← Chapters

နတ်ဘုရားတိုက်ပွဲ (အပိုင်းတစ်)

Vol. 64 Ch. 979

နတ်ဘုရားတိုက်ပွဲ (အပိုင်းတစ်)

Vol. 64 Ch. 979

“သောက်ကျိုးနည်း ဒီလူမိုက်က အစွမ်းထက်ပေမယ့် သူ့ဦးနှောက်က သုံးစားမရဘူး.

တကယ့် နလပိန်းတုံးဟ”

ဖေးသည် ထိုပလ္လင်လေးအားဖျက်ဆီးမှုကို မတားဆီးနိုင်ခဲ့သောကြောင့် ဒေါသတကြီးသာ ကျိန်ဆဲနိုင်ခဲ့သည်။

“ဒီအလက်ဇန်ဒရို ဒီခေါင်းကြီးကောင် မင်းခေါင်းကြီးက ရေတွေ ပြည့်နေသလား နှစ်တစ်ထောင် စည်းတံဆိပ်က‌ နေ တကယ့်နတ်ဆိုးနတ်ဘုရားကို သူဘယ်လို လွှတ်ပေးလိုက်တာလဲ.. ဒီအရူးက သူ့ကိုယ်သူ ယုံကြည်မှုရှိတယ်ဆိုရင်တောင် ကလူအီဗားတ်က ထွက်လာပြီး ချက်ချင်းထွက်ပြေးသွားရင် သောက်ပြသနာတက်ပြီပဲ..နတ်ဘုရား ပြေးချင်ရင် လူသားတွေက ဘယ်လို တားနိုင်ပါ့မလဲ “

အခြေအနေက လမ်းကြောင်းမှားနေတာကို မြင်တော့ ဖေးတစ်ယောက် ဒီမှာ ဆက်မနေချင်တော့ပေ။

ရှင်သန်ဆေးရည် ပုလင်းပေါင်းများစွာကို မော့သောက်ပြီးနောက် သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာအားလုံးကို ကုသပေးပြီး ဖေး ထွက်ပြေးရန် အသင့်ပြင်သည်။

စင်စစ်တော့ သူ ဒီမှာ နေပြီး ဒီအရူးနှစ်ယောက်ရဲ့ တိုက်ပွဲကို ဆက်ကြည့်လျှင်

သေသွားနိုင်သည်။

ဘုန်း...!ဘုန်း...!ဘုန်း...!

ပြိုကျနေသည့် ယဇ်ပူဇော်သော နန်းတော် ၏ အခြေခံအုတ်မြစ်သည် စတင်လှုပ်ခတ်လာပြီး မြေပြင်ကို ဖြိုဖျက်ကာ ထွက်သွားတော့မလို ကြောက်စရာကောင်းနေသည်။

ဖေးသည် တစ်စုံတစ်ခုကို တွေးပြီး လေထဲသို့ ပျံတက်သွားသည်။ အောက်ကို ငုံ့ကာ ဧရိယာကို ဂရုတစိုက် ကြည့်သည်။

ယခုအချိန်တွင် ကလူအီဗားတ်၏ ရက်စက်ကြမ်းကြုတ်သော လက်တစ်ဖက်သည် ပလ္လင်၏အလယ်ရှိ နက်နဲသောအပေါက်၌ ကပ်နေပြီး၊ ၎င်းသည် မြေပြင်မှထွက်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။

မြေပြင်ပေါ်တွင် ဧရာမအက်ကွဲကြောင်းများ ပေါ်လာပြီး အချင်းသုံးမီတာရှိသော ဤအပေါက်သည် အရွယ်အစား လျင်မြန်စွာ ကျယ်လာသည်။

အဆုံးတွင်၊ အနက်ရောင် အပ်နှင့်တူသော အမွှေးအမျှင်များ ပြည့်နေသော ဧရာမလက်မောင်းကြီးသည် အပေါက်မှ ထွက်လာသည်။

ဖေး ခေါင်းကို လှည့်ကြည့်လိုက်သောအခါ အဖြူရောင်ဝတ် ခေါင်းကြီး အလက်ဇန်ဒရို ဆယ်မီတာကျော် လေထဲသို့ လွင့်စင်သွားသည်ကို တွေ့လိုက်ရသည်။

ဖေးသည် ၎င်းကို စိတ်ရှည်စွာ စောင့်ကြည့်နေပြီး ပါဝင်ကူညီရန် လုံးဝ ဆန္ဒ မရှိပေ။

ဒီလူက တကယ့် သောက်ရူး။

နတ်ဆိုး နတ်ဘုရား ကလူအီဗားတ် ကို လွှတ်ပေးပြီး ထိပ်တိုက်တွေ့နေသည်။

ဝုန်း!

