တံဆိပ်ကို ဖျက်ဆီးခြင်း (အပိုင်းနှစ်)
Vol. 64 Ch. 978-2
ထိုလူငယ်ကို အဖြူရောင်ဝတ်စုံဖြင့် ပထမဆုံးမြင်သောအခါ ဘက်ကင်ဟမ် သူ့ကိုယ်သူ သိမ်ဖျင်းသွားရသည့်အတိုင်းဖေးသည်လည်း သူ့က်ိုယ်သူ ဘာမှ မသိသော ကလေကချေတစ်ယောက်လို ခံစားလိုက်ရသည်။
ဘုရင်သည် အချိန်တိုတိုအတွင်း မြင့်တက်နေ အဆင့်သို့ ရောက်ရှိခဲ့ပြီး လောင်ကျွမ်းနေအဆင့်သည် ဝေးကွာလှသည် မဟုတ်ပေ။
ကမ္ဘာပေါ်တွင် သြဇာအာဏာအရှိဆုံးလူများထဲမှ တစ်ဦး ဖြစ်သည်ဟု ဖေးက သူ့ကိုယ်သူ ထင်မှတ်ပြီး ကမ္ဘာပေါ်တွင် သူ မသွားနိုင်သော နေရာမရှိပေ။
သို့သော် ယခုတော့ သူသည် မိုက်မဲနေသေးကြောင်း ဖေး သဘောပေါက်လာသည်။
“ ဒီလူရဲ့ အစွမ်းက နေအဆင့် နယ်ပယ်ထက် ကျော်လွန်နေပြီ၊ ဒါဆို လူတွေကလည်း နေအဆင့်သခင်တွေထက် ကျော်လွန်ပြီး ပိုအစွမ်းထက်လာနိုင်တာပေါ့ “
တွေးတောမိသည့်အတိုင်း ဖေး၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာကာ
ခေါင်းယမ်းလိုက်သည်။
ယခုအချိန်တွင် သူသည် သူ့ရှေ့တွင် တစ်ခါမှမသိဖူးသော အသစ်စက်စက် ကျင့်ကြံခြင်း တံခါးပေါက်တစ်ခုကို မြင်လိုက်ရသလို ခံစားရသည်။ ကျင့်ကြံခြင်းလမ်းကြောင်းသည် ဝေးကွာ၍ အဆုံးမရှိပါ။
ထို့ကြောင့် သူသည် မည်သည့်အခါမျှ
ဘဝင်မမြင့်သင့်ကြောင်း ကိုယ့်ကိုယ်ကိုသတိပေးမိတော့သည်။
“ဟူး..ဒီလိုသာဆို
ဒိုင်ယာဘလိုကမ္ဘာမှာ ငရဲမုဒ်ကို ကျော်ဖြတ်ပြီး လောင်ကျွမ်းနေအဆင့် အထွတ်အထိပ်ကို အမြန် ရောက်အောင် ကြိုးစားရမယ်။ဒိုင်ယာဘလိုကမ္ဘာတစ်ခုတည်းကို အသုံးပြုပြီးတော့ နေအဆင့်ထက် ကျော်လွန်တဲ့ အဆင့်ကို မရောက်နိုင်ဘူး အဲ့ဒီအခါမှာ ငါ့ရဲ့ စွမ်းအားကို ဘယ်လို မြှင့်တင်နိုင်ပါ့မလဲ “
ဖေးသည် ရုတ်တရက် အရေးတကြီးနှင့် စိတ်ဖိစီးဖွယ် ပြသနာကို တွေးမိသွားသည်။
သို့သော် ယခုက ဤကိစ္စနှင့် ပတ်သက်၍ စဉ်းစားရမည့် အချိန်နှင့် နေရာ မဟုတ်ပါပေ။
“ဟားဟားဟား စိတ်ပျက်စရာပဲ ဒါက စိတ်ပျက်စရာပဲ ရှေးဟောင်းထောက်တိုင် ခုနစ်ဆယ့်နှစ်ခု နတ်ဘုရားလို့ ခေါ်တဲ့ အကောင်လေး မင်းက အရမ်းအားနည်းတယ် ဟမ့် ဒါက စိတ်ပျက်စရာပဲ “
အဖြူနှင့် ဦးခေါင်းကြီးကြီး လူငယ်လေးသည် ကျိုးပဲ့နေသော ခန္ဓာကိုယ်နှင့် မြေပြင်ပေါ်တွင် ရုန်းကန်နေရသော ကလူအီဗားတ်ကို အထင်အမြင်သေးစွာ ငုံ့ ကြည့်လိုက်သည်။
လှောင်ပြောင်သော အပြုံးဖြင့် သူ ရယ်မောပြီး စကားပြောနေသော်လည်း ဆာဗီအိုလာ အကြောင်း သူက တစ်စွန်းတစ်စမျှ ထည့်
မပြောခဲ့ပေ။
ကလူအီဗားတ်က ခန္ဓာကိုယ် သိမ်းပိုက်ခားသည့် သူ့ဆရာတူညီအစ်ကိုဟာ သူ့အတွက် အရေးမကြီးဟု ထင်ရပါသည်။
“လူသား၊ သနားစရာကောင်းတဲ့ လူသား! မင်းက သနားစရာကောင်းတဲ့ ဘဝင်မြင့်တဲ့ကောင်ပဲ…”
သူ့ပခုံးနှင့် အထက်ပိုင်းက မထိခိုက်သေးရာ ထိုနတ်ဆိုးက သူ့ကို ထောက်မထားသည့် မီးခိုးရောင် အခိုးအငွေ့တွေနှင့်အတူ လေထဲကို ပျံဝဲသွားသည်။
ယခုအခါ...ကလူအီဗားတ်သည် တော်တော် ငြိမ်သက်သွားပေမယ့် ပြိုင်ဘက်ကို ပို၍ အထင်သေး၊ စက်ဆုပ်စွာဖြင့် ပြန်ကြည့်နေသည်။
လူရွှင်တော်တစ်ယောက်လို အဖြူရောင်ဝတ်ထားသည့် ဤခေါင်းကြီး လူငယ်ကိုကြည့်ရင်း၊ ကလူအိီဗားတ်က လှောင်ရယ်သည်။
“ညံ့ဖျင်းတဲ့လူသား မင်း ကိုယ့်ကိုကိုယ်ဖျော်ဖြေဖို့ ပျော့ညံ့တဲ့ခွန်အားကို အသုံးချနိုင်တယ် ငါ့ခွန်အားပြန်ကောင်းလာတယ်ဆိုရင် အမြီးလေးကုပ်ပြီး မင်းပြေးဖို့သာ ပြင်...”
