← Chapters

သင်္ဘောတည်ဆောက်ခြင်း

Vol. 39 Ch. 579

သင်္ဘောတည်ဆောက်ခြင်း

Vol. 39 Ch. 579

ရှောင်းကျဲယွိက စူးချင်းကို ချင်ထျဲအကြောင်း ပြောနေခြင်း ဖြစ်သည်။ သူတို့ မြို့တော်ကို သိမ်းပိုက်ပြီးနောက် တော်ဝင်နန်းတော်နှင့် ဝမ်မိသားစု၏ စစ်တန်းလျားများကို အပေါ်မှ အောက်ခြေအထိ ရှာဖွေခဲ့ကြသော်လည်း မော်တာတစ်လုံးကိုမျှ မတွေ့ခဲ့ရပေ။

ထိုအရာက ရှောင်းကျဲယွိ၏မျှော်လင့်ချက်ထဲမှ လုံးဝ လွှဲချော်ထွက်သွားခြင်းပင်။

တကယ်လို့ ချင်ထျဲက ဝမ်ယွိလင်ကို အညံ့ခံလိုက်ပြီဆိုရင် သူက ဘာကြောင့် ဝမ်ယွိလင်အတွက် မော်တာတွေ မလုပ်ပေးခဲ့ရတာလဲ?

စူးချင်းထံတွင်လည်း ထို့သို့သော သံသယများ ရှိနေသော်လည်း သူမက တစ်ခါ သစ္စာဖောက်ဖူးသည့်လူကို ဘယ်တော့မှ ပြန်မသုံးချင်တော့ပေ။

ချင်ထျဲက သူမတို့ကို တစ်ကြိမ် သစ္စာဖောက်နိုင်ခဲ့တဲ့အတွက် ဒုတိယအကြိမ်ဆိုတာလည်း ရှိလာနိုင်သေးတယ်။ အဲ့ဒါကြောင့် ချင်ထျဲ ဘယ်လောက်ပဲ အရည်အချင်း ရှိနေပါစေ သူမ သူ့ကို နောက်တစ်ကြိမ် ထပ်ပြီး အလုပ်မခိုင်းချင်တော့ဘူး။

"ကျွန်မ နည်းနည်း လေ့လာပြီး စမ်းသပ်ကြည့်ပါ့မယ်”

စူးချင်းက မည်သူ့ကို မှီခိုလိုစိတ် မရှိကြောင်း ‌ရှောင်းကျဲယွိနားလည်ပြီးသား ဖြစ်သည်။

ချင်းအာရဲ့စိတ်က တောင်တန်းတွေလို ခိုင်မာပြီး သူမမှာ မြစ်တွေလို အရှိန်အဟုန် ပြင်းတဲ့ ကြိုးစားချင်စိတ်လည်း ရှိနေသေးတယ်။ အဲ့ဒါကြောင့် သူမက အခြားသူတွေကို အားကိုးဖို့ထက် ကိုယ့်ကိုကိုယ်ပဲ အားကိုးဖို့ ရွေးချယ်မှာသေချာတယ်။

“အင်းပါ၊ ဒါပေမယ့် အလုပ်ကို အလွန်အကျွံ လုပ်ပြီး ကိုယ့်အတွက် ဖိအားမဖြစ်စေနဲ့၊ ပင်ပန်းခံတာက မင်းအတွင် မကောင်းဘူး။ နောက်ဆုံး အဆင်မပြေရင် ပင်လယ်ပြင်က တံငါသည်တွေနဲ့ သူတို့ရဲ တံငါလှေတွေကို ခဏလောက် ရွှေ့ပြောင်းပေးလိုက်ရင် အဆင်ပြေမှာပါ”

ရှောင်းကျဲယွိက စူးချင်း ပင်ပန်းမည်ကို စိုးရိမ်နေပြီး သူမကို ပါဝင်ခွင့်မပြုချင်‌တော့ပေ။

