← Chapters

ထွက်ပေါက်မရှိအောင် ပိတ်ဆို့ခြင်း

Vol. 39 Ch. 584

ထွက်ပေါက်မရှိအောင် ပိတ်ဆို့ခြင်း

Vol. 39 Ch. 584

"မင်း ဘာလို့ ဒီလောက်ကြာနေတာလဲ?"

ကျန်းယဲ့ ပြန်လာကြောင်း သိလိုက်ရချိန်တွင် စူးချင်းက မတ်မတ်ပြန်ထိုင်ရင်း အေးစက်စွာ မေးမြန်းလိုက်သည်။

"ရန်သူကို သတိပေးမိသလို ဖြစ်မှာ ကြောက်လို့ ကုန်သည်အဖွဲ့ရဲ့အနီးတစ်ဝိုက်က အိမ်တွေအားလုံးကိုပါ ရှာဖွေခဲ့လို့ပါ"

ကျန်းယဲ့ကလည်း သူ့လက်သီးပေါ်လက်ဝါအုပ်ကာ တရိုတသေ ဦးညွှတ်ပြီးမှ အစီရင်ခံလိုက်သည်။

သူ အရမ်း သတိထားပြီး အလုပ်လုပ်ခဲ့တာပါ။ သူ ဇာတ်ကွက်တစ်ခု ဖန်တီးပြီဆိုမှတော့ သေသေချာချာ ယုံကြည်အောင် ဖန်တီးရမှာပေါ့။ အဲ့လိုမှမဟုတ်ဘဲ သူတို့ ကုန်သည်အဖွဲ့ကိုပဲ ရှာဖွေခဲ့ရင် သူတို့ ထွက်လာတာနဲ့ ကုန်သည်အဖွဲ့ရဲ့ လက်အောင်ငယ်သားတွေက အပြင်ထွက်ပြီး မေးမြန်းတာမျိုး ဖြစ်နိုင်တယ်‌လေ။ ပတ်ဝန်းကျင်က လူတွေက ကုန်သွယ်ကုမ္ပဏီကို လိုက်ရှာရင် သူတို့ သတိပေးလိမ့်မယ်။

"မင်း အလုပ်ကို ကောင်းကောင်း လုပ်ခဲ့တာပဲ"

စူးချင်းက ကျန်းယဲ့ကို ပို၍ သဘောကျလာခဲ့သည်။

သူက ရဲရင့်တယ်၊ ဉာဏ်ရည်ထက်မြက်ပြီး အရမ်းလိမ္မာပါးနပ်တယ်။

“ဟုတ်ပြီ၊ စုံစမ်းစစ်ဆေးမှုရဲ့ရလဒ်က ဘာလဲ?”

“အဲ့နေရာက ကုန်သွယ်အဖွဲ့မှာ မင်းသမီးလန်ထင်နဲ့ သူတို့ရဲ့သံတမန် မရှိပါဘူး။ စာရင်းသွင်းထားတဲ့ ကုန်သည်တွေပဲ ရှိပါတယ်”

ကျန်းယဲ့၏စကားက စူးချင်းကို အံ့အားသင့်သွားစေခဲ့သည်။

သူတို့ မရှိနေဘူးလား?

"နားနေတည်းခိုဆောင်ကိုရော သွားရှာပြီးပြီလား?"

တကယ်လို့ သူတို့ ကုန်သည်အဖွဲ့မှာ မရှိရင် တရားဝင်နားနေတည်းခိုဆောင်မှာ တည်းခိုနေတာ ဖြစ်နိုင်လား?

“ဒီလက်အောက်ငယ်သားက ကုန်သည်အဖွဲ့ တည်ရှိတဲ့ လမ်းပေါ်က တည်ခိုခန်းတွေကို စစ်ဆေးခဲ့ပြီး တရားဝင် နားနေတည်းခိုဆောင်ကိုလည်း စစ်ဆေးခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ခဲ့ရပါဘူး”

ကျန်းယဲ့က ခေါင်းယမ်းလိုက်သည်။ စူးချင်းက မျက်မှောင်ကြုတ်ရင်း တွေးတောနေပြန်သည်။

ဒါဆို သူမတို့ဖမ်းမိထားတဲ့ အနက်ရောင်ဝတ်လူက လိမ်နေတာ ဖြစ်နိုင်လား?

