← Chapters

ကယ်ဆယ်ရေးအဖွဲ့

Vol. 32 Ch. 473

ကယ်ဆယ်ရေးအဖွဲ့

Vol. 32 Ch. 473

ဂိမ်းမာများ တိုက်ခိုက်ခြင်း မပြုခဲ့ကြပေ။ ယင်းအစား သူတို့ မိမိကိုယ်ကို အကျဉ်းချ ခံရနိုင်ရန် အကျဉ်းထောင် အတွင်းသို့ ခိုးဝင်ရန် ကြိုးစား ခဲ့ကြသည်။ ထိုအရာမှာ ကောင်းသော အရာ တစ်ခု ဖြစ်၏။ အကြောင်းမှာ ရဲတိုက်၏ အစောင့်များအဖို့ တိုက်ခိုက်ခြင်း မခံခဲ့ရသောကြောင့်ပင်။

ဂိမ်းမာများမှာ ဘက်ပြောင်းရန်နှင့် ကျော်ကြားသည့် ကျွန်စစ်သည်တော်များ ဖြစ်လာရန် ရဲတိုက်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ရာ၌ အလုပ်များ နေခဲ့ကြသည်။ ရဲတိုက်ကို တိုက်ခိုက်ရန် အဘယ်သူ အချိန် ရှိမည်နည်း။ ရဲတိုက်ကို တိုက်ခိုက်လိုသော ဂိမ်းမာ အနည်းငယ်မျှဖြင့် ကာကွယ်ရေး စည်းများကို ဖောက်ထွင်းနိုင်ခြင်း မရှိဘဲ မည်သည့် ထိခိုက်မှုမျှ မဖြစ်ပေါ်စေ နိုင်ခဲ့ပေ။

ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ ရဲတိုက်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ကာ ဘက်ပြောင်းရန် နည်းလမ်း အမျိုးမျိုးကို ကြိုးစား ခဲ့ကြသည်။ ညအချိန်တွင်ပင် ထိုသို့ ပြုလုပ် ခဲ့ကြ၏။

ရဲတိုက် အတွင်းသို့ ဝင်ရောက်ခဲ့သော ဂိမ်းမာများကို ပြန်လွှတ်ပေးခြင်း မရှိခဲ့ပေ။ မြို့စားကြီးမှာ ဤဂိမ်းမာများကို သတ်ဖြတ်ရန် ဆန္ဒ မရှိခဲ့ပေ။ အကြောင်းမှာ သူတို့မှာ ကြောက်ရွံ့ခြင်း မရှိသော စစ်သည်တော်များ ဖြစ်နေသောကြောင့်ပင်။ ထိုသို့သော စစ်သည်တော်များကို သူ အဘယ်မှာ ထပ်မံ၍ ရှာဖွေ တွေ့ရှိနိုင်မည်နည်း။

ဂိမ်းမာများကို အချုပ်ခန်းများတွင် အကျဉ်းချ ထားခဲ့သည်။ မကြာသေးမီက ဂိမ်းမာများ ပိုမို များပြားစွာ တံတိုင်းများကို ကျော်တက်ခြင်း၊ ကျုံးကို ကူးဖြတ်ခြင်းနှင့် သာမန် လူများအဖြစ် ပုံဖျက်ကာ ရဲတိုက် အတွင်းသို့ ဝင်ရောက်ရန် ကြိုးစား ခဲ့ကြသည်။ တစ်ပတ်အတွင်း ရဲတိုက်၏ အချုပ်ခန်းများမှာ ဗစ်တိုးရီးယား မြို့သားများဖြင့် ပြည့်နှက် သွားခဲ့သည်။

အကျဉ်းထောင်တွင် ဗစ်တိုးရီးယား မြို့သား ၅၀၀မှ ၆၀၀ ခန့် အကျဉ်းချ ခံထားရပြီး အရေအတွက်မှာ တိုးပွား လာနေဆဲပင်။ ဂိမ်းမာများမှာ ဖိုရမ်ပေါ်မှတဆင့် ရဲတိုက်အတွင်းသို့ ဝင်ရောက်ရန် နည်းလမ်းများ ပိုမို သိရှိလာ ခဲ့ကြသည်။ ဂိမ်းမာ တစ်ဦးဆိုလျှင် ညအမှောင်ကို အသုံးပြု၍ အကျဉ်းထောင် အတွင်းသို့ ထွင်းဖောက် ဝင်ခဲ့သည်။ ထိုဂိမ်းမာ အကျဉ်းထောင်၏ တည်နေရာကို မည်သို့ သိရှိသည်မှာ အံ့ဩစရာပင်။

နောက်နေ့ နံနက်တွင် အကျဉ်းထောင် အစောင့်များ အပို အကျဉ်းသား တစ်ဦးကို သတိပြု မိသောအခါ ထိတ်လန့်သွား ခဲ့ကြသည်။

