ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲခြင်း
Vol. 39 Ch. 577
"မင်းတို့က အရင် ကပြချင်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား? ဒါက ဘယ်လိုလုပ်ပြီး စော်ကားတာ ဖြစ်သွားရတာတုန်း? မင်းတို့က ဒါကို တွန်းအားပေးတယ်လို့ ထင်နေရင် ကျန်းမှာ ပြောစရာစကားတစ်ခွန်းပဲ ရှိတယ်၊ မင်းတို့ဘာသာ ကိုယ့်အရှက်ကို ကိုယ်ပြခွဲမိတာပဲ၊ အခု ချင်းအာက မင်း ကတာကို ကြည့်ချင်နေပြီ၊ အဲ့တော့ မင်း ကခုန်ရမယ်။ မင်း မကနိုင်ဘူးဆိုရင်တော့ ဒါက အာဏာဖီဆန်မှု ဖြစ်သွားလိမ့်မယ်"
ရှောင်းကျဲယွိက မျက်ရည်စလေးများ စွန်းထင်းနေသည့် မင်းသမီးလန်ထင်ကို အေးစက်စွာ ကြည့်နေရင်း ပြတ်ပြတ်သားသား အမိန့်ထပ်ပေးလိုက်သည်။ သူ ပြောလိုက်သည့်စကားများက မင်းသမီးလန်တင်ကို လုံးဝ အံသြသွားစေခဲ့သည်။
သူမ အားနွဲ့ဟန်ဆောင်နေပြီး သနားစဖွယ်လေး ပြုမူနေတာကြာပြီလေ၊ ဒါပေမယ့် ဒီဧကရာဇ်က သူမကိုတောင် မကြည့်ဘဲ အဲ့ဒီအမျိုးသမီးအတွက် ကပြဖို့ အတင်းအကျပ် ဖိအားပေးနေတာလား?
လန်ထင်းက စူးချင်းကို သေလောက်အောင် မုန်းတီးနေပြီး သူမ၏စိတ်ထဲမှ ကျိန်ဆဲနေကာ စူးချင်းအတွက် ကပြရန် လုံးဝ ဆန္ဒမရှိနေပေ။ သို့သော် ဤနေရာက ဝူးခို့ပြည်ထောင် မဟုတ်ဘဲ တာ့ထန်အင်ပါယာ၏ပိုင်နက်နယ်မြေ ဖြစ်နေသောကြောင့် သူမ သူမ၏ဒေါသကို ထိန်းကာ သည်းခံရုံသာ တတ်နိုင်တော့သည်။
ထို့အပြင် သူမတွင် တာဝန်တစ်ခု ရှိနေသောကြောင့် သူမ ခဏလောက် သည်းခံရန် ဆုံးဖြတ်လိုက်သည်။
သူမ နည်းနည်းလောက် သည်းခံလိုက်တာနဲ့ နောင် အနာဂတ်မှာ သူမ ဒီနေ့ ကြုံတွေ့ခဲ့ရတဲ့ အရှက်တရားတွေကို အဲဒီအမျိုးသမီးဆီ ပြန်ပေးနိုင်လိမ့်မယ်။
သူတို့၏မင်းသမီး အရှက်ခွဲခံနေရသည်ကို မြင်နေရသည့် ဝူးခို့သံတမန်ကလည်း ဒေါသထွက်နေခဲ့သည်။
မင်းသမီးလေးလန်ထင်က သူတို့ ဝူးခို့ပြည်ထောင်က လူထောင်ပေါင်းများစွာရဲ့ ချစ်ခင်နှစ်သက်ခံမင်းသမီးလေးလေ။ ဝူးခို့မှာရှိတဲ့ အမျိုးသားတွေအားလုံးက သူမရဲ့ယောက်ျား ဖြစ်ချင်တယ်လို့တောင် ပြောလို့ရနိုင်တယ်။
ဝူးခို့မှာရှိတဲ့ အမျိုးသားတွေရဲ့ နှလုံးသားထဲမှာတော့ သူမက နတ်သမီးလေးတစ်ပါးပဲ။ သူမက တစ်ခုခုကို လိုချင်တယ်လို့ ပြောလိုက်တာနဲ့ အဲ့ဒိယောက်ျားတွေအားလုံးက သူမအတွက် မီးပင်လယ်ကို ဖြတ်သန်းဖို့တောင် ဆန္ဒရှိမှာ သေချာတယ်။
ဒါပေမယ့် အလယ်ပိုင်းလွင်ပြင်ရဲ့ ဒီခွေးဧကရာဇ်က မင်းသမီးလန်ထင်ကို ကချေသည်လိုမျိုး ဆက်ဆံနေတယ်တဲ့လား?