စူးချင်းကတော့ ဘာမှ ပြန်မဖြေဘဲ တိတ်ဆိတ်နေခဲ့သည်။

သူမ တစ်ခုခုကို ဆုံးဖြတ်ပြီးရင် ဘယ်သူတားတား အသုံးမဝင်တော့ဘူး။

စူးချင်းက ထိုကိစ္စအတွက် အလေးအနက် တွေးတောနေပြီး သူမ အဆင့်တက်ခြင်းဖြင့် ရနိုင်မည့်ဆုလာဘ်များကို တွက်ချက်နေခဲ့သည်။ ယခုအချိန်တွင် သူမက သတ္ထုသွန်းလုပ်ခြင်း၊ ဆေးဘက်ဝင်အပင်များ ရှာဖွေစုဆောင်းခြင်း၊ စိုက်ပျိုးခြင်း၊ ရက်လုပ်ခြင်းနှင့် သတ္တုတူးဖော်ခြင်းစသော လုပ်ငန်းကျွမ်းကျင်မှူများကို အဆင့်မြှင့်တင်ရန် လိုအပ်နေသေးသည်။ ၎င်းတို့အထဲတွင် ဆေးဘက်ဝင်အပင်များ ရှာဖွေစုဆောင်းခြင်းနှင့် စိုက်ပျိုးခြင်းက အဆင့်နိမ်နေသေးပြီး အလျင်အမြန် အဆင့်တက်ရန် မျှောင့်လင့်နိုင်သေးသည်။

နောက်ဆုံးတွင် စူးချင်းက ဆေးဘက်ဝင်အပင်များ သွားရှာရန် တွေးလိုက်ပြီး တောင်ပေါ်တက်ရန် ဆုံးဖြတ်လိုက်သည်။ မြို့တော်၏ပတ်လည်တွင် တောင်တန်း အနည်းငယ်သာ ရှိပြီး အမြင့်ဆုံးတောင်ကို ဝမ်ဖူးတောင်ကြောဟု ခေါ်သည်။ ထိုတောင်ကြောက တောင်တန်းများ များပြားပြီး တောလည်း ထူသောကြောင့် တောရိုင်းတိရိစ္ဆာန်များ ပေါများကာ လူသူ အရောက်အပေါက်နည်းသည့်နေရာ ဖြစ်သည်။ ထို့ကြောင့် ထိုတောင်ကြောအတွင်းမှ ချိုင့်ဝှမ်းများထဲမှာ အဖိုးတန်ဆေးဖက်ဝင်အပင်များ အများကြီး ရှိနိုင်မည်ဟု စူးချင်း ခန့်မှန်းလိုက်သည်။

ရှောင်းကျဲယွိကတော့ စူးချင်းတစ်ယောက် ဆေးဘက်ဝင်အပင်များ ရှာရန် တောင်ပေါ်သို့ သွားတော့မည်ကို မသိသေးပေ။ ယခု ညဉ့်မှောင်လာပြီ ဖြစ်သောကြောင့် သူက စူးချင်း ရေချိုးရန် ရေနွေးပြင်ခိုင်းဖို့ နန်းတွင်းအစေခံများကို ညွှန်ကြားလိုက်သည်။ နန်းတော်ထဲတွင် ပန်းရေကန်တစ်ခု ရှိသည်။ ဧကရာဇ်ယုံချီ အာဏာရနေစဥ်တွင် သူ၏ ဇိမ်ခံတက်မှုကြောင့် ထိုပန်းရေကန်ကို တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ သူက ထိုနေရာတွင် သူ့၏ကြင်ယာတော်များ၊ မောင်းမမိဿံများနှင့် ပျော်ပျော်ရွှင်ရွှင် ရေကစားနိုင်ရန် ရေကန်ကို သေသေချာချာ မွမ်းမံပြင်ဆင်ထားခဲ့သည်။

