← Chapters

သူ့ကို မှားယွင်းစွပ်စွဲခံမိပြီ

Vol. 39 Ch. 578

သူ့ကို မှားယွင်းစွပ်စွဲခံမိပြီ

Vol. 39 Ch. 578

ကခုန်ချရသည်မှာ ကြာလာသည်နှင့်အမျှ လန်တင်၏ ခြေချင်းဝတ်များ နာကျင်လာသည်။ တူညီသောကိုယ်ဟန်အနေအထားအတိုင်း ထပ်ခါတလဲလဲ လှုပ်ရှားနေရခြင်းက ငြီးငွေ့ဖွယ်ဖြစ်လာကာ သူမ ဆက်မကချင်ဘဲ ရပ်တန့်ချင်နေပြီ ဖြစ်သည်။

“ဒီသီချင်းက အရမ်းနှေးတယ်၊ အကကလည်း မကောင်းဘူး၊ ရဲမက်တို့ လာကြစမ်း၊ ဒီဧကရီရဲ့တီးဝိုင်းအဖွဲ့ကို သွားခေါ်လာခဲ့”

လန်တင်၏ လှုပ်ရှားမှုများ နှေးကွေးလာသည်ကို မြင်လိုက်ရသည်နှင့် စူးချင်းက သူမ၏သက်တော်စောင့်များကို လေးနက်သောအမူအရာဖြင့် အမိန့်ပေးလိုက်သည်။

တာ့ထန်အင်ပါယာတွင်လည်း တီးဝိုင်းတစ်ခုရှိပြီး စူးချင်းက ထိုတီးဝိုင်းအတွက် သီချင်းအနည်းငယ်ပင် ရေးထားပြီး ဖြစ်သည်။ သူမက ပြည်သူများနှင့်အတူ နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန် ရည်ရွယ်ထားပြီး ထိုကာလအတွင်း အကြီးစား ဖျော်ဖြေပွဲကြီးတစ်ပွဲ စီစဉ်ရန် အစပိုင်းကတည်းက ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်သည်။

ဒီနေ့တော့ ဒီဂျပန်တွေကို ဂီတဆိုတာ ဘာလဲလို့ ပြပေးရဦးမှာပေါ့။

အရှိန်နှေးသည်ဟု အပြောခံလိုက်ရချိန်တွင် လန်တင်၏ အမူအရာက လုံးဝ ပြောင်းသွားသည်။

ဒီလို မိန်းမဆန်တဲ့ အကမျိုးကပဲ မိန်းခလေးတစ်ယောက်ရဲ့ လှပမှုနဲ့ ကျက်သရေကို အလေးပေးဖော်ပြနိုင်မှာလေ။ ခပ်မြန်မြန် ကလိုက်ရင် ဘယ်လိုလုပ်ပြီး ကြည့်ကောင်းတော့မှာလဲ?

သူမက ရပ်တန့်ပြီး အနားယူရန် ကြိုးစားလိုက်သော်လည်း ရှောင်းကျဲယွိက သူမကို ထပ်အမိန့်ပေးလိုက်ပြန်သည်။

"ဧကရီ မပြုံးမချင်း မင်း ရပ်ခွင့်မရှိဘူး"

လန်တင်တစ်ယောက် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး သူမ၏ ယပ်တောင်ကို ဘယ်လက်မှ ညာလက်သို့ ပြောင်းကိုင်ကာ သူမ၏မျက်နှာတစ်ဝက်ကို အုပ်လိုက်ရင်း ဘယ်ညာ၊ ရှေ့တိုးနောက်ငင် ယိမ်းနွဲ့လှုပ်ရှားနေရသည်။

ညီလာခံခန်းမအတွင်းရှိ မှူးမတ်များကလည်း လန်တင်၏ မျက်နှာဖြူကြီးကို အနည်းငယ် ကျင့်သားရလာပြီး သူမ၏ ပျင်းရိငြီးငွေ့ဖွယ် ကိုယ်ဟန်အနေအထားကို ရွံရှာစွာ ကြည့်နေကြသည်။

သူမက ပန်းတစ်ရာအိမ်တော်က မိန်းကလေးတွေလောက်တောင် အရည်အချင်း မရှိဘူး။ ဒါတောင်မှ သူမက ဧကရာဇ်မင်းမြတ်ရဲ့ရှေ့မှောက်မှာ လာကပြရဲသေးတယ်လား?

