ပျံသန်းလွန်းပြန်ယာဥ်ဖိနပ်
Vol. 75 Ch. 1054
"ဟိုနားဆွဲကို ကြည့်လိုက်"
အဝေးမှ လီဖူချန်းက နတ်ဘုရားအလောင်းကောင်တစ်ခုရဲ့နားပန်ပေါ်ရှိနားဆွဲတစ်ခုကို မြင်လိုက်တယ်။
နားဆွဲထုတ်လွှတ်နေတဲ့ချီတည်ရှိမှုအရ ၎င်းက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမှန်း သိသာတယ်။
"နတ်ဘုရားအလောင်းနားကို ဘယ်သူမှ ကပ်နိုင်မှာမဟုတ်ဘူး" လီဖူချန်းရှိနေတာကြောင့် သမန်းဝံပုလေလီဖူချန်းက စကားပြောတာရှားပါတယ်။
ဝူကျောက ပြောလိုက်တယ်" လူတစ်ယောက်တည်းက အကြိုနတ်ဘုရားအသုံးအတောင်ပစ္စည်းဘယ်လောက်တောင် တပ်ဆင်နိုင်သလဲ"
ဝူကျောရဲ့အမြင်အရ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက လက်နက်၊ချပ်ဝတ်၊ လက်အိတ်၊ လည်ဆွဲ စသဖြင့် အမျိုးမျိုးပေါင်းစပ်ထားတာပဲ။
သူတို့နှစ်ယောက်လုံးက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေဖြစ်တယ်ဆိုပါစို့၊ တစ်ယောက်မှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲရှိပြီး အခြားတစ်ယောက်မှာ သုံးခုကျော်ရှိတယ်။သူတို့တွေ ဘယ်လိုလုပ်ပြီးတိုက်ခိုက်ရမှာလဲ။
အကြိုနတ်ဘုရားတစ်ယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ပထမဆုံးအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ဆုံးဖြတ်တာပဲ။ ဒါကြောင့် ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေရဲ့အကြိုနတ်ဘုရားစွမ်းအားက အခြေခံအားဖြင့် ညီမျှကြတယ်။သို့မဟုတ်ရင် တိုက်ခိုက်ဖို့ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။
ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်က အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေပိုတပ်ဆင်ထားရင် သူတို့က အနည်းငယ်ပိုသန်မာလာလိမ့်မှာဖြစ်သလို ချို့ယွင်းချက်အလုံးစုံကင်းမဲ့လာပါလိမ့်မယ်။
ဒါပေမယ့် ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်မှာ ပြီးပြည့်စုံတဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံရှိရင် သူတို့ရဲ့ခွန်အားက အနည်းငယ်ပဲသန်မာလာရုံတင်မကဘူး၊ သူတို့က အများကြီးပိုသန်မာလာမှာဖြစ်သလို အခြားပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကို ဖိနှိပ်နိုင်လိမ့်မယ်။
လီဖူချန်းရဲ့ကြက်သွေးရောင်မီးလျှံတစ်စုံက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံမျှပဲ။အပိုင်းအစသုံးခုပေါင်းစပ်သွားတဲ့အခါ အဆင့်၂ဒါမှမဟုတ်အဆင့်၃အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ယှဉ်နိုင်တယ်။ ဒါ့ပြင် ၎င်းက ကြက်သွေးရောင်မီးလျှံတောင်ပံစွမ်းပကားနဲ့ လာတယ်။
နောက်ထပ်ဥပမာတစ်ခုအနေနဲ့ ရန်ချင်းဟူရဲ့အောင်မြင်ခြင်းဝတ်စုံက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဝတ်စုံတစ်စုံဖြစ်တယ်။ အပိုင်းအစနှစ်ခုပေါင်းစပ်တဲ့အခါ အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ညီမျှတယ်။ အပိုင်းအစသုံးခုပေါင်းစပ်တဲ့အခါ သာလွန်အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ညီမျှတယ်။ ဒါ့ပြင် ဝတ်စုံရဲ့စွမ်းပကားကို အသက်သွင်းလိုက်တဲ့အခါ ပိုတောင်အထင်ကြီးစရာကောင်းတယ်။ ပြီးရင် ရန်ချင်းဟူရဲ့နယ်ပယ်က အနည်းငယ်ပိုနိမ့်ရင်တောင် ကိစ္စမရှိပါဘူး။ အောင်မြင်ခြင်းဝတ်စုံနဲ့ဆိုရင် သူမက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအဆင့်ကို ခြေချနိုင်ပါလိမ့်မယ်။
"ကျန်ရှိတဲ့အစိတ်အပိုင်းတွေကို ဘယ်နေရာမှာ ငါ သွားရှာရမှာလဲ"
လီဖူချန်းက ခါးသီးစွာ ရယ်လိုက်တယ်။ တစ်စုံလုံးကို မစုစည်းနိုင်ရင် သူပြောခဲ့သမျှက အဓိပ္ပါယ်မဲ့သလိုပါပဲ။
ဟိန်းသံ........
