မြစ်ကိုးခုလက်နက်အိမ်တော်
Vol. 75 Ch. 1053
သံသွေးတစ်မြို့လုံးလဲ နှံ့သွားပါပြီ၊ လီဖူချန်းက အထွတ်အထိပ်အဆင့်ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုမှ မတွေ့ခဲ့ရဘူး။ အချိန်နဲ့နေရာလပ်တာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ပိုတောင်ရှားပါးပြီး အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကိုတောင် မတွေ့ခဲ့ဘူး။ ရံဖန်ရံခါမှာတော့ သူက သာမန်နေရာလပ်-အချိန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို မြင်ခဲ့ပေမယ့် ကြည့်ရသလောက် သူတို့ကို ဝယ်ယူဖို့ လိုအပ်ချက်က မြင့်မားမယ့်ပုံပဲ၊ သူတို့ကို ရောင်းလိုက်မှာနဲ့ပတ်သက်ပြီး သိပ်တော့စိုးရိမ်စရာမလိုပါဘူး။
"လာ၊ တစ်နေရာမှာ သွားစားကြရအောင်"
တစ်ခဏကြာပြီးနောက် အတော်လေးကောင်းတဲ့စားသောက်ဆိုင်တစ်ခုကို တွေ့လိုက်ရတယ်။
ဒီစားသောက်ဆိုင်ကို မိုင်တစ်ထောင်ရနံစားသောက်ဆိုင်လို့ခေါ်တယ်။ တန်ဖိုးတွေတော့ မတူဘူးပေါ့။ ပထမအထပ်မှာ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးကို သုံးပြီးတော့ မင်းစားချင်သလောက်စား၊ သောက်ချင်သလောက်သောက်နိုင်တယ်။ ဒုတိယအထပ်အတွက် အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးနှစ်တုံး၊ တတိယအထပ်အတွက် လေးတုံး၊ စတုတ္ထထပ်အတွက် ရှစ်တုံး။ မိုင်တစ်သောင်းရနံ့စားသောက်ဆိုင်မှာ အထပ်ခုနှစ်ထပ်ရှိပြီး ဈေးကြီးကာ အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးခြောက်ဆယ့်လေးတုံးလိုအပ်တယ်။
လီဖူချန်းက အကြိုနတ်ဘုရားကျောက်တုံးတွေ ကင်းမဲ့မနေဘူးလေ။ သူက ရန်ချင်းဟူတို့လေးယောက်ကို သတ္တမထပ်ကို ချက်ချင်းခေါ်သွားတယ်။
ထမင်းစားစားပွဲက အရသာရှိတဲ့စားဖွယ်ရာတွေ၊ ဝိုင်တွေနဲ့ ပြည့်နေတယ်။
"ကဲ၊ အရသာခံကြည့်ကြရအောင်"
လီဖူချန်းက အရင်စတင်လိုက်တယ်။
ဟင်းတစ်တုံးနဲ့ဝိုင်တစ်ငုံသောက်ပြီးနောက် လီဖူချန်းက တစ်ချက်ရပ်တန့်ပြီးမှ ပြောလိုက်တယ်"နတ်ဘုရားစစ်မြေပြင်ရဲ့စားကောင်းသောက်ဖွယ်တွေက တကယ်ကို ထူးကဲလှပေတယ်"
ဒိီစားဖွယ်ရာတွေ၊ ဝိုင်တွေက အကြိုနတ်ဘုရားစွမ်းအားကို ခိုင်မာစေတဲ့သက်ရောက်မှုရှိရုံတင်မက သူတော်စင်လိပ်ပြာနဲ့စိတ်ဝိညာဉ်ကိုလည်း ခိုင်မာစေနိုင်တယ်။