မကြာမီ တာ့ထန်အင်ပါယာ၏ဂီတအဖွဲ့ ရောက်လာသည်။ သူမတို့က ပုလွေ၊ ဗျပ်စောင်း၊ ဗုံ၊ စည်နှင့် မောင်းတို့ကို စုံလင်အောင် တီးမှုတ်နေကြပြီး ထိုတူရိယာများကို တီးခတ်နေကြသည့် မိန်းခလေးများအားလုံးက ချောမောလှပကာ သူမတို့တစ်ယောက်ချင်းစီက လန်ထင်၏လက်ရှိပုံစံထက် ပိုလှပနေသေးသည်။

“ဒီနေ့က ကောင်းတဲ့နေ့လေး တစ်နေ့ပါ”

စူးချင်းက ဂီတအဖွဲ့ကို ညွှန်ကြားလိုက်သည်။ ဤသည်မှာ သက်ဝင်လှုပ်ရှားသော သံစဉ်တစ်ခု ဖြစ်ပြီး အလွန်မြန်ဆန်သည့် အရှိန်အဟုန်ကြောင့် လန်ထင်၏ ခြေထောက်များကို ချိုးရန် သင့်လျော်သော လျင်မြန်သော ပျော်ရွှင်စရာသီချင်းတစ်ပုဒ် ဖြစ်သည်။

ဧကရီ၏လမ်းညွှန်မှုူနှင့်အတူ တေးဂီတအဖွဲ့က စတင်ပြီး တီးမှုတ်ကြသည်။ နောက်ဆုံးတော့ မှူးမတ်များအတွက်လည်း ဝမ်းနည်းစရာ ဂီတသံစဥ်မှ လွတ်မြောက်ခွင့်ရသွားပြီး သူတို့အားလုံး မှောင်မိုက်သော တိမ်တိုက်များ လွင့်စင်သွားကာ နေရောင်ခြည် ထွန်းတောက်လာသလို ခံစားနေရသည်။

လန်ထင်လည်း အံ့သြသွားပြီး အရှိန်အဟုန် ပြင်းလာသော ဂီတသံနှင် သူမ၏အဝတ်များ တဖျပ်ဖျပ်လွင့်အောင် ကခုန်ရတော့သည်။ သူမ ပင်ပန်းလွန်းသောကြောင့် ချွေးများ ရွှဲနစ်လာပြီး သူမ၏မိတ်ကပ်များ ပျက်ဆီးသွားကာ ထူထဲသောမျက်နှာချေအလွှာကြီးတွင် အပေါက်များ ပေါ်လာသည်။ သူမ ယခင်ကထက်ပင် ပို၍ ရုပ်ဆိုးလာပုံရသည်။ ရှောင်းကျဲယွိက သူမကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်ပြီး စူးချင်းကို အမြန် လှည့်ကြည့်လိုက်သည်။

ဟူး... ချင်းအာက လှပနေလို့ သူမျက်လုံးကို ပြန်ကယ်တင်နိုင်လိုက်ပြီ။

"အရှင်မင်းမြတ်၊ အရှင်မင်းမြတ်... လန်ထင် မကနိုင်တော့ပါဘူး"

နောက်ဆုံးတွင် လန်ထင်တစ်ယောက် အလွန်မောပန်းလွန်းသောကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ ရှောင်းကျဲယွိအား သနားစဖွယ် ငိုယိုတောင်းပန်းလိုက်သည်။

"မင်းက တော်ဝင်အမိန့်တော်ကို ဖီဆန်ချင်နေတာလား?"

