ရုတ်တရက် ပြောင်းလဲခြင်း (အပိုင်း ၂)
Vol. 64 Ch. 977-2
ဖေး နှစ်ထောင်ချီ ချိပ်စည်းတံဆိပ်ကို မပြုပြင်ရန်ဆုံးဖြတ်ခဲ့သည်။
ယင်းအစား၊ သူသည် မှော်အခင်းအကျင်းအသစ်အချို့ကို ၎င်း၏အတွင်း၌ နတ်ဘုရား မှော်စာလုံးများဖြင့် စတင်ဖန်တီးသည်။ ဤနည်းလမ်းက အလုံးစုံချိပ်ပိတ်ခြင်းမဖြစ်စေနိုင်သော်လည်း ၎င်း ကလူအီဗာတ်၏ ပြန်လည်ရှင်သန်မှုကို နှစ်နှစ်ကြာအောင် နှောင့်နှေးစေနိုင်သည်။ ထိုအချိန်တွင် ဖေး သည် ဤနတ်ဆိုးနတ်ဘုရားကို ကိုင်တွယ်ရန် နည်းလမ်းရှာနိုင်မည် ဖြစ်သည်။
ယခု၊ ဤရွေးချယ်မှုသည် အကောင်းဆုံးရွေးချယ်စရာတစ်ခု ဖြစ်ပြီး ဖေး၏ပင်လယ်အောက်ခြေသို့လာသည့် ကိစ္စမှာ ပြီးပြတ်လုနီးဖြစ်သည်။
ဖေးသည် ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ အသက်ပြင်းပြင်းရှူသည်။ ထို့နောက် မှော်အခင်းကျင်းကို ပြင်ဆင်ခါနီးတွင်
မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်။ သူ့ကိုယ်ခန္ဓာတစ်ခုလုံး တုန်လှုပ်သွားလောက်အောင် ကြောက်စရာကောင်းသည့် ခံစားချက်က အဝေးကနေ ရုတ်တရက် လွင့်ပျံလာသည်။
တစ်စက္ကန့်အတွင်းမှာပင် ထိုအာရုံခံစားမှုသည် ပျက်စီးနေပြီး ဖြစ်သော ယာဇ်ပူဇော်သည့် မြင့်မြတ်နန်းတော်၏ အထက်တွင် ပေါ်လာသည်။
ဖေး မော့ကြည့်လိုက်တော့ ကောင်းကင်၌ မောက်မာဟန် ပုံရိပ်ကို ယောင်ဝါးဝါးမြင်လိုက်ရတယ်။ ဒီလူ၏ ရုပ်ရည်ကို ကောင်းကောင်းမမမြင်နိုင်ခင်မှာပင် ထိုသူက လက်ညိုးထိုးလိုက်ပြီး ဆယ်စင်တီမီတာအရွယ် ဓားဖြူနှစ်ချောင်း ပစ်လွှတ်လိုက်သည်။
ဤဓားစွမ်းအင် နှစ်ခုသည် ရှေ့သို့ ပျံထွက်လာပြီးနောက် ချက်ချင်းပင် ကွဲထွက်သွားကြကာ လျှပ်စီးကြောင်းများလိုပင် ၎င်းတို့ထဲမှ တစ်ခုက ဖေးကို ထိမှန်ပြီး နောက်တစ်ခုသည် ထိုအကျဉ်းထောင်တွင် အကျဉ်းကျနေဆဲဖြစ်သော ကလူအီဗားတ်ကို တိုက်ခိုက်ခဲ့သည်။
" ဘာတုန်းဟ "
ဖေးက ဒေါသတကြီး ကျိန်ဆဲပြီး မြေပြင်ပေါ် သို့လှိမ့်ရှောင်လိုက်သော်လည်း ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် မလုံလောက်ပေ။
ထို့ကြောင့်၊ သူသည် မသေမျိုးဘုရင်၏ ကျောက်ကြိတ်ခြေခြင်း ဆင့်ခေါ်ပြီး ထိုဓားစွမ်းအင်ကို ပိတ်ဆို့လိုက်ရ၏။
ဘုန်း..!
