← Chapters

လျှို့ဝှက်စုံစမ်းခြင်း

Vol. 39 Ch. 585

လျှို့ဝှက်စုံစမ်းခြင်း

Vol. 39 Ch. 585

အဆင့်မြင့်အခန်း မရနိုင်သောကြောင့် စူချင်းက သီးသန့်အခန်းကိုသာ ယူရန် ဆုံးဖြတ်လိုက်သည်။

"ဒါဆို သီးသန့်အခန်းနှစ်ခန်း လိုချင်တယ်ရမလား?"

“တောင်းပန်ပါတယ်၊ သီးသန့်အခန်းလည်း မရှိတော့ပါဘူး။ စုပေါင်းအိပ်ယာပါတဲ့ သာမန်အခန်းတစ်ခန်းပဲ ကျန်ပါတော့တယ်"

ဆိုင်ရှင်က ခေါင်းခါ လိုက်ပြန်သည်။

ဒီနေ့လုပ်ငန်းက အရမ်းကောင်းနေတာလေ။

သိပ်မကြာခင်က ကုန်သည်အဖွဲ့တစ်ဖွဲ့ရောက်လာပြီး အဆင့်မြင့်ခန်းနှစ်ခန်းနဲ့ အခြားသီးသန့်ခန်းနှစ်ခန်း စာရင်းသွင်းသွားခဲ့တယ်။ သူတို့အပြင် တခြားတစ်ယောက်စီ ရောက်လာကြတဲ့ ဧည့်သည်တွေလည်း ရှိနေတော့ အခု လူပြည့်နေပြီ။

"ကောင်းပြီလေ၊ ဒါဆို ရတာပဲပေး"

စူးချင်းကလည်း ဇီဇာကြောင်သူ မဟုတ်ပေ။

နေစရာအခန်းရှိသရွေ့ ပြသနာမရှိဘူး။

သက်တော်စောင့်ရှောင်တင်းနှင့် ကျုံးယုံတို့ကတော့ မသင့်တော်သလို ခံစားနေရသည်။

သူတို့က ကျေးကျွန်တွေလေ၊ ဘယ်လိုလုပ်ပြီး ဧကရီနဲ့ တစ်ခန်းတည်း နေခွင့်ရှိမှာတုန်း?

သူတို့ တစ်ခုခု ဝင်ပြောရန် ပြင်လိုက်သော်လည်း စူးချင်း၏ အကြည့်များက သူတို့ကို တွန့်ဆုတ်သွားစေသည်။ သူတို့ အောက်ထပ်၌ အခန်းယူနေစဥ်တွင် အပေါ်ထပ်မှ မျက်လုံးတစ်စုံက သူတို့ကို စိုက်ကြည့်နေသည်။

စူးချင်းက အပေါ်ထပ်သို့ ပေါ့ပေါ့ပါးပါး မော့ကြည့်လိုက်ရာ ထိုမျက်လုံးတစ်စုံက ချက်ချင်း ပြန်ပျောက်ကွယ်သွားသည်။ စူးချင်းကလည်း သူမ၏အကြည့်ကို အေးအေးဆေးဆေး ပြန်ရုတ်သိမ်းလိုက်သည်။ အပေါ်ထပ်အဆင့်မြင့်အခန်းတွင် တည်းခိုနေသူက လန်ထင်ဖြစ်နိုင်ကြောင်း စူးချင်းဘက်မှ အသေအချာ သိသွားခဲ့ပြီဖြစ်သည်။

သူတို့ဒီမှာ ရှိနေသရွေ့ အဆင်ပြေသေးတယ်။

စူးချင်းက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

တည်းခိုဆောင်အစေခံက သူတို့ကို လမ်းပြပေးပြီး အခန်းဆီသို့ ဦးဆောင်ခေါ်သွားပေးခဲ့သည်။ အခန်းက ကျယ်သော်လည်း နောက်ဆုံးအကျန်ဖြစ်သည့်အတွက် အဆိုးဆုံးအခန်းဖြစ်နေလေသည်။ အဆင့်မြင့်အခန်းများက ဒုတိယထပ်တွင် ရှိပြီး ထိုနေရာက အောက်ထပ်ဖြစ်သည်။ မှောင်မဲပြီး စိုစွတ်နေသော ပတ်ဝန်းကျင်ကြောင့် အခန်းထဲသို့ ဝင်လိုက်သည်နှင့် မှိုနံ့များကိုပင် ရလိုက်ကြသည်။

