမျိုးအရှင်မှာသာ ကမ္ဘာသစ်သီးမရှိရင် လီဖူချန်း၊ ရန်ချင်းဟူနဲ့ အခြားသူတွေက ဒီလောက်လျင်မြန်စွာတိုးတက်ဖို့ မဖြစ်နိုင်ဘူး။

အစက လီဖူချန်းက မသေမျိုးအရှင်အတွက် ထာဝရစွမ်းပကားအကြိုနတ်ဘုရားအသုံးအ‌ဆောင်ပစ္စည်းတစ်ခုကို ရယူဖို့ စီစဉ်ထားပေမယ့် ဒီလိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ရှားပါးလွန်းတယ်။ လီဖူချန်းက သေမင်းနတ်ဘုရားလိုဏ်ဂူထဲမှာ တစ်ခုတစ်လေတောင် မမြင်ခဲ့ဘူး။ အဆုံးမှာတော့ လီဖူချန်းက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ‌မသေမျိုးအရှင်ထံ ပေးကာ သူ့ကို ‌ ရွေးချယ်စေလိုက်တယ်။ မသေမျိုးအရှင်က ဒီပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို သူ့ရဲ့သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ် ရွေးချယ်ကာ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာခဲ့တယ်။

မြို့ကို ဝင်ရောက်ပြီးနောက် သူတို့လေးယောက်က သူတို့ရဲ့သက်သေခံကတ်ပြားကို ရရှိခဲ့တယ်။ သူတို့ရဲ့သက်သေခံကတ်ပြားက တောက်ပ နေလျက်တယ်၊ ဒါက သူတို့အ‌နေနဲ့ အကြိုနတ်ဘုရားကျောက်တုံးတွေ ပေးချေပြီးပြီလို့ ဆိုလိုတယ်။ ဒါပေမယ့် ထွက်ပေါက်က ထွက်လိုက်တာနဲ့ သက်သေခံကတ်ပြားက မှိန်သွားပြီး ပြန်လင်းလာစေဖို့ အကြိုနတ်ဘုရား‌ကျောက်တုံးတွေကို ထပ်ပေးချေရလိမ့်မယ်။

သံသွေးမြို့ရှိတည်းခိုခန်းတွေကို အဆင့်အမျိုးမျိုးခွဲခြားထားတယ်။ ‌ဈေးပေါတဲ့တည်းခိုခန်းတွေက နှစ်တစ်ရာအတွက် အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးပဲ ကျသင့်လိမ့်မယ်။ ပိုဈေးကြီးတဲ့တည်းခိုခန်းတွေက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးနှစ်တုံးသုံးတုံးကျသင့်တယ်။ စားသောက်ဆိုင်တစ်ခုမှာ နေမယ်ဆိုရင် ဈေးအသက်သာဆုံးက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးငါးတုံးကျသင့်ပြီး ဈေးအကြီးဆုံးက ဆယ်တုံးကျော်တယ်။ ပိုတတ်နိုင်တဲ့သူတွေက ခြံဝင်းတွေ ငှားနိုင်ပြီး တန်ဖိုးက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်ရာအထက်ရှိတယ်။

လီဖူချန်းက ရုံးသို့သွားပြီး မေးမြန်းကြည့်ရာ ဆယ်ခန်းပါတည်းခိုခန်းတစ်ခုကို ဝယ်ယူဖို့အတွက် နေရာပေါ် မူတည်ပြီး အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးနှစ်သောင်းမှသုံးသောင်းပတ်လည်ကျသင့်တယ်။ အခန်းသုံးဆယ်ပါတည်းခိုခန်းတစ်ခုက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းပတ်လည်ကျသင့်တယ်။

ဒါပေမယ့် အကြိုနတ်ဘုရားကျောက်တုံးတွေရှာဖို့မဟုတ်ဘဲနဲ့ နေဖို့အတွက်ပဲဆိုရင် အိမ်‌ဂေဟာတွေကို ဝယ်ယူနိုင်တယ်။

အိမ်ဂေဟာတွေက ပိုဈေးပေါတယ်။ နှစ်ခန်းပါအိမ်ဂေဟာတစ်ခုက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးသုံးထောင်ပတ်လည်ကျသင့်တယ်။ သုံးခန်းပါအိမ်ဂေဟာတစ်ခုက ဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးငါးထောင်ပတ်လည်ကျသင့်တယ်။ လေးခန်းဒါမှမဟုတ်ငါးခန်းပါအိမ်ဂေဟာတစ်ခုက ဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်သောင်းပတ်လည်ကျသင့်တယ်။

အခုလောလောဆယ် လီဖူချန်းတို့မှာ ငါးယောက်ရှိတယ်၊ နောက်ထပ်တိုးလာနိုင်တယ်ဆိုတော့ ခြံဝင်းက အသင့်တော်ဆုံးပဲ။ အဆုံးမှာတော့ လီဖူချန်းက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်ရာ့နှစ်ဆယ်တုံးသုံးစွဲကာ ခြံဝင်းတစ်ခုကို နှစ်တစ်ရာစာ ငှားရမ်းလိုက်‌တော့တယ်။

All Chapters