← Chapters

အခန်း (၄၀၅+၄၀၆)

Vol. 30 Ch. 405+406

အခန်း (၄၀၅+၄၀၆)

Vol. 30 Ch. 405+406

အပိုင်း (၄၀၅)

“ကောင်းကင်ဘုံ.. ဘာတွေများ ကျုပ်တို့ကို အမိန့်ပေးချင်တာလဲ။ ပြောပါအုံး၊ ပြောစမ်းပါအုံး”

ထိုအချိန်မှာတော့ တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာက လျော့ကျသွားခဲ့၏။ သူတို့၏ အလွန်အလေးမြတ်ထားရသည့် အရာကြီးက ပြိုကျသွားခဲ့ပြီဖြစ်၏။ ဤအရာက အလုံးစုံသော စိတ်ပျက်မှုများနှင့် ပြည့်နှက်စေ၏။

သို့ပေမည့် ရှမ့်လန်နှင့် အာယုနာနာတို့၏ မဟာမိတ်အဖွဲ့များမှာတော့ ရူးရူးမူးမူး တိုက်ခိုက်လျက်ရှိနေပြီး မည်သို့မှ မတားဆီးနိုင်သကဲ့သို့ပင် သုတ်သင်ရှင်းလင်းနေ၏။ အခြေအနေက ပြောင်းပြန်လန်သွားခဲ့၏။ တစ်ဖက်ခြမ်းဆီမှ အရူးအမူးသတ်ဖြတ်ခြင်းပင်။

တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ဘုန်းကြီး စစ်သည်အားလုံးက သေဆုံးသွားခဲ့ကြ၏။ ထိုအချိန်မှာတော့ သူတို့၏ နှလုံးသားထဲတွင် စိတ်ပျက်ခြင်း၊ အကြောက်တရား၊ ထိုအရာများနှင့် ပြည့်နှက်လျက်ရှိနေသည်။ ထပ်မံ တိုက်ခိုက်ရန် စိတ်ဆန္ဒဟူ၍မရှိတော့ချေ။ အချိန်အတော်ကြာ တိုက်ခိုက်ပြီးနောက် လက်ကျန် ဘုန်းကြီးစစ်သည် အားလုံးကလည်း လွတ်ရာကို ထွက်ပြေးကြသည်။

…………

ဂျိန်း

နှင်းပြိုကျမှုက ဆက်လက်ကာ ဖြစ်ပေါ်နေ၏။ ရေတွက်၍မရအောင် များပြားသည့် လှိုင်းတံပိုးများသည် တောင်ခြေဆီသို့ပင် ရောက်ရှိနေပြီး နှင်းတောင်ကြီးတစ်ခုလုံးက လှုပ်ခါနေခဲ့၏။ နှင်းပြိုမှုက ပိုမိုကာ ကြီးမားလာ ခဲ့၏။

သို့ပေမည့် နှင်းပြိုမှုသည် ရှင်ဘုရင် အာယုထိုင်၏ ကျရှုံးမှုကို ဖော်ညွှန်းပြသခြင်းဖြစ်သည်။

အာယုထိုင်၏ သိုင်းပညာက အလွန်အားကောင်း၏။ နှင်းထုများ ပြုတ်ကျလာခဲ့သည်ဆိုလျှင်တောင်မှ သူ၏ ခန္ဓာကိုယ်က မြေပြင်တွင် မတ်မတ်ရပ်လျက်ရှိနေတုန်းပင်။ ထို့အတူ သူက ကြောက်လန့်မှုများကို ခံစားနေမိ၏။ လောကကြီးတစ်ခုလုံး၏ အဆုံးသတ်သို့ ရောက်ရှိနေသကဲ့သို့ပင်။ ကြီးမားလွန်းသည့် အားအင်နှင့် ရင်ဆိုင်ရချိန်မှာတော့ သူက ကျိန်းသေပေါက် ကြောက်လန့်လျက် ရှိနေသည်။ ချင်နိုင်ငံ၏ စစ်သည်များကလည်း အလွန်အမင်း ကြောက်လန့်နေကြသည်။

အချိန်အတော်ကြာပြီးနောက် အားလုံးသောအရာများက ပြီးဆုံးသွားခဲ့ပြီးဖြစ်၏။

သူ၏ အမြင်အာရုံများက ပိုမိုကာ တောက်ပလာခဲ့၏။ လောကက အဆုံးသတ် သွားပြီလား။ လောက၏ ပြိုလဲမှုက ပြီးသွားပြီလား။ နှင်းတောင်ကြီးက အရင်အတိုင်းရှိနေသေး၏။ သူ အာယုထိုင်လည်း တည်ရှိနေသေး၏။ သူက မျက်လုံးကို ဖွင့်ကြည့်လိုက်၏။ သူ၏ရှေ့တွင် ရှိနေသည့် မြင်ကွင်းက ပြောင်းလဲသွားခဲ့သည်။

သူ၏ရှေ့တွင်ရှိနေသည့် နှင်းများက ပျောက်ကွယ်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူက တောင်ပေါ်တွင် တည်ရှိနေပြီး နှင်းအားလုံးက တောင်အောက်သို့ ကျဆင်းသွားခဲ့သောကြောင့်ပင်။ တော်ဝင် နှင်းတောင်တစ်ခုလုံးက အရင်တုန်းက အင်မတန်လှ၏။ ယခု တောင်ခေါင်းတုံးကြီး တစ်ခုကဲသို့ ပြောင်းလဲသွား၏။

သူ၏ စစ်တပ်ကြီး ဘယ်ရောက်သွားသနည်း။ အားလုံး ပျောက်ကွယ်သွားခဲ့၏။ လူဦးရေ သုံးသောင်း၊ လေးသောင်းနီးပါးလုံးက ပျောက်ကွယ်သွားခဲ့၏။ အားလုံးသောသူတို့သည် နှင်းများ၏ တိုက်စားခြင်းကို ခံခဲ့ရ၏။ လူတစ်ထောင်နီးပါးခန့်သာ ကျန်၏။ ထိုသူများ အသက်ရှင်ကျန်ရှိနေခြင်းသည် အားကောင်း သောကြောင့်မဟုတ်ချေ။ ကံကောင်းသောကြောင့်သာ ဖြစ်သည်။

နှင်းပြိုချိန်၌ သူတို့သည် ထောင့်ကွယ်ရာ တည်နေရာများသို့ ရောက်ရှိနေခဲ့ကြ၏။ ထို့ကြောင့် နှင်းများပြိုကျချိန်တွင် သူတို့ကို ကျောက်တုံး၊ ကျောက်ခဲ၊ တခြားသော အရာများက ကာကွယ်မှုကို ရရှိခဲ့သောကြောင့် သူတို့ အသက်ရှင်ခဲ့ကြခြင်းပင်။ သို့ပေမည့် အသက်ရှင်ခဲ့သည်ဆိုလျှင်တောင်မှ ဆက်လက် တိုက်ခိုက်ရန် စိတ်ဆန္ဒဟူ၍ မရှိတော့ပေ။

ကောင်းကင်ပေါ်မှ နတ်ဘုရားများက ဒေါသထွက်ခဲ့ပြီဖြစ်၏။ ချင်စစ်သည် တစ်ထောင်ကျော်တို့သည် မြေပေါ်တွင် ဒူးထောက်ကာဖြင့် ဦးတိုက်လျက်ရှိနေ၏။