သူခိုးအိုကြီးဝမ်ရှန်းချန် ဧကရာဇ်မင်းဖြစ်စဥ်အခါကလည်း သူက ထိုနေရာသို့ မကြာခဏ သွားရောက်လည်ပတ်လေ့ရှိသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဝမ်ယွိလင်က အမျိုးသမီးများကို သိပ်စိတ်မဝင်စားဘဲ သူ အာဏာရသည်နှင့် ပန်းရေကန်ကို ပိတ်ထားခဲ့သည်။

ရှောင်းကျဲယွိက ပန်းရေကန်အကြောင်း ကြားသိခဲ့ပြီး ထိုကဲ့သို့နေရာကောင်းတစ်ခုအား ပစ်မထားဘဲ အသုံးပြုသည့်သည်ဟု သူ တွေးလိုက်မိသည်။ ထို့ကြောင့် သူက ထိုရေကန်ကို စူးချင်းအတွင် ပေးရန် ဆုံးဖြတ်လိုက်ပြီး သန့်ရှင်းရေးလုပ်ရန်နှင့် ပန်းပွင့်ချပ်များ ပြန်ဖြန့်ထားရန် ခိုင်းစေလိုက်သည်။ ယနေ့တွင် သူက စူးချင်း စိတ်ပျော်စေရန် သူမကို ထိုနေရာသို့ ခေါ်သွားမည်ဟု ကြံရွယ်နေသည်။

စူးချင်းက ထိုပန်းရေကန်အကြောင်းကို လုံးဝ မသိခဲ့ပေ။ သူမက နန်းဆောင်အနည်းငယ်ကိုသာ ရောက်ဖူးပြီး ထိုနန်းဆောင်များအားလုံးတွင် လယ်ယာလုပ်ငန်းစတင်ရန် အလုပ်များနေခဲ့သည်။ သူမ တခြားနေရာများသို့ မရောက်ဖူးရသည့် အဓိက အကြောင်းအရင်းက ထိုနေရာများတွင် နေရောင်ခြည် လုံလောက်စွာ မရနိုင်သောကြောင့် စိုက်ပျိုးရန် မသင့်တော်သည့်အတွက် သူမ မသွားခဲ့ခြင်းပင်။

"ချင်းအာ၊ ကိုယ် မင်းကို နေရာတစ်ခုဆီ ခေါ်သွားပေးမယ်"

ရှောင်းကျဲယွိက နန်းတွင်းအစေခံများကို အရင် သွားပြင်ခိုင်းလိုက်ပြီး စူးချင်းကို ထိုအကြောင်း စကားစလိုက်သည်။

ချင်းအာမှာ ကိုယ်ဝန်ရှိမှန်း သိပြီးကတည်းက သူ ဘုန်းကြီးလိုမျိုး ‌စောင့်ထိန်းနေရတာလေ။ ပထမသုံးလအတွင်းဆိုတာက ကိုယ်လက်နှီးနှောဖို့ အန္တရာယ်ရှိတဲ့ ကာလတစ်ခုပဲ။ အခု ချင်းအာရဲ့ကိုယ်ဝန်က လေးလကျော်လာပြီ ဆိုတော့ အဆင်ပြေသွားပြီ။

သူ မစောင့်နိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် သူလည်း အားမာန်အပြည့်နဲ့ ယောကျာ်းသားတစ်ယောက်လေ။ နှစ်လကျော်ကျော် စောင့်ထိန်းခဲ့ရတော့ သူ့ရဲ့စွမ်းအင်တွေက ပိုလျှံနေပြီး အရမ်းစိတ်အားထက်သန်နေပြီ။ မကြာခင် မဖြေလျှော့ပေးရင် ပေါက်ကွဲထွက်လာတော့မလိုတောင် သူ ထင်နေမိပြီ။

"ဘယ်နေရာလဲ?"