“ကောင်းပြီ၊ ဒါဆို ဝူးခို့သံတမန်ရဲ့ရထားလုံး မြို့ထဲ ဝင်လာသေးလားဆိုတာ ကူစုံစမ်းပေးပါဦး”

စူးချင်းက ကျန်းယဲ့ကို ထပ်စုံစမ်းရန် အမိန့်ပေးလိုက်သည်။

သူတို့သာ မြို့ထဲကို မဝင်ခဲ့ရင် ဟိုင်ချန်ကို တိုက်ရိုက်သွားတာပဲ ဖြစ်ရမယ်။

“ဟုတ်ကဲ့”

ကျန်းယဲ့ကလည်း အမိန့်ကို မငြင်းဆန်ဘဲ တာဝန်ထမ်းဆောင်ရန် ပြန်လှည့်ထွက်သွားသည်။

ယခုတစ်ကြိမ်တွင်တော့ ကျန်းယဲ့ ပြန်မလာခင် ကျန်းယွိရန်ပင် အိပ်ပျော်သွားသည်အထိ အချိန်တော်တော်ကြာ စောင့်လိုက်ရပြီး နောက်ထပ်ရှီးချန်တစ်ဝက်လောက် အကြာမှ သူ ပြန်ရောက်လာခဲ့သည်။

"လူကြီးမင်းကို သတင်းပို့စရာရှိ...."

“ပြော”

စူးချင်း၏ မျက်လုံးများကတော့ တောက်ပနေဆဲဖြစ်ပြီး သူမ အိပ်ငိုက်နေသည့် လက္ခဏာမရှိပေ။ ကျန်းယဲ့၏အသံကို ကြားလိုက်သည်နှင့် သူမက သူ့ကို အပိုစကားများ မ‌ပြောရန် တားဆီးလိုက်ပြီး လိုရင်းကိုသာ ပြောခိုင်းလိုက်သည်။

"မနေ့က မင်းသမီးလန်းတင်နဲ့ သံတမန်တို့ အနားယူဖို့ မြို့ထဲကို ဝင်လာခဲ့ကြပါတယ်၊ ဒါပေမယ့် မနေ့က မွန်းလွဲပိုင်းမှာ ပြန်ထွက်သွားခဲ့ကြပါတယ်"

ကျန်းယဲ့က သူ စုဆောင်းရရှိလာသည့်သတင်းကို စူးချင်းအား ပြန်ပြောပြလိုက်သည်။ စူးချင်းက ခဏလောက်စဉ်းစားနေပြီး ထပ်အမိန့်ပေးလိုက်သည်။

“အခုကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့။ ပြီးတော့ မြို့​တံခါးကို အခု ပြန်​ဖွင့်ပေး။ ငါ​တို့ အခု ​ပြန်ထွက်​သွား​မယ်”

“ဟုတ်ကဲ့”

ကျန်းယဲ့က လက်သီးအုပ်ကာ အမိန့်ကို နာခံကြောင်း အမူအရာ ပြသလိုက်ပြီး ယခုအခိုက်အတန့်တွင် သူ့နှလုံးသားထဲ၌ ရင်ခုန်စိတ်လှုပ်ရှားနေသည့် ခံစားချက်တစ်ခု ရှိနေခဲ့သည်။

ဒီတော့ ဒါက ဝူးခို့တွေကို စုံစမ်းဖို့ ရောက်လာတဲ့ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးပေါ့။ သူ့အနေနဲ့ ပြောရရင် မြင့်မြတ်တဲ့အရာရှိကြီးကို ကူညီပေးနိုင်ခဲ့တာက ဂုဏ်ယူစရာကြီးတစ်ခုဖြစ်နေပြီလေ။

"ခဏလောက် အနားယူသင့်တယ် မဟုတ်ဘူးလား?"

