← Chapters

အခန်း (၄၀၇+၄၀၈)

Vol. 30 Ch. 407+408

အခန်း (၄၀၇+၄၀၈)

Vol. 30 Ch. 407+408

အပိုင်း (၄၀၇)

လာရောက်လည်ပတ်သူ ဧည့်သည်တော်ကြီး မဟာပညာရှင် ပန်ရော့မှာတော့ တော်ဝင်ကပ်ဘေး ဘုရားကျောင်း ၏ အပျက်အစီးပုံကြားထဲတွင် တကုတ်ကုတ်ဖြင့် လမ်းလျှောက်လျက် ရှိ၏။ သူမ၏ အိတ်ထဲတွင် များပြားလွန်းသည့် ကျောက်ရုပ်ထုများ ရှိနေသည်။

ထိုအရာများ၏ အလေးချိန်က ၅၀ ကီလိုဂရမ် နီးပါးခန့်လေး၏။ သို့ပေမည့် သူမအတွက်တော့ ထိုအရာများက ငှက်မွေးကဲ့သို့ပင် ပေါ့ပါးလျက် ရှိနေတုန်းပင်။

ရှမ့်လန်သည် တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ ကျောက်ပန်းပုများကို သေသေချာချာ လေ့လာကြည့်ရှုနေ၏။ ပြောရမည်ဆိုလျှင် ဤအရာက အနုပညာ ရတနာများပင် ဖြစ်၏။ ဤကျောက်တုံးများသည် တော်ဝင် ကပ်ဘေးဘုရားကျောင်း မဖျက်ဆီးမခံရခင် အရှေ့ဘက်ခေတ်ကောင်းစဉ်အခါက ကျောက်ပန်းပုများ ဖြစ်ကြောင်း ရှမ့်လန်က သိရှိလိုက်၏။ သူ မည်သို့မှ မနေနိုင်ဘဲ တုန်လှုပ်မိခဲ့၏။

ဤလောကကြီး ပြန်လည်မဖြစ်တည်ခင် အရှေ့လောကကြီးဆီမှ အကြွင်းအကျန်များ ဖြစ်ပုံပေါ်သည်။ ဆန်းကြယ်လွန်းလှချေ၏။ သူ တွေးထင်ထားသည့် အချိန်ကာလထက်ပင် ပိုမိုကာ ဝေးကွာသည့် အချိန်မျိုးဆီမှ အရာမျိုးပင်။

ပထမတုန်းက သူ အမှတ်တမဲ့ ကြည့်ရှုခြင်း ဖြစ်၏။ သို့ပေမည့် ကျောက်ပန်းပုပေါ်တွင် ရေးထားထားသည့် လူသားပုံစံ ရုပ်ပုံများကို မြင်ရသည့် အချိန်မှာတော့ သူက တကယ်ပဲ စိတ်ဝင်တစားဖြစ်ခဲ့၏။ ပိုမိုကာ ကြည့်ရှုလေ၊ ပိုမိုကာ အံ့အားသင့်လေပင်။

သူသည် သူ၏ ဦးခေါင်းထဲတွင် ရှိနေသည့် AI ဆီသို့ လှမ်းကာ ပို့ဆောင်ပြီး ထိုအရာများကို ပြန်လည်ကာ သုံးသပ်စေ၏။ ကောင်းကင်ပင်လယ်နန်းဆောင်၏သခင် ကျိုးရှိသည် သူ၏ တပည့် နင်ဟန်ကို ခေါ်ဆောင်ပြီး လောကမပျက်ခင် ရှေးခေတ်ဆီမှ အပျက်အစီးပုံများကို လိုက်လံရှာဖွေနေသည်ဆိုသည့်အကြောင်းကို သူ ကြားခဲ့ဖူး၏။

ရှမ့်လန်သည် လက်ရှိအချိန်မှာတော့ တကယ်ပင် စိတ်ဝင်စားမိနေ၏။ ထိုကဲ့သို့သော အရာများကြားတွင် လျှို့ဝှက်သိုင်းကျမ်းများ တည်ရှိနေမည်လား။ ထိုသို့ ရှိမည်ဆိုပါက အမှန်ပင် အံ့အားသင့်စရာ ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော အရာများကို လိုက်လံရှာဖွေရသည် ဆိုသည်မှာ စွဲလမ်းစရာကောင်းသည့် အရာတစ်ခု ဖြစ်ပြီး ထိုအရာကို စိတ်ဝင်စားသွားသည် ဆိုပါကလည်း တခြားသော အရာများကို လက်လွှတ်ပေးနိုင်သည့်အထိ ဇာတ်မျောသွားနိုင်သည်။

ရှမ့်လန်သည် ဆက်လက်ကာ ရှာဖွေပြီးနောက် သူ၏ ဘေးတွင် တစ်စုံတစ်ယောက် ရှိနေကြောင်း သတိပြုမိ၏။ သူက အသာပင် မော့ကြည့်လိုက်၏။ မဟာပညာရှင် ပန်ရော့ပင် ဖြစ်၏။ သူ၏ မျက်လုံးများက သူမ၏ ခါးဆီသို့ ရောက်ရှိသွားပြန်၏။ ထိုအပြင် မဟာပညာရှင် ပန်ရော့၏ ဖင်ကလည်း တော်တော်လှပ၏။

“ဟမ့် .. နှာဘူး” ပန်ရော့သည် အေးစက်စက်ဖြင့် လှမ်းပြောလိုက်၏။ ပြီးနောက် သူမသည် ဆောင့်ကြောင့်ထိုင်ပြီး ကျောက်ပန်းပုတစ်ခုကို သေသေချာချာ လေ့လာနေ၏။ သူမ၏ ဘေးအနီးတဝိုက်ရှိ လေထု ပြောင်းလဲသွားသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် ဘေးတစ်ဖက်တွင် တဏှာရူး ရောက်နေသောကြောင့်ပင်။

ရှက်ရွံ့စွာဖြင့် ရှမ့်လန်က အနောက်သို့ ဆုတ်ခွာလိုက်၏။ မသွားသေးခင်မှာပဲ ရှမ့်လန်သည် တစ်ချက် ခေါင်းလှည့်ကာ ကြည့်ရှုလိုက်မိ၏။ ပန်ရော့က တကယ့်ကို လှပလွန်းသည့် လူတစ်ယောက် ဖြစ်၏။ မတ်တပ်ရပ်လိုက်သည့် အချိန်တွင် သေးသေးသွယ်သွယ်ဖြင့် တောင့်တင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး ဆောင့်ကြောင့်ထိုင်လိုက်သည့် အချိန်မှာတော့ ခါး၏ ကောက်ကြောင်းနဲ့ တင်၏ ကောက်ကြောင်းက ဖွင့်ထွားစွာ ထွက်ပေါ်လာ၏။ တကယ်ကို စွဲမက်ဖွယ်ရာ ပုံစံမျိုးပင်။

“ဟမ့် နှာဘူး” ပန်ရော့သည် ခေါင်းလှည့်ပြီး ကြည့်စရာမလိုချေ။ သူမ၏ ဖင်ကို တစ်ဖက်လူ ကြည့်ရှုနေပြီ ဖြစ်ကြောင်း သိရှိပြီး ဖြစ်၏။

..............

စုကျန့်ထင်သည် ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲလုမတတ်ပင် ခံစားနေခဲ့၏။ ဤကဲ့သို့ ဖြစ်မည်မှန်း သိပါက သူ ဘယ်တော့မှ ပြေးလိမ့်မည် မဟုတ်ချေ။ ဤတော်ဝင်နှင်းတောင်ကြီးတွင် လမ်းတစ်ခုတည်းသာလျှင် ရှိ၏။ သူ ကောင်းကင်ပေါ်မှာ ဖြတ်ကာ ပျံသန်း၍ ဘယ်လိုလုပ်ရမည်နည်း။ ထို့ကြောင့် သူသည် မာရသွန်ပြေးသလို ပြေးနေရသည်။

ပထမတုန်းက စုကျန့်ထင်သည် သူ၏ အတွင်းအားများကို အသုံးပြုပြီး အလွန်လျင်မြန်စွာ ပြေး၏။ ထို့အပြင် သူက ဆက်ခံသူတစ်ယောက် ဖြစ်ခဲ့၏။ ထို့ကြောင့် အတွင်းအားနည်းစနစ်များကို အကောင်းဆုံး လေ့လာသင်ယူခဲ့ရ၏။ ဝူလဲ့နှင့် လင်းယုန်ရမ်မှာတော့ သူနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။