စူးချင်းက နောက်နေ့တွင် ဆေးပင်များ သွားရှာရန် တွေးတောရင်း အာရုံများနေလေသည်။ သို့သော် ရှောင်းကျဲယွိ၏မျက်ဝန်းများထဲမှ သိုဝှက်သော အကြည့်ကို မြင်လိုက်ရသောကြောင့် စိတ်ဝင်စားစရာတစ်ခုခု ရှိနိုင်သည်ဟု သူမ ခံစားလိုက်ရပြီး ချက်ချင်း ပြန်မေးလိုက်သည်။

“နေရာကောင်းလေး တစ်ခုပေါ့”

ရှောင်းကျဲယွိ၏ အပြုံးက အလွန်ညစ်တစ်တစ် ဖြစ်နေသောကြောင့် စူးချင်းက မျက်မှောင်ကြုတ်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။

"ရှင် ဘာမဟုတ်တာ လုပ်ဖို့ ကြိုးစားနေတာလဲ?"

"ရှင့်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိနေတယ်မလား?”

ရှောင်းကျဲယွိက စိတ်အခြေအနေကောင်း နေပြီး စူးချင်း သူ့ကို ဘာပဲပြောပြော သူ လုံးဝ စိတ်ဆိုးမည် မဟုတ်ပေ။

ချင်းအာက သူ့ကို ဝုန်းဒိုင်းကြဲဒေါသမထွက်နေသရွေ့ သူမ သူ့ကို ရိုက်ရိုက် ဆူဆူ အဲ့ဒါက အချစ်လို့ပဲ သူ သတ်မှတ်တယ်။

ရှောင်းကျဲယွိ၏အရှက်မဲ့သောအသွင်အပြင်ကြောင့် စူးချင်းတစ်ယောက် စိတ်မထိန်းနိုင်ဘဲ ရယ်မောလိုက်ကာ သူ့ကို စနောက်လိုက်သည်။

"ရှင် အခု ဧကရာဇ်နဲ့ လုံးဝ မတူတော့ဘူးနော်"

"မင်းရဲ့ရှေ့မှာဆိုရင် ကိုယ်က မင်းရဲ့ခင်ပွန်းပဲ"

ရှောင်းကျဲယွိ၏ မျက်လုံးများက နူးညံ့လွန်းနေပြီး သူ့အသံက နွေဦးလေပြေကဲ့သို့ နွေးထွေးလွန်းလှသည်။ ကြင်နာမှုများ ပြည့်နေသည့် ထိုချစ်စကားက စူးချင်း၏ နှလုံးသားကို စွဲဆောင်နိုင်ခဲ့သည်။

ဟုတ်တယ်၊ သူက သူမရဲ့ယောက်ျားပဲ၊ သူ့ရဲ့အဆင့်အတန်းက သူမအတွက် ဘာမှ မဟုတ်နေဘူး။

ရှောင်းကျဲယွိက စူးချင်း၏လက်ကို တစ်လျှောက်လုံး ဆုပ်ကိုင်ထားပြီး သူမအတွက် အဆုံးမဲ့ချစ်ခြင်းမေတ္တာဖြင့် ကြင်ကြင်နာနာ ဂရုစိုက်ပေးနေခဲ့သည်။ ဤအချိန်တွင် သူ နေ့ခင်းဘက်က တော်ဝင်နန်းတော်၏ညီလာခံခန်းမဆောင်တွင် ပြသခဲ့သည့် သူ့၏ ခမ်းနားထည်ဝါသော ပုံရိပ် ပျောက်ကွယ်သွားပြီး ဇနီးကို နားလည်ပေးပြီး ဂရုစိုက်တတ်သော ခင်ပွန်းတစ်ယောက် ဖြစ်လာပြန်သည်။