သူတို့ အပိုအကျဉ်းသား ယခင်က ဖမ်းဆီးခံထားရခြင်း သို့မဟုတ် ယခုမှ ဖမ်းဆီးခံထားရခြင်း ဟုတ်၊ မဟုတ်ကို အတည်ပြုရန် ကြိုးစားခဲ့ကြသည်။ သို့သော် အကျဉ်းထောင်အစောင့် တစ်ဦး တစ်ယောက်မျှ ထိုအပိုအကျဉ်းသားကို ယခင်က မမြင်ဖူးခဲ့ပေ။ သူက ရုတ်တရက် ဘယ်ကမှန်း မသိ ပေါ်ထွက် လာခဲ့ သကဲ့သို့ပင်။

အပိုအကျဉ်းသား ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်တော့်ကို အကျဉ်းချထားပါ။ ကျွန်တော် အရှင့်ကျွန် ဖြစ်ဖို့ဆန္ဒ ရှိပါတယ်။ ကျွန်တော့်ကို အရှင့် အတွက် တိုက်ခိုက်ခွင့် ပြုပါ၊ တစ်သက်လုံး လုပ်ရရင် တောင်မှပါ။"

အကျဉ်းထောင် အစောင့်များမှာ ထိုသို့သောအရာ ဖြစ်ပျက်လာ လိမ့်မည်ဟု မမျှော်လင့် ထားခဲ့ကြပေ။ သူတို့ သူ့ကို အချုပ်ခန်းတွင် အကျဉ်းချထားရန် မှတစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ပေ။

ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ ပိုမို၍ အချုပ်ခန်းများတွင် ပေါ်ထွက်လာ ခဲ့ကြသည်။ သူတို့ မြို့စားကြီး၏ ရဲတိုက်ရှိ အစောင့်များ၏ ဖမ်းဆီးခြင်းကို ခံရရန် အတွက် အမျိုးသမီး အစေခံများနှင့် တခြား ဝန်ထမ်းများ အဖြစ်ပင် ပုံဖျက် ခဲ့ကြသည်။

ဆယ်ရက်မြောက်နေ့တွင် အကျဉ်းသား ၃၀၀ သာ ဆံ့သော အချုပ်ခန်းငယ်များတွင် ဂိမ်းမာ ၁,၀၀၀ အားလုံး ကြပ်ညပ်စွာ ရှိနေ ခဲ့ကြသည်။ အကျဉ်းထောင် အစောင့်များက မြို့စားကြီးအား အကျဉ်းသား အချို့ကို သတ်ဖြတ်လိုက်ရန် အကြံပြု ခဲ့ကြသည်။ သို့မဟုတ်ပါက အကျဉ်းထောင်မှာ အန္တရာယ် ရှိသော နေရာ တစ်ခု ဖြစ်လာ နိုင်ပေသည်။

မြို့စားကြီးမှာ သူ၏ ရည်မှန်းချက်များကို ဖြည့်ဆည်း လိုသောကြောင့် ဤထူးချွန်သော စစ်သည်တော်များကို သတ်ဖြတ်ရန် ဆန္ဒ မရှိခဲ့ပေ။

ဂိမ်းမာများမှာ ယော့ခ်နယ်စားကြီးနှင့် မူမမှန်သော ဆက်ဆံရေး တစ်ခု ဖြစ်ပေါ် လာခဲ့ပြီး ဘုရင်မ ဗစ်တိုးရီးယားက ထိုအကြောင်းကို သိရှိ သွားခဲ့သည်။ သူမ မျက်မှောင် ကြုတ်ကာ ဟမ်းစတား သုံးကောင်ကို မေးလိုက်သည်။ "ဂိမ်းမာတွေ ဘာလုပ်နေကြတာလဲ။ သူတို့ ဗစ်တိုးရီးယားမြို့ကို သစ္စာဖောက် နေကြတာလား။"

ဘော့စ်အကြီး ဟမ်းစတား လျင်မြန်စွာ ပြန်ပြောသည်။ "မဟုတ်ပါဘူး သခင်မ။ ဒါက သူတို့ရဲ့ ပရိယာယ် တစ်ခု လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ ရဲတိုက်ထဲကို အောင်မြင်စွာ စိမ့်ဝင်ပြီးပြီလေ၊ ပြီးတော့ ကျွန်တော်တို့ အမိန့်ပေးလိုက်တဲ့ အခါ သူတို့ အတွင်းကနေ တိုက်ခိုက် နိုင်ပါတယ်။"