ကျန်းယွိရန်က စူးချင်းအတွက် စိတ်ပူပြီး တိုးတိုးလေး မေးမြန်းလိုက်သည်။

“မနားတော့ဘူး”

လန်ထင်က မနေ့က မွန်းလွဲပိုင်းကတည်းက ထွက်ခွာသွားခဲ့ပြီး အခု ညသန်းခေါင်ကျော်လာလို့ နောက်တစ်နေ့တောင် မိုးသောက်တော့မယ်။ အဲ‌တော့ သူမတို့ ထွက်သွားတာ နာရီပေါင်းများစွာ ရှိနေပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား? လန်ထင်တို့က ဘာအကြောင်းကြောင့် ညတောင် မအိပ်ဘဲ အလျင်စလိုနဲ့ ပြန်ပြေးထွက်သွားရတာလဲ?

သူတို့နဲ့အတူ ခေါ်လာခဲ့ သင်္ဘောဆောက်နိုင်တဲ့ အရည်အချင်းရှိသူကြောင့် ဖြစ်နိုင်မလား? လန်ထင်က အဲ့လူကို လူတွေ ရှာတွေ့သွားပြီး ခေါ်မသွားနိုင်တော့မှာကို စိုးရိမ်လို့ ကျင်းချန်မှာ ခဏပဲ အနားယူပြီး ပြန်ထွက်သွားတာ ဖြစ်နိုင်တယ်။

တနည်းအားဖြင့် ပြောရရင် အနက်ရောင်ဝတ်လူရဲ့စကားတွေ အမှန်ဖြစ်နေတာကို သွယ်ဝိုက်တဲ့နည်းနဲ့ သက်သေပြနေတာပဲ။

ထိုအတွေးများကြောင့် စူးချင်းက သူမတို့ နောက်ကျသွားပြီး ထိုလူများ လွတ်သွားမည်ကို စိုးရိမ်ကာ လုံးဝ မနားဘဲ ဆက်လိုက်ရန် ဆုံးဖြတ်လိုက်သည်။

ရထားလုံးက ကျင်းချန်မှ ပြန်ထွက်ခွာသွားခဲ့ပြီး ကျန်းယဲ့က ထိုရထားလုံးကို လိုက်ကြည့်နေကာ သူ့မျက်လုံးများထဲတွင် အားမလို အားမရဖြစ်မှုနှင့် စိတ်ပျက်မှုများ ပြည့်နှက်နေခဲ့သည်။

ရထားလုံးပေါ်မှ ပုဂ္ဂိုလ်ကို သူ မမြင်လိုက်ရသလို စကားလည်း များများစားစား မပြောလိုက်ရပေ။ သို့သော် ရထားလုံးပေါ်မှ ထိုပုဂ္ဂိုလ်ကြီးက နန်းတွင်းမှ အဆင့်မြင့်အရာရှိကြီး ဖြစ်နိုင်သည်ဟု သူ အခိုင်အမာ ခန့်မှန်းနိုင်ခဲ့သည်။

သက်တော်စောင့်ရှောင်တင်းကတော့ တစ်လမ်းလုံး ရင်တမမဖြင့် ရထားလုံးမောင်းနေရှာသည်။ လမ်းက ကြမ်းတမ်းလွန်းသော်လည်း ဧကရီက သူ့ကို မြန်မြန်မောင်းရန် အမိန့်ပေးခဲ့သည်။

ဧကရီသာ တစ်ခုခု ဖြစ်သွားလို့ကတော့ သူ့မှာ ဦးခေါင်း အနည်းငယ် အပိုရှိနေရင်တောင် ဧကရာဇ်အတွက် သူ့ခေါင်းကို ခုတ်ဖြတ်ဖို့ လုံလောက်မှာ မဟုတ်ဘူး။

အမှန်တကယ်တွင် စူးချင်းက သန္ဓေသားကို ကာကွယ်ပေးနိုင်မည့် ဆေးပြားများ ပြင်ဆင်ပေးရန် ရှောင်ချီကို တောင်းဆိုထားပြီးသား ဖြစ်သည်။ သူမက ကလေးများ ဘေးကင်းစေရန် ကြိုတင်ကာကွယ်ပြီးမှသာ ရှောင်တင်းကို အမြန်မောင်းခိုင်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူမက ထူထဲသော ချည်ထိုင်ဖုံပေါ်တွင် ထိုင်နေခဲ့ပြီး အဖုအထစ်များ ရှိလျှင်ပင် သူမအား ထိခိုက်စေနိုင်မည် မဟုတ်ပေ။ သို့သော် ကျုံးယုံနှင့် ကျန်းယွိရန်တို့ကလည်း စူးချင်းအတွက် စိုးရိမ်နေပြီး ကျုံးယုံကတော့ ရထားလုံး၏ကြမ်ပြင်ပေါ်တွင်ပင် ဆင်းထိုင်နေခဲ့သည်။ သူ့၏ဆရာက ထိုင်ခုံပေါ်မှ ပြုတ်ကျလာလျှင် သူက သူ့ဆရာကို ကာကွယ်ပေးပြီး သူ့ခန္ဓာကိုယ်ကို လူသားထိုင်ဖုံအဖြစ် အသုံးပြုရန် အဆင်သင့် စောင့်ဆိုင်းနေသည်။

