← Chapters

တိုက်ပွဲစတင်ခြင်း

Vol. 32 Ch. 474

တိုက်ပွဲစတင်ခြင်း

Vol. 32 Ch. 474

ယော့ခ်နယ်မြေရှိ ဗစ်တိုးရီးယား၏ ခံတပ်တွင် ဂိမ်းမာများ မြို့စားကြီး၏ ရဲတိုက် နယ်နိမိတ်တွင် ပေါ်ထွက်လာသော သူရဲကောင်း အသစ်များနှင့် လာမည့် တိုက်ခိုက်မှု တစ်ခု အကြောင်း အချင်းချင်း အကြောင်းကြား နေကြသည်။ သူတို့ သူတို့၏ ကာကွယ်ရေးများကို ပြင်ဆင် ရပေမည်။

ဂိမ်းမာများမှာ တိုက်ခိုက်ခြင်း ခံရသည်ကို အကျွမ်းတဝင် ရှိနေကြလေပြီ။ ဗစ်တိုးရီးယားမြို့ စတင် တည်ထောင်ကတည်းက အကြိမ်များစွာ တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ တိုက်ခိုက်မှု တစ်ခုစီ အပြီးတွင် ဂိမ်းမာများ ဆုကြေး တစ်ခု ရရှိ ကြသောကြောင့် သူတို့ တိုက်ခိုက်မှုများကို လိုလိုလားလား ကြိုဆို ခဲ့ကြသည်။

သူရဲကောင်းများ သူတို့ကို တိုက်ခိုက်တော့မည် ဖြစ်သောကြောင့် သူတို့ အလွန် ပျော်ရွှင် နေခဲ့ကြသည်။

လန်ဆလော့မှာ ခံတပ် အတွင်းသို့ ဝင်ရောက်နိုင်သည့် တစ်ခု တည်းသော လမ်းကြောင်းတွင် အတားအဆီးများ၊ ကာကွယ်ရေး စည်းများကို တည်ဆောက်ရန် ဂိမ်းမာများကို ညွှန်ကြားရင်း စိုးရိမ် နေခဲ့သည်။

လန်ဆလော့မှာ စိုးရိမ်နေဆဲ ဖြစ်သော်လည်း တခြား ရွေးချယ်စရာ မရှိခဲ့ပေ။

မြို့စားများနှင့် ဘာရွန်များ၏ တပ်ဖွဲ့များ ဗစ်တိုးရီးယား၏ ခံတပ်သို့ ချဉ်းကပ်လာ ခဲ့ကြသည်။

သူရဲကောင်း ထောင်ပေါင်း များစွာ ခံတပ်ကို ဝန်းရံ ထားသည့်အခါ ဂိမ်းမာများစွာ အပြင်ဘက်တွင် လျှောက်သွား နေကြပြီး သူရဲကောင်းများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ သူတို့ အလွယ်တကူပင် အဖမ်းအဆီး ခံခဲ့ကြ၏။ ဘယ်လိုပြောပြော ဂိမ်းမာများမှာတွင် ထွက်ပြေးရန်လည်း ရည်ရွယ်ချက် မရှိခဲ့ကြပေ။

ဂိမ်းမာများမှာ သူရဲကောင်းများကို မြို့စားကြီးမှ ဖမ်းရန် အမိန့်ပေးထားသည်ဟု ထင်မှတ် ခဲ့ကြသောကြောင့် သူတို့ လိုလိုလားလား အဖမ်းခံရန် ကမ်းလှမ်း ခဲ့ကြသည်။ အကယ်၍ သူတို့သာ ကျွန်စစ်သည်တော် စစ်တပ်သို့ ဝင်ရောက် နိုင်ခဲ့ပါက သူတို့လည်း လူဆိုးလေးကဲ့သို့ ဖြစ်လာပြီး သူတို့၏ ဘဝ အထွတ်အထိပ်သို့ ရောက်ရှိ နိုင်ပေသည်။ သူတို့ အဘယ်ကြောင့် ထွက်ပြေး လိုကြမည်နည်း။