ဒုတိယ‌ဘော့စ် ဟမ်းစတား ပြောလိုက်သည်။ "မှန်ပါတယ်။ ကျွန်တော်လည်း အဲ့လိုပဲ ထင်တယ်။ ဒါက ထက်မြက်တဲ့ ပရိယာယ် တစ်ခုပဲ။ ကျွန်တော်တို့ ရဲတိုက်ကို သိမ်းပိုက်နိုင်သရွေ့ သူတို့ရဲ့ ဘယ်ပရိယာယ် ကိုမဆို ကျွန်တော် လက်ခံနိုင်ပါတယ်။"

ဝတုတ်အိုတာကု ပြောလိုက်သည်။ "ငါတို့ ထမင်း စားလို့ ရမလား။"

လီလို ခေါင်းညိတ် လိုက်သည်။

"မင်းတို့ ပြောတာ သဘာဝကျတယ်။ သူတို့ကို ရဲတိုက်ထဲကို စိမ့်ဝင်ခွင့် ပေးလိုက်ပါ။ အချိန်တန်ရင် ငါတို့ သိမ်းပိုက်ကြမယ်။" လီလို ဟမ်းစတား သုံးကောင်ကို ပြောလိုက်သည်။

လန်ဆလော့မှာ ဂိမ်းမာများ ရဲတိုက်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ရန် ကြိုးစားနေစဉ် ဘာလုပ်နေကြသည်ကို သေချာ မပြောနိုင်ခဲ့ပေ။ သူက သူတို့ မြို့စားကြီးကို တိုက်ခိုက်ရန် ရဲတိုက် အတွင်းသို့ စိမ့်ဝင်နေသည်ဟုသာ ထင်ခဲ့သည်။ သို့သော် သူ ဂိမ်းမာများထံမှ သူတို့ ဘက်ပြောင်းနေကြောင်း သိရှိ ခဲ့ရသည်။

သူရဲကောင်း တစ်ဦး အနေဖြင့် ဘက်ပြောင်း သစ္စာခံခြင်းမှာ မတွေးဝံ့စရာပင်။ ဤဂိမ်းမာများမှာ ပုံမှန် မဟုတ်နေသည်မှာ သေချာသည်။ သူတို့ ကြောက်ရွံ့ခြင်းကြောင့် ဘက်ပြောင်းနေကြခြင်း မဟုတ်ပေ။

ဂိမ်းမာများ ဘာစဉ်းစားနေကြသနည်း။ သူတို့ ရဲတိုက်ကို အတွင်းမှ တိုက်ခိုက်ရန် စီစဉ် နေကြသလော။

လန်ဆလော့၏ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လေ့လာတွေ့ရှိချက် အရတော့ ဂိမ်းမာများမှာ ရဲတိုက်ကို အတွင်းမှ တိုက်ခိုက်ရန် စီစဉ်နေကြခြင်း မဟုတ်နိုင်ပေ။ ယင်းအစား သူတို့က မြို့စားကြီးထံသို့ တကယ့်ကို ဘက်ပြောင်းနေကြခြင်း ဖြစ်၏။ ၎င်းမှာ ပြင်းထန်သော သစ္စာဖောက်မှု တစ်ခု ဖြစ်သောကြောင့် သူ ဘုရင်မလီလိုအား အကြောင်းကြား ခဲ့သော်လည်း သူမ,မှာ လျစ်လျူရှု နေခဲ့သည်။ သူမက လန်ဆလော့အား ဂိမ်းမာများ သူမကို ဘယ်တော့မှ သစ္စာဖောက်မည် မဟုတ်ကြောင်း နှင့် ဘယ်တော့မှ သစ္စာမဖောက်သင့်ကြောင်း ပြန်ပြောခဲ့သည်။

လန်ဆလော့မှာ ဘုရင်မ ဂိမ်းမာများ အပေါ် ဩဇာလွှမ်းမိုးမှု ရှိသည်ဟုသာ ယူဆလိုက်သည်။ သူ မှတ်မိရသလောက် လီလို ပေါ်ထွက်လာသည့် အခါတိုင်း ဆူညံနေတတ်သော ဂိမ်းမာများမှာ နာခံသွား တတ်ကြ၏။ သူတို့ စကားတစ်ခွန်းမျှ မပြောဘဲ မည်သည့် လှုပ်ရှားမှုမျှပင် မပြုလုပ်ကြပေ။ ယင်းအစား သူတို့ ဘုရင်မကို အနီးကပ် စောင့်ကြည့် နေကြ ပေလိမ့်မည်။

