နောက်ထပ်ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်တစ်ဖက်
Vol. 75 Ch. 1055
ပျံသန်းလွန်းပြန်ယာဥ်တိုက်ပွဲဖိနပ်နဲ့အတူ လီဖူချန်းက နတ်ဘုရားစစ်မြေပြင်မှာ ပိုလွယ်ကူလာတယ်။ သူ့ရဲ့ခရီးသွားခြင်းအရှိန်က ဆယ်ဆပိုမြန်လာတယ်။
"အို......ကောင်းကင်ဘုံ။ ဒါ သဲတိုင်ယန်နဂါးပဲ။ အမြန်ပြေးကြတော့"
နတ်ဘုရားစစ်မြေပြင်ထဲမှာ လေကျောက်တုံးဝံပုလွေနဲ့လောင်ကျွမ်းမိုးကြိုးသားရဲတို့ကို ရင်ဆိုင်တွေ့ရတာ အဆင်ပြေပေမယ့် သေတိုင်ယန်နဂါးနဲ့ ရင်ဆိုင်တွေ့ရင်တော့ သေခြင်းအဆုံးသတ်တစ်ခုသာ ဖြစ်ပေလိမ့်မယ်။
သဲတိုင်ယန်နဂါးမှာ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားမရှိရုံတင်မက မြေအောက်တူးဖော်ရာမှာလဲ ကျွမ်းကျင်တယ်။ ၎င်းရဲ့ခိုးကြောင်းခိုးဝှက်တိုက်ခိုက်မှုတွေကို ခုခံရာမှာ ခက်ခဲတယ်။ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကလွဲပြီး အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ကတောင် လွတ်မြောက်နိုင်လိမ့်မှာမဟုတ်ဘူး။
"သွားကြစို့"
လီဖူချန်းကို ရန်ချင်းဟူတို့လေးယောက်ကို သိမ်းကာ ခြေရာလက်ရာတစ်ခုတောင် မကျန်ဘဲ ပျောက်ကွယ်သွားတော့တယ်။
လက်ရှိအချိန်မှာ သဲတိုင်ယန်နဂါးကို ရင်ဆိုင်ဖို့ သူက အစီအစဉ်မရှိပါဘူး။ သူက ၎င်းရဲ့အားနည်းချက်ကို တွေ့ရင်တောင် ၎င်းရဲ့ခုခံမှုကို ချိုးဖြတ်နိုင်လိမ့်မှာမဟုတ်ဘူး။ ဒါက ခွန်အားဆိုင်ရာအကြွင်းမဲ့ခြားနားချက်ဖြစ်တယ်။
နတ်ဘုရားစစ်မြေပြင်ရဲ့အနက်ပိုင်းသို့ ပိုသွားလေလေ၊ ပိုကြောက်စရာကောင်းတဲ့အကြိုနတ်ဘုရားသားရဲတွေကို လီဖူချန်းက ပိုရင်ဆိုင်ရလေလေပဲ။ သဲတိုင်ယန်နဂါးလိုအကြိုနတ်ဘုရားသားရဲတစ်ကောင်ကတောင် ဘာမှမဟုတ်ဘူး။ ပိုသန်မာတဲ့မီးနက်နတ်ဘုရားနဂါးက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ကို အသက်တစ်ခါရှိုက်လ်ိုက်ရုံနဲ့ သေစေတဲ့အထိ လောင်ကျွမ်းစေနိုင်တယ်။ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ကို တိုက်ခိုက်မှုက ထိမှန်သွားရင် မသေရင်တောင် သူတို့က အပြင်းအထန်ထိခိုက်ဒဏ်ရာရသွားလိမ့်မယ်။
