← Chapters

သက်သေအားလုံးကို ဖယ်ရှားခြင်း (အပိုင်းနှစ်)

Vol. 64 Ch. 982-2

သက်သေအားလုံးကို ဖယ်ရှားခြင်း (အပိုင်းနှစ်)

Vol. 64 Ch. 982-2

သူသည် ပြိုင်ဘက်ကို ကြောက်လန့်ရန် မိမိကိုယ်မိမိ ဖောက်ခွဲတော့မည်ဟု ပြုမူကာ လွတ်မြောက်ရန် အဖိုးတန်အချိန်ကို လဲယူခဲ့သည်။

သူ့ပန်းတိုင်ကို လှမ်းမြင်လိုက်သည်နှင့် ဒီအလက်ဇန္ဒရို သည် လှည့်၍ မဆိုင်းမတွ ထွက်ပြေးသွားခဲ့သည်။ သို့သော် သူသည် အဝေးသို့ မပျံသန်းမီတွင် နောက်ထပ်လုပ်စရာတစ်ခု ရှိသေးသည်။

“အုန်း”

သူက လက်ဖြင့်ဟန်ပြလိုက်ပြီးနောက် ချိပ်ပိတ်ခံထားရသော ဖေးနှင့် ဘက်ကင်ဟမ်တို့ထံ သူ၏ နတ်ဘုရားအဆင့်လက်နက်ဓားကျိုးကို ပစ်လွှတ်လိုက်သည်ယ

သူ သက်သေအားလုံးကို ရှင်းပစ်တော့မည်ဖြစ်သည်။

“ ဒီပိုးကောင်နှစ်ကောင်က အဖြစ်အပျက်ကို မြင်ပြီးပြီ သူတို့ အန္တရာယ်ကင်းကင်းနဲ့ ကုန်းမြေကို ပြန်သွားရင် ဒီပင်လယ်မျိုးနွယ်ရဲ့ နတ်ဘုရားကို ငါ မတော်တဆ လွှတ်လိုက်တယ်ဆိုတဲ့ သတင်းက တိုက်ကြီးတဝိုက်ကို ပျံ့နှံ့သွားလိမ့်မယ် အဲဒီအခါမှာ ငါ့နာမည် ညှိုးနွမ်းပြီး လူတွေက ငါ့ကို မုန်းကြလိမ့်မယ် နောက်ပြီး ငါ့သခင် မာရာဒိုနာက ငါ့ကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး ဒါကြောင့် ဒီဒုက္ခပေးသူ နှစ်ယောက် သေရမယ် “

ထို့ပြင် ဒီ အလက်ဇန္ဒရိုတွင် အခြားအကြောင်းပြချက်တစ်ခုရှိသေးသည်။ ဒီဆံပင်အနက်ရောင်လူငယ်လေးတွင် ဖုံးကွယ်နိုင်သော ထူးဆန်းသည့် သံတူတစ်ချောင်းပါတာကို သူ သတိပြုမိခဲ့သည်။ နတ်အဆင့် တိုက်ခိုက်ရေးလက်နက်တစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့အပြင် ဤလူနှစ်ယောက်ရပ်နေသည့် ပလ္လင်ဖြူသည် သာမန်မဟုတ်ကြောင်းလည်း သူနားလည်ခဲ့သည်။

ထိုအရာနှစ်ခုသည် ဒီအလက်ဇန္ဒရို အလိုရှိသော ရတနာများဖြစ်သည်။ ထို့ကြောင့် အားနည်းသော စစ်သည်နှစ်ဦးကို သတ်ဖြတ်ပြီး ဤအဆင့်မြင့်ပစ္စည်းများကို ယူဆောင်ခြင်းသည် ဒီအလက်ဇန္ဒရိုအတွက် အကျိုးအမြတ်ရစေမည်ဖြစ်သည်။

“ အရှက်မရှိဘူး လူံဝအရှက်မရှိဘူး ” ဘက်ကင်ဟမ် လုံးဝမရှောင်နိုင်ဘဲ သူ့ဒေါသကြောင့် တခြားဘာပြောရမှန်းကို မသိဖြစ်‌နေသည်။

“ ယီးပဲ “ ဖေးက ချက်ချင်း ကျိန်ဆဲပြီး အာကာသထဲ ဖြတ်သန်းသွားလာနိုင်သော ခေး‌အော့ပလ္လင် ရဲ့ စွမ်းရည်ကို အသုံးပြုပြီး လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ သို့သော် အချိန် နောက်ကျသွားပြီဖြစ်သည်။ ဒီအလက်ဇန္ဒရို က သတ်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်ရာ နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်က ဖေးကာကွယ်နိုင်‌ေသာ အရာမဟုတ်‌ပေ။

ဘက်ကင်ဟမ်မှာ သူ၏မျက်လုံးများကိုမှိတ်ထားပြီး သူသေဆုံးမှုအတွက် စောင့်ဆိုင်းနေခဲ့သည်။ လီယွန်သားက သေဆုံးမှုကို လက်ခံလိုက်ပြီဖြစ်သည်။