သံတမန်က အလွန်ဒေါသ ထွက်လာပြီး စိတ်မထိန်းနိုင်ဖြစ်သွားကာ ရှောင်းကျဲယွိအား ကန့်ကွက်လိုက်သည်။
“အရှင်မင်းမြတ်၊ ပညာရှင်ကို သတ်နိုင်ပေမယ့် အရှက်ခွဲလို့တော့မရဘူး။ သင် ကျွန်ုပ်တို့ရဲ့မင်းသမီးကို ဒီလိုမျိုး စော်ကားလို့ မရဘူး”
မင်းသမီးလန်ထင်က သူမတို့တိုင်းပြည်၏သံတမန်ကို တားရန် ပြင်လိုက်သော်လည်း အချိန် မမီတော့ပေ။ သူ ပြောပြီးပြီ ဖြစ်သောကြောင့် သူမက စိတ်ရှည်သည်းခံပြီး အရှက်ကွဲမှုကို ကြံ့ကြံ့ခံနိုင်ပုံလေး ပုံဖော်ကာ သနားစဖွယ် ဝင်ပြောလိုက်သည်။
"အရှင်မင်းမြတ် ပျော်မယ်ဆိုရင် ကျွန်မ ကပြ...."
သို့သော် မင်းသမီးလန်ထင်၏စကား မဆုံးခင် ရှောင်းကျဲယွိ၏အေးစက်စက်အသံကို အားလုံး ကြားလိုက်ရသည်။
"ဒါဆို... သူတို့ကို သတ်လိုက်တော့"
မင်းသမီးလန်းတင်နှင့် သံတမန်နှစ်ယောက်စလုံး အကြီးအကျယ် အံသြသွားကြသည်။
နှစ်ပြည်ထောင် စစ်တိုက်နေတဲ့အချိန်မျိုးဆိုရင်တောင် သံတမန်ကို မသတ်ကြဘူးလေ။ ဒီဧကရာဇ်က ဘာလို့ သူတို့ကိုသတ်ချင်နေတာလဲ?
"အရှင်မင်းမြတ်၊ အသက်ကို ချမ်းသာပေးတော်မူပါ"
အခြေအနေ မကောင်းတော့သည်ကို မြင်လိုက်ရသောကြောင့် လန်တင်က ဒူးထောက်နေရင်း ရှောင်းကျဲယွိကို သနားခံနေကာ မျက်ရည်များပြည့်နေသည့် မျက်ဝန်းများဖြင့် မော့ကြည့်နေပြန်သည်။
"လန်တင်က သံတမန်ကြီးကိုယ်စား ဧကရာဇ်မင်းမြတ်နဲ့ ဧကရီမယ်မယ့်ကို အနူးအညွှတ် တောင်းပန်ပါတယ်၊ အရှင်မင်းမြတ်က သနားညှာတာ ထောက်ထားပြီး ခွင့်လွှတ်ပေးတော်မူပါ”
“ကောင်းပြီလေ၊ ဒါဆို မင်း အခု စပြီး ကလို့ ရပြီ။ ဧကရီမျက်နှာပေါ်မှ အပြုံးတစ်ခု ပေါ်လာမှ မင်း ကနေတာကို ရပ်ခွင့်ရှိမယ်"
ရှောင်းကျဲယွိက ဖော်ရွေသော မျက်နှာထားဖြင့် လန်တင်အတွက် ကြမ်းတမ်းသော အခြေအနေတစ်ခု သတ်မှတ်ပေးလိုက်သည်။
တစ်နည်းအားဖြင့်ဆိုရသော် စူးချင်း မပြုံးသရွေ့ လန်တင် မည်မျှ မောပန်းနေပါစေ သူမ ဆက်လက် ကခုန်နေရဦးမည် ဖြစ်သည်။
ထိုစကားကို ကြားလိုက်ချိန်တွင် လန်တင်တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း သူမ ခိုင်မာသည့်နေရာတစ်ခု မရရှိမီအချိန်အတွင်း ထိုအရှက်မှုအတွက် သည်းခံရန်သာ သူမ ဆုံးဖြတ်လိုက်သည်။
အဲ့လိုမှ မဟုတ်ရင် သူမရဲ့ အသက်ကို ဆုံးရှုံးသွားတာတောင် ဘယ်သူကမှ သူမအတွက် ဂုဏ်ယူပေးမှာ မဟုတ်ဘူး။ ခုချိန်မှာ သူမ သူမရဲ့မာနကို ထုတ်ပြနေလို့ရော ဘာထူးလာမှာမို့လို့လဲ?