ဒါတွေကို နေ့တိုင်းစားပေးရင် မင်းရဲ့ခွန်အားမတိုးတက်လာဖို့က ခက်ခဲသွားပေလိမ့်မယ်။
"ဒါ ဈေးကြီးလွန်းတယ်။ သံသွေးမြို့ရဲ့အထက်အကြီးအကဲတွေကပဲ ဒါကို နေ့တိုင်းစားဖို့ တတ်နိုင်မှာ" ရန်ချင်းဟူက ဝိုင်နီတစ်ခွက်ကို သောက်ရင်း ပြောလိုက်တယ်။
သူတို့ငါးယောက်က ဒုတိယနေ့ရဲ့နေ့လည်ပိုင်းအထိ စားသောက်နေခဲ့တယ်၊ ထို့နောက် မိုင်တစ်သောင်းရနံစားသောက်ဆိုင်မှ ကျေနပ်အားရစွာနဲ့ ထွက်ခွာသွားတော့တယ်။
သံတွေးမြို့မှာ အချိန်တစ်ခုအထိ နေလာပြီးနောက် လီဖူချန်းက သံသွေးမြို့နဲ့ပတ်သက်ပြီး အနည်းငယ်နားလည်လာတယ်။
သံသွေးမြို့ရဲ့အသန်မာဆုံးဂိုဏ်းက သံသွေးအကြီးအကဲအစည်းအရုံးဆိုတာ သိပြီးသားဖြစ်မှာပါ။ သံသွေးအကြီးအကဲအစည်းအရုံးရဲ့အမြင့်ဆုံးမှာ ဒိုယန်အကြီးအကဲဆယ့်သုံးယောက်ရှိပြီး သူတို့အောက်မှာ ဗိုလ်ချုပ်သုံးဆယ့်ခြောက်ယောက်ရှိတယ်။ ဒီလူတွေလေးဆယ့်ကိုးယောက်လုံးက ပြိုင်ဘက်ကင်းအရှင်တွေဖြစ်ကြတယ်။
သံသွေးအကြီးအကဲအစည်းအရုံးက စစ်တပ်သုံးတပ်ကို ထိန်းချုပ်ထားတယ်၊ ပင်မသံသွေးစစ်တပ်၊ သံသွေးမြို့ကိုကာကွယ်တဲ့မြို့စောင့်တပ်၊ အထူးတာဝန်တွေကို ထမ်းဆောင်ရတဲ့ဝံပုလွေအစွယ်ဆိုပြီးတော့ပေါ့။
သံသွေးမြို့ထဲမှာ သံသွေးအကြီးအကဲအစည်းအရုံးက အကြွင်းမဲ့စွမ်းအားရှိတယ်။ တစ်ယောက်မှ သူတို့ကို ပြဿနာမရှာရဲဘူး။
သံသွေးအကြီးအကဲအစည်းအရုံးအောက်မှာ ဂိုဏ်းရှစ်ဂိုဏ်းရှိတယ်။
ဒီဂိုဏ်းရှစ်ဂိုဏ်းစီမှာ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေရှိပြီး သံသွေးမြို့ထဲမှာ ပိုင်ဆိုင်မှုအမြောက်အများရှိတယ်။
ဥပမာအားဖြင့် မြစ်ကိုးခုလက်နက်အိမ်တော်က ဂိုဏ်းရှစ်ဂိုဏ်းထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ မြစ်ကိုးခုဂိုဏ်းရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်တယ်။ မြစ်ကိုးခုလက်နက်အိမ်တော်သခင်ဖြစ်တဲ့မြစ်ကိုးခုတိုင်ယန်နတ်ဘုရားက မြစ်ကိုးခုဂိုဏ်းရဲ့ဥက္ကဌဖြစ်တယ်။ မိုင်တစ်သောင်းရနံ့စားသောက်ဆိုင်က လွင့်မျောရနံ့ခန်းမရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်တယ်.........