ရှောင်းကျဲယွိ၏မျက်နှာက ချက်ချင်း အေးစက်သွားပြီး လူသတ်ချင်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ လန်ထင်က ထိတ်လန့်တကြား ခေါင်းယမ်းကာ မျက်ရည်ဝဲနေသည့် မျက်လုံးများဖြင့် ရှောင်းကျဲယွိကို လှမ်းကြည့်နေပြန်သည်။

"လန်ထင် မလုပ်ရဲပါဘူး၊ ဒါပေမယ့်... လန်ထင်ရဲ့ခြေကျင်းဝတ်ကို အဆစ်လွှဲသွားပြီး ဆက်မကနိုင်တော့ပါဘူး!"

စူးချင်းက မေးစေ့ပေါ် လက်ထောက်ထားရင်း သနားစဖွယ် ပြုမူနေသည့် လန်တင်ကို ပျင်းရိစွာ ကြည့်နေခဲ့သည်။ ထို‌နောက် သူမက ပေါ့ပေါ့ပါးပါး ဝင်ပြောလိုက်သည်။

“သူ(မ)ရဲ့ခြေကျင်းဝတ်တွေ အဆစ်လွှဲသွားပြီး ဆိုမှတော့ ချန်ထားလည်း ဘာမှ အသုံးမဝင်တော့ဘူး။ ဖြတ်ပစ်လိုက်ရင် ပိုမကောင်းဘူးလား?"

လန်တင်က အလွန်အမင်း ထိတ်လန့်သွားပြီး သူမတစ်ကိုယ်လုံး တုန်ယင်လာသည်။ စူးချင်း၏ လေသံက အလွန်တည်ငြိမ်နေသော်လည်း သူမ၏စကားများက ရက်စက်ကြမ်းတမ်းလွန်းလှသည်။

စကားတစ်ခွန်းတည်းနဲ့ သူတပါးရဲ့ခြေထောက်ကို ဖြတ်ဖို့ ပြောနေတာလား? သူမ ဘယ်လောက်တောင် ရက်စက်လိုက်သလဲ?

"အရှင်မင်းမြတ်၊ ကျွန်တော်မျိုးမရဲ့အသက်ကို ချမ်းသာပေးတော်မူပါ"

လန်တင်က ဧကရာဇ်မင်းမြတ် သဘောတူလိုက်မည်ကို အလွန်အကျွံ စိုးရွံ့သွားပြီး ဒူးထောက်လိုက်ကာ ရှောင်းကျဲယွိအား အသနားခံနေပြန်သည်။

"သူ(မ)ကို ဆွဲထုတ်သွားကြ"

ရှောင်းကျဲယွိက ထိုရွံရှာဖွယ် သရဲတစ္ဆေမျက်နှာကို မကြည့်ချင်တော့ဘဲ တော်ဝင်သက်တော်စောင့်များကို လက်ဝှေ့ယမ်းပြကာ လန်ထင်ကို အဝေးသို့ ဆွဲထုတ်သွားရန် အမိန့်ပေးလိုက်သည်။

ချင်းအာက သူမရဲ့ခြေထောက်တွေကို ခုတ်ဖြတ်ချင်နေတယ်ဆိုမှတော့ လုပ်လိုက်ကြတာပေါ့။

သူမကို ဘာအတွက် ကခုန်ခိုင်းဖို့ လိုဦးမှာလဲ?

သူမ နောက်တစ်ခါ ထပ်ကပြီး လူတွေကို ခြောက်လှန့်တာကနေ တားဆီးဖို့ သူမရဲ့ ခြေထောက်တွေကို ခုတ်ဖြတ်လိုက်တာ အကောင်းဆုံးပဲ?

ဤအခိုက်အတန့်တွင် လန်ထင်ကလည်း အလွန်ကြောက်လန့်နေပြီ ဖြစ်ကာ ရှောင်းကျဲယွိအား မြူဆွယ်ရန်ပင် မကြိုးစားနိုင်တော့ပေ။

သူမရဲ့ခြေထောက်တွေကို ဆုံးရှုံးသွားရင် သူမ မသန်စွမ်း ဖြစ်သွားလိမ့်မယ်။ အဲ့အချိန်ရောက်လာရင် သူမ ဘယ်လိုလုပ်ပြီး သနားစရာကောင်းတဲ့ ယောက်ျားတွေကို သွေးဆောင်နိုင်တော့မှာလဲ?