ဂိမ်းမာများက ဤသူရဲကောင်းများမှာ ကမ္ဘာကို သိမ်းပိုက်အောင်နိုင်ရန် နှင့် ကျွန်စစ်တပ် တစ်ခု ဖွဲ့စည်းရန် ရည်ရွယ်ချက် မရှိသော မြို့စားများနှင့် ဘာရွန်များ၏ အင်အားဖြည့်တင်းမှု တပ်များ ဖြစ်ကြောင်းကိုတော့ မသိခဲ့ကြပေ။

မြို့စားကြီးကို ကယ်တင်နိုင်ရန် သူရဲကောင်းများက ဂိမ်းမာများ၏ တိုက်ခိုက်ရေး စွမ်းပကားကို လျှော့ချရန် အကောင်းဆုံး ကြိုးစား ခဲ့ကြသည်။

လက်နက်ချသော ဂိမ်းမာများကို ဖမ်းဆီးစစ်ဆေး ပြီးနောက် သူတို့ အကျဉ်းသား အားလုံးကို မဖမ်းဆီးထားဘဲ အပြီး သတ်ဖြတ် ခဲ့ကြသည်။

မြို့စားများတွင် ဂိမ်းမာများကို ထိန်းသိမ်းရန် အကျဉ်းထောင်များ မရှိခဲ့ကြပေ။ အထူးသဖြင့် သူတို့ထဲမှ ထောင်ပေါင်း များစွာ ရှိနေသည့် အခါတွင်ပင်ပေါ့။ သူတို့ထဲမှ ရာဂဏန်းမျှသာ ရှိနေလျှင်ပင် မြို့စားများက သူတို့ကို သတ်ဖြတ်ပစ်ရန် ချီတုံချတုံ ဖြစ်မည် မဟုတ်ပေ။

ဂိမ်းမာများမှာ ဖိုရမ်ပေါ်မှ တဆင့်နှင့် တခြားဂိမ်းမာများထံမှ တဆင့် ဤသူရဲကောင်းများ ထံသို့ ဘက်ပြောင်းခြင်းမှာ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်များ ဖြစ်ပေါ်စေမည့်အစား ချက်ချင်း သေဆုံးခြင်းကိုသာ ဖြစ်စေမည် ဖြစ်ကြောင်း သိရှိခဲ့ကြသည်။

မစ်ရှင် မရှိသောကြောင့် ဂိမ်းမာများ မြို့စားများ၏ စစ်တပ်ကို စတင် တိုက်ခိုက် ခဲ့ကြသည်။

ရည်မှန်းချက် ကြီးမားသော ပေါက်စီမှာ ဂျော့ခ်ျ ခံစားခဲ့ရသော မျှော်လင့်ချက် ကင်းမဲ့မှုကို ခံစားရတော့သည်။

တိုက်ပွဲ စတင်သောအခါ ပေါက်စီ၏ စစ်သားများ ဘက်မှ အသာစီး ရရှိပြီး ခံတပ်ကို သိမ်းပိုက်နိုင်လု နီးပါး ဖြစ် သွားခဲ့သည်။ သစ်ချွန် စည်းရိုးများနှင့် အတားအဆီးများကို ရှင်းလင်း နိုင်ခဲ့ကြသည်။

ထို့နောက် သူ မီးကို အသုံးပြု၍ အတားအဆီး အားလုံးကို မီးရှို့ခဲ့သည်။

အပြင်ဘက်မှ ဂိမ်းမာများက ခံတပ်ကို တိုက်ခိုက်မှု တစ်ခု မပြုလုပ်မီကပင် ဖမ်းဆီး သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