အလွန်ကြီးမားတဲ့ပုံရိပ်တစ်ခုက သဲမုန်တိုင်းမှ ပြေးထွက်လာတယ်။ ၎င်းရဲ့ပစ်မှတ်က အားအနည်းဆုံးဖြစ်တဲ့မသေမျိုးအရှင်ဖြစ်တယ်။
မီးလျှံလက်သီးနဲ့အနက်ရောင်လက်သည်းက တစ်ချိန်တည်းမှာ တိုက်ခိုက်လာပြီး ကြီးမားတဲ့ပုံရိပ်ကို ထိုးနှက်လိုက်ကာ မီတာတစ်ရာအကွာရှိတောင်တစ်တောင်အပေါ် ကျရောက်သွားစေတယ်။
"လေကျောက်တုံးဝံပုလွေ"
လီဖူချန်းက ဒီဝံပုလွေအမျိုးအစားအကြိုနတ်ဘုရားသားရဲကို အကဲဖြတ်လိုက်တယ်။
ဒီအကြိုနတ်ဘုရားသားရဲက နတ်ဘုရားစစ်မြေပြင်မှာ အတွေ့များဆုံးအကြိုနတ်ဘုရားသားရဲတစ်မျိုးဖြစ်တယ်။ ၎င်းကို လေကျောက်တုံးဝံပုလွေလို့ခေါ်ပြီး သံမုန်တိုင်းမှာ ပုန်းကွယ်ပြီး ရန်သူတွေကို ချောင်းမြောင်းတိုက်ခိုက်ရာမှာ ကျွမ်းကျင်တယ်။
ဒါပေမယ့် ချောင်းမြောင်းတိုက်ခိုက်ခြင်းက အလေ့အထတစ်ခုမျှသာဖြစ်တယ်။ အားအနည်းဆုံးအကြိုနတ်ဘုရားသားရဲကတောင် အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားရှိတယ်။ ဒါ့ပြင် သူတို့က သာမန်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတွေထက် ဘက်စုံသာတယ်။ သူတို့က အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံအပြည့်ရှိတဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတွေနဲ့ ညီမျှတယ်။
ယေဘုယျပြောရရင် အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအနည်းငယ်ကပဲ အားအနည်းဆုံးအကြိုနတ်ဘုရားသားရဲတွေနဲ့ ယှဉ်ပြိုင်နိုင်လိမ့်မယ်။
အားကောင်းတဲ့အကြိုနတ်ဘုရားသားရဲတွေက တကယ်ကို ပြိုင်ဘက်ကင်းတယ်။ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံအပြည့်ရှိတဲ့ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကပဲ သူတို့နဲ့ ယှဉ်ပြိုင်နိုင်လိမ့်မယ်။
"ငါ အရင်ဆုံးတိုက်ခိုက်မယ်"
သမန်းဝံပုလွေလူဝင်စားက လေကျောက်တုံးဝံပုလွေနဲ့ တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေတယ်။
သမန်းဝံပုလွေလူဝင်စားရဲ့တိုက်ခိုက်ရေးစွမ်းအားက လေကျောက်တုံးဝံပုလွေထက် ပိုအားနည်းတာ သိသာပေမယ့် ၎င်းရဲ့ခုခံမှုက လုံးဝမနိမ့်ကျပါဘူး။ တကယ်တော့ သမန်းဝံပုလွေလီဖူချန်းရဲ့သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ရွေ့လျားချပ်ဝတ်က ခုခံမှုကို အလေးပေးတာလေ။
"ငါ လာကူညီမယ်"
အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်အနေနဲ့ ရန်ချင်းဟူက ဘေးကနေ ရပ်ကြည့်မနေနိုင်ပါဘူး။ ဒါ့ပြင် သူမက သူမရဲ့အရည်အချင်းကို သွေးဖို့ စောင့်မျှော်နေတာ အချိန်အတော်ကြာပါပြီ။
"ယား....."
