← Chapters

နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက် (အပိုင်းနှစ်)

Vol. 64 Ch. 980-2

နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက် (အပိုင်းနှစ်)

Vol. 64 Ch. 980-2

ထို့နောက် သူ၏လက်သည်းများသည် အနီရောင်အလင်းများတောက်လျက် မီးခိုးရောင်အခိုးအငွေ့များထွက် ပေါ်လာကာ ဒီအလက်ဇန္ဒရိုအပေါ်သို့ပြိုကျလာခဲ့သည်။

“ သေစမ်း “ ငွေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီးနောက် ဒီလက်ဇန္ဒရိုမှာ ထိုတိုက်ခိုက်မှုအား လွှတ်အောင်ရှောင်တိမ်းနိုင်ခဲ့၏။

တိုက်ပွဲသည် ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

တစ်ယောက်ထွက်ပြေးပြီး နောက်တစ်ယောက်လိုက်ဖမ်းကာ အစွမ်းထက်သော အရူးနှစ်ယောက် ပင်လယ်ရဲ့အောက်ခြေမှ ထွက်ခွာသွားကြ၏။

တိုက်ပွဲမှကျန်ရှိသော စွမ်းအင်များ၏ ရိုက်ခက်ခက်မှုကြောင့် ပင်လယ်ကြမ်းပြင်သည် အက်ကွဲအက်ကွဲစပြုလာပြီး အနီရောင်ချော်ရည်များ အက်ကြောင်းများမှ ထွက်ကျလာပြီး တစ်မြို့လုံးကို လွှမ်းခြုံသွားသည်။

“ အုန်း အုန်း အုန်း အုန်း အုန်း “

တိုက်မိသော ဆူညံသံများ ဆက်တိုက်မြည်လာသည်နှင့်အမျှ ဤမြို့၏အထက်ရှိ အပြာရောင်စွမ်းအင်အတားအဆီးသည် ကြာရှည်မခံနိုင်တော့ဘဲ ကျိုးပဲ့ပျက်စီးလွယ်သော မှန်တစ်ချပ်ကဲ့သို့ အသံကျယ်ကြီးမြည်ကာ ကွဲအက်သွားသည်။

မြို့၏အထက်ယံမှ ပင်လယ်ရေက ချက်ချင်းပြိုကျလာပြီး မြို့ကို ပိုပြီး ပျက်စီးစေသည်။

ပင်လယ်ရေအေးနှင့် ချော်ရည်ပူတို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော တုံ့ပြန်မှုများ ဆက်တိုက်ထွက်ပေါ်လာသည်။

ပေါက်ကွဲသံများသည် နေရာတိုင်းတွင်ရှိပြီး ရေဝဲများ အများအပြား ပေါ်ပေါက်လာသည်။

ထို့ကြောင့် ဖေးလည်း ထိခိုက်မှု မဖြစ်စေရန် ခေးအော့၏ခေးအော့ အကာအကွယ်ကို နေရာရွှေ့ရတော့သည်။

ခပ်ဝေးဝေးမှ ဒီအလက်ဇန္ဒရိုနှင့် ကလူးဗာတ်တို့၏ တိုက်ပွဲက ဆက်လက်ဖြစ်နေဆဲဖြစ်ပြီး ဖေးမှာ ထိုတိုက်ပွဲကို ဆက်၍ အကဲခတ်နေလိုက်၏။

တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ပေါက်ကွဲသံများနှင့် ဟိန်ူဟောက်သံများက သူ့အား သတင်းအချက်အလက်အချို့ ပေးဆောင်သည်။ မာနကြီးပြီး ခေါင်းကြီးကာ မိုက်မဲသော လူသားသခင် ဒီအလက်ဇန္ဒရိုက အောက်စည်းတွင်ရှိနေကာ ပင်လယ်မျိုးနွယ်၏ နတ်ဆိုးက လွှမ်းမိုးထားသည်။

“အလက်ဇန္ဒား အခြေအနေမကောင်းဘူး ငါတို့ဘာလုပ်ရမလဲ ငါတို့သွားပြီးတော့ကူညီသင့်တယ်” ဖေး ကုသပေးနေသော ဘက်ကင်ဟန် က အခြေအနေ မကောင်းသည်ကို နားထောင်ခြင်းဖြင့်ပင် ပြောနိုင်၏။ ဒီအလက်ဇန္ဒရိုရှုံးသည်နှင့် လီယွန်အင်ပါယာ အပါအဝင် သင်းရနံ့ပင်လယ် တစ်ဝိုက်ရှိ လူသားများ ထိခိုက်မည်ကို စိုးရိမ်သောကြောင့်သူက ဝင်ရောက်ကူညီချင်နေသည်။

ဖေးက က သူ့ကို အထင်အမြင်သေးစွာဖြင့် ပြန်ကြည့်ကာ “ဘာကူညီမလို့လဲ၊ နတ်ဘုရားတွေ တိုက်ခိုက်နေတယ် ငါတို့သွားရင်တော့ ငါတို့ ပုရွက်ဆိတ်တွေလို သေကုန်လိမ့်မယ် ဒီအဆင့်မှာ တိုက်ပွဲကို ငါတို့ ဘာမှ မလုပ်နိုင်ဘူး ဒီမှာပဲ စောင့်နေကြရအောင် သူတို့ နှစ်ယောက်လုံး ဒဏ်ရာပြင်းထန်ရင် ငါတို့ နိုင်မှာပေါ့... ဟီးဟီး!”