“အရှင်မင်းကြီး၊ လန်ထင်က ဝူးခို့ပြည်ထောင်က မင်းသမီးပါ။ အဝေးကနေ လာခဲ့တဲ့ လန်ထင်တို့ရဲ့ စိတ်ရင်းမှန်ကို ထည့်သွင်းစဉ်းစားပြီး လန်ထင်ကို ခွင့်လွှတ်ပေးတော်မူပါ”

တိုင်းပြည်နှစ်ခု စစ်ပွဲဖြစ်လျှင်ပင် သံတမန်များအား မသတ်ရဟူသည့် စည်းမျဉ်းကို သူမ သတိပေးချင်နေခြင်း ဖြစ်သော်လည်း ရှောင်းကျဲယွိက သူမ၏အသက်ကို ယူမည်ဟုပင် ပြောခဲ့သည်ကို သူမ ပြန်တွေးလိုက်မိသည်။ ထို့အပြင် ခြေထောက်ကိုဖြတ်ခြင်းကလည်း ထိုစည်းမျဉ်းကို ချိုးဖောက်ခြင်းမဟုတ်သောကြောင့် သူမက သူမတို့၏ရိုးသားမှုဟု အလေးပေးဖော်ပြကာ ပြောင်းလဲတောင်းဆိုလိုက်ခြင်းပင်။

“ဝူးခို့တွေက ကျန်းတို့ရဲ့မြို့တွေကို သိမ်းပိုက်ထားပြီး ပြန်မပေးတဲ့အပြင် ပျားထောင်ချောက်ကို အသုံးပြုဖို့ မင်းကိုတောင် လွှတ်ရဲသေးတယ်။ ကျန်း မင်းတို့ကို သင်ခန်းစာ မပေးဘဲ ဒီအတိုင်း ပြန်လွှတ်လိုက်ရင် မင်းတို့က ပိုမောက်မာလာကြလိမ့်မယ်။ ဒီတစ်ကြိမ်တော့ ကျန်း မင်းရဲ့ခြေထောက်ကိုပဲ ချိုးလိုက်မယ်။ နောက်တစ်ကြိမ်ဆိုရင်တော့ မင်းတို့ရဲ့အသက်ကို ယူမယ်၊ အခု ပြန်သွားပြီး ကျန်းရဲ့တပ်တွေ မင်းတို့မြေပေါ် ခြေချလာတဲ့အချိန်ကို စောင့်နေဖို့ မင်းတို့ရဲ့ဘုရင်ကို ပြန်ပြောလိုက်"

ရှောင်းကျဲယွိ အရှေ့ဘက်ကျွန်းစုကို စစ်ကြေညာလိုက်သည်။

သူ နန်းတက်ပြီးကတည်းက ပထမဆုံး ဖျက်ဆီးပစ်ချင်တာက သူတို့ပဲ။ အခု သူတို့ကို ဖျက်ဆီးပစ်ဖို့ အခွင့်အရေးရလာမှတော့ ဘယ်လိုလုပ်ပြီး မျက်နှာလွှဲနိုင်ရမှာတုန်း။ နောက်ပြီး သူ ဖွင့်မပြောချင်တဲ့အရာတစ်ခု ရှိသေးတယ်။ ဒါက သူ လန်ထင်ရဲ့ခြေထောက်တွေကို ချိုးဖို့ တွန်းအားပေးခဲ့တဲ့ အဓိကအကြောင်းရင်းပဲ။

ငါနဲ့ ငါရဲ့ နတ်မိမယ်ဧကရီကြားကို ဝင်နှောက်ယှက်ဖို့ ဘယ်သူက သူမကို သတ္တိတွေ ပေးလိုက်တာလဲ? အဲ့လောက်သတ္တိရှိနေမှတော့ တန်ရာတန်ကြေး ပြန်ပေးရမှာပေါ့။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးတော်မူပါ၊ လန်ထင်က အားနွဲ့တဲ့ မိန်းခလေးတစ်ယောက်ပါ။ ကျွန်တော်မျိုးမကို သနားတော်မူပါဦး”