ပြင်းထန်သော ထိတွေ့မှုကြောင့် ဖေး ပါးစပ်ထဲ သွေးများ မှုတ်ထုတ်လိုက်ရကာ အမြင့်သို့ လွင့်စင်သွားသည်။
တစ်ဖက်တွင်၊ နတ်ဘုရားချုပ်နှောင်ကျမ်းမှ ဖန်တီးထားသော အလင်းထောင်သည် ကွဲအက်သွားကာ ပင်လယ်မျိုးနွယ်၏ နတ်ဆိုးနတ်ဘရား ကလူအီဗားတ်၏ အခြေအနေမှာ ဖေးထက်ပိုဆိုးသော အခြေအနေသို့ကျရောက်သွားသည်။
ကလူအီဗားတ်လက်ထဲမှ နတ်ဆိုးဓားမှာ ဓားဖြူစွမ်းအင်နှင့် ထိတွေ့ပြီး ပျက်စီးသွားသည်။ သဲအိတ်ကဲ့သို့ ကလူအီဗားတ်ကိုယ်ထည်အပေါ်ပိုင်းသည် အနောက်သို့ ပျံသွားကာ ဧရာမ ခရုပတ်ပုံစံကျောက်စာတိုင်များစွာကို တိုက် ဖြိုချပစ်လိုက်သည်။
ထို ကြောက်မက်ဖွယ်စွမ်းအားကို နတ်ဘုရားပင်မတားနိုင်ခဲ့ပေ။
" ဟမ် လူသားမျိုးနွယ်ဝင်တစ်ယောက်ပါ့လား "
အဖြူရောင်အလင်းများဖြင့် လူက ဖေးကိုကြည့်ရင်းပြောလိုက်၏။
ဖေးသည် သူ့ပါးစပ်ထဲက သွေးများကို ထွေးထုတ်လိုက်ပြီး သူ့လက်ထဲမှ စစ်ပွဲတူကြီးအား ထောက်ကာ အလူးအလဲ ပြန်ထလိုက်သည်။
ထိုတိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ကောင်းပြီးသေမျိုး နယ်ပယ်ကို ကျော်လွန်ခဲ့သည်။ ယခုအချိန်တွင် ဖေးသည် သူ့ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံး ကွဲအက်သွားသလို ခံစားရပြီး သူ့အတွင်းအင်္ဂါများလည်း အနေအထားပြောင်းလဲသွားသည်။ သူသာ လူရိုင်းဘုရင်၏ ခန္ဓာကိုယ်ကို အကြိမ်ပေါင်းထောင်ချီ မတောင့်ခံနိုင်ခဲ့လျှင် နေရာမှာ အသက်ပျောက်လိမ့်မည်။ ဖေးနှင့် နယ်ပယ်တူ အခြား နေအဆင့်သခင်များ ဆိုပါကအသတ်ခံရပြီးသား ဖြစ်ပေလိမ့်မည်။
အဖြူရောင် ၀တ်စုံနှင့် ဒီလူဟာ လူသတ် စိတ်ဓာတ်ဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့တာ ထင်ရှားပါသည်။
ဖေး မော့ကြည့်လိုက်တော့ အံ့သြသွားရသည်။
သူ့ရှေ့ကလူက အသက် သုံးဆယ် လောက်သာ ရှိသေးသည်။
ထိုလူက အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး သူနှင့် အရပ် အမောင်း တူသည်။ ထိုသူသည် ကြွက်သား ပို၍ တောင့်တင်းပြီး ခေါင်းသည် သာမန်လူများထက် အရွယ်အစား ပိုကြီးသည်။
ထိုသူ၏ ရွှေရောင်ဆံပင်များကတော့ သူ့အရေပြားတွင် တင်းတင်းကြပ်ကြပ် ပိနေသည်။
ထိုသူ့မျက်လုံးနှင့် နားများက ကြီးသော်လည်းနှာခေါင်းနှင့် ပါးစပ်ကတော့ သေးနေသည်။
မျက်မှောင်ကြုတ်လိုက်သောအခါတွင် ထိုသူ၏ ပါးလွှာသော မျက်ခုံးများက တစ်ဆက်တည်း ဖြစ်သွားပြီး သူ့မျက်လုံးများက သူ့ခေါင်းပေါ်တွင် ကပ်ထားသော တြိဂံနှစ်ခုလို ဖြစ်နေသည်။ သူ့မျက်လုံးထဲမှာ မြွေတစ်ကောင်လို ဆိုးရွားသည့် အလင်းတန်းတွေ လင်းလက်လာသည်နှင့်အမျှ တခြားသူများအတွက် အေးစက်သည့် လူသတ် ခံစားချက်ကို ကျောချမ်းဖွယ် ခံစားရစေသည်။
"မင်းက လူသားလား"
ထိုအေးစက်ပြီး မောက်မာသည့်အသံက
တစ်ဖန် ပြန်လည် ထွက်ပေါ်လာ၏။ အဖြူရောင်ဝတ်ထားသည့် ဒီလူက ဖေးအား မျက်မှောင်ကြုံ့၍ ကြည့်ရင်း မေးလိုက်သည်။
" ငါ့ကို ပြောစမ်း၊ မင်း ဘာလို့ ဒီကို ရောက်လာလဲ၊ ပင်လယ်မျိုးနွယ်နဲ့ မရိုးသားတာ တစ်ခုခုလုပ်ဖို့ ကြိုးစားနေတာလား "
ဖေးသည် ဤလူ၏ လေသံကို ကြားသောအခါ အလိုမကျဖြစ်သွားသည်။
သို့သော်၊ ဤလူသည် သူ့ထက်များစွာ အစွမ်းထက်ပြီး လက်ရှိကလူအီဗားတ် ထက်ပင် ပိုကြောက်စရာကောင်းသဖြင့် ဖေးသည် ဤလူအား မစော်ကားလိုပါ။
ဖေးက အနည်းငယ် မျက်မှောင်ကြုတ်ကာ
မေးသည်။
“ငါ့အထင် မမှားရင် မင်းက သိုင်းသူတော်စင် တောင်က .. ဟုတ်တယ်
မလား”
ဦးခေါင်းကြီးနှင့် ဤလူသည် သိုင်းသူတော်စင် နံပါတ် တစ် တပည့် မာရာဒိုနာ၊ ဆာဗီအိုလာနှင့် အလားတူ ၀တ်စုံကို ဆင်မြန်းထားသည်လေ။
"ဘာကွ..!အတင့်ရဲလှချည်လား"
အဖြူရောင်ဝတ်ထားသော ဤခေါင်းကြီးကြီးလူသည် သူ့လက်ကို ဝှေ့ယမ်းကာ ရူးသွပ်သော စွမ်းအားဖြင့် ဖေးကို
ငေါက်ငမ်းသည်သည်။
"ငါ မင်းကို မေးခွန်းမေးနေတာ.. မင်း ငါ့ကို ပြန် မေးရဲလား..သေချင်ပြီလား"
End