ဟွားချီနန်းဆောင်ဝန်းက တော်ဝင်နန်းတော်၏အနောက်မြောက်ထောင့်တွင် တည်ရှိသည်။ ထိုနန်းဆောင်ဝင်းထဲတွင် ပန်းလက်စွပ်ပင်များ စိုက်ပျိုးထားပြီး အနီရောင်ရွှေငါးလေးများ ပြည့်နေသည့် ရေကန်ငယ်တစ်ခုရှိကာ ထိုနေရာတွင် ခင်းထားသော အပြာရောင်ကျောက်လမ်းလေးနှင့် ပနံသင့်နေသည်။ ဝင်းအလယ်တွင် ရေအပြည့်ထည့်ထားသော ကြေးစည်ပိုင်းကြီးတစ်လုံး ချထားသည်။

(ပေါ်လိုနီးယား (Paulownia) ခေါ် ပန်းလက်စွပ်ပင် = ခရမ်းရောင် (သို့) အဖြူရောင် ခေါင်းလောင်းပုံပန်းပွင့်သော ပန်းပင်၊ အခြားနာမည်များ (အင်္ဂလိပ်လို): Princess Tree, Empress Tree, Kiri Tree, Foxglove-tree )

ထိုနန်းဆောင်ဝင်းကို မြင်လိုက်ချိန်တွင် စူးချင်းက သူမ၏‌ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူမ စိုက်ပျိူးရန် နေရာလိုက်ကြည့်စဥ်က ဤနေရာသို့ ရောက်လာခဲ့သော်လည်း ပန်းလက်စွပ်ပင်များက နေရောင်ခြည်ကို ပိတ်ဆို့ထားသလို ခံစားမိသောကြောင့် ထိုဝင်းထဲသို့ မဝင်ခဲ့ပေ။

"ချင်းအာ၊ အထဲ ဝင်ကြည့်လေ"

စူးချင်းက ခမ်းနားထည်ဝါသော ပန်းရေကန်အား အံသြတကြီး လှမ်းကြည့်နေသောကြောင့် ရှောင်းကျဲယွိက ပြုံးလိုက်ပြီး သူမလက်ကို ဆွဲကာ ထိုနန်းဆောင်ဝင်းထဲသို့ ဝင်လာခဲ့သည်။ နန်းဆောင်ဝင်းထဲတွင် မိန်းမစိုးများနှင့် အစောင့်များ ရှိနေကြပြီး စူးချင်းနှင့် ရှောင်းကျဲယွိ ဝင်လာသည်ကို မြင်လိုက်ချိန်တွင် သူတို့အားလုံး ဒူးထောက်အရိုအသေပေး နှုတ်ဆက်လိုက်ကြသည်။

“ထလော့”

ရှောင်းကျဲယွိက သူ့လက်ကို ဝှေ့ယမ်းပြီး ထိုလူတွေကို မတ်တပ်ရပ်စေကာ ဘေးဘက်သို့ ဖယ်ပေးရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် စူးချင်းကို ခမ်းနားသော ဟွားချီနန်း‌ဆောင်ထဲသို့ ခေါ်ဆောင်သွားတော့သည်။

သူတို့ တံခါးဝမှ ဝင်လိုက်သည်နှင့် မြူခိုးများကို မြင်လိုက်ရပြီး ခန်းမထဲက အပူချိန်က အပြင်ကထက် အများကြီး ပိုမြင့်နေပြီး ပန်းများ၏ရနံ့က စူးချင်း၏အာရုံထဲသို့ စိမ့်ဝင်လာသည်။