“ကောင်းကင်နတ်ဘုရားတွေ ကျုပ်တို့မှားပါပြီ။ ကောင်းကင်နတ်ဘုရားတွေ ကျုပ်တို့မှားပါပြီ”

ထိုအချိန်မှာတော့ ဘုန်းကြီးစစ်သည် တစ်ဖွဲ့ပြီးတစ်ဖွဲ့သည် တောင်အောက်သို့ ကျဆင်းသွားခဲ့၏။ ပြီးနောက် ကြက်များ၊ ငှက်များကဲ့သို့ပင် တည်နေရာအနှံ့ဆီသို့ ပြေးကာ ပျောက်ကွယ်သွားခဲ့၏။ ထုဟိုင်သည်လည်း ထွက်ပြေးသွားခဲ့၏။ သူ၏ လောကကြီးတစ်ခုလုံးက ပြောင်းပြန်လှန်သွားပြီဖြစ်၏။ သူက တော်ဝင်ကပ်ဘေး ဘုရားကျောင်းကြီးကို ပြန်လည်ကာ ရယူချင်၏။ ယခင်တုန်းက မူလဂုဏ်သိက္ခာများကို ပြန်လည်ကာ တည်ဆောက်ချင်သည်။

သို့ပေမည့် ကောင်းကင်ပေါ်ရှိ နတ်ဘုရားများသည် သူတို့ကို မကြိုဆိုခဲ့ဟန်တူ၏။

ထုဟိုင်သည် ဤနေရာဆီမှ ထွက်ခွာသွားခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်သည့် တည်နေရာတစ်ခုကို သွားရောက်ရှာဖွေကာ သူ၏ ပြယ်လွင့်လျက်ရှိနေသည့် စိတ်ဝိညာဉ်များကို တည်ငြိမ်အောင် ကြိုးစားရပေတော့မည်။

တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များ ထွက်ပြေးသွားကြောင်း မြင်ချိန်မှာတော့ ချင်နိုင်ငံ၏ စစ်သည်အားလုံးကလည်း တည်နေရာအနှံ့ဆီသို့ ပြေးကြ၏။ ထိုအချိန်မှာပဲ တောင်ပေါ်ဆီမှ ကျယ်လောင်သော အော်သံတစ်ခုက ပေါ်ပေါက်လာခဲ့၏။

“ဘယ်ကိုသွားနေကြတာလဲ။ ဒူးထောက်၊ မလှုပ်ကြနဲ့”

ဤအရာက အရူးကြီး၏ အသံဖြစ်၏။ သို့ပေမည့် တောင်ပေါ်မှ စပီကာနှင့် လှမ်းကာ အော်ဟစ်ခြင်း ဖြစ်သောကြောင့် ကောင်းကင်နတ်ဘုရားများ စကားပြော နေသကဲ့သို့ပင်။

“ကောင်းကင်နတ်ဘုရားတွေ စကားပြောနေပြီ”

“ကောင်းကင်နတ်ဘုရားရဲ့ အမိန့်စာ ကျရောက်လာပြီ”

ချက်ချင်းပဲ ချင်နိုင်ငံမှ စစ်သည်ပေါင်း ထောင်ချီတို့က မြေပေါ်၌ ဒူးထောက်လိုက်ကြ၏။

“ကောင်းကင်နတ်ဘုရားတွေကို ဒေါသထွက်စေတာ ဘာကြောင့်လဲသိလား”

အရူးကြီးသည် ရှမ့်လန်၏ ညွှန်ကြားချက်အတိုင်းပင် အားခေါင်ခြစ်ကာ အော်ဟစ်လျက်ရှိ၏။ သို့ပေမည့် သူ၏ အသံက ကျယ်လွန်းသောကြောင့် တောင်တစ်ခုလုံးကို ပဲ့တင်ထပ်စေသည်။

“အာယုနာနာတစ်ယောက်တည်းက ချင်နိုင်ငံရဲ့ ဘုရင်မပဲ။ အာယုထိုင်က ဘုရင်အတုပဲ။ မင်းတို့က သူ့နောက်ကို လိုက်လာပြီး အစစ်အမှန်ဘုရင်မကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် ကောင်းကင်ဘုံ နတ်ဘုရားတွေက အရမ်းဒေါသထွက်ခဲ့တယ်။

အာယုထိုင်... မင်းကို အခွင့်အရေးပေးမယ်။ အာယုနာနာနဲ့ တစ်ယောက်ချင်း တိုက်ခိုက်မလား။ အနိုင်ရသူက ချင်နိုင်ငံရဲ့ အစစ်အမှန်ဘုရင်ဖြစ်လိမ့်မယ်။ ရှုံးနိမ့်တဲ့သူကတော့ သေရမယ်”

ထိုစကားကိုကြားသည့်အချိန်မှာတော့ အာယုထိုင်က ပျော်ရွှင်သွား၏။ ကောင်းကင်နတ်ဘုရားများသည် သူ့ကို အခွင့်အရေး ပေးခဲ့သည်လား။

ထိုအချိန်မှာပဲ စုကျန့်ထင်သည် ရှေ့ကို ပြေးထွက်ကာ ပြောလိုက်၏။ “အရှင်မင်းကြီး... ဒါ ရှမ့်လန်ရဲ့ ဇာတ်ကွက်တွေပဲ။ မြန်မြန် .... တောင်ပေါ်ကနေဆင်းပြီး တောင်ခြေမှာ သူတို့ကို ဝိုင်းပိတ်ထားမယ်။ အာယုနာနာနဲ့ ရှမ့်လန်တို့က အပေါ်မှာ ကြာကြာနေနိုင်မှာမဟုတ်ဘူး။ တောင်အောက်ကို ဆင်းလာလိမ့်မယ်။ ဒါဆိုရင် ကျုပ်တို့ သူ့ကို သတ်လို့ရပြီ”

အပေါ်ဆီမှ အသံတစ်ခုထွက်လာခဲ့သည်။ “အာယုထိုင်... ငါမင်းကို အခွင့်အရေးတစ်ခုပေးခဲ့တယ်။ မင်းက ချင်နိုင်ငံရဲ့ တစ်ဦးတည်းသော ဘုရင်ဖြစ်တယ် ဆိုတာကို သက်သေပြချင်တယ်မလား။ လာခဲ့၊ အာယုနာနာနဲ့ လာပြီး တိုက်ခိုက်။ အနိုင်ရရှိသူက ဘုရင်ပဲ”

ချက်ချင်းပဲ စစ်သည်ပေါင်းထောင်ချီတို့က ဒူးထောက်လျက်ရှိနေ၏။ ထိုသူတို့သည် အာယုထိုင်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူတို့၏ အကြည့်ဆိုလိုရင်းက ရိုးရှင်း၏။ နတ်ဘုရားများ၏ အမိန့်တော် ကျဆင်းလာခဲ့ပြီ ဖြစ်၏။ အဘယ့်ကြောင့် မသွားရသနည်း။ အကယ်၍ အသွားခဲ့ပါက အားလုံးသောသူတို့က သူ့ကို အထင်မြင်သေးစွာ ဆက်ဆံပေလိမ့်မည်။

စုကျန့်ထင်က ကျယ်လောင်စွာ ပြောလိုက်သည်။ “အရှင်မင်းကြီး.. သွားလို့မဖြစ်ဘူး။ ဒါ ရှမ့်လန်ရဲ့ ဇာတ်ကွက်တွေပဲ”