သက်တော်စောင့်များက လန်ထင်ကို ညီလာခံခန်းမထဲမှ ဆွဲထုတ်သွားပြီး လန်တင်က အော်ဟစ်ငိုယို တောင်းပန်နေသည်။ ဝူးခို့သံတမန်နှင့် ဂီတပညာရှင်များကလည်း အလွန်ကြောက်လန့်နေပြီး မျက်နှာများ ဖြူဖျော့နေကြသည်။ ရှောင်းကျဲယွိက သူတို့၏ခြေဖဝါးများကိုပါ ဖြတ်ပစ်မည်အား သူတို့ ကြောက်ရွံ့နေကြသည်။

စိတ်အနှောက်အယှက်ဖြစ်စရာကောင်းသည့် လန်ထင်ကို ကိုင်တွယ်ပြီးနောက်တွင် စူးချင်းက သူမ ပင်ပန်းလာသလို ခံစားလိုက်ရသည်။ သူမ ထိုင်နေရာမှ ထရပ်လိုက်သည်နှင့် ရှောင်းကျဲယွိကလည်း ညီလာခံကို ချက်ချင်း ရပ်စဲလိုက်သည်။ သူက သူ စူးချင်းနှင့်အတူ အနားယူရန် အနောက်ဆောင်သို့ ပြန်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

သို့သော် စူးချင်း၏အနားယူခြင်းက သူမ၏အခန်းသို့ ပြန်လှဲအိပ်ခြင်းမဟုတ်ပေ။ ထိုအစား သူမက အဝတ်ကြမ်းလဲဝတ်ကာ ပေါက်ပြားတစ်လက် ထမ်းပြီး တော်ဝင်လယ်ကွင်းဆီသို့ ဦးတည်လိုက်သည်။ ရှောင်းကျဲယွိလည်း သူ၏ နဂါးဝတ်ရုံကို ချွတ်ကာ စူးချင်းနှင့်အတူ ပေါင်းနှုတ်ရန် လိုက်သွားခဲ့ရသည်။

နန်းတွင်းမှ အစေခံများနှင့် မိန်းမစိုးများအားလုံး အံသြနေကြသည်။

အခု သူတို့ရဲ့ဧကရာဇ်မင်းမြတ်လည်း ဧကရီဆီကနေ ဓာတ်ကူးသွားပြီး လယ်ယာလုပ်ငန်းကို စွဲလမ်းသွားပြီပေါ့။

“ရွှေ့ရှန့်၊ ဒီလိုပြောင်းမျိုးတွေကို တိုင်းပြည်အနှံ့ ဖြန့်ဝေပြီး စိုက်ပျိူးရေးကို မြှင့်တင်ရမယ်။ အဲ့ဒါမှ သာမန်ပြည်သူတွေရဲ့ စားဝတ်နေရေးပြဿနာကို မြန်မြန် ဖြေရှင်းပေးနိုင်လိမ့်မယ်”

စူးချင်းက ပြောင်းစေ့အိတ်ကို ကိုင်ထားရင်း ရှောင်းကျဲယွိအား လှမ်းပြောလိုက်သည်။ ဤသည်မှာ သူမ အဆင့်တက်ပြီးနောက် စနစ်ထံမှ တောင်းလာခဲ့သည့်ဆု ဖြစ်သည်။ ယခုအချိန်တွင် သူမက သူမ၏ စစ်နတ်ဘုရားစွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ရန် စိတ်မဝင်စားတော့ပေ။ ထိုအရာက မလိုအပ်သည့်အရာဖြစ်ပြီး သူမ၏လက်ရှိ စွမ်းရည်က လုံလောက်နေပြီဟု သူမ သတ်မှတ်လိုက်ပြီ ဖြစ်သည်။