သို့ပေမည့် ထိုသူများသည် ကျေးကျွန်တိုက်ခိုက်ခြင်း ပြိုင်ပွဲမျိုးထဲ၌ လေ့ကျင့်ခဲ့သူများ ဖြစ်သည်။ ထိုသူတို့၏ အတွင်းအားများက ကောင်းမွန်လွန်းသည်ဆိုလျှင်တောင်မှ ကိုယ်ဖော့ပညာမှာတော့ သူ့လောက် မကျွမ်းကျင်ချေ။ အရူးကြီးမှာတော့ ကိုယ်ဖော့ပညာ ဆိုသည့်အရာကို သိပင် မသိချေ။ သူ၏ ခြေထောက်များနှင့် ဤအတိုင်း ပြေးနေရုံသာ ရှိ၏။

ပထမဦးဆုံး စုကျန့်ထင်က ရှေ့တည့်တည့်ကို ပြေး၏။ သို့ပေမည့် သူ၏ အတွင်းအားများ ကုန်ခမ်းလာခဲ့ပြီးနောက် သူက တဖြည်းဖြည်း နှေးကွေးလာခဲ့၏။ အရူးကြီး၏ အမြန်နှုန်းက တကယ့်ကို မြန်ဆန်၏။ မိုင်ဒါဇင်နှင့်ချီ ပြေးပြီးနောက် သူသည် တစ်ဖက်လူကို လိုက်မီလာခဲ့၏။

ရုတ်တရက် စုကျန့်ထင်က အသာလှည့်ပြီး လက်ထဲရှိဓားနှင့် အရူးကြီးကို ထိုးနှက်လိုက်၏။ စုကျန့်ထင်၏ သိုင်းပညာက မြင့်မားလွန်းသည်။ အဆင့်မြင့်သည်။ ဓားကလည်း လျင်မြန်သည်။

သို့ပေမည့် လက်ရှိ အခြေအနေတွင် သူ၏ အတွင်းအားများက ကုန်ခမ်းနေပြီ ဖြစ်၏။ ထို့အပြင် အရူးကြီးသည် မဟာပညာရှင်များ၏ တိုက်ခိုက်မှု သို့မဟုတ် စုရွှင်၏ဓားကို မတားဆီးနိုင်ဘူး ဆိုလျှင်တောင်မှ စုကျန့်ထင်၏ ဓားကိုတော့ အဘယ်သို့ မတားဆီးနိုင်ဘဲ နေမည်နည်း။

“တားဆီးမယ်၊ ကာကွယ်မယ်၊ တားဆီးမယ်”

စုကျန့်ထင်သည် အကြိမ်တစ်ရာလောက် တိုက်ခိုက်ခဲ့၏။ သူ၏ လက်ညှိုးနှင့် လက်မကြားတွင် ရှိနေသည့် အရေပြားပင်လျှင် ကွဲထွက်သွားခဲ့၏။ နောက်ဆုံးမှာတော့ သွေးများပင် အန်ထွက်လာခဲ့၏။ အဘယ့်ကြောင့်ဆိုသော် အရူးကြီးသည် ဓားကို တားဆီးလိုက်သည့် အချိန်တိုင်း ထုတ်ဖော်ခဲ့သည့် အတွင်းအားများသည် များပြားပြီး ကြမ်းတမ်းလွန်း၏။

ထို့ကြောင့် စုကျန့်ထင်၏ အတွင်း အင်္ဂါအစိတ်အပိုင်းများက ဒဏ်ဖြစ်သွားခဲ့သည်။

တိုက်ကွက်တစ်ရာလောက်ကို တိုက်ခိုက်ခဲ့ပြီးနောက် စုကျန့်ထင်သည် သူ့လက်၏ အကြောနှင့် သွေးကြောများက ပျက်စီးသွားခဲ့သကဲ့သို့ပင် ခံစားနေမိ၏။ သူ၏ ဘဝတွင် ဤမျှလောက် စိတ်ဓာတ်တကျ မဖြစ်ခဲ့ဖူးချေ။ သူ၏ အတွင်းအားများက တကယ့်ကို ကုန်ဆုံးလျက် ရှိနေ၏။

ပြီးနောက် အရူးကြီးက သူ၏ လည်ပင်းကို အသာဖမ်းဆွဲပြီး တောင်ပေါ်သို့ ကြက်ကလေးတစ်ကောင် ကဲ့သို့ပင် ဆွဲခေါ်လာခဲ့သည်။

စုကျန့်ထင်သည် ပိုမိုကာ စိတ်ဓာတ်ကျသွားမိ၏။ အဘယ့်ကြောင့်ဆိုသော် အရူးကြီး တောင်ပေါ်သို့ တက်သည့် အရှိန်က သူ တောင်ပေါ်မှ ဆင်းလာသည်ထက်ပင် ပိုမိုကာ မြန်ဆန်နေသောကြောင့်ပင်။ ယခု အရူးကြီးက မိုင်ဒါဇင်ချီ ပြေးခဲ့ပြီး ဓားချက်ပေါင်း တစ်ရာကျော်ကို ခုခံခဲ့သေး၏။ သို့ပေမည့် အရူးကြီးအတွက်တော့ ထိုအရာက သေးပေါက်သွားသကဲ့သို့ပင် လွယ်ကူနေခဲ့၏။

သူက တစ်ဖက်လူကို ကြည့်ရှုရင်း အံ့အားသင့်မိ၏။ ဤအရာက တကယ့်ကို အရှက်ရစရာပင်။ သူ၏ သိုင်းပညာသည် အရူးကြီးထက် ပိုမိုကာ အားကောင်းသည်မှာ သေချာ၏။ သို့ပေမည့် ဤကဲ့သို့ပင် အရှက်ခွဲခြင်းကို ခံခဲ့ရ၏။ သိုင်းပညာကို လေ့ကျင့်၍ ဘာထူးတော့မည်နည်း။

“သောက်ကျိုးနည်း.... သိုင်းပညာကို လေ့ကျင့်နေလို့ ဘာထူးတော့မှာလဲ”

...................

ဘုတ်....

စုကျန့်ထင်သည် ရှမ့်လန်၏ အရှေ့ဆီသို့ ပစ်ချခြင်း ခံရ၏။ ရှမ့်လန်က စုကျန့်ထင်၏ရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ ပြောလိုက်၏။ “အစ်ကိုစု... ရွှမ်ဝူအိမ်တော်ကို သွားပြီး မူလန်ရှေ့မှာ ဟိတ်ဟန်ပြခဲ့တဲ့အချိန်တုန်းက ဒီလိုနေ့မျိုးကို ရောက်လာမယ်လို့ ထင်မိရဲ့လား”

တကယ် မထင်ခဲ့ချေ။ ထိုအချိန်တုန်းက စုကျန့်ထင်က ရှမ့်လန်ကို တစ်ချက်ကလေးမှ ဂရုစိုက်သည် မဟုတ်ချေ။ ဖုတ်လေသည့်ငပိ မရှိသလိုပင်၊ ဖုန်ကဲ့သို့ သဘောထားခဲ့သည်။

ရှမ့်လန်က ထပ်မံကာ မေးလိုက်၏။ “ကျင်းချန်ကျွန်း တိုက်ပွဲမှာတုန်းက ခင်ဗျားက ထန်မိသားစုဆီ ကျွမ်းကျင်သူ တွေ ပေးပြီး ကျုပ်တို့ ကျင်းမိသားစုရဲ့ စစ်သည်တွေကို တိုက်ခိုက်ဖို့ အားပေး အားမြှောက် ပြုလုပ်ခဲ့တယ်။ ဒီလိုနေ့မျိုးကို ရောက်လာမယ်လို့ ထင်ခဲ့ရလား”

ကျိန်းသေပေါက် မထင်ခဲ့ချေ။

ရှမ့်လန်က ထပ်မံကာ မေးမြန်းလိုက်ပြန်သည်။ “အဲဒီနေ့တုန်း .... ကျုပ်ရဲ့ ယောက္ခထီးနဲ့ ကျုပ် ရွှမ်ဝူအိမ်တော်မှာ မရှိတာကို အခွင့်ကောင်းယူပြီး ခင်ဗျားက အနောက်တိုင်း ကျွမ်းကျင်တဲ့သူတွေကို ခေါ်လာပြီး ကျုပ်တို့ ရွှမ်ဝူအိမ်တော်ထဲ မွှေနှောက်ခဲ့တယ်။ ပြီးတော့ အထဲက လူတွေကို သတ်ဖြတ်ပစ်ခဲ့တယ်။ အပြစ်ကင်းစင်တဲ့ လူတစ်ရာကျော် သေဆုံးခဲ့ပြီး ကျုပ်ရဲ့ ယောက္ခမကြီးရဲ့ ကျောကုန်းကိုတောင် ခင်ဗျား ဓားနဲ့ ခုတ်ခဲ့သေးတယ်။ ဒီလိုနေ့မျိုး ရောက်လာမယ်လို့ ထင်လား”