စုမိသားစု၏ မိဖုရားသုံးယောက်ထဲမှ တစ်ယောက်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး စုမိုနှင့် စုနင်သာလျှင် ကျန်ရှိတော့၏။ ဤမိန်းမနှစ်ယောက်က ထပ်မံကာ ရောက်ရှိလာခဲ့ပြီး အာယုထိုင်၏ ပေါင်ကို လှမ်းဖက်၏။

“အရှင်မင်းကြီး.. သွားလို့မဖြစ်ပါဘူး။ ဒါ ရှမ့်လန်ရဲ့ ဇာတ်ကွက်ဖြစ်လိမ့်မယ်။ ကျေးဇူးပြုပြီး တောင်အောက်ကို ဆင်းကြရအောင်။ ပြီးတော့ ကျွန်မတို့ တောင်ခြေ တစ်နေရာမှာ စောင့်နေကြမယ်။ ရှမ့်လန်နဲ့ အာယုနာနာတို့ အောက်ကိုဆင်းလာမှ သတ်ကြတာပေါ့”

ချင်စစ်သည်ပေါင်း ထောင်ချီတို့သည် စုမိသားစုဝင်များကို အထင်အမြင်သေးသလို ရွံရှာဖွယ် လှမ်းကာ ကြည့်ရှု၏။ ပြီးနောက် သူတို့၏ အကြည့်များက အာယုထိုင်ဆီသို့ ရောက်ရှိနေခဲ့၏။ တကယ်၍ မသွားပါက ဤလူသည် သူတို့၏ဘုရင် ဖြစ်ရန် အရည်အသွေး မပြည့်မီချေ။

အာယုထိုင်၏ လက်များက တုန်ယင်နေခဲ့၏။ “ဘယ်.. ဘယ်မှာလဲ။ ဆေးလိပ် ဘယ်မှာလဲ”

လအနည်းငယ်အတွင်း သူသည် ရှမ့်လန်ပေးခဲ့သည့် ဆေးလိပ်မရှိလျှင် အသက်မရှင်ချင်လောက်သည်အထိ စွဲလမ်းခဲ့၏။ နေ့စဉ်နေ့တိုင်းဆိုသလို ဆေးလိပ်ကို သောက်သုံးခဲ့၏။ တစ်ရက်ကို ဆေးလိပ်ပေါင်းများစွာ သောက်သုံး၏။ တစ်လိပ်ပြီးတစ်လိပ် သောက်သုံးခဲ့သည်။

ထို့အပြင် ဤဆေးလိပ်က တကယ့်ကို အံ့ဩသင့်စရာပင်ဖြစ်၏။ သောက်လိုက်သည်နှင့် စိတ်လှုပ်ရှားမှုကို ခံစားရပြီး လောကကြီးတစ်ခုလုံးက သူ၏လက်ထဲသို့ ရောက်ရှိသွားသကဲ့သို့ပင်။ နေ့ဝက်လောက် ဆေးလိပ် မသောက်ရလျှင် သူ၏ စိတ်ဓာတ်များက လျော့ကျပြီး သူ၏ ခြေလက်များက ပျော့ခွေ လာခဲ့၏။ တစ်ခါတစ်ရံ မျက်ရည်များပင် ကျပြီး နှာများလည်း စေး၏။

“ငါ့ရဲ့ ဆေးလိပ် ဘယ်မှာလဲ” အာယုထိုင်က ထပ်မံကာ မေးမြန်းလိုက်သည်။

“မရှိတော့ပါဘူး” ဘေးတစ်ဖက်မှ တစ်စုံတစ်ယောက်က ပြောလိုက်၏။

ဘယ်လိုလုပ် မရှိရသနည်း။ အာယုထိုင်သည် မည်သည့်နေရာကို သွားသွား ဤတန်ဖိုးကြီးမားသည့် ဆေးလိပ်များကို ယူဆောင်လာခဲ့၏။ အကယ်၍ ထမင်းမစားရသည်ဆိုလျှင်တောင်မှ သူက ဆေးလိပ်ကိုတော့ သောက်၏။ ယခု နှင်းပြိုမှုက ကျဆင်းလာခဲ့ပြီး နှင်းများသည် သူ၏ ပစ္စည်းပစ္စယအားလုံးတို့ကို ဖုံးလွှမ်းကာဖြင့် အောက်သို့ သယ်ဆောင်သွားခဲ့၏။ ထိုအထဲတွင် ဆေးလိပ်သေတ္တာ တော်တော်များများလည်း ပါဝင်သည်။

ထိုအချိန်မှာတော့ ကောင်းကင်ထက်ဆီမှာ အသံတစ်ခုထွက်ပေါ်လာခဲ့၏။ “အာယုထိုင်... ငါပေးထားတဲ့ အခွင့်အရေးကို မယူချင်ဘူးလား။ ကောင်းကင်ပေါ်က နတ်ဘုရားတွေကို ထပ်ပြီး ဒေါသထွက်စေချင်တာလား”

ဂျိမ်း ဂျိမ်း...

ပြီးနောက် တောင်ပေါ်ဆီမှ ကျယ်လောင်လွန်းသည့် မိုးချိန်းသံကဲ့သို့သော အသံကြီး ထွက်ပေါ်လာခဲ့၏။ ကြည့်ရသည်မှာ သတိပေးနေသည့် အသံမျိုးပင်။ မြေပြိုမှုက ထပ်မံကာ ဖြစ်ပေါ်မလာခဲ့ချေ။ သို့ပေမည့် လက်ကျန် ချင်စစ်သည်တစ်ထောင်ကျော်တို့မှာတော့ သေးထွက်ကျလုမတတ်ပင် ကြောက်လန့်လျက်ရှိနေပြီး မြေပေါ်၌ ဒူးထောက်ရင်း မလှုပ်ရှားရဲကြချေ။

“စိတ်ကို ငြိမ်ငြိမ်ထားပါ။ နတ်ဘုရားတွေ စိတ်ကို ငြိမ်ငြိမ်ထားပါအုံး။ အရှင်မင်းကြီး.. သွား.. သွား.. မြန်မြန်သွား။ နတ်ဘုရားတွေ စိတ်ဆိုးလိမ့်မယ်”

စုကျန့်ထင်က ဒူးထောက်ကာ အော်ဟစ်လိုက်၏။ “အရှင်မင်းကြီး.. သွားလို့မဖြစ်ပါဘူး။ သွားလို့မဖြစ်ပါဘူး”

စုမိသားစု၏ အမျိုးသမီးနှစ်ယောက်တို့ကလည်း အာယုထိုင်၏ ပေါင်ကို ခပ်တင်းတင်းပိုက်ကာဖြင့် အော်ဟစ်နေသည်။ “အရှင်မင်းကြီး.. သွားလို့မဖြစ်ပါဘူး။ ဒါ ရှမ့်လန်လုပ်ထားတဲ့ ဇာတ်ကွက်တွေပါ။ သွားလို့ မဖြစ်ပါဘူး”

ရှင်ဘုရင်အာယုထိုင်သည် ထိုမိန်းမနှစ်ယောက်ကို အဝေးဆီသို့ ကန်ထုတ်လိုက်၏။ သူ့အနေနှင့် ရွေးချယ်ခွင့် မရှိချေ။ သူသာ အာယုနာနာနှင့် မတိုက်ခိုက်ရဲပါက လက်ကျန် ချင်စစ်သည်များ၏ စွန့်ပစ်ခြင်းကို ခံရပေလိမ့်မည်။

အာယုထိုင်က အော်ဟစ်လိုက်၏။ “တကယ်လို့ ကျုပ်သာ အာယုနာနာကို အနိုင်တိုက်ခိုက်နိုင်ခဲ့ရင် ချင်နိုင်ငံရဲ့ ဘုရင်ဖြစ်မှာပဲ မဟုတ်လား”