အလှဓားမော့ကျိုးကို ကိုင်ဆွဲလျက် ရန်ချင်းဟူက အောင်မြင်ခြင်းအကြိုနတ်ဘုရားစွမ်းအားကို လှည့်ပတ်ပြီး လေကျောက်တုံးဝံပုလွေကို ခုတ်ပိုင်းလိုက်တယ်။
ချွမ်း......
မီးပွားတွေ စင်ထွက်လာပေမယ့် ဓားမော့က လေလေကျောက်တုံးရဲ့သားမွေးကို မဖောက်နိုင်ပါဘူး။
ဟုန်း......
နောက်အခိုက်မှာ မီးလျှံလက်သီးတစ်လုံးက လေကျောက်တုံးဝံပုလွေကို ဝါးမျိုလာတယ်။
လှုပ်ရှားလိုက်တဲ့သူက လီဖူချန်းပါပဲ။
အချိန်အကြာကြီးတိုက်ခိုက်ပြီးနောက် သူတို့သုံးယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအားက လျော့ကျသွားပေမယ့် သူတို့က လေကျောက်တုံးဝံပုလွေအပေါ် အသေးစားဒဏ်ရာတွေသာ ရစေနိုင်ခဲ့တယ်။ ဒါ့အပြင် ဒီအသေးစားဒဏ်ရာတွေက လေကျောက်တုံးဝံပုလွေအပေါ် လုံးဝသက်ရောက်မှုမရှိပါဘူး။
"ငါ သူ့ရဲ့အားနည်းချက်ကို တွေ့သွားပြီ၊ မင်းတို့အားလုံး ငါနဲ့ ပူးပေါင်းကြ"
လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
"ကောင်းပြီ"
လီဖူချန်းရဲ့ရည်ရွယ်ချက်ကို နားလည်ကြောင်း သမန်းဝံပုလွေလီဖူချန်းနဲ့ရန်ချင်းဟူတို့က ခေါင်းညိတ်ပြလိုက်တယ်။
"အချိန်ကျပြီ"
တစ်ခဏကြာပြီးနောက် သမန်းဝံပုလွေလူဝင်စားနဲ့ရန်ချင်းဟူတို့က ဘယ်နဲ့ညာမှာ ရပ်ကာ လေကျောက်တုံးဝံပုလွေရဲ့လှုပ်ရှားမှုတွေကို ချိတ်ပိတ်လိုက်တယ်။ လီဖူချန်းက သူ့ရဲ့နောက်ကျာရှိကြက်သွေးရောင်မီးလျှံတောင်ပံတွေကို တဖျပ်ဖျပ်ခပ်ကာ လေကျောက်တုံးဝံပုလွေရဲ့အရှေ့ကို ချက်ချင်းရောက်ရှိလာတယ်။ ထို့နောက် သူက မီးလျှံဓားလက်ချောင်းကို လေကျောက်တုံးဝံပုလွေရဲ့အဆုတ်တွေဆီ ထိုးဖောက်လိုက်တယ်။
ဝှစ်.......