"ဒီဂိုဏ်းတွေနဲ့နှိုင်းယှဉ်ရင် ဓားသမားအစည်းအရုံးက အားနည်းလွန်းတယ်"
လီဖူချန်းက သက်ပြင်းချလိုက်တယ်။
ဓားသမားအစည်းအရုံးမှာ အကြိုနတ်ဘုရားတွေ နှစ်ဆယ်နီးပါးရှိတယ်။ သို့ပေမယ့် သူတို့က ဘယ်သူနဲ့ နှိုင်းယှဉ်တဲ့အပေါ်မှာ မူတည်တယ်။ ဂိုဏ်းကြီးရှစ်ဂိုဏ်းလိုဂိုဏ်းတစ်ဂိုဏ်းအတွက် အကြိုနတ်ဘုရားနှစ်ဆယ်ဆိုတာ ဖော်ပြစရာတောင်မလိုဘူး၊ သူတို့က အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားနှစ်ဆယ်ကို အလွယ်တကူစေလွှတ်နိုင်တယ်။
ဓားသမားအစည်းအရုံးအနေနဲ့ ဒီထက်ပိုသန်မာလာဖို့က မဖြစ်နိုင်သလောက်ပဲ။ အနေအထားကို ထိန်းချုပ်နိုင်တဲ့ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ရှိရမယ်ဆိုတာကို ကြိုတင်သိထားဖို့လိုပါတယ်။ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကပဲ အခြားအကြိုနတ်ဘုရားတွေကို ပူးပေါင်းဖို့ ဆွဲဆောင်နိုင်တယ်။ လီဖူချန်းသိထားတာအရ အမှောင်ကောင်စီနဲ့စီရင်ချက်မျက်လုံးတို့က သံသွေးမြို့မှာ ဓားသမားအစည်းအရုံးထက် အခြေအနေပိုကောင်းတယ်ဆိုတာပဲ။ အမှောင်ကောင်စီခေါင်းဆောင်နဲ့စီရင်ချက်မျက်လုံးနတ်ဘုရားတို့နှစ်ယောက်လုံးက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေလေ။
…
"ငါ့ရဲ့မီးတာအိုကျင့်ကြံခြင်းနည်းစနစ်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို မရောက်သေးဘူးပဲ"
သံသွေးမြို့ထဲမှာ နှစ်ဒါဇင်အနည်းငယ်ကျင့်ကြံပြီးတောင်မှ လီဖူချန်းက သူ့ရဲ့မီးတာအိုကျင့်ကြံခြင်းနည်းစနစ်ကို ကြယ်ပိုင်နက်အဆင့်ရဲ့အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိအောင် မကျင့်ကြံနိုင်သေးဘူး။
သူ့ရဲ့မီးတာအိုကျင့်ကြံခြင်းနည်းစနစ်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိလာတာနဲ့ သူက အသန်မာဆုံးမီးတာအိုအရှင်ဖြစ်လာပြီး ပြိုင်ဘက်ကင်းမီးတာအိုအကြိုနတ်ဘုရားတစ်ယောက်လဲ ဖြစ်လာပါလိမ့်မယ်။
ဒါပေမယ့် ကျင့်ကြံခြင်းနည်းနစ်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘူး။ ထိုးထွင်းသိမြင်မှုမြင့်မားတာတစ်ခုနဲ့ ဖြေရှင်းနိုင်တာမျိုးမဟုတ်ဘူး၊ ခန္ဓာကိုယ်က အကြိမ်ကြိမ်ကြိုးစားအားထုတ်နေရမှာပဲ။
"ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ ငါက အထွတ်အထိပ်ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရရှိဖို့ လိုအပ်နေသေးပုံပဲ"
လီဖူချန်းက ထရပ်ကာ မြို့မှ ထွက်ခွာဖို့ ပြင်ဆင်လိုက်တယ်။
…
"သူတို့တွေ မြို့ကနေ ထွက်သွားတော့မယ်"
လီဖူချန်းရဲ့ခြံဝင်းပတ်လည်မှာ သတင်းပေးတွေများစွာရှိတယ်။ လီဖူချန်း လှုပ်ရှားမှုတစ်ခုပြုလိုက်တာနဲ့ သတင်းက ချက်ချင်း ရောက်ရှိသွားပါလိမ့်မယ်။
"သူ့မှာ အကြိုနတ်ဘုရားကျောက်တုံးတွေ ဘယ်လောက်ရှိမယ်လို့ မင်း ထင်လဲ"
"သူ့မှာ အကြိုနတ်ဘုရားကျောက်တုံးတွေ ဘယ်လောက်ပဲရှိရှိ ငါ စိတ်မဝင်စားဘူး၊ သူ့ကို ငါတို့မြစ်ကိုးခုဂိုဏ်းက ပိုင်ဆိုင်တယ်"
…
မြို့မှ ထွက်ပြီးနောက် လီဖူချန်းတို့အဖွဲ့က သံသွေးမြို့ကနေ လျင်မြန်စွာ ထွက်ခွာသွားတယ်။
