လူသားတို့၏သိုင်းသူတော်စင် (အပိုင်းတစ်)
Vol. 64 Ch. 983
“ သေစမ်း “ ဘက်ကင်ဟမ်နှင့် ဖေးတို့ ကျန်ဆဲမိလိုက်သည်။
အကယ်၍ ထိုနတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်သည် ကလူးအီဗာတ် ၏လက်ထဲသို့ ကျရောက်ခဲ့ပါက ၎င်းသည် စိတ်ပင်မကူးနိုင်သော ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ ဤနတ်ဆိုးသည် ဖေး၏အမြင်တွင်ပင်မယုံကြည်နိုင်လောက်အောင် အစွမ်းထက်နေပြီ ဖြစ်သည်။ ဤကဲ့သို့သော နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်ကို ရရှိပါက သန်မာသော ကျားတစ်ကောင်သို့ အတောင်ပံတစ်စုံထည့်လိုက်သလိုပင်။ နောင်တွင် လူသားသခင်များကို သတ်ပစ်ရန် ပို၍ခက်ခဲပေလိမ့်မည်။
သို့သော်လည်း ဖေး သည် ယခုအချိန်တွင် ကလူးအီဗာတ် ကို မရပ်တန့်နိုင်ပေ။
သူ့ခန္ဓာကိုယ်အတွင်း လျှို့ဝှက်ဆန်းကြယ်သော ကျောက်စာတိုင်ကို ရွှေ့ရန် ကြိုးစားသော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။ ယခုအချိန်တွင် ဖေးကိုယ်ထဲရှိ ဧည်သည်က အလွန်ပျင်းရိကြောင်း ဖေး သဘောပေါက်သွားပြီး ၎င်းသည် ဖေး အသက်အန္တရာယ်ရှိသောအခါမှသာ ကယ်တင်နိုင်မည်ဖြစ်သည်။ တခြားအချိန်တွေမှာ Fei ကို လုံးဝလျစ်လျူရှုထားလိမ့်မယ်။
ယခုအချိန်အထိ ဖေး သည် ထိုလျှို့ဝှက်ဆန်းကြယ်သောတိုင်ဘယ်ကလာသည်ကို မသိသေးပါ။ ၎င်းက နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်၏ တိုက်ခိုက်မှုကို ပျော့ပျောင်းစွာ တုန်ခါယုံဖြင့် ဖျက်ဆီးနိုင်သောကြောင့် ၎င်း၏ စွမ်းအားက ရူးသွပ်အောင်ကြမ်းကြောင်း ဖေးသိလိုက်သည်။
ကျောက်တိုင်က မကူညီချင်သောကြောင့် ဖေးသည် နတ်ဆိုးနတ်ဘုရား ကလူးအီဗာတ် ၏ တစ်ဝက်ကျိုးနေသောဓားကို ရယူခြင်းမှ တားဆီးရန် နည်းလမ်းမရှိပါ။
“ အလက်ဇန္ဒား ထွက်ပြေးကြရအောင် ငါတို့ဒီမှာ အလကား မသေနိုင်ပါဘူး ငါတို့က သတင်းဖြန့်ပြီး ဒီနတ်ဆိုးကို သတ်ဖို့ လူသားသခင်တွေကို ခေါ်ခိုင်းရမယ်...” ဘက်ကင်ဟမ် က သူတို့ဘာမှမပြောင်းလဲနိုင်သည်ကို သိ၍ ကျိုးကြောင်းဆီလျော်စွာ ဆုံးဖြတ်ချက်ချပြီး ဖေး ကို အကြံပြုခဲ့သည်။
“ ခဏလောက်စောင့်ရအောင်” ဖေး ခေါင်းယမ်းလိုက်သည်။
ဘက်ကင်ဟမ်၏ အကြံက မလုံလောက်ပါ။ ပထမအချက်မှာ ထိုနတ်ဆိုးကို သတ်ရန် လုံလောက်ပြီး အစွမ်းထက်သော လူသားသခင်များကို ခေါ်ရန် ၎င်းတို့၏ အဆင့်အတန်းသည် မလုံလောက်ပေ ။ လုံလောက်သောလူများကို တစ်နည်းတစ်ဖုံ ခေါ်ယူခဲ့သော်ငြားလည်း [ရနံ့ပင်လယ်] ပတ်လည် ဧရိယာသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီးဖြစ်ကာ အချိန်နှောင်းသွားပေလိမ့်မည်။