လေကျောက်တုံးဝံပုလွေရဲ့မဖျက်ဆီးနိုင်တဲ့သားမွေးက လက်ချောင်းနဲ့ ရင်ဆိုင်မိတဲ့အခါ တစ်စက္ကန့်သာ တောင့်ခံနိုင်ခဲ့ပြီးနောက် ကြေမွပျက်ဆီးသွားတယ်။
ဒီတစ်ခါမှာ လေကျောက်တုံးဝံပုလွေက ဒဏ်ရာရရုံတင်မကဘူး။ ၎င်းရဲ့ခန္ဓာကိုယ်အတွင်းရှိစွမ်းအားက လုံးဝထိန်းချုပ်မှုလွတ်သွားပြီး အဆုပ်၌ စုဝေးလာကာ ပေါက်ကွဲထွက်သွားတယ်။ ၎င်းရဲ့ခန္ဓာကိုယ်က အစအနဖြစ်သွားသလို ၎င်းရဲ့စိတ်ဝိညာဉ်ကတောင် ဗလာနတ္ထိဖြစ်သွားလေတယ်။
ကျန်ရှိခဲ့တဲ့အရာက အစိမ်းရောင်ပုံဆောင်ခဲအမြုတေတစ်ခုပါပဲ။
"သူ့ရဲ့အားနည်းချက်က ဒီနေရာမှာဆိုတာ မင်း ဘယ်လိုလုပ်သိလဲ"
သံသွေးမြို့မှာ အကြိုနတ်ဘုရားသားရဲကျမ်းစာအုပ်မျိုးစုံရှိတယ်။ သူတို့တစ်ခုမှာမှ လေကျောက်တုံးဝံပုလွေရဲ့အားနည်းချက်နဲ့ပတ်သက်ပြီး အထူးဖော်ပြချက်တစ်ခုမှ မရှိပါဘူး။
လီဖူချန်းက ပြောလိုက်တယ်"ပိုအသေးစိတ်ပြောရရင် ဒါက သူ့ရဲ့အားနည်းချက်လို့ ပြောလို့မရဘူး။ ဒါက သူ့ရဲ့စွမ်းအားတွေ ယာယီစုစည်းမှတ်တစ်ခုပဲ"
လီဖူချန်းရဲ့စိတ်ဝိညာဉ်က နတ်ဘုရားအဆင့်ကို ရောက်ရှိထားတာကြောင့် နတ်ဘုရားဝိညာဉ်လို့ ခေါ်ရင်မမှားပါဘူး။ နတ်ဘုရားဝိညာဉ်စွမ်းအားရဲ့စစ်ဆေးမှုနဲ့အတူ လီဖူချန်းက လေကျောက်တုံးဝံပုလွေရဲ့အကြိုနတ်ဘုရားစွမ်းအားလည်ပတ်မှုလမ်းကြောင်းကို မြင်နိုင်တယ်။ သူက အကြိုနတ်ဘုရားစွမ်းအားတွေ အသိပ်သည်းဆုံးနေရာကို ရှာဖွေနိုင်ပြီး အဲဒါကို တစ်ကွက်တည်းနဲ့ ချိုးဖြတ်နိုင်ခဲ့တယ်။
ဒါပေမယ့် လီဖူချန်းက သိတယ်၊ ဒါက သူဖြစ်နေလို့ပဲ။ အခြားတစ်ယောက်ယောက်သာဆိုရင် သူတို့က လေကျောက်တုံးဝံပုလွေရဲ့အားနည်းချက်ကို ဒီလောက်အလွယ်တကူရှာဖွေနိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် သမန်းဝံပုလွေလီဖူချန်းရဲ့စွမ်းအားစုဝေးတဲ့နေရာက အနည်းငယ်သာရှိပြီး အချိန်တစ်ခဏအတွင်း ၎င်းက တည်နေရာကို ပြောင်းလဲနိုင်တယ်။ အတိအကျခန့်မှန်းဖို့က လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။
"ဒိီလိုသိပ်သည်းတဲ့လေတာအိုအကြိုနတ်ဘုရားစွမ်းအား"
သမန်းဝံပုလွေလူဝင်စားက အစိမ်းရောင်ပုံဆောင်ခဲအမြုတေကို ကောက်ယူကာ ပြောလိုက်တယ်။
ဒါက အကြိုနတ်ဘုရားသားရဲတစ်ကောင်ရဲ့ပုံဆောင်ခဲအမြုတေဖြစ်ပြီး အကြိုနတ်ဘုရားသားရဲခန္ဓာကိုယ်ရဲ့အမာကျောဆုံးအပိုင်းဖြစ်တယ်။ အဲဒါက အကြိုနတ်ဘုရားစွမ်အားသိုလှောင်ရာနေရာဖြစ်တယ်။ သံသွေးမြို့ထဲမှာ လေကျောက်တုံးဝံပုလွေပုံဆောင်ခဲတစ်ခုက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးထောင်အနည်းငယ်ထိုက်တန်တယ်။