ထို့ကြောင့် သူမက မိုးခေါင်ရေရှားဒဏ်ကို ခံနိုင်ရည်ရှိပြီး အထွက်နှုန်းမြင့်သော ပြောင်းမျိုးစေ့များ၊ အာလူးပျိုးပင်များနှင့် ကန်စွန်းဥအစေ့များကဲ့သို့သော လက်တွေ့ကျသည့်အရာတစ်ခုကို လဲလှယ်ခြင်းရန် ဆုံးဖြတ်လိုက်သည်။

သုံးနှစ်ကြာ မိုးခေါင်ရေရှားဒဏ်ကို ရင်ဆိုင်ရပြီးနောက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်စေရေးအတွက် ပထမဆုံးလုပ်ဆောင်ရမည့်အချက်က ပြည်သူများ ဝမ်းဝစေရန် ဖြစ်သည်။

တကယ်တော့ ပြည်သူတွေမှာ တောင်းဆိုမှုတွေ မများကြီး မရှိဘူး။ သူတို့က နေ့တိုင်းနေ့တိုင်း သန့်စင်ထားတဲ့ အစေ့အဆန်တွေ၊ ဂျုံမှုန့်ဖြူတွေနဲ့ ဆန်ကောင်းတွေ စားရဖို့လည်း မစဥ်းစားကြဘူး။ သူတို့က ဗိုက်ပြည့်နေသရွေ့ ကျေနပ်နိုင်တဲ့သူတွေပါ။

“ကောင်းပြီလေ၊ ဒီမျိုးစေ့တွေကို ဖြန့်ဝေပေးဖို့ ကိုယ်တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်မယ်”

ရှောင်းကျဲယွိက စူးချင်း သူ့ကို ရွှေ့ရှန့်ဟု ထပ်ခေါ်နေသည်ကို ကြားလိုက်ရပြီး သူ့မျက်လုံးများက ရေကဲ့သို့ နူးညံ့လာသည်။

အခု သူ သူမအတွက် ကောင်းကင်ပေါ်က လကို သွားယူပေးဖို့တောင် တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ချင်းအာက သူမတစ်ယောက်တည်းကို တွေးခိုင်းတာလောက်တော့ သူ့အတွက် ဘာမှ မဟုတ်ဘူး။

အလှည့်အပြောင်း အနည်းငယ် ကြုံခဲ့ရပြီးနောက် နှစ်ယောက်သား၏ဆက်ဆံရေးက ပိုမိုခိုင်မာလာခဲ့သည်။ ယခု ဧကရာဇ်၏ ဆုံးဖြတ်ချက်ကို နန်းတော်တစ်ခုလုံး သိနေပြီဖြစ်ကာ အနည်းဆုံး နောက်နှစ်အနည်းငယ်အတွင်း ရှောင်းကျဲယွိအား ကိုယ်လုပ်တော် လက်ခံရန် မည်သူမျှ ပြောရဲမည် မဟုတ်ပေ။ ရှေ့တွင် ဥပမာနှစ်ခုရှိခဲ့ပြီး နှစ်ခုလုံးက မကောင်းသောအဆုံးသတ် ဖြစ်ခဲ့သည်။

မင်းသမီးလန်ထင်လိုမျိုး မင်းသမီးတစ်‌ပါးတောင် ဧကရီမယ်မယ်ရဲ့ရှေ့မှောက်မှာ ဘာမှ အရေးမပါတော့ဘူး။ သူမရဲ့ခြေထောက်ကို ခုတ်ဖြတ်ဖို့ စကားတစ်ခွန်းပဲ လိုတယ်။ ဘယ်မိသားစုက သူတို့ရဲ့သမီးတွေကို နန်းတော်ထဲ ပို့ရဲတော့မှာလဲ? သူတို့ရဲ့သမီးတွေကို ခြေပြတ်လေးတွေ ဖြစ်စေချင်ရင်တော့ ပို့ကြပေါလေ၊ ဒါပေမယ့် လန်ထင်လို အဆုံးသတ်မှာကို မကြောက်တဲ့သူ ရှိပါ့မလား?