စူးချင်းက ခန်းနားလွန်းသော ခန်းမဆောင်ကြီး၏ပတ်ပတ်လည်ကို ကြည့်လိုက်နေပြီး လှလှပပ ထွင်းထုပုံဖော်ထားသော ထုပ်တန်းများနှင့် ဆေးနီခြယ်ထားသော တိုင်လုံးကြီးများကို သူမ တွေ့လိုက်ရသည်။ အလွန်ခမ်းနားထည်ဝါသော်လည်း အခန်းအတွင်းတွင် ပြတင်းပေါက်နားမှ စားပွဲတစ်လုံးနှင့် အရွယ်အစား အတော်အတန်ကြီးသည့် ကုတင်တစ်လုံးသာ ရှိသည်။ အဝင်ဝမှာပင် ကြီးမား ကျယ်ပြန့်သော ခန်းဆီးတစ်ခုရှိနေပြီး နန်းဆောင်ခန်းမ၏မြင်ကွင်းအများစုကို ပိတ်ဆို့ထားသည်။ ထို့ကြောင့် စူးချင်းလည်း ထိုခန်းဆီး၏နောက်ကွယ်၌ရှိနေမည့် အရာကို အလွန်သိချင်လာခဲ့သည်။

ရှောင်းကျဲယွိအတွက်လည်း ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။

မကြာခင် သူ့ချင်းအာနဲ့ ရေထဲမှာ ဘယ်လိုကစားရမလဲဆိုတာ တွေးနေရုံနဲ့တင် သူ နည်းနည်း စိတ်လှုပ်ရှားလာပြီ။

ရှောင်းကျဲယွိက စူးချင်း၏ အရိုးမရှိသလို နူးညံ့နေသည့်လက်လေးကို ဆုပ်ကိုင်လိုက်ပြီး ခန်းဆီးနောက်သို့ လျှောက်သွားလိုက်သည်။

နှစ်ယောက်သား ခန်းဆီးကို ဖြတ်လျှောက်လာပြီးနောက် ရေကန်ကြီးကို တွေ့လိုက်ရသည်။ ရေကန်က ပူနွေးနေပုံရပြီး ရေပေါ်တွင် အနီရောင် ပွင့်ချပ်များ ဖုံးလွှမ်းနေသည်။ ဒဏ္ဍာရီလာနယ်မြေမှ ရေပူစမ်းတစ်ခုကို တွေ့လိုက်ရသလို ဖြစ်နေသောကြောင့် ရှောင်းကျဲယွိ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး စူးချင်းကို လှည့်မေးလိုက်သည်။

"ချင်းအာ၊ မင်း ဒီရေကန်ကို ဘယ်လိုသဘောရလဲ?"

"ရှင် ဒါကို ဘယ်တုန်းက ဆောက်လိုက်တာလဲ?"

စူးချင်းက ပြန်မေးလာသောကြောင့် ရှောင်းကျဲယွိက ခေါင်းခါလိုက်သည်။

“ကိုယ်က ဘယ်လိုလုပ်ပြီး ဒီလောက်ကြီး ဇိမ်ခံနိုင်ပါ့မလဲ? ဒါ အရင်မင်းဆက်ကလူတွေ ချန်ထားခဲ့တာ။ ကိုယ်က အစေခံတွေကို သန့်ရှင်းရေး လုပ်ခိုင်းထားရုံပဲ၊ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့အသီးအပွင့်တွေကို ကိုယ်တို့ရဲ့ လုပ်အားအဖြစ် ခံစားသင့်တယ်လေ”

“ရှင်က တခြားသူတွေဆီက အသီးအပွင့်ကို အခန့်သင့် ခံစားချင်နေတယ်ပေါ့”

စူးချင်းက ထိုင်ချလိုက်ပြီး ရေကန်ထဲမှ ရေကို ထိကြည့်လိုက်သည်။ ရေ၏အပူချိန်က သင့်တော်နေပြီး ရေကန်ကလည်း ရေကူးနိုင်လောက်အောင်ကြီးမားသောကြောင့် ရေချိုးစည်ထဲတွင် ရေချိုးရခြင်းထက် ပိုအဆင်ပြေမည့်ပုံပေါ်သည်။

“ဟုတ်တယ်၊ ချင်းအာ... အခု မင်းရဲ့ခင်ပွန်းက မင်းရဲ့အဝတ်အစားတွေ ချွတ်ပေးဖို့ အချိန်ရောက်လာပြီ"