စူးချင်းကတော့ မျက်နှာအမူအရာလုံးဝ မပြောင်းလဲဘဲ ထိုအခန်းထဲသို့ တည်တည်ငြိမ်ငြိမ် ၀င်သွားခဲ့သည်။ ကျန်းယွိရန်က စူးချင်း၏ကျောပြင်လေးကို စိုက်ကြည့်နေပြီး စူးချင်းအတွက် ရင်နာပေးနေခဲ့သည်။

ဧကရီမယ်မယ်က ခြောက်လလောက်ရှိတဲ့ ကိုယ်ဝန်ကြီးနဲ့ ဟိုဟိုဒီဒီ လျှောက်ပြေးနေရတယ်။ ဧကရာဇ်မင်းမြတ် သိသွားရင် ဘယ်လောက်တောင် စိတ်မကောင်းဖြစ်နေမလဲ?

"ဒီအနံ့က... အရမ်ဆိုးလွန်းတယ်"

ကျုံးယုံက အခန်းထဲသို့ ဝင်လာပြီး ပြတင်းပေါက် လိုက်ရှာနေခဲ့သည်။ သို့သော် ပြတင်းပေါက် မရှိဘဲ လူဆယ်ဦးထက် ပိုအိပ်နိုင်သော ခုတင်ကြီးတစ်လုံးကိုသာ သူ မြင်လိုက်ရသည်။ ထိုခုတင်ပေါ်တွင် ကောက်ရိုးဖျာကို အိပ်ယာအဖြစ် ခင်းပေးထားသည်။ အခန်းအတွင်းမှ စိုစွတ်မှုကြောင့် ထိုကောက်ရိုးဖျာများမှ မနှစ်မြို့ဖွယ်အနံ့ဆိုးများ ထုတ်လွှတ်နေသည်။ ထိုအနံက မြို့တော်ရှိ တော်ဝင်အကျဉ်းထောင်ထဲမှ အနံ့နှင့်ပင် နှိုင်းယှဉ်နိုင်သည်။

ကျုံးယုံက အစေခံလေး၏ဂုတ်ပိုးကို လှမ်းဆွဲကာ ဆူပူကြိမ်းမောင်းလိုက်သည်။

"ငါတို့က ဒီမှာ ဘယ်လိုနေမှာတုန်းကွ”

"ဘာလို့ မနေနိုင်ရမှာလဲ? ဘေးခန်းက အိပ်စင်တွေတောင် လူပြည့်နေပြီ”

အစေခံလေးကလည်း မကျေမနပ် ဖြစ်သွားပြီး ကျုံးယုံကို ပြန်ငြင်းခုံနေသည်။

ဒီနေ့ သူတို့တည်းခိုဆောင်မှာ ဧည့်သည်များလွန်းလို့ နေရာတောင် မကျန်တော့ဘူး။ နေချင်နေ မနေချင်ဘူးဆိုရင်လည်း ထွက်သွားကြပေါ့။

"ထားလိုက်ပါ၊ ငါတို့အတွက် ရေပူနည်းနည်းတော့ ပြင်ဆင်ပေး”

စူးချင်းက ကျုံးယုံကို ဟန့်တားလိုက်သည်။

သူမမှာ အရေးကြီးတာတွေ လုပ်စရာတွေ ရှိနေတယ်လေ၊ နောက်ထပ် ပြသနာတွေ ထပ်မဖန်တီးချင်တော့ဘူး။

“ရေပူ မရနိုင်ဘူး။ ဒါက ကျွန်တော်တို့လို လုပ်ငန်းသေးသေးလေးတွေအတွက် ပုံမှန်ဝန်ဆောင်မှုပဲ”

တည်းခိုဆောင်အစေခံက ထိုလူများ ရူးနေသည်ဟုသာ တွေးနေတော့သည်။

သူတို့က စုပေါင်းအခန်းကျယ်ကြီးမှာ နေမှာ မဟုတ်ဘူးလား? ဘယ်တည်းခိုဆောင်က ဒီလိုအခန်းမျိုးအတွက် ရေပူ ပြင်ဆင်ပေးတယ်လို့ ကြားဖူးကြလို့လဲ?