လန်ထင်က သူမ သနားစရာကောင်းအောင် ပြုမူလေလေ ဧကရာဇ်က သူမကို သနားလေလေ ဖြစ်လာပြီး သူ့ကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်နေသေးသည်။
သူ သူမကို နည်းနည်းလေး သနားသွားရင်တောင် ဒီနေ့ သူမ စော်ကားခံရတာတွေက အလကားဖြစ်သွားမှာ မဟုတ်ဘူး။
“အမိန့်တော်မြတ်အတိုင်းပါ၊ လန်ထင်က အရှင်မင်းကြီးရဲ့အမိန့်တော်ကို နာခံပါ့မယ်"
မင်းသမီးလန်ထင်က သိမ်မွေ့စွာ ဦးညွှတ်လိုက်သည်။ သူမက ထိုအပြုအမူအတွက် မှန်ရှေ့၌ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့ပြီး သူမ၏ပုံသဏ္ဌာန်က မည်သို့ရှိပြီး မည်မျှလှပနေသည်ကို သူမကိုယ်တိုင် အသိဆုံးဖြစ်သည်။ သူမ၏ လှုပ်ရှားမှုနှင့် အမူအရာတိုင်းက မိန်းမဆန်မှုကို ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိနေကာ အထူးသဖြင့် သူမ၏မျက်လုံးများက စွဲမက်ဖွယ်ကောင်းလှသည်။
သူမက ဤဆွဲဆောင်မှုကို အသုံးပြု၍ ယောက်ျားများစွာကို မှော်ဆန်ဆန် ဆွဲဆောင်နိုင်ခဲ့ပြီး ရှောင်းကျဲယွိအပေါ်တွင်လည်း အကျိုးသက်ရောက်မည်ဟုသာ ယုံကြည်နေခဲ့သည်။ သို့သော် ရှောင်းကျဲယွိက သူမကို မကြည့်ဘဲ သူ့ဘေးနားရှိ ဧကရီအား တီးတိုးစကား ဆိုနေမှန်း သူမ နောက်ကျမှ သိလိုက်ရသည်။
သူ့၏ဧကရီအပေါ် ကြည့်နေသည့် မျက်ဝန်းများက နူးညံ့လွန်းပြီး ကြီးမားသော ညီလာခံ ခန်းမဆောင်တွင် ထိုအမျိုးသမီးတစ်ယောက်သာ ရှိနေသည်ဟု ထင်မှတ်ထားပုံရသည်။
"ချင်းအာ မင်း ဗိုက်ဆာနေပြီလား? ကိုယ် သူတို့ကို အဆာပြေစာမုန့်တွေ ယူလာခိုင်းရမလား?"
