← Chapters

လူသားတို့၏သိုင်းသူတော်စင် (အပိုင်းနှစ်)

Vol. 64 Ch. 983-2

လူသားတို့၏သိုင်းသူတော်စင် (အပိုင်းနှစ်)

Vol. 64 Ch. 983-2

ခပ်လှမ်းလှမ်းတွင်ရပ်နေသော ဖေးမှာ ဤဖြစ်ရပ်ကို ကိုင်တွယ်ရန် စဉ်းစားနေ၏။ နည်းလမ်းမရှိပါက သူ့ကိုယ်သူ သတ်သေရန်ကြိုးစားရပေမည်။ ထိုဆန်းကြယ်သော ကျောက်တိုင်က သူအသက်အန္တရယ်ကြုံတိုင်း ထွက်လာတတ်သည်မဟုတ်ပါလော။ သို့သော်လည်း ၎င်းမလှုပ်ရှားပါက သတ်သေရင်း သူသေသွားရပေလိမ့်မည်။

သို့သော် သူချစ်ရသူနှင့် သူ့နိုင်ငံသားများကို ကာကွယ်ရန်အတွက် ဖေး သည် အန္တရာယ်ကို ခံယူခဲ့ရသည်။

ဤဆုံးဖြတ်ချက်ကိုချပြီးနောက် ဖေးသည် ခေးအော့ပလ္လင် ကို ထိန်းချုပ်ကာ ကလူးအီဗာတ် ဆီသို့ ဦးတည်သွားခဲ့သည်။ ထိုအချိန်တွင် မထင်မှတ်သည့် အရာတစ်ခု ဖြစ်လာ၏။

“ဗြီး ဗြီး ဗြီး”

ကလူးအီဗာတ်၏ မကောင်းဆိုးဝါး စွမ်းအားအောက်တွင် ငြိမ်သက်သွားသော တစ်ဝက်ကျိုးဓားသည် ရုတ်တရက် ပြင်းထန်စွာ ရုန်းကန်စပြုလာသည်။ ထို့နောက် ငွေရောင်အလင်းတန်းများ တောက်ပလာပြီး အမှောင်ထုကို ထိုးဖောက်ဝင်သည်။ ထို့နောက် အာကာသတစ်ခုလုံး တုန်လှုပ်သွားတော့သည်။ သဘာဝနိယာမဖြင့် ဖန်တီးထားသော ခရမ်းရောင်ကြိုးများလည်း ပျက်စီးသွား၏။

“ဟင့်အင်း ဒါကဘာလဲဟ”

ကလူးအီ‌ဗာတ် က သူ့ဘယ်ဘက်ပခုံးကို ကိုင်ထားပြီး နာကျင်စွာ အော်လိုက်သည်။ ဓားက သူ့ဘယ်ဘက်လက်မောင်းကို တံတောင်ဆစ်မှ ဖြတ်တောက်ခဲ့ပြီး လက်ဖျံနှင့် လက်တို့သည် မြေပြင်ပေါ် ပြုတ်ကျသွားသည်။ ဒဏ်ရာမှ မီးခိုးရောင်သွေးများ စီးကျလာပြီး နာကျင်မှုကို သည်းမခံနိုင်တော့ဘဲ ကလူးအီဗာတ် ၏ ချောမောသော မျက်နှာသည် သွေးဆုတ်ဖြူလျော်သွား၏။

ကလူးအီဗာတ်မှာ တိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ထပ်ဒဏ်ရာထပ်မံရလာပြီး အရိုးဖြူဖြူများပင်ပေါ်လာ၏။ သူ၏ နတ်ဘုရားလက်နက်ပင် မထိုးဖောက်နိုင်ဟူသော နတ်ဆိုးနတ်ဘုရားချပ်ဝတ်ကလည်း ဓားချက်ကို ကာကွယ်ရန်အနိုင်နိုင်ကြိုးစားနေရ၏။

တစ်ချိန်တည်းမှာပင် ကလူးအီဗာတ် ရှိနေသော နေရာအနီး၌ ရောင်ဝါးဝါး အရိပ်တစ်ခုပေါ်ပေါက်လာသည်။

တစ်ဝက်ကျိုးဓားမှာ ယခုတော့ သံကြေးစက်များပျောက်ကွယ်ပြီး တောက်ပနေ၏။ ၎င်းက ဖြူစင်ရှင်းသန့်သော ကျောက်စိမ်းတုံးသဖွယ်ပြောင်လက်နေပြီး ဒီအလက်ဇန္ဒရိုပင် မထုတ်ဖော်နိုင်သော စွမ်းအားများကို ထုတ်ဖော်ထား၏။ သို့သော်လည်း ၎င်းက ကြမ်းတမ်းခက်ထန်ခြင်းမရှိဘဲ ရေပြင်ကဲ့သို့တည်ငြိမ်နေသည်။