“ဟာဟားဟား၊ ငါက အဲ့သနားစရာကောင်ကို ကျေးဇူးတင်ရမှာဘဲ သူက ငါ့ကို တံဆိပ်ကနေ လွတ်မြောက်စေရုံသာမက နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်ကိုလည်း လက်ဆောင်ပေးခဲ့တယ် ဟားဟား “
နတ်ဆိုးနတ်ဘုရား ကလူးအီဗာတ် မာနကြီးသော ရယ်သံသည် ပင်လယ်ထဲတွင် ပဲ့တင်ထပ်နေသည်။
သူ့လက်ကို ဝှေ့ယမ်းလိုက်စဉ်တွင်၊ သဘာဝတရား၏ နိယာမအားဖြင့် ဖွဲ့စည်းထားသော ခရမ်းရောင်ကြိုးများသည် လွင့်ထွက်ကာ ယခုမည်သူမျှ ထိန်းချုပ်မထားသော ဤတစ်ဝက်ကျိုးနေသော ဓားတစ်ဝိုက်တွင် ရစ်ပတ်သွား၏။ နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက် မည်မျှရုန်းကန်ပါစေ အရေးမကြီးပါ၎င်းက ဖျက်ဆီးမရသော ခရမ်းရောင်ကြိုးများက မရုန်းထွက်နိုင်ခဲ့ပေ။ သတ္တုနှင့် ထိမိသော ဆူညံသံများ ဆက်တိုက်ထွက်ပေါ်လာပြီး အဝေးသို့ ထွက်သွားရန် ကြိုးစားနေသည့် နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်မှာ ဖြည်းညှင်းစွာ ကလူးအီဗာတ်ထံ ဆွဲခေါ်ခံလိုက်ရ၏။
သဘာဝဥပဒေသ ခရမ်းရောင်ကြိုးများက ပင်လယ်နတ်ဆိုးနတ်ဘုရား၏ လက်များသဖွယ်လှုပ်ရှားနေရာ ကလူးအီဗာတ်အနေဖြင့် ဘာမျှ လုပ်စရာမလိုဘဲ ရပ်ကြည့်နေရုံဖြစ်သည်။
ဤဖြစ်ရပ် တစ်ခုလုံး၌ ဘက်ကင်ဟမ်နှင့် ဖေးတို့အား သူတစ်ချက်ပင်လှည့်မကြည့်ပေ။ သို့သော်လည်း ဖေးအနေနှင့် ၎င်းက သူ့ကို လျှို့ဝှက်စောင့်ကြည့်နေကြောင်းသိသည်။
ဒီအလက်ဇန္ဒရို ထွက်ပြေးသွားချိန်၌ ပင်လယ်နတ်ဘုရားမှာ အံ့ဩသင့်နေချိန်ဖြစ်ရာ ဖေးတို့အတွက် ထွက်ပြေးရန် အကောင်းဆုံးဖြစ်သည်။ ယခုတော့ ၎င်းက သတိရှိနေပြီဖြစ်ရာ ခက်ခဲသွားပြီဖြစ်သည်။ နတ်ဘုရားလက်နက်အား ကိုင်တွယ်ပြီးပါက ၎င်းက ဖေးတို့ကို စတင်ဖြေရှင်းမည်ဖြစ်သည်။
ဖေးက နတ်ဆိုးကို ဒေါသထွက်စေခဲ့သူဖြစ်၏။ သို့သော်လည်း သူ့တွင်လည်း သူ့အကြောင်းပြချက်ရှိရာ ထွက်သွားရန်မဖြစ်န်ုင်ပေ။
ခရမ်းရောင် အခိုးအငွေ့များက တိမ်တိုက်များ သဖွယ် ကလူးအီဗာတ် ၏ လက်များမှ ထွက်ကျလာပြီး တစ်ဝက်ကျိုးဓါးကို လုံး၀ ဖုံးအုပ်ထားသည်။ ခရမ်းရောင် မြူမှုန်များ တဖွဲဖွဲကျကာ လှည့်ပတ်လာသည်နှင့်အမျှ ဆူညံသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကလူးအီဗာတ် သည် ဤနတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်အတွင်းမှ ဒီအလက်ဇန္ဒရို ၏ စွမ်းအင်ကို ဖယ်ရှားရန် သူ၏ မကောင်းသော နတ်ဘုရား စွမ်းအားကို အသုံးပြုလိုကြောင်း ထင်ရှားပါသည်။ သူသည် ဤနတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်ကို သူ့ကိုယ်ပိုင်အဖြစ် ယူတော့မည်ဖြစ်သည်။
ကလူးအီဗာတ်ကဲ့သို့ အဆင့်နိမ့်ထောက်တိုင် နတ်ဘုရားအတွက် နတ်ဘုရားလက်နက်မျိုးကို ပိုင်ဆိုင်ရန်က မလွယ်လှပေ။
End