ကောင်းကင်ပေါ်မှာ အသံက ထွက်ပေါ်လာခဲ့သည်။ “ဟုတ်တယ်”

အာယုထိုင်က ပြောလိုက်၏။ “ကောင်းပြီ။ ကျုပ် အာယုနာနာ နဲ့ တစ်ယောက်ချင်းတိုက်ခိုက်မယ်”

ကောင်းကင်ဆီမှာ အသံက ထွက်ပေါ်လာသည်။ “ကောင်းပြီ”

အာယုထိုင်က ပြောလိုက်၏။ “နတ်ဘုရားတွေ အသိသက်သေ ရှိပေးပါ”

“နတ်ဘုရားတွေ အသိသက်သေရှိမယ်”

ပြီးနောက် အာယုထိုင်က ပြောလိုက်သည်။ “အားလုံးပဲ အပေါ်ကို လိုက်ခဲ့။ တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီ လိုက်ခဲ့ကြ။ အာယုနာနာနဲ့ နှစ်ယောက်တည်း တိုက်ခိုက်မယ်။ အနိုင်ရရှိတဲ့သူက ချင်နိုင်ငံရဲ့ ဘုရင် ဖြစ်လိမ့်မယ်။ ဒါကို နတ်ဘုရားတွေက သက်သေပြုသလို ဒီမှာရှိတဲ့လူတွေအကုန်လုံးကလည်း သက်သေပြုရမယ်”

အာယုထိုင်သည် လက်ကျန်စစ်သည်ပေါင်းထောင်ချီကို ခေါ်ဆောင်ကာဖြင့် တောင်ပေါ်သို့ တက်၏။

စုမိုနှင့် စုနင်တို့သည် တုန်ယင်စွာဖြင့် ပြောလိုက်မိသည်။ “ကျွန်မတို့ ဘာလုပ်ကြမလဲ”

“ကျွန်မတို့ ဘာလုပ်ကြမလဲ”

သူတို့အနေနှင့် အာယုထိုင်ကို တားဆီးရန် နည်းလမ်းမရှိချေ။

စုကျန့်ထင်၏ ပထမဦးဆုံး တုံ့ပြန်မှုသည် နှင်းတောင်ဆီမှ ထွက်ခွာပြီး သူ၏ အဖေဆီ သတင်းပို့ရန် ဖြစ်၏။ သို့ပေမည့် သူ၏ စိတ်နှလုံးထဲတွင် မျှော်လင့်ချက် တည်ရှိနေသေး၏။ အာယုထိုင်၏ သိုင်းပညာက အလွန် အားကောင်း၏။ သူ၏ အဖေလောက် အားမကောင်းဘူးဆိုလျှင်တောင်မှ အာယုနာနာကို တိုက်ခိုက်ဖို့ ဆိုသည်မှာ လိုသည်ထက်ပင် ပိုနေသေးသည်။

“စုနင်...ခင်ဗျားရဲ့ သိုင်းပညာက မြင့်မားတယ်မဟုတ်လား။ တောင်အောက်ကို ဆင်းပြီး အဖေ့ဆီ သတင်းပို့။ ပြီးတော့ အဒေါ်စုမို... ခင်ဗျား ကျုပ်နဲ့ လိုက်ခဲ့။ ချင်ဘုရင်ကို ထောက်ပံ့ပေးရမယ်။ ရှမ့်လန်မှာ တခြားဝှက်ဖဲတွေ ရှိနေတယ်ဆိုရင် ကျုပ်တို့ ဒါကို ကြိုမြင်နိုင်တာပေါ့”

“ကောင်းပြီ” စုနင်သည် တောင်ပေါ်မှ အောက်သို့ ပြေးဆင်းသွားခဲ့၏။

စုမိုနှင့် စုကျန့်ထင်တို့မှာတော့ အာယုထိုင်၏ ခြေလှမ်းအတိုင်း အပေါ်ဘက်သို့ လိုက်ပါသွားခဲ့၏။ အာယုထိုင်၏ သိုင်းပညာက အာယုနာနာထက် ပိုမိုကာ အားကောင်းသည်ဟု အားလုံးသောသူတို့က သိရှိပြီးဖြစ်၏။ ထို့ကြောင့် သူတို့အနေနှင့် ဤတိုက်ပွဲကို ကျိန်းသေပေါက် အနိုင်ရနိုင်ပေလိမ့်မည်။

………..

တော်ဝင်ကပ်ဘေးဘုရားကျောင်းကြီး၏ မြေတည်နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ ရှမ့်လန်ဘက်မှ စစ်သည်တော် သုံးထောင်ကျော်တို့က မြေပေါ်တွင် ထိုင်နေကြသည်။ အာယုထိုင်၏ ဘက်ခြမ်းမှ စစ်သည်ပေါင်း လေးထောင်၊ ငါးထောင်တို့ကလည်း မြေပေါ်တွင် ထိုင်နေ၏။

စတုရန်းပုံစံ မြေကွက်ကြီးထဲမှာတော့ လူသုံးယောက်သာလျှင်ရှိ၏။ အာယုနာနာ၊ အာယုထိုင်နှင့် မဟာပညာရှင် ပန်ရော့တို့ပင်ဖြစ်သည်။

ပန်ရော့ အဘယ့်ကြောင့် ဤနေရာသို့ ရောက်ရှိနေရသနည်း။ အဘယ့်ကြောင့်ဆိုသော် သူမက ဤနေရာတွင် ဒိုင်ပြုလုပ်ပေးရမည်ဖြစ်သောကြောင့်ပင်။

‘ငါ ဒီနေရာကို လာတာ လီချင်းချိုးကို သတ်ဖို့ပဲ။ ဘယ်လိုဖြစ်ပြီးတော့ ဒိုင်ဖြစ်နေရတာလဲ’

သို့ပေမည့် ဤအရာက အလဟဿ ဖြစ်ခဲ့သည့် ခရီးစဉ်တော့ မဟုတ်ချေ။ တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ပျက်စီးမှုများကို မြင်ခဲ့ရ၏။ နှင်းပြိုမှုကိုလည်း မြင်ခဲ့ရ၏။ စိတ်လှုပ်ရှားစရာ အလည်အပတ်ခရီးတစ်ခု ထွက်လာသကဲ့သို့ပင် ခံစားရစေ၏။

“အာယုထိုင်၊ အာယုနာနာ... မင်းတို့ အဆုံးထိ တိုက်ခိုက်ရမယ်။ အနိုင်ရရှိသူက ဘုရင်ပဲ။ ရှုံးတဲ့လူက သေရမယ်။ ကောင်းကင်နဲ့ မြေကြီးက သက်သေပြုမယ်။ ဒီမှာရှိတဲ့ လူတွေအကုန်လုံးက သက်သေပြုမယ်” ပန်ရော့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အာယုထိုင်က ပြောလိုက်၏။ “ကောင်းကင်နဲ့ မြေပြင်က သက်သေပြုပါစေ”

အာယုနာနာကလည်း ပြောလိုက်သည်။ “ကောင်းကင်နဲ့ မြေပြင်က သက်သေပြုမယ်”

ပွဲ့ကြည့်ပရိသတ်များကလည်း အော်ဟစ်လိုက်၏။ “ကောင်းကင်နဲ့ မြေပြင်က သက်သေပြုမယ်”