ရှောင်းကျဲယွိက ဖျော်ဖြေပွဲ ကြည့်နေရင်း စူးချင်း ဗိုက်ဆာလာမည်ကို စိုးရိမ်နေကာ သူမကို တိုးတိုးလေး မေးလိုက်သည်။
လက်ရှိတွင် သူတို့ အတွင်းဆောင်၏ကုတင်ပေါ်တွင် မဟုတ်ဘဲ ညီလာခံခန်းမတွင် ရှိနေသည်ကိုပင် သူက ဂရုမစိုက်ဘဲ သာမန်အတိုင်းသာ ပြောဆိုဆက်ဆံနေခဲ့သည်။
"ကျွန်မ ဗိုက်မဆာသေးပါဘူး"
စူးချင်းက မည့်သည့်နေရာတွင် ရပ်သင့်သည်ကို နားလည်နေပြီး ကန့်သတ်ချက်များကို ဂရုစိုက်ကာ အနည်းငယ် ဆင်ခြင်နေသေးသည်။
ဒါက ညီလာခံခန်းမဆောင်လေ၊ တိုင်းရေးပြည်ရေး ဆွေးနွေးတဲ့နေရာ။ ဒီနေရာမှာ သူမ လန်ထင်ကို ကခုန်ခိုင်းတာတောင် တော်တော်ထိတ်လန့်စရာ ကောင်းနေပြီ။ ဒါတောင်မှ ဒါက တိုင်းပြည်ရဲ့အရေးကိစ္စနဲ့ သက်ဆိုင်နေသေးတယ်၊ ဒါက ဝူးခို့တွေကို အင်အားပြပြီး အရှက်ခွဲနေတာဆိုတော့ တိုင်းရေးပြည်ရေးလို့ ပြောနိုင်သေးတယ်။ ဒါကို သူမက ဒီနေရာမှာ စားသောက်နေရဦးမှာလား? ဒါက ဖြစ်သင့်ပါ့မလား?
"ကောင်းပြီလေ ဒါဆိုလည်း အကကိုပဲ ကြည့်ကြရအောင်"
ရှောင်းကျဲယွိက စူးချင်းကို အပြုံးဖြင့် ကြည့်နေသော်လည်း အောက်သို့ ပြန်ငုံ့ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများ လုံးဝ ပြန်အေးစက်သွားပြီ ဖြစ်သည်။ သူ့မျက်နှာက မြင့်မြတ်သော ဧကရာဇ်မင်းတစ်ပါး၏ ဂုဏ်သိက္ခာကိုသာ ဖော်ပြနေပြီး သူ့ခန္ဓာကိုယ်မှ ဘုန်းကျက်သရေများ ဖြာထွက်နေသလို ခံစားနေရသည်။
လန်ထင်က မူလကတည်းက ကပြဖျော်ဖြေရန် စီစဉ်ထားခဲ့သူ ဖြစ်သည်။ သူမ ကခုန်နေသည့်အချိန်တွင် သူမ မည်မျှလှပမှန်း သူမ သိထားပြီး အလယ်ပိုင်းလွင်ပြင်၏ တော်ဝင်ညီလာခံခန်းမဆောင်တွင် ကပြရခြင်းက အလယ်ပိုင်းလွင်ပြင်၏ တံခါးများကို ဖွင့်မည့် သူမ၏သော့ချက်သာ ဖြစ်သည်။ ထိုအပြင် ရှောင်းကျဲယွိ၏နှလုံးသားကို အနိုင်ယူသိမ်းပိုက်နိုင်မည့်နည်းလမ်းတစ်ခုလည်း ဖြစ်သည်။
အလယ်ပိုင်းလွင်ပြင်မှ လူများက သူမတို့၏သီချင်းများကို မတီးမှုတ်နိုင်သည့်အတွက် သူမက ဝူးခို့ဂီတသမားများကိုပင် ခေါ်လာခဲ့သေးသည်။