ရှောင်းကျဲယွိ၏ မျက်လုံးများက တပ်မက်မှုအပြည့်ဖြင့် တောက်လောင်နေပြီ ဖြစ်သည်။ သူက သူ့နဂါးဝတ်ရုံကို အရင် ချွတ်လိုက်ပြီး အဖြူရောင်အတွင်းဝတ်ကိုသာ ချန်ထားကာ စူးချင်း၏အ၀တ်များကို ကူချွတ်ပေးရန် စူးချင်းဆီသို့ ချဥ်းကပ်သွားခဲ့သည်။

သူ့ဆံပင်များက လျော့ရဲနေပြီး သူ့ချောမောသည့်မျက်နှာကလည်း ရေနွေးငွေ့ဖြစ်နိုင်သလို သူ၏ဆန္ဒများကြောင့်လည်း ဖြစ်နိုင်ပြီး နီရဲနေသည်။ ဤအခိုက်အတန့်တွင် သူက ပိုယောက်ျားပီသနေပြီး ပိုစွဲမက်ဖွယ်ကောင်းနေပုံရသည်။

အထူးသဖြင့် စူးချင်းကို စိုက်ကြည့်နေသည့် သူ့မျက်လုံးများက နက်မှောင်နေကာ သူ့မျက်လုံးများထဲမှ မီးတောက်များက သူတို့နှစ်ယောက်ကို လောင်ကျွမ်းသွားစေတော့မယောင် ဖြစ်နေလေသည်။ သူ့၏မျက်လုံးများထဲမှ အပြုံးက အနည်းငယ် ပိုမကောင်းဆိုးဝါးဆန်နေပြီး သူ့နှုတ်ခမ်းထောင့်စွန်းများ ပင့်တက်နေပုံက တဖက်လူ၏နှလုံးသားကို အပြည့်အဝ နှိုးဆွပေးနိုင်ပြီး သူ့၏ဆွဲဆောင်မှုကို ပိုပေါ်လွင်လာစေသည်။

စူးချင်းကလည်း ထိုဆွဲမက်ဖွယ်ကောင်းလှသည့် ရှောင်းကျဲယွိကို ငေးကြည့်နေခဲ့သည်။

သူမ သူ့ကို ဒီလိုမျိုး မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။

စူးချင်းတစ်ယောက် သူမ၏သွေးများ ပြောင်းပြန် စီးနေသလို ခံစားလိုက်ရပြီး သူမ၏ ပါးပြင်များ ပူလောင်လာကာ သူမ၏နှလုံးသားကလည်း သူမပင် မထိန်းနိုင်လောက်အောင် ခုန်ပေါက်နေလေသည်။ စူးချင်းက သူမ၏နှုတ်ခမ်းကို ဖွဖွလေးဖိကိုက်ထားရင်း ရှောင်းကျဲယွိအား မော့ကြည့်လိုက်သည်။ သူက အလွန်စိတ်လှုပ်ရှားနေပုံဖြင့် သူမ၏အဝတ်များကို ဆုပ်ကိုင်ထားသည်။ သို့သော် သူ စိတ်မရှည်ဖြစ်နေမှန်း သိသာနေပြီး ထိုအဝတ်များကို ဆွဲဖြဲချင်နေပုံရသည်။ သူ့ကိုယ်သူ သည်းခံထိန်းချုပ်ထားရသောကြောင့် ချွေးများ တသီတကြီး စီးကျနေကာ သူ့နဖူးပေါ်မှ ဆံပင်များတွင်ပင် ချွေးများရွှဲနစ်နေသည်။