ကျန်းယွိရန်ကလည်း စူးချင်း၏လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး နောက်လက်တစ်ဖက်က စူးချင်း၏ဗိုက်ကို အချိန်ပြည့် ကာကွယ်ပေးထားသည်။

စူးချင်းက သူတို့၏ စိုးရွံ့နေသော အမူအရာကို ကြည့်ကာ အပြုံးဖြင့် ပြန်နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပူကြပါနဲ့ ငါ အဆင်ပြေပါတယ်"

“သခင်၊ ဒါက အရမ်းအန္တရာယ်များလွန်းတယ်”

စနစ်ထဲမှ ရှောင်ချီကလည်း စိုးရိမ်တကြီး ပြောလာပြီး ထိုင်ခုံခါးပတ် လုပ်ရန် ပြင်ဆင်နေသည်။ သူမက သခင်ဖြစ်သူ ဘေးကင်းရေးအတွက် အမဲသားအရွတ်ဖြင့် ထိုင်ခုံခါးပတ်လုပ်ကာ စူးချင်းကို အသုံးပြုစေခဲ့သည်။

ရထားလုံးပေါ်မှ သက်ရှိအားလုံးက စူးချင်းအတွက် စိတ်ပူနေကြချိန်တွင် ကျန်းကျင့်လင်းကလည်း ရှောင်းမိသားစုစစ်တပ်မှ တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ညအမှောင်အောက်မှ လမ်းပေါ်တွင် အပြေးအလွှား ချီတက်နေသည်။ လက်ရှိဟိုင်ချန်၌ တာဝန်ထမ်းဆောင်နေသည့် စစ်တပ်တွင် ရှောင်းမိသားစုစစ်တပ်မှ စစ်သည်ဟောင်းများ မရှိပေ။ ထိုကြောင့် ဟိုင်ချန်၏စစ်သည်များကြားတွင် သူလျှိုများ ရှိနိုင်ပြီး ထိုလူများက လန်တင်ကို တိတ်တဆိတ် လွှတ်ပေးလိုက်နိုင်သည်။ ရှောင်းကျဲယွိက ထိုဖြစ်နိုင်ချေကို ကြိုတွေးကာ ကျန်းကျင့်လင်းကို တပ်ဖွဲ့တစ်ဖွဲ့ ဦးဆောင်စေပြီး စူးချင်းနောက်သို့ လိုက်သွားရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ကျန်းကျင့်လင်းကို စေလွှတ်လိုက်သော်လည်း ရှောင်းကျဲယွိက စိုးရိမ်နေဆဲဖြစ်ပြီး တိုင်းရေးပြည်ရေးကိစ္စများသာ မရှိလျင် သူကိုယ်တိုင် စူးချင်းနောက်သို့ ပြေးလိုက်သွားပေလိမ့်မည်။

ယခုတွင်မူ ရှောင်းကျဲယွိတစ်ယောက် လုံးဝ အိပ်မပျော်နိုင်ဘဲ စူးချင်းနှင့် သူမ၏ဗိုက်ထဲမှ ကလေးများအတွက် စိုးရိမ်သောကရောက်နေကာ သူ့အိပ်ခန်းထဲ၌ ခေါက်တုန့်ခေါက်ပြန် လမ်းလျောက်နေခဲ့သည်။

