တံဆိပ်ကို ဖျက်ဆီးခြင်း (အပိုင်းတစ်)
Vol. 64 Ch. 978
ဖေး ဒေါသ ထောင်းခနဲ ထွက်သွားသည်။
သူ့လက်ကို မြှောက်ရင်း ထိုဦးခေါင်းကြီး သော လူ၏ အဖြူရောင်စွမ်းအားကို ပိတ်ဆို့ကာ ထိုလူ့အား စူးရဲစွာ စိုက်ကြည့်ရင်း စကားလုံးတစ်လုံးချင်း အံကြိတ်၍ ပြောသည်။
“ငါ့ရှေ့မှာ မထောင်လွှားနဲ့ မင်းဘယ်ကလာလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ မင်းရဲ့ အခြေအနေကို နားမလည်သေးရင် မင်းရဲ့ဦးစားပေး လွဲချော်နေရင် ပင်လယ်မျိုးနွယ်ရဲ့ နတ်ဆိုးကို အဆုံးသတ်ဖို့ လူကြီးမင်း
မာရာဒိုနာ ပေးတဲ့ မင်းရဲ့ တာဝန် ကျရှူံးလိမ့်မယ်...မင်း ပြသနာတက်လိမ့်မယ်”
“ဘယ်...ဘယ်လိုသိတာလဲ”
အဖြူရောင် ဝတ်ရုံဝတ် ဤခေါင်းကြီးလူသည် ဖေးကို စိုက်ကြည့်နေပြီး သူ၏တြိဂံမျက်လုံးများတွင် လူသတ်အလင်းတန်းများ လင်းလက်လာသည်။
မသေမျိုးဘုရင်၏ ကျောက်တုံး ကြိတ်ခြေခြင်းအား တွေ့သွားသောအခါ ဤလူ၏ မျက်လုံးထဲတွင် လောဘစိတ်တစ်ခု ပေါ်လာသည်ကို ဖေး သတိပြုမိသည်။
ဤစစ်ပွဲတူကြီးသည် ဓားဖြူစွမ်းအင်ကို
မပျက်စီးစေဘဲ ပိတ်ဆို့လိုက်သောအခါ၊ ထိုလူသည်လက်နက်၏ မှော်ဆန်သောစွမ်းရည်ကို အသိအမှတ်ပြုလိုက်ရပြီး လောဘကြီးသွားကြောင်း ထင်ရှားသည်။
...ဟမ့်..ဒီလူက အသုံးကျပုံ မပေါ်ဘူး..
ချက်ချင်းပင် ဖေး စိတ်ထဲတွင် ကောက်ချက်ချလိုက်သည်။
ထိုလူက စိတ်မြန်လက်မြန်ရှိကာ စိုးရိမ်ပူပန်နေသောကြောင့် သူ့အား အခြေအနေကို နားလည်မှုလွဲကာ မတော်တဆ တိုက်ခိုက်ခဲ့ခြင်းဟု သူက အစက ထင်ခဲ့သည်။
သို့သော် ယခုတော့ ထိုသို့ မဟုတ်ပေ။ရုတ်တရက်ပေါ်လာသော ထိုဆရာသခင်မှာ လောဘကြီးကာ မရိုးရှင်းသော လူတစ်ယောက်ဖြစ်သည်။
ဖေးသည် နောက်တစ်ကြိမ် လှုပ်ရှားခါနီးတွင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပျက်သွားသည်။
ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာပြီး ကြီးမားသော ကျောက်တုံးကြီးများသည် ရုတ်တရက် လေထဲသို့ ပျံတက်သွားကာ အဖြူရောင် ၀တ်စုံဖြင့် ခေါင်းကြီးကြီးလူ ပေါ်သို့ ကျရောက်သွားသည်။
နတ်ဆိုးနတ်ဘုရား ကလူအီဗားတ်သည် သူ၏ ဧရာမဓားကြီးကို ပြန်လည် ဖွဲ့စည်းထားပြီး ဒေါသထွက်နေသော သားရဲကြီးလို သည်းကြီးမည်းကြီး တိုက်ခိုက်ခဲ့သည်။
“ဟားဟားဟား မင်းဟာ တခြားမျိုးနွယ်တွေရဲ့ နတ်ဆိုးလေးပါဘဲ မင်း ငါ့ရှေ့မှာ ဘယ်လို သတ္တိရှိရှိ ထကြွရဲတာလဲ မင်း သေချင်နေတာပေါ့. မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးလိုက်မယ် ဟားဟား ငါ့ရဲ့ နတ်ဘုရားသတ်ဓားသွားအရသာလေး မြည်းကြည့်စမ်း...”