အဆုံးတွင် ဖေး ၏ ရုတ်တရက် လှောင်ပြောင်မှုသည် ဘက်ကင်ဟမ်ကို စိတ်အေးသွားစေခဲ့သည်။

ယခုတော့ ဘက်ကင်ဟမ် သည် အနည်းငယ် ငြိမ်သက်သွားပြီး ထိုမျှလောက် ခေါင်းပူမနေတော့ပါ။

သူ မသိစိတ်က ရဲဘော်ရဲဘက်လို ဆက်ဆံခဲ့တဲ့ ဒီလူဟာ ကြယ်ကလေးနဲ့ နတ်ဆိုးတစ်ယောက်လည်း ဖြစ်တယ်ဆိုတာ သူနားလည်ခဲ့သည်။ ချမ်းဘော့ ဘုရင်၏ မှားယွင်းသော ဘက်တွင် ရပ်တည်ခြင်းသည် အရိုးများ အပါအဝင် ကိုက်စားခြင်း ခံရလိမ့်မည်။

“ အကြောင်းတစ်ခုခုကြောင့် ချမ်းဘော့ ဘုရင်က အဲဒီဝတ်လုံဖြူဝတ်လူငယ်ကို အထင်ကြီးစရာမရှိဘူးလို့ ထင်ရတယ် “ ဘက်ကင်ဟမ် က သူ့ဘာ့သူ တွေးနေမိသည်။

တခစ်ခစ်ရယ်နေရင်း၊ ဖေး သည် ခေးအော့ပလ္လင် ကို ဂရုတစိုက်ထိန်းချုပ်ပြီး စစ်မြေပြင်သို့ နီးကပ်လာခဲ့သည်။

ယခုအချိန်တွင် အရှင်သခင်နှစ်ဦးသည် ဤနက်နဲသော တွင်းနက်ကြီးထဲမှ မီတာ ၁၀,၀၀၀ ကျော်အကွာတွင် ရွေ့လျားတိုက်ခိုက်နေကြသည်

။

သူတို့သွားလေရာ ပင်လယ်ကြမ်းပြင် ကွဲအက်သွားကာ အဖြူရောင် ရုပ်ကြွင်းသစ်တောများ ပျက်ဆီးသွားပြီးရုန်းမထွက်နိုင်သော ဆင်းရဲသော ရေနေသတ္တဝါများသည် အသားငါးပိအဖြစ်သို့ ပြောင်းလဲသွားကြသည်။

သခင်နှစ်ယောက်၏ မီတာ 1,000 အကွာတွင်၊ ခေးအော့ပလ္လင်သာလျှင် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးများကို ရှောင်တိမ်းနိုင်ပြီး ၎င်းတို့နောက်ကို လိုက်နိုင်သည်။

“ဟားဟားဟားဟားဟားဟားဟားဟားဟာ၊ အကောင်ကြီး မင်းငါ့ကို ဒေါသထွက်အောင်လုပ်နိုင်ခဲ့ပြီ “

ဒီအလက်ဇန္ဒရိုသည် ပင်လယ်မျိုးနွယ် နတ်ဆိုး၏ ခြေသည်းများအောက်တွင် ဒဏ်ရာရသွားသော်လည်း ယခင်ကကဲ့သို့ မာနကြီးဆဲဖြစ်သည်။

သူ့ဝတ်ရုံက အနီရောင်ပြောင်းသွားချိန်မှာတော့ သူက သွေးတွေ ပါးစပ်ကို ထွေးထုတ်လိုက်ပြီး ကလူးဗာတ်ရဲ့ ဖိနှိပ်မှုကနေ ရုတ်တရက် ထွက်သွားခဲ့သည်။

၎င်းတို့အကြားတွင် အကွာအဝေးတစ်ခုထားပြီးနောက် ဒီအလက်ဇန္ဒရိုသည် သံကြေးတတ်နေသော ဓားကျိုးတစ်ခုကိုထုတ်၍ တီးတိုးရွတ်ဆိုလိုက်၏။

ရုတ်တရက် ဒီအလက်ဇန္ဒရိုကို ပြိုင်ဆိုင်နိုင်သည့် တတိယစွမ်းအင်သည် တိုက်ပွဲတွင် ရုတ်တရက် ပေါ်လာပြီး ၎င်းတွင် နတ်ဘုရားအဆင့် တန်ခိုးပါရှိသည်။

ဖေး နှင့် ဘက်ကင်ဟမ် တို့ နှစ်ယောက်စလုံး အဝေးမှ ကြည့်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာ ကြည့်နေကြပြီး “ဒါက နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်လား? တကယ့် နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်ပဲ!”

END

All Chapters