"မြို့စားပေါက်စီ။" တပ်ဖွဲ့များ ထပ်တိုက်ခိုက်ရန် ကြိုးစားနေစဉ် သူရဲကောင်း တစ်ဦး ပေါက်စီဆီသို့ လျှောက်လာပြီး ပြောသည်။ "ဗစ်တိုးရီးယားစခန်းရဲ့ တည်နေရာက မဟာဗျူဟာ ကျတယ်။ ဗစ်တိုးရီးယား မြို့သားတွေက ရဲရင့်ပြီး ကြမ်းတမ်းတယ် လို့ပဲ ကျွန်တော် ထင်ခဲ့တာ။ သူတို့မှာ ဒီလောက် နည်းဗျူဟာပိုင်း ကျွမ်းကျင်တဲ့ သူတစ်ယောက် ရှိနေလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့် ထားခဲ့ဘူး။"

"ငါလည်း အံ့ဩမိတယ်။ ဒါပေမဲ့ ဒီကာကွယ်ရေး ခံတပ်က ငါတို့အတွက် ပြဿနာ မဟုတ်ပါဘူး။" ပေါက်စီ ယုံကြည်ချက် ရှိစွာ ပြုံးကာ သူ၏ နောက်မှ တပ်ဖွဲ့များအား ပြောလိုက်သည်။ "ငါတို့ရဲ့ အမြောက်တွေကို ရှေ့ကို ယူခဲ့ပါ။"

အစေခံ အနည်းငယ် အမြောက်ကြီးသုံ းလက်ကို ရှေ့သို့ တွန်းပို့ ခဲ့ကြသည်။

ခံတပ်ပေါ်ရှိ ဂိမ်းမာများလည်း အမြောက်ကြီးများကို သတိပြု မိလိုက်ကြသည်။ သူတို့ ထိုသို့သော လက်နက် တစ်ခု အလယ်ခေတ်တွင် ရှိနေ လိမ့်မည်ဟု ဘယ်တော့မှ မမျှော်လင့် ထားခဲ့ကြပေ။

သို့သော် ဂိမ်း တစ်ခုတွင် ထိုသို့သော အရာ ဖြစ်ပျက်ခြင်းမှာ ထူးဆန်းသော အရာ မဟုတ်ပေ။

မြို့စားပေါက်စီ အသုံးပြုသော အမြောက်များမှာ ယမ်းမှုန့် အသုံးပြုသော သာမန် အမြောက်များ မဟုတ်ပေ။ သူတို့မှာ မြေအောက်လောက မှော်အမြောက်များနှင့် ဆင်တူ၏။

အသုံးပြုသော စွမ်းအင်မှာ မာနာစွမ်းအင် မဟုတ်ဘဲ အသိပညာ၏ စွမ်းအားဖြစ်၏။ တနည်းအားဖြင့် ၎င်းမှာ မြင့်မြတ်သော အလင်းတန်း စွမ်းအားပင်။

အမြောက်ကျည်ဆန်အတွက် စွမ်းအင်မှာ ယမ်းမှုန့် ပေါက်ကွဲမှုမှ ရရှိခြင်း မဟုတ်ပေ။ ယင်းအစား အမြောက်၏ နောက်ဘက်တွင် တွန်းကန်ကိရိယာ တစ်ခု တပ်ဆင် ထားသည်။ ပစ်ခတ်ခြင်း မပြုမီ ထိုကိရိယာကို ရေဖြင့် ဖြည့်တင်းရပြီး မြင့်မြတ်သော အလင်းတန်း စွမ်းအား ဖြည့်တင်းထားသော ကျည်ဆန် တစ်ခုကို အမြောက် အတွင်းသို့ ထည့်သွင်း ရ၏။ ဘုရားကျောင်းတော်မှ အဖွဲ့ဝင်များသာ အမြောက်များ၏ ဖွဲ့စည်းပုံ အသေးစိတ်ကို သိရှိကြသည်။

ပေါက်စီမှာ ဘုရားကျောင်းတော်မှ အဖွဲ့ဝင် တစ်ဦး မဟုတ်ဘဲ သူ မြင့်မြတ်သော အလင်းတန်း အမြောက်ကျည်ဆန်၏ အလုပ်လုပ်ပုံကို စိတ်မဝင်စားခဲ့ပေ။ သူ ၎င်းကို အသုံးပြုရန်သာ စိတ်ဝင်စား ခဲ့သည်။