ညီလာခံခန်းမအတွင်းတွင် ရှိနေသည့် မှုူးမတ်များနှင့် စစ်သေနာပတိများအားလုံး ထုံကျဉ်သွားသည်အထိ အံ့သြနေကြသော်လည်း ယခုအချိန်တွင် ရှောင်းကျဲယွိကို တားဆီးရဲသူ မရှိပေ။
ဧကရီက အကကို ကြည့်ချင်တယ်ဆိုမှတော့ သူတို့လည်း သူမပေးတဲ့ အခွင့်ကောင်းလေးကို ယူပြီး အလှလေးကတာကို ခံစားရတော့မှာပေါ့လေ။
(t/n: မတားရဲတာလား မတားချင်တာလားတောင် မသဲကွဲတော့ဘူး)
“အရှင်မင်းမြတ်၊ လန်းတင်က ခနထွက်ခွာပြီး အဝတ်လဲခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်”
လန်ထင်က ရှောင်းကျဲယွိကို အချိုသားဆုံးအသံဖြင့် တောင်းဆိုလိုက်ပြီး ရှောင်းကျဲယွိက သူ့လက်ကို ဝှေ့ယမ်းကာ ခွင့်ပြုလိုက်သည်။
“သွားစေ”
ချင်းအာ ကြည့်ဖို့ နာနာခံခံ ကပြနေသရွေ့ အကုန်အဆင်ပြေတယ်။
လန်ထင်က အချိန်အကြာကြီး မယူဘဲ လက်ဖက်ရည်တစ်ဝက်ကုန်စာ( ၁၅ မိနစ်)လောက်ဖြင့် ပြန်ရောက်လာခဲ့သည်။ သူမက သူမတို့၏ရိုးရာ၀တ်စုံကို ပြောင်းလဲ၀တ်ဆင်ထားပြီး သူမ၏ဆံထုံးပေါ်တွင် ကျောက်စိမ်းဆံထိုး သုံးခခု အလှဆင်ထားသည်။ သူမ၏လက်ထဲတွင် ယပ်တောင်အသေးလေးတစ်ခု ရှိနေပြီး ထိုယပ်တောင်က သူမ၏မျက်နှာတစ်ဝက်ကို ဖုံးအုပ်နေကာ သူမ၏မျက်လုံးများကိုသာ ပေါ်လွင်နေစေသည်။
ရှောင်းကျဲယွိက သူမ၏ ပေါ်လွင်နေသော မျက်နှာအပေါ်ပိုင်းကို ကြည့်ကာ အံ့ဩတကြီး ရေရွတ်လိုက်သည်။
သူမ ဘာတွေ သွားလုပ်ခဲ့တာလဲ? သူမရဲ့မျက်နှာပေါ်ကို ဂျုံမှုန့်တွေ လိမ်းလာတာလား?
(t/n: ပြောပြရဦးမယ်၊ တရုတ်တွေကလည်း ဂျပန်ကို တော်လှန်ရဖူးတော့ သူတို့တွေ တော်တော်များများက ဂျပန်ကို မုန်းကြတယ်တဲ့၊ ဒီစာရေးဆရာကတော့ ပိုမုန်းနေပုံပဲ၊ အရမ်းကို ဖဲ့နေတာ)
စူးချင်းကတော့ ဂျပန်အကနှင့် အလွန်ရင်းနှီးနေပြီးသားဖြစ်သည်။ သူမက သူမ၏နှုတ်ခမ်းထောင့်ကို ပင့်တင်ကာ ပွဲကြည့်ရန် အဆင်သင့်ပြင်လိုက်သည်။
သိပ်မကြာခင်မှာပင် သီချင်းကို စတင်တီးမှုတ်လိုက်ပြီး ထိုဂီတသံက နန်းတွင်းအရာရှိများအားလုံး၏မျက်ခုံးများကို တစ်ပြိုင်နက်တည်း တွန့်လိမ်သွားစေသည်။
ဒါက ဘယ်လိုဂီတအမျိုးအစားလဲ? အိမ်က သက်ကြီးရွယ်အိုတွေ တိမ်းပါးသွားတဲ့အချိန်မှာ တီးမှုတ်ရတဲ့ ဈာပနတေးနဲ့ ဘာကြောင့် အသံတူနေရတာလဲ?