ဒါပေမယ့် စကားပုံရှိတယ်'ကြွယ်ဝမှုတွေကို အန္တရာယ်မှာပဲ တွေ့နိုင်တယ်'ဆိုတာလေ။ နေရာက ပိုအန္တရာယ်များလေလေ၊ လူအရေအတွက်က ပိုနည်းလာပြီး အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအရေအတွက်က ပိုများလာလေဖြစ်တယ်။
လမ်းတစ်လျှောက်မှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းပျံသန်းလွန်းပြန်ယာဥ်တိုက်ပွဲဖိနပ်ကို ရရှိတာအပြင် လီဖူချန်းက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုနဲ့အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းငါးခုကိုလည်း ရရှိခဲ့တယ်။
"တစ်ခုခု ငါ့ကို ဆင့်ခေါ်နေတာကို ငါ ခံစားမိတယ်"
ဒီနေရာမှာ ရန်ချင်းဟူက ရုတ်တရက် ပြောလိုက်တယ်။
လီဖူချန်းက တစ်ခဏတွေးကာ ပြောလိုက်တယ်"အဲဒါ အောင်မြင်ခြင်းဝတ်စုံရဲ့အစိတ်အပိုင်းတစ်ခုဖြစ်မယ်"
အစိတ်အပိုင်းတွေအားလုံးက ချိတ်ဆက်ထားတယ်။ ဝတ်စုံက ပိုသန်မာလေလေ၊ ချိတ်ဆက်မှုက ပိုသန်မာလေလေဖြစ်တယ်။
အောင်မြင်ခြင်းဝတ်စုံက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံဖြစ်ပြီး ချိတ်ဆက်ခြင်းက အလွန်နီးကပ်တယ်။ လီဖူချန်းကတောင် အဝေးမှ ဆင့်ခေါ်မှုကို အာရုံခံနိုင်တယ်။
ဆင့်ခေါ်မှုနောက်ကို လိုက်လျက် လီဖူချန်းက ရန်ချင်းဟူကို ဦးဆောင်စေကာ လျင်မြန်စွာ လိုက်သွားတယ်။
နောက်ထပ်နှစ်ဝက်ကြာပြီးနောက် သူတို့နှစ်ယောက်က ချောက်နက်တစ်ခုကို ရောက်ရှိလာတယ်။
"အဲဒါက ဒီချောက်နက်မှာရှိတယ်။ အဲဒါကိုကြည့်ရတာ ရင်ကာချပ်ဝတ်ပဲဖြစ်မယ်" ရန်ချင်းဟူက အစိတ်အပိုင်းတွေရဲ့အသွင်အပြင်ကို ရေးတေးတေးအာရုံခံနိုင်တယ်။
"လာ၊ ဝင်ကြစို့"
လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားက ချောက်ထဲမှာ အကြိုနတ်ဘုရားသားရဲတစ်ကောင်ကို ရှာတွေ့ခဲ့တယ်။
ဒါက ဆူးအရိပ်နတ်ဆိုးဝံပုလွေဖြစ်ပြီး ၎င်းရဲ့ခွန်အားက သဲတိုင်ယန်နဂါးထက် မနိမ့်ကျပါဘူး။
ဒါပေမယ့် အဲတော့ဘာဖြစ်လဲ။
ရန်ချင်းဟူက အဆင့်၂အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်နေပြီပဲ။ သူမက အောင်မြင်ခြင်းဝတ်စုံရဲ့တတိယအစိတ်အပိုင်းတစ်ခုကို ရရှိတာနဲ့ သူမရဲ့စွမ်းရည်တွေက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်နဲ့ နီးကပ်လာလိမ့်မယ်။
ဟိန်းသံ........
