သက်သေအားလုံးကို ဖယ်ရှားခြင်း(အပိုင်းတစ်)
Vol. 64 Ch. 982
အုန်း
နတ်ဆိုးနတ်ဘုရား ကလူးအီဗာတ် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ပြန်သည်။
ချွန်မြနေသော ချိတ်များပြည့်နေသည့် ကလူးအီဗာတ်၏ လက်အိတ်က နတ်ဘုရားလက်နက်အစွမ်း ငွေရောင်စက်လုံးကိုကျော်ဖြတ်၍ ဒီအလက်ဇန္ဒရို၏ ရင်ဘက်ကို ထိုးဖောက်သွားသည်။
အဖြူရောင်ဝတ် ခေါင်းကြီးလူငယ်၏ပါးစပ်မှ သွေးများ အန်ထွက်လာသည်။
ရေအောက်ထဲ၌ တဝုန်းဝုန်း မြည်သံများ ထွက်ပေါ်လာ၏။
ဒီအလက်ဇန်ဒရို၏ ခေါင်းထက်မှ ဓားကျိုးမှာ ထိခိုက်ခံလိုက်ရပြီး သူ၏ ခေါင်းပေါ်မှ ပြုတ်ကျလုနီးပါးဖြစ်သွားသော်လည်း ၎င်းက ကွေ့ဝိုက်၍ ခေါင်းပေါ်ပြန်ရောက်သွား၏။ ၎င်းက ဒီအလက်ဇန္ဒရိုအတွက် ငွေရောင်စက်ဝိုင်းကာတစ်ခု ပြန်လည်ဖန်တီးပေးခဲ့သော်လည်း ၎င်း၏တောက်ပမှုနှင့် သလင်းကျောက်ကဲ့သို့ အသွင်အပြင်ကို ဆုံးရှုံးခဲ့သည်။ ထို့အပြင် သံချေးတက်အစက်လေးများ ၎င်းမျက်နှာပြင်မှ ပြန်လည်ထွက်ပေါ်လာ၏။
အုန်း အုန်း အုန်း
ဒီအလက်ဇန္ဒရိုက ပြင်းပြင်းထန်ထန်တိုက်ခိုက်၍ အနားရောက်နေသော ကလူးအီဗာတ်ကိုခုခံသည်။
ဒီအလက်ဇန္ဒရို၏ ရင်ဘတ်မှ ဒဏ်ရာက သေစေနိုင်သော ဒဏ်ရာဖြစ်သည်။ သူ၏ နှလုံးသားကိုပင် ထိုအပေါက်မှ လှမ်း၍ မြင်နေရ၏။
သူ၏ မျက်နှာက ဖြူဖျော့နေပြီး ချောင်းဆိုးလိုက်တိုင်း သွေးများအန်ကျနေသည်။ ခေါင်းထက်ရှိ နတ်ဘုရားလက်နက်ဓားကျိုးသည်လည်း မှိန်ဖျော့သွား၏။ ကလူးအီဗာတ်၏ တိုက်ခိုက်မှုက သူ့အားအတော်ထိနာစေကြောင်း သိသာလှသည်။
သူ့အတွက် ကံကောင်းထောက်မသည်က သူက ဤဒဏ်ရာကြောင့် သေမည်မဟုတ်ပေ။
“ကဲ သနားစရာကောင်လေး လူသားနဲ့ နတ်ဘုရားကြားက ခြားနားချက်ကို မင်းနားလည်လား”
လူသားပုံစံနှင့် ကလူးအီဗာတ်မှာ ဒီအလက်ဇန္ဒရို၏ ဦးခေါင်းထက်၍ ရပ်နေပြီး သဘာဝနိယာမများနှင့်ဖွဲ့တည်ထားသော ခရမ်းရောင်သံကြိုးများက သူ့ကိုဝိုင်းဖွဲ့၍ ကာကွယ်နေ၏။ ယခုအချိန်တွင် သူသည် မယုံကြည်နိုင်လောက်အောင်အစွမ်းထက်နေပြီး ဒီအလက်ဇန္ဒရို ၏သွေးများက သူ၏လက်သီးများပေါ်တွင် ရှိနေသေးသည်။
“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ဘယ်လိုဖြစ်နိုင်မှာလဲ မင်း... မင်းက အဆင့်နိမ့်နတ်ဘုရားသခင် နောက်ပြီး မင်းက အနှစ် 1,000 ကျော် ဖိနှိပ်ခံခဲ့ရတာဘဲ၊ မင်းဘယ်လိုလုပ် တန်ခိုးကြီးနေသေးတာလဲ မဟုတ်ဘူး၊ မင်းမှာ ချပ်ဝတ်တန်ဆာ ရှိတယ်... ဟုတ်လား...” ဒီအလက်ဇန္ဒရို၏ အမူအရာ မည်းမှောင်သွားပြီး ကြီးမားသော အမှားတစ်ခုကို ကျူးလွန်မိကြောင်း သူသဘောပေါက်သွားသည်။