လမ်းတစ်လျှောက်မှာ သူတို့ငါးယောက်က လောင်ကျွမ်းမိုးကြိုးလို့ခေါ်တဲ့နောက်ထပ်အကြိုနတ်ဘုရားသားရဲတစ်ကောင်ကို ရင်ဆိုင်တွေ့ခဲ့ရတယ်။
လောင်ကျွမ်းမိုးကြိုးသားရဲ၊ ၎င်းရဲ့နာမည်အတိုင်းပဲ၊ မိုးကြိုးတာအိုအကြိုနတ်ဘုရားသားရဲတစ်ကောင်ဖြစ်တယ်။ ၎င်းရဲ့ခွန်အားက လေကျောက်တုံးဝံပုလွေထက် ပိုသန်မာပြီး ထုတ်လွှတ်တဲ့မိုးကြိုးတာအိုစွမ်းအားက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတစ်ယောက်ကို အချိန်တိုအတွင်း မီးသွေးဖြစ်စေဖို့ လုံလောက်တယ်။ ကြောက်စရာအကောင်းဆုံးအရာကတော့ လောင်ကျွမ်းမိုးကြိုးသားရဲတွေက အုပ်စုဖွဲ့တိုက်ခိုက်ရာမှာ ကျွမ်းကျင်တာပဲ။ ကြီးမားတဲ့တန်ဖိုးတစ်ခုကို မပေးချင်ရင် လောင်ကျွမ်းမိုးကြိုးသားရဲကိုဝိုင်းရံတဲ့အဖွဲ့မှာ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ရှိဖို့ လိုအပ်တယ်။
လီဖူချန်းတို့ဘက်မှာ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်မရှိပေမယ့် သူရှိနေတယ်လေ။
လောင်ကျွမ်းမိုးကြိုးသားရဲက ဘယ်လောက်ပဲ အားကောင်းကောင်းကိစ္စမရှိဘူး၊ သူတို့သုံးယောက်ကို ခုခံနိုင်စွမ်းမဲ့အောင် ပြုလုပ်ဖို့ မဖြစ်နိုင်ဘူး။
ရန်ချင်းဟူရဲ့သမန်းဝံပုလွေလူဝင်စားတို့ရဲ့ပူးပေါင်းမှုနဲ့အတူ လီဖူချန်းက အချိန်အချို့အသုံးပြုကာ လောင်ကျွမ်းမိုးကြိုးသားရဲရဲ့အားနည်းချက်ကို ရှာတွေ့ခဲ့ပြီး တစ်ကွက်တည်းနဲ့ သတ်ဖြတ်နိုင်ခဲ့တယ်။
"လေကျောက်တုံးပုံဆောင်ခဲအမြုတေတစ်ခု၊ လောင်ကျွမ်းမိုးကြိုးသားရဲပုံဆောင်ခဲအမြုတေတစ်ခု။ စုစုပေါင်းတန်ဖိုးက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်သောင်းပတ်လည်ရှိတယ်။ ဒါက သေချာပေါက်ကြီးမားတဲ့အကျိုးအမြတ်တစ်ခုပဲ"
အစိမ်းရောင်ပုံဆောင်ခဲအမြုတေနဲ့အပြာရောင်ပုံဆောင်ခဲအမြုတေကို ကိုင်လျက် လီဖူချန်းက ပြုံးလိုက်တယ်။
သာမန်ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်ထောင်ဒါမှမဟုတ်ထောင်အနည်းငယ်ထိုက်တန်တယ်။ အကြိုနတ်ဘုရားသားရဲပုံဆောင်ခဲအမြုတေတွေက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းများစွာကို ရှာဖွေတာနဲ့ ညီမျှတယ်။ ဒါက ဘယ်သူကိုမဆို စိတ်လှုပ်ရှားစေဖို့ လုံလောက်တယ်။
