ဗစ်တိုးရီးယားမြို့က အမိုက်စားပဲ
Vol. 32 Ch. 476
ပေါက်စီ မြင်းပေါ်မှ အော်ကာ သူ၏ တပ်ဖွဲ့များကို ပြန်စုစည်းရန် ရူးသွပ်စွာ ကြိုးစား နေခဲ့သည်။ သို့သော် ဗစ်တိုးရီးယားမြို့မှ အဆုံးမရှိဟန် ရသော စစ်သည်တော်များ နေရာရွှေ့ပြောင်း ဝင်ပေါက်၊ ရဲတိုက်နှင့် သစ်တောထဲမှ ထွက်ပေါ်လာသည့်အခါ သူ၏ သူရဲကောင်းများမှာ ပရမ်းပတာဖြစ် သွားခဲ့သည်။ ဗစ်တိုးရီးယားမြို့မှ စစ်သည်တော်များ မည်သည့် နေရာမှ ထွက်ပေါ်လာမည်ကို မည်သူမျှ မသိနိုင်ခဲ့ပေ။
သူတို့မှာ တစ္ဆေများ ကဲ့သို့ပင်။
သူ၏ အမြောက် သုံးလက်ဖြင့် ဖျက်ဆီးခဲ့သော ခံတပ်မှာ ပေါက်စီနှင့် သူ၏ သူရဲကောင်းများကို ထောင်ချောက်ဆင် ဖမ်းဆီးရန် ထား,ထားသော ထောင်ချောက် တစ်ခု ကဲ့သို့ပင်။
သူ သူ၏ သူရဲကောင်းများကို ဦးဆောင်ကာ ထွက်ပြေးရန် ကြိုးစား ခဲ့သော်လည်း သူရဲကောင်းများမှာ လျင်မြန်စွာ လျော့နည်း သွားခဲ့သည်။ နောက်ဆုံးတွင် သူ သူ၏ မူလ အစီအစဉ်ကို စွန့်လွှတ်ကာ ယော့ခ်နယ်မြေ၏ နယ်နိမိတ်ဆီသို့ မြင်းစီး၍ ထွက်ပြေး ခဲ့ရသည်။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ သူ့ကို ထွက်ပြေးခွင့် မပေးခဲ့ကြပေ။ သူတို့ သူ၏ သူရဲကောင်းများ ပိုင်ဆိုင်ခဲ့သော မြင်းများကို စီးနင်းကာ သူ့နောက် လိုက်ခဲ့ကြသည်။
သူတို့ ပေါက်စီကို လိုက်ရင်း အော်ဟစ် နေခဲ့ကြပြီး ပေါက်စီ၏ ချပ်ဝတ်၊ လက်နက်နှင့် သူ၏ ဖြူဖွေးသော စစ်မြင်းကို စူးစိုက်စွာ စိုက်ကြည့်နေ ခဲ့ကြသည်။
သူတို့၏ ကြမ်းတမ်းသော အကြည့်များအရ အကယ်၍ သူသာ ဖမ်းဆီးခံရပါက ကြောက်မက်ဖွယ် သေဆုံးမှုဖြင့် သေဆုံး ရမည်ကို ပေါက်စီ သေချာ နေခဲ့သည်။
သူ ထွက်ပြေးနေစဉ် ရဲတိုက်တံခါး အနီးတွင် ရွှေရောင် ဆံပင် ရှိသော မြင်းစီးသူရဲ တစ်ဦးကို မြင်တွေ့လိုက် ရသည်။ သူ မြို့စားကြီး၏ သူရဲကောင်းကို မှတ်မိ၏။ ဂျော့ခ်ျမှာ မြို့စားနယ်မြေတွင် အထင်ရှားဆုံး သူရဲကောင်း ဖြစ်ပြီး သူ ဗစ်တိုးရီးယား မြို့သားများ၏ လိုက်လံ ဖမ်းဆီးခြင်းကို ခံနေရသည်။ ဗစ်တိုးရီးယား မြို့သားများမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။
မကြာသေးမီက ပေါက်စီ ဗစ်တိုးရီးယား မြို့သားများကို အနိုင်ယူရန် စဉ်းစား ခဲ့သေးသည်။ သို့သော် ယခု သူ့အဖြစ်မှာ သနားစရာ ဖြစ်နေခဲ့ပြီ။
ပေါက်စီမှာ စိတ်ပူနေရန် အချိန် မရှိခဲ့ပေ။ သူ ထွက်ပြေး ရပေမည်။ သူ သူ၏ လျင်မြန်သော မြင်းကို စီးနင်းကာ အဝေးသို့ ဒုန်းစိုင်း ထွက်ခွာ သွားခဲ့သည်။
...