ကြားရတာ အဆင်မပြေဘူး! တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။
ရှောင်းကျဲယွိ၏ မျက်ခုံးများကလည်း ထပ်တူ တွန့်ချိုးသွားလေသည်။ သူက သူ့ဘေးနားရှိ စူးချင်းကို ပြန်ကြည့်လိုက်ပြီး လန်တင်အား ကပြခိုင်းမိသည့်အတွက် အနည်းငယ် နောင်တရနေပြန်သည်။
သူ ချင်းအာ ကြောက်သွားအောင် လုပ်လိုက်မိပြီလား?
စူးချင်းက သူ့ကို အပြုံးလေးဖြင့် စနောက်လိုက်သည်။
"အရှင်မင်းမြတ်၊ အလှလေးရဲ့ကခုန်မှုကို အလဟဿ မဖြစ်စေနဲ့"
ရှောင်းကျဲယွိက စူးချင်း၏မျက်လုံးများကို စိုက်ကြည့်ကာ သူမကို ဂရုတစိုက် အကဲခတ်လိုက်သည်။
ကံကောင်းစွာနဲ့ပဲ သူမရဲ့မျက်လုံးတွေထဲမှာ အပြုံးရိပ်လေးတွေ ရှိနေသေးတယ်။ သူမ စိတ်မဆိုးသလို မနာလိုလည်း မဖြစ်သေးဘူး။
ရှောင်းကျဲယွိက နဂါးပလ္လင်ပေါ်တွင် ထိုင်နေရင်း အောက်ကို ငုံ့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် လန်ထင်က သူမ၏လက်များကို ဆန့်တန်းကာ သူမ၏မျက်နှာတစ်ခုလုံးကို ထုတ်ဖော်ပြသလိုက်သည်။ သူမ၏ ဖြူဖျော့ဖျော့ မျက်နှာက ဂျုံအိုးထဲမှ တွားသွားထွက်လာသလို ဖြစ်နေပြီး သွေးနီရောင်ပါးစပ်ကလည်း ကလေးအသေကောင်လေးကို စားထားသကဲ့သို့ ဖြစ်နေလေသည်။ အဆိုးဆုံးက လန်ထင်က သူ့ကို မျက်စိမှိတ်ပြလိုက်ပြီး သူမ၏လက်ကို သူ့ဘက်သို့ လက်လှမ်းလိုက်ခြင်းဖြစ်သည်။
ဒါ... ဒါက သူတပါးရဲ့အသက်ကို လိုက်တောင်းနေတဲ့ အငြိုးအတေးကြီးတဲ့ တစ္ဆေတစ်ကောင်ပဲ....
ရှောင်းကျဲယွိက သူ့လက်ကို အမြန်မြှောက်ကာ စူးချင်း၏မျက်လုံးများကို ပိတ်ဆို့ရင်း စိုးရိမ်တကြီး သတိပေးလိုက်သည်။
"ချင်းအာ၊ မကြည့်နဲ့တော့၊ ကလေး လန့်သွားလိုက်မယ်”
စူးချင်းကတော့ မကြောက်ပေ။ သူမက ဂျပန်ယဉ်ကျေးမှုကို သိထားပြီး ဖြစ်သည်။ ခေတ်သစ်တွင် ယခု လန်ထင် ပြင်ဆင်ထားသည့်ပုံစံကို ဂေရှား(geisha) ဟု ခေါ်ပြီး ထိုမိတ်ကပ်မျိုးက မိမိကိုယ်ကို သတ်သေနှုန်း မြင့်မားသည့် ဂျပန်နိုင်ငံအတွက် အလွန်သင့်တော်သည်ဟု သူမ သတ်မှတ်ထားသည်။