ရေနွေးငွေ့ စွမ်းအင်မှာ စွမ်းအား များစွာ မပေးစွမ်း နိုင်သောကြောင့် ဘုရားကျောင်းတော်မှ အဖွဲ့ဝင် တစ်ဦး အမြောက်များကို မြင့်မြတ်သော အလင်းတန်းဖြင့် ကောင်းချီး ပေးခဲ့သည်။ သူ မန္တန် ရွတ်ဖတ်ကာ အမြောက် သုံးလက်ကို မြင့်မြတ်သော အလင်းတန်းဖြင့် ဖုံးလွှမ်း စေခဲ့သည်။

ဂိမ်းမာများမှာ ထိတ်လန့်သွား ခဲ့ကြသည်။ သူတို့ မြင့်မြတ်သော အလင်းတန်း စွမ်းအားကို ဤသို့ အသုံးပြုနိုင် လိမ့်မည်ဟု မမျှော်လင့် ထားခဲ့ကြပေ။ ပေါက်စီ၏ အမိန့်ဖြင့် အမြောက် သုံးလက် တစ်ချိန်တည်းတွင် ပစ်ခတ်ခဲ့ကြသည်။ တောက်ပသော ကျည်ဆန်များ ဗစ်တိုးရီးယား၏ ခံတပ်ဆီသို့ ပျံဝဲသွားပြီး လေထဲတွင် ပေါက်ကွဲ သွားခဲ့သည်။

ပေါက်ကွဲမှုမှာ မျက်စိကျိန်းစေပြီး ခံတပ်ရှိ အရာအားလုံးကို ဖျက်ဆီး ခဲ့သည်။

သစ်သားကာကွယ်ရေး များမှာ အမြောက်များ၏ ဒုတိယအကြိမ် ပစ်ခတ်မှုကြောင့် လုံးဝ ပျက်စီး သွားခဲ့သည်။ ပထမအကြိမ် ပစ်ခတ်မှုမှာ ခံတပ်အများစုကို ဖျက်ဆီး ခဲ့သည်။

မာနာ စွမ်းအင်ဖြင့် ကာကွယ်ထားသော မှော်အက္ခရာ မာနာပုံစံကွက်သာ မပျက်မစီး ကျန်ရှိ နေခဲ့သည်။

မှော်အက္ခရာ မာနာပုံစံကွက် တစ်ခုတည်းကပင် ဂိမ်းမာများအဖို့ အခြေအနေကို ပြောင်းပြန် လှန်ပစ်ရန် အတွက် လုံလောက်သည်ထက် ပိုနေခဲ့သည်။

...

ဗစ်တိုးရီးယားမြို့တွင်။

လန်ဆလော့ ရဲတိုက်မှ ထွက်လာကာစ ဖြစ်ပြီး လေထုထဲတွင် ထူးဆန်းသော အရာ တစ်ခုကို ခံစားလိုက် ရသည်။ ကိုယ်လုံးတီး ဂိမ်းမာ များစွာ ပြန်လည် ရှင်သန်ရေး နေရာမှ ထွက်ပေါ်လာပြီး ကျိန်ဆဲ နေခဲ့ကြသည်။

"ဘာဖြစ်နေတာလဲ။ အမြောက်တွေက ငါတို့ အားလုံးကို သတ်ပစ်လိုက်တယ်။ ဒါက အွန်လိုင်းဂိမ်း မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဇာတ်လမ်းတွဲ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်နေ ရတာလဲ။"

"ဒါက ကြောက်ဖို့ ကောင်းတယ်။ ငါ မသေမှီ တုံ့ပြန်ဖို့ အခွင့်အရေးတောင် မရခဲ့ဘူး။"

"အမြန် လုပ်။ ငါတို့ ပစ္စည်း ကိရိယာတွေကို ပြန်ရှာကြစို့။ ငါတို့ ဇာတ်လမ်းတွဲ တစ်ခု ဖြစ်နေတုန်း အသတ်ခံခဲ့ရတဲ့ အတွက် လက်နက်တွေ ကျန်နေသင့်တယ်။"