စုကျန့်ထင်က ခေါင်းကိုမော့ပြီး ရှမ့်လန်ကို ကြည့်လိုက်၏။ “ယောက်ျားဆိုတာ ကောင်းကင်နဲ့မြေကြီးရဲ့ ဖျက်ဆီးခြင်းကို လက်ခံနိုင်တယ်။ ဘာပဲပြောပြော ရန်သူအဖြစ် သတ်မှတ်ခဲ့ပြီးပြီ ဖြစ်တာမို့ ကျူပင်ခုတ် ကျူငုတ်မကျန် အကုန်လုံးကို သတ်ပစ်ရမှာပဲ”

“ကောင်းတယ်။ အရမ်းကောင်းတယ်”

ရှမ့်လန်က လက်ခုပ်တီးကာ ပြောလိုက်၏။ “ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုတဲ့ စကားကို ပြောရမယ်ဆိုရင် ကျုပ် ပြောချင်တဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိတယ်။ ဒါပေမဲ့ မပြောတော့ဘူး”

စုကျန့်ထင်က ကြောင်အသွား၏။ ဘာတွေပြောနေသနည်း။ ပြီးနောက် သူ ရုတ်တရက် အေးခနဲ ခံစားလိုက်မိ၏။ အောက်ဘက်သို့ငုံ့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ သူ၏ ပေါင်ကြားတည်နေရာမှ သွေးများ ထွက်ပေါ်လာသည်ကို စုကျန့်ထင်က အံ့အားသင့်စွာ တွေ့လိုက်ရ၏။ ထို့အပြင် မြေပေါ်တွင် အရာဝတ္ထုတစ်ခုက ရှိနေ၏။ သူ၏ မိသားစုရတနာလေး မရှိတော့ချေ။

“အား အား..” စုကျန့်ထင်သည် မည်သို့မှ မနေနိုင်ဘဲ အော်ဟစ်လိုက်မိ၏။ ရှမ့်လန်က သူ့ကို တကယ်ပဲ သင်းကွပ်ခဲ့၏။ သူသည် ဂုဏ်သိက္ခာကြီးမားသည့် ကျန်းယွမ်နယ်စားကြီး၏ ဆက်ခံသူ ဖြစ်၏။ သူ၏ သိုင်းပညာက ကျူးဟုန်ရွှဲ့လောက် မကောင်းသော်လည်း လူငယ်ပါရမီရှင်များထဲတွင် လျှမ်းလျှမ်းတောက် ကျော်ကြား၏။ ရှမ့်လန်သည် သူ့ကို တကယ်ပဲ ဝက်ကဲ့သို့ သင်းကွပ်ခဲ့၏။

“ရှမ့်လန်... ငါ့ကို သတ်၊ ငါ့ကို သတ်စမ်း” စုကျန့်ထင်က အော်ဟစ်လိုက်သည်။

ရှမ့်လန်သည် ဆေးလိပ်ကို အသာမီးညှိလိုက်၏။ ပြီးနောက် စုကျန့်ထင်၏ ပါးစပ်ထဲသို့ ထိုးထည့်ကာ ပြောလိုက်၏။ “မအော်နဲ့ မအော်နဲ့။ ဆေးလိပ်သောက်ရင် နာမှာ မဟုတ်ဘူး။ ခင်ဗျား ဆေးလိပ် သောက်လိုက်အုံး”

စုကျန့်ထင်သည် ဆေးလိပ်ငွေ့ကို အနည်းငယ်လောက် ရှူရှိုက်လိုက်၏။ သူ၏ နာကျင်မှုများအားလုံး ပျောက်ကွယ်သွားကြောင်း သတိပြုလိုက်မိသည်။

...........

တော်ဝင်ကပ်ဘေး ဘုရားကျောင်း

စစ်သည်ပေါင်းသောင်းချီတို့သည် စီစီရီရီဖြင့် မတ်မတ်ရပ်လျက် ရှိ၏။

အာယုနာနာက အမိန့်ပေးလိုက်သည်။ “တောင်အောက်ကို ဆင်းကြမယ်”

အေးခဲလွန်းသည့် နှင်းများကြားမှာတော့ စစ်သည်ပေါင်း သောင်းချီတို့သည် တောင်အောက်သို့ ညီညီညာညာနှင့် ဆင်းသက်နေကြ၏။

ရှမ့်လန်က မြောက်ဘက်ပိုင်းကို လှမ်းကြည့်၏။ အရာအားလုံးက သူ၏ မြင်ကွင်းထဲတွင် စွတ်စွတ်ဖြူနေ၏။ ဘာတစ်ခုကိုမှ သေချာမမြင်ရချေ။ ပိုင်ရီမြို့တည်ရှိရာ နေရာလောက်သို့ အသာမှန်းဆပြီးနောက် ရှမ့်လန်က ပြောလိုက်သည်။ “အဘိုးကျန်.. ခဏလောက် သည်းခံထားအုံး။ ကျုပ် ခင်ဗျားကို စစ်တပ်ကြီးနဲ့ လာကယ်မယ်”

သို့နှင့် ရှမ့်လန်နှင့် တခြားသော သူများက ထွက်ခွာသွားကြ၏။

တော်ဝင်ကပ်ဘေး ဘုရားကျောင်းကြီး တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းထဲတွင် အရာအားလုံးကို လေ့လာနေသည့် မဟာပညာရှင် ပန်ရော့က ကြောင်အသွားခဲ့၏။

အဘယ့်ကြောင့် ရုတ်တရက် တိတ်ဆိတ်သွားရသနည်း။

နောက်သို့ လှည့်ကာ ကြည့်ရှုချိန်မှာတော့ တော်ဝင်ကပ်ဘေး ဘုရားကျောင်းထဲတွင် တစ်ဦးတစ်ယောက်မှ မရှိတော့ချေ။

ဘေးတစ်ဖက်ကို လှမ်းကာ ကြည့်ရှုသည့် အချိန်မှာတော့ အိတ်တစ်ခု တည်ရှိနေပြီး ထိုအထဲတွင် ဒယ်အိုးနှင့် အစားအစာအချို့၊ အသားများ ရှိနေ၏။ ထို့အပြင် တခြားသော အရာများလည်း ရှိ၏။

ဘာများ ဖြစ်မည်နည်း။ ဆပ်ပြာနှင့် ခေါင်းလျှော်ရည်များပင်။ ဘေးတစ်ဖက်တွင် စာအနည်းငယ် ရေးထားထားသည်။ “မဟာပညာရှင် ပန်ရော့... ရွှမ်ဝူမြို့မှာရှိတဲ့ ကျုပ်အိမ်က ကြိုဆိုပါတယ်”

“ဟမ့် နှာဘူး” မဟာပညာရှင် ပန်ရော့သည် သူမ လေ့လာစရာ ရှိသည်များကို ဆက်လက်လေ့လာနေ၏။

ဓားဘုရင် လီချင်းချိုးက ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သူမ မသိသလို ဟန်ဆောင်ရပေလိမ့်မည်။ တခြား ဘာလုပ်နိုင်မည်နည်း။ သူမ တစ်ဖက်လူကို အနိုင်မတိုက်ခိုက်နိုင်ခဲ့ချေ။

“ဆရာ.... ကျွန်မ အကောင်းဆုံး ကြိုးစားခဲ့တယ်။ နယ်စားကြီး စုနန်.. ရှင် ကျွန်မကို ပေးထားတဲ့ ရှေးသိုင်းကျမ်းကို ကျွန်မ ပြန်ပေးမယ်။ ဘာမှ မအောင်မြင်ဘဲ ပိုက်ဆံယူတယ်ဆိုတာ ကျွန်မတို့ နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်ရဲ့ ပုံစံမဟုတ်ဘူး”

သို့ပေမည့် မဟာပညာရှင် ပန်ရော့သည် မထွက်ခွာခင် လဝက်လောက် ဤနေရာမှာ နေထိုင်မည်ဟု ဆုံးဖြတ်ခဲ့၏။ ဤနေရာတွင် ရှိနေသည့် အပျက်အစီးပုံများက စိတ်ဝင်စားဖွယ်ရာကောင်းပြီး လဝက်နီးပါးလောက် လေ့လာမည် ဆိုလျှင် အဆင်ပြေလောက်၏။ တောင်ပေါ်မှ ထွက်ခွာသွားသည်နှင့် တပြိုင်နက် ရှေးအနုပညာလက်ရာများကို ပြန်လည် တွေ့ရတော့မည် မဟုတ်ဟု သူမက နားလည်ထား၏။

..................