လန်ဆလော့မှာ ခံတပ်၏ ကာကွယ်ရေးများကို တည်ထောင်ခြင်း ကဲ့သို့သော တခြား ပြဿနာများ ရှိနေ၏။ ဂိမ်းမာများ၏ အစုလိုက် အပြုံလိုက် ဘက်ပြောင်းမှုကြောင့် မြို့စားကြီးမှာ ခံတပ်၏ တည်နေရာကို သိရှိသွားပြီး ထောက်လှမ်းမှု ပြုလုပ်ရန် ကင်းထောက်များ စေလွှတ်ခဲ့သည်။ မြို့စားကြီး ခံတပ်ကို ရှာဖွေ တွေ့ရှိသည်နှင့် သူ ၎င်းကို တိုက်ခိုက် ဖျက်ဆီးလို ပေလိမ့်မည်။ ကံကောင်း ထောက်မစွာပင် လန်ဆလော့မှာ မဟာဗျူဟာကျသော နေရာ တစ်ခုကို ရွေးချယ် ထားခဲ့သည်။ ဘေးပတ်ပတ်လည်ကို မြင့်မားသော မြေပြင်ထုများဖြင့် ကာကွယ်ထားပြီး ဝင်ပေါက် လမ်းကြောင်းကလည်း တစ်ခုတည်းသာ ရှိနေ၏။ ရဲတိုက်အစောင့်များ အတွက် ခံတပ်ကို ထိရောက်စွာ တိုက်ခိုက်ရန် ခက်ခဲလှသည်။

ထို့အပြင် ရဲတိုက် အစောင့်များ၏ အရေအတွက်မှာ ဂိမ်းမာများ၏ အရေအတွက်ထက် နည်းနေ၏။ ဂိမ်းမာ ၁,၀၀၀ အကျဉ်းချ ခံထားရလျှင်ပင် ခံတပ်တွင် ဂိမ်းမာ ၃,၀၀၀ ရှိနေသေးသည်။ မြို့စားကြီး၏ ကင်းထောက်များ ခံတပ်ကို ထောက်လှမ်းမှု ပြုလုပ်ပြီးနောက် ပြန်မလာ ခဲ့ကြတော့ပေ။

ရံဖန်ရံခါတွင်မူ အချို့အစောင့်များ ရုတ်တရက် တိုက်ခိုက်မှုများကို ကာကွယ်ရန် ခံတပ်ကို အကဲခတ်ဖို့ ရောက်ရှိလာ တတ်ကြသည်။

လန်ဆလော့မှာ မြို့စားကြီး စတိုက်ခိုက်ရန် စွမ်းဆောင်ရည် မရှိကြောင်း သိသော်လည်း သူ သူ၏ သတိထားမှုကို မလျှော့ချခဲ့ပေ။

မြို့စားများမှာ ယော့ခ်နယ်စားကြီးကို အင်အားဖြည့်တင်းရန် လမ်းခရီးတွင် ရှိနေပြီး အချိန်မရွေး ရောက်ရှိလာနိုင် ပေသည်။ မြို့စားများ သူတို့၏ အင်အားဖြည့်တင်းမှုများ နှင့်အတူ ရောက်ရှိလာသည်နှင့် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ သူတို့၏ အရေအတွက် သာလွန်မှု အားသာချက်ကို ဆုံးရှုံးသွား ပေလိမ့်မည်။

ဂိမ်းမာများ ရှုံးနိမ့်မည် မဟုတ်သော်လည်း သူတို့ ရဲတိုက်ကို သိမ်းပိုက်ရန် ကြိုးပမ်းမှုများစွာ ပိုမို ပြုလုပ်ရ ပေလိမ့်မည်။ ထိုအရာမှာ လန်ဆလော့ လိုလားသော အရာ မဟုတ်ပေ။

လန်ဆလော့ ဘုရင်မအား ရဲတိုက်ကို ချက်ချင်း တိုက်ခိုက်ရန် သိမ်သွင်းခဲ့သော်လည်း သူမ,မှာ အလျင်လိုခြင်း မရှိခဲ့ပေ။ သူမ ဂိမ်းမာများ ဘာလုပ်နေကြသည်ကို စောင့်ကြည့်လိုခဲ့သည်။

သူ လက်အောက်ငယ်သား တစ်ဦး၏ တာဝန်ကိုသာ ဆောင်ရွက် နိုင်တော့သည်။ သူ ဂိမ်းမာများကို ဝိုင်းရံပိတ်ဆို့ရေး လက်နက်များ တည်ဆောက်ရန် အမိန့်ပေး ခဲ့သည်။

ဂိမ်းမာများမှာ ဝိုင်းရံပိတ်ဆို့ရေး လက်နက်များ တည်ဆောက်ရန် နေ့စဉ် မစ်ရှင် အသစ် တစ်ခု ရှိနေသော်လည်း သူတို့ အပိုနေ့စဉ် မစ်ရှင်အပေါ် လျစ်လျူရှု နေခဲ့ကြသည်။