"သူတို့နောက်ကို လိုက်ကြ"
အနောက်ကနေ အကြိုနတ်ဘုရားဒါဇင်ကျော် လိုက်ပါလာတယ်။
ဒီအကြိုနတ်ဘုရားဒါဇင်ကျော်မှာ ပထမတန်းစားအဆင့်နဲ့အထွတ်အထိပ်အဆင့်တွေကြီးပဲ။ သူတို့က သာမန်ပြိုင်ဘက်ကင်းအရှင်တွေကိုတောင် ရင်ဆိုင်ဖို့ လုံလောက်နေပါပြီ။
"သူတို့ လိုက်လာနေတယ်"
ရန်ချင်းဟူက လှည့်ကြည့်ကာ ပြောလိုက်တယ်။
"မင်းတို့ အရင်ဝင်နေလိုက်"
လီဖူချန်းက ရန်ချင်းဟူတို့လေးယောက်ကို ပလိန်းနှလုံးသားထဲကို ထည့်ပြီးနောက် သူ့နောက်ကျောရှိ ဧရာမမီးလျှံတောင်ပံတစ်စုံကို ဆန့်ထုတ်လိုက်တယ်။
ဒါက ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့စွမ်းပကားတွေထဲကတစ်ခုဖြစ်တယ်။ အဲဒါက လီဖူချန်းရဲ့အရှိန်ကို အဆများစွာ တိုးမြှင့်စေနိုင်တယ်။ လီဖူချန်းရဲ့မီးတာအိုက အဆင့်၂ဒါမှမဟုတ်အဆင့်၃အထွတ်အထိပ်အကြိုနတ်ဘုရားအဆင့်မှာ ရှိနေပြီလေ။ အခု သူ့အရှိန်က အဆများစွာတိုးသွားတော့ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကလွဲပြီး အခြားတစ်ယောက်ယောက်က လိုက်မီဖို့ ခက်ခဲပြီပေါ့။
"မကောင်းတော့ဘူး၊ သူ့မှာ မြန်နှုန်းအမျိုးအစားအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု ရှိနေတာပဲ"
အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ရဲ့အမူအရာက မည်းမှောင်သွားတယ်။
"သင်္ဘောပေါ်တက်ကြ"
အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားနောက်တစ်ယောက်က သင်္ဘောတစ်စင်းကို ယူထုတ်ပြီး လူတိုင်းက တက်သွားကြတယ်။
ဒါက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမှန်းသိသာတယ်။ အလွန်အမင်းမြန်ပေမယ့် လီဖူချန်းထက်တော့ နိမ့်ကျနေပါသေးတယ်။
"နေရာလပ်-အချိန်သံကွင်း"
ထိုအခိုက်မှာ တတိယမြောက်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားရဲ့လက်ထဲမှာ ကြိမ်တုတ်တစ်ခုပေါ်လာတယ်။ သူက အဲဒါကို ဝှေ့ယမ်းပြီး မမြင်နိုင်တဲ့အားတစ်ခုက လီဖူချန်းထံ ပြေးဝင်လာတယ်။
ချက်ချင်းဆိုသလို နတ်ဘုရားစစ်မြေပြင်ရဲ့ဟင်းလင်းပြင်က သံဘုတ်ပြားတစ်ခုအဖြစ် ပြောင်းသွားတာကို လီဖူချန်းက ခံစားမိတယ်။
"ချိုးဖြတ်စမ်း"
လီဖူချန်းက မီးလျှံအဖြစ် ပြောင်းသွားပြီး သံကွင်းကို ထိုးဖောက်လိုက်တယ်။ ဒါပေမယ့် သူ့ရဲ့အရှိန်က ပိုနှေးသွားပြီး သင်္ဘောကြီးက တဖြည်းဖြည်းလိုက်မီလာတယ်။
"ပထမတန်းစားအဆင့်နေရာလပ်-အချိန်တာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက ငါ့ကို မဟန့်တားနိုင်ပေမယ့် ငါ့ရဲ့မြန်နှုန်းကိုတော့ နှေးကွေးစေခဲ့တာပဲ"
နေရာလပ်-အချိန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အလွန်တန်ဖိုးရှိတယ်။ ပထမတန်းစားအဆင့်နေရာလပ်-အချိန်တာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့တန်ဖိုးက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ နှိုင်းယှဉ်နိုင်တယ်။
"အခု မင်းအပေါ်မှာ မူတည်သွားပြီ"
လီဖူချန်းက ကမ္ဘာဦးမူလလက်ကောက်ကို ထုတ်ကာ ကမ္ဘာဦးမူလရင်းမြစ်အဆီအနှစ်ကို ပေါက်ကွဲထွက်စေလိုက်တယ်။
အုန်း.....