အပိုင်း (၄၀၆)

စုကျန့်ထင်နှင့် စုမိုတို့သည် အဝေးဆုံးသော ထောင့်တစ်နေရာတွင် ထိုင်ပြီး အသက်ကိုပင် မရှူနိုင်သလို ဖြစ်နေ၏။ ချင်နိုင်ငံ၏ ဘုရင် အာယုခန် သေဆုံးသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် အာယုထိုင် သေဆုံး၍ မဖြစ်ချေ။ တကယ်၍ သေသွားသည်ဆိုပါက စုမိသားစုအတွက် ကပ်ဘေးကြီးပင်ဖြစ်၏။ ကျိန်းသေပေါက် အနိုင်ယူရပေလိမ့်မည်။

အာယုထိုင်၏ သိုင်းစွမ်းအင်က အာယုနာနာထက် ပိုမိုကာ အားကောင်း၏။ ထို့အပြင် လူပေါင်းများစွာတို့ စောင့်ကြည့်နေသည့် မျက်လုံးအောက်တွင် မည်သည့် လှည့်ကွက်ကိုမှ ထုတ်ဖော် အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။

ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို သက်သေပြုပြီးနောက် မဟာပညာရှင် ပန်ရော့သည် နောက်ဆီသို့ အသာ လှမ်းဆုတ်ပြီး အာယုထိုင်နှင့် အာယုနာနာတို့ တိုက်ခိုက်ရန် အခွင့်အရေးပေးလိုက်၏။

တိုက်ခိုက်ရေး မြေပြင်သည် နေရာတစ်ခုလုံးက စတုရန်းမီတာ တစ်ထောင်နီးပါးခန့်ရှိပြီး ကျယ်ပြော၏။ အာယုထိုင်နှင့် အာယုနာနာတို့သည် ဖြည်းညင်းစွာ လှုပ်ရှားလိုက်ခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် မီတာ သုံးဆယ်အကွာအဝေးတွင် ရပ်တန့်လိုက်ကြသည်။

လက်နက်များကလည်း တူညီလျက်ရှိ၏။ နှစ်ယောက်လုံးက နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို အသုံးပြု၏။ ခပ်ဝေးဝေးဆီသို့ လှမ်းလျှောက်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် စူးစိုက်ကာ ကြည့်ရှုနေ၏။

ပြီးနောက် အာယုနာနာသည် ကျိန်းသေပေါက် အပြီးတိုက်ခိုက်ရန် စီစဉ်နေ၏။ သူမက ကိုယ်ဝန်ဆောင်ထား၏။ ထို့အပြင် အာယုထိုင်ကိုလည်း ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမည့် သူမ အာယုနာနာက မကြောက်လန့်ချေ။ သူ အနိုင်ရရှိလိမ့်မည်ဟု အရူးလေးရှမ့်လန်က ပြောခဲ့၏။ ဤအရာက ကျိန်းသေပေါက် မြှောက်ပင့်ပြောဆိုခြင်း ဖြစ်ပေလိမ့်မည်။ သို့ပေမည့် အရူးကြီးက တစ်ဖက်လူကို ယုံကြည်၏။ ထို့ကြောင့် သူမကလည်း လိုက်ကာ ယုံကြည်ရပေမည်။

အာယုထိုင်သည် သူ၏ ညီမကို လှမ်းကာ ကြည့်ရှု၏။ သူမက အလွန်အားကောင်းသည့် ပုံပေါ်သော်လည်း သူ၏ ပြိုင်ဘက်တစ်ယောက်တော့ မဟုတ်ချေ။ သက်ပြင်းရှည်ကြီးကို ချလိုက်၏။ ဤသက်ပြင်းတွင် နှင်းငွေ့များပင် ထွက်ပေါ်လာ၏။

မဟာပညာရှင် ပန်ရော့က အသာပင်အော်ဟစ်လိုက်၏။ “စကြရအောင်”

ရှမ့်လန်၏ အကြည့်စူးစူးက ပန်ရော့ဆီ ရောက်ရှိသွားသည်။

‘အဲလောက်တောင် အားကောင်းတာလား။ လှလိုက်တာ’

ရှမ့်လန်သည် ပန်ရော့၏ ခါးကို သာလှမ်းကာ ကြည့်ရှုနေ၏။ မဟာပညာရှင် ပန်ရော့၏ ခါးများက သေးသွယ်၏။

‘နှာဘူးပဲ’ ပန်ရော့သည် ရှမ့်လန်၏အကြည့်ကို ချက်ချင်းပဲ သတိပြုမိသည်။

မြေပြင်တည်နေရာတစ်ခုလုံးထဲမှာတော့ ....

“သတ်စမ်း” အာယုနာနာက အော်ဟစ်၏။

“ကျား” အာယုထိုင်ကလည်း ကြိမ်းဝါးလိုက်၏။ နှစ်ယောက်လုံးသည် သားရဲရိုင်းကြီးများကဲ့သို့ပင် ကြီးမားလွန်းသည့် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ကိုင်ဆောင်ပြီး ရှေ့ဆီသို့ လှမ်းတက်ကာ တိုက်ခိုက်သည်။

အရှိန်အဟုန်က ကြီးမားလွန်း၏။ အားအင်ကလည်း အံ့အားသင့်စရာပင်။ လျှပ်ပြက်သကဲ့သို့ပင် မြန်ဆန်ပြီး လူနှစ်ယောက်က ဖြတ်ပြေးသွားခဲ့၏။ နဂါးစိမ်းလခြမ်းဓားမော့ကြီးများသည် ခုတ်ပိုင်းခဲ့ပြီးဖြစ်၏။ ကံကြမ္မာ၏ တိုက်ပွဲတစ်ခုကဲ့သို့ပင်။ ချင်နိုင်ငံ၏ဘုရင်ဖြစ်လာရန် တိုက်ပွဲကြီးပင်။

စတင်ပြီးဖြစ်၏။ ပြီးနောက် ချက်ချင်း ပြီးဆုံးသွားခဲ့၏။

အာယုနာနာသည် အားကုန်ထုတ်ကာ တိုက်ခိုက်ခဲ့၏။ သူမ သွေးအန်ထွက်ပြီး ဓားလည်း ကျိုးပဲ့သွားလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူမ၏ သိုင်းပညာက အာယုထိုင်ထက် မကောင်းကြောင်း သိရှိနေသောကြောင့်ပင်။

သို့ပေမည့် အာယုထိုင်၏ ဓားကသာကျိုးပဲ့သွားခဲ့၏။ အာယုထိုင်၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာခဲ့၏။

“ဘယ်လိုဖြစ်ရတာလဲ” အာယုနာနာက ကြောင်အသွားခဲ့၏။

အာယုထိုင်သည် လေထဲတွင် သွေးအန်လျက် ရှိနေ၏။ တုန်လှုပ်စွာဖြင့် မယုံကြည်နိုင်စွာ လှမ်းကာ ကြည့်ရှု၏။ “ဘယ်လိုဖြစ်သွားတာလဲ။ ငါ့ရဲ့ သိုင်းပညာက အာယုနာနာထက် ပိုပြီး အားကောင်းတာ အသိသာကြီး။ ဘယ်လိုဖြစ်ရတာလဲ”

သို့ပေမည့် သူ အဖြေကို မရခဲ့ချေ။ အာယုနာနာ၏ ဒုတိယမြောက် ခုတ်ပိုင်းချက်က တကယ့်ကို အားပါပါဖြင့် ရောက်ရှိလာသောကြောင့်ပင်။

ဆွစ်...