အဖြူရောင် ဝတ်ထားသည့် ခေါင်းကြီးလူငယ်လေးသည် မောက်မာစွာ ရယ်မောကာ နောက်ပြန်မလှည့်ဘဲ လက်ညှိုးကို အသာ ညွှန်ပြလိုက်သည်။
နတ်ဆိုးက ပထမဆုံးတိုက်ခိုက်သော်လည်း ခေါင်းကြီးလူငယ်လေး၏လက်ချောင်းများမှ ဓားဖြူစွမ်းအင်က လေထဲသို့ လွင့်ပျံကာ အမြန်နှုန်းဦး၍ နတ်ဆိုးအား အရင် ထိုးနှက်မိသည်။
ဓားစွမ်းအင်က တစ်ဖန်ပြန်၍ မီးခိုးရောင် တောက်တောက် အလင်းတန်းများ ပါရှိသည့် ကလူအီဗားတ်၏ ဧရာမဓားကြီးကို ထပ်မံ ချေမှုန်းခဲ့ပြီး ကလူအီဗားတ်၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ကာ သူ့ခန္ဓာကိုယ် တစ်ဝက်ကျော်ကို ပျောက်ကွယ်သွားစေသည်။
ကလူအီဗားတ် ပျံထွက်ပြီး မြေပြင်ပေါ် လဲကျသွားပြီးနောက် သူသည် လူသားကို မကြည့်ရဲတော့ပါ။
နတ်ဘုရားစွမ်းအားများဖြင့် ပြည့်နှက်နေသော မီးခိုးရောင် စွမ်းအင်များသည် သူ၏ ကျိုးပဲ့နေသောခန္ဓာကိုယ်မှ ထွက်လာပြီး ခန္ဓာကိုယ်ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် ကြိုးစားသော်လည်း အချိန်တိုအတွင်း မလုပ်ဆောင်နိုင်ပေ။
“အရမ်း အစွမ်းထက်တယ်!”
ဖေး အံ့သြသွားသည်။
ဤလျှို့ဝှက်ဆန်းကြယ်သောသခင်သည် မာနထောင်လွှားထိုက်သည်။
ထိုလူငယ်၏ ခွန်အားသည် ဖေး စိတ်ကူးထက် ကျော်လွန်နေပါသည်။
အမှန်တော့ သူသည် ဖေး မြင်ဖူးသမျှတွင် အစွမ်းထက်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။
အခြားသူများထက် နိမ့်ကျခြင်း မရှိသော ဧကရာဇ် ရက်ဆင်...
ဒဏ္ဍာရီလာ ယဇ်ပလ္လင်တစ်ဝိုက်မှ ပြန်လည်ရှင်သန်လာသည့် ရွှေအရိုးစု.....
မသေသော မှော်ဆရာဟေဇယ် ဘဏ်..... မြောက်ပိုင်းဒေသရှိ ရှီယယ် ရှရိုင်းဘုရားကျောင်းမှ အကြီးအကဲများ...
ဤလူများ အားလုံးသည် ဒေသတစ်ခုကို စိုးမိုးထားသော တန်ခိုးကြီး ဆရာသခင်များဖြစ်ကြသော်လည်း အသက် သုံးဆယ်သာ ရှိမည့် ဤလူငယ်နှင့် နှိုင်းယှဉ်ပါက အလွန်အားနည်းလွန်းလှသည်။
ကလူအီဗားတ်သည် ပင်လယ်မျိုးနွယ်၏ ထောက်တိုင် ခုနစ်ဆယ့်နှစ်ခု နတ်ဘုရားများထဲမှ တစ်ဆူဖြစ်ပြီး အစစ်အမှန် နတ်ဘုရားဖြစ်သည်။
ကလူအီဗားတ်သည် လတ်တလော သူ့ခွန်အားတွေ အပြည့်အဝ ပြန်မရနိုင်ပေမယ့် ယခုပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်လူသည် ကလူအီဗားတ် အထွတ်အထိပ် ကြီးစိုးစဉ်ကပင် ကလူအီဗားတ်အား အံတုနိုင်လေမည်လားဟု ဖေးသည် တွေးတောမိသေးသည်။
“သိုင်းသူတော်စင်တောင်ကလူတိုင်း ဒီလိုအစွမ်းထက်သလား သူကိုယ်တိုင်က သိုင်းသူတော်စင်လား မဟုတ်ဘူး သူ အဲ့ဒါ မဖြစ်နိုင်ဘူး လူကြီးမင်းမာရာဒိုနာကို ပြောတဲ့အခါ သူက လူကြီးမင်မာရာဒိုနာရဲ့ အမိန့်အရ ဒီကိုလာခဲ့တာလို့ ထုတ်ဖော်ပြောခဲ့တယ် သူက အဲဒီမှာ တပည့်တွေထဲက တစ်ယောက်ပဲ ဖြစ်သင့်တယ်... အို ဒါရူးတာပဲ၊ တပည့်တစ်ယောက်က အဲ့လောက် သန်မာနေတာလား ဒါဆို လူကြီးမင်း
မာရာဒိုနာကိုယ်တိုင်ဆိုရင်ရော “
ဖေးသည် ထိုအတွေးနှင့် အတော်လေး ဖြုံသွားသည်။