စူးချင်း၏ကတ္တီပါရောင်မျက်လုံးများထဲတွင် သူ၏ချောမောသောအသွင်အပြင်၊ သေသပ်သောမေးရိုးများ၊ ထူထဲသောမျက်ခုံးများ၊ စွဲမက်ဖွယ်မျက်လုံးများနှင့် ပါးလွှာသောအနီရောင်နှုတ်ခမ်းများအားလုံး အရိပ်ထင်နေပြီး သူမ၏ပါးပြင်များက ပူပြီးရင်း ပိုပူလာတော့သည်။

ရှောင်းကျဲယွိက စူးချင်း၏ အဝတ်အစားများကို ဖြည်းဖြည်းချင်းသာ ဖယ်ရှားပေးနိုင်ခဲ့သည်။

ဒီပိတ်စနဲ့ ဒီ၀တ်စုံက ဘာလို့ ဒီလောက်ချွတ်ရခက်နေတာလဲ?

"ဒါက ဘယ်လိုအထည်စမျိုးလဲ?"

နောက်ဆုံးတွင် ရှောင်းကျဲယွိတစ်ယောက် မနေနိုင်တော့ဘဲ ဖွင့်မေးလိုက်တော့သည်။

“ပိုးထည်၊ ကျွန်မ ပိုးစာရွက်တွေ ပေါ်များတဲ့ဒေသတွေမှာ ပိုးကောင်တွေ မွေးမြူဖို့နဲ့ ပိုးထည်အလုပ်ရုံတွေ ထူထောင်ဖို့ စီစဥ်ထားတယ်၊ ဒေသခံအမျိုးသမီးတွေအနေနဲ့ ဒီလိုပိုးထည်အဝတ်အစားတွေ ရက်လုပ်ဖို့ သင်ယူနိုင်ခဲ့ရင် သူတို့အတွက် အလုပ်အကိုင်အခွင့်အရေး ပိုများလာမယ်၊ တဖက်မှာလည်း တခြားတိုင်းပြည်တွေကို တင်ပို့ပြီး သူတို့ရဲ့ မင်းညီမင်းသားတွေနဲ့ ဝန်ကြီးတွေဆီကို ရောင်းချနိုင်ရင် ကျွန်မတို့ တိုင်းပြည်အတွက် ပြည်ပဝင်ငွေ ရှာနိုင်လိမ့်မယ်”

စူးချင်းက ပိုးတစ်ကောင်ကို ထုတ်ယူပြီး ရှောင်းကျဲယွိကို ပြလိုက်သည်။ ရှောင်းကျဲယွိက ထိုအကောင်ကို မှတ်မိနေပြီးသားဖြစ်သည်။

ဒါက သူ့ညီမလေးကို လမ်းမှာ မွေးမြူခဲ့တဲ့ ပိုးကောင်မျိုးတွေ မဟုတ်လား? အဲ့တုန်းက ချင်းအာက ဒီပိုးကောင်ကို စားသုံးနိုင်သလို ပိုးမျှင်လည်း ထွက်ရှိနိုင်တယ်လို့ ပြောခဲ့တယ်။ ဒါဆို ဒီပိုးကောင်က ထွက်လာတဲ့ ပိုးချဉ်က ဒီလောက်တောင် လှတယ်ပေါ့။

“ချင်းအာ၊ မင်းက တကယ်ကို အကုန်နိုင်တဲ့ ရတနာအိုးလေးပဲ"

ရှောင်းကျဲယွိက စူးချင်း၏လက်ကို ဆွဲယူဆုပ်ကိုင်လိုက်ပြီး မက်မွန်ပွင့်ကဲ့သို့ တောက်ပနေသော သူမ၏မျက်နှာလေးကို စိုက်ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းလေးများက ချယ်ရီပန်းကဲ့သို့ နီရဲနေပြီး ရွှမ်းစိုနေသည့် သူမ၏မျက်ဝန်းအစုံက သူ့အကြည့်ကြောင့် တဖြည်းဖြည်း မျက်လွှာချသွားတော့သည်။

All Chapters