နုရှောင့်မြို့၏ အရှေ့ဘက် ဆိပ်ကမ်းမှာတော့ ဝူပြည်နယ်၏ အားကောင်းလွန်းသော စစ်သည်ပေါင်း သုံးသောင်းကျော်တို့က ရောက်ရှိလာခဲ့သည်။

ဟုတ်ပေ၏။ နုရှောင့်မြို့ တစ်ခုလုံးသည် အားလုံးသောသူတို့၏ ဝိုင်းပိတ်ခြင်းကို ခံခဲ့ရ၏။ တကယ့်ကို အန္တရာယ် များလွန်း၏။ ချောင်ဟောင်၏ စစ်သင်္ဘောများက တည်နေရာတစ်ခုလုံးကို ဝိုင်းပတ်ထား၏။

ဝူမူသည် မူလအားဖြင့် အောက်သို့ဆင်းသက်လိုက်သည်နှင့် တပြိုင်နက် တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့၏။ ဤအရာက အကောင်းဆုံး အခွင့်အရေးပင်။ သို့ပေမည့် သူတို့၏ စစ်တပ်ကြီး နုရှောင့်မြို့ကို ရောက်ပြီးနောက် မည်သည့် အတားအဆီးကိုမှ မတွေ့ခဲ့ရချေ။

ချောင်ဟောင်၏ စစ်သည်ပေါင်း နှစ်ထောင်ကျော်တို့သည် ကုန်းမြေပေါ်သို့ ဆင်းသက်ပြီး အရှေ့တွင် နေရာယူထား၏။ နှစ်နာရီကျော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ဝူပြည်နယ်၏ စစ်သည်ပေါင်း သုံးသောင်းကျော်တို့ကလည်း ကမ်းစပ်သို့ ဆင်းသက်၏။

နေ ထွက်လာခဲ့ပြီ။

ဝူမူက အမိန့်ပေးလိုက်သည်။ “စစ်တပ်တွေအားလုံး စုစည်းထားကြ။ နုရှောင့်မြို့ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ အဖြူရောင် ရဲတိုက်ကြီးထဲ ဝင်မယ်။ အဲမှာ ညဘက်အနားယူပြီး မနက်မှ တိုက်ခိုက်မယ်”

ဝူပြည်နယ်၏ စစ်သည်များသည် နုရှောင့်မြို့ထဲသို့ ဝင်ရောက်သွားခဲ့ကြ၏။ သူတို့က ချောင်ယောင်းအာ တစ်ချိန်က နေထိုင်ခဲ့ဖူးသည့် အဖြူရောင် ရဲတိုက်ကြီးထဲသို့ ဝင်ရောက်လိုက်၏။ ထိုနေရာသည် ကျန်းကျင်း သေဆုံးခဲ့သည့် တည်နေရာလည်း ဖြစ်၏။

ဝူပြည်နယ်၏ စစ်တပ်ကြီးသည် များပြားလွန်းသည့် စစ်သည်များကို ပိုင်ဆိုင်ထား၏။ အဖြူရောင် ရဲတိုက်ကြီးက ထိုစစ်သည်များ နားခိုရန် မလုံလောက်ချေ။ စစ်တပ်များသည် အဖြူရောင်ရဲတိုက်ကြီး၏ အနားပတ်ဝန်းကျင်တွင် နေရာယူပြီး စောင့်ဆိုင်းနေကြ၏။ တချို့မှာ ရွက်ဖျင်တဲများ ထိုးကာ နေထိုင်ကြသည်။

ဖြစ်စဉ်တစ်ခုလုံးတွင် ကျင်းမိသားစုက တစ်ချက်ကလေးမှ မတုန့်ပြန်ခဲ့ချေ။

ထိုစစ်သည်များတို့သည် ရဲတိုက်ကြီးများကို အပိုင်သွားခြင်းအား အေးအေးသက်သာ ကြည့်ရှုနေခဲ့ကြ၏။ ကျင်းမိသားစု၏ ရွေးချယ်မှုက ချောင်ယောင်းအာကဲ့သို့ပင်။ အရာအားလုံးကို ပေးထားမည် ဖြစ်ပြီး ကြီးမားသည့် အဓိက ရဲတိုက်ကြီးဆီမှသာ ခုခံပေမည်။

..........................

အပိုင်း (၄၀၈)

နောက်တစ်နေ့မနက်ခင်းမှာတော့ ရေတပ်ဗျူဟာမှူး ဝူမူက အမိန့်ပေးလိုက်၏။ “စစ်သည်ပေါင်း သုံးသောင်းကျော်က နုရှောင့်မြို့ရဲ့ အဓိကရဲတိုက်ဆီ ချီတက်မယ်။ ရဲတိုက်ကြီးတစ်ခုလုံးကို ဝိုင်းပတ်ထား”

စစ်သည်ပေါင်း သုံးသောင်းကျော်က ရဲတိုက်ကြီးတစ်ခုလုံးကို ဝိုင်းပတ်လိုက်ကြသည်။

ဝူမူသည် ရဲတိုက်ကြီးကိုမြင်ချိန်မှာတော့ ကြက်သီးမွှေးညှင်းများပင် ထသွားခဲ့၏။ ရဲတိုက်ကြီးက တကယ့်ကို ကြီးမားပြီး မာကျောလွန်းကြောင်း သူ သိရှိပြီးဖြစ်သည်။ ကိုယ်တိုင်မြင်ရချိန်မှာတော့ တကယ့်ကို အံ့အားသင့် တုန်လှုပ်မိ၏။

သို့ပေမည့် ကြီးမားပြီး မာကျောလွန်းတော့ရော ဘာဖြစ်သနည်း။ ကျင်းမိသားစုသည် အစောကြီးတည်းက ဦးဆောင်သူ မရှိတော့ချေ။ ကျင်းရှိယန်ကလည်း သူ၏သူလျှိုဖြစ်သောကြောင့် ကျိန်းသေပေါက် ဤတိုက်ပွဲကို အနိုင်ရရှိပေမည်။

ရေတပ်ဗျူဟာမှူး ဝူမူသည် ဦးထုပ်ကို အသာမြှောက်ကိုင်ကာဖြင့် အရှေ့စင်မြင့်ဆီသို့ ဖြည်းညှင်းစွာ လှမ်းလျှောက် သွားခဲ့၏။ ချက်ချင်းပဲ စစ်သည်ပေါင်း တစ်ရာကျော်တို့က သူ့အနားတွင် ဝိုင်းရံပြီး သူ့ကို ထောင့်တည်နေရာ မျိုးစုံဆီမှ ကာကွယ်ထားသည်။

“မိန်းကလေး ကျင်းမူလန် ရှိလား” ဝူမူက ကျယ်လောင်စွာ အော်မေးလိုက်၏။

ခဏလောက်ကြာပြီးနောက် ရဲတိုက်ကြီး၏ မြို့ရိုးပေါ်တွင် မိန်းကလေးတစ်ယောက် ပေါ်လာ၏။ တကယ့်ကို လှပလွန်းသည့် မိန်းကလေး ကျင်းမူလန်ပင်။ သူမက နတ်မိမယ် တစ်ပါးကဲသို့ပင်။ ဤအမျိုးသမီးသည် သူ မြင်ဖူးခဲ့သည့် မိန်းမပေါင်းများစွာထဲတွင် အလှဆုံးသော မိန်းကလေး ဖြစ်သည်ဟု ဝူမူက ကောက်ချက်ချလိုက်မိသည်။

ဝူမူ၏ဝမ်းကွဲညီမ ဝူယုသည် အလွန်လှပသည့် မိန်းကလေးတစ်ယောက် ဖြစ်၏။ သို့ပေမည့် အသွင်အပြင်ချင်း နှိုင်းယှဉ်မည်ဆိုလျှင် ကျင်းမူလန်ကို မည်သို့မှ မယှဉ်နိုင်ချေ။ ရွှဲပြည်နယ်၏ အိမ်ရှေ့စံမင်းသားက သူမကို မြတ်နိုးစွဲမက်နေသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။ သူမကို ဘယ်လိုပဲဖြစ်ဖြစ် ရအောင် ယူမည်ဟု စိတ်ပိုင်းဖြတ်ထားခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။

အရပ်ရှည်ရှည်နှင့် ကျင်းရှိယန်မှာတော့ ကျင်းမူလန်၏ ဘေးတစ်ဖက်တွင် မတ်တပ်ရပ်လျက် ရှိနေ၏။ ကျင်းရှိယန်သာ မူလန်၏ ဦးခေါင်းကို ခုတ်ဖြတ်လိုက်လျှင် တိုက်ပွဲက ပြီးဆုံးသွားလိမ့်မည်ဟု ဝူမူက တွေးထင်လိုက်မိ၏။