“ငါတို့ အဲ့အတွက် ငွေထပ်ပေးမှာပါ"

စူးချင်းက ရေချိုးချင်နေပြီး အချိန်လည်း မဖြုန်းချင်သောကြောင့် ငွေတံလျန်ထုတ်ကာ အစေခံလေးကို ပေးလိုက်သည်။

“အင်း၊ ရတယ် ရတယ်၊ ကျွန်တော် ဧည့်သည်တော်ကြီးတို့အတွက် အခုချက်ချင်း ရေပူ ယူလာပေးမယ်"

ငွေက နေရာတိုင်းကို အလွယ်တကူ ချောမွေ့စေပြီး ပိုက်ဆံကို မြင်လိုက်သည်နှင့် အစေခံ‌လေး၏အမူအရာက ချက်ချင်းပြောင်းသွားသည်။ သူက အထူးတလည် ပိုယဥ်ကျေးလာပြီး တောင်းဆိုမှုကို အလွယ်တကူ လက်ခံလိုက်သည်။

စူးချင်းက သူ့ကို ပေါ့ပေါ့ပါးပါး ထပ်တောင်းဆိုလိုက်သည်။

"အပေါ်ထပ်က လူတွေက ဘယ်တော့ ပြန်ထွက်သွားကြမှာလဲ? သူတို့ထွက်သွားပြီးရင် ငါတို့ အဲ့အခန်းကို ပြောင်းနေချင်တယ်၊ မင်း ကူညီပေးဦးနော်၊ ဒီမှာက အခြေအနေ အရမ်းဆိုးတယ်၊ နေဖို့ သိပ်အဆင်မပြေဘူး”

သူမ၏လေသံက အခန်းကောင်းကောင်းရရန် အလျင်လိုနေပုံရပြီး အစေခံလေးကလည်း သူမ၏စကားအပေါ် လုံးဝ သံသယမရှိခဲ့ပေ။

ဒီဧည့်သည့်တွေက တော်တော်ရက်ရောတယ်။ သူ ကောင်းကောင်း ဧည့်ဝတ်ပြုပေးနိုင်ရင် စုငွေတွေ ထပ်ချီးမြှင့်ခံရမှာ သေချာတယ်။

အပိုဝင်ငွေရရန် တွေးနေသည့် တည်းခိုဆောင်အစေခံက ချက်ချင်း ပြုံးလိုက်ပြီး အလောတကြီး ပြန်ဖြေလိုက်သည်။

“အပေါ်ထပ်က အထူးအခန်းမှာ နေတဲ့ ဧည့်သည်တွေက သူတို့ သုံးရက်နေမယ်လို့ ပြောထားတယ်။ ကျွန်တော် ခင်ဗျားတို့အတွက် စောင့်ကြည့်ပေးမယ်လေ။ သူတို့ ထွက်သွားတာနဲ့ ခင်ဗျားတို့ကို လာပြောပြီး ပြောင်းနေဖို့ စီစဥ်ပေးမယ်"

"ကျေးဇူးပဲ၊ လူငယ်လေး။ အခုလောလောဆယ် သန့်ရှင်းတဲ့ အိပ်ယာတွေကို လဲပေးပါဦး၊ အဲ့အတွက်လည်း အပိုဆောင်းပေးမှာပါ”

သူမ လိုချင်သည့် အချက်အလက်ကို ရသွားချိန်တွင် စူးချင်းက အခန်းအတွက် စိတ်လျော့လိုက်ပုံဖြင့် နောက်တစ်မျိုး တောင်းဆို လိုက်ပြန်သည်။ သူမ၏ပုံစံက ဤညတွင် ပိုသက်တောင့်သက်သာ နေချင်မှန်း သိသာနေသည်။

"ဒါက.... အဲ့အတွက်တော့ တောင်းပန်ပါတယ်၊ ကျွန်တော်တို့မှာ အိပ်ယာခင်းအပို မရှိဘူး”

တည်းခိုဆောင်အစေခံကလည်း စိတ်ရှုပ်နေပုံရသည်။

ဒီလိုတည်းခိုဆောင်သေးသေးလေးမှာ အိပ်ဖို့ အိပ်ယာခင်းရှိရင် လုံလောက်နေပြီလေ။ ဘယ်သူက အိပ်ယာအပိုတွေ အဆင်သင့် ပြင်ဆင်ထားနိုင်ပါ့မလဲ?