သူက မာနကြီးပြီး ယုံကြည်မှုအပြည့်ရှိသော်လည်း သူ့၏ ဝှက်ဖဲများအားလုံးကို ထုတ်ဖော်လိုက်သည့်တိုင် သူ့ပြိုင်ဘက်ကို ဘာမှမလုပ်နိုင်ခဲ့ပေ။ အဆိုးဆုံးမှာ သူသည် ပင်လယ်မျိုးနွယ်၏ မကောင်းဆိုးဝါး နတ်ဘုရားကို နှစ်ထောင်ချီချိပ်တံဆိပ် မှ လွတ်မြောက်စေခဲ့ခြင်း ဖြစ်သည်။ ဤနတ်ဆိုးကို မသတ်နိုင်ခဲ့ပါက ကလူးအီဗာတ် ကျူးလွန်တော့မည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအတွက် အပြစ်အားလုံးကို ခံယူရမည့်သူ ဖြစ်လာလိမ့်မည်။
“ဟားဟား မင်းနောက်ဆုံးတော့ သတိထားမိပြီလား အရမ်းနောက်ကျသွားပြီ ဟားဟားဒါက နတ်ဆိုးနတ်ဘုရားကလာပ် ထားခဲ့တဲ့ နတ်ဆိုးနတ်ဘုရားချပ်ဝတ်ပဲ မင်းရဲ့ဓားတစ်ဝက်ကျိုးမ မပြောနဲ့ ကောင်းနေရင်တောင်မင်းသုံးပုံနဲ့ ချပ်ဝတ်ကို မချိုးဖြတ်နိုင်ဘူး မောက်မာမှု မိုက်မဲမှု နဲ့ မင်းကတော်တော် အသုံးမကျတဲ့ကောင် “
ကလူးအီဗာတ်ကဖေး နှင့် ဘက်ကင်ဟမ် ကို ကြည့်ပြီး လှောင်ပြောင်သော အပြုံးဖြင့် ဆက်လက်၍ပြောသည်။ “ဟားဟား မင်းက သန်မာပေမဲ့ မင်းရဲ့ စရိုက်နဲ့ ဉာဏ်ရည်က အဲဒီ ပိုးကောင်နှစ်ခုနဲ့ ယှဉ်ရင် ညံ့တယ်”
“ဖောင်း” ဒီအလက်ဇန္ဒရို သည် အလွန်အမင်း ရူးသွပ်သွားခဲ့ပြီး အခြား ပါးစပ်မှ သွေးများ ထွက်လာခဲ့သည်။
ပိုင်ရှင်၏ ဒေါသကို ခံစားလိုက်ရသကဲ့သို့ တစ်ဝက်ကျိုးသွားသော ဓားသည် လှုပ်ခါလာပြီး အစွမ်းထက်သော စွမ်းအင်လှိုင်းများ ပေါ်လာသည်။ ဒီအလက်ဇန္ဒရို ၏ မျက်နှာပေါ်တွင် ကြေကွဲဖွယ်အမူအရာ ပေါ်လာသည်နှင့်အမျှ၊ ပြင်းထန်ပြီး မတည်မငြိမ်သော စွမ်းအင်သည် သူ့ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပြီး သူ့ပတ်ဝန်းကျင်ရှိ သဘာဝဒြပ်စင်များ ပွင့်ထွက်လာသည်။ နောက်စက္ကန့်မှာ သူတို့ပေါက်ကွဲမည့်ပုံရသည်။
ဤသည်မှာ ကိုယ့်ကိုယ်ကို ဖောက်ခွဲမည့်လက္ခနာဖြစ်သည်။
ဒါကိုမြင်လိုက်ရတော့ ကလူးအီဗာတ် ၏အမူအရာက ပြောင်းလဲသွားသည်။ “ဟင့်အင်း၊ ဒီလူသားက ငါ့ထက် အများကြီး အားနည်းတယ်၊ နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်ကို ဘယ်လို ထိန်းချုပ်ရမှန်းမသိဘူ။ ဒါပေမယ့် သူကိုယ်တိုင် ဖောက်ခွဲလိုက်ရင် ငါ ဒဏ်ရာရသွားလိမ့်မယ် ထပ်ပြီး နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်ကို ဖောင်ခွဲပစ်လိုက်ရင်၊ ငါက နတ်ဘုရားချပ်ဝတ်ကို ၀တ်ထားရင်တောင် ငါ့အသက်တစ်ဝက်လောက် ဆုံးရှုံးလိမ့်ရမယ်”
ထိုအတွေးသည် ခေါင်းထဲတွင် ပေါ်လာပြီးနောက် ကလူးအီဗာတ် သည် ချက်ချင်း နောက်ပြန်ဆုတ်ကာ သူနှင့် ဒီအလက်ဇန္ဒရို အကြား လုံခြုံသော အကွာအဝေးကို ဖန်တီးခဲ့သည်။
ထိုအခိုက်အတန့်တွင် ဒီအလက်ဇန္ဒရို ၏မျက်နှာပေါ်တွင် ရက်စက်သောအပြုံးတစ်ခု ပေါ်လာသည်။
သူ့လိုလူက သူ့ဘဝကို အလွန်တန်ဖိုးထားသည်။ သူ့ကိုယ်သူ ဘယ်တော့မှ ပေါက်ကွဲမည် မဟုတ်ေပ။
End