ဟင်းလင်းပြင်က တုန်ခါသွားပြီး လမ်းကြောင်းတစ်ခုက ချက်ချင်းဖြစ်တည်လာတယ်။ လီဖူချန်းက သူ့နောက်ကျောရှိမီးလျှံတောင်ပံတွေကို တဖျပ်ဖျပ်ခပ်ကာ လမ်းကြောင်းထဲကို ဝင်ရောက်သွားတယ်။ နောက်ပိုင်းမှာ လမ်းကြောင်းက ပျောက်သွားတော့တယ်။
"တောက်၊ သူ လွတ်သွားပြီ"
ဒါ ဘယ်လိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းလဲ"
"အဲဒါ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုဖြစ်ပုံပဲ"
မြစ်ကိုးခုလက်နက်အိမ်တော်ရဲ့အကြိုနတ်ဘုရားတွေက မကျေမနပ်ဖြစ်နေတော့တယ်။ သူတို့ ဒီလောက်လူအများကြီးခေါ်လာခဲ့ပေမယ့် လီဖူချန်းက လွတ်သွားသေးတယ်။ ဒါက သူတို့ကို အကူအညီမဲ့စေသလို ဒေါသတွေ အလိပ်လိုက်အလိပ်လိုက်ထွက်စေတယ်။
"ငါ့ရဲ့အထွတ်အထိပ်အဆင့်မီးတာအိုအကြိုနတ်ဘုရားစွမ်းအားနဲ့ဆိုရင် ငါက ကမ္ဘာဦးမူလရင်းမြစ်အဆီအနှစ်ကို အဆနှစ်ရာနဲ့ ပေါက်ကွဲထွက်စေနိုင်ပြီပဲ"
နတ်ဘုရားစစ်မြေပြင်ရဲ့ဟင်းလင်းပြင်ထဲမှာ လမ်းကြောင်းတစ်ခုက ထွက်ပေါ်လာပြီး လီဖူချန်းက ထွက်လာတယ်။
အဆင့်မြင့်စကြာဝဠာရတနာတွေက စကြာဝဠာရဲ့အဆီအနှစ်နဲ့မဟာတာအိုရဲ့ချီကံကြမ္မာတွေ စုစည်းခြင်းမှ ဖြစ်ပေါ်လာတာပဲ။ သူ ပိုနားလည်လာလေလေ၊ အဆင့်မြင့်စကြာဝဠာရတနာတွေက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထက် မနိမ့်ကျဘူးဆိုတာ သဘောပေါက်လာလေလေပဲ။
မီးလျှံတောင်ပံတွေက ပျောက်သွားပြီး လီဖူချန်းက ရန်ချင်းဟူတို့ကို ထုတ်လိုက်တယ်။
"မြစ်ကိုးခုဂိုဏ်းက ငါတို့ကို ခပ်မြင့်မြင့်တွေးထားတာပဲ။ သူတို့က အထွတ်အထိပ်အဆင့်နဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေဒါဇင်ကျော် လွှတ်လိုက်တာပဲ" ရန်ချင်းဟူက ပြောလိုက်တယ်။
လီဖူချန်းက ပြောလိုက်တယ်"သူတို့က ငါတို့ကို လျှော့တွက်ခဲ့တယ်လို ဆိုရမှာ။ မဟုတ်ရင် အကြိုနတ်ဘုရားတွေရဲ့အရေအတွက်က ဒီလောက်နဲ့ လာမှာမဟုတ်ဘူး"
တစ်ယောက်ယောက်က အကြိုနတ်ဘုရားကျောက်တုံးတွေလုံလောက်စွာရှိရင်တောင် အရေအတွက်က ဆယ်ဆဒါမှမဟုတ်အဆဒါဇင်ရှိတဲ့ရန်သူတွေကို ရင်ဆိုင်ရတဲ့အခါ အကြိုနတ်ဘုရားစွမ်းအားက ကုန်ဆုံးသွားလိမ့်မယ်။