ဖေးကတော့ ထိုသို့မဟုတ်ပေ။

ဘက်ကင်ဟမ်ကဲ့သို့ မျက်စိစုံမှိတ်နေနေသော်လည်း သူက သေခြင်းတရားကို ‌စောင့်နေခြင်းမဟုတ်ပေ။ သူ့ခန္တာကိုယ်ထဲရှိ ဧည့်သည်ဆိုးကို နှိုးဆွနေခြင်းဖြစ်သည်။ ၎င်းက ယခုအခြေအနေကို ပြန်ပြောင်းပေးနိုင်သော တစ်ခုထဲသောအရာဖြစ်သည်။

နောက်အခိုက်အတန့်တွင်တော့ လျှို့ဝှက်ဆန်းကြယ်သော ကျောက်စာတိုင်သည် ပေါ့ပါးစွာ လှုပ်ခါသွားသည်။ ၎င်းက နိုးထလာပြီးနောက် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ထုတ်လွှတ်ခြင်းမရှိပေ။

သို့သော် ဖေး၏နဖူးမှ စင်တီမီတာအနည်းငယ်အကွာတွင်ရှိသော တစ်ဝက်ကျိုးနေသောဓားသည် ချက်ချင်းရပ်သွားသည်။

ထို့နောက် ကြွက်တစ်ကောင်သည် ကြောင်တစ်ကောင်ကို မြင်လိုက်သကဲ့သို့၊ ၎င်းသည် ဒီအလက်ဇန္ဒရို ၏ ထိန်းချုပ်မှုမှ ချက်ချင်း ခွဲထွက်သွားပြီး ရွေးချယ်စရာမရှိဘဲ ကလူးဗာတ် ဆီသို့ ပြေးသွားခဲ့သည်။

“အာ့!” ဒီအလက်ဇန္ဒရိုမှာ သူ့မိန်းမကို တစ်စုံတစ်ယောက်က လုယူသွားသလိုမျိုး အော်ဟစ်ပြီး ထိပ်လန့်သွားသည်။

သူ ဘာဖြစ်သွားမှန်း မသိသော်လည်း သူ့နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်မှ ထွက်ပေါ်လာသော အကြောက်တရားကို သူ ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ သူ့လက်နက်က ဤအားနည်းတဲ့ သူရဲကောင်းနှစ်ယောက်ထံတွင် ပင်လယ်မျိုးနွယ်စုရဲ့ နတ်ဆိုးနတ်ဘုရားထက် ပိုကြောက်စရာကောင်းတဲ့ အရာတစ်ခုရှိ နေသည်ဟု သူ့ကိုပြောပြနေသည်။

ဒီအလက်ဇန္ဒရို ထိပ်လန့်သွားပြီး အာကသအက်ကွဲကြောင်းတစ်ခု ဖန်တီးက ခုန်ဝင်ပျောက်ကွယ်သွား၏။

လှိုင်းလုံးများ ဆက်တိုက်ပေါ်လာပြီးနောက် ဒီအလက်ဇန္ဒရို နှင့်အတူ အက်ကွဲကြောင်းနှစ်ခုစလုံး ပျောက်ကွယ်သွားခဲ့သည်။

သူ အလျင်စလို ထွက်သွားသည်ဖြစ်ရာ ဒီအလက်ဇန္ဒရိုမှာသူ့၏ နတ်ဘုရားအဆင့် တိုက်ခိုက်ရေး လက်နက်ကို ပြန်ယူသွားရန်ပင် အချိန်မရှိခဲ့ပေ။

ဖေးကတော့ သက်ပြင်းချပြီး စိတ်လျှော့လိုက်၏။ ဘက်ကင်ဟမ်ကမူ နားမလည်နိုင်ဖြစ်နေသည်။သေရွာမှ မည်သို့ပြန်လာခဲ့သည်ကို သူမသိပေ။

“ ဒါက နတ်ဘုရားလက်နက်အစလေးပါပဲ အားနည်းတယ်ဆိုပေမယ့် ငါအတွက်အသုံးဝင်တုန်းပဲ ဟားဟားဟား “

ကလူးဗာတ်က ဘာဖြစ်နေသည်ကို သဘောပေါက်သွား၏။ သူက ထွက်ပြေးသွားသော ဒီအလက်ဇန္ဒရိုကို မထားဘဲ နတ်ဘုရားလက်နက်ကိုသိမ်းပိုက်ရန်ပြင်လိုက်သည်။

ပိုင်ရှင်ထိန်းချုပ်မှုမရှိသော နတ်ဘုရားလက်နက်များက သိမ်းပိုက်ရလွယ်၏။ ကလူးဗာတ်၏ အစွမ်းနှင့်ဆိုပါက သိပ်မခက်လှပေ။

အလကားရတဲ့ ရတနာအား မည်သူမဆိုသဘောကျ၏။

All Chapters