ဆူးအရိပ်နတ်ဆိုးဝံပုလွေရဲ့စွမ်းရည်က အလွန်သန်မာပေမယ့် အရေးကြီးဆုံးကတော့ ၎င်းက အလွန်မြန်တာပဲ။ ၎င်းက အရိပ်တစ်ခုပမာဖြစ်ပြီး အစစ်အမှန်နဲ့ပုံရိပ်ယောင်ကြားမှာ အဆက်မပြတ်လွန်းပြန်သွားလာနေတယ်။ လီဖူချန်းမှာ ပျံသန်းလွန်းပြန်ယာဥ်တိုက်ပွဲဖိနပ်မရှိရင် သူက တစ်ချက်တောင် ခုခံနိုင်မှာမဟုတ်ဘူး။
"တွေ့ပြီ"
အခြားဖက်မှာ ရန်ချင်းဟူက ချောက်ရဲ့အနက်ပိုင်းထဲမှာ အောင်မြင်ခြင်းဝတ်စုံရဲ့တတိယအစိတ်အပိုင်းကို တွေ့ခဲ့တယ်။
ရန်ချင်းဟူပြောသလိုပဲ၊ ဒီအပိုင်းက ရင်အုပ်ကာတစ်ခုဖြစ်တယ်။
"သွားစို့"
ရန်ချင်းဟူကို သိမ်းပြီးနောက် လီဖူချန်းက လျင်မြန်စွာ ထွက်ခွာသွားတယ်။
ဟိန်းသံ......
ဆူးအရိပ်နတ်ဆိုးဝံပုလွေက သဲကြီးမဲကြီးလိုက်လာပြီး သူ့ရဲ့ဝံပုလွေလက်သည်းတွေက လီဖူချန်းရဲ့နောက်ကျောက်ု အဆက်မပြတ်တိုက်ခိုက်နေတယ်။
ပျံသန်းလွန်းပြန်ယာဥ်တိုက်ပွဲဖိနပ်တစ်ဖက်တည်းက ချို့ယွင်းချက်တစ်ခု အမြဲတမ်းရှိတယ်။ ပျံသန်းလွန်းပြန်ယာဥ်တိုက်ပွဲဖိနပ်နှစ်ဖက်ဆိုရင် ဆူးအရိပ်နတ်ဆိုးဝံပုလွေက လီဖူချန်းရဲ့အရိပ်အယောင်ကို ဖမ်းမိနိုင်တော့မှာမဟုတ်ဘူး။
လီဖူချန်းမှာ ကမ္ဘာဦးမူလလက်ကောက်၊ ကပ်ဘေးမသေမျိုးခန္ဓာကိုယ်၊ အသက်သစ်ပင်ရှိတာ ကံကောင်းတယ်။ အခြားအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်သာဆိုရင် ဆူးအရိပ်နတ်ဆိုးဝံပုလွေရဲ့ရက်စက်တဲ့တိုက်ခိုက်မှုတွေကြောင့် သူတို့က အပြင်းအထန်ဒဏ်ရာရသွားလိမ့်မယ်။
"အချိန်ပျံသန်းခြင်း"
လီဖူချန်းက ပျံသန်းလွန်းပြန်ယာဥ်တိုက်ပွဲဖိနပ်ရဲ့ရင်းမြစ်စွမ်းအားကို အသက်သွင်းလိုက်တယ်။ နောက်အခိုက်မှာ အချိန်နဲ့နေရာလပ်က စေးပျစ်ရပ်တန့်သွားပြီး ဆူးအရိပ်နတ်ဆိုးဝံပုလွေရဲ့အရှိန်က အနည်းငယ်ပိုနှေးလာတယ်။ လီဖူချန်းရဲ့ပုံရိပ်က အဆက်မပြတ်ရှည်လျားလာပြီး လွန်းပြန်ယာဉ်တစ်ခုအဖြစ်သို့ ပြောင်းသွားကာ လျင်မြန်စွာ ပျောက်ကွယ်သွားတယ်။
ဝှစ်........