ဖော်မပြနိုင်သော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပေါ်လာပြီး မီတာ တစ်ထောင်အတွင်း ဖုန်မှုန့်များနှင့် ကျောက်တုံးများအားလုံးသည် ဧရိယာအတွင်းရှိ ဆွဲငင်အား ပျောက်ကွယ်သွားသည့်နှယ် လေထဲသို့ ဖြည်းညှင်းစွာ လွင့်ပျံလာသည်။

ကျယ်လောင်သော ဆူညံသံများ ထွက်ပေါ်လာသည်နှင့်အမျှ ပင်လယ်မျိုးနွယ်စု၏ အစစ်အမှန် နတ်ဆိုး နတ်ဘုရားသည် နောက်ဆုံးတွင် မြေပြင်ကို ဖြိုဖျက်ကာ နှစ်တစ်ထောင်စည်းတံဆိပ် မပါဘဲ ကမ္ဘာတွင် ပြန်လည် သက်ဆင်းလာသည်။

အဆိပ်သင့်ပြီး သေစေတတ်သော အနက်ရောင်စွမ်းအင်တစ်ခု ပေါ်လာပြီး

ကလူအီဗားတ် အနီးရှိ အရာအားလုံးကို ပိတ်လှောင်ထားသည်။ ထို့နောက် နတ်ဆိုးနတ်ဘုရားသည် ကောင်းကင်သို့ ပျံတက်သွားသည်။ သူ လွတ်လပ်လေပြီ။

“ဟားဟားဟား! နှစ်ပေါင်းတစ်ထောင် ကျော်ကြာပြီးနောက် ငါအရှင်.. နောက်ဆုံးလွတ်မြောက်ပြီ..!ဟားဟားဟား!”

ပြိုကျနေသော ယဇ်ပူဇော်သော နန်းတော် ၏ အထက်တွင် ချက်ချင်းပင် မာန်ဖီ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

လွန်ခဲ့သည့်တစ်နာရီက တည်ရှိနေဆဲ ဖြစ်သော ဤမြို့သစ်၏ အခမ်းနားဆုံး အဆောက်အဦသည် ယခုအခါ အပျက်အစီးများဖြစ်လာပြီး လှေကားထစ် ခြောက်ဆယ် ကျော်ရှိသောလှေကားသည် လည်း ကျောက်တုံး ကျောက်စများအဖြစ် ဘဝ ပြောင်းသွားသည်။

အရှုပ်အထွေးများကြားတွင် ရပ်နေသည့် မီတာ တစ်ရာ ကျော်မြင့်သော ဧရာမသားရဲနှင့်တူသော သတ္တဝါကြီးသည် သူ၏ အမွေးအမှင် ထူသော ရင်ဘတ်ကို လက်သီးများဖြင့် တဘုန်းဘုန်း ထုနှက်ကာ နားကွဲဖွယ် ဟိန်းဟောက်သည်။

အနက်ရောင် မြူခိုးများသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များဖြင့် ဖန်တီးထားပြီး ၎င်းတွင် နတ်ဘုရား စွမ်းအား တည်ရှိသည်။

ဖေး၏ လက်ရှိအမြင်အရ နတ်ဆိုးနတ်ဘုရား ကလူအီဗားတ်သည် ရေမျောက်ဝံနှင့် တူလေသည်။ သူ့တွင် တောက်ပြောင်သော အနက်ရောင် အကြေးခွံများနှင့် ဦးခေါင်းပေါ်တွင် လိမ်ကောက်သော ဦးချိုနှစ်ချောင်း ပါရှိပြီး မျက်လုံးမှာ သုံးလုံး ဖြစ်သည်။

ဘေးနှစ်ဖက်ရှိ မျက်လုံးနှစ်လုံးတွင် သူငယ်အိမ်လေးခု ပါရှိပြီး အလယ်မျက်လုံးတွင် သူငယ်အိမ်မရှိသည့်အပြင် ‌၎င်းမှ အနီရောင်တောက်တောက်မီးလုံးများသာ တရွှီရွှီမြည်သံပြုနေသည်။

ထိုနတ်ဆိုးနတ်ဘုရား၏ ပတ်ပတ်လည်ကို ထို မျက်လုံးများဖြင့် ဝေ့ဝဲကြည့်လိုက်ပုံက ကြောက်စရာကောင်းလှသည်။

ထို့အပြင် သူသည် မီတာ တစ်ရာ ကျော်မြင့်မားပြီး သူ၏ ဖောင်းကားနေသော ကြွက်သားများက ကျောက်စိုင် ကျောက်သားများဖြင့် ထွင်းထုထားသည့်နှယ်။