မြို့စားကြီးမှာ အလွန် ပျော်ရွှင် နေခဲ့သည်။ သူ သူ၏ ရဲတိုက် ဗစ်တိုးရီးယား မြို့သားများ၏ များပြားလှသော အင်အားဖြင့် ဝိုင်းရံပိတ်ဆို့ ခံနေရသည်ကို မြင်သောအခါ သူ ကျဆုံးရတော့မည်ဟု ထင်မှတ်ခဲ့သည်။ သူ သူ၏ ရဲတိုက်မှ ထွက်ပြေးရန်ပင် စဉ်းစားခဲ့ သေးသည်။ သို့သော် ဗစ်တိုးရီးယား မြို့သားများ သူ့ထံသို့ အစုလိုက် အပြုံလိုက် ဘက်ပြောင်းလာ လိမ့်မည်ဟု မမျှော်လင့် ထားခဲ့ပေ။

မြို့စားကြီးမှာ အင်အားဖြည့်တင်းမှုများ ယူဆောင်လာသော မြို့စားများက ယော့ခ်နယ်မြေ၏ နယ်နိမိတ်သို့ ရောက်ရှိ လာကြောင်း ကြားသိသောအခါ အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့သည်။

ယော့ခ်နယ်မြေ၏ နယ်နိမိတ်ရှိ လွင်ပြင်များမှာ တဲများ၊ သူရဲကောင်းများနှင့် သူတို့၏ အစေခံများ အစားအစာများ ပြင်ဆင်ရာ၌ အလုပ်များ ရှုပ်ထွေးနေကြသည်။

မြို့စားများမှာ တဲများတွင် အနားယူ နေခဲ့ကြသည်။ သူတို့၏ တာဝန်များမှာ သူတို့၏ မြေများကို အုပ်ချုပ်ခြင်း၊ ဘဝကို ပျော်မွေ့ခြင်းနှင့် စစ်ပွဲကာလတွင် သူတို့၏ အရှင် အတွက် တိုက်ခိုက်ခြင်းတို့ ပါဝင်သည်။ တိုက်ပွဲ တစ်ခု တိုက်ခိုက်ခြင်းမှာ အန္တရာယ် ရှိသောကြောင့် သူကောင်းမျိုး မြို့စားများမှာ တတ်နိုင်သမျှ မိမိကိုယ်ကို ဇိမ်ခံနိုင်ရန် ကြိုးစားခဲ့ကြသည်။

မြို့စားကြီးကို အင်အားဖြည့်တင်းရန် ရောက်ရှိလာသော မြို့စား ငါးဦး ရှိနေ၏။ စွမ်းဆောင်ရည် အရှိဆုံး မြို့စားမှာ ပေါက်စီဟု ခေါ်ပြီး သူမှာ အင်အားဖြည့်တင်းမှု တပ်များ၏ ခေါင်းဆောင်ဖြစ်၏။

သူတို့ ယော့ခ်နယ်မြေသို့ မဝင်ရောက်မီ သူတို့ စစ်ရေးညီလာခံ တစ်ခု ကျင်းပ ခဲ့ကြသည်။

"မင်းတို့ အားလုံး မြို့စားကြီးရဲ့ ရဲတိုက်ကို ရန်သူ ၅,၀၀၀က ဝိုင်းရံ ပိတ်ဆို့နေကြောင်း သိလိမ့်မယ်လို့ ငါ ယုံကြည်တယ်။" ပေါက်စီ ပြောလိုက်သည်။

နောက်ထပ် မြို့စား တစ်ဦး မေးလိုက်သည်။ "သူတို့က ပစ္စည်း ကိရိယာ အပြည့်အစုံ မရှိတဲ့ လယ်သမားတွေ သက်သက်ပဲလို့ ငါ ကြားတယ်။ လယ်သမားတွေက ငါတို့အတွက် ဘယ်လို ခြိမ်းခြောက်မှု ဖြစ်နိုင်မှာလဲ။"

နောက်ထပ် မြို့စား တစ်ဦး ပြုံးကာ ပြောလိုက်သည်။ "ဒီလယ်သမားတွေက ငါတို့ရဲ့ လေးစားရတဲ့ မြို့စားကြီးကို သူ့ ရဲတိုက်မှာ ဝိုင်းထားတယ်။ မြို့စားကြီးက လယ်သမားတွေအပေါ် အရမ်း ကြင်နာတတ်ပုံ ရတယ်ပဲ။"

မြို့စားများ အားလုံး ရယ်မော လိုက်ကြသည်။ အကြောင်းမှာ သူတို့ မြို့စားကြီးမှာ ကြင်နာတတ်သူ မဟုတ်ကြောင်း သိရှိ နေသောကြောင့်ပင်။ မြို့စားကြီးမှာ သူ၏ သူရဲကောင်း ၃,၀၀၀ လယ်သမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသောကြောင့်သာ ဝိုင်းရံပိတ်ဆို့ ခံနေရခြင်း ဖြစ်၏။ ဤသည်မှာ အံ့ဩဖွယ်သတင်း တစ်ခုပင်။