“အဟမ်း... ကျင်းမူလန်၊ ဒီတိုက်ပွဲမှာ ခင်ဗျားတို့ မျှော်လင့်ချက် မရှိတော့ဘူး။ ဒီတော့ အညံ့ခံကြပါတော့”

ဝူမူက ပြောလိုက်သည်။ “ဒီကိစ္စကို ကျုပ်တို့ ဒီအတိုင်း ထားလိုက်ကြမယ်။ ခင်ဗျားလည်း ရွှမ်ဝူနယ်စား အိမ်တော်ဆီ ပြန်။ ကိုယ့်အမေ၊ အဖေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တယ် မဟုတ်လား”

ကျင်းမူလန်က ပြောလိုက်၏။ “ရဲတိုက်ကြီး ရှိနေတယ်ဆိုရင် လူရှိမယ်။ ရဲတိုက်ကြီး မရှိရင် ကျွန်မ သေပြီ”

ဝူမူက ခေါင်းညိတ်လိုက်၏။ ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။ “ရဲတိုက်ကို တိုက်ခိုက်ကြတော့”

ချက်ချင်းပဲ ဒါဇင်နှင့်ချီသည့် လောက်လွှဲများကို ပစ်လွှတ်ခဲ့ပြီး ဖြစ်၏။

ဝှစ် ဝှစ် ဝှစ်..........

ကျောက်တုံးကြီးပေါင်းများစွာတို့သည် ကြီးမားလှသည့် ရဲတိုက်ကြီးဆီသို့ ပျံသန်းသွားခဲ့၏။ မြို့၏ နံရံနှင့့် ထိမှန်ပြီး အောက်သို့ ပြုတ်ကျ၏။ ကျယ်လောင်လွန်းသည့် အသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

မြေပြင်တစ်ခုလုံးက တုန်ယင်နေ၏။ ကြီးမားလွန်းသည့် ရဲတိုက်ကြီးတစ်ခုလုံးကလည်း တုန်ယင်နေ၏။ နုရှောင့်မြို့၏ တိုက်ပွဲက တရားဝင် စတင်ပေပြီ။

...........

ရှစ်ရက် .... ကိုးရက် ... ဆယ်ရက် ...။

ဆယ့်လေးရက် ...။

ပိုင်ရီမြို့၏ တိုက်ပွဲက ဆယ့်လေးရက်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ မြို့ရိုးတစ်ခုလုံးက အသူရာ ငရဲခန်းကဲ့သို့ပင် ပြောင်းလဲနေ၏။ ပိုင်ရီမြို့က မကြီးမားချေ။ မြို့၏ နံရံများကလည်း မထူသလို၊ မကြီးမားချေ။

ဤဆယ့်လေးရက်အတွင်း မြို့ရိုးကြီးတစ်ခုလုံးသည် စစ်သည်ပေါင်းသောင်းချီတို့၏ ကျောက်တုံးများနှင့် ပစ်ခတ်ခြင်း ခံခဲ့ရ၏။ နေ့စဉ်နေ့တိုင်း ဆိုသလို မြို့ထဲသို့ ဒါဇင်နှင့်ချီသည့် ကျောက်တုံးကြီးများက ကျဆင်းလာ၏။ မြို့ရိုးနံရံကြီး တစ်ခုလုံးကလည်း ပျက်စီးလျက် ရှိနေပြီး နေရာအနှံ့တွင် အက်ကွဲကြောင်းများ ရှိနေ၏။

မြို့၏နံရံတွင် အမဲရောင်သွေးများပင် ဖုံးလွှမ်းနေ၏။ မြို့၏နံရံအနားတွင် ရှိသည့် အိမ်များက ပျက်ဆီးနှင့်ပြီး ဖြသ်သည်။ အိမ်သုံးပုံတစ်ပုံတို့က ဆုံးစမြှုပ်စ ပျောက်ကွယ်သွားသည်။

ကျန်းချုံး၏ အားကောင်းသည့် လူများတို့သည် ကျိန်းသေပေါက် ခုခံလျက်ရှိနေတုန်းပင်။ မြို့ထဲတွင် ရှိနေသည့် ဆီများကို အသုံးချပြီး သူတို့က မြို့ရိုးနံရံတလျောက် လောင်းချထားခဲ့၏။ ဤအရာက ဓာတ်ဆီ၊ ငါးဆီ၊ မည်သည့်ဆီပဲ ဖြစ်ဖြစ် ကိစ္စမရှိချေ။ ကျန်းချုံးက ချောဆီအဖြစ် အောက်သို့ လောင်းချထား၏။ ထို့ကြောင့် တစ်ဖက်သူများက တွယ်တက်ဖို့ ခက်ခဲလွန်းနေ၏။ သစ်တုံးကြီးများနှင့် ဝင်ရောက်ထုနှက်သည့် အချိန်တွင် ထိုဆီများကြောင့် နံရံက လွယ်လွယ်ကူကူနှင့် ပြိုတော့မည် မဟုတ်ချေ။

ကျန်းချုံးမှာတော့ ရှမ့်လန်ပေးခဲ့သည့် ရွှေဒင်္ဂါးသောင်းနှင့်ချီကို အသုံးပြုနေရ၏။ ဤဆယ့်လေးရက် အတွင်း မြို့အား ကာကွယ်သူ စစ်သည် လေးထောင်နီးပါးက သေဆုံးသွားခဲ့ကြ၏။ တောက်လျှောက်ဆိုသလို မြို့ထဲမှ ပြည်သူစစ်များကို ထပ်မံကာ ဆင့်ခေါ်နေရ၏။ နောက်ပိုင်းမှာတော့ ခေါ်ယူထားခဲ့သည့် လူများကလည်း သေဆုံးခဲ့ပြန်၏။

ကျန်းချုံးနှင့်အတူ လိုက်ပါလာခဲ့သည့် ပညာရှင် ဆယ်ယောက်တို့တွင် လေးယောက်သာ ကျန်ရှိတော့ပြီး ကျန်သည့်လူများက သေဆုံးသွားခဲ့၏။ ကျန်းချုံးနှင့်အတူ လိုက်ပါလာခဲ့သည့် လက်ရွေးစင် စစ်သည်ပေါင်း သုံးထောင်ကျော်တွင် တစ်ထောင်ထက် နည်းနည်းသာလျှင် ကျန်ရှိပြီး ကျန်သည် လူများက သေဆုံးသွားခဲ့သည်။

ဤတိုက်ပွဲက တကယ့်ကို ကြမ်းတမ်းလွန်းလှချေ၏။ အားလုံးသောသူတို့ ထင်မှတ်ထားသည်ထက် ပို၍ ကြမ်းတမ်း၏။ မြို့နံရံတစ်ခုလုံး၏ အောက်တွင် အလောင်းများ တောင်ကဲ့သို့ ပုံလျက်ရှိ၏။ နေရာအနှံ့တွင် ချေးနံ့၊ သေးနံ့၊ သွေးနံ့များနှင့် ပြည့်နှက်နေ၏။

မြို့မှ ကာကွယ်သူ လေးထောင်ကျော် သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် စုမိသားစု၏ စစ်တပ်ကြီးက မည်မျှ သေဆုံးနေသနည်း။ ကျိန်းသေပေါက် တစ်သောင်းကျော်ပင် ဖြစ်သည်။

အုပ်ချုပ်သူ စုရွှင်ပင်လျှင် ကြက်သီးမွှေးညှင်း ထမိနေခဲ့၏။ သူ မြို့ကို လွယ်လွယ်ကူကူနှင့် သိမ်းပိုက်နိုင်မည်ဟု ထင်၏။ သို့ပေမည့် ပိုင်ရီမြို့ကို နေ့နေ့ညည နေရာအနှံ့မှ တိုက်ခိုက်လျက် ရှိနေသည်ဆိုလျှင်တောင်မှ တစ်ဖက်လူများက အကောင်းမွန်ဆုံး ခုခံထားသေး၏။

မြို့ကို သိမ်းဆည်းရန် သုံးရက်ဟု သူ သတ်မှတ်ထားခဲ့၏။ သို့ပေမည့် သုံးရက်၊ သုံးရက်နှင့် ယခု ဆယ့်လေးရက် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး မြို့ကို မရရှိသေးချေ။ ထိုအတောအတွင်း စုနန်က လူဦးရေ နှစ်ဆတိုးရန် အမိန့်ပေးခဲ့၏။ ပိုင်ရီမြို့ကို ဝန်းရံတိုက်ခိုက်နေသည့် စစ်သည် အရေအတွက်က သုံးသောင်းသုံးထောင်ထက်ပင် ကျော်လွန်လာခဲ့၏။ စုနန်၏ အခြေခံက တကယ့်ကို နက်ရှိုင်းပြီး ကြောက်လန့်စရာပင်။