ထို့အပြင် သူ့ရင်ဘတ်တစ်ခွင်လုံးတွင် အနက်ရောင်အစက်များ အများအပြားရှိနေကာ ၎င်းတို့ကို ကျောက်မီးသွေးဖြင့် လောင်ကျွမ်းနေသလိုပါပင်။

သူ့တွင် လက်ငါးချောင်းစီ ပါရှိပြီး လက်ချောင်းတစ်ချောင်းစီသည် နတ်ဘုရားအဆင့်လက်နက် များနှင့်တန်းတူ အဖျက်စွမ်းအား ကြီးမားသည်။ ထို့အပြင် သူ့တွင် အနက်ရောင်ဆံပင်ရှည်များရှိပြီး မြေအောက်၌ ကြာရှည်စွာနေခဲ့၍ နံစော်ပုပ်ပွနေပြီ ဖြစ်သည်။

ကလူအီဗားတ် ပိုင်ဆိုင်သော ဆာဗီအိုလာ၏ ခန္ဓာကိုယ်တွင် ဦးခေါင်းနှင့် ပခုံးများသာ ကျန်တော့သည်။ ထိုအခိုက်အတန့်၌ တောက်ပသော မီးခိုးရောင်စွမ်းအင် လှိုင်းတစ်ခုသည် ကလူအီဗားတ်၏ မူလခန္ဓာကိုယ်ထဲသို့ ချက်ချင်းပြန်ဝင်လာပြီး ဆာဗီအိုလာ၏ ခမ်းခြောက်သွားသော မီးခိုးရောင် အလောင်းတစ်ခုအဖြစ်ပြန်ပြောင်းသွားသည်။

ဤလုပ်ငန်းစဉ်တစ်ခုလုံးတွင် ဒီအလက်ဇန်ဒရို သည် သူ့စီနီယာအစ်ကိုအား မငဲ့ကြည့်ခဲ့ပါ။

*”ဟားဟားဟား သိပ်ကောင်းတယ်! ကောင်စုတ်‌လေးနှစ်ယောက် မင်းတို့

မလွတ်နိုင်တော့ဘူး ငါ့ကို အရှက်ရစေခဲ့တဲ့ လူသားနှစ်ယောက်...မရဏလမ်းကို မြန်းရမယ်...”

သူ့ခန္ဓာကိုယ်ကို ဆန့်ထုတ်ပြီးနောက် ကလူအီဗားတ်က ခေါင်းကို မော့ကာ အကျယ်ကြီး ရယ်မောလိုက်သည်။

အသံလှိုင်းများသည် လမ်းကြောင်းအားလုံးကို ချက်ချင်းချဲ့ထွင်ကာ ဤပင်လယ်အောက်ပင်လယ်ပြင်ကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့သည်။ သူ့လက်အား လွှဲယမ်းကာ

ကလူအီဗားတ်သည် ဒီအလက်ဇန်ဒရိုကို ဦးစွာတိုက်ခိုက်ခဲ့သည်။

ကလူအီဗားတ်သည် ဖေးထက် ဤမာနကြီးသောလူငယ်ကို ပို၍ မုန်းတီးခဲ့သည်။

“ဟမ့် စောင့်ကြည့်နေ ငါ မင်းကို ဖိနှိပ်ပြီး ထပ်ပြီး ပိတ်လှောင်မယ် မင်းတို့ရဲ့ အောက်ခြေမရှိတဲ့ ချောက်ထဲကို ငါ ပြန်ပို့ပေးမယ် ဟားဟား!”

ဤနတ်ဆိုးနတ်ဘုရား၏ တိုက်ခိုက်မှုကို

ရင်ဆိုင်ရသောအခါ ဒီအလက်ဇန်ဒရိုသည်

မကြောက်ပါ။ သူက မထီမဲ့မြင် ရယ်မောလိုက်ပြီး နေရာမှ မရွေ့ပေ။

သို့သော်၊ အဖြူရောင်ဓားစွမ်းအင် လှိုင်းများသည် မည်သည့်နေရာမှ ပေါ်ထွကမလာသည် မသိ၊ တစ်ခုပြီးတစ်ခု ပေါ်လာပြီး ကလူအီဗားတ်၏ ဧရာမခန္ဓာကိုယ်ဆီသို့

တဟုန်ထိုး တိုးဝင်သွားကြသည်။

ဤဓားစွမ်းအင်များအတွင်းမှ စွမ်းအားသည် ကမ္ဘာကြီးကို ဖျက်ဆီးရန် လုံလောက်ပါသည်။

End

All Chapters