ဘုရားသခင်အဆင့် တိုက်ခိုက်ရေးလက်နက် (အပိုင်းတစ်)
Vol. 64 Ch. 980
အချိန်တိုအတွင်း လိုက်လျောညီထွေဖြစ်လာပြီးနောက် ပင်လယ်မျိုးနွယ်၏နတ်ဘုရား ကလူးဗာတ်၏ခွန်အားသည် ဆက်လက်တိုးလာသည်။ သူ၏ ဧရာမ ခန္ဓာကိုယ်တွင် အနက်ရောင် အလင်းတန်းများ ရှိနေပြီး ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်နေပုံရသည်။
ဒီအလက်ဇန္ဒရို၏ နတ်ဘုရားသတ်စာလိပ်သည် သည် မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး ငွေဓားစွမ်းအင်များသည် အဆက်မပြတ်ပြိုကျကာ ဤရှေးဟောင်းပင်လယ်မျိုးနွယ်စု၏မြို့တော်ကို အပျက်အစီးနယ်မြေအဖြစ်သို့ ပြောင်းလဲစေသော်လည်း ၎င်းသည် ကလူးဗာတ် ကို အန္တရာယ်ပြုရန် မလုံလောက်ပါ။
“ဟာဟားဟား လူသား မင်းကပုရွက်ဆိတ်လောက် အားနည်းနေတယ်၊ နတ်ဘုရားကို သတ်ချင်တယ်လို့ မင်းဘယ်လိုပြောရဲတာလဲ။
နတ်ဘုရားသတ်စာလိပ် ၏အမည်သည် ကလူးဗာတ် ကို ဒေါသထွက်စေခဲ့ပြီး နတ်ဆိုးနတ်ဘုရားက ဒီအလက်ဇန္ဒရိုကို အထင်အမြင်သေးဟန် ကြွေးကြော်ခဲ့သည်။
သူကငွေဓားစွမ်းအင်မုန်တိုင်းကို လုံး၀ လျစ်လျူရှုထားပြီး ရယ်မောနေသည်။ သူ၏ ခွန်အားမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ ခုခံကာကွယ်မှုကို လုံးဝစွန့်လွှတ်ကာ လက်နှစ်ဖက်ကို ဖွင့်ထားသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်၌ ကျန်ရစ်ခဲ့ေသာငွေဓားစွမ်းအင်ကြောင့် ရသည့် ဒဏ်ရာများမှာ လုံးဝပျောက်ကင်းနေပြီဖြစ်သည်။
ထူးဆန်းသော အနက်ရောင်အလင်းတန်းများ သူ့ခန္ဓာကိုယ်ပေါ်၌ စတင်တောက်ပလာသည်နှင့်အမျှ ငွေရောင်ဓားစွမ်းအင်များက သူ့ကို အန္တရာယ်မပြုနိုင်တော့ပေ။ ငွေဓားစွမ်းအင်များက သူ၏အနက်ရောင်အရေပြားပေါ်တွင် မီးပွားများသာဖန်တီးနိုင်သည်။
“ လူသား မင်းရဲ့ စွမ်းဆောင်မှုက ဒီည ဒီမှာပဲ ပြီးမယ် “
ပင်လယ်မျိုးနွယ်၏ နတ်ဆိုးနတ်ဘုရားသည် သူ၏ ဧရာမခန္ဓာကိုယ်ကို ဆန့်တန်းကာ နက်ရှိုင်းစွာလေ ရှူသွင်းလိုက်သည်။
ကလူးအီဗာတ်၏ ပြင်းထန်သောအစွမ်းကြောင့် သူ၏ အသက်ရှူသွင်းမှုက ကျယ်လောင်သောအသံများကို ထွက်ပေါ်လာစေသည်။
ကြီးမားသော ကလူးဗာတ်၏ကိုယ်ထည်သည် ပူဖောင်းတစ်ခုကဲ့သို့ပင် ကျယ်လာပြီး ငွေဓားစွမ်းအင်အများစုကို သူ၏ပါးစပ်ထဲသို့ စုပ်ယူသွားခဲ့သည်။ သူ့ရှေ့ မီတာ 100 အတွင်းမှာရှိသော လေအားလုံး သူ့ပါးစပ်ထဲ စုပ်ယူခံလိုက်ရကာ နေရာလွတ်များပေါ်ထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပရမ်းပတာဖြစ်သွား၏။ ခဏရပ်ပြီးနောက် ကလူးဗာတ် သည် သူ၏ပါးစပ်ကိုဖွင့်ကာ ဟိန်းဟောက်ကာ လေထဲတွင် ကြမ်းတမ်းသောအသံလှိုင်းများ ဖြစ်ပေါ်လာစေခဲ့သည်။
“ဝေါင်း!!!!!!!!!”