စူးချင်းတို့အဖွဲ့ကလည်း တစ်ရက်ကြာပြီးမှ ပင်လယ်မြို့ဖြစ်သည့် ဟိုင်ချန်သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုနေရာက ပင်လယ်ကမ်းစပ်ရှိ မြို့တစ်မြို့ဖြစ်ပြီး သိပ်ကြီးကြီးမားမား မဟုတ်သလို ကြွယ်ဝမှုလည်း သိပ်မရှိပေ။ လမ်းမကြီးပေါ်တွင် စီးပွားရေးလုပ်ငန်း တစ်ဒါဇင်ကျော်၊ စားသောက်ဆိုင်တစ်ဆိုင်နှင့် နားနေတည်းခိုဆောင်တစ်ခုသာ ရှိနေသည်။ ပင်လယ်မှ ထွက်ကုန်များ ရောင်းရန် ရောက်လာကြသည့် တံငါသည်များက လမ်းဘေးနှစ်ဘက်တွင် ငါး၊ပုဇွန်များ ဖြန့်ခင်းကာ ရောင်းချနေကြပြီး တချက်လှမ်းကြည့်ရုံဖြင့် မြို့၏အရှေ့ဘက်မှ အနောက်အထိ မြင်နိုင်သည်။

အနီးပတ်ဝန်းကျင်တွင် ရွှံ့ဖြင့် ဆောက်ထားသည့် အိမ်နိမ့်လေးများ ပြည့်နေပြီး တံငါသည်များ နေထိုင်ကြပုံပေါ်သည်။ ဟိုင်ချန်တွင် လူဦးရေ ထောင်ဂဏန်းမျှသာ ရှိပြီး မြေယာမရှိဘဲ ပင်လယ်ကို မှီခိုကာ အားကိုးအားထားပြု ရှာဖွေစားသောက်ကြရသည်။

စူးချင်းတို့၏ရထားလုံးက ဟိုင်ချန်သို့ ရောက်ရှိလာပြီး မြို့စောင့်တပ်သားများက သူတို့ကို စစ်ဆေးကာ စာရွက်စာတမ်းများ ထုတ်ပြခိုင်းခဲ့သည်။ စူးချင်းတို့လည်း စာရွက်စာတမ်းများ ထုတ်ပေးခဲ့ပြီး ၎င်းပေါ်တွင် သူမတို့က အထည်ကုန်သည်များဖြစ်ကြောင်း ဖော်ပြထားသည်။

မြို့စောင့်တပ်သားက ထိုစာရွက်ကို တစ်ချက်သာကြည့်လိုက်ပြီး စာရွက်စာတမ်းက အတုဖြစ်နေကြောင်း ချက်ချင်း ပြောလာခဲ့သည်။ ထိုအရာက ရှောင်တင်းကို လုံးဝ အံ့သြသွားစေခဲ့သည်။

တကယ်လည်း ဒီစာရွက်စာတမ်းတွေက အတုတွေလေ၊ လမ်းပေါ်ရောက်မှ ဧကရီ လုပ်လာခဲ့တဲ့ စာရွက်စာတမ်းအတုတွေ။ ဒါပေမယ့် ဒီမြို့စောင့်တပ်သားက တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်တယ်လား?

ရှောင်းတင်း ဘာလုပ်ရမှန် မသိဖြစ်နေချိန်မှာပင် မြို့စောင့်တပ်သားက သူ့ကို ငွေပေးရန် အမူအရာ လုပ်ပြလာခဲ့သည်။

"ငါတို့ အခုထိ ထမင်းတောင် မစားရသေးဘူး"

ထိုအချိန်မှ သက်တော်စောင့်ရှောင်တင်းလည်း သဘောပေါက်သွားရသည်။

ဪ ဒါက ငွေညှစ်ဖို့ ကြိုးစားနေတာလား?

သူက ငွေတစ်တုံးကို ချက်ချင်း ထုတ်ယူလိုက်ပြီး အပြုံးဖြင့် ကျေကျေနပ်နပ် လှမ်းပေးလိုက်သည်။

“ဒါက အရာရှိကြီးတွေအတွက် လက်ဆောင်သေးသေးလေးပါ”

“အရမ်းနည်းလွန်းတယ်”

ထိုမြိုစောင့်တပ်သားက ငွေတုံးကို ယူကာ အလေးချိန်ကို ချန်ဆကြည့်နေပြီး နည်းလွန်းသည်ဟု ပြောလာပြန်သည်။