“‌ဪ၊ အဲ့လိုလား? ဒါဆိုလည်း ထားလိုက်ပါတော့”

“အနှောက်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်”

"ရပါတယ်၊ ကိစ္စမရှိဘူး၊ ဒါပေမယ့် ငါတို့အတွက် စားစရာတစ်ခုခုတော့ ပြင်ဆင်ပေးပါဦး"

စူးချင်းက အလွယ်တကူ ခေါင်းညိတ်လိုက်သော်လည်း နောက်တစ်မျိုးတောင်းဆိုလိုက်ပြန်သည်။

အပေါ်ထပ်က မျက်လုံးတွေက သူမတို့ကို စိုက်ကြည့်နေတော့ ပုံမမှန်တာတွေ လုပ်လို့ မဖြစ်ဘူး၊ အပြင်ထွက်စားရင်လည်း အထိအတွေ့များပြီး သံသယတွေ ပိုများလာနိုင်တယ်။ လုံးဝ မစားပြန်ရင်လည်း ပိုသံသယဝင်သွားဦးမယ်၊ ခရီးပန်းလာလို့ အခန်းထဲကို မှာစားတာက ပုံမှန်ပဲလေ။

"ကောင်းပါပြီ၊ ကျွန်တော် အခု သွားပြင်ပေးပါ့မယ်"

တည်းခိုဆောင်အစေခံက ချက်ချင်း ​သ​ဘောတူလိုက်ပြီး သူ ထွက်​မသွားခင်​ သူ့လက်ထဲမှ​ငွေ​ကို ဂရုတစိုက် ​ဝှက်လိုက်သေး​သည်​။

"လူကြီးမင်း၊ ကျွန်တော်တို့ ဘယ်လိုနေကြမှာလဲ?"

သူတို့ အပြင်ဘက်သို့ ရောက်နေပြီး စူးချင်းကို ဧကရီဟု မခေါ်နိုင်သည့်အတွက် ရှောင်တင်းက စူးချင်းကို “လူကြီးမင်း’ဟု ခေါ်ကာ လှမ်းမေးလိုက်သည်။ စူးချင်းက ချက်ချင်း ပြန်မဖြေဘဲ အခန်းကို ဝေ့ကြည့်လိုက်သည်။ ထိုနေရတွင် အလျားကျယ်သည့် ခုတင်တစ်လုံးသာ ရှိပြီး စားပွဲပင် မရှိပေ။ ဘေနားမှ လျှောက်လမ်းကလည်း လူနှစ်ယောက် ဘေးချင်းကပ် လမ်းလျှောက်ရန်သာ လုံလောက်ပြီး ကျုံးယုံနှင့် ရှောင်တင်းတို့ ကြမ်းပြင်ပေါ်တွင် အိပ်နိုင်မည် မဟုတ်ပေ။

"ဘေးခန်းက ခုတင်ကို သွားအိပ်ကြမလား?"

ရှောင်တင်းထံမှ အကြံတစ်ခု ထွက်လာခဲ့သည်။ စူးချင်းက သူ့ကို မော့ကြည့်ပြီး ပြန်ပြောလိုက်သည်။

“ဘေးခန်းက လူတွေကလည်း သူတို့လူတွေ ဖြစ်နိုင်တယ်။ မင်းတို့နှစ်ယောက် ရုတ်တရက် အဲ့အခန်းထဲ ဝင်သွားရင် သူတို့ သံသယဝင်လာလိမ့်မယ်”

"အိုက်ယား၊ မင်းက ဘာလို့ ဒီလောက်ဥာဏ်ထိုင်းရတာတုန်းကွာ၊ အလယ်မှာ ကန့်လန့်ကာတစ်ခု ထားလိုက်ရင် အခန်းနှစ်ခန်း ဖြစ်သွားမှာ မဟုတ်ဘူးလား?”

ကျုံးယုံက သက်တော်စောင့်ရှောင်တင်းကို ကဲ့ရဲ့ကာ သူ့အတွေးကို ပြောပြလိုက်သည်။ သူက သူ့၏ဆရာနှင့် မကြာခဏ ခရီးထွက် အဆင်ပြေအောင် ဖန်တီးတတ်နေပြီ ဖြစ်သည်။

ဘာတွေကို အဲ့လောက် ဂရုစိုက်နေတာတုန်း။ ဒီကောင် အဲ့လောက် တွေးနေရင် သူတို့ ဒီည အိပ်ရမှာတောင် မဟုတ်​တော့ဘူး။