ချက်ချင်းပဲ အာယုထိုင်သည် နှစ်ပိုင်းပိုင်းပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ သွေးများ ပန်းထွက်သွားခဲ့၏။ ဤရည်မှန်းချက်ကြီးမားသည့် ချင်ဘုရင်အသစ်သည် နန်းပလ္လင်ကို ဆက်ခံခဲ့သည်မှာ တစ်လနီးပါးခန့်သာလျှင် ရှိ၏။ သို့ပေမည့် ချက်ချင်းသေဆုံးသွားခဲ့ပြီဖြစ်၏။

အားလုံးသော သူတို့က တုန်လှုပ်သွားခဲ့သည်။

ထိုအတောအတွင်းမှာပဲ ရှမ့်လန်က လှမ်းကာ အော်ဟစ်လိုက်၏။ “အာယုထိုင် သေသွားခဲ့ပြီ။ အခုကစပြီး အာယုနာနာက ချင်နိုင်ငံရဲ့ ဘုရင်ပဲ။ ဒီတော့ သစ္စာဖောက် စုကျန့်ထင်ကို ဖမ်း။ သစ္စာဖောက် စုမိုကို ဖမ်း”

ရှမ့်လန်သည် စုကျန့်ထင်နှင့် စုမိုကို လက်ညှိုးထိုးပြလိုက်သည်။

ထိုနှစ်ယောက်လုံးသည် အထိတ်တလန့် ဖြစ်သွားခဲ့ကြ၏။

စုကျန့်ထင်၏ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ အားလုံးသည် ဒေါသတရားကြောင့် တစစီ ပြုတ်ထွက်သွားလုမတတ်ပင်။ သူ တကယ်လည်း နောင်တရလို့ နေ၏။ ရှမ့်လန်က ကောက်ကျစ်လွန်းသည့် လူတစ်ယောက် ဖြစ်ကြောင်း သူ သိရှိခဲ့ပြီးသား ဖြစ်သည်။

ထိုသို့ဆိုလျှင် သူ အဘယ်ကြောင့် အာယုထိုင်နှင့် အာယုနာနာတို့၏ တိုက်ခိုက်မှုကို ခွင့်ပြုပေးခဲ့ရသနည်း။ သူ မည်သို့မှ မတတ်နိုင်ချေ။ ထိုကဲ့သို့ မတတတ်နိုင်၍ လက်လွှတ်ရမည်ဆိုလျှင်တောင်မှ လက်သင့်ခံနိုင်သေး၏။ အဘယ်ကြောင့် သူ ဤနေရာဆီသို့ လိုက်ပါလာရသနည်း။ အဆုံးသတ်မှာတော့ အာယုထိုင်သည် အာယုနာနာ၏ တိုက်ခိုက်ချက် နှစ်ကွက်တည်းဖြင့် သေဆုံးခဲ့ပြီ ဖြစ်၏။

ဘာတွေဖြစ်ကုန်သနည်း။

“သောက်ကျိုးနည်း... ဘာတွေဖြစ်ကုန်တာလဲ”

သို့ပေမည့် သူက ဂရုစိုက်မှု နည်းပါးခဲ့၏။ ထို့ကြောင့် သူ၏ အသက်အတွက် သူပြေးရပေတော့မည်။ ဓားကို ဆွဲထုတ်ပြီးနောက် လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ထွက်ပြေးသည်။

သို့ပေမည့် ရှမ့်လန်က အမိန့်ပေးခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် လူပေါင်းတစ်ထောင်ကျော်တို့က စုကျန့်ထင်၏ နောက်ဆီသို့ ပြေးလိုက်၏။ ကြမ်းတမ်းလွန်းသည့် ချင်နိုင်ငံ၏တပ်မှူးများလည်း ပါဝင်၏။ လူပေါင်းထောင် ကျော်လောက်က သူ၏နောက်သို့ လိုက်ပါသွားခဲ့ခြင်းပင်။

သိုင်းပညာကို မသိနားမလည်သော စုမိုတစ်ယောက်တည်းသာလျှင် ကျန်ရှိခဲ့၏။ စုကျန့်ထင်၏ ကိုယ်ဖော့ပညာက တကယ်ကို မြန်ဆန်ပြီး ပေါ့ပါးလွန်း၏။ မျက်စိတစ်မှိတ်အတွင်း ခပ်ဝေးဝေး တည်နေရာဆီသို့ ရောက်ရှိသွားစေ၏။

အာယုနာနာက ဒေါသထွက်နေ၏။ သူမက ဓားမော့ကြီးကို ကောက်ထမ်းပြီး လိုက်ရန် ပြင်သည်။

ရှမ့်လန်က လှမ်းပြောလိုက်၏။ “ကောင်မလေး... လိုက်မသွားနဲ့တော့။ မင်းက ဒီနိုင်ငံရဲ့ ဘုရင်မလေ”

ဓားဘုရင် လီချင်းချိုးကလည်း အနောက်သို့ မလိုက်ပါခဲ့ချေ။ ဝူလဲ့၊ လင်းယုန်ရမ်နှင့် အရူးကြီးတို့ကသာလျှင် လျင်လျင်မြန်မြန် လိုက်ပါသွားခဲ့သည်။

“အားလုံးပဲ ငြိမ်ငြိမ်နေတော့။ ဒီလောက်ဆို လုံလောက်ပြီ” ရှမ့်လန်က လှမ်းပြောလိုက်၏။

တခြားသော နေရာများသာဆိုပါက လွတ်မြောက်ကောင်း လွတ်မြောက်သွားပေလိမ့်မည်။ သို့ပေမည့် ဤကဲ့သို့သော တည်နေရာ၌ စုကျန့်ထင် လွတ်မြောက်သွားဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ဖြစ်အောင်ပြေးမည် ဆိုလျှင်လည်း စုကျန့်ထင် ကံကြမ္မာသာလျှင် ဖြစ်၏။

ရှေ့တွင် လမ်းတစ်ခုတည်းသာလျှင် ရှိပြီး လမ်းတစ်ခုလုံးကလည်း နှင်းများနှင့် ပိတ်ဖုံးနေ၏။ စုကျန့်ထင်၏ အမြန်နှုန်းက အလွန်လျင်မြန်၏။ ထိုသို့သောအမြန်နှုန်းဖြင့် ပြေးသွားဖို့ဆိုလျှင် အတွင်းအားများကို အလွန်အကျွံ ထုတ်ကာ အသုံးပြုရပေမည်။ ထိုသို့ဆိုလျှင် တဖြည်းဖြည်း အားနည်းလာပေလိမ့်မည်။

...........