ကျင်းမိသားစု အရူးသွပ်ဆုံး အခြေအနေဆီသို့ ရောက်ရှိပြီး စစ်သည်များကို ထုတ်ဖော်သည့် အချိန်တွင် စစ်သည်အင်အား ခြောက်ထောင် သို့မဟုတ် ခုနစ်ထောင်ထက် မပိုခဲ့ချေ။ သို့ပေမည့် စုနန်၏ စစ်တပ်ကြီးမှာတော့ လေးသောင်းကျော်ပင် များလာခဲ့၏။ ဟုတ်ပေ၏။ ထိုထဲမှ တစ်သောင်းလောက်သည် အနောက်တိုင်း ကုန်သည်များဖြစ်ကြပြီး တော်ဝင်ကပ်ဘေး ဘုရားကျောင်းဆီမှ ဘုန်းကြီးစစ်သည်များလည်း ပါဝင်သည်။

သို့ပေမည့် စုနန်၏ ပြင်ဆင်ထားမှုက ကျိန်းသေပေါက် တစ်နှစ်၊ နှစ်နှစ်အတွင်း ပြင်ဆင်ထားခဲ့ခြင်း မဟုတ်ချေ။ ဆယ်စုနှစ်ကျော်ကြာအောင် သေချာပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ပိုင်ရီမြို့၏ တိုက်ပွဲသည် အရေးအကြောင်း အခြေအနေသို့ ရောက်ရှိလာခဲ့သည်မှာ ဆယ့်လေးရက်ကျော်ခဲ့ပြီ ဖြစ်၏။

ဤအချိန်မှာတော့ စုနန်က ဒုတိယအကြိမ်မြောက် စစ်သည်များကို ထပ်မံကာ ပေးပို့ခဲ့၏။ မြို့ကြီးကို ဝင်ရောက် တိုက်ခိုက်ပြီး ကြီးမားသည့် အရှိန်အဟုန်ဖြင့် အပိုင်သိမ်းရန် ပြင်ဆင်ထား၏။ မြို့ကို မကြာခင် ရရှိတော့မှာ ဖြစ်ပြီး မကြာခင် အဆုံးသတ်သို့ ရောက်ရှိပေတော့မည်။

မြို့စားကြီး ကျန့်ထော်၏ ကင်းထောက်မြင်းသည်တော်သည် စုကလန်၏ အကာအကွယ်စည်းမျဉ်းကို ဖြတ်သန်းကာဖြင့် ပိုင်ရီမြို့ထဲသို့ လှမ်းဝင်ကာ အော်ဟစ်လိုက်၏။ “မြို့စားကြီး ကျန့်ထော်.... တောင်ဘက်ပိုင်းကို ချီတက်လာနေတယ်”

ပြီးသည့်နောက် ထိုမြင်းသည်တော် ကင်းထောက်သည် လျင်လျင်မြန်မြန် သုတ်သင်ခြင်း ခံရ၏။ အသေခံကာ လာရောက် သတင်းပို့ခဲ့သကဲ့သို့ပင်။

ကျန့်ထော်၏ စစ်တပ်ကြီးက တကယ်ပဲ တောင်ဘက်ပိုင်းကို လာနေသည်လား။ သူတို့ တကယ်ပဲ တောင်ဘက်ပိုင်းကို လာခဲ့၏။ ဘုရင်မင်းမြတ် အမိန့်ကို လက်ခံရရှိပြီးသည့်နောက် ကိုယ်တိုင် စစ်သည်ပေါင်း ရှစ်ထောင်ကျော်ကို ဦးဆောင်ကာဖြင့် တောင်ဘက်ပိုင်းသို့ လာရာလမ်းတစ်လျှောက် တွေ့သမျှအရာအားလုံးကို သုတ်သင်ပစ်ခဲ့၏။

သို့ပေမည့် ကျန်းချုံး ထင်မှတ်ထားသည့်အတိုင်းပင် ထိုစစ်တပ်ကြီးသည် ရွှဲ့လင်မြို့သို့ ရောက်သည့် အချိန်မှာတော့ လျင်လျင်မြန်မြန်နှင့် ရပ်တန့်သွားခဲ့သည်။

ထိုအချိန်မှာတော့ စုနန်၏ညီငယ် စုကျန်းသည် ရွှဲ့လင်မြို့ကို စစ်သည်ပေါင်း ရှစ်ထောင်ကျော်တို့နှင့် စောင့်ကြပ်လျက် ရှိ၏။

ကျန့်ထော်၌ စစ်သည်ပေါင်း ရှစ်ထောင်ကျော် ပိုင်ဆိုင်၏။ ထို့ကြောင့် ဤတိုက်ပွဲက သုံးရက်နှင့် သုံးည ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ကျန့်ထော်၏ စစ်တပ်ကြီးသည် ရှေ့ဆီသို့ တစ်လှမ်းမှာပင် မတိုးနိုင်ခဲ့ချေ။ ရွှဲ့လင်မြို့တွင် ပိတ်မိလျက် ရှိနေသည်။

ထိုသို့ဆိုလျှင် မြို့စားကြီး ကျန့်ထော်သည် အကောင်းဆုံး ကြိုးစားခဲ့သည်လား။ မဟုတ်ပေ။ သူ၏ အမိန့်ပေးမှုအောက်တွင် စစ်သည်ပေါင်း နှစ်သောင်းကျော် ရှိ၏။ ဤအချိန်မှာတော့ သူက ရှစ်ထောင်ကိုသာလျှင် ဦးစီးခဲ့၏။ ထို့ကြောင့် အကောင်းဆုံး ကြိုးစားခဲ့သည်ဟု ပြော၍ မဖြစ်နိုင်ချေ။ ပိုင်ရီနယ်စပ် ဂိတ်တံခါးမှသည် သူ၏ တပ်ကို အလုံးစုံ မခွာနိုင်ဟူသော အဓိပ္ပာယ်ပင် ဖြစ်လေ၏။

စုနန်က ကျားဖြစ်၏။ ထို့ကြောင့် သူအနေနှင့် ကျိန်းသေပေါက် လှုပ်ရှားတိုက်ခိုက်၍ မဖြစ်နိုင်ခဲ့ချေ။ ပိုင်ရီနယ်စပ်ဂိတ်တံခါးသာ ပါသွားပါက စုကလန်နှင့် ချောင်ကလန်တို့၏ စစ်သည်များက မြောက်နှင့် တောင်ဘက်ပိုင်းဆီမှတဆင့် ကျုံးကလန်ကို ဝင်ရောက်တိုက်ခိုက်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကပ်ဘေး ကျပေလိမ့်မည်။

ကျန့်ထော်၏ စစ်တပ်ကြီးကို သတ်ဖြတ်ရန် မည်မျှ ခက်ခဲသနည်း။ ကျန့်ထော် စစ်ပွဲပေါင်းများစွာကို ကိုယ်တိုင် ဦးဆောင်ကာ တိုက်ခိုက်သူ ဖြစ်သောကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် အမာရွတ်များနှင့် ပြည့်နှက်နေသည့် အတွေ့အကြုံရှိ စစ်သူကြီး တစ်ယောက်ပင်။

...........

စုနန်သည် လာရောက်သတင်းပို့သည့် စာရွက်များကို ကြည့်ရှုရင်း နှာခေါင်းရှုံ့လိုက်မိ၏။ “အင်း... ဒီ ကျန့်ထော်က ဟန်လုပ်နေတာပဲ”

သူ၏ ညီငယ် စုကျန်းက တကယ်ကို ဉာဏ်ကောင်း၏။ တစ်ဖက်လူနှင့်အတူ ဆော့ကစားနိုင်စွမ်း ရှိ၏။ နေ့စဉ်နေ့တိုင်းဆိုသလို ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်ခြင်းများ ဖြစ်တည်နေ၏။ သို့ပေမည့် ဤအရာက တကယ့် ကပ်ဘေးကြီး မဟုတ်သေးချေ။

နင်ယွမ်ရှန်း၏ အစီအစဉ်က တကယ်ကို ကောင်းမွန်၏။ ကျန့်ထော်က အပေါ်ယံတွင် လုပ်ပြနေခြင်း ဖြစ်၏။ အနောက်ဘက်ပိုင်းရှိ စစ်တပ်ကြီးက တကယ့်ကို အားကောင်းလွန်း၏။ သို့ပေမည့် ဤကဲ့သို့သော အခြေအနေမျိုးတွင် ရည်ရွယ်ချက် မရှိသည့် လူတစ်ယောက်ပင်လျှင် ရည်ရွယ်ချက် ရှိလာနိုင်ခဲ့၏။ ထို့ကြောင့် ကျန့်ထော်၏ အတွေးများက မှားယွင်းနေပြီဖြစ်ကြောင်း စုနန်က ခံစားမိ၏။