“ညီအစ်ကိုကျုံးက အရမ်းစဥ်းစားဥာဏ်ကောင်းတာပဲ”

သက်တော်စောင့်ရှောင်တင်းက ကျုံးယုံကို ချီးကျူးလိုက်သည်။

သူလည်း အဲ့လို စဉ်းစားမိပေမယ့် မပြောရဲဘူးလေ။

“ဒါဆို အဲ့လိုပဲ လုပ်ကြရအောင်၊ ဒါပေမယ့် ညဘက် လူသူကင်းတဲ့အချိန်အထိတော့ စောင့်ရမယ်”

စူးချင်းက ကျုံးယုံ၏အကြံပြုချက်ကို သဘောတူလိုက်ပြီး လူဝင်လူထွက် မရှိမှ ကန့်လန့်ကာရန် ညွှန်ကြားလိုက်သည်။

အခန်းက အလွန်ကျဉ်းပြီး အသက်ရှူရခက်စေသည်။ စိုစွတ်သည့် မှိုနံ့ကလည်း ရှိနေသောကြောင့် အခန်းထဲတွင် ခဏနေပြီးနောက် အဆင်မပြေ ဖြစ်လာရသည်။

စူးချင်းက လေဝင်ပြီး အနံ့များထွက်သွားစေရန် ကျုံးယုံကို တံခါးဖွင့်ခိုင်းလိုက်သည်။ ထိုအပြင် အပြင်မှ အဖြစ်အပျက်များကိုလည်း သူမ မြင်နိုင်ပေလိမ့်မည်။

သူတို့၏အခန်းတံခါးက ပထမထပ်ရှိ လှေကားနှင့် မျက်နှာချင်းဆိုင်ဖြစ်နေသောကြောင့် သူတို့၏မြင်ကွင်းကို ကန့်သတ်သလို ဖြစ်နေခဲ့သည်။ သို့သော် လှေကားမှ အဆင်းအတက်လုပ်သူတိုင်းကိုတော့ မြင်နိုင်သေးသည်။

စူးချင်းတို့ဘက်မှ တံခါးကို ဖွင့်လိုက်ချိန်တွင် ဘေးခန်းမှ တံခါးကလည်း ပွင့်လာပြီး ပိန်ပိန်ပါးပါး လူတစ်ယောက် ထွက်လာသည်။ သူက ပိန်ပိန်ပုပု ဖြစ်ပြီး သူ့အသားအရေက နေရောင်နှင့် မကြာခဏထိတွေ့နေရသည့် အသားအရေလိုမျိုး နက်မှောင်နေသည်။ သူ့မျက်လုံးများက သေးငယ်နေသော်လည်း တောက်ပလွန်းနေပြန်သည်။

သူက အခန်းထဲမှ ထွက်လာပြီး စူးချင်းတို့၏အခန်းကို အမှတ်တမဲ့ဟန်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်သည်။ စူးချင်းကလည်း တံခါးဘက်သို့ လှမ်းကြည့်နေသည်ကို သူ မြင်သွားပြီး အပြုံးတစ်ခုနှင့်အတူ စူးချင်းတို့၏အခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းအတွင်းသို့ ဝင်လာပြီးနောက် သူက အခန်း၏အခြေအနေကို တစ်ချတွေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်များက စူးချင်း၏ဗိုက်ပေါ်သို့ ရောက်လာပြီး ခတ္တရပ်တန့်နေကာ ချက်ချင်း ပြန်အကြည့်လွှဲသွားသည်။ ထို့နောက်တွင်မှု သူက မိတ်ဆွေဖွဲ့ချင်ဟန်ဖြင့် ဖော်ဖော်ရွှေရွှေ စကားစလာခဲ့သည်။

"ဒီက မိတ်တွေတွေက ဘာစီးပွားရေးလုပ်ဖို့ ဟိုင်ချန်ကို ရောက်လာတာတုန်း"

“ကျုပ်ရဲ့ဗိုက်ကြီးက ဘာကြောင့်မှန်း မသိ ပူနေတာ၊ ဒါက “ဝမ်းဖောရောဂါ” လို့ ခေါ်တဲ့ ရောဂါတမျိုးလို့တော့ ပြောကြတယ်။ အခု ဒီနေရာမှာ အရမ်းတော်တဲ့သမားတော်တစ်ယောက် ရှိတယ်လို့ ကျုပ်တို့ ကြားခဲ့တယ်လေ၊ ဒါကြောင့် ဆေးကုသခံချင်လို့ ဒီအထိ ခက်ခက်ခဲခဲ လာခဲ့ကြတာ"