"ငါ့ ပစ္စည်း ကိရိယာတွေ ဆုံးရှုံးသွားရင်တော့ ငါ ဂိမ်းထုတ်လုပ်သူရဲ့ အမေကို သတ်ပစ်မှာ။"

ဂိမ်းမာများမှာ ဆူပူအော်ဟစ် နေခဲ့ကြသည်။ ထို့နောက် သူတို့ နေရာရွှေ့ပြောင်း ဝင်ပေါက်ဆီသို့ ပြေးဝင်သွား ခဲ့ကြသည်။ လန်ဆလော့မှာ ယော့ခ် နယ်မြေရှိ ခံတပ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း သိရှိရန် လိုက်မေးမြန်းစရာ မလိုခဲ့ပေ။

သူ နေရာရွှေ့ပြောင်း ဝင်ပေါက်သို့ ဝင်ရောက်ရန် ကြိုးစားနေစဉ် ဘော့စ်အကြီး ဟမ်းစတား သူ့ကို တားဆီးကာ ပြောလိုက်သည်။ "မြို့စား ဂလာမော်ဂန်၊ ကျေးဇူးပြုပြီး မထွက်ခွာပါနဲ့။ ဘုရင်မက ငါတို့ကို ယော့ခ်နယ်မြေကို မဝင်ရောက်ဖို့ အမိန့်ပေး ထားပါတယ်။"

"ဒါပေမဲ့ ငါတို့ ခံတပ် တိုက်ခိုက် ခံနေရတယ်။ ငါ သူတို့ရဲ့ ကာကွယ်ရေး တွေကို ညွှန်ကြားရမယ်။ ရန်သူ နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ဝင်ရောက်လာရင် ဘုရင်မတောင် အန္တရာယ် ရှိနိုင်တယ်။"

ဘော့စ်အကြီး ပြုံးကာ ပြောလိုက်သည်။ "ဒါက မဖြစ်နိုင်ဘူး။ သူတို့ ဒီကို ရောက်လာရင်တောင် သူတို့ ဘုရင်မ အတွက် ခြိမ်းခြောက်မှု ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဘုရင်မရဲ့ အမိန့်ကို နာခံပြီး ဗစ်တိုးရီးယားမြို့မှာ ပဲနေပါ။ ဒါက မင်းရဲ့ လုံခြုံရေး အတွက်ပဲ။"

ဘော့စ်အကြီး ဟမ်းစတား များများစားစား မရှင်းပြခဲ့ပေ။ လန်ဆလော့မှာ ဘုရင်မ ဂိမ်းမာများ၏ ပြန်လည် ရှင်သန်ရေး စွမ်းရည်ကို အပြည့်မဝ ယုံကြည်သည်ဟု ခန့်မှန်း ခဲ့သည်။ သူတို့ ရန်သူကို ကြောက်ရွံ့နေစရာ မလိုခဲ့ပေ။

သူရဲကောင်း တစ်ဦး အနေဖြင့် အန္တရာယ်ရှိသည့် အခါတိုင်း သူ ပုန်းအောင်း နေခဲ့ရသည်။ ၎င်းမှာ သူအဖို့ လက်ခံရန် ခက်ခဲလှ၏။ သူ ရှေ့တန်းတွင် တိုက်ခိုက်ရန် အခွင့်အရေး တစ်ခု ရယူ လိုခဲ့သည်။

ဘော့စ်အကြီး သူ့ကို အခွင့်အရေး မပေးဘဲ ရဲတိုက် အတွင်းသို့ ပြန်ဝင် သွားခဲ့သည်။ လန်ဆလော့ ဘော့စ်အကြီးကို အမီလိုက်ရန် ကြိုးစားနေစဉ် သူ ဂွီနီဗီယာကို မြင်လိုက်ရာ ဂွီနီဗီယာက ပြောသည်။ "မြို့စားလန်ဆလော့၊ ယော့ခ်နယ်မြေက ခံတပ် တိုက်ခိုက် ခံနေရတယ်လို့ ငါ ကြားတယ်။ မြို့စားကြီး ပြန်တိုက်ခိုက် နေတာလား။"