ယော့ခ်နယ်မြေမှာ နောက်ဆုံးတွင် ဂိမ်းမာများ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ လူဆိုးလေး ယောဂအသင်းမှ အစည်းအရုံးဝင်များ ယော့ခ်နယ်စားကြီးကို တခြား နေရာသို့ ခေါ်ဆောင်သွားကာ သူ နောက်တစ်ကြိမ် ပြန်လည် စတင်နိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့ကြသည်။ သို့သော် ထိုအစည်းအရုံးမှာ နေရာရွှေ့ပြောင်း ဝင်ပေါက်နှင့် ပြန်လည် ရှင်သန်ရေး မာနာပုံစံကွက်တို့ကြောင့် ရှုံးနိမ့် ခဲ့ရသည်။ အဖွဲ့အစည်းမဲ့ ဂိမ်းမာများ ပြန်လည် ရှင်သန်ရေး နေရာကို ထိန်းချုပ်ကာ ပြန်လည် ရှင်သန်လာသော လူဆိုးလေး ယောဂအသင်းမှ အဖွဲ့ဝင်များကို ဖမ်းချုပ် ထိန်းသိမ်း ထားခဲ့ကြသည်။ ထို့ကြောင့် လူဆိုးလေး ယောဂအသင်းမှ အဖွဲ့ဝင်များမှာ တိုက်ခိုက် ခံရပြီးနောက် အရေအတွက် လျော့နည်း သွားခဲ့သည်။
ထိုအရာမှာ ဂိမ်းမာများအဖို့ ဗစ်တိုးရီးယားမြို့ကို သစ္စာဖောက်နိုင်ခြင်း မရှိသော အဓိက အကြောင်းရင်းပင်။ မြို့စားကြီးမှာ သူတို့ အတွက် ပြန်လည် ရှင်သန်ရေး နေရာ တစ်ခု မပေးနိုင်သော်လည်း ဗစ်တိုးရီးယားမြို့တွင်တော့ ပြန်လည် ရှင်သန်ရေး နေရာ တစ်ခု ရှိနေခဲ့သည်။
၎င်းမှာ ကောင်းမွန်သော ကြိုးပမ်းမှု တစ်ခု ဖြစ်၏။ ဂိမ်းမာများ သူတို့ အမ်ပီစီ အုပ်စုသို့ ဝင်ရောက်နိုင်၊ မနိုင်ကို ကြိုးစားခဲ့ကြပြီး ၎င်းမှာ ဖြစ်နိုင်ချေ ရှိခဲ့သည်။
အကယ်၍ လူဆိုးလေးနှင့် သူ၏ အဖွဲ့ဝင်များ မြို့စားကြီး နှင့်အတူ ထွက်ပြေးနိုင်ပြီး သူ၏ လက်အောက်ငယ်သားများ ဖြစ်လာခဲ့ပါက သူတို့ အကျိုးကျေးဇူး အချို့ ရရှိ နိုင်ပေမည်။
သူတို့ အုပ်စုသို့ မဝင်ရောက်နိုင် ခဲ့လျှင်ပင် သူတို့က အချို့သော သူကောင်းမျိုးကို ကူညီရန် ကြေးစား စစ်သားများ အဖြစ် လုပ်ကိုင်ပြီး ဆုများ ရယူ နိုင်ပေသည်။ ထိုအရာမှာ ဂိမ်းမာများ လက်ရှိ ဇာတ်လမ်းတွဲမှ သင်ယူခဲ့ရသော အရာပင်။ အစည်းအရုံးများမှာ သူတို့ အမျိုးမျိုးသော သူကောင်းမျိုးအုပ်စုများ အတွက် မည်သို့ အလုပ် လုပ်နိုင်မည်ကို စဉ်းစားနေခဲ့ကြသည်။