ချမ်းသာတဲ့သူနဲ့တွေ့ဖို့ဆိုတာ မလွယ်ဘူးလေ၊ အဲ့တော့ တတ်နိုင်သမျှ ညှစ်ထုတ်ယူရမယ်။

(t/n: ‌ဒီမှာ ပိုက်ဆံနဲ့ ပတ်သက်ပြီး နည်းနည်းပြောချင်လိုပါ၊ သူတို့ ရှေ့ခတ်မှာ အကြမ်းဖျင်းအားဖြင့် ကြေး၊ ငွေ၊ ‌ရွှေ သုံးမျိုးသုံကြတာပါ၊ ကြေးကတော့ ကြေးပြားပေါ့၊ ငွေနဲ့ ‌ရွှေကိုတော့ လျန်(အလေးချိန်)နဲ့ စံထားသုံးတာပါ၊ ငွေတုံး၊‌ ‌ရွှေတုံးဆိုရင်တော့ အတုံးအကြီးအသေးပေါ်မူတည်ပြီး အလေးချိန်ကွာတယ်ပေါ့၊ အဲ့တော့ ငွေတုံးတစ်တုံးက တစ်လျန်တန်တာ ဖြစ်နိုင်သလို၊ နှစ်လျန်၊ သုံးလျန် စသည်ဖြင့်လည်း ဖြစ်နိုင်ပါတယ်၊ အဲ့တာကြောင့် ဒီနေရာမှ မြို့စောင့်တပ်သားက တန်ဖိုးကို ခန့်မှန်ကို ငွေတုံးကို လက်နဲ့ ချိန်ဆကြည့်တာမျိုးပါ)

"အရာရှိကြီး၊ ကျွန်တော်မျိုးတို့က ကုန်သည်သေးသေးလေးတွေပါ၊ အင်း... ထားပါတော့၊ ကျွန်တော်တို့မှာ ရှိတာ ဒါအကုန်ပါပဲ"

သက်တော်စောင့်ရှောင်တင်းကလည်း ပူပန်သောကရောက်သည့်အမူအရာဖြင့် နောက်ထပ်ငွေတတုံးကို တွန့်ဆုတ်တွန့်ဆုတ် ထုတ်ပေးကာ နောက်ထပ် ပေးစရာ မရှိတော့ကြောင်း သူ့အိတ်ကိုပင် ခါပြနေသေးသည်။

မြို့စောင့်တပ်သားများက သူ့ထံမှ ငွေထပ်မရနိုင်တော့မှန်း နားလည်သွားပြီး ရသည့်ငွေကိုသာ လက်ခံကာ ရှောင်တင်းကို မြို့တွင်းသို့ ဝင်ခွင့်ပြုကြောင်း လက်ဝှေ့ယမ်းပြလိုက်ကြသည်။

ပင်လယ်နှင့်နီးသောမြို့များတွင် အပြင်ဘက်တံတိုင်းများ ရှိသော်လည်း ထိုတံတိုင်းများအားလုံးကိုလည်း မြေသားများဖြင့် တည်ဆောက်ထားသောကြောင့် ပင်လယ်ဓားပြ၏ရန်ကို မတားဆီးနိုင်ပေ။

ဤနေရာရှိ တံငါသည်များက တစ်လလျှင် အကြိမ်ပေါင်းများစွာ လုယက်ခံနေကြရသည်။ ရုံးတော်ကို အားကိုးလျှင်လည်း ထိရောက်မှု မရှိသောကြောင့် သူတို့ဘာသာ ကင်းအဖွဲ့များ ဖွဲ့ထားရပြီး ကင်းလှည့်စောင့်ကြည့်နေရသည်။ ပင်လယ်ဓားပြလှေများ ချဥ်းကပ်လာသည်ကို မြင်လျှင် မောင်းထု အချက်ပေးရပြီး တံငါသည်များအားလုံးက ပင်လယ်ဓားပြများကို တိုက်ထုတ်ရန် ပြေးထွက်ကြရသည်။ သူတို့ဘဝများက ခက်ခဲ ကြမ်းတမ်းလွန်းလှသည်။