ဂွီနီဗီယာ၏ စိုးရိမ်နေသော မျက်နှာအမူအရာ ကိုမြင်တွေ့ ရသောအခါ လန်ဆလော့ လျင်မြန်စွာ ရှင်းပြ လိုက်သည်။ "စိတ်မပူပါနဲ့။ အခြေအနေက တိတိကျကျ မရှိသေးဘူး။ ငါတို့ရဲ့ အင်အားကို ယုံကြည်ထားပါ။ ငါတို့ မင်းရဲ့ မြေကို ပြန်ရယူဖို့ ကူညီပေးမယ် မစ္စဂွီနီဗီယာ။"

သူပြောနေစဉ် လန်ဆလော့ အစစ်အမှန် သူရဲကောင်း တစ်ဦးကဲ့သို့ သူ၏ ကျောကို မတ်မတ် ထားလိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်တော်က မစ္စဂွီနီဗီယာ မဟုတ်ပါဘူး။ ကျွန်တော် အမျိုးသမီး မဟုတ်ဘူးလို့ အရှင့်ကို အရင်က ပြောခဲ့ဖူးပါတယ်။"

ဂွီနီဗီယာမှာ ရှက်ရွံ့နေ ခဲ့သော်လည်း လန်ဆလော့မှာ နားလည်မှု ရှိစွာ ခေါင်းညိတ် လိုက်သည်။

အကယ်၍ ဂွီနီဗီယာ၏ နယ်မြေ အဓမ္မ သိမ်းပိုက်ခံရပြီး သူမ ထွက်ပြေးရန် အတင်းအကျပ် စေခိုင်း ခံခဲ့ရပါက သူမ အမျိုးသားအဖြစ် ဟန်ဆောင်ထား ပေလိမ့်မည်။ ၎င်းမှာ သူမအတွက် ပိုမို လွယ်ကူ ပေလိမ့်မည်။

လန်ဆလော့အဖို့ ဂွီနီဗီယာက အမျိုးသမီး ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ပြီး ဂွီနီဗီယာ အပေါ် တခြားလူများ၏ အမြင်များကို လျစ်လျူရှုခဲ့သည်မှာ မည်သည့် အချိန်က စတင်ခဲ့သည်ကို မသိရှိရပေ။ ဂွီနီဗီယာမှာ ယခု သူ၏ ဇနီး ဖြစ်ပြီး ဘုရင်မမှာ သူ၏ သခင်ဖြစ်၏။ ဘုရင်မ ဂွီနီဗီယာကို သူ့အား စေ့စပ်ပေးခဲ့ပြီး ထိုအမိန့်ကို ပယ်ဖျက်၍ မရနိုင်ပေ။

လန်ဆလော့ ခေါင်းညိတ်သော်လည်း ဂွီနီဗီယာမှာ လန်ဆလော့ သူ၏ ရှင်းပြချက်ကို လက်ခံခဲ့သည်ဟု မထင်ခဲ့ပေ။ ဂွီနီဗီယာ အကြိမ် များစွာ ရှင်းပြရန် ကြိုးစား ခဲ့သော်လည်း လန်ဆလော့မှာ သူ့ကို အမျိုးသမီး တစ်ဦး အဖြစ် ထင်မှတ်နေဆဲပင်။ သို့သော် ၎င်းမှာ စိတ်ပူပန်ရန် အချိန် မဟုတ်ခဲ့ပေ။ သူ လန်ဆလော့ကို မေးလိုက်သည်။ "အကယ်၍ ခံတပ်မှာ တိုက်ခိုက်ဖို့ ကျွန်တော့် အကူအညီ လိုအပ်ရင် ကျေးဇူးပြုပြီး ပြောပြပါ။ ကျွန်တော့်ကို အဲ့လို မကြည့်ပါနဲ့။ ကျွန်တော် လက်နက်တွေ ကိုင်စွဲပြီး မြင်းစီး တိုက်ခိုက် နိုင်ပါတယ်။"