တော်ဝင်ကပ်ဘေး ဘုရားကျောင်းကြီး၏ အပျက်အစီးပုံထဲမှာတော့ ရှမ့်လန်က အချိန်အတော်ကြာ ရှာဖွေ ပြီးနောက် ကောင်းမွန်သည့် ထိုင်ခုံတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့၏။ သူက မလှုပ်ရှားခဲ့ချေ။ အမျိုးသမီး စစ်သည်တော်များသည် ထိုအရာကို သယ်မပြီး အရှေ့မြေကွက်၏ လှေကားပြင်ပေါ်တွင် ချပေး၏။

အာယုနာနာက ထိုကျောက်ကုလားထိုင်တွင် တည်ငြိမ်စွာဖြင့် ထိုင်နေ၏။ ရှမ့်လန်က အာယုထိုင်၏ ဦးခေါင်းဆီမှ သရဖူကို ယူပြီး အာယုနာနာ၏ ဦးခေါင်းပေါ်သို့ တင်လိုက်သည်။

“ဂါရဝပြုပါတယ် အရှင်မ”

“ဂါရဝပြုပါတယ် အရှင်မ”

“ဂါရဝပြုပါတယ် အရှင်မ”

အာယုနာနာ၏ အနောက်သို့ လိုက်ပါလာသည့် စစ်သည်တော်များသာမက ချင်နိုင်ငံမှ တခြားသော စစ်သည်တော် အားလုံးက ဒူးထောက်ကာ ဦးတိုက်လျက် ရှိ၏။ ချင်နိုင်ငံမှ အစောင့်အရှောက် လေးဦးနှင့် စစ်သူကြီး ရှစ်ဦးတို့လည်း အပါအဝင်ပင်။ သူတို့သည် သူတို့၏ စိတ်နှလုံးအား မည်သို့မှ မထိန်းချုပ်နိုင်ခဲ့ကြတော့ချေ။ အဘယ့်ကြောင့်ဆိုသော် အရာအားလုံးက ကံကြမ္မာအတိုင်း ဖြစ်ပျက်လာခြင်းသာ ဖြစ်ပြီး နတ်ဘုရားများကလည်း ထိုအတိုင်း ခွင့်ပြုပေးထား၏။ ချင်နိုင်ငံသည် အားကောင်းသည့်လူ အနောက်ကိုသာ လိုက်၏။

ယခင်တုန်းက ချင်ဘုရင် အာယုခန်က အလွန်အားကောင်းသည့် လူတစ်ယောက် ဖြစ်ခဲ့၏။ ထိုသူသေဆုံး ပြီးနောက် ထိုသူ့ကို ဘယ်သူမှ ဂရုမစိုက်တော့ချေ။ လက်ရှိအခြေအနေမှာတော့ မည်ကဲ့သို့ သေဆုံးခဲ့သည်ဆိုသည့် အကြောင်းရင်းကိုပင် မည်သူမှ ဆက်လက်ကာ ရှာဖွေခြင်း မရှိကြချေ။

အာယုထိုင်ကလည်း ထိုနည်းလည်းကောင်းပင်။ နှစ်ပိုင်းပိုင်းဖြတ်ခံရပြီး သေဆုံးသွားခဲ့၏။ အလောင်းက အေးခဲလျက်ရှိပြီး ကျောက်ရုပ်ထုကဲ့သို့ပင် အသွင်ပြောင်းတော့မည်။ သို့ပေမည့် မည်သူမှသည် အာယုထိုင်၏ အလောင်းကို ဂရုစိုက်ခြင်း မရှိကြချေ။ သူ၏ သိုင်းပညာက အဆင့်အတန်း မြင့်မားသော်လည်း အဘယ့်ကြောင့် အာယုနာနာကို ရှုံးနိမ့်ခဲ့ရကြောင်းလည်း မည်သူမှ စိတ်ဝင်စားခြင်း မရှိကြချေ။ ဤအရာက အေးစက်လွန်းသည့် ဆက်ဆံမှုမျိုးပင် ဖြစ်၏။

သို့ပေမည့် အာယုနာနာ၏ အနောက်ဘက်သို့ လိုက်ပါလာခဲ့သည့် စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့မှာတော့ တကယ့်ကို ပျော်ရွှင်မြူးတူးလျက်ရှိနေ၏။ သူတို့၏ ဘုရင်မက ကောင်းကင်၏ ကာကွယ်ပေးမှုကို ခံထားရ၏။ အရေးအကြောင်း အခြေအနေမျိုးတွင် နတ်ဘုရားများက ဒေါသထွက်ပြီး အာယုထိုင်၏ သောင်းနှင့်ချီသည့် စစ်တပ်ကြီးကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။

“နတ်ဘုရားများက အရှင်မကို ကောင်းချီးပေးပါစေ”

“နတ်ဘုရားများက အရှင်မကို ကောင်းချီးပေးပါစေ” စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့က ပျော်ရွှင်စွာ အော်ဟစ်လျက် ရှိနေ၏။

မူလအားဖြင့် အာယုထိုင်ကို ထောက်ခံပေးခဲ့ကြသည့် စစ်သည်တော်များပင်လျှင် ထိုအရာ၏ လွှမ်းမိုးမှုကို ခံခဲ့ရ၏။ ကောင်းကင်နတ်ဘုရားများ၏ ဒေါသက ကြီးမားလွန်းပြီး မည်သူကိုမှ ခွင့်မလွှတ်ခဲ့သလိုပင်။ ကောင်းကင် နတ်ဘုရားများက ကြမ်းတမ်းလွန်းလှသည်။

“အရှင်မကို ကောင်းချီးပေးပါစေ” လူပေါင်းတစ်သောင်းကျော်တို့ ညီညီညာညာ အော်ဟစ်နေသည့် အချိန်မှာတော့ မြေပြင်တစ်ခုလုံးပင် တုန်ယင်လျက်ရှိ၏။ သို့နှင့် အားလုံးသောသူတို့သည် မြေပေါ်သို့ ဒူးထောက်ထိုင်ချကာဖြင့် ဦးညွှတ်လိုက်ပြန်၏။

ပြီးနောက် ဘုရင်မ အာယုနာနာသည် ရွှေရောင်အလင်းတန်းများနှင့် ဖုံးလွှမ်းနေသကဲ့သို့ပင် ကောင်းကင် နတ်ဘုရားများ၏ ကာကွယ်မှု၏ အောက်တွင် ချင်နိုင်ငံတစ်ခုလုံးသည် ကြီးမားသည့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်ပေတော့မည်။ ထိုအရာကို အားလုံးသောသူတို့က ယုံကြည်နေကြသည်။

ထိုတင်သာမကသေးချေ။ ချင်နိုင်ငံထဲမှ တခြားသောမျိုးနွယ်အသီးသီး၏ ခေါင်းဆောင်များက တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာခဲ့ကြပြီး သူတို့၏ သစ္စာပြုမှုကို အသိအမှတ်ပြုရန် ဦးညွှတ်ကာ တောင်းပန်၏။

အာယုနာနာသည် ချင်နိုင်ငံတစ်ခုလုံး၏ ဘုရင်မတစ်ပါး ဖြစ်လာခဲ့၏။ သူမက တကယ်ကို ဆန်းကြယ်လွန်းပြီး တကယ်လည်း ဟိတ်ဟန်ကြီးမား၏။ ထို့အပြင် နိုင်ငံတစ်ခုလုံး၏ ယုံကြည်လေးစားမှုကို ခံရသည့် တစ်ဦးတည်းသော ဘုရင်မ ဖြစ်လာခဲ့သည်။

ချင်နိုင်ငံ၏ လှပသော မိဖုရားစုမိုမှာတော့ တစ်ကိုယ်လုံး တုန်ယင်လျက် ရှိ၏။ သူမသည် အာယုထိုင်၏ အလောင်းအရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး ဇဝေဇဝါ ဖြစ်လို့နေ၏။ အာယုထိုင်၏ သိုင်းပညာက တကယ့်ကို အားကောင်း၏။ အာယုခန်၏နောက် ဒုတိယနေရာတွင် ရှိ၏။ အာယုနာနာကို ကျိန်းသေပေါက် အနိုင်ယူနိုင်သည့် လူမျိုးပင်။ အဘယ့်ကြောင့် စောစောစီးစီး ရှုံးနိမ့်ခဲ့ရသနည်း။