ဆူးအရိပ်နတ်ဆိုးဝံပုလွေရဲ့လက်သည်းက လွတ်သွားပြီး သူက မကျေမနပ်ဖြစ်စွာ ဟိန်းဟောက်လိုက်တော့တယ်။
"ဒါ အကြိုနတ်ဘုရားသားရဲတစ်ယောက်ဖြစ်နေလို့ ကံကောင်းသွားတယ်။ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဆိုရင် ဒီလောက်အလွယ်တကူလွတ်မြောက်နိုင်မှာမဟုတ်ဘူး"
ဉာဏ်ရည်နဲ့ကျင့်ကြံခြင်းအဆင့်ပိုင်နိုင်မှုအရ အကြိုနတ်ဘုရားသားရဲတွေက အဆုံးမှာတော့ နိမ့်ကျပါတယ်လေ။ သူတို့အများစုက တိုက်ခိုက်ဖို့ သူတို့ရဲ့ဗီဇအပေါ် မှီခိုရတယ်။
လီဖူချန်းက ရန်ချင်းဟူကို ထုတ်ကာ အဝေးကို ခွာသွားလိုက်တယ်။
"ငါ ထင်တာမမှားရင် အောင်မြင်ခြင်းဝတ်စုံရဲ့အစိတ်အပိုင်းသုံးခုက စွမ်းပကားတစ်ခုကို အသက်သွင်းနိုင်သင့်တယ်" လီဖူချန်းရဲ့ကြက်သွေးရောင်မီးလျှံတစ်စုံမှာ ကြက်သွေးရောင်မီးလျှံတောင်ပံလို့ခေါ်တဲ့စွမ်းပကားရှိတယ်။ ရန်ချင်းဟူရဲ့အောင်မြင်ခြင်းဝတ်စုံမှာ စွမ်းပကားမရှိတာ မဖြစ်နိုင်ဘူးပဲ။
"ငါ ကြိုးစားကြည့်တာပေါ့"
ရန်ချင်းဟူက အောင်မြင်ခြင်းရပ်အုပ်ကာရဲ့အသိအမှတ်ပြုခြင်းကို စတင်လက်ခံလိုက်တယ်။
အချိန်ကုန်ဆုံးလာတာနဲ့အမျှ ရန်ချင်းဟူရဲ့အကြိုနတ်ဘုရားစွမ်းအားက ပိုပိုသန်မာလာတယ်။
အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရား၊ သာလွန်အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရား..........
"အကြိုနတ်ဘုရားစွမ်းအားက ငါ့ထက် ဆယ်ဆပိုသန်မာတာပဲ။ အဲဒါက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအဆင့်မှာ ရှိလောက်တယ်"
အကြိုနတ်ဘုရားစွမ်းအားဆယ်ဆပိုသန်မာလာတာက အလွန်ကြောက်စရာကောင်းတယ်။ တကယ်တော့ အကြိုနတ်ဘုရားစွမ်းအားပိုသန်မာလေ၊ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရဲ့စွမ်းအားက ပိုသန်မာလေပါပဲ။
"အောင်မြင်ခြင်းရောင်ခြည်စက်ဝန်း"
အသိအမှတ်ပြုပြီးနောက် ရန်ချင်းဟူက အောင်မြင်ခြင်းဝတ်စုံရဲ့စွမ်းပကားကို အတွေးတစ်ချက်နဲ့ အသက်သွင်းလိုက်တယ်။
နောက်အခိုက်အတန်မှာ တောက်ပတဲ့အလင်းအစုအဝေးတစ်ခုက ရန်ချင်းဟူကို ဝန်းရံသွားတယ်။
"သက်ရောက်မှုက ဘာလဲ" လီဖူချန်းက မေးလိုက်တယ်။
ရန်ချင်းဟူက ပြောလိုက်တယ်"အကြိုနတ်ဘုရားစွမ်းအားက အဆများစွာပိုသန်မာလာတာကို ငါ ခံစားမိတယ်"
"ဒါ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်စုံဆိုတာအံ့ဩစရာမရှိဘူးပဲ" သူ့ရဲ့ကြက်သွေးရောင်မီးလျှံဝတ်စုံရဲ့စွမ်းပကားက အရှိန်တိုးလာရုံသာမက ရန်ချင်းဟူဝတ်စုံရဲ့စွမ်းပကားက ခွန်အားတိုးလာတာပဲ။ ပြီးပြည့်စုံတဲ့အောင်မြင်ခြင်းဝတ်စုံဆိုရင် ဘယ်လိုအားကောင်းမလဲကို စိတ်ကူးဖို့က ခက်ခဲတယ်။