ကျောက်သတ္တုတွင်းတွေမှာ အကြိုနတ်ဘုရားကျောက်တုံးတွေ တူးဖော်ရတာထက် နတ်ဘုရားစစ်မြေပြင်မှာကျင်လည်ရတာ ပိုလွယ်ကူခရီးရောက်တယ်လို့ လီဖူချန်းက ခံစားမိတယ်။ သူက နှစ်တစ်ထောင်ကျော်တူးဖော်ခဲ့ပြီး အဆင့်နိမ့်အကြိုနတ်ဘုရားကျောက်တုံးတစ်သန်းပတ်လည်သာ ထုတ်ဖော်နိုင်ခဲ့တယ်လေ။
မသိလိုက်မသိဘာသာနဲ့ သူတို့ငါးယောက်က နတ်ဘုရားစစ်မြေပြင်ရဲ့ပိုနက်ရှိုင်းတဲ့အပိုင်းသို့ ရောက်ရှိလာတယ်။ ဒီနေရာက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတွေသာဝင်ရဲတဲ့နေရာဖြစ်တယ်။ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားတွေကတောင် အသက်ရှင်ဖို့အခွင့်အရေးပါးပါးသာ ရှိတယ်။
တောက်ကုန်းတစ်ခုကို ကျော်ဖြတ်ပြီးနောက် လီဖူချန်းက ရုတ်တရက် အံ့အားသင့်စွာ အော်လိုက်တယ်။
"ဘာလဲ"
ရန်ချင်းဟူက လီဖူချန်းကို ကြည့်လိုက်တယ်။
"အောက်မှာတစ်ခုခုရှိတယ်*
လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက ဧရာမလှိုင်းတစ်ခုပမာ ဖြစ်လာတယ်။ ၎င်းက တောင်ကို မလိုက်ပြီး အဝေးသို့ လွှင့်ပစ်လိုက်တယ်။
ဧရာမအစိမ်းရင့်ရောင်တိုက်ပွဲဖိနပ်တစ်ရံက အားလုံးရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။
"အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းလား"
ရန်ချင်းဟူရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
"ဒါ့ပြင် ဒါက နေရာလပ်-အချိန်အသုံးအဆောင်ပစ္စည်းပဲ" လီဖူချန်းက အူလှိုက်သည်းလှိုက်ရယ်ကာ တိုက်ပွဲဖိနပ်ကို ယူဖို့ ကြိုးစားလိုက်တယ်။
အချိန်တစ်ခဏအတွင်း တိုက်ပွဲဖိနပ်ကို အောင်မြင်စွာ ရယူနိုင်ခဲ့တယ်။ သံသယရှိစရာမလိုဘဲ ဒါက နေရာလပ်-အချိန်တာအိုအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပါပဲ။ လီဖူချန်းရဲ့နေရာလပ်အချိန်တာအိုမှာ အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ ရှိနေပြီ။ သူက နေရာလပ်-အချိန်တာအိုမှာ အသန်မာဆုံးအရှင်လို့ မသတ်မှတ်နိုင်ပေမယ့် နေရာလပ်-အချိန်တာအိုအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ပိုင်ဆိုင်လိုက်တာနဲ့ သူ့အနေနဲ့ နေရာလပ်-အချိန်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်ဖို့ လုံလောက်တယ်။
နေရာလပ်-အချိန်တာအိုက ရင်ဆိုင်ရတာ အခက်ခဲဆုံးတာအိုဖြစ်တယ်။ သာမန်အနေအထားမှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်က ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ရဲ့လက်မှ အသက်ရှင်လျက် မလွှတ်နိုင်ဘူး။ ဒါပေမယ့် အထွတ်အထိပ်အဆင့်နေရာလပ်-အချိန်အကြိုနတ်ဘုရားတစ်ယောက်က ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ရဲ့လက်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်ပေလိမ့်မယ်။