ယော့ခ်နယ်စားကြီးမှာ ဘုရင်မ ဗစ်တိုးရီးယားမှ သေဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။ ယော့ခ်နယ်စားကြီးက ကောက်ကွေးသော သစ်ပင် တစ်ပင်တွင် ကြိုးပေးကွပ်မျက်ခြင်း ခံခဲ့ရပြီး ဂိမ်းမာများ၏ ကြီးကြပ်မှု အောက်တွင် လန်ဆလော့က သူ့ကို တွန်းချ လိုက်သည်။ သူရဲကောင်း တစ်ဦးက ပြစ်ဒဏ်ကို စီရင် ပေးခဲ့သောကြောင့် ၎င်းမှာ ဂုဏ်သိက္ခာ ရှိသော သေဆုံးမှု တစ်ခု ဖြစ်၏။ ဂွီနီဗီယာမှာ ယော့ခ်နယ်စားကြီး အသစ် ဖြစ်လာ ခဲ့သည်။ တခြား မြို့စားများနှင့် ဘာရွန်များ ဂွီနီဗီယာကို ယော့ခ်နယ်စားကြီး အဖြစ် အသိအမှတ် ပြုလို၊ မလိုမှာ အနာဂတ် သံတမန်ရေးရာ ပေါ်တွင် မူတည် ပေလိမ့်မည်။
ဂွီနီဗီယာမှာ ခြင်္သေ့ မျိုးနွယ်စု၏ သွေးမျိုးဆက် ဖြစ်ပြီး သူက ယော့ခ်နယ်မြေ၏ ဆက်ခံသူ ဖြစ်၏။ ယခင် ယော့ခ်နယ်စားကြီးမှာ သူ၏ မြို့စားနယ်မြေကို နှစ်ပေါင်း များစွာ အဓမ္မ သိမ်းပိုက်ခဲ့သည်။ ယခု ဂွီနီဗီယာ သူထိုက်တန်သော အရာကို ပြန်လည် ရယူခဲ့ပြီ။
အရာများမှာ ရိုးရှင်းခြင်း မရှိခဲ့ပေ။ ယော့ခ်နယ်စားကြီး အသစ်အနေဖြင့် သူ့တွင် သစ္စာခံ အရှင်သခင် တစ်ဦး ဖြစ်သော ဘုရင်မ ဗစ်တိုးရီးယား ရှိနေခဲ့သည်။
ရာထူးတက်ခြင်း ဆိုင်ရာ ဥပဒေများအရ ဂွီနီဗီယာမှာ လန်ဆလော့ သို့မဟုတ် မြို့စားဂလာမော်ဂန်ဟု သိကြသောသူ၏ ဇနီး ဖြစ်ပြီး ဘုရင်မ ဗစ်တိုးရီးယား၏ လက်အောက်ငယ်သား တစ်ဦးလည်း ဖြစ်၏။ ဂွီနီဗီယာ ယော့ခ်နယ်စားကြီး ဖြစ်လာပြီးနောက် ယော့ခ်နယ်မြေမှာ ဗစ်တိုးရီးယားမြို့၏ ပဏ္ဏာဆက် နယ်မြေ တစ်ခု ဖြစ်လာ ခဲ့သည်။
ထိုအရာမှာ အလယ်ခေတ်ရှိ သူကောင်းမျိုးများ မြေယာများကို စုစည်းရန် အိမ်ထောင်ပြုခြင်းကို အသုံးပြုပုံပင်။ အကယ်၍ လက်အောက်ငယ်သား တစ်ဦးက မင်းသမီး တစ်ဦးနှင့် လက်ထပ်ပြီးနောက် ထီးနန်းဆက်ခံသူများ အားလုံးကို လုပ်ကြံသတ်ဖြတ် ခဲ့ပါက ထိုသူပင်လျှင် ဘုရင် တစ်ပါး ဖြစ်လာ နိုင်ပေသည်။
ယော့ခ်နယ်မြေမှာ ယခင်က ဘုရင်အာလူး ၂ အုပ်ချုပ်သော နတ်ဘုရား တိုင်းပြည်၏ ပဏ္ဏာဆက်နယ်မြေ တစ်ခု ဖြစ်၏။ သို့သော် ယခု ယော့ခ်နယ်မြေမှာ ဗစ်တိုးရီးယားမြို့၏ ပဏ္ဏာဆက်နယ်မြေ တစ်ခု ဖြစ်နေပြီ။ ဘုရင်အာလူး ၂မှာ ထိုအရာကို လက်ပိုက်ကြည့် မနေနိုင်ပေ။