ဧရာမ အသံလှိုင်းများသည် လူသားတိုင်း ခံနိုင်ရည်ထက် များစွာပိုလွန်းလှသည်။
ဖေးနှင့် ဘက်ကင်ဟမ်တို့မှာ မီတာ 500 ကျော်အကွာ၌ အကာအကွယ်တစ်ခုဖြင့် ကာကွယ်ထားခဲ့သော်လည်း နားရွက်ပေါ်တွင် လက်ကိုတင်ထားရဆဲဖြစ်သည်။ယခုအချိန်တွင် သူတို့၏ အမြင်အာရုံများ မှောင်မိုက်နေပြီး သူတို့ရဲ့ နားရွက်တွေထက်မှာ ရွှေရောင်ကြယ်လေးတွေ ဝိုင်းအုံလာနေသည်။
တစ်ကိုယ်လုံးအဖြူ ဝတ်ထားသော လူငယ်လေး ဒီအလက်ဇန္ဒရိုကတော့ တိုက်ခိုက်မှု၏ ပစ်မှတ်ဖြစ်ဖြစ်ရာ ဖိအားများစွာ ကြုံတွေ့နေရသည်။
“နတ်ဘုရားသတ်စာလိပ် ... ဆွဲ ကာကွယ်ပါ”
အော်သံများ ထွက်ပေါ်လာပြီး ငွေရောင်ဓားစွမ်းအင်များ အချင်းချင်း စုပေါင်းလာကာ နာခံမှုရှိသော ကလေးငယ်များကဲ့သို့ ရုတ်တရက် စုစည်းလာခဲ့သည်။ သူတို့ဟာ သူတို့ကိုယ်သူတို့ စနစ်တကျ စီစဥ်ပြီး ဒီအလက်ဇန္ဒရိုကို အလွှာကို ကြက်သွန်ဥအကြီးကြီးလို တစ်လွှာပြီးတစ်လွှာ ရစ်ပတ်ထားသည်။ အဆုံးတွင် ၎င်းတို့သည် အချင်း 20 မီတာကျော်ရှိသော ငွေစက်လုံးတစ်ခုအဖြစ် ဖွဲ့စည်းကာ အလယ်ဗဟိုတွင် ဒီအလက်ဇန္ဒရို ကို ကာကွယ်ခဲ့သည်။
နောက်အခိုက်အတန့်တွင်၊ ပြင်းထန်သော အသံလှိုင်းများက ငွေစက်ကွင်းပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လာခဲ့သည်။
သတ္တုခြင်း တိုက်မိသော ဆူညံသံများ ထပ်မံထွက်ပေါ်လာပြီး ငွေစက်လုံး ပျက်စီးသွားကာ သတ္တုဓားများ ကွဲကြေသွားသည်။ ငွေဖုန်မှုန့်များသည် လေထဲသို့ ပျံတက်လာကာ ဧရာမငွေစက်လုံးသည် အခွံနွှာခံရသော အာလူးကဲ့သို့ အရွယ်အစား လျင်မြန်စွာ လျော့နည်းသွားသည်။
ငါးမိနစ်မပြည့်မီတွင်၊ ငွေဓားစွမ်းအင်များအားလုံး ကွဲအက်သွားပြီး ငွေရောင်အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားကာ အတွင်းထဲတွင် ပုန်းနေသော ဒီအလက်ဇန္ဒရိုမှာ ထုတ်ဖော်ခံလိုက်ရ၏။
“ အုံး “
ဒီအလက်ဇန္ဒရို ၏ မျက်နှာသည် အရောင်ပြောင်းသွားပြီး သူ့လက်များကို ရှေ့သို့ အမြန်တွန်းလိုက်သည်။ ကောင်းကင်ကို ဖုံးထားနိုင်လောက်အောင် ကြီးမားသော ငွေရောင်ဓားကြီးတစ်ခု ပေါ်လာပြီး နတ်ဆိုးအသံလှိုင်းများကြောင့် ကွဲအက်သွားခြင်း မရှိပေ။ သို့သော်လည်း ကြီးမားသော ရိုက်ခတ်မှု စွမ်းအားသည် ဒီအလက်ဇန္ဒရို အား ကျိုးသွားသော စွန်ကဲ့သို့ ပျံထွက်စေကာ ငွေရောင်တောက်တောက် တောက်ပနေသော သွေးများ ပါးစပ်ကို ထွေးထုတ်လိုက်သည်။
“ဟားဟားဟား၊ သေပြီ!”
ရက်စက်ကြမ်းကြုတ်သော ရယ်သံတစ်ခုနှင့်အတူ နတ်ဆိုးနတ်ဘုရား ကလူးဗာတ် သည် အကြင်နာမဲ့စွာ လိုက်၍ တိုက်ခိုက်ခဲ့သည်။
သူ ရှေ့ကို တစ်ခါခုန်လိုက်တိုင်း တစ်မြို့လုံး တုန်လှုပ်သွား၏။ သူများစွာ မလှုပ်ရှားခဲ့သော်လည်း သူနှင့် ဒီအလက်ဇန္ဒရို အကြား အကွာအဝေးကို လျှို့ဝှက်နည်းလမ်း သုံး၍ ချုံ့ပြီး ခြေတစ်လှမ်းအတွင်း အဖြူေရာင်ဝတ်ဦးခေါင်းကြီး လူငယ်လေးအနား ရောက်ရှိသွားသည်။