လီဖူချန်းက နောက်ချန်ပြီး အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားများစွာကို ခုခံနေရရင် နောက်ဆုံးရလဒ်က သေခြင်းတရားသာ ဖြစ်ပေလိမ့်မယ်။ တကယ်တော့ အကြိုနတ်ဘုရားတစ်ယောက်ရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ရတာနဲ့ အကြိုနတ်ဘုရားဒါဇင်ရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ရတာ မတူညီတဲ့အရာတွေပဲလေ။ အကြိုနတ်ဘုရားစွမ်းအားက အဆဒါဇင်ဒါမှမဟုတ်အဆတစ်ရာထက် ပိုမြန်တဲ့အရှိန်နဲ့ ကုန်ခန်းသွားလိမ့်မယ်။
…
သံသွေးမြို့၊ မြစ်ကိုးခုဂိုဏ်းရဲ့ဌာနချုပ်။
"သူ့မှာ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုရှိနေမှတော့ သူ လွတ်မြောက်သွားတာ အံ့ဩစရာမလိုပါဘူး" ပြောနေတဲ့သူက ထိပ်ပြောင်အကြီးအကဲပါပဲ။ အကြီးအကဲရဲ့ဦးခေါင်းမှာ အသားဦးမှင်တစ်ခုရှိပြီး အစိမ်းရင့်ရောင်မျက်လုံးတစ်လုံးက လှည့်ပတ်နေတယ်။ ထူးဆန်းပြီးနတ်ဆိုးဆန်တဲ့အစိမ်းရောင်အလင်းတစ်ခုက ပတ်ဝန်းကျင်ကို အလင်းပေးနေတယ်။
သူက လီဖူချန်းထက်စာရင် အဆင့်မြင့်စကြာဝဠာရတနာတွေအကြောင်းကို ပိုပြီးနက်နက်ရှိုင်းရှိုင်းနားလည်ထားတာပဲ။
အရည်အသွေးအရ အဆင့်မြင့်စကြာဝဠာရတနာတွေက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့ မယှဉ်နိုင်ဘူးလို့ ပြောကြတယ်။
ဒါပေမယ့် အကြီးအကဲက အဲလိုမထင်ဘူး။ အရည်အသွေးအရ အဆင့်မြင့်စကြာဝဠာရတနာတွေက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက် သာလွန်တယ်။ ဒါပေမယ့် အဲဒါက အသုံးပြုသူပေါ်မှာပဲ မူတည်တယ်။
"အလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးသောင်းအနည်းငယ်က ဘာမှမဟုတ်ဘူး။ အဆင့်မြင့်စကြာဝဠာရတနာတစ်ခုကပဲ ငါ လှုပ်ရှားဖို့ ထိုက်တန်တာ"
အကြီးအကဲရဲ့ဦးမှင်ပေါ်ရှိအစိမ်းရောင်မျက်လုံးက သွေးဆာတဲ့အမူအရာတွေ ပေါ်ထွက်လာတယ်။
…
နတ်ဘုရားစစ်မြေပြင်က အလွန်ဆိုးရွားတယ်။ သဲမုန်တိုင်းနဲ့မိုးကြိုးတွေက နေရာတိုင်းမှာ ရှိတယ်။ သူတို့ငါးယောက်က အကြိုနတ်ဘုရားစွမ်းအားကို အသုံးပြုကာ သဲမုန်တိုင်းရဲ့တိုက်ခတ်ခြင်းမှ ကာကွယ်နေရတယ်။
"အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအန"
ဝူကျောက မြေပြင်မှ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတစ်ခုကို ကောက်ယူလိုက်တယ်။