စူးချင်းတို့က ရထားလုံးဖြင့် မြို့ထဲသို့ ဝင်လာခဲ့ပြီး တည်းခိုဆောင်သို့ တိုက်ရိုက်မောင်းလာခဲ့ကြသည်။ ဟိုင်ချန်တွင် ပုဂ္ဂလိကတည်းခိုဆောင်တစ်ခုသာ ရှိပြီး အခြားနေရာများက တာဝန်ရှိသူများ သို့မဟုတ် သံတမန်များ ရောက်လာပါက တည်းခိုနိုင်မည့် တရားဝင်(အစိုးရက ဖွင့်လှစ်ထားသော)တည်းခိုဆောင်များ ဖြစ်သည်။

စူးချင်းတို့အဖွဲ့က အထောက်အထားအတုများကို အသုံးပြုနေသောကြောင့် ပုဂ္ဂလိကတည်းခိုဆောင်သို့သာ သွားရောက်ခဲ့ကြသည်။

ထိုပုဂ္ဂလိကတည်းခိုဆောင်၏အခြေအနေများက စိတ်ပျက်ဖွယ်ကောင်းလွန်းလှပြီး စားပွဲနှင့် ကုလားထိုင်များပေါ်မှ သုတ်ဆေးများကလည်း ခြစ်ရာများ ရှိနေကာ အချို့မှာ ခုံများက ခြေထောက်ပင် ပျောက်ဆုံးနေသေးသည်။ ထိုပုဂ္ဂလိကတည်းခိုဆောင်တွင် ပိုင်ရှင်နှင့် အကူဝန်ထမ်းတစ်ဦးသာ ရှိနေပြီး ဧည့်သည်ကို တွေ့လိုက်ရချိန်တွင် အကူဝန်ထမ်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့သည်။ ထို့နောက် သူက မြင်းကို ကြိုးချည်ရန် အနောက်ဘက်သို့ ‌ခေါ်ဆောင်သွားသည်။ ဆိုင်ရှင်က စူးချင်းကို လှမ်းမေးလိုက်သည်။

“ဧည့်သည်တော်ကြီးတို့၊ ခင်ဗျားတို့အဖွဲ့မှာ လူဘယ်နှစ်ယောက်ရှိလဲ?"

"လေးယောက်၊ အခန်းနှစ်ခန်း လိုချင်တယ်"

စူးချင်း နှင့် ကျန်းယွိရန်တို့က ယောက်ျားလေးအဝတ်အစားများ ပြောင်းလဲဝတ်ဆင်ထားကာ ယောက်ျားသံဖြင့်သာ စကားပြောနေကြသည်။ ဤကဲ့သို့ သေးငယ်သော တည်းခိုဆောင်တွင် အခန်းအများကြီး ရှိရန် မဖြစ်နိုင်သောကြောင့် စူးချင်းက အခန်းနှစ်ဦးသာ တောင်းဆိုလိုက်သည်။ သူမနှင့် ကျန်းယွိရန်တို့က တစ်ခန်းတည်းနေမည် ဖြစ်ပြီး ကျန်တစ်ခန်းက ကျုံးယုံနှင့် ရှောင်တင်းအတွက်ဖြစ်သည်။

ဆိုင်ရှင်က စူးချင်းကို တောင်းပန်စကားဆိုလာပြန်သည်။

"တောင်းပန်ပါတယ်၊ ဧည့်သည်တော်ကြီး၊ ငါတို့မှာ အဆင့်မြင့်အခန်းတွေ မကျန်တော့ဘူး။ အားလုံးက စာရင်းသွင်းထားပြီးပြီ။ သာမာန်အခန်းဆိုရင် အဆင်ပြေနိုင်မလား"

ပုံမှန်အားဖြင့် အပေါ်ထပ်အခန်းများတွင် တည်းခိုမည်သူ မရှိပေ။ သို့သေည် ယခု တည်းခိုချင်သူများ ရှိနေပြီး အခန်းအကျန်တော့သောကြောင့် သူလည်း ဝင်ငွေကို မဖြစ်မနေ လက်လွတ်လိုက်ရသည်။

စူးချင်း၏ မျက်လုံးများကတော့ ချက်ချင်း တောက်ပသွားသည်။

စာရင်းသွင်းထားပြီးသား ဖြစ်နေတာလား? ဒါဆို လန်ထင်နဲ့ ဝူးခို့သံတမန်လည်း ဒီနေရာမှာ ရှိနေတာ ဖြစ်နိုင်လား?

All Chapters