ဘယ်လိုပဲပြောပြော၊ အဖွဲ့ထဲမှာ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ပေါင်းထည့်လာမှုနဲ့အတူ ပိုသက်သောင့်သက်သာဖြစ်လာသလို လီဖူချန်းက ခံစားရတယ်။ နောက်မှာတော့ လီဖူချန်းရဲ့ပစ်မှတ်က ရန်ချင်းဟူအတွက် ဓားမော့တာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရှာဖွေဖို့ပဲဖြစ်တယ်။ ရန်ချင်းဟူက အလှဓားမော့ကျိုးကိုပဲ အသုံးပြုနေရသေးပြီး ဒါက တကယ်ကို စိတ်ပျက်စရာတစ်ခုပဲ။
လီဖူချန်းက ရန်ချင်းဟူအတွက် အထွတ်အထိပ်အဆင့်ဓားမော့တာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရှာတွေ့နိုင်ရင် သူမရဲ့ခွန်အားက သိသိသာသာတိုးတက်လာလိမ့်မယ်။
"သတ်ကြ"
"သူ့ကို လိုက်ဖမ်းကြ"
"တောက်၊ သူ့ကို လွတ်မြောက်ခွင့်ပေးလို့မရဘူး"
"သေမင်းခုတ်ချက်"
ဖရိုဖရဲတိုက်ပွဲအလယ်မှာ လီဖူချန်းက ချပ်ဝတ်တစ်ခုကို ဆုပ်ကိုင်ထားလျက် အရိပ်အယောင်တစ်ခုတောင်မရှိဘဲ ပျောက်ကွယ်သွားတော့တယ်။
သူ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေဘယ်လောက်တောင်ခိုးယူခဲ့သလဲကို လီဖူချန်းက မသိတော့ဘူး၊ ဒါပေမယ့် အရင်ဟာတွေအားလုံးက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေပဲ။ ဒီတစ်ခါမှာတော့ သူက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ခိုးယူခဲ့တယ်။
ဒီအထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ခြေကာတစ်ခုဖြစ်ပြီး သမန်းဝံပုလွေလူဝင်စားအတွက် အပြီးပြည့်စုံဆုံးပဲ။
လီဖူချန်းက သူ့ရဲ့အားထုတ်မှုအားလုံးကို ရန်ချင်းဟူနဲ့သမန်းဝံပုလွေလူဝင်စားတို့ကို မြှင့်တင်ဖို့အတွက် ပုံအောထားတယ်။
ရန်ချင်းဟူမှာ အောင်မြင်ခြင်းဝတ်စုံရှိပြီး ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်နေပါပြီ။
သမန်းဝံပုလွေလူဝင်စားကိုတော့ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့သာ မြှင့်တင်နိုင်တယ်။
"အမ်၊ တစ်ခုခုဆင့်ခေါ်နေသလိုပဲ"
လီဖူချန်းက အဝေးကို ကြည့်လိုက်ရာ နောင်ထပ်ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်တစ်ဖက်ကို ရေးတေးတေးမြင်နိုင်တယ်။ ဒီပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်ကို အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်က ဝတ်ဆင်ထားတာပဲ။
"ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်တစ်ဖက်တည်းဆိုရင် ချို့ယွင်းချက်တစ်ခုရှိမှာပဲ။ ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်နှစ်ဖက်လုံးကို ပိုင်ဆိုင်မှာသာ ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်ရဲ့စွမ်းအားအပြည့်ကို အသုံးချနိုင်လိမ့်မယ်"
လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ အခု ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်တွေက အထွတ်အထိပ်အဆင့်ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထက် ပိုအရေးကြီးတယ်။
