အဆုံးသတ် (အပိုင်း ၂)
Vol. 64 Ch. 981-2
အခြေအနေကို ထိန်းချုပ်နိုင်လိုက်သော ဒီအလက်ဇန္ဒရိုကဟားတိုက် ရယ်မောနေလိုက်သည်။ ရုတ်တရက် သူ့ခေါင်းကို လှည့်ပြီး တစ်ဖက်ကို ကြည့်လိုက်သည်။
သူ၏ လူ့သဘာဝကင်းမဲ့ နေသော မျက်လုံးအစုံမှ အလင်းတန်းနှစ်ခု ရေထုထဲသို့ ပြေးထွက်သွားသည်။ သဘာဝနိယာမများသည်လည်း နတ်ဘုရားအစွမ်းအောက်၌ လှိုင်းထနေလေသည်။ ခေးအော့ပလ္လင်၏ အကာအကွယ်အောက်၌ ရပ်နေသော ဖေးနှင့် ဘက်ကင်ဟမ်တို့၏ ပုံရိပ်မှာ ထင်ရှားလာ၏။
“ဟားဟားဟားဟားဟားဟားဟားဟား သစ္စာဖောက်နှစ်ယောက်က မကောင်းဆိုးဝါး ပင်လယ်မျိုးနွယ်နဲ့ ပေါင်းနေတယ်ကွ မင်းမလွတ်မြောက်သေးဘူးလား ကောင်းတယ်ကွ ဒီနတ်ဆိုးကို ငါသတ်ပြီးရင် မင်းကို သတ်ပစ်လိုက်မယ် ဟာဟားဟား လူသားတွေကို ငါသတ်ပစ်မယ်!”
ဒီအလက်ဇန္ဒရို သည် ဖေး နှင့် ဘက်ကင်ဟမ်တို့၏ အောက်ရှိ လျှို့ဝှက်ဆန်းကြယ်သော ရာဇပလ္လင်ကို စိုက်ကြည့်ကာ လောဘကြီးသော အမူအရာ ပေါ်လာသည်။ သူတို့နှစ်ယောက်ကို ဘာမှရှင်းပြခွင့်မပေးဘဲ လက်ကိုဝှေ့ယမ်းကာေခးေအာ့ပလ္လင်ကို ချိတ်ပိတ်လိုက်ရာ ဖေးနှင့် ဘက်ကင်ဟမ်တို့ လွတ်မြောက်ခြင်းမှ ရပ်တန့်သွားခဲ့သည်။
“ဟေး ဆရာကြီး၊ မင်းမှားသွားပြီ၊ ငါတို့ မဟုတ်ဘူး…” ဘက်ကင်ဟမ်က အံ့သြသွားပြီး ရှင်းပြချင်သည်။
ဖေး၏ မျက်နှာပေါ်တွင် အေးစက်သော လှောင်ပြောင်မှုတစ်ခု ပေါ်လာပြီး လက်ကိုဝှေ့ယမ်းကာ “ဘာမှရှင်းပြနေစရာ မလိုပါဘူး ဒီခေါင်းကြီးက ငါတို့ကို သတ်ဖို့ကြိုးစားနေတာ၊ သူက ငါ့မှာရှိတဲ့ ရတနာအနည်းငယ်အပေါ်မှာ လောဘကြီးနေတာ ဟမ်၊ သနားစရာ ဆင်ခြေတစ်ခုပါပဲ ဒီလို စက်ဆုပ်စရာကောင်းတဲ့ အကျင့်မျိုး၊ ညစ်ပတ်တဲ့ စရိုက်ဆိုးကြီးနဲ့ သိုင်းသူတော်စင်တောင်က သူတွေက လူကောင်းတွေမဟုတ်လောက်ဘူး “
ဖေးမှာ တည်ငြိမ်နေပြီး ခေးအော့ပလ္လင်ကို ထိန်းချုပ်၍ လွတ်မြောက်ရန်မကြိုးစားပေ။
အခြားတစ်ဖက်တွင်လည်း နတ်ဆိုးနတ်ဘုရား ကလူးဗာတ်မှာ မောက်မာခြင်းမရှိဘဲ အရေးတယူလုပ်လာ၏။
အနက်ရောင် အမှုန်အမွှားများ သူ့ခန္ဓာကိုယ်မှ အရူးအမူး ထွက်ကျလာပြီး တစ်ကိုယ်လုံး ဖုံးအုပ်သွားသည်။