လီဖူချန်းက အကဲဖြတ်ကာ ပြောလိုက်တယ်"ဒါ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စညအစအနပဲ။ လိုက်ပတ်ကြည့်ရအောင်။ အနီးနားမှာ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုခု ရှိချင်ရှိနေနိုင်တယ်"
အကြိုနတ်ဘုရားတွေက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို မဖျက်ဆီးနိုင်ဘူး။ အစစ်အမှန်နတ်ဘုရားတွေကပဲ အဲလိုလုပ်နိုင်တာ။
နတ်ဘုရားစစ်မြေပြင်ရှိအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတွေက နတ်ဘုရားတွေကြားတိုက်ပွဲတစ်ခုရဲ့လက်ရာတွေလို့ဆိုလိုတယ်။ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစအနတစ်ခု ဒီနေရာမှာ ရှိနေမှတော့ အနီးနားမှာ နတ်ဘုရားနှစ်ယောက်တိုက်ခိုက်ခဲ့တာလို့ ဆိုလိုတယ်။
အချိန်တိုအတွင်းမှာ သူတို့ငါးယောက်က ထိခိုက်ထားတဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ဧရာမနတ်ဘုရားအလောင်းကောင်တစ်ခုကို တွေ့ခဲ့ရတယ်။
နတ်ဘုရားအလောင်းရဲ့စွမ်းပကားက အလွန်ထိတ်လန့်တုန်လှုပ်စရာကောင်းတယ်။ လီဖူချန်းကတောင် မကပ်နိုင်ဘဲ အဝေးကနေသာ ကြည့်ရှုနေရတယ်။
"ဒိိီနတ်ဘုရားအလောင်းအသက်ရှင်တုန်းက လူသားတစ်ယောက်လို့ ငါ ဘာလို့ ခံစားမိနေတာလဲ" မသေမျိုးအရှင်က ပြောလိုက်တယ်။
နတ်ဘုရားအလောင်းတွေက အဆမရေမတွက်များစွာပိုကြီးတာအပြင် သူတို့ကို ကြည့်ရတာ လူသားတွေနဲ့အတူတူပါပဲ။ တစ်ခုတည်းသောခြားနားချက်ကတော့ နတ်ဘုရားအလောင်းတွေက ဘယ်တော့မှ မဆွေးမြေ့ဘူးဆိုတာပဲ။ ဒါပေမယ့် အကြိုနတ်ဘုရားတွေရဲ့အလောင်းကတော့ အကြိုနတ်ဘုရားစွမ်းအားပျောက်ကွယ်သွားတာနဲ့ တဖြည်းဖြည်း ဆွေးမြေ့လာပါလိမ့်မယ်။
"လူသားတစ်ယောက်ဖြစ်တာ ဒါ ပုံမှန်ပဲလေ" လီဖူချန်းက ပြောလိုက်တယ်။
နတ်ဘုရားစစ်မြေပြင်မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရှာဖွေခြင်းက သူတို့ငါးယောက်ထင်ထားတာထက် ပိုခက်ခဲတယ်။ နှစ်ပေါင်းမရေမတွက်များစွာကြာပြီးနောက် အပြင်နယ်မြေရှိအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအားလုံးကို ယူသွားကုန်ကြပြီလို့ ပြောနိုင်တယ်။
တဖြည်းဖြည်းနဲ့ သူတို့ငါးယောက်က အလွန်နည်းပါးတဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေကသာလာရဲတဲ့ နတ်ဘုရားစစ်မြေပြင်ရဲ့အနက်ပိုင်းဆီ ရောက်ရှိလာခဲ့တယ်။