အထွတ်အထိပ်အဆင့်ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက သူ့ကို ပြိုင်ဘက်ကင်းဓားတာအိုအကြိုနတ်ဘုရားတစ်ယောက်သာ ဖြစ်စေနိုင်တယ်။ ဒါပေမယ့် ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်တွေက သူ့ကို အန္တရာယ်တွေဝိုင်းရံခြင်းမှ အလွယ်တကူချိုးဖြတ်စေနိုင်ပါလိမ့်မယ်။
နေရာလပ်-အချိန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့တန်ဖိုးက အဆင့်တူအခြားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေထက် တစ်ဆင့်ပိုမြင့်တယ်။
အထွတ်အထိပ်အဆင့်ဓားတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အနည်းဆုံးအလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးသောင်းအနည်းငယ်ထိုက်တန်တယ်။
အထွတ်အထိပ်နေရာလပ်-အချိန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အနည်းဆုံးအလယ်ဆင့်အကြိုနတ်ဘုရားကျောက်တုံးတစ်သိန်းထိုက်တန်ပါလိမ့်မယ်။
တစ်ချိန်တည်းမှာပဲ တစ်ဖက်ရှိပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်ပိုင်ရှင်က အဝေးမှ ကြည့်လိုက်တယ်။
"နောက်ထပ်ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်တစ်ဖက်ပဲ" မိုးကြိုးနတ်ဘုရားမြောက်လေက အရင်စိုက်ကြည့်လိုက်တယ်၊ သူက ပီတီဖြာနေလျက်ရှိတော့တယ်။
ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်တစ်ဖက်က သူ့ကို နတ်ဘုရားစစ်မြေပြင်မှာ လွတ်လပ်စွာသွားလာခွင့်ပြုခဲ့တယ်။ သူက ဝန်းရံတိုက်ခိုက်မှုအမျိုးမျိုးမှ အလွယ်တကူလွတ်မြောက်လာနိုင်ခဲ့တယ်၊ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်နဲ့တောင် တိုက်ခိုက်ခဲ့ရပြီး အလွယ်တကူလွတ်မြောက်သွားခဲ့တယ်။ ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်နှစ်ဖက်လုံးဆိုရင် ဘယ်လောက်တောင်ထိရောက်မလဲ သိသာလှတယ်။
"ငါ အဲဒါကို သေချာပေါက် ရရမယ်" မိုးကြိုးနတ်ဘုရားမြောက်လေက လက်သီးကို တင်းကြပ်စွာ စုပ်လိုက်တယ်၊ သတ်ဖြတ်ခြင်းဆန္ဒက ပေါက်ကွဲထွက်နေလျက်ပေါ့။
သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာပဲ တစ်ယောက်ဆီတစ်ယောက် လျှောက်လာကြတယ်။
"သေစမ်း"
နောက်ဆုံးမှာ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ထိပ်တိုက်တွေ့လာကြတယ်။
မိုးကြိုးနတ်ဘုရားမြောက်လေက လျှပ်စီးဆူးကို ထုတ်လိုက်တယ်။ သူက အဲဒါကို လီဖူချန်းထံ ဝှေ့ယမ်းကာ ကြီးမားတဲ့မိုးကြိုးသွားဧရိယာတစ်ခုကို ဖြစ်ပေါ်စေလိုက်တယ်။
မိုးကြိုးနတ်ဘုရားရဲ့လျှပ်စီးဆူးက အထွတ်အထိပ်အဆင့်မိုးကြိုးတာအိုအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ အုပ်စုလိုက်တိုက်ခိုက်မှုဖြစ်စေ၊ တစ်ဦးခြင်းတိုက်ခိုက်မှုဖြစ်စေ၊ ၎င်းက အလွန်အံမခန်းစရာဖြစ်တယ်။
ဝုန်း အုန်း.......