"အရှင်မင်းမြတ်၊ ရှင် မင်းသမီးရဲ့ခြေထောက်ကို ဖြတ်လိုက်တဲ့အတွက် ကျွန်မတို့ ဝူခို့တွေကို မြန်မြန် ဖျက်ဆီးပစ်ရမယ်"

စူးချင်းက ပေါင်းပင်များ ရှင်းပြီးနောက် အလုပ်ကို ရပ်ကာ ရှောင်းကျဲယွိကို ကြည့်ရင်း ထပ်ပြောလိုက်သည်။

စစ်ကြေညာပြီးမှတော့ ဒီဂျပန်ကောင်တွေကို ပြင်ဆင်ဖို့ အချိန်မပေးသင့်တော့ဘူး။

"အင်း၊ ကိုယ် ရိက္ခာတွေ ပြင်ဆင်ဖို့ အမိန့်ပေးပြီးပြီ။ ရိက္ခာတွေ အဆင်သင့်ဖြစ်တာနဲ့ အရှေ့ကျွန်းစုကို တိုက်ခိုက်ဖို့ တပ်တွေ လွှတ်လိုက်မယ်”

ရှောင်းကျဲယွိက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

သူ ဝူးခို့တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီးသားပါ။ တာ့ထန်အင်ပါယာကိုကို သိမ်းပိုက်ထားတဲ့ တိုင်းပြည်ငယ်လေးတွေ ကြောက်ရွံ့ထိတ်လန့်ပြီး မြို့တွေကို သူတို့ဘက်ကနေ ပြန်စပေးဖို့ ကျန်တဲ့ တိုင်းပြည်တွေကို သတိပေးတဲ့အနေနဲ့ အရှေ့ပင်လယ်ကနေ စတင်တိုက်ခိုက်ဖို့ သူ ဆုံးဖြတ်ထားတယ်။

ဒါပေမယ့် သူရဲ့အရင်အစီအစဥ်က တစ်လကြာမှ ဝူးခို့တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာ။ အဓိက အကြောင်းအရင်းက ဝူးခို့တွေက ပင်လယ်ရဲ့တစ်ဖက်ကမ်းမှာ ရှိနေတာကြောင့် သူတို့ကို တိုက်ခိုက်ဖို့ စစ်သင်္ဘောတွေ လိုအပ်နေတာကြောင့်ပဲ။

သူ့ဘက်မှာ ရေတပ်က အရမ်း အားနည်းနေသေးတယ်။ ဝူးခို့ရေတပ်က အရန်းအားကောင်းနေတာကြောင့် လက်ရှိအချိန်မှာ ဒါက အကြီးမားဆုံးပြဿနာ ဖြစ်နေပြန်တယ်။

"ကျွန်မ စစ်သင်္ဘော ဆောက်ဖို့ ကြိုးစားပေးမယ်"

စူးချင်းကလည်း ထိုပြသနာကို မြင်ထားပြီး ဖြစ်သည်။ သူမက သူမကိုယ်တိုင် စစ်သင်္ဘောတည်ဆောက်ရန် ကြိုးစားချင်နေခဲ့သည်။

စစ်သင်္ဘောမရှိရင် ဒီဂျပန်ကောင်တွေကို တိုက်ခိုက်ဖို့ ခက်ခဲလိမ့်မယ်။

သို့သောာ်လည်း စူးချင်းက သူမ မဖြေစ်မနေ လုပ်နိုင်မည်ဟု သူမကိုယ်သူမ မယုံကြည်နိုင်သေးပေ။ မည်သို့ပင်ဖြစ်စေ သူမက ထိုနယ်ပယ်မှ ပရော်ဖက်ရှင်နယ်တစ်ယောက် မဟုတ်ပေ။

“ချင်ထျဲသာ ကိုယ်တို့ကို သစ္စာမဖောက်ခဲ့ရင် တော်တော်အဆင်ပြေနိုင်တယ်၊ သူက သင်္ဘောဆောက်တဲ့နေရာမှာလည်း ကျွမ်းကျင်တယ်လို့ ကိုယ် ကြားဖူးတယ်”

"ကိုယ်တို့ သူ့ကို မှားယွင်းစွပ်စွဲမိပြီ ထင်တယ်​!"

All Chapters