တစ်ဝက်ကျိုးဓားအောက်ရှိ အရိပ်မှာ အရပ်ရှည်ခြင်းမရှိပေ။ ၎င်းက အနည်းငယ်ပုပြီး သန်မာထွားကြိုင်း၏။ သူ၏ မျက်နှာကို မြင်ရခြင်းမရှိသော်လည်း မုတ်ဆိတ်ရှည်များနှင့် ဝတ်ရုံရှည်ကြီးကိုတော့ တွေ့မြင်နေရသည်။

သူက လက်နောက်ပစ်၍ တိတ်တဆိတ်ရပ်နေသည်။ ၎င်းက အရိပ်တစ်ခုသာဖြစ်သော်လည်း အရာအားလုံး၏ တောက်ပမှုကို လုယူပြီး ၎င်းက အရာအားလုံး၏ ဗဟိုချက်ဖြစ်သည်ဟူသော ခံစားချက်ကိုပေးစွမ်းသည်။

“ဘသင်ဘယ်သူလဲ “

နတ်ဆိုးနတ်ဘုရား ကလူအီဗာတ်က ခပ်ကျယ်ကျယ်မေးသည်။ သူ ဒေါသထွက်နေသည်မှာ ထင်ရှားသော်လည်း အနားသို့ချဉ်းကပ်ရန်ကို ကြောက်နေသည်။

“နတ်ဘုရားနဲ့ နတ်ဆိုးတွေကြားက သဘောတူညီချက်က သက်တမ်းကုန်သွားပြီ လူတွေက မပတ်သက်ချင်ပေမယ့် လူသားတွေကို သတ်ရဲတဲ့သူတွေကိုတော့ သတ်ပစ်မယ်” ခပ်ဝါးဝါးပုံသဏ္ဍာန်က တည်ငြိမ်စွာပြောသည်။

နောက်အခိုက်အတန့်တွင် ထိုဝိုးတဝါးအရုပ်သည် တစ်ဝက်ကျိုးသွားသောဓားနှင့် ပေါင်းစပ်သွားပြီးနတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်သည် ရုတ်တရက် ရေထဲဖြတ်သွားကာ အဇာရို့ အလယ်ပိုင်းဒေသရှိ တိုက်ကြီး၏သိုင်းသူတော်စင် တောင်ဆီသို့ ပျံသန်းသွားခဲ့သည်။ ထိုလက်နက်က စိတ်ဝိညာဉ်တစ်ခု ရရှိလိုက်သည့်အလားပင်။

“မင်းက လူသားတွေရဲ့ သိုင်းသူတော်စင်လား” ကလူအီဗာတ် က အံ့အားသင့်စွာ အော်လိုက်သည်။

သူသည် သိုင်းသူတော်စင်တပည့် ဆာဗီအိုလာ ၏ ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားသောကြောင့် ဆာဗီအိုလာ၏ မှတ်ညဏ်တစ်ချို့ကို ဖတ်ထားခဲ့သည်။ ပြင်းထန်စွာ ဒဏ်ရာရခြင်းနှင့် ကနဦး တုန်လှုပ်မှုအပြီးတွင် သူသည် အခြေအနေကို ထပ်မံသိရှိပြီး အရိုးအသဲထဲထိ ထိတ်လန့်သွားခဲ့သည်။

“ဒီလူက ဘယ်လိုလုပ် ဒီလောက်အင်အားကြီးနိုင်မှာလဲ” သူတွေးလိုက်သည်။

ဖေးနှင့် ဘက်ကင်ဟမ်တို့လည်း အံ့ဩသွားကြသည်။

“ ဒါက လူသားတွေရဲ့ သိုင်းသူတော်စင်ရဲ့ စွမ်းအားပဲလား ကီလိုမီတာ တစ်သန်းကျော်ဝေးတဲ့နေရာကနေ နတ်ဘုရားအဆင့် တိုက်ခိုက်ရေးလက်နက်ကို ထိန်းချုပ်တာလား နတ်ဆိုးတစ်ကောင်က သူ့ရဲ့ အရိပ်နဲ့ တောင်မယှဉ်နိုင်ဘူး၊ သူ ဘယ်လောက် တန်ခိုးကြီးသလဲ ဒါပေမယ့် လူသားတွေကို ခြိမ်းခြောက်မှုကြီးတဲ့ ဒီနတ်ဆိုးကို သူ ဘာကြောင့် မသတ်ခဲ့တာလဲ “

သို့သော် Fei အတွေးလွန်နေရန် အချိန်မရှိပေ။သူစောင့်မျှော်နေသော အခွှင့်အရေးပေါ်လာပြီဖြစ်သည်။

ခေးအောပလ္လင်ကို ထိန်းချုပ်ပြီး တုန်လှုပ်နေသော ဘက်ကင်ဟမ်ထံပြေးဝင်သွား၏။ ဖေးက စိတ်ပိုင်းဖြတ်ထားသော်လည်း ဘက်ကင်ဟမ်ကတော့တုန်လှုပ်သွား၏။

End

All Chapters