လီဖူချန်းက တိုက်ခိုက်မှုကို ခုခံလိုက်ပြီး တစ်ချိန်တည်းမှာ သူလဲပဲ မီးလျှံလက်သီးကို ဖော်ထုတ်လိုက်တယ်။
လီဖူချန်းအတိုင်းပဲ၊ မိုးကြိုးနတ်ဘုရားမြောက်လေက မဆုတ်သလိုမရှောင်ပါဘူး။ သူက သူ့ရဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားချပ်ဝတ်အပေါ် အလွန်ယုံကြည်ချက်ရှိတယ်။
နှစ်ယောက်သား အပြန်အလှန်တိုက်ခိုက်နေတော့တယ်။
"သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက ငါ့လောက်အားမကောင်းဘူး။ သူ ဘယ်တော့မှ ငါ့ကို အနိုင်ယူနိုင်လိမ့်မှာမဟုတ်ဘူး"
မိုးကြိုးနတ်ဘုရားမြောက်လေက သူ့နှလုံးသားထဲမှာ နှာခေါင်းရှုံ့လိုက်တယ်။
သူ့ရဲ့သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက လျှပ်စီးဆူးဖြစ်ပြီး ၎င်းက အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ ဆိုလိုတာကတော့ သူက အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်ပေါ့။
လီဖူချန်းက အဆင့်၂ဒါမှမဟုတ်အဆင့်၃အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်သာဖြစ်တယ်။
အချိန်ကုန်ဆုံးလာတာနဲ့အမျှ သူတို့နှစ်ယောက်လုံးရဲ့အကြိုနတ်ဘုရားစွမ်းအားက လျင်မြန်စွာ လျော့ကျလာတယ်။
ပုံမှန်အနေအထားမှာ အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားတစ်ယောက်အနေနဲ့ မိုးကြိုးနတ်ဘုရားမြောက်လေရဲ့အကြိုနတ်ဘုရားစွမ်းအားက လီဖူချန်းထက် အနည်းဆုံးနှစ်ဆပိုများတယ်။ ဒါပေမယ့် သူက အကြိုနတ်ဘုရားစွမ်းအားတစ်ဝက်ကျော်လျော့ကျနေပေမယ့် လီဖူချန်းရဲ့ချီတည်ရှိမှုက အားမနည်းပါဘူး။
မျက်မှောင်ကြုတ်လျက် သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားကို ပြန်ဖြည့်ဖို့ အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးကို အသုံးပြုသင့်သလားလို့ မိုးကြိုးနတ်ဘုရားမြောက်လေက စဉ်းစားနေတယ်။ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးတွေအတွက်ကတော့ သူ့မှာ အများကြီးရှိမနေဘူးလေ။
ဒါပေမယ့် အဆင့်မြင့်အကြိုနတ်ဘုရားကျောက်တုံးတစ်တုံးက သူ့အကြိုနတ်ဘုရားစွမ်းအားရဲ့တစ်ဆယ်ရာခိုင်နှုန်းကိုသာ ပြန်ဖြည့်နိုင်တယ်။ ဒါက သူ့ရဲ့အချိန်ကို နှောင့်နှေးစေပါတယ်။
လေးဆယ်ရာခိုင်နှုန်း၊ သုံးဆယ်ရာခိုင်နှုန်း......