သူ အလွန် ဒေါသထွက် နေခဲ့ပြီး သူ၏ မှူးမတ်များ အားလုံးကို စုစည်းကာ သူ၏ နန်းတွင်း အစည်းအဝေးတွင် ဤကိစ္စရပ်ကို ကြေညာခဲ့သည်။
"မင်းတို့ အားလုံး အသုံးမကျတဲ့ သူတွေပဲ။ ဘာဖြစ်လို့ ယော့ခ်နယ်မြေ ကျူးကျော် ခံရတာကို ဘယ်သူမှ ငါ့ကို အကြောင်းမကြား ခဲ့တာလဲ။ အခု ယော့ခ်နယ်မြေကို ဗစ်တိုးရီးယားမြို့က ဝင်သိမ်းပိုက် သွားပြီ၊ အရင်က မကြားဖူးတဲ့ နေရာ တစ်ခု ပေါ့။ အဲ့ဒီ ဘုရင်၊ မဟုတ်ဘူး၊ ဘုရင်မ ဗစ်တိုးရီးယား၊ သူမကို ဘုန်းတော်ကြီး တစ်ပါးက ဘိသိက်ပွဲမှာ ဘိသိက်မြှောက် ခဲ့လို့လား။"
ဘုရင်အာလူး ၂မှာ ဘုရင်မ ဗစ်တိုးရီးယား၏ အထောက်အထားနှင့် အားနည်းချက်များကို ရှာဖွေရန် ကြိုးစားနေ ခဲ့သော်လည်း မှူးမတ် တစ်ဦး ပြန်ပြောသည်။ "ဘုန်းတော်ကြီး တစ်ပါးက ဘိသိက်ပွဲကို ဘိသိက်မြှောက် ခဲ့ပါတယ်။ အဲ့ဒါက အရင်က ဘုရားကျောင်းတော်ရဲ့ ဘုန်းတော်ကြီး ဖြစ်ခဲ့ဖူးတဲ့ မဟာမှော်အရှင် ခေါင်းပြောင်ပါ။"
"ဘာလဲ။ မဟာမှော်အရှင် ခေါင်းပြောင်လား။"
"ငါ သူ့ အကြောင်း ကြားဖူးတယ်။ သူက မြင့်မြတ်သော အရှင်သခင်နဲ့ မြင့်မြတ်သော အလင်းတန်းကို ယုံကြည်ကိုးကွယ်တဲ့ သူတစ်ယောက်ပဲ။"
"မဟာမှော်အရှင် ခေါင်းပြောင် ဘိသိက်မြှောက်ခဲ့တဲ့ ဒီဘုရင်မ ဗစ်တိုးရီးယားက ဘယ်သူလဲ။"
မှူးမတ်များ အံ့ဩတကြီး ပြောလိုက်ကြသည်။ မဟာမှော်အရှင် ခေါင်းပြောင်မှာ သူကောင်းမျိုး တစ်ဦး ဖြစ်သော်လည်း ဘုရင်အာလူး ၂မှာ ဘုရင်မ ဗစ်တိုးရီးယား အတွက် ဘိသိက်ပွဲကို ဘိသိက် မြှောက်ခဲ့သော မဟာမှော်အရှင်ကို စိတ်မဝင်စားခဲ့ပေ။ သူ ယော့ခ်နယ်မြေကို ပြန်လည် ရယူရန်သာ စိတ်ဝင်စားခဲ့သည်။
"ငါတို့ ဘာလုပ်သင့်လဲ။ အစီအစဉ်ကောင်း တစ်ခု စဉ်းစားကြစမ်း။" ဘုရင်အာလူး ၂ သူ၏ မှူးမတ်များကို မေးလိုက်သည်။