ကျန့်ထော်၏ လက်ထဲတွင် စစ်သည်မည်မျှ ရှိသနည်း။ စစ်သည်ပေါင်းထောင်ကျော်ကို ခေါ်ဆောင်လာခဲ့ပြီး ကျန်းချုံးကို ထောက်ပံ့ခြင်း ဆိုသည်မှာ လုံလောက်သည့် သစ္စာတရားကို သက်သေပြနိုင်သည်လား။ မဖြစ်နိုင်ချေ။

သို့ပေမည့် ကျန့်ထော်နှင့် ကျန်းချုံးတို့ ပူးပေါင်းမည် ဆိုလျှင်ပင် စစ်သည်ပေါင်း နှစ်သောင်းကျော်သာ ရှိ၏။ သို့သော် စုကလန်မှာတော့ စစ်သည်ပေါင်း လေးသောင်းကျော် တည်ရှိနေ၏။ ထို့အပြင် ချင်နိုင်ငံ၏ အဓိက အင်အားစုက မလာသေးချေ။ စုကလန်နှင့် ချင်နိုင်ငံတို့သာ ပူးပေါင်းမည်ဆိုပါက စစ်သည်ပေါင်း ရှစ်သောင်းကျော် ပေမည်။ ထိုအချိန်ဆိုလျှင် ကျန့်ထော်၏ စစ်တပ်ကြီးကိုပင်လျှင် မြှုပ်ကာ သတ်နိုင်၏။ ရွှဲ့ပြည်နယ်က ဖျက်ဆီးခံရတော့မည်။

ထို့ကြောင့် ကျန့်ထော်အနေနှင့် နင်ယွမ်ရှန်းအပေါ် သစ္စာရှိနေရုံနဲ့ ဘာလုပ်နိုင်မည်နည်း။ မိမိ၏ ကိုယ်ပိုင်အားအင် ကသာလျှင် အရေးကြီးဆုံး အခြေအနေ ဖြစ်၏။

“အင်း... တကယ့်ကို ဉာဏ်ကောင်းတယ်။ ဉာဏ်ကောင်းတဲ့ လူတွေကို ငါ တကယ်ကြိုက်တာပဲ”

စုနန်က ရယ်မောလိုက်၏။ “ကျန့်ထော်က တော်တယ်။ ဟုတ်တယ်။ နင်ယွမ်ရှန်းလို ရက်စက်ပြီး ကျေးဇူးတရား မသိတတ်တဲ့ ဘုရင်တစ်ယောက်ကို ဘာကိစ္စ သစ္စာရှိနေရမှာလဲ”

သို့ပေမည့် ကျန်းချုံးက တကယ်ပင် အားကောင်း၏။ သူ့၌ စစ်သည်ပေါင်း သုံးထောင်ကျော်သာလျှင် ရှိ၏။ စုကလန်သည် စစ်သည်အင်အားကို နှစ်ဆတိုးကာ တိုက်ခိုက်သည်ဆိုလျှင်တောင်မှ မည်သို့မှ မြို့ကို မသိမ်းပိုက်နိုင်သေးချေ။ အဆုံးသတ်မှာတော့ ဆယ့်လေးရက်တိတိ ခုခံကာကွယ်လျက် ရှိနေ၏။ လက်ထဲတွင် ရှိနေသည့် စစ်သည်များက သေဆုံးလုနီးပါးပင်။

ကျန်းချုံး၏ စစ်သည်များသည် နှစ်ထောင် သုံးထောင်ထက် မပိုချေ။ တော်တော်များများက အသစ်ခေါ်ယူ ထားသည့် စစ်သည်များသာ ဖြစ်၏။ မြို့ထဲတွင် ရှိနေသည့် လူများကို အထောက်အပံ့အဖြစ် ကျန်းချုံးက အသုံးပြုနေ၏။ ထိုကဲ့သို့ အသုံးပြုနိုင်ခဲ့ခြင်းမှာ ပထမဦးဆုံးအားဖြင့် သူ၏ လက်ထဲတွင် ရွှေဒင်္ဂါးများ တည်ရှိနေသောကြောင့်ပင်။

စုရွှင်ကလည်း သူ၏ စစ်သည်များကို အားတက်ဖွယ်ရာပြောဆိုလျက်ရှိသည်။ “မြို့ကို သိမ်းပိုက်ပြီးရင် ကြိုက်တာ ယူလို့ရတယ်”

ထို့ကြောင့်ပင်လျှင် မြို့ထဲတွင် ရှိနေသည့် လူများတို့နှင့် ကျန်းချုံးတို့သည် တူညီသည့် အရာကို သိရှိပြီး တူညီသည့် ရန်သူတစ်ယောက်အပေါ် အမုန်းပွားခဲ့ကြ၏။ ကျန်းချုံးက စုကလန်မြို့ထဲကို ဝင်ရောက် လာပြီဆိုသည်နှင့် မြို့ထဲတွင် ရှိသည့် အရာအားလုံးတို့ကို သိမ်းပိုက်ပြီး မြို့ထဲတွင် ရှိသည့် လူပေါင်းများစွာတို့ကို သတ်ဖြတ်ပစ်မည်ဖြစ်ကြောင်း နေ့စဉ်နေ့တိုင်းဆိုသလို ပြောဆိုခဲ့၏။ ထို့အပြင် ကျန်းချုံးသည် ထိုလူများကို ရွှေဒင်္ဂါးများလည်း ထောက်ပံ့နေသေး၏။

စုနန်သည် အနောက်ပိုင်း စစ်သည်တော်များ၊ တော်ဝင်ကပ်ဘေး ဘုရားကျောင်းဆီမှ ဘုန်းကြီးစစ်သည်များကို ငှားရမ်းခဲ့ခြင်းအတွက် ငွေကြေးကုန်ကျစရိတ် များပြား၏။ ထို့ကြောင့် စုကလန်သည် ရွှေဒင်္ဂါးတော်တော် များများကို ဆုံးရှုံးခဲ့ပြီးသား ဖြစ်၏။ အထဲသို့ ရောက်သည်ဆိုသည်နှင့် တစ်ပြိုင်နက် အရာအားလုံးတို့ကို သူတို့က လုယူမှာ သေချာသည်။ ထို့အကြောင်းအရာက ကျန်းချုံးအတွက် မြို့သူမြို့သားတို့အပေါ် ဆွဲဆောင်စည်းရုံးနိုင်သည့် အရာ ဖြစ်လာသည်။

“ကျန်းချုံး... ခင်ဗျားက တကယ်ကို အံ့အားသင့်စရာပဲ။ နန်းတွင်းရဲ့ အမှုထမ်းတစ်ယောက် ဖြစ်တယ်ဆိုပေမဲ့ စစ်သူကြီးတွေ လုပ်တတ်တဲ့ အရာမျိုးကိုတောင် ခင်ဗျား ပြုလုပ်နေတတ်ပြီပဲ။ အံ့အားသင့်စရာပဲ။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက် အံ့အားသင့်စရာဖြစ်ဖြစ် အသုံးမဝင်ဘူး။ မနက်ဖြန် ပိုင်ရီမြို့က ကျိန်းသေပေါက် ကပ်ဘေး ဆိုက်လိမ့်မယ်။ ကျန်းချုံးက ရှုံးနိမ့်တော့မယ်”

“ခေါ်ခဲ့”

စုရုံ၏ အမိန့်အတိုင်း လူနှစ်ယောက်ကို အထဲသို့ ဝင်ရောက်လာ၏။ တစ်ယောက်က ကျန်းချုံး၏ ဒုတိယသား ကျန်းချွင်နှင့် တခြားသော တစ်ယောက်မှာ အသက် ငါးနှစ်ခန့် ရှိသေးသည့် ကျန်းချုံး၏ မြေးသာ ဖြစ်၏။ စုကလန်သည် နန်းမြို့ထဲတွင် ရှိနေသည့် ကျွမ်းကျင်သူများကို စေလွှတ်ကာဖြင့် ထိုသူတို့ကို ပြန်ပေးဆွဲခဲ့၏။

ဘုရင်မင်းမြတ်သည် ကျန်းချုံး၏မိသားစုကို ကာကွယ်စောင့်ရှောက်ရန် ရေနက်စစ်တပ်ဆီမှ လူပေါင်းများစွာ တို့ကို တာဝန်ပေးထား၏။ သို့ပေမည့် ထိုလူပေါင်း တစ်ဒါဇင်ကျော်တို့သည် အသက်ကို ပေးဆပ်ခဲ့ရပြီ ဖြစ်သည်။