"မဟုတ်ဘူး၊ အဲဒါ ထောင်ချောက်တစ်ခုပဲ"
မိုးကြိုးနတ်ဘုရားမြောက်လေက တုံ့ပြန်လိုက်တယ်။
သူ့မှာ အကြိုနတ်ဘုရားစွမ်းအားသုံးဆယ်ရာခိုင်နှုန်းအောက်သာ ကျန်တော့တယ်။
"အခုမှ တုံ့ပြန်ဖို့ နောက်ကျသွားပြီ"
လီဖူချန်းက ရန်ချင်းဟူတို့ကို ထုတ်လိုက်တယ်။
သူတို့လေးယောက်က ကြိုတင်ပြင်ဆင်ထားပြီး သူတို့ရဲ့အသန်မာဆုံးတိုက်ကွက်တွေကို ချက်ချင်းထုတ်ဖော်လိုက်တယ်။
နှစ်ဆယ်ရာခိုင်နှုန်း။
မိုးကြိုးနတ်ဘုရားမြောက်လေရဲ့အကြိုနတ်ဘုရားစွမ်းအားတစ်ဆယ်ရာခိုင်နှုန်းက ကုန်ဆုံးသွားခဲ့တယ်။
ရန်ချင်းဟူတစ်ယောက်တည်းကပဲ အားထုတ်မှုရှစ်ဆယ်ရာခိုင်နှုန်းကို ပြုလုပ်ခဲ့တယ်။
အောင်မြင်ခြင်းချပ်ဝတ်နဲ့ဆိုရင် သူမရဲ့ခွန်အားက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအဆင့်မှာ ရှိနေပြီ။ အောင်မြင်ခြင်းရောင်ခြည်စက်ဝန်းကို အသက်သွင်းပြီးနောက် သူမရဲ့ခွန်အားက အဆများစွာ ပိုတိုးလာတယ်။
"ပြေးရမယ်"
မိုးကြိုးနတ်ဘုရားမြောက်လေက ကြောက်ရွံပြီး ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်ရဲ့စွမ်းရည်ကို ချက်ချင်းအသက်သွင်းလိုက်တယ်။
"မင်း လွတ်မြောက်နိုင်မယ်ထင်နေတာလား"
လီဖူချန်းကလဲ ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်ရဲ့စွမ်းရည်ကို အသက်သွင်းကာ လိုက်လာတယ်။
"တောက်"
မိုးကြိုးနတ်ဘုရားမြောက်လေက စိုးရိမ်တကြီး၊ ဒေါသတကြီးဖြစ်နေတော့တယ်။
လီဖူချန်းက မီးတာအိုအကြိုနတ်ဘုရားတစ်ယောက်ဖြစ်ရုံတင်မက အချိန်တာအိုအကြိုနတ်ဘုရားတစ်ယောက်လဲဆိုတာကို သူက ဘယ်လိုလုပ်ပြီး မမြင်နိုင်မှာလဲ။ အချိန်တာအိုအကြိုနတ်ဘုရားစွမ်းအားကိုအသုံးပြုပြီး ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်ကို အသက်သွင်းခြင်းက မိုးကြိုးတာအိုအကြိုနတ်ဘုရားစွမ်းအားကို အသုံးပြုပြီး ပျံသန်းလွန်းပြန်ယာဉ်တိုက်ပွဲဖိနပ်ကို အသက်သွင်းတာထက် အများကြီးပိုသန်မာတယ်။
မိုးကြိုးနတ်ဘုရားမြောက်လေရဲ့အကြိုနတ်ဘုရားစွမ်းအားက သူ့ရဲ့အထွတ်အထိပ်မှာရှိနေရင် သူက လွတ်မြောက်နိုင်မှာပါ။ အခု သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက နှစ်ဆယ်ရာခိုင်နှုန်းတောင် မရှိဘူး၊ လွတ်မြောက်ဖို့အခွင့်အရေးက ပါးလျနေတယ်။
အဓိကအကြောင်းရင်းက သူ ယုံကြည်မှုလွန်ကဲပြီး သတိမမူမိသွားလို့ပဲ။
လီဖူချန်းက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်နဲ့အဆင့်၁အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်ကို ခေါ်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
သူသာ သိရင် မလာပါဘူး။
"သေစမ်း"
ရန်ချင်းဟူက မိုးကြိုးနတ်ဘုရားမြောက်လေကို ဓားမော့ချက်အဖြာဖြာထုတ်လွှတ်ကာ ခုတ်ပိုင်းနေလျက်ရှိတော့တယ်။
ဝုန်း.......
မိုးကြိုးနတ်ဘုရားမြောက်လေရဲ့ခန္ဓာကိုယ်က ဗလာဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအားလုံးက ပြုတ်ကျသွားတော့တယ်။