မှူးမတ် တစ်ဦး ချက်ချင်း ပြန်ပြောသည်။ "အရှင်မင်းကြီး၊ ကျွန်တော်မျိုးမှာ အစီအစဉ်ကောင်း တစ်ခု ရှိပါတယ်။ ကျွန်တော်မျိုး မြို့စားဂွီနီဗီယာရဲ့ ဖခင်ကို သိကျွမ်းပါတယ်။ ကျွန်တော်မျိုး ဂွီနီဗီယာကို ကျွန်တော်တို့ ဘက်ကို ဘက်ပြောင်းလာဖို့ ဆွဲဆောင်ဖို့ စာတစ်စောင် ရေးနိုင်ပါတယ်။ သူက ဘယ်သူ ပိုအားကောင်းလဲ ဆိုတာ နားလည်ပြီး ကျွန်တော်တို့ဘက်ကို ဘက်ပြောင်း လာလိမ့်မယ်လို့ ကျွန်တော်မျိုး သေချာပါတယ်။"
တခြား မှူးမတ်များ ခေါင်းညိတ် လိုက်ကြသည်။ နတ်ဘုရားတိုင်းပြည်နှင့် နှိုင်းယှဉ်လျှင် ဗစ်တိုးရီးယားမြို့မှာ အလွန် နိမ့်ကျလှ၏။ ၎င်းမှာ နိုင်ငံသား သောင်းဂဏန်းမျှသာ ဆံ့သော သစ်တောငယ်လေး တစ်ခု၏ အရွယ်အစားမျှသာ ဖြစ်၏။ ဗစ်တိုးရီးယားမြို့မှာ မြို့စားနယ်မြေ တစ်ခုကို သိမ်းပိုက်ရန် လျှပ်တပြက် တိုက်ခိုက်မှုကို အသုံးပြုခဲ့ ရပြီး တရားဥပဒေမှာ သူတို့ ဘက်တွင် ရှိနေခဲ့သည်။
ဂွီနီဗီယာ ဘုရင်အာလူး ၂ ထံသို့ အသာတကြည် ဘက်ပြောင်းလာသရွေ့ ဥပဒေမှာ နတ်ဘုရား တိုင်းပြည် ဘက်တွင် ရှိနေ ပေလိမ့်မည်။
တခြား မှူးမတ်များ၏ အတည်ပြုချက်ဖြင့် ဘုရင်အာလူး ၂ ခေါင်းညိတ်ကာ ထိုမှူးမတ်အား ဂွီနီဗီယာထံသို့ စာတစ်စောင် ရေးရန် အမိန့်ပေး လိုက်သည်။
...
ဂိမ်းမာများ မြို့စားကြီး၏ ရဲတိုက်ကို သိမ်းပိုက် ပြီးနောက် တတိယမြောက် နေ့တွင် ဘုရင်၏ စာ ရောက်ရှိ လာခဲ့သည်။
ဂွီနီဗီယာ စာကို လက်ခံရရှိပြီး ဖတ်ရှုလိုက်သည်။ သူ၏ ဖခင်၏ သူငယ်ချင်းကောင်း တစ်ဦးက သူ့အား ဘုရင်အာလူး ၂ ထံသို့ ဘက်ပြောင်းရန် နှင့် ယော့ခ်နယ်မြေကို နတ်ဘုရားတိုင်းပြည်သို့ လက်အောက်ခံရန် ဆွဲဆောင် နေခဲ့သည်။
သာမန် အခြေအနေများတွင် ဂွီနီဗီယာ နတ်ဘုရားတိုင်းပြည်သို့ ဝင်ရောက်ရန် စဉ်းစားကောင်း စဉ်းစား နိုင်ပေသည်။ သို့သော် ဗစ်တိုးရီးယား မြို့သားများ၏ တိုက်ပွဲကို မြင်တွေ့ပြီး နောက်တွင်တော့ သူ အကန့်အသတ်မရှိ ပြန်လည် ရှင်သန်နိုင်သော ဗစ်တိုးရီးယားမြို့မှ ရဲရင့်သော စစ်သည်တော်များကို လျစ်လျူမရှု နိုင်ခဲ့ပေ။ သူတို့မှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ရရှိထားသော မြင့်မြတ်သော စစ်သည်တော်များ ကဲ့သို့ပင်။ ကောင်းကင်တမန် တစ်ပါးသာ ထိုသို့သော စွမ်းဆောင်ရည် ရှိနိုင်ပေသည်။ သူက ဘုရင်မ ဗစ်တိုးရီးယားမှာ ကောင်းကင်ဘုံမှ ကောင်းကင်တမန် တစ်ပါး ဖြစ်နိုင်သည်ဟု အကြိမ် များစွာ သံသယ ရှိခဲ့သည်။ သို့မဟုတ်ပါက သူမ၏ လက်အောက်ငယ်သားများ မည်သို့ဖြင့် အကန့်အသတ်မရှိ ပြန်လည် ရှင်သန် နိုင်နေမည်နည်း။