လန်ဆလော့ တစ်စုံတစ်ခု ပြောရန် ကြိုးစားနေစဉ် ဂိမ်းမာ တစ်ဦး သူတို့ကို ကြားဖြတ်ကာ ပြောလိုက်သည်။ "မင်းတို့ စစ်မြေပြင်ကို သွားကြည့်ချင်လား။ ငါ မင်းတို့ရဲ့ အစောင့် လုပ်ပေးနိုင်တယ်။ ငါ့ကို မစ်ရှင် ပေးပါ။"

ဂိမ်းမာ တစ်ဦး မိမိကိုယ်ကို စေတနာ့ဝန်ထမ်း အဖြစ် ကမ်းလှမ်းလိုက်စဉ် တခြားဂိမ်းမာများမှာ အံ့ဩနေရာမှ အသိပြန်ဝင်လာ ခဲ့ကြသည်။ သူတို့ ဇာတ်လမ်းတွဲမှ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် တစ်ခု ရရှိနိုင်သည်ကို မသိခဲ့ကြပေ။ ၎င်းမှာ လျှို့ဝှက် မစ်ရှင် တစ်ခု မဟုတ်ပေဘူးလား။

အကယ်၍ ဂိမ်းမာ တစ်ဦးကသာ ဂွီနီဗီယာကို စစ်မြေပြင်သို့ လိုက်ပါ ပို့ဆောင်ခြင်းမှ ရက်ရောသောဆု တစ်ခု ရရှိ နိုင်ခဲ့ပါက ၎င်းမှာ လွယ်ကူသော မစ်ရှင် တစ်ခု ဖြစ်ပေ လိမ့်မည်။

"ငါ့ကို ရွေးပါ။ လူဆိုးလေး ယောဂအသင်းက ဗစ်တိုးရီးယားမြို့မှာ အားအကောင်းဆုံး အစည်းအရုံးပဲ။"

"ငါ ပိုအားကောင်းတယ်၊ ငါ့ လက်နက်အဆင့်က အဆင့် ၅ပဲ။ ငါ့ကို အခွင့်အရေး ပေးပါ။"

"ဂွီနီဗီယာ၊ ကျွန်တော် အရှင့်ကို အရမ်း လေးစားပါတယ်။ ကျွန်တော့်ကို အရှင့်ရဲ့ ကိုယ်ရံတော် သူရဲကောင်း ဖြစ်ခွင့် ပေးပါ။ ကျွန်တော် အရှင့်ကို ကာကွယ်ပါ့မယ်။ ကျွန်တော် အကြိမ်တစ်သန်း သေဆုံးရရင်တောင်မှ အရှင့်ကို ဘာထိခိုက်မှုမှ မဖြစ်စေရပါဘူး။"

"မင်း ထူးဆန်းတဲ့ တွေ့ကြုံမှု မစ်ရှင်ကြောင့် မရိုးမသား ဖြစ်နေတာလား။ မင်းရဲ့ ဂုဏ်သိက္ခာကို စွန့်လွှတ် နေတာလား။"

လန်ဆလော့မှာ ဂိမ်းမာများ၏ ကမ်းလှမ်းချက်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသောကြောင့် ဂွီနီဗီယာနှင့် စကားပြောရန် အခွင့်အရေး မရခဲ့ပေ။ ဂွီနီဗီယာ သူတို့၏ ကမ်းလှမ်းချက်များကို ငြင်းပယ်ရန် ကြိုးစားရင်း စိုးရိမ်တကြီး လက်မြှောက် လိုက်သည်။