သူမ အမြင်မှာတော့ အဲ့တိုင်းပြည်က လူတွေက လူတွေ မဟုတ်ဘူးလို့ အမြဲ တွေးထားခဲ့တာ။ သူတို့က သရဲတစ္ဆေတွေနဲ့ နတ်ဆိုးတွေလိုပဲ၊ တခါတလေ ရေမြောင်းထဲက ကြွက်တွေနဲ့တောင် တူနေသေးတယ်။ ရှင်းရှင်း ပြောရရင် သူတို့က ဘယ်တုန်းကမှ ဖြောင့်မတ်တဲ့လူတွေ မဟုတ်ဘူး၊ အခြားလူတွေရဲ့နောက်ကွယ်မှာ အမြဲတမ်း ပြဿနာရှာနေတဲ့လူမျိုးတွေပဲ။
ထို့ကြောင့် စူးချင်းက မင်းသမီးလန်ထင်၏ကိုယ်ရေးရာဇဝင်အမှန်ကိုပင် သံသယရှိနေခဲ့သည်။
ဂျပန်က မင်းသမီးတစ်ပါးဆိုရင် ဘယ်တော့မှ ဒီလိုမျိုး ကပြမှာ မဟုတ်ဘူး။
လန်ထင်ကတော့ အလွန်ပင် ကြိုးကြိုးစားစား ကပြနေရှာပြီး သူမ၏မျက်လုံးများက ရံဖန်ရံခါ လွင့်မျောနေကာ ရှောင်းကျဲယွိအား ပရောပရည် လှမ်းလုပ်နေသေးသည်။ ရှောင်းကျဲယွိက တင်းမာသောမျက်နှာဖြင့် အကြည့်လွှဲသွားပြီး သူ့၏အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို လှမ်းကြည့်လိုက်သည်။ တချို့က ယင်ကောင်ကို မျိုချနေရသလို ရှုံမဲ့နေကြပြီး တစ်ချို့က ကြောက်လန့်တကြားဖြင့် မျက်နှာများ ဖြူဖျော့နောကာ လန်တင်ကိုပင် မကြည့်ရဲကြတော့ပေ။
မသိသူများအတွက်တော့ နေ့ခင်းကြောင်တောင်တွင် နွားခေါင်းနှင့် မြင်းမျက်နှာတစ္ဆေရောက်လာပြီး သူတို့၏ဝိညာဉ်ကို ခိုးယူနေသည်ဟုပင် ထင်ကောင်းထင်သွားပေလိမ့်မည်။
"သူ(မ)ကို ရပ်ခိုင်းရတော့မလား?"
ရှောင်းကျဲယွိက စူးချင်း စိတ်ဝင်တစား စောင့်ကြည့်နေသည်ကို မြင်နေရပြီး လန်ထင်၏ မျက်နှာဖြူကြီးက သူ့ချင်းအာ၏ဗိုက်ထဲမှ ကလေးအား ရုပ်ဆိုးသွားစေမည်ကို သူ ကြောက်နေပြန်သည်။
ကိုယ်ဝန်ဆောင်တွေက ရုပ်ဆိုးတဲ့ အရာတွေကို မကြည့်သင့်ဘူးလေ။ မဟုတ်ရင် ကလေးက ရုပ်ဆိုးသွားတတ်တယ်။
“တော်တော် စိတ်ဝင်စားဖို့ ကောင်းသားပဲ”
စူးချင်းက လန်ထင်ကို အလွယ်တကူ မလွှတ်ပေးချင်သေးပေ။ စတင်ကပြချိန်တွင် လန်ထင်က အလွန်ပျော်ရွှင်နေသေးသည်။ သို့သော်လည်း သူမ ကပြချိန် ကြာလာလေလေ သူမ၏မျက်လုံးများထဲမှ အပြုံးရိပ်များ လျော့နည်းလေလေ ဖြစ်လာသည်။ အရာရှိများက သူမကို မကြည့်ရဲတော့ကြောင်း သူမ သဘောပေါက်လာပြီး ရပ်ချင်သော်လည်း သူမကို ကြည့်နေသည့် စူးချင်းက လုံးဝ မပြုံးသေးပေ။ ယခုအချိန်တွင် သူမ ရပ်တန့်လိုက်ပါက တော်ဝင်အမိန့်တော်ကို ဖီဆန်သည်ဟု သတ်မှတ်ခံရပေလိမ့်မည်။