ဒါက နေရာလပ်-အချိန်တာအိုရဲ့ကြောက်စရာကောင်းပုံပဲ။
တုံ့ဆိုင်းမနေဘဲ လီဖူချန်းက တိုက်ပွဲဖိနပ်ရဲ့အသိအမှတ်ပြုခြင်းကို ချက်ချင်း လက်ခံလိုက်တယ်။
ဒီတိုက်ပွဲဖိနပ်ကို ပျံသန်းလွန်းပြန်ယာဥ်တိုက်ပွဲဖိနပ်လို့ခေါ်ပြီး အဆင့်၂အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။
ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်ရဲ့အသိအမှတ်ပြုမှုနဲ့အတူ လီဖူချန်းရဲ့နေရာလပ်-အချိန်သွေးမျိုးဆက်က နေရာလပ်-အချိန်အကြိုနတ်ဘုရားသွေးမျိုးဆက်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားတယ်။ ဝေဝေဝါးဝါးနေရာလပ်-အချိန်လှိုင်းတစ်ခုက လီဖူချန်းကို ဝန်းရံလာပြီး သူ့ရဲ့ပုံရိပ်ကို မှုန်မှုန်ဝါးဝါးဖြစ်သွားစေတယ်။
နောက်ဆုံးတော့ အသိအမှတ်ပြုခြင်းက ပြီးဆုံးသွားပါပြီ။
"ဖူချန်း၊ ဒီတိုက်ပွဲဖိနပ်ရဲ့သက်ရောက်မှုတွေက ဘာလဲ" အထွတ်အထိပ်အဆင့်နေရာလပ်-အချိန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အလွန်ထူးခြားတယ်လို့ ရန်ချင်းဟူက ခံစားမိတယ်။
"သေချာကြည့်"
လီဖူချန်းက လှုပ်ရှားမှုတစ်ခုမှမပြုဘဲနဲ့ ချက်ချင်း ပျောက်သွားတယ်။ သူ ပြန်ထွက်ပေါ်လာတဲ့အချိန်မှာ မိုးကုတ်စက်ဝိုင်းမှာ ရှိနေပါပြီ။ နောက်အခိုက်မှာ လီဖူချန်းရဲ့ပုံရိပ်က နေရာတိုင်းမှာ ရှိနေပြီး ဘယ်ဒါက အစစ်အမှန်လဲဆိုတာ ခွဲခြားဖို့မဖြစ်နိုင်ပါဘူး။ ဒါမှမဟုတ် သူတို့အားလုံးက အစစ်အမှန်တွေပဲလို့ ပြောလို့ရတယ်။
"နေရာလပ်-အချိန်လွန်းပြန်သွားလာခြင်း။ မယုံနိုင်စရာပဲ" ပျံသန်းလွန်းပြန်ယာဥ်တိုက်ပွဲဖိနပ်နဲ့အတူ သူတို့က အကြိုနတ်ဘုရားသားရဲတွေဒါမှမဟုတ်လိုက်ဖမ်းသူတွေနဲ့ ထိပ်တိုက်တွေ့ရင် အရင်ကလိုခက်ခက်ခဲခဲအားထုတ်စရာမလိုတော့ပါဘူး။
ကောင်းကင်ရှိပုံရိပ်က ပျောက်သွားပြီး လီဖူချန်းက သူတို့လေးယောက်ရဲ့ရှေ့မှာ ချက်ချင်း ထွက်ပေါ်လာတယ်။ သူက စိတ်မကောင်းစွာ ပြောလိုက်တယ်"တစ်ခုရှိသေးတယ်။ ချို့ယွင်းချက်တစ်ခုရှိတယ်"
ပျံသန်းလွန်းပြန်ယာဥ်တိုက်ပွဲဖိနပ်က သူ့ရဲ့နေရာလပ်-အချိန်အကြိုနတ်ဘုရားခွန်အားကို အနည်းငယ်အားနည်းစေရုံသာမက ပျံသန်းလွန်းပြန်ယာဥ်တိုက်ပွဲဖိနပ်ကို အသုံးပြုရာမှာ ချို့ယွင်းချက်တစ်ခုရှိတယ်။