စူးချင်းက သူမတို့ စီးပွားရေးလာလုပ်သည်ဟု မပြောဘဲ ဆေးကုခံရန် ရောက်လာသည်ဟု မျက်တောင်မခတ် လိမ်ညာလိုက်သည်။ ထိုစကား၌ပင် သူမ၏ဗိုက်ကြီး ဖောင်းကားနေရခြင်းအတွက် အကောင်းအရင်းကိုပါ ရှင်းပြပြီးသား ဖြစ်နေခဲ့သည်။

“သမားတော်ကြီးရဲ့ နာမည်ကို ကျုပ် သိခွင့်ရမလား? ကျုပ် သိတဲ့သူတောင် ဖြစ်နိုင်သေးတယ်"

စူးချင်း၏ စကားကို ကြားလိုက်ရချိန်တွင် ထိုလူ၏မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားပြီး အပြုံးဖြင့် ဆက်မေးနေပြန်သည်။

"ခင်ဗျားက ဟိုင်ချန်ကလား?"

စူးချင်းက သူ့မေးခွန်းကို ပြန်မဖြေဘဲ ထိုအစား မေးခွန်းဖြင့် တုံ့ပြန်လိုက်သည်။ ထိုလူက ခပ်ပြုံးပြုံးဖြင့် ငြင်းဆန်လိုက်သည်။

“မဟုတ်ဘူး၊ ကျုပ်က ဒီမှာ စီးပွားရေးလုပ်နေတာပါ။ ဟိုင်ချန်မှာ အစ်ကိုတစ်ယောက်တော့ ရှိတယ်။ ဝိုင်းကူပြီး မေးပေးနိုင်ပါတယ်"

“မလိုတော့ပါဘူး။ ကျုပ် သူ့ကို ဆက်သွယ်ပြီးပြီ၊ ဒါပေမယ့် သူ အပြင်ထွက်သွားတာ နှစ်ရက်လောက် ရှိနေပြီတဲ့။ ကျုပ်တို့ သူ့ကို စောင့်ဖို့ ဒီမှာ ခဏတော့ တည်းခိုရဦးမယ်"

စူးချင်းက လိမ္မာပါးနပ်စွာ ငြင်းပယ်လိုက်ပြီး သူမတို့ ဤနေရာတွင် ရက်အနည်းငယ် ဆက်နေမည့်အကြောင်း မသိမသာ ပြောလိုက်ပြန်သည်။

"ဪ၊ အဲ့လိုလား? ကျုပ် သားမှာလည်း ထူးဆန်းတဲ့ ရောဂါတစ်ခု ရှိတယ်။ ညီအစ်ကိုတို့ သွားတဲ့အခါ ကျုပ်တို့ကိုပါ ခေါ်သွားပေးလို့ ရမလား?"

ထိုလူက ဆက်ပြီး စူးစမ်းနေသောကြောင့် စူးချင်းက သူ့ကို အေးစက်စွာ ကြည့်လိုက်သော်လည်း ပြန်တော့ဖြေပေးလိုက်သည်။

“အဲဒီသမားတော်ကြီးက အရမ်း ဒေါသကြီးတယ်။ သူက ခင်ဗျားကို တွေ့ခွင့် ပေး မမေးက မသေချာဘူး၊ ခင်ဗျားအတွက် ကူမေးပေးဖို့တော့ ကျုပ် လုပ်ပေးနိုင်တယ်။ ညီအစ်ကို အခုတော့ တောင်းပန်ပါတယ်။ ကျုပ်တို့ ခရီးပန်းလာလို့ အနားယူချင်နေပြီ”

စူးချင်းက စကားဝိုင်းကို ဖြတ်တောက်လိုက်ပြီး ထိုလူလည်း ဘာမှမတတ်နိုင်ဘဲ အပြင်ပြန်ထွက်သွားရတော့သည်။ သူ ထွက်သွားပြီးနောက်တါင် သူက အပေါ်ထပ်သို့ တက်သွားပြီး အပေါ်သို့ မရောက်ခင် သူမျက်လုံးထောင့်မှ စူးချင်း၏အခန်းကို လှမ်းကြည့်သွားသေးသည်။

All Chapters