သူတစ်ခါမျှ မထုတ်ဖော်ဖူးသော စွမ်းအားများထွက်ပေါ်လာ၏။ ကလူးအီဗာတ်က လျှို့ဝှက် ပညာကို ထုတ်သုံးလိုက်ပုံရသည် သူ၏ အစွမ်းများ တမဟုတ်ခြင်းတိုးပွားလာသည်။
“ အန္တရာယ်ကို ချက်ချင်းဖယ်ရှားဖို့ ဒီနတ်ဆိုးကို အရင်သတ်ပစ်မယ် “ ဒီအလက်ဇန္ဒရို သည် ကလူအီဗာတ်၏ ခြိမ်းခြောက်မှုကို ခံစားမိ၍ ထိုသို့ ဆုံးဖြတ်လိုက်သည်။ ဖေး နှင့် ဘက်ကင်ဟမ် တို့မှာ သူ ၏မျက်လုံးထဲတွင် ပုရွက်ဆိတ်သာသာဖြစ်နေရာ ယခုအချိန်တွင် ၎င်းတို့ကို လျစ်လျူရှုလိုက်၏။
ဒီအလက်ဇန္ဒရို သူ့လက်များကို ရွှေ့လိုက်ရာ သူ၏ ခေါင်းထက်တွင် တစ်ဝက်ကျိုးဓားမှာ အနည်းငယ် တုန်ခါလာပြီး အလင်းတန်းတစ်ခု ထွက်လာခဲ့သည်။
အုန်း အုန်း အုန်း
ပင်လယ်ကြမ်းပြင်သည် ပြင်းထန်သော ခွန်အားအောက်တွင် ကွဲအက်သွား၏။ ပင်လယ်ကြမ်းပြင်မှာ ယခုအချိန်တွင် စာရွက်တစ်ရွက်အလား ပျက်စီးလွယ်လာသည်။ ထို့နောက်တွင်၊ ချော်ရည်များ တစ်ဖန်ပြန်ထွက်လာပြီး ၎င်တို့မှာ လျင်မြန်စွာ အေးစက်သောပင်လယ်ရေတွင် လျှင်မြန်စွာခဲသွားပြီး ကျောက်ဆောင်များအဖြစ် ပေါင်းစပ်သွားသည်။ ဖရိုဖရဲ စွမ်းအင်များကြောင့် ထို ကျောက်တုံးများမှာ ချက်ချင်းပင် ဖုန်မှုန့်များ အဖြစ် ပြောင်းလဲသွားပြီး အမှုန်အမွှားလေးများအဖြစ် ရေတွင် ပျော်ဝင်သွားတော့သည်။
နတ်အဆင့် တိုက်ခိုက်ရေးလက်နက်၏ စွမ်းအားသည် ရယ်စရာမဟုတ်ပေ။
ဖေးနှင့် ဘက်ကင်ဟမ်တို့နှစ်ယောက်လုံး အံ့ဩသွားကြ၏။
“ဒီတိုက်ခိုက်မှုမှာ နတ်ဘုရားတစ်ပါးတောင် သတ်ခံရမှာမဟုတ်လား” ထိုသို့တွေးမိလိုက်ကြသည်။
သို့သော်-
“ဟာဟားဟား သနားစရာလူသား နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်ကို ကောင်းကောင်းသုံးရကောင်းမှန်း မသိဘူးလား စိတ်မကောင်းဘူးကွာ နတ်ဘုရားချပ်ဝတ် နတ်ဘုရားလက်အိတ် နတ်ဘုရားမောက်တို ထွက်လာစမ်း “ ပင်လယ်မျိုးနွယ်၏ နတ်ဆိုးနတ်ဘုရားက အားနည်းချက် တစ်ခုခုကို ရှာဖွေတွေ့ရှိပုံရသည်။