မြို့စားကြီးမှာ ဗစ်တိုးရီးယားမြို့ကို တိုက်ခိုက်ရန် ခိုင်လုံသော အကြောင်းပြချက် တစ်ခု လိုသောကြောင့် သူ သူ၏ အရှက်ကွဲခြင်း သတင်းကို ဖြန့်ဝေ ခဲ့သည်။ ဗစ်တိုးရီးယားမြို့ကို သွားရောက် တိုက်ခိုက်ချိန်တွင်မူ သူ၏ သူရဲကောင်းများမှာ ချေမှုန်းခြင်း ခံခဲ့ရ၏။ အသက်ရှင် ကျန်ရစ်သူ အနည်းငယ်သာ ယော့ခ်နယ်စားကြီး ထံသို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။

ဤသည်မှာ မယုံနိုင်ဖွယ် သတင်း တစ်ခုပင်။ အစပိုင်း ထိတ်လန့်မှု အပြီး သူတို့ ယခင်က ဩဇာကြီးခဲ့သော မြို့စားကြီးကို သရော် ရယ်မော ခဲ့ကြသည်။

သူ၏ ရှုံးနိမ့်မှုကြောင့် မြို့စားကြီး၏ ဂုဏ်သတင်းမှာ အကြီးအကျယ် ညှိုးနွမ်း သွားခဲ့သည်။ သူ၏ လက်အောက်ငယ်သား မြို့စားများပင် မြို့စားကြီးကို မထီမဲ့မြင် ပြုလာကြသည်။

သို့သော် သူတို့ လက်အောက်ငယ်သားများ၏ တာဝန်များကိုတော့ လိုက်နာ ဆောင်ရွက် ပေးရပေမည်။ ပေါက်စီ စားပွဲကို ပေါ့ပေါ့ပါးပါး ပုတ်ကာ ပြောလိုက်သည်။ "လူကြီးမင်းတို့၊ မင်းတို့ ဗစ်တိုးရီးယားမြို့က စစ်သည်တော်တွေ အားနည်းတယ်လို့ ထင်မှတ် နေကြရော့မယ်။ ဒီအားနည်းတဲ့ သူတွေကပဲ မြို့စားကြီးရဲ့ သူရဲကောင်း ၃,၀၀၀ ကို အနိုင်ယူခဲ့ကြတယ် ဆိုတာလည်း မမေ့ကြနဲ့ဦး။ မြို့စားကြီးရဲ့ သူရဲကောင်းတွေ ဘယ်လောက် အားကောင်းခဲ့လဲဆိုတာ မင်းတို့ ငါတို့ အသိပါ။ ရန်သူကို အထင်မသေးကြနဲ့၊ သူတို့က ငါတို့ ထင်ထားသလောက် ရိုးရှင်းကြမှာ မဟုတ်ဘူး။"

တခြား မြို့စားများမှာ လေးနက်သွား ခဲ့ကြသည်။ သူတို့ အလွန် ပေါ့ဆ ခဲ့မိသည်။

ပေါက်စီ သူတို့၏ စစ်ရေး အစီအစဉ်များကို အသေးစိတ် ဆွေးနွေးရန် ကြိုးစားနေစဉ် ကင်းထောက် တစ်ဦး အလျင်အမြန် တဲအတွင်းသို့ ပြေးဝင်လာပြီး ပြောလိုက်သည်။ "မဟာမြို့စားကြီးတို့၊ ဗစ်တိုးရီးယားမြို့က စစ်သည်တော်တွေ ကျွန်တော်တို့ စခန်းကို ချဉ်းကပ် လာနေကြပြီ။"

မြို့စားများနှင့် ဘာရွန်များ တဲများတွင် ကျယ်လောင်စွာ ဆူပူစ ပြုလာကြသည်။

သူတို့ မယုံနိုင်ခဲ့ကြပေ။ သူတို့ ဒေါသတကြီး အကျယ်တဝင့် ကြိမ်းမောင်း ခဲ့ကြသည်။ ဗစ်တိုးရီးယားမြို့မှ လယ်သမားများက တိုက်ခိုက်မှု တစ်ခု ပြုလုပ်ဝံ့ခြင်းမှာ စော်ကားမှု တစ်ခု ဖြစ်သည်ဟု သူတို့ ခံစားခဲ့ရသည်။

ပေါက်စီ မြို့စားများနှင့် ဘာရွန်များကို သူတို့၏ စစ်တပ်များကို ဦးဆောင်ကာ ဗစ်တိုးရီးယား မြို့သားများနှင့် တိုက်ခိုက်ရန် အမိန့်ပေး ခဲ့သည်။