စုနန်သည် လက်ကို အသာဆန့်တန်းပြီး ကျန်းချုံးမြေး၏ ပါးလေးကို အသာပွတ်သပ်ကာ ပြောလိုက်၏။ “ကလေးလေး... အသက်ဘယ်လောက်ရှိပြီလဲ”

“ထွီ” ကျန်းချုံး၏ မြေးက တံတွေး ထွေးလိုက်သည်။

ကျန်းချွင်သည် မကြောက်မရွံ့ ပြောလိုက်၏။ “စုနန်.. အောက်ခြေစည်းမျဉ်းတောင်မရှိဘဲ ဒီလို လုပ်ချင်တာတွေ လုပ်နေတာလား”

စုနန်က ပြုံးလိုက်သည်။ “ကျုပ်က ဘယ်တော့မှ အောက်ခြေစည်းမျဉ်း ရှိခဲ့တဲ့ လူတစ်ယောက် မဟုတ်ဘူး။ အင်း... သူတို့ကို ပိုင်ရီမြို့ဆီ တစ်ညအတွင်း ပို့လိုက်။ ပြီးတော့ သူ့ရဲ့ သားနဲ့ မြေးကို မနက်ဖြန် စစ်ပွဲမစခင်မှာ ကျန်းချုံး မြင်အောင် ပြပေးလိုက်။ သူတို့ လအနည်းငယ်လောက် မတွေ့ခဲ့ရဘူး။ ဒီတော့ လွမ်းနေလောက်ပြီ”

“ကောင်းပါပြီ”

ကျန်းချွင်နှင့် သူ၏ ငါးနှစ်သား ကလေးတို့သည် သံလှောင်အိမ်ထဲသို့ စေလွှတ်ခြင်း ခံရ၏။ ပြီးနောက် ပိုင်ရီမြို့သို့ ခရီးဆက်စေသည်။

စုရုံက ပြောလိုက်၏။ “သခင်ကြီး... ကျန်းချုံးက ဒီအတွက် အညံ့ခံမယ်လို့ ထင်လား”

“အညံ့ခံမယ် ဟုတ်လား”

စုနန်က ပြောလိုက်သည်။ “မဟုတ်ဘူး။ ကျန်းချုံးက ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး။ သူ တကယ်လို့ အညံ့ခံမယ်ဆိုရင်တောင် ငါ သူ့ကို ဒီလိုမျိုး အသုံးပြုရဲဘူး”

စုရုံက ပြောလိုက်၏။ “ဒါဆိုရင် ဘာလုပ်ချင်တာလဲ”

စုနန်က ပြောလိုက်သည်။ “သူ့ရဲ့သားနဲ့ သူ့ရဲ့မြေးရဲ့ လည်ကုပ်ပေါ်ကို ဓားတင်။ ကျန်းချုံးကို လူမြင်ကွင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တွန်းအားပေးရုံပဲ။ ကျန်းချုံးက အားကောင်းတယ်။ ဒါပေမဲ့ အကြင်နာတရား ခေါင်းပါးတဲ့ လူတစ်ယောက် မဖြစ်ဘူး။ ကိုယ့်ရဲ့ ငါးနှစ်အရွယ်ပဲရှိတဲ့ မြေးတစ်ယောက် သတ်ဖြတ်ခံရမှာကို ဒီအတိုင်း ဘယ်ထိုင်ကြည့်နေနိုင်မှာလဲ”

စုရုံက ပြောလိုက်၏။ “ကောင်းပြီ။ ကျန်းချုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီဆိုရင် ကျုပ်တို့ ဘာလုပ်ကြမလဲ”

စုနန်က ပြောလိုက်သည်။ “အင်း… ကျူပင်ခုတ် ကျူငုတ်ပါမကျန်ပေါ့။ ဒီငါးနှစ်သား ကလေးလေးက နောင်တစ်ချိန် ကြီးလာလို့ လက်စားပြန်ချေလာရင် ဘယ်လိုလုပ်မလဲ။ ခုဏကလည်း တံတွေး ထွေးခဲ့သေးတယ်။ သူ့ကို သတ်ပစ်ရမှာပေါ့”

“ကောင်းပါပြီ” စုရုံက ပြောလိုက်၏။

ပိုင်ရီမြို့၏ ကြီးမားလွန်းသည့် တိုက်ပွဲ၏ ဆယ့်ငါးရက်မြောက်နေ့ ......။

ငရဲခန်း၏ နေ့တစ်နေ့က ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ကျန်းချုံး၏ အစောင့်တပ်သည် စုနန် တွေးတောထားသည်ထက် ပိုမိုကာ နည်းပါး၏။ လူဦးရေ နှစ်ထောင်ကျော်သာလျှင် ရှိပြီး ၆၀ ရာခိုင်နှုန်းက အသစ်ခေါ်ဆောင်ထားသည့် လူများဖြစ်သည်။

ကျန်းချုံးသည် အရိုးပေါ် အရေတင်ကဲ့သို့ ဖြစ်နေ၏။ သူ၏ မျက်လုံးအိမ်များက ချိုင့်ဝင်နေခဲ့၏။ အရိုးခြောက်ကဲ့သို့ပင်။ ထို့အပြင် သူက အဖျားလည်း ရှိနေသေး၏။ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ဒဏ်ရာများက ပိုးဝင်ပြီး ဖျားနေခြင်းပင်။ ခေါင်းတစ်ခုလုံး မူးနောက်နောက်နှင့် ခံစားနေ၏။ မြေပေါ်တွင် လှမ်းလျှောက် နေသည်ဆိုလျှင်တောင်မှ လေထဲတွင် လှမ်းလျှောက်နေရသကဲ့သို့ပင် ခံစားနေမိ၏။ မည်သည့်အချိန်မဆို အောက်သို့ လဲကျကာ ပြိုလဲတော့မည့်ပုံပင်။

သူက ခေါင်းကို ခါယမ်းလိုက်၏။ သူ့အတွက် ထိုအရာက ပိုမိုကာ သက်သာသလို ခံစားမိစေ၏။ ကျန့်ထော်က ဟန်လုပ်နေခြင်းပင်။ ဤအရာကို တွက်ချက်ထားပြီးသား ဖြစ်သော်လည်း ကျန်းချုံးက ဒေါသထွက်နေမိ၏။

……

နေ့သစ်တစ်နေ့က ရောက်ရှိလာခဲ့၏။ စုကလန်၏ စစ်သည်များသည် တဖြည်းဖြည်းနှင့် လူဦးရေ နှစ်သောင်းလောက်ထိ ရောက်ရှိပြီး စုစည်းကာဖြင့် မြို့ကို အပိုင်စီးရယူရန် ပြင်ဆင်ထားခဲ့၏။

ကျန်းချုံးသည် အနောက်တောင်ဘက်ဆီသို့ လှမ်းကြည့်ရင်း တီးတိုးရေရွတ်လိုက်မိ၏။ “ရှမ့်.... မင်းမလာသေး ဘူးလား။ ဒီအဘိုးကြီးက ကြာကြာ မခုခံနိုင်တော့ဘူး”

............

ထိုအချိန်မှာပဲ ပိုင်ရီမြို့နှင့် မိုင်ဒါဇင်ချီ အကွာအဝေးမှာတော့ မြင်းသည်တော် တစ်သောင်းကျော်တို့သည် တစ်ယောက်လျှင် မြင်းနှစ်ကောင်စီ အလှည့်ကျု စီးနင်းရင်း ရူးရူးမူးမူး ချီတက်လာသည်။ ချင်နိုင်ငံဘုရင် အာယုထိုင်၏ အောက်တွင် ရှိသည့် စစ်သည်တော်များပင်။

“ချင်နိုင်ငံ အာယုထိုင်ရဲ့ စစ်သည်တွေပဲ။ ဘယ်သူမှ မတားဆီးကြနဲ့”

ရှမ့်လန်၊ အာယုနာနာနှင့် တခြားသောသူများသည် ထိုမြင်းသည်တော်များကြားတွင် ရုပ်ဖျက်ကာ လိုက်ပါလာ၏။ “အဘိုးကျန်း... ခင်ဗျား တောင့်ထား။ ကျုပ်ရဲ့ စစ်တပ်ကြီး ရောက်တော့မယ်။ ကျုပ်တို့ အတွင်းနဲ့ အပြင် နှစ်ဖက် တိုက်ခိုက်မယ်ဆိုရင် စုကလန်ရဲ့ စစ်သည်တွေ အကုန်လုံးကို သတ်ဖြတ်ပစ်နိုင်တယ်။ စုကလန်... မင်းတို့ရဲ့ နေဝင်ချိန်ကတော့ ရောက်လာပြီ”

All Chapters