ထို့အပြင် အာယုထိုင်က တကယ့်ကို ရဲရင့်လွန်းသည့် လူတစ်ယောက်ဖြစ်၏။ အဘယ့်ကြောင့် သိုင်းပညာက ချက်ချင်း လျော့ကျသွားရသနည်း။ အာယုထိုင်က ကောင်းကင်မှ သတ်မှတ်ပေးထားသည့် ဘုရင်ဖြစ်ကြောင်း သူ့ကိုယ်သူ သက်သေပြချင်၏။ သို့ပေမည့် မည်သည့်သက်သေမှ မပြနိုင်ခင် သေဆုံးသွားခဲ့၏။ သေဆုံးပြီးနောက်တွင်လည်း မျက်လုံးအပြူးသားနှင့် ဇဝေဇဝါလည်း ဖြစ်နေပုံပေါ်သည်။

ရှမ့်လန်က အသာလျှောက်လာပြီး စုမို၏ အရှေ့၌ ထိုင်ချလိုက်၏။

“ဘာ့ကြောင့်လဲ” စုမိုက မေးမြန်းလိုက်သည်။

ရှမ့်လန်က ပြန်လည်ကာ ဖြေဆို၏။ “အကြောင်းရင်း မရှိပါဘူး”

စုမိုက ပြောလိုက်သည်။ “ရှင်ပေးထားခဲ့တဲ့ ဆေးလိပ်တွေက တစ်စုံတစ်ခု မှားယွင်းနေတာ မဟုတ်လား။ ဒါက သူ့ရဲ့ သိုင်းပညာကို လျေ့ကျစေခဲ့တဲ့ အရာဖြစ်မယ်”

ဤအရာက ရှောင်လွှဲလို့ မရနိုင်ချေ။ သံဖြင့်ပြုလုပ်ထားသည့် ခန္ဓာကိုယ်တစ်ခုဆိုလျှင်တောင်မှ ရှမ့်လန်၏ ထူးခြားလွန်းသည့် ဆေးလိပ်များကို သောက်သုံးပြီးသည့်နောက် ဤကဲ့သို့ ခံစားရပေမည်။ ထို့အပြင် အာယုထိုင် သည် သုံးလအတွင်း ဆေးလိပ်တော်တော်များများ သောက်ခဲ့၏။ ပုံမှန်အရ ဘာမှန်းမသိခင်မှာဘဲ ဆေးလိပ်ကို ဆက်တိုက်ဆိုသလို သောက်မိနေခဲ့ခြင်း ဖြစ်၏။ ထိုအရာကို စွဲလမ်းခဲ့ပုံ ပေါ်၏။

“ရှင်က တကယ့်ကို ကြမ်းတမ်းပြီး ရက်စက်လွန်းတဲ့ လူပဲ”

စုမိုက ပြောလိုက်သည်။ “လွန်ခဲ့တဲ့ လအနည်းငယ်တည်းက ဒီကိစ္စအားလုံးကို စီစဉ်ခဲ့တာ မဟုတ်လား။ အာယုခန်ကို သတ်ခဲ့တာလည်း ရှင်ပဲ။ ပြီးတော့ အာယုထိုင်ကို အားနည်းအောင် လုပ်ခဲ့တာလည်း ရှင်ပဲ။ ပြီးတော့ ခုဏတုန်းက နှင်းပြိုတဲ့ ကိစ္စကလည်း ရှင့်ရဲ့ အစီအစဉ်တွေထဲက တစ်ခုမလား”

ရှမ့်လန်က မည်သည့်စကားကိုမှ မဆိုချေ။

စုမိုက ပြောလိုက်၏။ “ရှင်က ကျွန်မ တွေ့ဖူးတဲ့ လူတွေထဲမှာ အားအကောင်းဆုံးသော လူပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားရဲ့အစ်ကို စုနန်က ကျုပ်ထက်တောင် ပိုပြီး ရက်စက်သေးတယ်။ ပြီးတော့ သူက တော်တော်လေးလည်း ဉာဏ်ကောင်းတယ်”

စုမိုက ပြောလိုက်၏။ “ဒါပေမဲ့ သူက လောဘကြီးလွန်းတယ်။ ဟုတ်တယ် မဟုတ်လား။ ဒါပေမဲ့ သူက လိုချင်တာတွေ အရမ်းများခဲ့တယ်။ ရှင့်ဆီမှာတော့ ဘာလိုအင်ဆန္ဒမျိုးမှ မရှိဘူး။”

ရှမ့်လန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ကျုပ်ဆီမှာ ရည်မှန်းချက် တစ်ခု ရှိတယ်။ အဲဒါ စုမိသားစု တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ဖို့ပဲ”

စုမို၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာခဲ့၏။ သူက အာယုထိုင်၏ ဇဝေဇဝါ ဖြစ်နေသည့် မျက်လုံး ပြူးပြူးကြီးများကို လက်ဖြင့် အသာအယာ ဖိညှစ်ကာ ပိတ်လိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. ခင်ဗျား ဒီလိုလူအပေါ်မှာ စစ်မှန်တဲ့ ခံစားချက် ရှိနေတာတော့ မဖြစ်နိုင်ဘူး။”

စုမိုက ပြောလိုက်၏။ “အာယုထိုင်က ခွေးကောင်ပဲ၊ ဉာဏ်ဖျင်းလွန်းတဲ့လူ။ ပြီးတော့ အာယုခန်ကလည်း နတ်ဆိုးတစ်ကောင်လိုပဲ။ နတ်ဆိုးတစ်ကောင်နောက်ကို ကြာရှည်စွာ လိုက်ပါလာပြီးတဲ့နောက် ခွေးကောင် တစ်ကောင် နောက်ကို ဆက်လိုက်ခဲ့ရတယ်။ ဒီကိစ္စက ကောင်းကင်ပေါ်မှာ တက်လှမ်းရောက်ရှိနေတယ်လို့ ထင်မှတ်မှားစရာပဲ။ ဒါပေမဲ့ တကယ်တော့ မဟုတ်ဘူး”

ဤအရာက အမှန်ပင် ဖြစ်သည်။

စုမိုက ပြောလိုက်၏။ “အင်း... ရှင် ကျွန်မကို အသက်ရှင်လျက် ထားမှာ မဟုတ်ဘူးမလား”

ရှမ့်လန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သိပ်မှန်တာပေါ့”

စုမိုက ပြောလိုက်၏။ “ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ခွင့်ပြုပေးနိုင်မလား”

ရှမ့်လန်က ပြောလိုက်သည်။ “သိပ်သေချာတာပေါ့”

စုမိုသည် ရုတ်တရက် ဤမြေပြင်ဆီမှ လှမ်းကာဖြင့် အောက်ဆီသို့ ခုန်ချလိုက်၏။ ခဏကြာပြီးနောက် ဘုန်း ဟူသည့် အသံတစ်ခု ထွက်ပေါ်၏။ သူမ၏ ခန္ဓာကိုယ် မြေပေါ်သို့ ပြုတ်ကျသွားခဲ့ခြင်းပင်။

ချင်နိုင်ငံ၏ မိဖုရား စုမိုက သေဆုံးသွားခဲ့၏။ ရှမ့်လန်က အလောင်းကိုပင် သွားမကြည့်ခဲ့ချေ။ ဘေးတစ်ဖက်တွင် ရှိနေသည့် လူများကို လှမ်းကြည့်ကာ ရယ်ပင်ပြလိုက်သေး၏။

..........

All Chapters