သူတို့ သူတို့၏ တဲများ အပြင်ဘက်တွင် သူတို့၏ ပုံစံကွက်ကို ဖြန့်ကျက် လိုက်သောအခါ ဗစ်တိုးရီးယားမြို့သား ၁၀၀သာ ရှိပြီး သူတို့၌ ပုံစံကွက်ပင် မရှိကြောင်း တွေ့ရှိ ခဲ့ကြသည်။ သူတို့ မြင်းများ ပေါ်တွင် မဟုတ်ဘဲ အဝတ်အစား မဝတ်ဘဲ အပေါစား တုတ်များကိုသာ ကိုင်ဆောင်ထား ခဲ့ကြသည်။

သူတို့ ကင်းထောက်များ ကဲ့သို့ မထင်ရပေ။ ဖြစ်နိုင်သည်မှာ သူတို့က သံတမန်များလား။ မြို့စားများနှင့် ဘာရွန်များမှာ စိတ်ရှုပ်ထွေး နေသောကြောင့် တိုက်ခိုက်မှု တစ်ခု ပြုလုပ်ရန် အမိန့်မပေး ခဲ့ကြပေ။ ဗစ်တိုးရီးယား မြို့သားများ စခန်းမှ မြင်းစီးချိန် သုံးမိနစ် အကွာအဝေးတွင် ရပ်တန့် ခဲ့ကြသည်။

ဗစ်တိုးရီးယား မြို့သားများက စခန်းကို ညွှန်ပြကာ စကားပြောဆို နေခဲ့ကြသော်လည်း သူတို့ ဘာပြော နေကြသည်ကို ခွဲခြားသိမြင်နိုင်ရန် အလွန် ဝေးကွာ နေခဲ့သည်။

ပေါက်စီမှာ ဗစ်တိုးရီးယား မြို့သားများ သူတို့၏ နေရာတွင် ရပ်တန့် နေသောအခါ စိတ်မရှည်တော့ပေ။ သူ သူ၏ အစေခံအား သူ၏ အလံ နှင့်အတူ ရန်သူ ၁၀၀ ပါသော အုပ်စုဆီသို့ မြင်းစီးသွားရန် အမိန့်ပေး ခဲ့သည်။

ဂိမ်းမာများမှာ မြင်းပေါ်မှ အစေခံ တစ်ဦး သူတို့ ဆီသို့ လာနေသည်ကို မြင်တွေ့သောအခါ စိတ်လှုပ်ရှားလာ ခဲ့ကြသည်။

မြို့စားများမှာ ဗစ်တိုးရီးယားမြို့မှ လယ်သမားများ ကြောက်ရွံ့ နေကြသည်ဟုသာ ထင်မှတ် ခဲ့ကြသည်။

"ဗစ်တိုးရီးယားမြို့က လယ်သမားတွေရဲ့ အစွမ်းကို အထင်ကြီးလွန်းတယ်လို့ ငါ ထင်တယ်။ သူတို့ ငါတို့ စခန်းကို တွေ့တာနဲ့ ကြောက်သွားကြပြီ။ တိုက်ပွဲစတဲ့ အခါ သူတို့ သေချာပေါက် ထွက်ပြေး ကြလိမ့်မယ်။ မြို့စားကြီး ဘာဖြစ်လို့ ဝိုင်းရံပိတ်ဆို့ ခံရပြီး ငါတို့ အကူအညီ တောင်းခဲ့ရသလဲ ဆိုတာ ငါဖြင့် မတွေးတတ်တော့ဘူး။ သူ ပေါ့ဆခဲ့တာပဲ နေမှာ။" ဘာရွန် တစ်ဦး မထီမဲ့မြင် ပြုကာ မှတ်ချက် ပေးလိုက်ရာ တခြား ဘာရွန်များ ရယ်မော လိုက်ကြသည်။ ဂိမ်းမာ ၁၀၀ အစေခံဆီသို့ ပြေးဝင်ကာ သူ့ကို သတိလစ်အောင် ရိုက်နှက် ခဲ့ကြသည်။ ထို့နောက် သူတို့ သူ၏ အဝတ်အစားများကို ချွတ်ယူပြီး သူ၏ မြင်းကို ခိုးယူသွား ခဲ့ကြသည်။

ခဏမျှ ဆွေးနွေးပြီးနောက် ဂိမ်းမာ တစ်ဦး မြင်းကို စီးကာ ပျော်ရွှင်စွာ ထွက်ခွာ သွားခဲ့သည်။ မြို့စားများ ထိုသို့သော အရှက်ခွဲခြင်းကို မည်သို့ သည်းခံနိုင်မည်နည်း။

သူတို့ သူတို့၏ မြင်းများဖြင့် ထွက်ခဲ့ကြသည်။ မကြာမီ မြင်းစီးသူရဲ ၄၀၀မှ ၅၀၀ ဂိမ်းမာများ ဆီသို့ ပြေးဝင် တိုက်ခိုက် ခဲ့ကြသည်။