ဟိန်းဟောက်သံနှင့်အတူ သူ့ပတ်ပတ်လည်မှ အခိုးအငွေ့များ ပျောက်ကွယ်သွားပြီး မီတာရာကျော်ရှိ ဧရာမသတ္တဝါကြီးအသွင်မှာ ထွားကျိုင်းသန်မာသော လူသားအသွင်ပြောင်းသွား၏။ ဤလူသည် အရပ်နှစ်မီတာခန့်ရှိပြီး အသားဖြူသည်။ သူ၏နဖူးတွင် ချိုနှစ်ချောင်း၊ မျက်ခုံးမွှေးများကြားတွင် ခရမ်းရောင်မီးသင်္ကေတနှင့် ခေါင်းပေါ်တွင် ခရမ်းရောင်ဆံပင်ရှည်များရှိသည်။ ခရမ်းရောင် ချပ်ဝတ်တန်ဆာနှင့် အကာအကွယ်များက သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားပြီး နတ်ဘုရားစွမ်အားများက ခရမ်းရောင် သံကြိုးများကဲ့သို့ ဝိုင်းရံထားသည်။
သူသည် ခရမ်းရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ဖောက်ကွဲထုတ်ပစ်လိုက်သည်။
ဘမ်း!
နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်ကို ထိန်းချုပ်ထားသည့် ဒီအလက်ဇန္ဒရို သည် ထိတ်လန့်စွာအော်ကာ ကျိုးပဲ့နေသောစွန်ကဲ့သို့ လွင့်ထွက်သွား၏။
ဘမ်း ဘမ်း ဘမ်း ဘမ်း
ခရမ်းရောင်မီးများ လင်းလက်လာသည်။
နတ်ဆိုးနတ်ဘုရား ကလူးအီဗာတ်သည် ဒုတိယပုံစံအသွင်ပြောင်းပြီးနောက် များစွာမသန်မာဟု ထင်ရသော်လည်း နတ်ဘုရားလက်နက်ကိုင်ဆောင်ထားသော ဒီအလက်ဇန္ဒရိုကို ဖိနှိပ်နိုင်ခဲ့၏။
ကလူအီဗာတ် ၏ လက်သီးများသည် နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်၏ အကာအကွယ်ကို ချိုးဖျက်ရန် လုံလောက်ပြီး သူ၏လက်သီးများသည် ငွေစက်လုံးကို ထိုးဖောက်ဝင်ရောက်ကာ ဒီအလက်ဇန္ဒရို ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ဒီအလက်ဇန္ဒရို ၏ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ ချက်ချင်း စီးကျလာပြီး ဆက်တိုက်ဆိုသလို နောက်ပြန်ဆုတ်သွားခဲ့သည်။
“ရက်စက်လွန်းတယ်၊ ရက်စက်လွန်းတယ် နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်ရှိတဲ့ သခင်က ဒါကို ဆိုးဆိုးရွားရွား အရိုက်ခံရတာလား ဒါက နတ်ဘုရားရဲ့ တန်ခိုးပါလား “
“မဟုတ်ဘူး နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်က အားနည်းလွန်းတာတော့ မဟုတ်ဘူး ဒီအလက်ဇန္ဒရိုကက အဲဒါကို လုံးလုံးလျားလျား မထိန်းချုပ်နိုင်တာ အဲဒါကို ထိန်းချုပ်ဖို့ သင့်တော်တဲ့ နည်းစနစ်ကို သူမသိဘူး ဟီးဟီး၊ ဒါကြောင့် ဒီကောင်က ဆိုးဆိုးရွားရွား အရိုက်ခံရတာ “ ဖေး က အခြေအနေကို ထိုးထွင်းသိလိုက်သည်။
စက္ကန်ပိုင်းအတွင်း၌ပင် တိုက်ပွဲ အဖြေက ပြောင်းသွား၏။
End