ဆူညံသံမှာ ဂိမ်းမာများ ပိုမို များပြားစွာကို ဆွဲဆောင် နိုင်ခဲ့သည်။ ထိုအချိန်တွင် နေရာရွှေ့ပြောင်း ဝင်ပေါက်ရှိ ဂိမ်းမာ တစ်ဦးက အော်လိုက်သည်။ "ငါ့ ပစ္စည်း ကိရိယာတွေ ပျောက်သွားပြီဟ။ အမြောက် နှစ်ကြိမ် ပစ်ခတ်မှုကြောင့် အကုန် ပျက်စီးသွားပြီ။ ငါ့ ပစ္စည်း ကိရိယာတွေကို ပြန်ပေးဟ၊ အမှိုက်ဂိမ်း။"

"ဒါက လုံခြုံရေးဇုန် မဟုတ်ဘူးလား။"

"မွန်းစတားတွေ တိုက်ခိုက်တဲ့ အခါ လုံခြုံရေးဇုန် မရှိဘူးဟ။ ဘုရင်မတောင်မှ အသတ်ခံ ရနိုင်တယ်။"

"ခံတပ်မှာ သွားကူကြပါ။ သူရဲကောင်းတွေ တိုက်ခိုက် နေကြပြီ။"

ဂိမ်းမာများ ပိုမို များပြားစွာ ယော့ခ်နယ်မြေရှိ ခံတပ်ကို ကာကွယ်ရန် နေရာရွှေ့ပြောင်း ဝင်ပေါက်သို့ ဝင်ရောက် ခဲ့ကြသည်။

ဂွီနီဗီယာမှာ ဂိမ်းမာများ သူ၏ နယ်မြေကို ပြန်လည် ရယူရန် စိတ်အားထက်သန်စွာ တိုက်ခိုက်ပေးနေသည်ကို မြင်သောအခါ စိတ်လှုပ်ရှား သွားခဲ့သည်။ သူ၏ မျက်လုံးများ မျက်ရည်များ ဝဲလာခဲ့သည်။

လန်ဆလော့ ဂွီနီဗီယာ၏ မျက်ရည်များကို သတိပြု မိလိုက်သည်။ သူ သူ၏ ဓားရှည်ကို ထုတ်ကာ ဂွီနီဗီယာကို ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ငါတို့ မင်းရဲ့ ယော့ခ်နယ်မြေကို ပြန်ရယူဖို့ ကူညီပေးမှာပါ။"

"ကျေးဇူးတင်ပါတယ် မြို့စား ဂလာမော်ဂန်။"

ဂွီနီဗီယာ လန်ဆလော့ကို ကြည့်ရင်း စိတ်လှုပ်ရှား သွားခဲ့သည်။ ထို့နောက် သူ ဂိမ်းမာများကို ပြောလိုက်သည်။ "လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ယော့ခ်နယ်မြေကို ပြန်လည် ရယူဖို့ ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ သွေးနဲ့အသက်ကို စတေးခဲ့တဲ့ လူတိုင်းကို ကျွန်တော် ဆုချီးမြှင့်ပါ့မယ်။ မင်းတို့ရဲ့ နာမည်တွေကို ယော့ခ်နယ်မြေမှာ ရှိတဲ့ လူတိုင်းက သတိရ နေကြပါလိမ့်မယ်။"

ဂွီနီဗီယာ၏ အသံမှာ ပိုမို ကျယ်လောင် လာခဲ့သည်။ ဂိမ်းမာများမှာ ရက်ရောသော ဆုများ အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက် နေခဲ့ကြသည်။

သူတို့ အလွန် စိတ်လှုပ်ရှားလာပြီး ရန်သူ့ သူရဲကောင်းများကို တိုက်ခိုက်ရန် နေရာရွှေ့ပြောင်း ဝင်ပေါက်ဆီသို့ ပြေးဝင်သွား ခဲ့ကြသည်။

ယော့ခ်နယ်စားကြီးနှင့် ဗစ်တိုးရီးယားမြို့တို့ ကြားမှ တိုက်ပွဲမှာ ယခုမှ စတင်ခဲ့ခြင်း ဖြစ်၏။

All Chapters