သူက ဘုရင်၏ စာကို ဘုရင်မ ဗစ်တိုးရီးယားထံသို့ ပေးအပ်လိုက်ရာ ဘုရင်မ ဗစ်တိုးရီးယားက ဘော့စ်အကြီး ဟမ်းစတားအား စာတစ်စောင် ပြန်ခိုင်းခဲ့သည်။
စာပါ အကြောင်းအရာမှာ စော်ကားမှုများဖြင့် ပြည့်နှက် နေမည်မှာ သေချာသည်။
ဘုရင်အာလူး ၂မှာ ဘုရင်မ ဗစ်တိုးရီးယားထံသို့ တိုက်ရိုက် စာတစ်စောင် ပြန်ရေး ခဲ့သည်။
ဂိမ်းမာများလည်း စာပါ အကြောင်းအရာကို သိရှိ ခဲ့ကြသည်။ ၎င်းမှာ ရိုးရှင်းသည်၊ စစ်ကြေညာခြင်းပင်။
သံတမန်ရေးရာ သိမ်သွင်းမှု ကျရှုံးပြီးနောက် ဘုရင်အာလူး ၂ သူ၏ စစ်အင်အားကို အသုံးပြု၍ ယော့ခ်နယ်မြေကို ပြန်လည် ရယူရန် ဆုံးဖြတ်ခဲ့သည်။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ စစ်ပွဲကို ကြောက်ရွံ့ နေကြမည်လော။ သေချာပေါက် မဟုတ်ပေ။ သူတို့ နတ်ဘုရားတိုင်းပြည်နှင့် စစ်ပွဲ အတွက် လုံ့လဝီရိယရှိစွာ ပြင်ဆင် နေခဲ့ကြသည်။
သူတို့ စိတ်လှုပ်ရှား နေခဲ့ကြသည်။
...
"ငါ အရမ်း အားကျတယ်ကွာ။ ငါ ဗစ်တိုးရီးယားမြို့ကို မဝင်ရောက် ခဲ့မိတာ နောင်တရတယ်။ ဗစ်တိုးရီးယား မြို့သားတွေ ဘယ်လောက်တောင် ပျော်နေကြလဲ ဆိုတာ မင်းတို့ တွေ့လား။ သူတို့က အမ်ပီစီတွေ လက်အောက်မှာ လေ့ကျင့်နိုင်တယ်၊ စစ်ပွဲတွေမှာ ပါဝင်နိုင်တယ်၊ ပြီးတော့ တခြား အမ်ပီစီတွေကို လုယက်နိုင်တယ်။ ဒါက လုံးဝ အမိုက်စားပဲ။" ဂနိုင်သား အားကျစွာ ပြောလိုက်သည်။
ဘောင်းဘီမဝတ်သူ ပြုံးကာ ပြောလိုက်သည်။ "မင်းက မင်း ဆောင်းတောင်ကုန်းမြို့ကို အရင်က မလုယက် ခဲ့ဖူးသလို လာပြောနေတယ်။ မင်းလည်း ဆောင်းတောင်ကုန်းမြို့ကို အကြိမ်နည်းနည်း လုယက်ခဲ့ဖူးတာပဲ။ အားကျစရာ မလိုပါဘူး။ ငါတို့မှာလည်း လုပ်စရာတွေ အများကြီး ရှိနေတယ် မဟုတ်ဘူးလား။"
သူတို့တွင် မစ်ရှင် အသစ် တစ်ခု ရှိနေ၏၊ မြေပေါ်ကမ္ဘာသို့ သွားရောက်ပြီး ခံတပ် အသစ် တစ်ခု တည်ဆောက်ရန်ပင်။