ကလူအီဗားတ်၏ ခြိမ်းခြောက်မှုကို ကြားသော် အဖြူရောင် ဝတ်စုံဝတ် ခေါင်းကြီးကြီး လူငယ်လေးက ပြုံးသည်။
“ဟား....”
သူက ရုတ်တရက် မောက်မောက်မာမာ ရယ်မောလိုက်ပြီး
“မင်းကို အခု ငါသတ်လိုက်ရင်တောင် မင်းအရှူံကို လက်မခံချင်ဘူးမလား ဟားဟားဟားဟား ကောင်းပြီ မင်းရဲ့ခန္ဓာကိုယ်ကို ငါ လွှတ်ပေးပြီး မင်းကို အဲဒီနည်းနဲ့ ချေမှုန်းပစ်မယ် မင်း သိအောင် ပြောလိုက်မယ်...ထောက်တိုင် ခုနစ်ဆယ့်နှစ်ခု နတ်ဘုရားလို့ ခေါ်တဲ့ သမိုင်းထဲက ထောက်တိုင်ကြီး ခုနစ်ဆယ့်နှစ်ခုက ငါဆိုတဲ့ ဒီအလက်ဇန်ဒရို အရှေ့မှာ အလကားပဲကွ...!”
“ဒီအလက်ဇန်ဒရို!”
ဖေး ဤအမည်ကို ချက်ချင်းမှတ်ထားလိုက်သည်။
ဝှီး.... ဝှီး.....
ဝှစ် ....ဝှစ်...!
ကြောက်မက်ဖွယ်ကောင်းသော ဓားဖြူစွမ်းအင်ငါးခုသည် ဒီအလက်ဇန္ဒားရို၏ လက်ချောင်းများမှ ပျံထွက်သွားပြီး အနက်ရောင်အက်ကွဲကြောင်းများစွာကို လေထုထဲတွင် ထားခဲ့သည်။
ဝေးလွန်းလှသော နှစ်ထောင် စည်းတံဆိပ်အား ၎င်းတို့က ပစ်မှတ်ထားသည်။
ဖေး မျက်နှာသည် ချက်ချင်း အရောင်ပြောင်းသွားသော်လည်း ၎င်းကို သူ မတားနိုင်ခဲ့ပေ။
ကျယ်လောင်သော အော်ဟစ်ဆူညံသံများ ဆက်တိုက် မြည်လာသောအခါတွင် ထူးခြားသော ကျောက်စိမ်းသားဖြင့် ဖန်တီးထားသည့် အဆိုပါ ယဇ်ပလ္လင်ငယ်လေး ပေါက်ကွဲသွားပြီး ရွှေရောင်စွမ်းအင် ဧရိယာထဲသို့ ချက်ချင်း ပျံ့နှံ့သွားသည်။
ထို့နောက် ပေါက်ကွဲမှုအပေါ်တွင် မှိုနက်တိမ်တိုက်တစ်ခု ပေါ်လာပြီး စွမ်းအင်လှိုင်းများသည် အရပ်ရပ်သို့ ရွေ့လျားသွားသည်။
မကြာခင်မှာပင် အချင်းသုံးမီတာ အရှည် အပေါက်တစ်ခုဟာ ကျိုးနေသည့် ယဇ်ပလ္လင်အောက်၌ အဆုံးမရှိသည့်နှယ် ပေါ်လာသည်။
“ဟားဟား လူမိုက် အခု မင်းလုပ်လိုက်တဲ့ ဆိုးရွားတဲ့အမှားကို သဘောပေါက်ပြီမလား နတ်ဘုရားရဲ့ဒေါသကို လက်ခံလိုက်စမ်း ဟားဟားဟား “
ထိုနက်ရှိုင်းသောတွင်းမှ အာကာသနှင့် အချိန်ကို ဖြတ်သန်းလာသည်သု ထင်ရသော ကျယ်လောင်သော ဟိန်းဟောက်သံကြီး မြည်ဟည်းလာသည်။
တစ်ချိန်တည်းမှာပင် ထိုအသံမှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော လူသတ် နတ်ဆိုးစွမ်းအင်ကို အာရုံခံစားနိုင်သည်။
ရောင်ပြန်အနက်ရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး ချွန်မြသော အညိုရောင်လက်သည်း အရှည်များ ပါရှိသည့် ဧရာမလက်ကြီး တစ်ချောင်း ဖြည်းညှင်းစွာ ထွက်လာသည်။ ၎င်းလက်ကြီးသည် အပေါက်၏ အစွန်းပေါ်သို့ ဆုပ်ကိုင်ထားသည်။၎င်းက ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသားရဲ တစ်ကောင်၏ အန္တရာယ်များ
ခိုအောင်းနေသော လက်နှင့် တူသည်။
End