ဂိမ်းမာများမှာ ချဉ်းကပ် လာသော မြင်းစီးသူရဲများကို မြင်တွေ့ပြီး ထိတ်လန့်သွား ခဲ့ကြသည်။ သူတို့ မြင်းတပ်ဆီ ထွက်ပြေးစ ပြုလာ ခဲ့ကြသည်။

ဂိမ်းမာများ မြင်းတပ်ကို မည်သို့ အမီလိုက် ပြေးနိုင်မည်နည်း။ မြင်းစီးသူရဲများက သူတို့၏ လက်နက်များကို လွှဲယမ်းကာ ကျိန်ဆဲနေသော၊ ရယ်မောနေသော ဂိမ်းမာများကို သတ်ဖြတ် ခဲ့ကြသည်။ သူတို့ မည်သည့် ဂိမ်းမာမျှ ခွင့်လွတ်ပေးရန်၊ သနားပေးရန် တောင်းခံသည်ကို မကြားခဲ့ရပေ။ ကောလာဟာလတွင် ကြားသိခဲ့သည့် အတိုင်းပင်... ဂိမ်းမာများမှာ လက်နက်ချရန် ရည်ရွယ်ချက် မရှိခဲ့ကြပေ။ ပေါက်စီမှာ အလွန် ထိတ်လန့်သွားပြီး တိတ်ဆိတ် သွားခဲ့သည်။ သူ ထိုသို့သော ထူးချွန်သော စိတ်ဓာတ်ကြံ့ခိုင်မှု ရှိသော စစ်သည်တော်များကို ယခင်က မကြုံတွေ့ခဲ့ဖူးပေ။ ရန်သူ ၁၀၀ သာ ရှိနေ၏။ သူ သူတို့ထဲမှ ၅,၀၀၀ နှင့် တိုက်ခိုက် ရမည်ဆိုပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို စိတ်ကူးယဉ် ကြည့်နိုင်ပေသည်။

သူ ကောလာဟလပါ ဗစ်တိုးရီးယား မြို့သားများမှာ အမွှန်းတင်ထားခြင်း သက်သက် မဟုတ်ကြောင်း သိရှိ သွားခဲ့သည်။

ပေါက်စီမှာ ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ ရောက်လာမည့် ပြင်းထန်သော တိုက်ပွဲကို မျှော်လင့်ခြင်းကြောင့် စိတ်လှုပ်ရှား နေခဲ့သည်။ သူ ထိုသို့သော ထိုက်တန်သော ပြိုင်ဘက်ကို အနိုင်ယူရန် ပြင်းပြသော ဆန္ဒ ရှိနေခဲ့သည်။

ပေါက်စီ သူ၏ မြင်းကို လှည့်ကာ မြို့စားများနှင့် ဘာရွန်များအား အော်ပြော လိုက်သည်။ "ကိုယ့်ကိုယ်ကို ပြင်ဆင်ထားကြပါ။ ငါတို့ ဗစ်တိုးရီးယားရဲ့ ခံတပ်ကို တိုက်ခိုက်မှု တစ်ခု ပြုလုပ်မယ်။ ငါတို့ သူတို့ကို မြို့စားကြီးရဲ့ ရဲတိုက်ကို ဝိုင်းရံပိတ်ဆို့ခွင့် မပြုနိုင်ဘူး။ ငါတို့ သူတို့ရဲ့ မာနကို ချိုးဖျက်ပစ်ရမယ်။"

လူတိုင်း စိတ်လှုပ်ရှားစွာ ဟစ်ကြွေး လိုက်ကြပြီး မြင်းစီးသူရဲ အုပ်စုကြီး တစ်ခု စခန်းမှ ဗစ်တိုးရီးယား၏ ခံတပ်ဆီသို့ ထွက်ခွာ ခဲ့ကြသည်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသော ဂိမ်းမာများ ပြန်လည် ရှင်သန်ရေး နေရာတွင် ပေါ်ထွက်လာ ခဲ့ကြသည်။ သူတို့ အချင်းချင်း ကျိန်ဆဲ၊ အပြစ်တင်ကာ မြို့စားကြီး၏ ရဲတိုက် နယ်နိမိတ်သို့ မြင်းစီးသူရဲ အသစ်များ ရောက်ရှိလာပြီး သူတို့ကို တိုက်ခိုက် နေကြောင်း သတင်းကို ဖြန့်ခဲ့ကြသည်။ သို့သော် ဂိမ်းမာများမှာ အစေခံ၏ ချပ်ဝတ်နှင့် မြင်းကို လုယက်ခဲ့သော သူတို့၏ လုပ်ရပ်များကိုတော့ မဖော်ပြခဲ့ကြပေ။ ၎င်းမှာ သူတို့၏ သာမန် ကိစ္စရပ်များသာ ဖြစ်၏။ တကူးတက ထုတ်ပြောစရာ ဘာရှိမည်နည်း။

All Chapters